ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း(ဂျပန်ဋ္ဌာနခွဲ) ၏ မေတ္တာပို့ဆုတောင်းပွဲ အခမ်းအနား...


အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း(ဂျပန်ဋ္ဌာနခွဲ)၏ မြန်မာနိုင်ငံအတွင်းရှိ (၇)ရက်သား၊သမီးများ အတွက် မေတ္တာပို့ ဆုတောင်းပွဲနှင့် ၂၀၁၀ ရှေ့လုပ်ငန်းစဉ် ဆွေးနွေးပွဲကို ယနေ့ Ikebukuro အရပ်ရှိ Community Center ၇ထပ်၌ ယနေ့ ညနေ ၆နာရီ၃၀က ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း(ဂျပန်ဋ္ဌာနခွဲ) တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိက မြန်မာနိုင်ငံအတွင်းရှိ (၇)ရက်သား၊သမီးများ အေးချမ်းသာယာစေရေးနှင့် မြန်မာပြည်ကြီး စစ်အာဏာရှင် အောက်မှ အမြန်လွတ်မြောက်စေရေးအတွက် မေတ္တာတရားချီးမြှင့်ပြီး ပရိသတ်များမှ မေတ္တာပို့ သစ္စာဆိုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ မေတ္တာပို့ ဆုတောင်းပွဲ အခမ်းအနားသို့ အိန္ဒိယနိုင်ငံမှ ရွှေဝါရောင်ဦးဆောင် ဆရာတော်အရှင်ထာဝရမှ အွန်လိုင်းမှတစ်ဆင့် ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ပါတယ်။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံမတင်ရေးနှင့် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို ထောက်ခံဆွေးနွေးကြပြီး အခမ်းအနားကို ည၈နာရီ၃၀တွင် ရုပ်သိမ်းခဲ့ပါတယ်။

ဓာတ်ပုံ၊သတင်း... ဒီမိုဝေယံ......