ဦးရော်နီညိမ်း။ ။ ဒီကနေ့ တပ်မတော်ထဲမှာ၊ အရာရှိအဆင့်တွေမဟုတ်ကြတဲ့ သန္ဓေ၀င်စစ်သည်တွေ (သို့မဟုတ်) အခြားအဆင့်စစ်သည် တွေလို့ ခေါ်ဆိုကြတဲ့၊ အောက်ခြေ တပ်မတော်သားတွေရဲ့ ဘသတွေဟာ၊ အရာရှိတွေနဲ့ ယှဉ်ရင် နိမ့်ကျလှသလို၊ အရာရှိတွေချင်းမှာလည်း ပုခုံးပေါ်က အဆင့်ချင်းတူတာတောင်၊တာဝန်ကျရာ ရာထူးဌာန္တရ မတူရင်မတူသလို၊ ဆူကြုံနိမ့်မြင့်တွေဖြစ်နေကြတယ်လို့၊ တပ်မတော်(လေ) က တာဝန်ထမ်းဆောင်ဆဲ တပ်မတော် သားတစ်ဦးက ပြောကြားနေပါတယ်။ သူက ကလောင်နံမည် “မြင့်မိုရ်”ဆိုတဲ့ အမည်နဲ့ ရင်ဖွင့်ရေး သားထားတာပါ။ သူရေးသားထားတဲ့ “လေတပ်သားတစ်ဦးရဲ့  ဘ၀ကောက်ကြောင်း” ခေါင်းစဉ်နဲ့ဆောင်းပါးထဲက၊ သူပြောကြားထားတွေကို ပထမပိုင်းအဖြစ် တင်ပြလိုက်ပါတယ်။ ဗီအိုအေ၀ိုင်းတော်သား ကိုရန်နိုင်က၊ လေတပ်စစ်သည်တော်အဖြစ် ပါဝင်အားဖြည့်ကူညီထားပါတယ် ခင်ဗျာ။
လေတပ်သားတစ်ဦး။ ။ ကျနော့်ဇာတိကတော့ မြန်မာပြည်အလယ်ပိုင်းက၊ လျှပ်စစ်မီးမရှိတဲ့ ရွာကလေးတစ်ရွာပါ။ ဒါပေမဲ့ လျှပ်စစ် မဟာဓါတ်အား လိုင်းတွေက ကျနော်တို့ ရွာပေါ်က ဖြတ်သန်းသွားပါတယ်။ ရွာပေါ်မှာ၊ လေတပ်က တိုက်လေယာဉ်တွေလည်း၊ ကျွမ်းထိုးပျံဝဲ တတ်ပါတယ်။ ဒါတွေကို မော့ကြည့်ရင်း၊ လေယာဉ်မောင်းဘို့  စိတ်ကူးတွေနဲ့ ၊ ကျနော် ကျောင်းစာကို ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့  (၉)တန်း လည်းဖြေပြီးရော၊ အဖေရောအမေရော၊ ပိုးထိလို့ ဆုံးသွားကြပါလေရော။ အနာဂတ်ပျောက်သလိုဖြစ်သွားတဲ့ ကျနော်ဟာ၊ နယ်မြေစည်းရုံး ရေးလာတယ်ဆိုတဲ့၊ လေတပ်က တပ်ကြပ်ကြီးတစ်ယောက်နဲ့ တွေ့ ခဲ့ရပါတယ်။ လေတပ်တွေဟာ မြို့ပေါ်မှာဘဲရှိပြီးတော့၊ (၉)တန်းအောင်တဲ့ ကျနော့်လိုလူတွေ၊ တပ်ထဲရောက်ပြီးရင်၊ ကျောင်းလည်းဆက်တက်နိုင်တယ် / တခါ (၁ဝ)တန်းအောင်ရင် ဗိုလ်သင်တန်းလျှောက်ပြီး၊ လေတပ်မှာ လေသူရဲ ဖြစ်လာနိုင်တယ် / သူဝတ်လာတဲ့သော Pilot ဂျာကင်မျိုး၊ AO မျက်မှန်မျိုးတွေလည်း အလကားရမယ်လို့၊ တပ်ကြပ် ကြီးကပြောပြီး ကျနော့်ကို လေတပ်ထဲဝင်ဘို့  ပြောပါတယ်။ ရွာက ရယကဥက္ကဌကလည်း၊ တစ်ကောင်ကြွက် ကျနော့်အနေနဲ့ လေတပ်က ဆရာကြီးနဲ့ လိုက်သွားပြီး၊ လေတပ်ထဲဝင်သင့်တယ်လို့  တွန်းနေပါတယ်။ ကျနော်လည်း၊ လေတပ်ဆရာကြီးရဲ့ အပြောကို အားကျယုံကြည် ပြီးတော့၊ သူနဲ့ အတူ၊ ရွာက ထွက်လာခဲ့ပါတယ်။
ကျနော် လေတပ်ထဲဝင်ဘို့ ၊ (၉)တန်းအောင်လက်မှတ်၊ အကျင့်စာရိတ္တကောင်းကြောင်း ရဲစခန်းထောက်ခံစာတို့ အပြင်၊ နိုင်ငံသားမှတ်ပုံတင် ကဒ်လည်း လိုပါတယ်။ (၁၂)နှစ်ပြည့်ပြီး၊ (၅)တန်းလောက်ထဲက လုပ်ဘို့ ကြိုးစားခဲ့တဲ့နိုင်ငံသားမှတ်ပုံတင် / မြို့ နယ် လဝကရုံးက လက္ဘ ရည်ဘိုး သုံးသောင်းတောင်းထားတာ မပေးနိုင်လို့ ၊ နှစ်တွေနဲ့ ချီပြီး မလုပ်နိုင်ခဲ့တဲ့ အဲဒီ နိုင်ငံသားမှတ်ပုံတင်ဟာလည်း/ “တပ်ထဲသွင်းဘို့ ” ဆိုပြီး၊ လဝကရုံးကို ဆရာကြီးက တစ်ခွန်းထဲပြောလိုက်တာနဲ့ ၊ လက္ဘရည်ဘိုး တစ်ပြားမှ မပေးရပဲ၊ (၂)ရက်နဲ့  ရခဲ့ပါတယ်။ တခါမှမရောက် ဘူးတဲ့၊ ရန်ကုန်မြို့ကြီးကို၊ လေအေးစက်ပါတဲ့ အလုံပိတ်ဘတ်(စ)ကားကြီးစီးပြီး ရောက်ခဲ့ရလို့ ၊ “ကျေးဇူးတင်လိုက်တာ၊ ဆရာကြီးရယ်”လို့ ၊ တလမ်းလုံး ပြောနေမိပါတယ်။ ဆရာကြီးကတော့ မျက်နှာသေကြီးနဲ့  ကျနော့်ကို စိုက်ကြည့်ရင်း၊ “ရပါတယ် ကောင်လေးရာ” လို့ ပဲ ပြန် ပြောပါတယ်။
ရန်ကုန်ရောက်တော့၊ ဆရာကြီးက ထမင်းကြော်ဝယ်ကျွေးပေမဲ့၊ တောသားမြို့ရောက်၊ ဟိုလျှောက်ငေး / ဒီလျှောက်ငေးဖြစ်နေတဲ့၊ ကျနော် က ကောင်းကောင်းမစားနိုင်ပါဘူး။ ဆရာကြီးက “မင်း၊ စားရတုန်း ဝအောင်စားလေကွာ” လို့  ပြောတော့၊ ကျနော်လည်း ကြောင်သွားပြီး၊ “ဘာဖြစ်လို့လဲ”လို့ ပြန်မေး တော့၊ ဆရာကြီးက မျက်နှာပျက်ပျက်နဲ့  “ဘာမှ မဟုတ်ပါဘူးကွာ”လို့  ပြန်ပြောပါတယ်။ ဆရာကြီးစကားရဲ့  အဓိပ္ပါယ်ကို “တပ်မတော်(လေ) စစ်သားစုဆောင်းရေးတပ်”ကိုရောက်သွားတဲ့၊ အဲဒီ့နေ့  နေ့လည်မှာဘဲ သိလိုက်ရပါတယ်။ တပ်ထဲဝင်တဲ့ ရုံးလုပ်ငန်းကိစ္စတွေ လုပ်ပြီးသွားတော့၊ စစ်သားစုဆောင်းရေးတပ်က ထုတ်ပေးတဲ့၊ ကျနော့်ကို လက်ခံရရှိကြောင်း စာရွက်ကိုယူပြီးတော့၊ ဆရာကြီးက ပြန်သွားပါတယ်။ နှုတ်ဆက်ခွင့်တောင် မရလိုက်ပါဘူး။
ဦးရော်နီညိမ်း။ ။ ဒီနေရာမှာတော့ ဆောင်းပါးရှင် မြင့်မိုရ်က၊ သူတပ်မတော်သားဖြစ်လာရပုံဟာ မိမိသဘောဆန္ဒနဲ့ တပ်ထဲဝင်လာ တဲ့အနေအထား ဖြစ်ပေမယ့်လည်း၊ တခြားသော မိမိသဘောဆန္ဒနဲ့မဟုတ်ပဲ စစ်သားစုဆောင်းရေးတပ်ကို နည်းအမျိုးမျိုးနဲ့ရောက်လာရသူ တွေအတွက်၊ ကြိုတင်ပြင်ဆင်ထားပုံရတဲ့ တပ်သားသစ်လက်ခံကြိုဆိုတဲ့၊ စုဆောင်းရေးတပ်ရဲ့  ပထမဆုံးည အတွေ့အကြုံကို ရေးသားထား ပါတယ်။ ရယ်ရမလိုဖြစ်ပေမဲ့၊ တကယ်တမ်းမှာ စိတ်မကောင်းစရာ အဖြစ်ပါ။
လေတပ်သားတစ်ဦး။ ။ အဲဒီနောက်မှာတော့၊ ကျနော့်ဘ၀အတွက် လုံးဝမျှော်လင့်မထားတဲ့ အတွေ့အကြုံသစ်တွေနဲ့ ၊ စပြီး တွေ့ ကြုံခဲ့ရပါတော့တယ်။ ဘားတိုက်လို့ ခေါ်တဲ့၊ ကွပ်ပျစ် ရှည်ကြီးတွေရိုက်ထားတဲ့ အခန်းကြီးထဲမှာ၊ ကျနော်အပါအ၀င် တပ်သားသစ်(၁၀) ယောက်လောက်ကို ထည့်ထားပြီးတော့၊ အပြင်ကနေ သော့ခတ်ထားပါတယ်။ တောသား ကျနော်တောင် စားလို့ မရတဲ့၊ ထမင်းကြမ်းနဲ့ ပဲ ဟင်းရည်ကို၊ တံခါးကိုလှပ်ပြီး လာပေးပါတယ်။ ခုမှပဲ၊ “မင်း၊ စားရတုန်း ဝအောင်စားလေကွာ” ဆိုတဲ့ ကျနော့်ကိုခေါ်လာတဲ့ဆရာကြီးရဲ့  စကားကို သဘောပေါက်သွားပါတယ်။ ဒီလိုနဲ့ ၊ ဗိုလ်ကြီးတစ်ယောက် ရောက်လာပြီးတော့၊ ကျနော်တို့ကို တပ်မတော်က ပိုင်သွားပြီဖြစ်တာ ကြောင့်၊ ထွက်ပြေးရင် တပ်ပြေးအဖြစ် ထောင်ချမယ်ဆိုတဲ့အကြောင်း/ ထွက်ပြေးရင်လည်း ကြည်းတပ်က တပ်သားသစ်လိုက်ဆွဲတာနဲ့  ပြန်တိုးနိုင်တာကြောင့်၊ ပိုဆိုးတဲ့ ကြည်းတပ်ကစစ်သားဘ၀ကို ရောက်သွားမယ့်အကြောင်း/ မှတ်ပုံတင်ကဒ်ပြားကိုလည်း တပ်က သိမ်းထား လိုက်ပြီဖြစ်တဲ့အကြောင်း/ အဲဒါတွေ မိန့် ခွန်းချွေပြီး၊ ညဘက် အပေါ့အလေးသွားချင်ရင်၊ တံခါးကိုပုတ်ပြီး အချက်ပေးဘို့  မှာကြားပြီး ပြန် ထွက်သွားပါတယ်။
ညဘက်မှာ အပေါ့သွားချင်လို့ ၊ တံခါးပုတ်ပြီး အချက်ပေးလိုက်တော့၊ အပြင်ကစောင့်နေတဲ့ တပ်ကြပ်တစ်ယောက်က “အပေါ့အလေးသွား ချင်တဲ့သူတွေ၊ အဝတ်တွေအကုန်ချွတ်ပြီး ထွက်ခဲ့ကြ”လို့  အသံမာမာနဲ့  ပြောပါတယ်။ ပထမတော့ နောက်နေတာလို့ ၊ ကျနော်တို့ က ထင် လိုက်ကြပေမဲ့၊ ထွက်မပြေးနိုင် အောင်၊ ကျနော်တို့ ကို ကိုယ်လုံးတီးနဲ့  ရေအိမ်ကိုသွားပြီး၊ အပေါ့အလေးသွားခိုင်းတယ်ဆိုတာ၊ သိလိုက်ကြ ရပါတယ်။ ဒီလိုနဲ့ ၊ ပျဉ်းမနားမိုးညိုက လေ့ကျင့်ရေးတပ်မှာ၊ အခြေခံစစ်သင်တန်းကို တက်ခဲ့ရပြီးတဲ့နောက်၊ မိတ္ထီလာ “မြေပြင် အတတ်သင် လေတပ်စခန်း” ကို ရောက်ခဲ့ရပါတယ်။
ကျနော်နဲ့ အတူ တပ်သားသစ်သင်တန်းဆင်းလာတဲ့ လူ(၂ဝ)ဟာ၊ (၉)တန်းအောင်တွေ ဖြစ်ကြလို့ ၊ ကျနော်တို့ အားလုံး စက်မှုလက်မှုဘာ သာရပ်တွေကို သင်ကြားကြရမဲ့ လေတပ်စစ်သည်တွေ ဖြစ်လာခဲ့ကြပါတယ်။ နယ်စုံက လူစုံနဲ့ တွေ့ တော့မှ၊ ကျနော်ဟာ၊ ခေတ်သစ်လူကုန် ကူးမှုရဲ့ သားကောင်ဖြစ်ခဲ့ရတာကို သဘောပေါက်သွားရပါတော့တယ်။ လေတပ်ရဲ့ တပ်ဖွဲ့ တွေ/လေယာဉ်အုပ်တွေရဲ့  ခွဲတမ်းအရ၊ တစ်လ မှာ တပ်သားသစ်(၁ဝ)ယောက်နှုန်း စုဆောင်းပေးရပါတယ်။ စည်းရုံးရေးနယ်မြေအမည်ခံ၊ လူသစ်စုဘို့ ပစ်မှတ်ထားတဲ့ ကျေးရွာတွေရဲ့  ရယကတွေကို၊ ရဲဘော်သစ် တစ်ယောက်ရရင်၊ ကျပ်တစ်သိန်းပေးမယ်လို့ ၊ လေတပ်တွေရဲ့  တပ်မှူးတွေ/အုပ်မှူးတွေက မှာကြားထား တယ်ဆိုတာ၊ ကျနော် သိလာရပါတယ်။ ကျနော်တို့ ရွာက ရယက ဥက္ကဌနဲ့  ကျနော့်ကိုခေါ်လာတဲ့ ဆရာကြီးတို့ ၊ လက်ဝါးရိုက်လိုက်ကြတာ ကို ကျနော် သဘောပေါက်သွားခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ မိတ္ထီလာ “မြေပြင် အတတ်သင် လေတပ်စခန်း”ဟာ၊ ရှေ့မျက်နှာစာ တစ်လျှောက်မှာသာ ခြံစည်းရိုးကာထားပြီး၊ အနောက်ဘက်ခြမ်း တစ်လျှောက်လုံးမှာ၊ ဘာခြံစည်းရိုးမှမရှိပဲ ဟင်းလင်းကြီးပွင့်နေတာကို သတိထားမိတဲ့ ဆောင်းပါးရှင် မြင့်မိုရ်က၊ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကျောင်းသားဘ၀က သူထင်ခဲ့သလို၊ စည်းနဲ့ကမ်းနဲ့ စတစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှ ဟုတ်ပါရဲ့  လားလို့၊ တပ်မတော်ကြီးတစ်ခုလုံးနဲ့ နောက်ကျောမလုံတဲ့ မိတ္ထီလာ “မြေပြင် အတတ်သင် လေတပ်စခန်း” တို့ကို ခိုင်းနှိုင်းရေးသားထားပါ တယ်။ သူဟာ လေတပ်စက်မှုလက်မှုစစ်သည်တစ်ဦး ဖြစ်လာတဲ့အတွက်၊ သူကျင်လည်ရာ တပ်မတော်ကြီးထဲက အစိပ်အပိုင်းလေးတစ်ခု အကြောင်းကို၊ သူမြင်တဲ့အတိုင်း ရင်ဖွင့်ထားပါတယ်။
လေတပ်သားတစ်ဦး။ ။ နောက်ထပ်သင်တန်းတက်ဘို့  စောင့်နေရင်းနဲ့ ပဲ၊ ကျနော့်မှာ အမြင်အကြားနဲ့ လေတပ်စက်မှုလက်မှု လောကရဲ့  ဗဟုသုတတွေ တိုးပွားလာပါတယ်။ သာမန်စစ်သည်ကို မဆိုထားနဲ့ ၊ စက်မှုအရာရှိတွေကြားထဲမှာတောင် ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ် ခေါ် DSTAဆင်း အင်ဂျင်နီယာဘွဲ့ရတဲ့လူချင်း အတူတူ မတူကြပါဘူး။၊ လေယာဉ်အုပ်ရဲ့  အင်ဂျင်နီယာ အရာရှိ EOနဲ့ ၊ လျှပ်စစ်အရာရှိ၊ လက်နက်အရာရှိ၊ ရေဒီယိုအရာရှိ ၊ အဲဒီအရာရှိအမျိုး မျိုးတွေကြား မှာ၊ DSTA မှာတုံးက ဗိုလ်လောင်းဘ၀ တုံးက အတူတူတွေဖြစ်ကြပေမဲ့၊ အရာရှိဖြစ်လာကြတော့၊ မတူကြတော့ပါဘူး။ ဘယ် အင်ဂျင်နီယာအရာရှိက၊ တရားမဝင် လေယာဉ်ဆီ ရောင်းရငွေအပေါ်မှာ၊ စီမံခန့်ခွဲပိုင်ခွင့်နဲ့  ရပိုင်ခွင့်ပိုရှိသလဲ ဆိုတာက၊ ဘ၀ရှေ့တက်လမ်းအတွက် အဓိက စကားပြောလာပါတယ်။ လေတပ် အရာရှိစစ်သည်တွေရဲ့ ဘ၀အတက်အကျတွေဟာ လေယာဉ်ဆီပေါ်မှာ မူတည်နေကြပါတော့တယ်။ လေယာဉ်ဆီနဲ့ ပတ်သက်ပြီး လုပ်ပိုင် ခွင့်တွေ ပိုပြီးရတဲ့သူတွေက၊ နိုင်ငံခြားမှာ သင်တန်းသွားတက်ဘို့ တို့ /လေတပ်ထဲက တခြားအခွင့်အရေးတွေရရှိဘို့ တို့ / ဆိုတာမျိုးတွေ မှာ၊ သူတို့ အဘို့  သူများထက် လွယ်ကူနေကြပါတယ်။
ဒီလိုနဲ့  ကျွန်တော်ဟာ၊ လက်နက်လုပ်ငန်းသင်တန်း ဆက်တက်ဘို့ ၊ အရွေးခံရပြီး၊ မိတ္ထီလာ “မြေပြင် အတတ်သင် လေတပ်စခန်း”ထဲက၊ စက်မှုလက်မှုအတတ်သင်ကျောင်း(စလက)ကို သတင်းပို့ရပါတယ်။ (စလက)မှာ “အတန်း(၃)” သင်တန်း၊ တက်ပြီးသွားတဲ့နောက်၊ ဘယ်တပ် ကို သွားရမယ်ဆိုတဲ့ တပ်မတော်မှတ်တမ်းရုံးက ထုတ်ပြန်တဲ့၊ Part (2) Order ခေါ် အပိုင်း(၂)အမိန့် ကို စောင့်နေကြရပါတယ်။ အဲဒီလို စောင့်နေကြတုံးမှာပဲ၊ ဝေးလံခေါင်ဖျားတဲ့နေရာက လေတပ်တွေကို ရောက်သွားမှာစိုးတဲ့သူတွေနဲ့ ၊ ဘ၀ရှေ့ရေးကို ပိုင်ပိုင်နိုင်နိုင် ကြိုတင် မျှော်တွေးတတ်သူတွေဟာ၊ တပ်ပြေးဘ၀ကို ခံယူသွားတတ်တဲ့အစဉ်အလာကလည်း (စလက)မှာ ရှိနေပြန်ပါတယ်။ ဝေးလံခေါင်ဖျား လေတပ်စခန်းဆိုတာ၊ ကျနော်တို့ တုန်းက မြစ်ကြီးနားနဲ့  နမ့်ဆမ်က၊ လေတပ်စခန်းဌာနချုပ် နှစ်ခုပဲရှိပါတယ်။ အခုခေတ်မှာတော့ မီးမရှိ/ ရေရှား/နေရေးက အဆင်မပြေ/ ရတဲ့လစာနဲ့ မလောက်ဆိုတဲ့၊ ဟုမ္မလင်းနဲ့  မြိတ်(ဘိတ်)က လေတပ်စခန်းဌာနချုပ် အသစ်နှစ်ခု တိုးလာခဲ့ ပါပြီ။ အခုက စပြီး၊ ကျနော်ပြောပြမှာတွေကတော့၊ ကျနော်တယောက်ထဲရဲ့ ခံစားမှုအတွေ့အကြုံတွေ မဟုတ်ပဲ၊ လေတပ်ထဲက အောက်ခြေ စစ်သည်တွေရဲ့  ဘဝကောက်ကြောင်းများစွာကို၊ ရှုထောင့်အစုံကနေ ကိုယ်စားပြု ရင်ဖွင့်တင်ပြသွားမှာတွေ၊ ဖြစ်ပါတယ်။ ဘယ်သူ့ ကိုမှ ထိခိုက်ဘို့  မရည်ရွယ်ပါဘူး။ ဒါပေမဲ့လည်း အမှန်တရားတွေကို၊ အများပြည်သူကို ရင်ဖွင့်လိုက်ရင်တော့၊ ဖြစ်နေတဲ့ အနာအတွက်၊ သက်ဆိုင်တဲ့ဆေးတွေ ပေါ်ထွက်လာနိုင်မယ်လို့  ထင်မြင်ယူဆမိလို့ ၊ လေတပ်ထဲကစစ်သည်များစွာတို့ရဲ့  ဘဝကောက်ကြောင်းတွေထဲက တစ်ခုကို တင်ပြလိုက်တာ ဖြစ်ပါတယ်ခင်ဗျာ။
ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ တပ်မတော်ရဲ့  တပ်သားသစ်စုဆောင်းပုံမှာ၊ တပ်သားသစ်တွေကို ငွေပေးစည်းရုံးတာ မဟုတ်ပဲ၊ တပ်သားသစ်တွေကို လူကုန်ကူးသလို လှည့်စားခေါ်လာပေးမယ့်သူတွေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တွေကို ငွေပေး ဘို့၊ တပ်မတော်အရာရှိတွေ ကြံရဖန်ရပုံ၊ တပ်ထဲမှာ ကင်းစောင့်တာမှာ၊ ကိုယ်တိုင်မစောင့်ချင်ရင် လူအငှားကို အခကြေးငွေပေးပြီး စောင့် ခိုင်းလို့ရပုံ၊ တပ်ထဲမှာ ကင်းမစောင့်ပဲ တပ်ထဲက ကိုယ့်မိသားစုထမင်းအိုးအတွက်၊ အရပ်ထဲမှာ ကြုံရာကျဘမ်းအလုပ်တွေ သွားလုပ်ကြရ တဲ့၊ အောက်ခြေစစ်သည်တွေရဲ့  ဖြစ်ပျက်နေပုံအကြောင်းတွေကိုတော့၊ “လေတပ်သားတစ်ဦးရဲ့  ဘ၀ကောက်ကြောင်း” (ဒုတိယပိုင်း)မှာ ဆက်ပြီး တင်ဆက်ထားပါတယ်။ နောက်တစ်ပတ် ဇွန်လ(၆)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။
The film is a compilation of footage obtained from the Democratic Voive of Burma, DVB in Chiang Mai Northern Thailand plus footage shot by the maker of the film. Audio soundtrack Dr Mark Born, who plays traditional Asian Bamboo Instruments.
A juxtaposition of the powerful Military their Cronies against the people of Burma. The outrageous wealth of the Military elite and the abject poverty of the majority of the Burmese peoples.
A powerful message can be found thoughtout the documentary, this message is symbolic in nature, and although the images refer to events that are specific of Burma, a line of historic repetition can be easily identified with other countries, and people who have been oppressed by Military Governments.
Human rights and historic movie, on Burma and South East Asia, from World War II to the present day.
Footage of the NLD leader Aung San Suu Kyi, the Saffron Revolt in 2007, the wedding of Thandar Shwe the daughter of the supreme leader of the Junta , General Than Shwe, former ruling General Ne Win, some historical footage, secretive footage of the opium region of Northern Burma, Independence day Military show of Strength, the Monks receiving food from followers, footage of the brutal Military crackdown on peaceful demonstrators.
ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး
စင်္ကာပူစံတော်ချိန် ညနေ ၅ နာရီ
မြန်မာစံတော်ချိန် ညနေ ၃:၃၀ နာရီ
ရုရှားစံတော်ချိန် နေ့လည် ၁ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၅ နာရီ
စင်္ကာပူစံတော်ချိန် ညနေ ၅ နာရီ
မြန်မာစံတော်ချိန် ညနေ ၃:၃၀ နာရီ
ရုရှားစံတော်ချိန် နေ့လည် ၁ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၅ နာရီ
အောက်မှာ ဗန်းမော်ဆရာတော်ဘုရားကြီး တရားပွဲလမ်းညွှန် ဆက်လက် ကြည့်ရှုနိုင်ပါသည်။
အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်ချုပ်
တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားပွဲဖိတ်ကြားလွှာ
ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ တရားချစ်ခင် ထေရဝါဒဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေအပေါင်းတို့ အား ကြုံတောင့်ကြုံခဲ တရားဓမ္မဟောပြောပွဲကြီးကို ကြွရောက်နာယူမှတ်သားနိုင်ရန် နိဗ္ဗာန်အကျိုးမြော်၍ အသိပေး နှိုးဆော်အပ်ပါသည်။
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီးသည် ၂၀၁၀-ခုနှစ်၊ မေလ (ယခုလ) ၃၀-ရက် တနင်္ဂနွေနေ့ ညနေ ၆-နာရီမှ စတင်၍ ည ၉-နာရီ အချိန်ထိ တိုကျိုမြို့  နာဂအိတဘရှိရပ်ကွက်၌ တည်ရှိသော မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ်တရားပွဲ။
၂၀၁၀-ခုနှစ်၊ ဇွန်လ ၆ -ရက် တနင်္ဂနွေနေ့  ညနေ ၆-နာရီမှ စတင်ကာ ည၉-နာရီ အချိန်ထိ ITABASHI-KU OHYAMA HIGASHI-CHOO 8-7 OHYAMA JIDOUKAN (板橋区大山東町8-7大山) ခန်းမ၌ ဒုတိယအကြိမ်တရားပွဲများကို ဟောကြားတော်မူမည်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏ တရားတော်များကို ရိုသေစွာကြွရောက်နာယူနိုင်ရန် လမ်းညွန်မြေပုံနှင့်တကွ ဖိတ်ကြားအပ်ပါသည်။
ထို့ အပြင် ဆရာတော်ဘုရားကြီးနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ဘုန်းတော်ကြီးကျောင်းတည်ရှိရာ MCWAသို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။
လေးစားစွာဖြင့်
တရားပွဲဖြစ်မြောက်ရေးကော်မတီ
MCWA
PHONE 03-3973-3348
မှတ်ချက်။ မိမိ၏ အသိမိတ်ဆွေများ ထံသို့လည်း အသိပေးခြင်းအားဖြင့် ကုသိုလ်ယူကြပါရန် နှိုးဆော်အပ်ပါသည်။
ဒီတလော နိုင်ငံရေးလောကမှာ၂၀၁၀-နဲ့ပတ်သတ်တဲ့ တိုက်တွန်းချက်တွေကို ကြားကြားနေတယ်။ အဲဒါက ဘာလဲဆိုတော့ ရွေးကောက်ပွဲသို့မသွားဘို့ (သို့)မဲမထည့်ကြဘို့ တပြည်လုံးကိုတိုက်တွန်း သံတွေပေါ့၊ မဲမထည့်ရင် ရွေးကောက်ပွဲပျက်ပြီလို့ ပြောကြတယ်။ တဘက်က ပြန်စဉ်းစားရင် ကြံ့ဖွတ်ပါတီမှာ သူတို့မိသားစုတွေ၊ အကျိုးတူ မိတ်ဆွေတွေက မဲသွားထည့်လိုက်မယ်ဆိုရင် ... ရွေးကောက်ပွဲ အထမမြောက် ဘူးလားဆိုတာ မေးစရာဖြစ်လာတယ်။
နောက်တခု ဒီရွေးကောက်ပွဲကိုနိုင်ငံတကာက.. အသိအမှတ်မပြုဘူးဆိုပါတော့... န အ ဖ ကအသိအမှတ်အပြုမခံဘဲ အနှစ် ၂၀-ကျော် အုပ်ချုပ်ပြီးပြီ ဆိုတာ မမေ့သင့်ဘူးထင်တယ်။ ၂၀၁၀ နဲ့ ပတ်သတ်ပြီး အိပ်ချိန်ကလွဲပြီး တကိုယ်တော်စဉ်းစားတယ်။ သဘောတူ မိတ်ဆွေတွေနဲ့ ဆွေးနွေးတယ။ ဒါပေမယ့် ဘာလုပ်သင့်လဲဆိုတဲ့အဖြေ ရှင်းရှင်းမထွက်လာဘူး။ နိုင်ငံရေးဂုဏ်သိက္ခာနဲ့ စစ်ကျွန်မဖြစ်ရေးဆိုတဲ့ အကြောင်းပြချက်အရ NLD ရွေးကောက်ပွဲ မ၀င်တာကို အကြွင်းမဲ့ ထောက်ခံတယ်။ ၂၀၀၈-တုန်းက နိုင်ငံသမားတွေ ချပေးတဲ့လိုင်းဟာ ပြည်သူတွေကို ယောင်ဝါးဝါး ဖြစ်စေတာတော့ အမှန်ပဲ။ ဒါတွေက ပြီးသွားပါပြီ။ အခု ၂၀၁၀မှာ လိုင်းချပေးမယ်ဆိုရင် ပြည်သူတွေ ရှင်းရှင်းလင်းလင်း လုပ်နိုင်မယ့် လိုင်းကိုချပေးတာ အကောင်းဆုံးပါပဲ။ မိမိအနေနဲ့ ရေရှည်ရေတို နိုင်ငံရေး လုပ်နိုင်တဲ့ နည်းကတော့ သိပ်မများပါဘူး ထင်ပါတယ်။
- ၁၉၉၀ ရွေးကောက်ပွဲကို အသက်ပြန်သွင်းဘို့ တွန်းရမည်။
-၂၀၀၈-အခြေခံဥပဒေကို ပြန်ပြင်ဆင်ဘို့ တွန်းရမည်။
-ဒီပဲယင်းအရေးခင်း၊ ၂၀၀၇ သံဃာ့အရေးခင်း၊ မတရားထောင်ကျနေတဲ
-နောက်တခုက ၁၉၈၈၊ ၂၀၀၇ တို့မှာ အမိအရ မလုပ်နိုင်လိုက်တဲ့ အစိုးရတရပ်ကို ဒီနှစ်တွေအတွင်းမှာ လူထုဆန္ဒပြပွဲတွေ ဖြစ်လာပေါ်လာခဲ့ရင် မလွတ်စတမ်း အစိုးရအဖွဲ့ အမြန်ဖွဲ့နိုင်အောင် ကြိုးပြင် ထားနိုင်မည်။ အဲဒီထဲမှာ ကိုယ်သန်ရာမှာ အားဖြည့်ပြီးလုပ်ဘို့ပါပဲ။ မိမိေ
မေလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Chinese Assembly Hall တွင် UNHCR မှ မြန်မာ ဒုက္ခသည်အဖွဲ့အစည်းများကို တွေ့ဆုံ၍ မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဆွေးနွေးခဲ့သည်။
UNHCR ၏ Community Development Unit (CDU) အနေနှင့် မလေးရှားရောက် UNHCR ကဒ်ရထားသူ မြန် မာဒုက္ခသည်များအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိ
ယင်းကိစ္စနှင့်ပတ်သတ်၍ မြန်မာဒုက္ခသည်များအစည်းအရုံး(
မလေးရှား UNHCR ၏ ခွဲခြားဆက်ဆံနေမှုနှင့်ပတ်သတ်၍ ဦးမောင်လှက “ ယခုအခါ မလေးရှား UNHCR အရာ ရှိတစ်ချို့၏ မြန်မာလူမျိုးအချင်းချင်းအပေါ် သွေးခွဲနေခြင်း၊ ခွဲခြားဆက်ဆံနေမှုများသည် လုံးဝလက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် ဗမာလူမျိုးအပါအ၀င် အချို့မြန်မာအဖွဲ့အစည်းများမှာ UNHCR ကဒ်ရဖို့ဝေးစွ၊ Registration လုပ်ခွင့်မရသည်မှာ ၃ နှစ်ကျော်နေပြီဖြစ်ကြောင်း၊ ဒါဟာ လုံးဝ မတရားသက်သက် ဖိနှိပ်၊ အနိုင်ကျင့်တာ ဖြစ် ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။
UNHCR အနေနဲ့ မလေးအာဏာပိုင်များ နှင့် ဆွေးနွေး၍ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေး
ဒီလိုမြန်မာဒုက္ခသည်အချင်းချင်း
မလေးရှား UNHCR က ဗမာလူမျိုး နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေသူ ဗမာတွေကို UNHCR စာရင်းပေးသွင်းခွင့်မရတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။
တစ်ချို့ UNHCR အရာရှိတွေကဆိုရင် “ မင်းတို့ကဗမာ၊ အစိုးရကလည်းဗမာ၊ မင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရဟာလည်း ဗုဒ္ဓဘာသာအစိုးရ၊ ဒါကြောင့် မြန်မာပြည်မှာ မင်းတို့ကို အစိုးရက မနှိပ်စက်ဘူး၊ မင်းတို့အနေနဲ့ အချိန်မရွေးပြန်သွားလို့ရတယ် ” လို့ ပြောတာတွေရှိပါတယ်။ ဒီလို ယုတ္တိမရှိတဲ့ ပြောကြားမှုတွေနှင့်ပတ်သတ်ပြီး ကျနော့်မှာ အထောက်အထားတွေရှိပါတယ် ” ဟု BRO ဥက္ကဌ ဦမောင်လှက ဆိုသည်။
အစည်းအဝေးတွင် CDU မှ တာဝန်ရှိသူများက မိမိတို့အနေနဲ့ UNHCR Registration Unit နဲ့ ဆွေးနွေးတိုင်ပင် မည်ဖြစ်ကြောင်း နှင့် မြန်မာဒုက္ခသည်အဖွဲ့အစည်းများ၏ ဆွေးနွေးတင်ပြမှုများကို အလေးထားပါကြောင်း ပြော ကြားခဲ့သည်။ ထို့ပြင် အဖွဲ့အစည်းများမှ မိမိတို့၏ အဖွဲ့ဝင်များ၏ အမည်၊ နေရပ်လိပ်စာ၊ ရောက်ရှိရာနေရာ၊ အ လုပ်ရှိလျှင် အလုပ်၏လိပ်စာ စသည့်အချက်အလက်များပါသော စာရင်းကို ပို့ပေးပါရန်လည်း ပြောကြားခဲ့သည်။
မလေးရှား UNHCR ၏ အဖွဲ့အစည်းများ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား၊ အနိုင်ကျင့်တတ်ပုံနှင့်ပတ်သတ်၍ BRO ဥက္ကဌ ဦးမောင်လှက ယခုလိုပြောပြခဲ့သည်။
“ ကျနော်တို့အနေနဲ့ UNHCR ရဲ့ ဂုဏ်သိက္ခာကိုလေးစားပြီး မလေးရှား UNHCR ရဲ့ Registration Unit က ယခု လိုဘဲ ကျနော်တို့ မြန်မာဒုက္ခသည်များအစည်းအရုံး(
BRO အနေနဲ့လည်း UNHCR ရဲ့ ဂုဏ်သိက္ခာကို လေးစားတာကြောင့် သူတို့ပေးထားတဲ့ ကတိကိုယုံကြည်ခဲ့မိ တယ်။ သို့သော် အချိန်အတော်ကြာတဲ့အထိ မျှော်လင့်နေခဲ့သော်လည်း ဘာမှအကြောင်းပြန်ကြားခြင်းမရှိ
UNHCR Registration အရာရှိက “ ငါတို့မင်းတို့အဖွဲ့ဝင်စာရင်းကိ
အခုလည်း မလေးရှား UNHCR ရဲ့ စီမံကိန်းတွေဟာ UNHCR ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်မရတဲ့ ကျနော်တို့ BRO အဖွဲ့ဝင်တွေနဲ့ အခြား UNHCR ရဲ့ခွဲခြားဆက်ဆံ၊ဖိနှိပ်၊ အနိုင်ကျင့်ခံနေရတဲ့ ဒုက္ခသည်တွေအတွက်တော့ “ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR ရယ် ” လို့ဘဲ မေးရမလိုဖြစ်နေပါတော့တယ်ဗျာ။ ” ပေးပို့လာသူ ညီငယ် ခမိခဆဲ...
In the Quiet Land, no one can tell
if there's someone who's listening
for secrets they can sell.
The informers are paid in the blood of the land
and no one dares speak what the tyrants won't stand.
In the quiet land of Burma,
no one laughs and no one thinks out loud.
In the quiet land of Burma,
you can hear it in the silence of the crowd
when the soldiers are coming
to carry them away.
The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils...
In the Quiet Land....
In the Quiet Land, no one can hear
what is silenced by murder
and covered up with fear.
But, despite what is forced, freedom's a sound
that liars can't fake and no shouting can drown.
SLORC = General Saw Maung staged a coup d'état and formed the State Law and Order Restoration Council (SLORC) in 1988.
အသံတိတ် တိုင်းပြည်ထဲမှာ
အသံတိတ် တိုင်းပြည်ထဲမှာ
တဦးတယောက်ကများ ချောင်းနားထောင်နေရင်ဘဲ
ဆက်မပြောရဲကြတော့ဘူးလေ။
သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။
ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။
မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို
ဘယ်သူကမှ မပြောရဲကြဘူးလေ။
အသံတိတ် ဗမာပြည်ထဲမှာ
ရယ်မောနေသူတွေ လည်းမရှိကြဘူး၊
ထုတ်ပြောနေသူတွေ လည်းမရှိကြဘူး။
အသံတိတ် ဗမာပြည်ထဲမှာ
လူထုတွေရဲ့ တိတ်ဆိတ်မှုတွေကြား
အဲဒီ အမှန်တရား ကို ကြားသိနိုင်တယ်လေ။
အသံတိတ် တိုင်းပြည်ထဲမှာ
မတရားဖမ်းဆီးဖို့ လာနေတဲ့
စစ်သားတွေ ကိုမြင်နေတာတောင်
ဘယ်သူကမှ မပြောရဲကြဘူးလေ။
တရုတ်တွေက လမ်းမကြီးကို လိုချင်နေကြတယ်။
ပြင်သစ်တွေက ရေနံ ကိုလိုချင်နေကြတယ်။
ထိုင်းတွေက သစ် ကိုလိုချင်နေကြတယ်။
နဝတ ကတော့ အရာရာကိုဖျက်စီးနေကြတယ်။
အသံတိတ် တိုင်းပြည်ထဲမှာ
အသံတိတ် တိုင်းပြည်ထဲမှာ
ဘာသံမှကြားရမယ် မဟုတ်ဘူး
လူသတ်သမားတွေက နှုတ်ပိတ်ထားလို့လေ။
အကြောက်တရားတွေက ဖုံးပိတ်ထားလို့လေ။
အင်အားသုံးပြီး ဖိနှိပ်ထားပါစေ၊
မုသားဝါဒီတွေ မတုပနိုင်တဲ့၊
ဖျောက်ဖျက် ဖုံးဖိမထားနိုင်တဲ့
အသံတသံ ကတော့ရှင်သန်နေမှာ
”လွတ်လပ်ခြင်း” တဲ့။ ။
အောင်ဆန်းစုကြည်
ဘာသာပြန် ။ဘလော့ခ်ဂါ အလင်းဆက်
၂၄.၅.၂၀၁၀
Petaling Jaya တွင်ရှိ Hung Tai Import & Export (M) Sdn., Bhd. No.17, 27-29, Jalan SS
FWWMC၏ လုပ်
မလေးရှားနိုင်ငံမှာ
ကိုဇေယျာလင်း သည် သူရိယဂျာနယ် မှာပါသော မြန်မာရွှေ့ပြောင်း အလုပ်သမားရေး
သူဌေးမှ ကိုဇေယျာလင်း အားလစာအပါအဝင် တစ်နှစ်စာ Levy ကြေးနဲ့အတူ လေယာ
အဖြစ်အမှန်ကို သိလိုပါက ကိုဇေယျ
သတင်း၊ဓာတ်ပုံ ကိုမြသိန်း စာပေနှင့်သုတေသနရေးရာမှုး NLD(LA)JB ...





