ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ တရားပွဲတိုက်ရိုက် ထုတ်လွှင့်မှုသတင်း...
ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး
စင်္ကာပူစံတော်ချိန် ညနေ ၅ နာရီ
မြန်မာစံတော်ချိန် ညနေ ၃:၃၀ နာရီ
ရုရှားစံတော်ချိန် နေ့လည် ၁ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၅ နာရီ
စင်္ကာပူစံတော်ချိန် ညနေ ၅ နာရီ
မြန်မာစံတော်ချိန် ညနေ ၃:၃၀ နာရီ
ရုရှားစံတော်ချိန် နေ့လည် ၁ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၅ နာရီ
အောက်မှာ ဗန်းမော်ဆရာတော်ဘုရားကြီး တရားပွဲလမ်းညွှန် ဆက်လက် ကြည့်ရှုနိုင်ပါသည်။
အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်ချုပ်
တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားပွဲဖိတ်ကြားလွှာ
ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ တရားချစ်ခင် ထေရဝါဒဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေအပေါင်းတို့ အား ကြုံတောင့်ကြုံခဲ တရားဓမ္မဟောပြောပွဲကြီးကို ကြွရောက်နာယူမှတ်သားနိုင်ရန် နိဗ္ဗာန်အကျိုးမြော်၍ အသိပေး နှိုးဆော်အပ်ပါသည်။
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီးသည် ၂၀၁၀-ခုနှစ်၊ မေလ (ယခုလ) ၃၀-ရက် တနင်္ဂနွေနေ့ ညနေ ၆-နာရီမှ စတင်၍ ည ၉-နာရီ အချိန်ထိ တိုကျိုမြို့  နာဂအိတဘရှိရပ်ကွက်၌ တည်ရှိသော မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ်တရားပွဲ။
၂၀၁၀-ခုနှစ်၊ ဇွန်လ ၆ -ရက် တနင်္ဂနွေနေ့  ညနေ ၆-နာရီမှ စတင်ကာ ည၉-နာရီ အချိန်ထိ ITABASHI-KU OHYAMA HIGASHI-CHOO 8-7 OHYAMA JIDOUKAN (板橋区大山東町8-7大山) ခန်းမ၌ ဒုတိယအကြိမ်တရားပွဲများကို ဟောကြားတော်မူမည်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏ တရားတော်များကို ရိုသေစွာကြွရောက်နာယူနိုင်ရန် လမ်းညွန်မြေပုံနှင့်တကွ ဖိတ်ကြားအပ်ပါသည်။
ထို့ အပြင် ဆရာတော်ဘုရားကြီးနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ဘုန်းတော်ကြီးကျောင်းတည်ရှိရာ MCWAသို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။
လေးစားစွာဖြင့်
တရားပွဲဖြစ်မြောက်ရေးကော်မတီ
MCWA
PHONE 03-3973-3348
မှတ်ချက်။ မိမိ၏ အသိမိတ်ဆွေများ ထံသို့လည်း အသိပေးခြင်းအားဖြင့် ကုသိုလ်ယူကြပါရန် နှိုးဆော်အပ်ပါသည်။



