ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

FWWMC ကိုအကူအညီတောင်းခံခါမှ အလုပ်ပြုတ်သွားရတဲ့ မြန်မာအလုပ်သမားတစ်ဦး.. (မလေးရှားမှ)

Photobucket

၂၄.၅.၂၀၁၀

Petaling Jaya တွင်ရှိ Hung Tai Import & Export (M) Sdn., Bhd. No.17, 27-29, Jalan SS

6/12, Kelana Jaya မှ Brother's ကားအပိုပစ္စည်းရောင်းချသောကုမ္ပဏီတွင်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများသည် မလေးရှားအလုပ်သမားဝန်ကြီးဌာန၏ ၂၀.၄.၂၀၀၉ ခုနှစ် အလုပ်သမားများကို Levy ကြေးကိုမကောက်ခံရန် တရားဝင်ထုတ်ပြန်ထားတဲ့စာရွက်ကို ၎င်းတို့၏ လုပ်ငန်းပိုင်ရှင်အား ပြသခဲ့ပြီး ထိုအလုပ်သမားတို့၏ လုပ်ငန်းပိုင်ရှင်ကို Levy ကြေးများ မဖြတ်တောက်ရန် မြန်မာနိုင်ငံသားအလုပ်သမား အမျိုးသား၊ အမျိုးသမီးများအပါအဝင် အယောက်၄၀ ကျော်နီးပါ လုပ်ငန်းပိုင်ရှင်သူဌေးကို တောင်းဆိုခဲ့ပါတယ်။ ထိုလုပ်ငန်းပိုင်ရှင်သူဌေးမှ မည်သို့မျှ အကြောင်းမပြန်ပဲ ဆက်လက်၍ Levy ကြေးများအား ဖြတ်တောက်နေခဲ့ပါတယ်။

ထိုအလုပ်သမား အားလုံးကိုခေါင်းဆောင်သူ ကိုဇေယျာလင်း သည် Bandar Puchong Jaya IOI အနီးရှိ Foreign Workers Welfare Management Centre (FWWMC) ရုံးသို့ ၁၈.၁၁.၂၀၀၉ ခုနှစ် နေ့ရက်တွင်သွားရောက်တိုင်ကြားခဲ့ပါတယ်။ FWWMC ရုံးမှ တာဝန်ရှိတဲ့ Mr.See Laan က ဒီမှာ မြန်မာနိုင်ငံ သားတွေအတွက် အလုပ်သမားပြဿနာ ကိစ္စအဝဝကို ဖြေရှင်းဖို့ နအဖစစ်အစိုးရ မလေးရှားမြန်မာသံရုံးက ကူညီဆောင်ရွက်ပေးဖို့ သဘောတူညီချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မင်းတို့အဖွဲ့ဝင်လုပ်မှ ဖြေရှင်းလို့ရမည်ဟု ပြောပါတယ်။ ထို့နောက် ကိုဇေယျာလင်း သည် FWWMC အဖွဲ့ထဲသို့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပြုလုပ်ခဲ့ပြီး၊ အလုပ်သမားပြဿနာကို ကိုင်တွယ် ဖြေရှင်းပေးသွားမည်ဟု ပြောဆိုလိုက်ပါတယ်။ အလုပ်သမားတွေကို ခေါင်းဆောင်တဲ့ ကိုဇေယျာလင်းသည် FWWMC အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး၊ အဖွဲ့ဝင်ကြေး ရင်းဂစ်၁၅၀ ပေးဆောင်ခဲ့ရပါတယ်။ ၎င်းတို့၏ အလုပ်သမား ပြဿနာ ကိစ္စအဝဝကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

FWWMC၏ လုပ်
ဆောင်ချက်များ မထိရောက်မှုကြောင့် လုပ်ငန်းပိုင်ရှင်သူဌေးသည် ကိုဇေယျာလင်း အားအလုပ်လုပ်ခွင့် မပြုတော့ပဲ၊ အလုပ်မှဖြုတ်လိုက်ပြီး အလုပ်သမားအဆောင်မှာ မနေထိုင်ဖို့ သတိပေးလိုက်ပါတယ်။ ဆက်လက် နေထိုင်ပါက ရဲနဲ့ ဖမ်းခိုင်းမည်ဟုဆိုပြီး ၎င်းကို အဆောင်မှ နှင်ထုတ်လိုက်ပါတယ်။ ကိုဇေယျာလင်းရဲ့ဖြစ်နေတဲ့ ပြဿနာသည် အကူအညီ တောင်းခံခါမှ ဘဝပျက်တဲ့ကိန်းဆိုက်ရောက်သွားခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုးမကြုံရအောင် မြန်မာနိုင်ငံသားအားလုံးကို သင်ခန်းစာယူဖို့ သတိပေးလိုက်ပါတယ်။ အလုပ်သမားပြဿနာကို အလုပ်သမားရုံးမှာပဲ ဖြေရှင်းလို့ရပါတယ်။ သူတို့မှာ နာမည်ခံပဲရှိပါတယ်။ သွားရောက် အကူအညီတောင်းခံခါမှ ပို၍ဆိုးစေပါတယ်။ သူတို့မှာဖြေရှင်းနိုင်တဲ့ စွမ်းအားဘာမှမရှိပါဘူး။ လုံးဝမရှိပါဘူး။ ဘာမှလည်းမတတ်နိုင်ပါဘူး။

မလေးရှားနိုင်ငံမှာ
အခမဲ့ရှေ့နေ၊ အလုပ်သမားရှေ့နေ၊ လူ့အခွင့်အရေးရှေ့နေတွေ ရှိပါတယ်။ အမှုကိုမြန်မြန်ပြီးချင်ရင် အစိုးရရှေ့နေတွေကို ငှားရမ်းလို့ရပါတယ်။ မလေးရှားတနိုင်ငံလုံးရှိ ပြည်နယ်တိုင်းမှာ မလေးရှားအစိုးရ အလုပ်သမားဌာနခွဲတွေ မြို့နယ်တိုင်းမှာရှိပါတယ်။ မိမိတိုင်ကြားတဲ့အခါမှာ အလုပ်သမားဌာနခွဲ(သို့မဟုတ်)ရဲစခန်းမှာ ကြိုတင်၍ ပထမဦးဆုံးအမှုဖွင့်ဆိုဖို့ အဓိကလိုအပ်ပါတယ်။ ရဲစခန်းတွင်မိမိဘက်မှ ကြိုတင်၍ ဦးစွာ ပထမဦးဆုံးအဆင့်အနေဖြင့် အမှုဖွင့်ဆိုတိုင်ကြားခြင်းကို ပြုလုပ်ရပါမယ်။ ထိုမှတဖန် အလုပ်သမားဌာနတွင် ဒုတိယအဆင့်အနေဖြင့် အမှုဖွင့်ဆိုတိုင်ကြားခြင်း ကိုဆက်တိုက်ပြု လုပ်ရပါမယ်။ ယင်းအဆင့်နှစ်ခုအား မိမိဘက်မှ ကြိုက်နှစ်သက်သလို ကြိုတင်လက်ဦးမှုရယူ၍ ဦးစွာဆက်တိုက် အမှုဖွင့် တိုင်ကြားရမှာ ဖြစ်ပါတယ်။

ကိုဇေယျာလင်း
သည် သူရိယဂျာနယ် မှာပါသော
မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာ ကိစ္စအဝဝအား ကူညီဆောင်ရွက်ပေးနေသူ ကိုရန်နိုင်ထွန်း (BCM)နဲ့ဆက်သွယ်မိခဲ့ပြီး၊ ၎င်းရဲ့အမှုကို ကူညီဆောင်ရွက်ပေးဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။ ၎င်းကိုယ်တိုင်ရဲစခန်းသို့သွားရောက်ခဲ့ပြီး၊ ၎င်းရဲ့နိုင်ငံကူးလက်မှတ် Passport စာအုပ်နဲ့ ၎င်း၏လုပ်အားခ တစ်လစာနဲ့အတူ ဖြတ်တောက်ခြင်း ခံထားရသော Levy ကြေးများနှင့် အပြန်လေယာဉ်လက် မှတ်ပြန်လည်ရရှိရန် တိုင်ကြားလိုကြောင်းနှင့် ၎င်းကိုယ်တိုင် အလုပ်သမားအဆောင်မှ မောင်းနှင်ထုတ် ခံလိုက်ရကြောင်း၊ ၎င်းကိစ္စအတွက် ရဲစခန်း၌အမှုဖွင့် လိုပါကြောင်းနှင့် လုပ်ငန်းပိုင်ရှင်သူဌေးအား ၁.၄.၂၀၁၀ နေ့တွင် Kelana Jaya ရဲစခန်း၌ အမှုစတင်၍ ဖွင့်ဆိုခဲ့ပါတယ်။ Subang Jaya လုပ်သမားဝန်ကြီးဌာနရုံးခွဲသို့ ၂.၄.၂၀၁၀ နေ့မှာ အမှုထပ်မံ ဖွင့်ဆိုခဲ့ပါတယ်။ မလေးရှားလူ့အခွင့်ရေးဌာန (SUHAKAM) ရုံးသို့ထပ်မံ၍ ၂၇.၄.၂၀၁၀ နေ့တွင်အမှုဖွင့်ခဲ့ပါတယ်။ မလေးရှားကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချူပ် (MTUC)ရုံးသို့ ၁၈.၅.၂၀၁၀ နေ့တွင် သွားရောက်ခဲ့ပြီး၊ ၂၁.၅.၂၀၁၀ ရက်နေ့တွင် Subang Jaya အလုပ်သမားရုံးရှိ အလုပ်သမားတရားရုံးမှ အမိန့်ချမှတ်လိုက်ပါတယ်။ လုပ်ငန်းရှင်

သူဌေးမှ ကိုဇေယျာလင်း အားလစာအပါအဝင် တစ်နှစ်စာ Levy ကြေးနဲ့အတူ လေယာဉ်လက်မှတ် ပါပေးဆောင်ရမည်ဟု အမိန့်ချမှတ် ပေးလိုက်ပါသည်။ ကိုဇေယျာလင်း သည် ပြန်ရရှိငွေ ရင်းဂစ် ၁၅၀၀ တိတိနှင့်အပြန်လေယာဉ်လက်မှတ်ကို ပြန်လည်ရရှိခဲ့ပါသည်။

အဖြစ်အမှန်ကို သိလိုပါက ကိုဇေယျာလင်း ဖုန်းနံပါတ်-၀၁၆ ၄၈၁၆ ၂၈၅