ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တော်လှန်ရေးသမားများ စဉ်းစားသင့်တဲ့အချက်...

Devil Than Shwe
မေးလ်ထဲကပါ... ရေးသားသူ မည်သူတော့ မသိပါ... စဉ်းစားသင့်တဲ့ အချက်အလက်တွေ ဖြစ်တဲ့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဒီတလော နိုင်ငံရေးလောကမှာ၂၀၁၀-နဲ့ပတ်သတ်တဲ့ တိုက်တွန်းချက်တွေကို ကြားကြားနေတယ်။ အဲဒါက ဘာလဲဆိုတော့ ရွေးကောက်ပွဲသို့မသွားဘို့ (သို့)မဲမထည့်ကြဘို့ တပြည်လုံးကိုတိုက်တွန်း သံတွေပေါ့၊ မဲမထည့်ရင် ရွေးကောက်ပွဲပျက်ပြီလို့ ပြောကြတယ်။ တဘက်က ပြန်စဉ်းစားရင် ကြံ့ဖွတ်ပါတီမှာ သူတို့မိသားစုတွေ၊ အကျိုးတူ မိတ်ဆွေတွေက မဲသွားထည့်လိုက်မယ်ဆိုရင် ... ရွေးကောက်ပွဲ အထမမြောက် ဘူးလားဆိုတာ မေးစရာဖြစ်လာတယ်။

နောက်တခု ဒီရွေးကောက်ပွဲကိုနိုင်ငံတကာက.. အသိအမှတ်မပြုဘူးဆိုပါတော့... န အ ဖ ကအသိအမှတ်အပြုမခံဘဲ အနှစ် ၂၀-ကျော် အုပ်ချုပ်ပြီးပြီ ဆိုတာ မမေ့သင့်ဘူးထင်တယ်။ ၂၀၁၀ နဲ့ ပတ်သတ်ပြီး အိပ်ချိန်ကလွဲပြီး တကိုယ်တော်စဉ်းစားတယ်။ သဘောတူ မိတ်ဆွေတွေနဲ့ ဆွေးနွေးတယ။ ဒါပေမယ့် ဘာလုပ်သင့်လဲဆိုတဲ့အဖြေ ရှင်းရှင်းမထွက်လာဘူး။ နိုင်ငံရေးဂုဏ်သိက္ခာနဲ့ စစ်ကျွန်မဖြစ်ရေးဆိုတဲ့ အကြောင်းပြချက်အရ NLD ရွေးကောက်ပွဲ မ၀င်တာကို အကြွင်းမဲ့ ထောက်ခံတယ်။ ၂၀၀၈-တုန်းက နိုင်ငံသမားတွေ ချပေးတဲ့လိုင်းဟာ ပြည်သူတွေကို ယောင်ဝါးဝါး ဖြစ်စေတာတော့ အမှန်ပဲ။ ဒါတွေက ပြီးသွားပါပြီ။ အခု ၂၀၁၀မှာ လိုင်းချပေးမယ်ဆိုရင် ပြည်သူတွေ ရှင်းရှင်းလင်းလင်း လုပ်နိုင်မယ့် လိုင်းကိုချပေးတာ အကောင်းဆုံးပါပဲ။ မိမိအနေနဲ့ ရေရှည်ရေတို နိုင်ငံရေး လုပ်နိုင်တဲ့ နည်းကတော့ သိပ်မများပါဘူး ထင်ပါတယ်။

- ၁၉၉၀ ရွေးကောက်ပွဲကို အသက်ပြန်သွင်းဘို့ တွန်းရမည်။

-၂၀၀၈-အခြေခံဥပဒေကို ပြန်ပြင်ဆင်ဘို့ တွန်းရမည်။

-ဒီပဲယင်းအရေးခင်း၊ ၂၀၀၇ သံဃာ့အရေးခင်း၊ မတရားထောင်ကျနေတဲ့ သူတွေအတွက် တရားစွဲရေး လမ်းကြောင်းပေါ်တင်ရမည်။

-လူထုတွေဆီ သူတို့နဲ့ဆိုင်ရာဆိုင်ရာ ရသင့်တဲ့အခွင့်ရေးကို အရယူနိုင်အောင် နည်းလမ်းတွေချပြရမည်။

-နောက်တခုက ၁၉၈၈၊ ၂၀၀၇ တို့မှာ အမိအရ မလုပ်နိုင်လိုက်တဲ့ အစိုးရတရပ်ကို ဒီနှစ်တွေအတွင်းမှာ လူထုဆန္ဒပြပွဲတွေ ဖြစ်လာပေါ်လာခဲ့ရင် မလွတ်စတမ်း အစိုးရအဖွဲ့ အမြန်ဖွဲ့နိုင်အောင် ကြိုးပြင် ထားနိုင်မည်။ အဲဒီထဲမှာ ကိုယ်သန်ရာမှာ အားဖြည့်ပြီးလုပ်ဘို့ပါပဲ။ မိမိပြောတာတွေ လိုကောင်းလိုလိမ့်မယ် အတွေ့ကြုံရှိတဲ့ မိတ်ဆွေများ ဖြည့်ပြီး စဉ်းစားပေးပါ။