ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရိုက်တာ သတင်းဋ္ဌာနရဲ့ ၁၉၈၈အရေးတော်ပုံ ကာလကြီးအတွင်းက ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံဖိုင် (၂)

ပြည်တွင်းမှ ပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် ဖိုင်(၁) 
ရုပ်သံဖိုင်အား တည်းဖြတ် ပြင်ဆင်ပေးတဲ့ ကိုသော်ကြီးအား ကျေးဇူးတင်ပါသည်...
ပြည်တွင်းမှ ပရိသတ် ဒေါင်းလုပ်လုပ်ချင်ရင် ဖိုင်(၂) http://www.mediafire.com/?ndl83zcdpcscs5o 

ရိုက်တာ သတင်းဋ္ဌာနရဲ့ ၁၉၈၈အရေးတော်ပုံ ကာလကြီးအတွင်းက ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေ ထပ်မံရှာဖွေ စုစည်း တင်ပြလိုက်ပါတယ်..။ အမေရိကန်သံရုံးရှေ့က ဘယ်တော့မှ မေ့မရနိုင်တဲ့ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းတွေနဲ့ အတူ ထိုစဉ်က ပြည်သူ့ တပ်မတော်သားများ အပါအဝင် အလွှာပေါင်းစုံရဲ့ သပိတ်တိုက်ပွဲ မြင်ကွင်းတွေ ရုပ်သံတွေပါ..။ မကြည့်ရ၊ မမြင်ရသေးတဲ့ တချို့မြင်ကွင်း ရုပ်သံဖိုင်တွေကို အားလုံးသိရှိနိုင်ဖို့ တင်ပြလိုက်ပါတယ်...။

၁၉၉၅ခုနှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ် ပြန်လည်လွတ်မြောက်လာစဉ်က မြင်ကွင်းရုပ်သံဖိုင်..

ရုပ်သံဖိုင် ၂ခါပြန်လာနေတာ ခွင့်လွှတ်ပါရန် ...Replay ကြည့်စရာ မလိုတော့ဘူးပေါ့..
၁၉၉၅ခုနှစ်က ဇူလိုင်လက နေအိမ်အကျယ်ချုပ် ပြန်လည် လွတ်မြောက်လာစဉ် ကမြင်ကွင်းများနဲ ၁၉၉၄ခုနှစ် နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွှန့်တိုနဲ့ တွေ့ဆုံစဉ် မှတ်တမ်းမြင်ကွင်းတွေပါ....။ နောက် ဒေါ်အောင်ဆနနးစုကြည်နဲ့ ANI အိန္ဒိယ သတင်းဋ္ဌာနနဲ့ အင်တာဗျူး ၁၉၈၉ခုနှစ်လောက်က အဖွဲ့ချုပ် အစည်းအဝေးတစ်ခုမှာ မြင်တွေ့ရတဲ့ ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ငယ်ရွယ်နုပျိုတဲ့ မြင်ကွင်းတွေကို မြင်တွေ့မိတဲ့ အခါမှာတော့ ကုန်ဆုံးသွားတဲ့ အချိန်တွေအတွက် အထူးနှမြောမိပါတယ်.။ အနှစ်(၂၀) ကျော်ဆိုတဲ့ အချိန်အတိုင်းအတာဟာ တိုင်းပြည်ထူထောင်ဖို့ လုံလောက်တဲ့ အချိန်တွေပါပဲ...။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး လက်ရှိအခြေအနေမှာ တက်ညီလက်ညီနဲ့ တိုင်းပြည်ပြောင်းလဲဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင် ကြရမယ့် အချိန်ပါပဲ.. ။ ကျွန်တော်တို့ လူထုခေါင်းဆောင်အပေါ်မှာ ထောက်ခံမှုက အရင်အတိုင်းပဲ မပြောင်းမလဲဆိုတာ သိရှိနိုင်ဖို့နဲ့ ယနေ့ခေတ် လူငယ်၊လူရွယ်တွေ သိရှိနိုင်ဖို့ ရှားပါး ရုပ်သံဖိုင်တွေ ရှာဖွေတင်ပြလိုက်ပါတယ်...။

ဖိုင်ရဲ့ နောက်ဆုံးမှာ ပြည်သူအချစ်တော် ထောက်လှမ်းရေးတွေရဲ့ ဘာကို NO မှန်းမသိတဲ့ NO.. NO... NOဆိုတဲ့ အသံကိုကြားရမှာပါ....

ပြည်တွင်းမှ ပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင်  
http://www.mediafire.com  /?s2x6rvh9fhv733d ဒီဒေါင်းလုပ်ဖိုင်ကိုတော့ ကိုသော်ကြီးမှ ပြန်လည် တည်းဖြတ် ပေးထားပါတယ်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဆီနိတ်တာဂျွန်မက်ကိန်းတို့ တွေ့ဆုံပွဲ (သတင်း၊ ဓာတ်ပုံ)



ဓာတ်ပုံ ဒီမိုဝေယံ

ယနေ့တောင်ဒဂုံမြို့နယ် ကမ္ဘောဇ ၂လမ်းရှိ HIV/AIDS စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာ သွားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း...

ယနေ့ တောင်ဒဂုံမြို့နယ်၊ အမှတ်(၃၇၆)၊ ကမ္ဘောဇ(၂)လမ်းရှိ HIV/AIDS Prevention and Care Section သို့ အမေရိကန် ရီပတ်ပလေကန် အထက်လွှတ်တော်အမတ် Jhon mac cain ၊ သံရုံးတာဝန်ခံမစ္စတာဒင်္ဂါနှင့် အဖွဲ့ဝင်(၇)ဦး တို့ နံနက် ၉နာရီက လာရောက်ခဲ့ပါသည်။

ထိုသို့ရောက်ရှိ လာရောက်ရာတွင် HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူများဖြစ်ကြ သော မဖြူဖြူသင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဒေါ်မေ၀င်းမြင့်၊တနသာင်္ရီတိုင်းတာဝန်ခံ(ဦးလှမင်း)၊ ရန်ကုန်တိုင်းစည်းအဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့မှ လက်ခံတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံရာတွင် လွတ်တော်အမတ်Mr.Jhon McCainအနေဖြင့်မဖြူဖြူသင်း မှ လက်ရှိ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်လင်းစွာ မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထိုနောက် Mr.Jhon McCain နှင့် အဖွဲ့သည် လူနာများအား ရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံ ကြည့်ရူ့အားပေးခဲ့ကြပြီး လူနာများနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ယင်းနောက် မဖြူဖြူသင်းနှင့် (၅)မိနစ်ခန့် သီးသန့်တွေ့ဆုံခဲ့ရာ။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့်အခါ လုပ်ငန်းကိစ္စများကို ဆက်လက်ပြောပြပေးမည်ဟု မဖြူဖြူသင်းအား ပြောကြားခဲ့သည်။ ယင်းနောက် မဖြူဖြူသင်းမှ အမှတ်တရ လက်ဆောင်ပြန်လည်ပေးခဲ့သည်။ ထိုနောက်Mr.Jhon McCain နှင့်အဖွဲ့အား လူနာများမှ စားသောက်စရာများနှင့် တည်ခင်းဧည့်ခံခဲ့ပြီး နံနက်(၁၀းဝ)နာရီတွင် အဆိုပါ ဂေဟာမှ ပြန်လည် ထွက်ခွာလာခဲ့သည်။

မေလင်း...

သတင်း၊ ဓာတ်ပုံ ပေးပို့ပေးတဲ့ ... မေလင်း အားကျေးဇူးတင်ပါသည်..

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌဘဘဦးတင်ဦးနဲ့ အတူတွေ့ရတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း

ပေးပို့ပေးတဲ့ ညီမငယ်အား ကျေးဇူးတင်ပါသည်...။

John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)

John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် John McCain နှင့် အမေရိကန်သံရုံးအရာရှိ များသည် ၂.၆.၂၀၁၁ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ အသင်းသူ/သားများနှင့် လာရောက်တွေ့ဆုံခဲ့သည်။

လူမှုရေးလုပ်ငန်းများဖြစ်သော နာရေး (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာရေး (အခမဲ့) ပညာဒါနပြုမှုများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ဧည့်သည်တော်များအား နာရေးကူ ညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် (အခမဲ့) ကူညီပေးမှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (အခမဲ့) ဆေးဝါးကုသမှုများ၊ ပညာဒါနအဖြစ် (အခမဲ့) ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ နာရေးလမ်းကြောင်း လက်ခံမှုရုံးခန်းတို့အား လိုက်လံပြသခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် John McCain သည် ယမန်နေ့က မြန်မာပြည်ရှိ ကြီးကျယ်ခမ်းနား၍ အရောင်အဆင်းများ တောက်ပသောအဆောက်အဦးများရှိရာ နေရာသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့မှ မြန်မာပြည်သူလူထုတို့၏ လူနေမှုစရိုက်များ၊ ဆင်းရဲဒုက္ခရောက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အစစ်အမှန်ကို တွေ့ရှိရသည့်အတွက် ၀မ်းနည်းမိကြောင်း၊ ယခုလို လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် လွန်စွာဝမ်း မြောက်မိကြောင်းတို့ကို ပြောကြားသွားသည်။ 

ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးမျိုး ဆက်သစ်သင်တန်း အမှတ်စဉ် (၃/၂၀၁၁)မှ သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ “မိမိကိုယ်မိမိ ကယ်ဆယ်ခွင့် မရရှိသူတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူမှုရေးသမားများက ၀ိုင်းဝန်း ကယ်ဆယ် အကူအညီများပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ဘုရားသခင်မှလည်း ကောင်းချီးပေးပါစေ” ဟု အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် ဆုတောင်းမေတ္တာပို့စာသား ရေးသားလက်မှတ်ထိုးကာ မွန်းတည့် (၁၂း၀၀) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှုတ်ခွန်း ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

ဓာတ်ပုံများ အောက်တွင် ဆက်ကြည့်နိုင်ပါသည်...။


ဒေါက်တာကျော်ရင်လှိုင်၊ NLD၊ စင်္ကြာမှန်ပြောင်းနှင့် ဗေဒါကျောင်း (ဆောင်းပါးရှင် အောင်မျိုးထွန်း)

အားလုံးရှင်းသွားရင်လည်း ကောင်းမယ်။ ဒါမှမဟုတ် ပိုရှုပ်ပြီး ရှင်းမရလင်းမရ ဖြစ်သွားလည်း အေးတာဘဲ။ ခုတော့ တည့်မလိုလိုနဲ့  ကောက်ကွေ့ ၊ ဝေ့၀ိုက်မယ်ထင်ပေမယ့် ဖြောင့်နေအောင် ဒုန်းစိုင်းကြနဲ့။

NLD မှာ နိုင်ငံရေးသင်တန်းပေးမယ့် ဒေါက်တာကျော်ရင်လှိုင်ကိစ္စပါ။ ကိုကျော်ရင်လှိုင်နဲ့ ပတ်သက်ပြီး ၂၀၁၀ ဖေဖော်ဝါရီလပိုင်းလောက်က သတင်းဆောင်းပါး တစ်ပုဒ်ရေးဖူးပါတယ်။ အီးမေးလ်နဲ့ ဖြန့်ဝေခဲ့ပါတယ်။ ကိုကျော်ရင်လှိုင်ဟာ လေးဆယ်ကျော်မျိုးဆက်ပါ။ ပညာရှင်များဟောပြောပွဲကို UMFCCI မှာ သူ လာဟောပြောသွားဖူးပါတယ်။ အဲဒီတုန်းက စင်မြင့်ပေါ်ကနေ တည်ဆဲအစိုးရကို “စစ်အစိုးရ” လို့သုံးနှုန်းပြီး အထပ်ထပ်အခါခါ ဝေဖန်ပြောဆိုသွားပေမယ့် နိုင်ငံရေး ရပ်တည်မှုအရတော့ ဆရာကျော်ဝင်းတို့ ဒေါက်တာနေ၀င်းမောင် တို့ “လိုင်း” ပါဘဲ။ အပြင်မှာနေတော့ နည်းနည်းရဲတဲ့ပုံ ရှိပါတယ်။ မြန်မာပြည် ဒေဝေါကြီးလို့ ခုထိ ၀ိုင်း ဆွမ်းကြီးလောင်းနေကြတဲ့ “အီးဂရက်”အဖွဲ့ရဲ့  ရပ်ခံမှုနဲ့ လည်း နီးစပ်မယ့် အသွေးအရောင်ရှိပါတယ်။

ကိုကျော်ရင်လှိုင်က ပညာရှင်တစ်ယောက်ဖြစ်တာမို့ နတ်သားဖြစ်ဖြစ်၊ ငရဲသားဖြစ်ဖြစ် သူ့အယူအဆနဲ့ ပညာကို နာလိုသူတွေရှိရင် ဟောရပြောရမှာဘဲ ဖြစ်ပါတယ်။ လှီးရဖြတ်ရမယ့် အပိုင်းကိုတော့ သူ နားလည် ပြီးသားနေပါလိမ့်မယ်။ ပြည်တွင်းမှာ နိုင်ငံရေးနဲ့နှီးနွှယ်ပြီး လုပ်ကြကိုင်ကြသူတွေ ဒါကို သဘောပေါက်ပြီးသားပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ (၄)ရက်လောက်က ဖတ်ရတဲ့ အီးမေးလ်တစ်စောင်မှာ ဗေဒါသင်တန်းကျောင်းက ကိုကျော်ရင်လှိုင်ပို့ချမယ့် ဘာသာရပ်တွေကို သူတို့ ဗေဒါကျောင်းမှာ သင်ကြားပေးမယ့်ပုံစံနဲ့  လာတက်ရောက်ချင်သူတွေကို စာရင်းပေးနိုင်ပါပြီလို့  မက်ဆေ့ခ်ျ ပေးထားတာ တွေ့ ရပါတယ်။ ဗေဒါသင်တန်းဆီ အပ်နှံတဲ့ ပက်တ်ကေ့တစ်ခုလုံးကို ဇွန်လ (၂၀)ရက်နေ့ NLD မှာ စတင်သင်ကြားမယ့် နိုင်ငံရေးသိပ္ပံ သင်တန်းဆီ ရှန်တိန်လွှတ်မယ့်သဘောလို့ ထင်ရပါတယ်။ ဒီသတင်းကိုလည်း ဖေ့ဘုတ်မှာ ဥမ္မာဦးဆိုတဲ့ အကောင့်ပိုင်ရှင်တစ်ယောက် တင်ထားတာ ဖတ်လိုက်ရပါတယ်။

ကိုကျော်ရင်လှိုင်နဲ့ မျိုးရန်နောင်သိန်းရဲ့ ဗေဒါကျောင်းဟာ ချိတ်ဆက်မှု မရှိသေးဘူးဆိုတာ သေချာသလောက်ပါဘဲ။ ကာယကံရှင် ကိုကျော်ရင်လှိုင်လည်း ဗေဒါကျောင်းရဲ့ ဖိတ်ခေါ်ချက် ကြော်ငြာကိုဖတ်ပြီး ဘယ်လို ကောက်ချက်ချ မလည်း ဆိုတာထက် NLD မှာလုပ်မယ့် သူ့ပညာဝေငှမှုကို ဆက်လုပ်ဖြစ်၊ မဖြစ် ရင်လေးနေမယ့်ပုံပါဘဲ။ NLD ဆိုတာ ရာဇ၀င်နဲ့ နေခဲ့တဲ့ ပါတီကြီးတစ်ခုပါ။ ကနေ့ထက်တိုင် စစ်အုပ်ချုပ်မှုဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ပြည်သူတွေအတွက် အားကိုးရာ ဘူမိနက်သန်ပါ။ NLD ဆိုတာနဲ့ အားလုံးက လှည့်ကြည့် ငဲ့ကြည့်ကြရပါတယ်။ HARDလိုင်းလို့ သတ်မှတ်ထားကြပါတယ်။ ကိုကျော်ရင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနိုင်ငံရေးသိပ္ပံပို့ချမှု ကိစ္စကို ညှိနှိုင်းတိုင်ပင်ခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ထုတ်ဖော်သွားပါတယ်။ ကိုကျော်ရင်လှိုင် တစ်ယောက် NLD မှာ ကရားရေလွှတ်တာ မဆန်းလှပေမယ့် UMFCCI တို့ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှာ ဟောပြောခဲ့တဲ့ ပညာရှင်တွေ NLDကို ရွေ့မျောစီးဆင်းသွားတာ စတိုင်ဘောင်းဘီရှည်နဲ့ တိုက်ပုံကို တွဲမြင်လိုက်ရသလို ကျင့်သားမရသေးလို့ ပြောရင် ခံရမှာပါဘဲ။

“စစ်ဘက် အရပ်ဘက် တွဲရမယ်”မှာ သပွတ်အူလည်နေကြတဲ့ မြန်မာ့နိုင်ငံရေးဟာ စင်္ကြာ မှန်ပြောင်း ကြည့်ရသလို လက်ကလေးက လှည့်ပေးမှ အရောင်တွေ စုံတာမဟုတ်လား။

အောင်မျိုးထွန်း
၁- ၆- ၂၀၁၁

အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ)၏ ၂၀၁၁ ခုနှစ် ပညာသင်နှစ် စတင်ဖွင့်လှစ်....

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ...

အမေ့အိမ်ပညာဒါနကျောင်း( လှိုင်သာယာ ) 2011 ခုနှစ် ပညာသင်နှစ်အတွက် အတန်းများကို ယနေ့ 1st June မှ စတင်၍ သင်ကြားပေးနေပါပြီး။ ယနေ့ အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၇) ယောက် လက်ခံထားပြီး ဆက်လက်၍လည်း လာရောက် အပ်နှံနေကြဆဲ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမအင်အား (၂၀) ယောက်နှင့် မနက်(၇း၃၀ မှ ၉း၀၀) ( ၉း၃၀ မှ ၁၁း၀၀) အထိ ညနေ( ၂း၀၀ မှ ၃း၃၀ ) ( ၄း၀၀ မှ ၅း၃၀) (၅း၀၀ မှ ၆း၃၀ ) တစ်နေ့ လျှင် ( ၅ )ကြိမ် အထက်က  အချိန်ဇယားအတိုင်း သင်ကြားပေးလျှက်ရှိပါတယ်။

လောလောဆယ် တစ်တန်းလျှင် ကျောင်းသား၊ကျောင်းသူ (၂၀) ယောက်နှင့်ခြောက်တန်းအတွက် စုစုပေါင်း (၁၂၀)ယောက်ကိုသာ ဖတ်စာအုပ်ကိုများ လှူဒါန်း ထားနိုင်ပါသေးသည်။ ကျန်ကျောင်းသားများအတွက် ဖတ်စာအုပ်နှင့်ဗလာစာအုပ်များ လိုအပ်လျှက် ရှိနေပါသေးသည်။ ကျောင်းသားတစ်ဦးအတွက် ဖတ်စာအုပ် တစ်စုံလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ပညာဒါန ပြုနိုင်ပါသည်။

လေးစားစွာဖြင့်
ကျောင်းပညာရေးကော်မတီ
ကိုအေးဘို (၀၉ ၄၃၀၅၆၄၄၇)
ကိုငယ် (၀၉ ၅၁၆၂၀၆၀)


အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး)

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့
(ကဗျာရှင် ဗမာ့သွေး)
အဖေ.........
သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ   မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
 အမေ့က  အမြဲတမ်းလိုလို
ဝမ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း
အမေ့ကို တင်းကြပ်စွာဖက်ထားပြီး
ခေါင်းရင်းခန်းက  သမီးကို ချီထားတဲ့
အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း
သမီးလည်း ရောလို့ မျက်ရည်တွေ
ကျခဲ့ရတာ များလှပါပြီ အဖေ……….။

သူငယ်ချင်းတွေမှာ အဖေရှိလို့
ကျောင်းကို လိုက်ပို့ခဲ့ကြတယ်
စားချင်တာတွေ ၀ယ်ကျွေးပြီး
နွေးထွေးစွာ ကြင်နာပြနေကြတယ်……..
သမီးမှာတော့ တစ်ယောက်ထဲပါလားလို့
တွေးမိလိုက်တိုင်း  အဖေ့ကို တမ်းတနေရတုန်းပါဘဲ  အဖေ....။

သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့
မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို
ခံစားရတယ်လို့ အမေပြောတိုင်း
အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါ
အဖေ့ဓါတ်ပုံအောက်က
အမှန်တရားကို လက်ကိုင်ထားလို့
ဒုက္ခခံစားရတာ ဒီမိုကရေစီ စံနစ်
မထွန်းကားလို့ပါ ဆိုတဲ့စာသားလေးကို
သေချာ နားမလည်ပေမယ့်
အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။

တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ
မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ချယ်သနေတယ်…….
မသေချာတဲ့ အတွေးတစ ပေမယ့်
အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်…..
မနေနိုင်လို့  အမေ့လက်ကို ကိုင်စွဲပြီး
ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန်
အမေ့စကားကြောင့် တကိုယ်လုံး 
မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။


၁၉၉၁ခုနှစ်က ရိုက်တာ သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (ရုပ်သံ)

၁၉၉၁ခုနှစ်က ရိုက်တာ သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းရုပ်သံပါ..။ ဒီထုတ်လွှင့်ချက်နဲ့ အတူ ကျွန်တော် တခါမမြင်ဘူး မကြည့်ဘူးတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယနိုင်ငံကိုရောက်ရှိချိန် အိန္ဒိယဝန်ကြီးချုပ် ဂျဝါလာ နေရူး လာရောက်ကြိုဆိုတဲ့ သတင်းတိုလေး ပြသသွားလို့ အများသိအောင် ဖော်ပြလိုက်ပါတယ်..။
ပြည်တွင်းပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?iwq3r4m83bq7ksa
ဒီနေ့တော့ အချိန်မရှိတော့လို့ မနက်ဖြန်မှ ရရှိထားတဲ့ သတင်းတွေကို ဖော်ပြပေးပါမယ်....။