ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့တောင်ဒဂုံမြို့နယ် ကမ္ဘောဇ ၂လမ်းရှိ HIV/AIDS စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာ သွားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း...

ယနေ့ တောင်ဒဂုံမြို့နယ်၊ အမှတ်(၃၇၆)၊ ကမ္ဘောဇ(၂)လမ်းရှိ HIV/AIDS Prevention and Care Section သို့ အမေရိကန် ရီပတ်ပလေကန် အထက်လွှတ်တော်အမတ် Jhon mac cain ၊ သံရုံးတာဝန်ခံမစ္စတာဒင်္ဂါနှင့် အဖွဲ့ဝင်(၇)ဦး တို့ နံနက် ၉နာရီက လာရောက်ခဲ့ပါသည်။

ထိုသို့ရောက်ရှိ လာရောက်ရာတွင် HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူများဖြစ်ကြ သော မဖြူဖြူသင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဒေါ်မေ၀င်းမြင့်၊တနသာင်္ရီတိုင်းတာဝန်ခံ(ဦးလှမင်း)၊ ရန်ကုန်တိုင်းစည်းအဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့မှ လက်ခံတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံရာတွင် လွတ်တော်အမတ်Mr.Jhon McCainအနေဖြင့်မဖြူဖြူသင်း မှ လက်ရှိ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်လင်းစွာ မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထိုနောက် Mr.Jhon McCain နှင့် အဖွဲ့သည် လူနာများအား ရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံ ကြည့်ရူ့အားပေးခဲ့ကြပြီး လူနာများနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ယင်းနောက် မဖြူဖြူသင်းနှင့် (၅)မိနစ်ခန့် သီးသန့်တွေ့ဆုံခဲ့ရာ။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့်အခါ လုပ်ငန်းကိစ္စများကို ဆက်လက်ပြောပြပေးမည်ဟု မဖြူဖြူသင်းအား ပြောကြားခဲ့သည်။ ယင်းနောက် မဖြူဖြူသင်းမှ အမှတ်တရ လက်ဆောင်ပြန်လည်ပေးခဲ့သည်။ ထိုနောက်Mr.Jhon McCain နှင့်အဖွဲ့အား လူနာများမှ စားသောက်စရာများနှင့် တည်ခင်းဧည့်ခံခဲ့ပြီး နံနက်(၁၀းဝ)နာရီတွင် အဆိုပါ ဂေဟာမှ ပြန်လည် ထွက်ခွာလာခဲ့သည်။

မေလင်း...

သတင်း၊ ဓာတ်ပုံ ပေးပို့ပေးတဲ့ ... မေလင်း အားကျေးဇူးတင်ပါသည်..