ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) သံတမန် နာမည်ကျော်မင်းသားကြီး ဂျက်ကီချန်း၏ မြန်မာပြည် ခရီးစဉ်..

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်) သံတမန် နာမည်ကျော်မင်းသား ဂျက်ကီချန်းသည် ၄င်းတည်းခိုရာ မန္တလေးစီဒိုးနားဟိုတယ်မှ ယနေ့(ဇူလိုင် ၆ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးအမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းသို့ ထွက်ခွာလာသည်။ မန္တလေးတောင်ခြေ အောင်မြေသာဇံမြို့နယ် ဘုန်းတော်တိုးရပ်ကွက်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာကျောင်းသို့ ၈ နာရီ ၄၀ မိနစ်တွင် ရောက်ရှိသည်။

မီဒီယာသမားများနှင့် ဂျက်ကီချန်းအား ကြည့်ချင်သော အားပေးသူ ပရိသတ်များအား ကျောင်းဝင်းအတွင်းသို့ ၀င်ခွင့်မပြုဘဲ လုံခြုံရေးတင်းကြပ်စွာချထားပြီး မီဒီယာသမားများအား သီးသန့်ဓာတ်ပုံရိုက်ခွင့်ရရန် စီစဉ်ပေးမည်ဟု တာဝန်ရှိသူများက ပြောကြောင်း 7Day News ဂျာနယ်သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများကျောင်းသို့ ယနေ့(ဇူလိုင်၅ရက်) ညနေတွင် ရောက်ရှိလာသော ဂျက်ကီချန်း ကိုတွေ့ရစဉ်။

7Day News ဂျာနယ် 

ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့ နယ်တွင် ဆင်းရဲနွမ်းပါး လူငယ်များအတွက် ဘော်ဒါဆောင်ဖွင့်လှစ်..

ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့ နယ်တွင်  ဆင်းရဲနွမ်းပါး လူငယ်များအတွက် ဘော်ဒါဆောင်ဖွင့်လှစ်

၂၀၁၂ ခုနှစ် ဇူလိုင် ၂ ရက်


၂၀၁၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့ တွင် ဆရာကြီး ဦးတင်မောင်ဝေ (မေတ္တာမွန်) ပညာရေးဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် “ပန်းပျိုးလက် ဘော်ဒါဆောင်” ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့ နယ် နောင်ထော်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

ပန်းပျိုးလက် ဘော်ဒါဆောင် စတင်ဖွင့်လှစ်ချိန်တွင် ဒေသခံတိုင်းရင်းသားလူငယ် ၂၅ ဦးရှိပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ်နှင့် ကယားပြည်နယ်အတွင်းမှ ဒေသခံ တိုင်းရင်းသား လူငယ်များ ဖြစ်ကြသည်ဟု သိရသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများ ပါဝင်ကြသည်။

ဆရာကြီး ဦးတင်မောင်ဝေ (မေတ္တာမွန်) ပညာရေးဖောင်ဒေးရှင်းသည် “ကလေးတိုင်း ပညာသင်ကြားနိုင်သော အခွင့်အရေး ရှိရမည်” “Every child must have a chance to study” ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ဆင်းရဲနွမ်းပါးသော ဒေသခံ တိုင်းရင်းသား လူငယ်များအား တိုးချဲ့လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

နောင်ထော်ကျေးရွာသည် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) ဗဟိုဌာနချုပ် အခြေစိုက် နေရာ ဖြစ်သည်။ ရလလဖ အဖွဲ့ သည် ၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။

သတင်း၊ ဓာတ်ပုံ ကိုညီဇော်ပေးပို့သည်...

မင်္ဂလာဒုံ မြို့မ ရပ်ကွက် ပညာဒါန ကျောင်းဖွင့်ပွဲ အခမ်းအနား..

  မင်္ဂလာဒုံ မြို့ မရပ်ကွက် ပညာဒါနကျောင်းဖွင့်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်၏ လမ်းညွန်မှုနှင့် မင်္ဂလာဒုံမြိုနယ် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ဖြစ်ဖွင့်လှစ်သော ပညာရေးကွန်ယက်၏ (၃၇) ကျောင်းမြောက် ကိုယ်ထူကိုယ်ထ ပညာဒါနကျောင်းကို (၂.၇.၁၂)ရက် တနင်္ဂနွေနေ့က ပညာရေးကွန်ယက်မှ တာဝန်ရှိသူများ၊ ကျောင်းဖြစ် မြောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူ ကျောင်းသားများ စည်ကား သိုက်မြိုက်စွာ တက်ရောက်ဖွင့် လှစ်ခဲ့ကြပါသည်။ (၈/၉/၁၀)တန်း ကျောင်းသူ ကျောင်းသား(၇၀) ယောက်ကို စေတနာဆရာ၊ ဆရာမ (၁၄)ယောက်တို့က သင်ကြားပြသပေးမှာ ဖြစ်ပါသည်။

ကျောင်းလိပ်စာ
အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်၊
ရပ်ကျေးရုံး၊ မြရတုလမ်း၊
မြို့ မရပ်ကွက်၊ မင်္ဂလာဒုံ
Tel: ၀၉ ၅၁၀၄၈၁၁

ပညာရေးကွန်ယက်။
အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်း

(1)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်လုပ်ငန်းဆိုင်ရာ ဦးဆောင်မှု ကော်မတီဖွဲ့စည်းခြင်း
(2)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီဖွဲ့စည်းခြင်း

ရခိုင်ပြည်နယ်မှ ဒုက္ခရောက်နေသူ ပြည်သူများအတွက် သြစတြေးလျနိုင်ငံမှ ရံပုံငွေ ဈေးရောင်းပွဲအလှူ..


ရခိုင်ပြည်နယ်မှ ဒုက္ခရောက်နေသူ ပြည်သူများအတွက် သြစတြေးလျနိုင်ငံမှ ရံပုံငွေ ဈေးရောင်းပွဲအလှူ..

ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေသူ တိုင်းရင်းသား ပြည်သူများအား ကူညီရန်အတွက် သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာမိသားစုများ စုပေါင်းပြီး ပြီးခဲ့တဲ့ ဇူလိုင်(၁) ရက်နေ့က ရန်ပုံငွေရှာ ဈေးရောင်းပွဲကို ရာသီဥတု ဆိုးဝါးနေသည့်ကြားထဲကပဲ အောင်အောင်မြင်မြင်နှင့် ပြုလုပ်နိုင်ခဲ့ပါတယ်။ အစားအသောက်များရောင်းရငွေအပြင် အလှူရှင်များထံမှ စေတနာထက်သန်စွာနဲ့ ပါဝင်လှူဒါန်းပေးကြတဲ့ အတွက် အလှူငွေ $ ၅၀၀၀ ခန့်  ရရှိခဲ့ပါတယ်။

သာဓုခေါ်ဆိုအပ်ပါသည်...

သတင်း၊ ဓာတ်ပုံ ကိုမျိုးလင်း ပေးပို့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင်များနှင့် မြန်မာပြည်တွင်း ပါတီအဖွဲ့အစည်းများမှ အဖွဲ့ဝင် လူငယ်များ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိ...

 

 ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိလာကြတဲ့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်များ..
ဂျပန်နိုင်ငံရှိ Japan International Cooperation Centerရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံမှ တရားဝင်ပါတီ အသီးသီးမှ လူငယ်(၄၂)ဦးပါ အဖွဲ့သည် ဂျူလိုင်လ ၃ရက်နေ့ မနက် ၉နာရီက ထိုင်းလေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ်သို့ ရောက်ရှိလာပါသည်။
ထိုသို့ ရောက်ရှိလာကြတဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ထောက်ခံအားပေးသူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တချို့မှ အဖွဲ့ချုပ်လူငယ်များနှင့် မြန်မာနိုင်ငံမှ လူငယ်အဖွဲ့ဝင်များအား လေဆိပ်တွင် သွားရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ခံ ဒေါ်အေးအေးမာ အပါအဝင် လူငယ် အဖွဲ့ဝင်၁၀ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လေးဦး၊  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၃ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ၃ဦး၊  ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ ၁၃ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ၄ဦးတို့လိုက်ပါ လာခဲ့ကြောင်း သိရှိရသည်...။ မြန်မာနိုင်ငံ ပါတီအသီးသီးမှ လူငယ်အဖွဲ့ဝင်များဟာ ဇွန်လ(၃)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ တပတ်တာ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံပါလီမာန်နဲ့ သက်ဆိုင်ရာများကို လေ့လာမှာ ဖြစ်သည့်အပြင် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုဆိုင်ရာများ၊ သမိုင်းဝင် ဆိုင်ရာနေရာများ၊ ဆွေးနွေးပွဲများအပါအဝင် ဂျပန်လွှတ်တော် အမတ်များနှင့်ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်..။

ယနေ့ရောက်ရှိလာကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များအား တာဝန်ခံ မအေးအေးမာမှ ဦးဆောင်ခဲ့ပြီး ကချင်၊ ကရင်၊ ရှမ်း(ကျောက်မဲ)၊ ရှမ်း(ကလော)၊ ချင်း၊ မွန်ပြည်နယ်များနှင့် ရန်ကုန်၊ တွံတေး၊ ပုသိမ်မြို့နယ်များမှဖြစ်ပြီး အမျိုးသမီးလူငယ်(၆)ဦးနှင့် အမျိုးသားလူငယ်(၄)ဦးပါဝင်ပါတယ်..။

အမျိုးသားဒီမိုကရေစီအင်အားစု NDFမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDPမှ သံတွဲလွှတ်တော်အမတ် ဦးအောင်ဝင်းနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကော့ကရိတ် အမျိုးသားလွှတ်တော်အမတ် ဦးမင်းမျိုးသစ်တို့နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်များလည်း ပါဝင်ကြပါတယ်..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လူငယ်များရဲ့   ယခု ခရီးစဉ်ဟာ ပထမဦးဆုံး ဂျပန်နိုင်ငံ ခရီးစဉ်လည်းဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်ကလည်း ဂျပန်အစိုးရမှ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံရေးပါတီ အသီးသီးမှ လူငယ်အဖွဲ့ဝင် ၂၀ဦးအား ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် ဖိတ်ခေါ်ခဲ့ဘူးသည်...။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ သူများထဲမှာ နိုင်ငံရေး အကျဉ်းသား အချို့ပါဝင်...


ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုတဲ့သူများထဲမှာ နိုင်ငံရေး အကျဉ်းသား အချို့ပါဝင်...

ဖော်ပြပါသတင်းအား ကြိုဆိုလိုက်ပြီး ကျန်ရှိနိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ထပ်မံတောင်းဆိုအပ်ပါတယ်..

ယနေ့ လွတ်ငြိမ်းခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့မှာ ကလေး ထောင်က ကိုအေးအောင်၊ သရက် ထောင်က ကိုသန်းဇော်၊ ပြည် ထောင်က ကိုပြည့်ဖြိုးအောင်၊ ကသာ ထောင်က ကိုအောင်အောင်ဦးတို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အခြားနိုင်ငံရေးအကျဉ်းသား ပါဝင်ခြင်း ရှိ၊ မရှိကို ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါသည်။

Eleven Media Group

၁၉၈၉ ခုနှစ်တွင် သန်လျင် ရေနံချက် စက်ရုံ ဗုံးဖေါက်ခွဲမှုဟူသော စွပ်စွဲချက်ဖြင့် မတရားစွပ်စွဲပြီး သေဒဏ်ချမှတ်ခံရတဲ့ အညတြသူရဲကောင်းဆုရှင် သန်လျင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုသန်းဇော်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု
အတွက် ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်..။

သမဂ္ဂအဆောက်အဦး ပြန်လည် တည်ဆောက်ခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများကွန်ယက်နှင့် စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက် တို့၏ ဆန္ဒထုတ်ဖော်ပွဲ နှိုးဆော်လွှာ..

7 July မမေ့နိုင်ဒီဇိုင်း ကိုဖိုးထောင်


မြန်မာနိုင်ငံ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများကွန်ယက်
စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက်
စည်းရုံးရေးနှင့်ဝါဒဖြန့်ချိရေးကော်မတီ..

ရခိုင်ပြည်နယ်မှ ဒုက္ခသည် ရခိုင်တိုင်းရင်းသားများအား သွားရောက်ကူညီ လှူဒါန်းကြတဲ့ အနုပညာရှင်များနဲ့ ယနေ့ပြည်ထောင်စု ဝန်ကြီး(၃)ဦးရဲ့ သတင်းစာရှင်းလင်းပွဲ..

အနုပညာရှင်များမှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ လှူဒါန်း
ဇူလိုင် ၁ ရက်နေ့ မနက်၆နာရီက ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး အနုပညာရှင်များ မှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ အလှူငွေ ကျပ် သိန်း ၉၀၀ ကျော်နှင့် အ၀တ်အထည် အထုပ် ၉၀ ကျော် ကို ဒုက္ခသည် စခန်းများ သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သရုပ်ဆောင် ၀တ်မှုန်ရွှေရည်နှင့် မိုးဟေကို တို့မှ ဒုက္ခသည်များအား တွေ့ ဆုံအားပေးကြစဉ်။
သရုပ်ဆောင် နေတိုး၊ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့မှ ဒုက္ခသည်ပြည်သူများအား တရင်းတနှီး တွေ့ဆုံနှစ်သိမ့်စဉ်
 
ရခိုင်ပြည်သူများအား သွားရောက်လှူဒါန်းခဲ့ကြတဲ့ အနုပညာရှင်များအား အထူးဝမ်းမြောက် ဂုဏ်ပြုအပ်ပါသည်..။ အနုပညာရှင်များမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းတာဟာ ပြည်သူတွေအတွက် အားဆေးတခွက်ပါ..။


သတင်း၊ ဓာတ်ပုံ Popular Myanmar News Journal

ကြောက်ရွံ့မှုတွေ၊ စိုးထိတ်မှုတွေ၊ မလုံခြုံမှုတွေ၊ ကျမျက်ရည်တွေ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေရဲ့ မျက်နှာပေါ်မှာ ယခုလို တင်္ဒက ကြည်နှူးတဲ့ အပြုံးမျက်နှာလေးတွေ မြင်တွေ့လိုက်ရတဲ့ အတွက် ပြည်သူ့ချစ်တဲ့ ပြည်သူ့အနုပညာရှင်များရဲ့ ယခုလို မွန်မြတ်တဲ့ လုပ်ရပ်အား ဝမ်းမြောက် သာဓုခေါ်ဆိုအပ်ပါတယ်..။


မှန်မှန်ကန်ကန် တိတိကျကျ လုပ်ဆောင်မယ် ဆိုရင်တော့ အထူး ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်...။

ယနေ့ ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့် တွေဆုံစဉ်မှာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အား ဖြည့်တင်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများတွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားတယ်လို့ ဆိုပါတယ်...။

(ထို့အတူ မှတ်ပုံတင် စစ်ဆေးသူ လဝကများအားလည်း မှတ်ပုံတင်များ စစ်ဆေးရာမှာ လာဘ်ပေး လာဘ်ယူမှုများ ရှိခဲ့ပါက ထိရောက်စွာ အရေးယူပေးဖို့ လိုအပ်ပါလိမ့်မယ်..) လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများမှလည်း ရခိုင်တိုင်းရင်းသားတွေ အကျိုးနဲ့ တိုင်းပြည်အကျိုးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်မယ်လို့လည်း ယုံကြည်ပါတယ်..။

ကျွန်တော်တို့ ယခင်ကလို စစ်ဆင်ရေးတွေ လုပ်လိုက် ဘင်္ဂလီတွေ တဖက်နိုင်ငံကို ထွက်ပြေးသွားလိုက်...။ ဒုက္ခသည်ဆိုပြီး အော်လိုက် ပြန်လက်ခံတော့ ၂ဆပြန်လက်ခံရလိုက်နဲ့ မုန့်လုံးစက္ကူကပ် မိအေးနှစ်ခါနာ အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ပါ..။ ပြတ်ပြတ်သားသားကို ဥပဒေနဲ့အညီ ဖြေရှင်းရမယ့် အချိန်အခါ ရောက်နေပါပြီ။

ဒီလို တိုင်းရင်းသား ရခိုင်လူမျိုးတွေ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး အသက်တွေ စတေးခံ ပေးဆပ်ခဲ့ရတဲ့ ယခုလို အချိန်အခါမျိုးမှာ အထက်ပါ မှန်ကန်သည့် လုပ်ရပ်အား ပြည်ပနိုင်ငံများမှ ဖိအားပေးခဲ့လာသည် ရှိသော်မှ ပြတ်ပြတ်သားသား ဆုံးဖြတ်မယ့် အာဏာပိုင်တွေ ဘက်က ကျွန်တော်တို့ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ရပ်တည် ကြမှာမလွှဲမသေပါ...။

ထို့အတွက်ကြောင့် ယခုလို ပြည်သူတွေ အမျိုးသားရေးအတွက် နိုးကြား ညီညွတ်နေကြတဲ့ အချိန်အခါမှာ အာဏာပိုင်များ အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။

ဒီမိုဝေယံ

သတင်းအပြည့်အစုံ အောက်မှာ ဖတ်ရှုပါရန်..

ပြည်ထောင်စုဝန်ကြီး ၃ ဦး မီဒီယာများနှင့်တွေဆုံ
သတင်း၊ ဓာတ်ပုံ(Popular Myanmar News Journal)

ခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁၀ သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါသည်။

ယခုလက်ရှိတွင် နှောင့်နှေးကြန့် ကြာမှုများရှိနေသော နိုင်ငံကူးလက်မှတ် မူဝါဒအားပြောင်းလဲ မရှိသေးသော်လည်း အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးဆိုင်ရာ တို့နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ၃ ဦးက မီဒီယာများနှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂၇၅ ဦးသာရှိခဲ့သည်ကို ယခုအခါ လူအင်အား ၈၀ ထပ်မံအင်အား ဖြည့်တင်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများ တွေ့ရှိပါက ရာဇသတ်ကြီး ပုဒ်မများဖြင့် ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးခင်ရီတို့သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ခန်းမတွင် ဇူလိုင်(၁)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံကြခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်များအတွင်းကတည်းက အယ်လ်ခိုင်ဒါနဲ့ စပ်ဆက်နေသူများအား မြန်မာအစိုးရမှ ဖမ်းဆီးရမိထားဟုဆို။....

ဇွန်လ ၂၃ရက်နေ့က ဘင်္ဂလီ သံတော်လီရွာကို ဝင်ရောက်စီးနင်းစဉ်က လုံခြုံရေးတပ်ဖွဲ့ ဝင်များ ဝင်ရောက် နေရာယူနေစဉ်...
၂၀၀၄ခုနှစ်ကတည်းက စမ်းချောင်းမြို့နယ်မှာ အယ်ခိုင်ဒါနဲ့ ပတ်သတ် ဆက်နွယ်နေသူ ဘင်္ဂလီ ၁၃ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးမှ ဆိုပါတယ်..။ ယခုလက်ရှိလည်း အင်းစိန်ထောင်အတွင်းမှာ အယ်ခိုင်ဒါနဲ့ စပ်ဆက် ပတ်သတ်သူ ဘင်္ဂလီများအား ယခုထက်တိုင် ဖမ်းဆီးထောင်ချ ထားတယ်လို့ ဆိုပါတယ်..။ လက်ရှိအစိုးရဟာ အဆိုပါ အယ်လ်ခိုင်ဒါများနဲ့ စပ်ဆက်နေတဲ့ ဘင်္ဂလီများရဲ့ သတင်း အချက်အလက်များအား စုဆောင်းနေတယ်လို့ ယူဆရကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ ဆိုပါတယ်..။

ပြီးခဲ့တဲ့ နှစ်ကလည်း ပါကစ္စတန် နယ်စပ်မှာ သင်တန်းတက်ရောက်ခဲ့တဲ့ (အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်အဖြစ် ရောက်ရှိနေတဲ့ ဘင်္ဂလီ ရိုဟင်ဂျာ) အယ်ခိုင်ဒါနဲ့ စပ်ဆက်နေသူ ရိုဟင်ဂျာ ၁၁ဦးအား အိန္ဒိယ ထောက်လှမ်းရေးမှ မြန်မာ မဏိပူရနယ်စပ်မှာ ဖမ်းဆီးရမိခဲ့ပြီး မြန်မာအာဏာပိုင်များသို့ လွှဲပြောင်းပေးခဲ့တယ်လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးမှ ပေးပို့လာပါတယ်..။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့  ဘင်္ဂလီများရဲ့ အကြမ်းဖက်မှုများအတွင်း အယ်လ်ခိုင်ဒါနဲ့ ဆက်သွယ်နေသူများအား ဖမ်းဆီးရမိထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်..။

(ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက် ပေးပို့သည်)