ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရခိုင်ပြည်နယ်မှ ဒုက္ခရောက်နေသူ ပြည်သူများအတွက် သြစတြေးလျနိုင်ငံမှ ရံပုံငွေ ဈေးရောင်းပွဲအလှူ..


ရခိုင်ပြည်နယ်မှ ဒုက္ခရောက်နေသူ ပြည်သူများအတွက် သြစတြေးလျနိုင်ငံမှ ရံပုံငွေ ဈေးရောင်းပွဲအလှူ..

ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေသူ တိုင်းရင်းသား ပြည်သူများအား ကူညီရန်အတွက် သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာမိသားစုများ စုပေါင်းပြီး ပြီးခဲ့တဲ့ ဇူလိုင်(၁) ရက်နေ့က ရန်ပုံငွေရှာ ဈေးရောင်းပွဲကို ရာသီဥတု ဆိုးဝါးနေသည့်ကြားထဲကပဲ အောင်အောင်မြင်မြင်နှင့် ပြုလုပ်နိုင်ခဲ့ပါတယ်။ အစားအသောက်များရောင်းရငွေအပြင် အလှူရှင်များထံမှ စေတနာထက်သန်စွာနဲ့ ပါဝင်လှူဒါန်းပေးကြတဲ့ အတွက် အလှူငွေ $ ၅၀၀၀ ခန့်  ရရှိခဲ့ပါတယ်။

သာဓုခေါ်ဆိုအပ်ပါသည်...

သတင်း၊ ဓာတ်ပုံ ကိုမျိုးလင်း ပေးပို့သည်။