ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

"ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သတ်၍ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ နှင့် ကိုယ်စားလှယ် အချို့ တို့၏ သဘောထားထုတ်ပြန်"

"ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သတ်၍ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ နှင့် ကိုယ်စားလှယ် အချို့ တို့၏ သဘောထားထုတ်ပြန်"

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ယနေ့ညနေ (၇)နာရီမတိုင်မီ နေပြည်တော် လွှတ်တော်ရုံး(ဇမ္ဗူသိရိခန်းမ)အစည်းအဝေးအပြီးတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။




သတင်း... Popular Myanmar News Journal

ဦးဉာဏ်ဝင်း ဂျာနယ်နှစ်စောင်အား တရားစွဲမှု အထမြောက်




ယခုနှစ် စက်တင်ဘာလအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြည်တွင်းထုတ် ဂျာနယ်နှစ်စောင်အား တရားစွဲဆိုမှုတွင် မန္တလေးတိုင်းတရား ရုံးမှ၎င်းအမှုကို လက်ခံရန် အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက် ပွဲကာလတွင် အန်အယ်ဒီပါတီ၏ ဗဟိုအောင်နိုင်ရေးမန်နေဂျာအဖြစ် တာဝန်ယူခဲ့သူ ဦးဉာဏ်ဝင်းကဆန္ဒမဲ လက်မှတ်များတွင် ဖယောင်းသုတ် ထားသည်ဟု မီဒီယာများအား ပြောဆိုခဲ့ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ မမှန်မကန်သတင်းပေး မှုဖြင့် တရားစွဲဆိုထားချိန်တွင် "စာမဖတ်တဲ့သတင်းစာဆရာ၊ ဒီမိုကရေစီမသိတဲ့ ဒီမိုကရေစီ ဘက်တော်သား"ဟု ယင်းဂျာနယ် နှစ်စောင်က ရေးသားဖော်ပြထားပြီး တရားရုံးမှ အမိန့်မချမှတ်မီ အပြစ်ရှိ ကြောင်း ကြိုတင်ရေးသားခြင်းဖြစ်သည့် အတွက် တရားရုံးမထီမဲ့မြင်ပြုမှုဖြင့် ဦးဉာဏ်ဝင်းမှ တရားစွဲဆိုခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ Messenger ဂျာနယ်မှ တာဝန်ခံအယ် ဒီတာကိုသူရအောင်က " ဂျာနယ် နှစ်စောင်ကို တရားစွဲမယ်လို့ပြောတာ၊ ဥပဒေစိုးမိုးရေးအတွက်လို့ပြောတယ်၊ ဒီဂျာနယ်နှစ်စောင်ကို တရားစွဲလို့ တရားဥပဒေစိုးမိုးရေးက တကယ်ပဲ အထောက်အကူဖြစ်ပြီလားပေါ့၊ နောက် ပြီး ဒီလိုတရားစွဲလိမ့်မယ်လို့ မျှော်လင့် မထားဘူး" ဟု ၄င်းကပြောသည်။ "ကျွန်မတို့ကလည်း တအား ထိခိုက်အောင်မလုပ်ပါဘူး၊ ဂျာနယ် နှစ်စောင်ကို သိလောက်အောင်ပဲ လုပ်မှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည် က သူမ၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ 

သတင်း ..လူထုပုံရိပ်


DVB မှတဆင့် နိုင်ငံတော်သမ္မတကြီးနှင့် အထက်လူကြီးများမှ ဆုံးဖြတ်ပေးပါရန် ပန်ကြားအပ်ပါသည်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ဆကာရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်သည် အုပ်ချုပ်ရေးမှူးရာထူးအား မသမာသောနည်းဖြင့် ငွေကျပ် ခုနှစ်သိန်း ပေးကာ တက်ရောက်ခဲ့ပါသည်။ အုပ်ချုပ်ရေးမှူးရာထူး ရရှိသော်လည်း ရပ်ကွက်အတွင်းတွင် သာရေး၊နာရေး ကိစ္စများအား ဆောင်ရွက်ခြင်း မရှိပါဘူး။သူ၏ သစ်မှောင်ခိုလုပ်ငန်းအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ နှင့် သက်ဆိုင်ရာအရာရှိများကို ကျွေးမွေးကာ ပေါင်းသင်းပြီး၊ ကွယ်ရာတွင်တော့ ထိုအရာရှိကြီးများကိုငတ်ပြတ်နေသူများအဖြစ် မောက်မာစွာ ဆဲရေးတိုင်းထွာခြင်းများ၊ ပြုလုပ်နေသည်ကို သိရှိရပါသည်။ 

           ဆကာရပ်ကွက် အတွင်းရှိ လူကုန်ကူးမှု့ ကိစ္စတစ်ခုတွင် အမှတ်(၁)ရဲစခန်းမှ ဒုရဲအုပ် မြင့်သိန်း နှင့် ပူးပေါင်းကာ တရားခံဘက်မှ လိုက်လံပြီး အမှု့အား ထိန်ချန်ထားခြင်း၊လူကုန်ကူးခံရသူ ကာယကံရှင်မိန်းကလေး၏ အသံအား သက်သေခံအဖြစ် အသံဖမ်းထားတာကိုလည်း တရားခံနှင့် ပူးပေါင်းက ဖျောက်ဖျက်ဖြစ်ခြင်းနှင့် တရားခံအား ထွက်ပြေး တိမ်းရှောင်နိုင်အောင် အချိန်ဆွဲကာ ကူညီပေးခြင်းတို့ကိုပြုလုပ်ပေးခဲ့ပါသည်။ ထိုအမှု့မှာ (၂၃.၆.၂၀၁၂) စတင်အမှု့ဖွင့်တိုင်းကြား ထားပါသော်လည်း ဒုရဲအုပ်မြင့်သိန်းမှ တရားလိုအား ခေါ်ယူတွေ့ဆုံရာတွင် ဖြစ်စဉ်အားမေးမြန်းပြီး အထက်ကို စာတင်ပေးမည်ဖြစ်ပြီး သူ့မှာ ဆက်လက်လုပ်ဆောင်မရကြောင်း နှင့် သူနှင့်လည်းမဆိုင်ပါကြောင်းပြောကြားခဲ့ပါသည်။ ထိုအမှု့မှာ ယနေ့အချိန်ထိ တရားလိုဘက်မှ နစ်နာမှု့များစွာဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း အားကိုးလို့မရ၊ ကူညီပါရစေ ဟု ဆိုင်းဘုတ်တပ်ထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်မြင့်သိန်းကလည်း အားကိုးမရပါသောကြောင့် ၀မ်းနည်းမှု့များစွာဖြင့် ဖြေသိမ့်နေခဲ့ရပါသည်။ ထိုဖြစ်စဉ်အား ကြည့်ခြင်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီလွင် နှင့် ဒုရဲအုပ်မြင့်သိန်း တို့မှာ ပူးပေါင်းပြီး တရားခံအား ထွက်ပြေးတိမ်းရှောင်နိုင်ရန် အားပေးအားမြှောက် ပြုလုပ်ကြောင်းထင်ရှားနေပါသည်။ 

          ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်မှာ ရပ်ကွက်ကိစ္စအား မဆောင်ရွက်သော်လည်း ရပ်ကွက် အတွင်းရှိနေအိမ်များအား ရပ်ကွက်ရုံး၏ အသုံးစရိတ်အဖြစ် တစ်အိမ်လျှင် (၃၀၀) ကျပ်နှုန်းဖြင့် ကောက် ခံပါသည်။ ရပ်ကွက်အတွင်းမှ လူတစ်ချို့၏ တိုင်ကြား မှုကြောင့် ကောက်ခံ ထားသော ငွေများ အား  ပြန် လည် လိုက်လံပေးအပ်ပါသည်။ ထိုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ညီညီလွင်အား အမြန်ဆုံး ဖယ် ရှားပေးပါရန်နှင့် လူကုန်ကူးမှု့ကိစ္စတွင် အားပေးအားမြှောက်ပြုလုပ်ထားသော အုပ်ချုပ်ရေး မှူး ညီညီ လွင် နှင့် ဒုရဲအုပ်မြင့်သိန်းအား အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။

        ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဗိုလ်မှူးတစ်ချို့ကို သူ၏သစ်မှောင်ခိုလုပ်ငန်း အတွက် အထောက်အကူဖြစ်စေရန် လာဘ်ပေးလာဘ်ယူမှုများပြုလုပ်ခြင်း နှင့် အရက်သေစာများအား စားသောက်ဆိုင်ကြီးများတွင် ကျွေးမွေးပြုစုခဲ့သည်။ စားသောက်ပြီးအပြန်တွင် သူကျွေးမွေးခဲ့သော အရာရှိများအား သူတောင်းစားများပမာ ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်သောကြောင့် အရာရှိများကလည်း မသိခင်တုန်းကတော့ စားခဲ့တာဟာ ဘာမှမဖြစ်ပေမဲ့ အခုသိပြီဆိုတော့ ဆင်ခြင်သင့်ဖို့တော့ကောင်းပါတယ်။

                   ကိုင်း......... ဘာလုပ်ကြရမှာလဲ

                နိုင်ငံတော်သမ္မတကြီးနှင့် အထက်လူကြီးများမှ ဟင်္သာတမြို့နယ် ဆကာရပ်အတွင်း ရှိ ရပ်ကွက် အုပ် ချုပ်ရေးမှူးနှင့် အမှတ်(၁)ရဲစခန်းမှ ဒုရဲအုပ်မြင့်သိန်းအား ဖယ်ရှားပြီး ထိရောက်စွာ အရေးယူပေးပါရန်  လေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။ 


ဧရာဝတီသား

ဖားကန့် အစိုးရ ဗျူဟာကုန်းမှ လူနေရပ်ကွက်များသို့ လက်နက်ကြီးများ ဖြင့်ပစ်ခတ်




နိုဝင်ဘာလ (၂) ရက်နေ့ တွင် ဖားကန့်အခြေစိုက် ဗမာအစိုးရ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဗလခ လူနေရပ်ကွက်များသို့ ပရမ်းပတာပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ အလွန် စိုးရိမ်ရသော အခြေအနေတွင်ရှိနေပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးသည့် နောက် ပထမဆုံး အစိုးရတပ်များ၏ လူထုအားရည်ရွယ်၍ ပစ်ခတ်မှုလည်းဖြစ်ပါသည်။ ဖားကန့်ဒေသတွင် အစိုးရတပ်များသည် KIA တပ်များထက် ပြည်သူများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ ယခုနှင့် ငါးကြိမ်မြောက်ဖြစ်ပါသည်။ ယနေ့ ဗမာအစိုးရဖက်မှ လက်နက်ကြီးများ အလုံး ၂၀ ခန့်ပစ်ခတ်ခဲ့သော်လည်း KIA ဖက်မှ ယခုအချိန်အထိပြန်လည် တိုက်ခိုက်ခြင်းမရှိသေးပေ။ ပစ်ခတ်မှုများသည် KIA တပ်ဖွဲ့များတပ်စွဲထားရာ မော်မောကုန်း၊ ဆိုင်းဂျာဘွန်၊ လမောင်ကုန်းများနှင့် ၃ မိုင် ၄ မိုင်ခန့်ကွာဝေးသော ဗလခမှော်၊ သဌေးဂျောင်မှော် စသည့် ကချင်များအနေများသည့် ရပ်ကွက်များသို့ အများဆုံးကျရောက်ပေါက်ကွဲခဲ့ပါသည်။ သို့ဖြစ်၍ ဗမာအစိုးရအနေဖြင့် KIA အားတိုက်ခိုက်သည်ဟု ဆိုသောအရာအတွက်   မေးခွန်းများမေးစရာဖြစ် လာပါသည်။ ဗလခ ဒေသခံတစ်ဦးက “ဒါက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်း ပဲဖြစ်ပါတယ်၊ စစ်သား စစ်သားချင်း၊ သေနတ် သေနတ်ချင်း တိုက်ခိုက်ကြတာကို ဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့ အခုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်လာတာကိုတော့ ရှုတ်ချပါတယ်။ ဒါက သူပုန်လုပ်ရပ်ပါ။” ဟုသူ၏အမြင်ကိုပြောပြပါသည်။ ယခုအခါ ဖားကန့်ဒေသခံအများစုမှာ ဗမာအစိုးရ၏ လုပ်ရပ်အပေါ် ခံပြင်းလျှက်ရှိပါသည်။ ဒဏ်ရာရရှိသူများကိုလည်း နိုင်ငံရေးပါတီများနှင့် အသင်းတော်မှ တာဝန်ရှိသူများက အလှူငွေများပေးအပ်ကူညီလျှက်ရှိသည်ဟု ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များ က ပြောပြပါသည်။
(source-jinghpawkasa)

လက်ပံတောင်း တောင်ကြည့်ပွဲအတွက် စီတန်းလမ်းလျှောက်ခွင့်တင်ပြခြင်းအား မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပယ်ချ


 (ဓာတ်ပုံ ၂၈.၁၀.၂၀၁၂ (တနင်္ဂနွေနေ့)တွင် မုံရွာဆိပ်ကမ်း တာရိုးပေါ်တွင် တောင်ကြည့်ပွဲပြုလုပ်ရင်း လမ်းလျှောက်ကြစဉ် မုံရွာရဲတပ်ဖွဲ့မှ ခွင့်ပြုမိန့်မတင်သောကြောင့်ဟုဆိုကာ တားဆီးနေပုံ)

တနင်္ဂနွေနေ့ ညနေလေးနာရီတွင် မုံရွာဆိပ်ကမ်း တာရိုးတွင် ကျင်းပပြုလုပ်လေ့ရှိသည့် လက်ပံတောင်တောင်ကြည့် ပွဲတွင် တာရိုးတလျှောက် စီတန်းလမ်းလျှောက်ခွင့်လျှောက်ထားခြင်းအား မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ပယ်ချခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောအပတ်က တောင်ကြည့်ပွဲပြုလုပ်ရာတွင် လက်ပံတောင်းတောင် အရေး လှုပ်ရှားသူ
များမှ စီတန်; လမ်းလျှောက်ခဲ့ကြခြင်းကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့သောကြောင့် ယခုအပတ်တွင် တရားဝင်စာတင်၍ စီတန်းလမ်းလျှောက်ခွင့် တောင်းခြင်းအား ငြင်းပယ်လိုက်ခြင်းဖြစ်သည်။


ဘုရားကြီးရပ်ကွက်နေ ဦးမြင့်အောင်နှင့် ထန်းတောရပ်ကွက်နေ ဦးအောင်မြင့်ဦးတို့က သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုမိန့်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်း ဥပဒေ ပုဒ်မ ၃ အရ ညီညွတ်ခြင်းမရှိခြင်း၊ လက်ပံတောင်းတောင်သည် ဆားလင်းကြီးမြို့နယ် တွင် တည် ရှိသောကြောင့် ဆားလင်းကြီးမြို့နယ် အထွေထွေဦးစီးဌာန၏ ခွင့်ပြုချက် မပါသောကြောင့် ငြင်းပယ် လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။



"အရင်အပတ်က တောင်ကြည့်ပွဲမှာ ကျွန်တော်တို့ စီတန်းလမ်းလျှောက်တယ်၊ အဲဒီမှာ စာမတင်လို့ ခွင့်မပြုနိုင်ဘူး၊ နောက်အပတ်အတွက် စာတင်ပါ၊ ခွင့်ပြုပေးပါ့မယ်လို့ ကျွန်တော်တို့ကို တားတဲ့ ရဲ တစ်ယောက်ပြောတယ်၊ အဲဒါနဲ့ အခုအပတ်အတွက် စာတင်တယ်၊ ခွင့်မပြုဘူး၊ အပြောနဲ့လက်တွေ့ မညီဘူး" ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။


"ဆားလင်းကြီးမြို့နယ်ကို သွားပြီး စီတန်းလမ်းလျှောက်မှာမဟုတ်ဘူးလေ၊ ဒီဘက် မုံရွာဆိပ်ကမ်းကနေ လက်ပံတောင်းကို လှမ်းကြည့်မယ့်ကိစ္စကို ဆားလင်းကြီးအုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက် ယူရမယ်ဆိုတာ ယုတ္တိမရှိဘူးလို့ ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ မနက်ဖြန် တောင်ကြည့်ပွဲ ကို ဖြစ်အောင်လုပ်မယ်" ဟု ထပ်မံပြောကြားခဲ့သည်။

မူရင်းလင့် ..http://www.facebook.com/photo.php?fbid=215749181890745&set=a.162439053888425.36755.161087474023583&type=1

နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း ဖွဲ့စည်း


ရခိုင်တိုင်းရင်းသားများ အရေး ဆောင်ရွက်နိုင်ရန် နေပြည်တော်တွင် ယနေ့နံနက်က အစည်းအဝေး တခု ပြုလုပ်ခဲ့ပြီး “နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း” ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် အေးမြရွှေပြည် ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ရာ ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်တက်ရောက်ခဲ့ပြီး အများသဘောတူ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟုသိရ သည်။ အသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ အသင်းဥက္ကဌ ဦးသန်းညွှန့်က နိရဉ္စရာသို့ အခုလို ပြောဆိုသည်။

“အဓိက ရည်ရွယ်ချက်ကတော့ နေပြည်တော်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ ရခိုင်အမျိုးသား တွေရဲ့ သာရေး နာရေး လူမူရေးကိစ္စတွေကို လုပ်နိုင်အောင်- ၀ိုင်းဝန်း ပံ့ပိုးကူညီနိုင်အောင်၊ ဒုတိယတချက် ကတော့ ရခိုင်ပြည်နယ်နဲ့ ရခိုင်ရေးရာ ကိစ္စတွေကို  ငြိမ်းချမ်းတဲ့  အမျိုးရေး အသွင်နဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနဲ့ တတိယ အချက်ကတော့ ရခိုင်ရိုးရာ ယဉ်ကျေးမူ စာပေ အနုပညာတွေကို ကျွန်တော်တို့ ထိန်းသိမ်းရေး- ဖေါ်ထုတ်ရေး အတွက် ဖွဲ့စည်းတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေးမှ အသင်း ဥက္ကဌ အဖြစ် ဦးသန်းညွှန့် (မင်းပြား) ကို ရွှေးကောက် တင်မြှောက်ခဲ့ပြီး ဒုဥက္ကဌ အဖြစ် စိုင်းကျော်မြင့် (မြောက်ဦး) အတွင်းရေးမှူး အဖြစ် ကိုထွန်းမောင် (ကျောက်တော်) နှင့် အမူဆောင် ကော်မီတီ အများအပြားကို ရွှေးကောက်တင်မြောက်ခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့ အဖွဲ့အနေနဲ့က ဘယ်အတိုင်းအတာထိ အထောက်အကူ ပြုနိုင်မလဲ ဆိုရင် အခုလက်ရှိ နေပြည်တော်မှာ အတိုင်းအတာနဲ့ ရခိုင်တိုင်းရင်းသားတွေက ပုံစံပေါင်းစုံနဲ့ ရှိနေပါတယ်။ နေပြည်တော်မှာ တချို့က  အစိုးရ ၀န်ထမ်း၊ ကုမ္ပဏီ ၀န်ထမ်း၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ပါဝင်သလို မြို့နယ် ပေါင်းစုံက နေထိုင်တဲ့ လူတွေ ပါဝင်နေတဲ့ အတွက် အင်အားတွေကို ရနိုင်သလောက် စုစည်းပြီး  ရောက်တဲ့ နေရာက တတ်နိုင်သလောက် ပိုမိုကျယ်ပြန့်အောင် တတ်နိုင်တဲ့ စွမ်းအား ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု အသင်း ဥက္ကဌ ဦးသန်းညွှန့် က ပြောသည်။

ယခုဖွဲ့စည်းလိုက်သော အသင်းတွင်  ဆပ်ကော်မီတီ အဖွဲ့ငယ်များကို ဖွဲ့စည်းထားပြီး ရိုးရာ ယဉ်ကျေးမူ စာပေများကိုလည်း ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ ရိုးရာ ယဉ်ကျေးမူ အကအဖွဲ့များကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်နေ့၊ သင်္ကြန်၊ ပြည်ထောင်စုနေ့ စသည့် နေထူး နေ့ရက်များတွင်  ရခိုင်ရိုးရာများကို ကပြ ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သတင်း - နိရဉ္စရာ သတင်းဌာန

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဘနောကျေးရွှာ မီးလင်းရေးကော်မတီ၏လုပ်ဆောင်ချက်များအား မကျေနပ်ပါသဖြင့်နိုင်ငံတော်သမ္မတကြီးသိစေရင်တိုင်ကြားခြင်း ။


အနောက်အောင်မြေသာစည်အိမ်ယာတွင်နေထိုင်သူတစ်ဦး ရင်ဖွင့်သံ

သို့

 အယ်ဒီတာချုပ်မှတစ်ဆင့် အိတ်ဖွင့်ပေးစာ

 ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အမှတ်(၁) ရပ်ကွက် အနောက် အောင်မြေသာစည် အိမ်ယာ တွင် နေထိုင်သော မြေညီထပ် အခန်းပိုင်ရှင်အချို့သည် အိမ်ယာအတွက် အများနှင့် သက်ဆိုင်သော နေရာ(ကားရပ်နားရန်သတ်မှတ်ထားသော) များကို ကျူးကျော် လျက် နေ အိမ်တိုက်ခန်းများ။ ဈေးဆိုင်ခန်းများ။ လက်ဖက်ရည်ဆိုင်များကို အခိုင် အမာဆောက် လုပ်နေထိုင်ကြပါသည် ။ ထိုသို့ပြုလုပ်ခြင်းများကြောင့် အိမ်ယာဝင်းအတွင်းနေထိုင်လျက်ရှိသော ကျန်သူများအတွက် အခက်ခဲများဖြစ်သော လူမှုရေး (သာရေးနာရေး) များလုပ်ဆောင်ရန်ခက်ခဲခြင်း။ ကားရပ်နား၇န်အတွက်ခက်ခဲခြင်း။ ကားများဝင်ထွက်သွားလာရန်ခက်ခဲခြင်း။ သက်ကြီးရွယ်အိုနှင့် ကလေးများအတွက် အန္တရယ် များခြင်း ။ ရေစီးမြောင်းများကို ပိတ်ဆို့ဆောက် လုပ်ထားခြင်းကြောင့် ရေမြောင်းများပိတ်ဆို့ကာ ကျန်းမာရေးအတွက်စိုးရိမ်ရခြင်း ။၎င်းအခြင်းရာ များကြောင့် နေထိုင်သူအချင်းချင်းလူမှုရေးပြသနာများမကြာခဏဖြစ်ပွားလျက်ရှိပါသည်။

ထိုသို့ဖြစ်ပျက်နေကြောင်းကို ကြေးမုံသတင်းစာ၏အယ်ဒီတာမှတစ်ဆင့်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးကာ အဆိုပါ အများနှင့်သက်ဆိုင်သောနေရာများတွင် ကျုးကျော်ဆောက်လုပ် ထားအဆိုပါအဆောက်အအုံများကို ဖျက်သိမ်းရန် ( ၃) ကြိမ်တိုင်တိုင်သတိပေး ပြီး သတ်မှတ်ရက်အတွင်း မဖျက်သိမ်းပါက တစ်ရက်လျှင် ဒဏ်ကြေး တစ်အိမ်လျင် တစ်သောင်းနှုန်းဖြင့်ကောက်ခံမည်ဟု ဆောင်ရွက်ခဲ့သော်လည်း ယနေ့တိုင် အဆောက်အအုံများလဲဖျက်သိမ်းခြင်းမရှိ ( နောက်ထပ်အသစ်များပင်လျှင် ထပ်တိုးဆောက်) ဒဏ်ကြေးငွေများလဲကောက်ခံခြင်းမရှိ ဘဲ မူလအတိုင်းပင် ရှိနေပါသည် ။ သို့ဖြစ်ပါ၍ ဥပဒေ၏အထက်တွင် မည်သူမျှမရှိဆိုသော စကားနှင့် သန့်ရှင်းသောအစိုးရ ဟူသော စကားများအရ အထက်ပါအကြောင်းအရာများကို အယ်ဒီတာချုပ်မှတစ်ဆင့် သက်ဆိုင်ရာအစိုးရအဖွဲ့များမှ မှန်ကန်စွာဖြေရှင်းပေးနိုင်ပါရန် လေးစားစွာ တင်ပြအက်ပါသည်။

အနောက်အောင်မြေသာစည်အိမ်ယာတွင်နေထိုင်သူတစ်ဦး

အများသိစေရန် မန်းလေးစည်ပင်သာယာမှ လူမဆန်သော လုပ်ရပ်အချို့

အများသိစေရန်.....

မန်းလေးစည်ပင်သာယာမှ လူမဆန်သော လုပ်ရပ်အချို့၃၁ ၁၀ ၂၀၁၂ နေ ညနေ ၁၀ခန့်တွင် ဖြစ်ပွားခဲ့သော အမှိုက်ကန်နှင့်အမှိုက်ပြစ်ခြင်း ကိစ္စရပ်တစ်ရပ်

မန်းလေးမြို စွန် ၂၂စီလမ်း ယောမင်းကြီးဈေး ရှိ အမှိုက်ပုံတွင် ညနေ ၁၀တွင် ကားဖြင့် အမှိုက်သွားပစ်ရာ
ထောင့်တနေရာမှ  မန်းလေးစည်ပင်ဝတ်စုံ ၀တ်ဆင်ထားသော လူ ဆယ်ယောက်ခန့်သည်ထွက် လာပြီး ကားကို တားလေသည် ။ ကားလိုင်စင် စစ်တယ်မှတ်လိုကားကိုရပ်တန်းပေးလိုက် ရာ ကားပေါ်မှ လူကိုဆင်းခိုင်းပြီး ဒီနေရာအမှိုက်မပြစ်ရ ဟူပြော ပြီး ဒဏ်ငွေ ၆၀၀၀၀ ဆောင်ခိုင်းပါတယ် မဆောင်နိင်ရင်
ကားဒစ်စ၀ိုင်း သိမ်းမည်လိုပြောပါတယ် ။ 

ကျနော် က ကြည်လိုက် တောအဲဒီအမှိုက် မပြစ်ရ ဆိုင်းဘုတ်မရှိတဲ့အပြင် ဘယ်အချိန်မှ ဘယ်အချိန်ထိအမှိုက်ပြစ်ချိန်လိုပါ ရေးသားထားခြင်း မ၇ှိပါ ။ ထိုသို ငြင်းလိုက်သောအခါအမှိုက်ပစ်တဲ့ အချိန် ကျော်သွားပြီးလိုပြောပါ တယ်. ကျနော် ဒီကိစ္စမဖြစ်နိင်ဘူးနေ့တိုင်းတိုင်းအမှိုက်ကို ဒီအချိန်ပစ်နေကြလို ပြောတော့မဆိုင်ဘူးဆိုပြီး စည်ပင်လူတွေ ၀န်းလိုက်ကြတယ် ကျနော်က ကြောက်တော့အများကြီးမပြောဘဲ စည်းမျဉ်းအရ ၆၀၀၀၀မဖြစ်နိင်ဘူးလိုပြောလိုက် တယ်။၁သောင်းခွဲ ဆောင်ခိုင်းပြန်တယ်  ကျနော် အမှိုက်ပစ်လာရှုံ သက်သက်ဘဲဘယ်လိုလုပ်ပိုက်ဆံပါမှာလဲ လိုပြောတော့ ကားဒစ်စ၀ိုင်း ကိုအတင်းဖြုတ် သိမ်းပြီး ဘောက်ချာရေးပေးတယ်စည်ပင်ကလူတွေကိုကြည့်လိုက် တော့ ရဲဝတ်စုံဝတ်ထားတဲ့ သူကို တွေတယ်ထိုသူကိုလည်းသိတယ် မြိုနယ်ရဲစခန်း က ရဲပါ ။ အဲ ဒီအချိန်မှာရပ်ကွက်နေသူတွေ  ကလည်းသူစီကိုယ်စီ အမှိုက်လာပြစ်နေကြတာ ကိုတွေတယ်။ရပ်ကွက်က လူတွေကိုလည်း ဖမ်းနေတာကိုတွေခဲ့ တယ် ။ ကျနော်ဒီလိုနဲ့ ကြောက်လိုအငြင်းမပွားဘဲ ပြန်လာခဲ့တယ် ။

 နောက် နေ့ အမှိုက်နားနီးတဲ့အိမ်တွေမနေတုန်းကတွေ့လိုက်ရသူတွေ ကို လိုက် မေးကြည့် တစ်ခါ တလေ ပေါ်ပေါ်လာပြီးဒီလို မှောင်တဲ့နေရာမှာ ထိုင်ပြီးလုပ်စားနေတာလို့ပြောကြတယ် ကျနော်တွေတဲ့
အခေါက်က လူနည်းတာလို လဲပြောပါတယ်။ အခွန်မဆောင်ဘူးဆို၇င် ထောင်ချလိုရတယ်လို ပါခြိမ်းခြောက်လို အချို့ရပ်ကွက်နေ မိဖ များ ထိုနေ့ကအခွန်ဆောင်ပေးလိုက်ရတယ်လို ပြောပါ တယ် ။ ကျနော် ထပ်မံစုံးစမ်းကြည့်တော့စည်ပင်  ဒုညွန်းကြားရေး မှူး ဦးအောင်မြင့်ကိုယ်တိုင်ဦးဆောင်နေ တယ်လိုကြားသိရတယ် ။သူအပေါင်းအပါးတွေရဲ့လုပ်ရပ်ကအကျည်းတန်းလွန်းတယ်။
 
အခွန်ဆောင်ခိုင်းတဲ့စာရွက်ပေါ်မှာရေးထားတာမှ ကားပေါ်မှအမှိုက်ပစ်တဲ့မိုက်ရှိုင်းလိုက်ကြတာဒီလို မျိုးဥပဒေစည်းမျဉ်း ထုတ်ပြန်ထားခြင်းမ၇ှိတဲ့နေရာမှာ  ဒီလိုဥပဒေမဲ့လုပ်ရပ် လူဝိုင်းပြီးအတင်းအဓ္ဒ္ဒ အခွန်မဆောင်ရင်ကားကိုဝန်းရိုက်မဲ့လုပ်၇ပ်တွေလုပ်နေပါတယ် ရပ်ကွက်နေရပ်မိရပ်ဖ များမကျေမနပ် လျှက်၇ှိသည် ။မြို့နယ်ရုံးမှလည်းမသိချင်ယောင်ဆောင်နေကြောင်းမန်းလေးနေ ပြည်သူပြည် သား များ စည် ပင်သာယာရုံး သန့်ရှင်းရေးဌာနမှလူမဆန်ကောက်ကျစ်စဉ်းလဲမှူများ ကို ကိုယ်တွေခံဖြစ်ရပ် များဖြင့်ဝေမျှလိုက်ပါသည်

ဘယ်လိုလုပ်ပြီးဒီလိုနည်း နဲ့ဒီမိုကရေစီိနိင်ငံတော်ကိုတည်ထောင်ခြင်းတာလဲကို စဉ်းစားကြပါအုံး....

အပျိုရယ် ၊ ရဲရယ်၊ ငွေငါးသိန်းရယ်၊ ( ကိုယ်ရယ်၊ မင်းရယ် ၊ ပန်းပိတောက်ရယ်) ဆိုတဲ့ သတင်း၏ နောက်ဆက်တွဲ အကျိုးဆက်

အပျိုရယ် ၊ ရဲရယ်၊ ငွေငါးသိန်းရယ်၊ ( ကိုယ်ရယ်၊ မင်းရယ် ၊ ပန်းပိတောက်ရယ်) ဆိုတဲ့ သတင်း၏
               
                                       နောက်ဆက်တွဲ အကျိုးဆက်


မီဒီယာကို မလေးစားတာဟာ ပြည်သူလူထုကို မလေးစားတာလို့ ကျနော် မီဒီယာများကိုဖြေကြားခဲ့ တယ်။ လူကုန်ကူးမှုသတင်းအစပ်အဆက်နဲ့ တောင်ဒဂုံမြို့နယ်၊ (၂၀) ရပ်ကွက် ဧရာဝဏ်ရဲစခန်း ဒုဗိုလ်မှူး ဦးဝင်းကျော် ဆိုသော ရဲသားတစ်ယောက်ဟာ ရဲစည်းကမ်းကို မလိုက်နာဘဲ သတင်းတစ် ခုကို ဘက်မလိုက်လိုသောကြောင့် လာရောက်မေးမြန်းသော မီဒီယာများကို အာဏာပြကာခြိမ်း ခြောက်တာနဲ့ ပတ်သက်ပြီး မီဒီယာများနှင့် အဆိုပါ ရဲတို့ အခြင်းဖြစ်ကြရာ ထိုဒုရဲမှူးဦးဝင်းကျော် ဟာ  မင်းတို့ကြိုက်တဲ့ အဖွဲ့ကို ခေါ်ခဲ့၊ မင်းတို့မီဒီယာတွေလည်း သတိထား ၊ နောက်နေ့ကြ လာခဲ့၊ သတင်း ပေးတဲ့သူတွေကိုလည်း ခေါ်ခဲ့၊ ငါရှင်းပြမယ်ဆိုပြီး ကျွန်တော်နဲ့ ၃၁-၁၀-၁၂ နေ့လည် ၁၁း၀၀ ဒုရဲမှူး အလိုကျ ရက်တွက်ပြီး နေရာရွေးကာ ချိန်းဆိုခဲ့ပါတယ်။

   ဒါပေမယ့် သူချိန်းထားတဲ့ နေ့အချိန်ကို တရားခံတွေ ၊ တရားလိုတွေ၊ မီဒီိယာတွေ မပျက်မကွက် လာခဲ့ကြသော်လည်း ဒုရဲမှူး ဦးဝင်းကျော်ဟာ အကြောင်းအမျိုးမျိုးပြကာ လုံးဝကို မလာခဲ့ပါ။ ဖုန်း ဆက်ပြီး မီဒီယာများဟာ လာဖို့အတွက် အထူးတလည် ခေါ်ပါသော်လည်း ပွဲပြီးတဲ့အထိ လုံးဝ ပေါ် မလာခဲ့ပါ။ မီဒီယာများက ခင်ဗျာ မီဒီယာတွေကို ချိန်းတုန်းက ချိန်းပြီး အခုလို ရှောင်ထွက်တာဟာ ခင်ဗျာ မီဒီယာတွေကို စော်ကာတာလားလို့ ပြောသော်လည်း အဆိုပါရဲဟာ လုံးဝကို ဂရုမစိုက်ဘဲ နေခဲ့ပါသည်။ ပထမ ကျွန်တော်နဲ့ စပြောတုန်းက ဘယ်လိုသောတရားခံတွေဆီက ငွေးရေးကြေးရေး လုံးဝမယူခဲ့ပါဘူးဟု အတွင်တွင်ပြောခဲ့ပြီး ကျွန်တော်တို့ကို ငွေယူတယ်လို့ပြောတဲ့သူတွေကို သတင်း ပေးတဲ့သူတွေကို တရားစွဲမယ် ဘာမယ်လို့ အသံကျယ်ကြီးနဲ့ အော်က ခြိမ်းကာ လုပ်ခဲ့သော်လည်း ဒီနေ့ မီဒီယာတွေ အများစုရောက်လာတဲ့နေ့မှာတော့ တရားလိုတွေက မီဒီယာအများရှေ့တွင် ထို ဒု ရဲမှူး တရားခံများဆီက ငွေတွေ ယူထားကြောင်း သက်သေအထောက်အထားများလည်း ရှိကြောင်း ၊ နောက်မျက်မြင်သက်သေ ( တရားလို မဇင်မာထွေး နှင့်အမျိုးတော်စပ်သူ မီးသတ်ရဲတစ်ယောက်) လည်းရှိကြောင်း ရယက ဥက္ကဋ္ဌ ဦးမှတ်ကြီးနှင့် တရားခံ ကိုမြင့်ဦးတို့ရှေ့တွင် ရဲရဲဝံ့ ဖြေဆိုရဲတာ ကိုထောက်ဆရင် နောက် တရားခံတွေကလည်း တရားလိုဘက်သက်သေတို့၏ အဖြေကို ပြန် မတုန့် ပြန်နိုင်တာကို တွက်ဆရရင် တရားခံများဆီက ငွေသားများ လုံးဝမယူခဲ့ဘူးဆိုတဲ့ ဒုရဲမှူး ဦးဝင်း ကျော်၏ စကားဟာ ဘယ်လိုလည်းဆိုတဲ့ အဖြေက ထွက်နေပြီးသားပါ။

       မြန်မာပြည်တွင် ရဲမင်းကြီးများက ပြည်နယ် တိုင်းအသီးသီးရှိ ရဲဝန်ထမ်းများကို မီဒီယာများနှင့် တွေ့ဆုံ ဆက်ဆံ ၊ အမေးအဖြေလုပ်တဲ့နေရာမှာ ကောင်းမွန်စွာဖြေဆိုပေးဖို့ အမှာပြုထားခဲ့ပါသော် လည်း တောင်ဒဂုံမြို့နယ်၊ (၂၀) ရပ်ကွက် ဧရာဝဏ်ရဲစခန်း ဒုဗိုလ်မှူး ဦးဝင်းကျော် ဆိုသော ရဲများ အဖွဲ့ကတော့ လာရောက်စုံးစမ်းသော မီဒီယာများကို ခြိမ်းခြောက်ခြင်း၊ တရားလိုများကို ခြိမ်းခြောက် ခြင်း၊ တရားခံများ၏ လာဘ်ထိုးမှုကို လက်ခံခြင်း၊ တရားလိုများက ဆက်လက်တိုင်းတန်းလာသော အမှုများကို ဆိုင်းငံ့ထားခြင်း၊ ပိတ်ပင်ခြင်းများကို သူတို့သဘောနှင့်သူတို့ဆုံးဖြတ်ပြီးလုပ်နေကြတာ ရဲဝန်ထမ်းများ လုပ်လို့ရပါသလားလို့ မေးခွန်းထုတ်စရာပါ။

  ပြည်သူ့ခေတ် ၊အတွဲ ၃၊ အမှတ် ၁၁၇၊ (၂၅-၁၀-၁၂) နေ့ ထုတ်ဝေခဲ့သော စာဆောင်တွင် စုံစမ်းစစ်ဆေးရန် ခတ်ခဲသော။ (သို့) စုံးစမ်းမရသော အမှုများကို ရဲက မိမိသဘောဖြင့် ဆိုင်းငံ့ခွင့်၊ ပိတ်သိမ်းခွင့် မရှိပါ၊ နယ်ပိုင် ရာဇ၀တ်တရားသူကြီး ထံ တင်ပြရပါသည်။ လို့ ဆိုထားပါသည်။

    စာနယ်ဇင်းပညာရပ် ကျွမ်းကျင်သူ ဦးရဲနိုင်မိုးက ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံ ခဲ့ကြသော ပုံနှိပ်မီဒီယာဥပဒေကို သတင်းစာဆရာများနှင့် ပူးပေါင်းပြုစုမည် ဆိုတဲ့အခမ်းအနားတုန်း က အစိုးရဌာနများထံမှ အများပြည်သူဆိုင်ရာ အချက်အလက်များကို သတင်းမီဒီများက တောင်းယူ ခွင့်ရှိနိုင်ကြောင်း ပြောဆိုခဲ့သည်။ ယင်းပွဲမှာပင် The Messenger ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ  ဦးအောင်ပေါ်ထွန်းကလည်း ကမ္ဘောဒီယားနိုင်ငံ၏ မီဒီယာဥပဒေကို ကိုးကား၍ အစိုးရဌာနများသည် သတင်းစားဆရာနှင့် မီဒီယာများက မေးမြန်းချက်များကို မဖြေကြားလိုလျင်ပင် မည်သည့်အတွက် ကြောင့် မဖြေကြားနိုင်ကြောင်း ဖြေရှင်းချက်ပေးရသည့် ပြဋ္ဌာန်းချက်ကို ထည့်သွင်းပြန်ဋ္ဌာန်းသင့်် သည်ဟု မီဒီယာများ၏ မေးမြန်းချက်ကို ဖြေဆိုပေးခဲ့သည်။
   
   သို့သော်လည်း အထက်ပါ အောက်ခြေ ရဲဝန်ထမ်းများကတော့ တရားဥပဒေစိုးမိုးတာ မစိုးမိုးတာ  နားမလည်၊ လာဘ်ပေးလာဘ်ယူစနစ်ဟောင်းကြီးကိုပဲ ကျင့်သုံးနေပြီး အသနားခံလာပြီး တိုင်ကြား လာသော တရားလိုများ၏မျက်နှာကိုမှ မကြည့်ဘဲ တရားလိုများအတွက်ဆိုပြီး မျက်နှာပန်းလှလှဖြင့် တရားခံများထံက ငွေငါသိန်းကိုယူထားကြောင်း အသိသက်သေများက ထွက်ဆိုချက်အရ သိရပါ သည်။ ယခုလို အဖြစ်အပျက်ကို ကြည့်ရလျှင်ပင် ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေ၊ ၀န်ထမ်း တွေအများစုမှာ ရှိနေသေးကြောင်း ထင်ရှားနေပါသည်။ ထို့ကြောင့် အရာအရာကိုချုပ်ကိုင်ထားမှ လူထုအမြင်တွေကို ထိန်းချုပ်ထားမှ ဆိုတဲ့ အတွေးအခေါ်တွေကနေ လွတ်မြောက်ဖို့လိုပါပြီ။

  ဒါပေမယ့် တောင်ဒဂုံ၊ဧရာဝဏ်ရဲစခန်းက ဒုရဲဗိုလ်မှူးကြီး ဦးဝင်းကျော်တို့ကတော့ မီဒီယာတွေကို ဒီနေ့ကောင်းကောင်းဆုံးမလိုက်တာလို့ထင်ပြီး ပျော်နေမလားမသိပါဘူး။ သူကိုယ်တိုင် စိန်ခေါ်က မီဒီယာတွေကို ချိန်းဆိုပြီး မီဒီယာတွေ တကယ်လာရောက် မေးမြန်းပြီဆိုကာမှ အကြောင်းပြ ရှောင် ထွက်သွားတာကို ဒီနေ့ တက်ရောက်လာသော မီဒီယာသတင်းသမားများက သူ့၏ လုပ်ရပ်ကို ဘယ်လို သတင်းရေးကြမလဲဆိုတာကို ဒီတစ်ပတ်ထွက် ဆိုင်ရာ သတင်းဂျာနယ်များမှာ စောင့်ယူ ပြီး ဖတ်ကြရပါဦးမယ်။
   
 သတင်းသုံးသပ်သူ လင်းဆက်