ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့် စစ်ကိုင်းလူထုတွေ့ဆုံပွဲ..

၅၊၁၊၂၀၁၃ နေ့ နံနက်(၉)နာရီတွင် စစ်ကိုင်းမြို့
ရှိမြို့တော်ခန်းမ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့် စစ်ကိုင်းမြို့နယ်ရှိ
မိဘပြည်သူများတွေ့ဆုံပွဲကိုကျင်းပပြုလုပ်ရာ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ
ပြည်သူများ စုံစုံညီညီ် တက်ရောက်ခဲ့ကြသည်။မိမိတို့ရပ်ကွက်၊ ကျေးရွာအသီးသီး
လိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြကြပါသည်။

မြို့သူမြို့သားများတခဲနက်လက်မှတ်ထိုးဆန္ဒထုတ်ဖော်မှုနှင့်အတူ
စစ်ကိုင်းမြို့အား စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အဖြစ် ဖွဲ့စည်းပုံအခြေခံ
ဥပဒေနှင့်အညီ် ပြန်လည်ဖော်ဆောင်ပေးရေးကိုတင်ပြတောင်းဆိုကြပါသည်၊
၎င်းနောက် စစ်ပြန်ရဲဘော်တဦးကလည်း ကျူးကျော်မြေတွင် နေနေရကြောင်း၊ ၄င်း၏ခြေတုအသစ် ပြန်လည်တပ်ဆင်နိုင်ရေး အခက်အခဲနှင့် အခြားသော ပြည်သူများမှ အခက်အခဲများကို တင်ပြခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မှ တင်ပြချက်များကှိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
မိမိအားပြည်သူများမှခိုင်းစေတာဝန်ပေးကြပါရန်ပြောကြားသွားပါသည်


အစိုးရအနေဖြင့် KIA ဒေသအား အပြင်းအထန် ထိုးစစ်ဆင်နေခြင်းအပေါ် (DKBA)၏ သဘောထားထုတ်ပြန်ချက်...

အစိုးရအနေဖြင့် KIA ဒေသအား အပြင်းအထန် ထိုးစစ်ဆင်နေခြင်းအပေါ် (DKBA)၏ သဘောထားထုတ်ပြန်ချက်...

တရားဝင်လား တရားမဝင်လားမသိတဲ့ မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုအား တရုတ်လူမျိုးများ ဆန္ဒပြပွဲ ရုပ်သံ..


တရားဝင်လား တရားမဝင်လားမသိတဲ့ မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုအား တရုတ်လူမျိုးများ ဆန္ဒပြပွဲ ရုပ်သံ

ဒီနေ့ ထူးထူးခြားခြား တက်လာတဲ့ တရုတ်သတင်း တပုဒ်ပါ..


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုရဲ့ ယနေ့ ဂျပန်စစ်သချိုင်းကို သွားရောက်ဂါဝရပြုတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေတဲ့ တရုတ်လူမျိုးများလို့ ယူဆရတဲ့သူတွေက ဂျပန်စစ်သချိုင်းမှာ ကန့်ကွက် ဆန္ဒပြကြပါတယ်..။ ရေးထားချက်ကတော့ စစ်အတွင်း ကျဆုံးသွားသူတွထားရှိရာ ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကို ဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက်ဂါရဝပြုသလို ဖြစ်တဲ့အတွက် ဆန္ဒပြတဲ့ပုံစံရေးထားပါတယ်..

( နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကိုဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက်ဂါရဝပြုတိုင်း တရုတ်နိုင်ငံက ကန့်ကွက်လေ့ရှိပါတယ်..) တရုတ်သတင်းဋ္ဌာနများဟာ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇို မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး မသွားရောက်ခင် ရက်သတ္တပတ် အလိုကတည်းက သတင်းဋ္ဌာနတွေမှာ နေ့စဉ်ရက်ဆက် ထုတ်လွှင့်နေခဲ့ပြီး အမေရိကန်နှင့် ဂျပန်အစိုးရတွေ မြန်မာအစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလာတာကို စိုးရိမ်ဖွယ် ဖော်ပြနေခဲ့ပါတယ်..။

ဒါကတပိုင်းပေါ့ ယနေ့မြန်မာနိုင်ငံကို နှစ်နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ့ခေါင်းဆောင် တဦးအား ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာသူလို့ ယူဆရတဲ့ တရုတ်လူမျိုးများက ဆန္ဒပြပွဲပြုလုပ် ဖန်တီးခြင်းဟာ တရားဝင်မှုရှိမရှိနဲ့ မည်သည့်မြို့နယ်ရဲစခန်းမှ တရားစွဲဆို ဆင့်ခေါ်မည်၊ မဆင့်ခေါ်မည်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။

ထစ်ခနဲဆို ပြည်တွင်းက ဆန္ဒပြသူတွေကို ဆင့်ခေါ် ဖမ်းဆီးလေ့ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ တရုတ်လူမျိုးတွေအပေါ် မည်ကဲ့သို့ တုန့်ပြန်မည်ကို စောင့်ကြည်ရမှာဖြစ်ပါတယ်..။

ဒီမိုဝေယံ


လွတ်လပ်ရေးနေ့မှာ တရုတ်ရုပ်သံက ထုတ်လွှင့်သွားတဲ့ ကချင်တိုက်ပွဲသတင်း.. (ရုပ်သံ)

မြန်မာပြည်ရဲ့ လွတ်လပ်ရေးနေ့မှာ တရုတ်ရုပ်သံက ထုတ်လွှင့်သွားတဲ့ ကချင်တိုက်ပွဲသတင်း..
မြင်ရတဲ့ မြင်ကွင်းကတော့ တအိမ်တည်းနေ ကိုယ့်ပြည်သူ အချင်းချင်း၊ အိမ်ကြက်ချင်း သဲချည်းမဲချည်း ခွပ်နေကြတဲ့ စိတ်မကောင်းစရာ မြင်ကွင်းပါပဲ..။ ဘေးက တရုတ်ကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့။ ၂ဘက်စလုံး ဆုံးရှုံးကြတာကတော့ ကိုယ့်ပြည်တွင်းက အင်အားတွေ ပါပဲ...။

ဒီမိုဝေယံ
လွတ်လပ်ရေးနေ့မှာ တရုတ်က သူ့နယ်မြေကို မြန်မာအစိုးရ ပစ်လိုက်တဲ့ ဗုံးသုံးလုံး ကျလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ကန့်ကွက်တဲ့ ရုပ်သံပါ..။ 

 မြန်မာ့သယံဇာတတွေကို အနှစ်(၂၀)ကျော်လုံးလုံး အဆီစားအသားမျိုနေပြီး သူ့နယ်မြေပေါ်ကို ဗုံး၃လုံးကျလို့ ကန့်ကွက်တယ်လို့ ဆိုပါတယ်..။ စစ်တပ်က ပစ်လို့ကျလာတဲ့ ဗုံးက တရုတ်လုပ် ဗုံးဖြစ်ကောင်းဖြစ်ပါမယ်..။ ယနေ့ ကချင်အရေးမှာ အိမ်နီးချင်းကောင်း ပီသမပီသ မြင်တွေ့ရမှာပါ..။ သေချာတာကတော့ ဒိုင်စားပါလိမ့်မယ်..။ ယနေ့ ကချင်အရေးမှာ တာဝန်ယူ ဖြေရှင်းနိုင်တဲ့ အစိုးရအနေနဲ့ စစ်မှန်တဲ့ စေတနာမှန်နဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။
 ဒီမိုဝေယံ

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင် ရုပ်သံအပိုင်း(၁)

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင် ရုပ်သံအပိုင်း(၁) 

 ၁၉၂၃ခုနှစ် မြန်မာပြည်ဆိုင်ရာ အင်္ဂလိပ်ဘုရင်ခံချုပ် ရောက်လာစဉ်ဂုဏ်ပြုခံမြင်ကွင်း၊ ၁၉၄၂ခုနှစ် အင်္ဂလိပ်တွေ ဆုတ်ခွာစဉ် စစ်မြေပြင်မြင်ကွင်း၊ ရေနံချောင်းမှ ရေနံတွင်းများအား အင်္ဂလိပ်များ မဆုတ်ခွာခင် မီးရှို့ဖျက်ဆီးခဲ့ပုံ မြင်ကွင်း၊ ဂျပန်တိုက်လေယာဉ် တစ်စီးပစ်ချခံရစဉ်နှင့် သေဆုံးသွားတဲ့ ဂျပန်လေယာဉ်မောင်းမြင်ကွင်း၊ တရုတ်စစ်သားများ ဝင်ရောက်လာစဉ် မြင်ကွင်းများနဲ့ ရန်ကုန်မြို့မှာ မဟာမိတ်စစ်ဦးစီးချုပ် လော့ဒ်မောင့်ဘက်တန်ရဲ့ ရန်ကုန်မြို့အား ပြန်လည်သိမ်းပိုက်ပြီး အောင်ပွဲအခမ်းအနား မြင်ကွင်းတွေပါ။

 မိအေး ၃ခါနာ မဖြစ်စေလိုပါ... 

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ဟာ စစ်တလင်းဖြစ်ခဲ့ရသလို လွတ်လပ်ရေးအတွက် အသက်သွေးချွေးတွေ စတေးခဲ့ရပြီးပါပြီ..။ ဗိုလ်ချုပ်ပြောသလို မိအေး၂ခါနာ ဖြစ်ခဲ့ရပြီးပါပြီ.. ယနေ့လို အချိန်အခါမှာ အိမ်နီးချင်းနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ သူများထက် ခြေလှမ်းပိုလှမ်းနိုင်ရမယ့် အချိန်မှာ မြန်မာပြည်အတွင်း တအိမ်တည်းနေ ညီအကို မောင်နှမအချင်းချင်း တိုက်ပွဲတွေ စစ်တလင်းတွေ ဖြစ်နေရတဲ့ မိအေး ၃ခါနာရမယ့် အဖြစ်မျိုး မဖြစ်စေလိုပါ။ မြန်မာပြည် ငြိမ်းချမ်းပါစေ... လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ..

ဒီမိုဝေယံ

တပ်မတော်အငြိမ်းစားများ လစာနှစ်ခါစား၊ နှစ်သီးစားနေကြမှုအား (တိုင်ကြားစာ)


ကျေးရွာ၌ ကျန်ရှိနေသော ရွာသူ/ရွာသားများ မီးလင်းရေးအတွက် အကျိုးဆောင်မှုအပေါ် နှောက်ယှက်တားဆီးမှုများအား တိုင်ကြားခြင်း..

ကျေးရွာ၌ ကျန်ရှိနေသော ရွာသူ/ရွာသားများ မီးလင်းရေးအတွက် အကျိုးဆောင်မှုအပေါ် နှောက်ယှက်တားဆီးမှုများအား တိုင်ကြားခြင်း..


၁၉၄၈ခုနှစ် လွတ်လပ်ရေးနေ့ အခါသမယ မြင်ကွင်းရုပ်သံ..

 လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ (ဒီမိုဝေယံ၊ အလင်းဆက်) ရှာဖွေတင်ပြသည်..
၆၅နှစ်မြောက် လွတ်လပ်ရေးနေ့ အမှတ်တရ..

 ၁၉၄၈ခုနှစ်က လွတ်လပ်ရေးနေ့ အခါသမယမှ မြင်ကွင်းမှတ်တမ်းတွေပါ..။ ယနေ့အချိန်အခါမှာ ကျွန်တော်တို့ ပြည်သူတွေ အမှန်တကယ် လွတ်လပ်ရေးရဲ့ အသီးအပွင့် အရသာကို တင်းပြည့် ကြပ်ပြည့် တကယ်ခံစားရပြီလား..။ ရုပ်သံ မှတ်တမ်းဟောင်းများ ရှာဖွေတင်ပြပါသည်..။ 
ဒီမိုဝေယံ

လွတ်လပ်ရေးဖခင်ရဲ့ အဆိုအမိန့်တွေကို လွတ်လပ်ရေးနေ့မှာ သတိရကြစေဖို့..

လွတ်လပ်ရေးဖခင်ရဲ့ အဆိုအမိန့်တွေကို လွတ်လပ်ရေးနေ့မှာ သတိရကြစေဖို့..

ပေါ်ပြူလာ ဂျာနယ်

၂၀၁၂ ခုနှစ်၏ အထင်ရှားဆုံးပုဂ္ဂိုလ်များ..

၂၀၁၂ ခုနှစ်၏ အထင်ရှားဆုံးပုဂ္ဂိုလ်

ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်

7Day News က ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံမှ အထင်ရှားဆုံးပုဂ္ဂိုလ် (Person of the Year) အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပူးတွဲရွေးချယ်လိုက်ပါသည်။

ဦးသိန်းစိန်
နာမည်ကြီးနိုင်ငံရေးသမားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသမား ရာနှင့်ချီ၍ လွှတ်ပေးခဲ့သူ၊ ဆယ်စုနှစ်များစွာအတွင်း အစိုးရအဖွဲ့အား အကြီးမားဆုံး
အပြောင်းအလဲပြုလုပ်ခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်နိုင်ရန် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ပေးပြီး နိုင်ငံရေးအခင်းအကျင်း ပုံစံသစ်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်လက်တွဲ၍ ဆောင်ရွက်နေသူ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပထမဆုံးမိန့်ခွန်း ပြောကြားခဲ့သော မြန်မာသမ္မတအဖြစ်
ဦးသိန်းစိန်က ၂၀၁၂ တွင် မှတ်တိုင်များစွာစိုက်ထူခဲ့သည်။ သို့သော် လက်ပံတောင်းတောင် သပိတ်စခန်းအား အင်အားသုံးနှိမ်နင်းခဲ့ခြင်း၊
တိုင်းရင်းသားအဖွဲ့အစည်းများစွာနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်မူ ငြိမ်းချမ်းရေး
မဖော်ဆောင်နိုင်သေးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးလာအောင်လုပ်ဆောင်နိုင်ခြင်းမရှိသေးခြင်းတို့ကြောင့် ၎င်းကို ဝေဖန်မှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်
အတိုက်အခံခေါင်းဆောင် တစ်ဦးအဖြစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်တွင်းသို့ဝင်ခဲ့ပြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ
ဖြေလျှော့ရေးနှင့် ပြည်ပအကူအညီများ ရရှိရေးအတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုင်းနိုင်ငံမှ စတင်လိုက်သည့် ၎င်း၏ပထမဆုံး
ပြည်ပခရီးစဉ်မှစ၍ နိုင်ငံတကာတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများကြောင့်လည်း ကမ္ဘာ့မီဒီယာဇာတ်ခုံ၌ မြန်မာနိုင်ငံသည် ထင်ပေါ်ခဲ့ရသည်။
လက်ပံတောင်းတောင် အရေးတွင် သတ္တိရှိရှိဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူထားပြီး၊ လူထုအပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။
သို့သော် ပြည်တွင်း၌ဖြစ်ပွားခဲ့သော၊ ဖြစ်ပွားနေဆဲဖြစ်သော ပဋိပက္ခများတွင် ၎င်း၏အခန်းကဏ္ဍအပေါ် ဝေဖန်မှုများရှိခဲ့သည့်အတွက် ဆယ်စုနှစ်နှစ်ခုကျော်အတွင်း
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မှု အများဆုံးပေါ်ထွက်ခဲ့သည့် နှစ်တစ်နှစ်လည်းဖြစ်ခဲ့သည်။

------------------------------------------------------------------------

ဒုတိယ- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက် နံနက်ခင်းစောစောတွင် ၎င်းတို့ကြောင့် မြန်မာပြည်သူများ ပျော်ရွှင်၊ စိတ်လှုပ်ရှား၊ ကြည်နူးခဲ့ရ သလို မြန်မာ့နိုင်ငံရေး
အနာဂတ်အတွက်လည်း အားတက်ခဲ့ရသည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချိုစသော ၈၈မျိုးဆက် ကျောင်းသားများမှာ
မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်၏ အဓိကဇာတ်ဆောင်
များဖြစ်လာသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ နိုင်ငံရေးအရ ကူးပြောင်းချိန်တွင် လူ့အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်လာရန်၊ ပွင့်လင်းမြင်သာရန်၊
တာဝန်ယူတတ်ရန်၊ သတ္တိရှိရှိ မိမိတို့၏ အခွင့်အရေး တောင်းဆိုတတ်ရန်၊ အပြန်အလှန် ထိန်းကျောင်းသောစနစ် အသက်ဝင်ရန် စသည့် ဒီမိုကရေစီစိတ်ဓာတ်၏
အခြေခံများအား လူထုသို့ ပညာပေးခြင်းကို ၎င်းတို့၏ ပွင့်လင်းလူ့အဖွဲ့အစည်း လှုပ်ရှားမှုက ဆက်တိုက် အကောင်အထည်ဖော်ခဲ့သည်။ မြေယာပြဿနာ၊
လုပ်ခလစာနည်းပါးမှု၊ ကချင်ပြည်နယ်မှ တိုက်ပွဲများ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စသည့် အရေးကိစ္စများနှင့် ပတ်သက်၍လည်း ၎င်းတို့က
အဖြေထုတ်နိုင်ရန် တက်တက်ကြွကြွ ကြိုးပမ်းခဲ့ကြသည်။

--------------------------------------------------------------------

တတိယ- ဦးအောင်မင်း
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိရန်
ဦးဆောင်ကြိုးပမ်းနိုင်ခဲ့သည်။ ယခင်အစိုးရအဆက်ဆက် အပစ်အခတ်ရပ်စဲရေးကိုပင် မစွမ်းဆောင်နိုင်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နှစ်ပေါင်း
၆၀ ကျော်အတွင်း ပထမဆုံးအပစ်အခတ်ရပ်စဲခဲ့ပြီး ငြိမ်းချမ်းရေးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် KIA နှင့်မူ ငြိမ်းချမ်းရေးရအောင်
မစွမ်းဆောင်နိုင်သေးသလို လက်ပံတောင်းတောင် သပိတ်စခန်းတွင် ဒစ်ပလိုမေစီမဆန်သော မှတ်ချက်စကားကြောင့် ဝေဖန်ခံခဲ့ရသည်။ သမ္မတဦးသိန်းစိန်၏
အဓိကလက်ရုံးဖြစ်ပြီး အမည်ပျက်စာရင်းသွင်းခံရသူများ ပယ်ဖျက်ပေးရန်၊ ကာလကြာရှည်စွာ ပြည်ပရောက်နေသော အတိုက်အခံများ ပြန်လာနိုင်ရန်၊
အမေရိကန်သမ္မတ အိုဘားမား၏ ခရီးစဉ်ပေါ်ပေါက်လာရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

---------------------------------------------------------------------------

စတုတ္ထ- အခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်သူများ
လွတ်လပ်စွာ စုဝေးစီတန်း လမ်းလျှောက်ခွင့်ဥပဒေ မထွက်မီကပင် လျှပ်စစ်မီးရရှိရေးအတွက်၊ လုပ်ခလစာခံစားခွင့် အပြည့်အ၀ ရရှိရေးအတွက်
မြိတ်ကျောက်မီးသွေးစက်ရုံ ရပ်တန့်ရေးအတွက် ဆန္ဒပြတောင်းဆိုမှုများ နှစ်ဆန်းပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ ဥပဒေထွက်လာပြီးနောက်
ဆန္ဒပြတောင်းဆိုပွဲများက နိုင်ငံအနှံ့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ သည်။ ဆန္ဒပြတောင်းဆိုသည့် အကြောင်းအရာများ ဦးဆောင်ပါဝင်သူများ၊
အားပေးလှုံ့ဆော်ကြသူများက မဖြစ်မနေ လိုအပ်ချက်အတွက် (သို့မဟုတ်) ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ပါဝင်ပတ်သက်ခဲ့ကြသူများကို မီဒီယာစာမျက်နှာများပေါ်တွင် ပြည်သူအများ မြင်တွေ့ခဲ့ကြရသည်။ တစ်ဦးချင်းစီ၏ ရည် ရွယ်ချက် တည့်မတ်မှန်ကန်မှု ရှိ၊မရှိကမူ
ပြည်သူတို့ ထင်မြင်ဆုံးဖြတ်ချက်အတိုင်းပင် ဖြစ်ပေလိမ့်မည်။

-----------------------------------------------------------------------------

ပဉ္စမ- နန်းခင်ဇေယျာ

သာမန် ဧည့်လမ်းညွှန်အဖြစ်မှ နေ့ချင်းညချင်း ထူးထူးခြားခြား နာမည်ကြီးခဲ့သူမှာ နန်းခင်ဇေယျာဖြစ်သည်။ နှစ်
ပေါင်း ၅၀ ကြာမှ နိုင်ငံတကာအလှမယ်ပြိုင်ပွဲစင်မြင့်သို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သော နန်းခင်ဇေယျာမှာ အင်တာနက် အသုံးပြုသော မြန်မာများ၏
ထူးထူးကဲကဲ အားပေးမှုကြောင့် မဲပေါင်းသန်း ၂၀ ကျော်ရကာ Miss International ပြိုင်ပွဲ၏ အင်တာနက်မဲအများဆုံးဆုနှင့် အင်တာနက်မှ
ပရိသတ်များကရွေးချယ်သော လူကြိုက်အများ ဆုံးဆုရခဲ့သည်။ ထိုပြိုင်ပွဲအပြီး နန်းခင်ဇေယျာသည်လည်း သာမန်မော်ဒယ်ဧည့်လမ်းညွှန်မှ
နာမည်ကြီးကြော်ငြာမော်ဒယ်၊ လူမှုရေးလုပ်ငန်းများ တက်ကြွစွာ လုပ်ကိုင်သူဖြစ်လာသည်။

(မှတ်ချက်။ ။၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အထင်ရှားဆုံးပုဂ္ဂိုလ်ရွေးချယ်ရန် 7Day News က ပဏာမစာရင်းဝင်သူများကိုဦးစွာရွေးချယ်၍
အွန်လိုင်းမှလည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်းစစ်တမ်းကောက်ယူ
ပြီးနောက် ရလဒ်များကိုစုပေါင်းပြီး၊ 7Day News အယ်ဒီတာအဖွဲ့က ၂၀၁၂ အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို
ရွေးချယ်လိုက်ပါသည်။ ထိုသို့ ရွေးချယ်ရာတွင် 7Day News ၏ မူအတိုင်း ပဏာမစာရင်းအတွက် လူပုဂ္ဂိုလ်၊ အစုအဖွဲ့များကို ရွေးချယ်ရာတွင် ၂၀၁၂
တစ်နှစ်ပတ်လုံးအတွင်း သတင်းများအပေါ် လှုပ်ခတ်သက်ရောက်မှု၊ လူထုအပေါ် လွှမ်းမိုးနိုင်မှု၊ ထင်ထင်ရှားရှားဖြစ်မှုတို့ကို အကဲဖြတ် ရွေးချယ်ခြင်းဖြစ်သည်။
၎င်းတို့၏ အဆိုး၊ အကောင်း လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်များအပေါ် အကဲဖြတ်ရွေးချယ်ခြင်းမဟုတ်ပါ။)
 
7Day News Journal