ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တောင်ကြီးမြို့ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနား...

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တောင်ကြီးမြို့ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနား...
 


ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ တောင်ကြီးမြို့ ပါတီရုံးခန်းဖွင့်ပွဲအား ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ် နေ့တွင် နံနက် ၉း၀၀နာရီ အချိန်တွင် ကျင်းပသည်။ ယင်းSNLD ရုံးဖွင့်ပွဲအား ဥက္ကဌဖြစ်သူ ဦးခွန်ထွန်းဦး ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ၊ NLD ပါတီဝင်များ၊ SNDP ကျားဖြူပါတီ ဥက္ကဌ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဥက္ကဌ၊ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်မျိုးဆက်အင်အားစု ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသားပေါင်းစုံတက်ရောက်အားပေးသည်ကို တွေ့ရသည်။

ဦးခွန်ထွန်းဦးက ပြောကြားရာတွင် မိမိတို့ပါတီ၏ ရည်ရွယ်ချက်၊ အချို့က ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် လုပ်ဆောင်နေကြကြောင်း ၊ မိမိအနေဖြင့် ပြင်ဆင်ပါဟု မပြောလိုကြောင်း ၊ စတင်ဖွဲ့စည်းစဉ်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံကို သဘောမတူခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတ၊ လွတ်တော်ဥက္ကဌတို့နှင့်တွေ့ဆုံတိုင်း မိမိအမြဲပြောဖြစ်သည်မှာ တိုင်းရင်းသားအားလုံး တန်းတူရည်တူ အခွင့်အရေး ရရှိနိုင်သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ၊ ဖက်ဒရယ်မူ ၀ါဒပင်ဖြစ်ကြောင်း၊

ယခု မိမိဖြေးဖြေးချင်း နားလည်ရန်ပြောပြမှုအား နိုင်ငံတော်ကပင် လက်ခံလာ ပြီဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်များဖြစ်သည့် ဂျာမနီ နှင့်အခြား တိုင်းပြည်များမှ ဖက်ဒရယ်နှင့်ပတ်သတ်သည့် အချက်အလက်များအား ကိုပင်ယူဆောင်လာပြီဟု ကြားသိရကြောင်း ၊ မနက်ဖြန် ဖေဖော်ဝါရီ ၈ ရက်နေ့တွင်လည်း "ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း" အမည်ရှိ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ဥက္ကဌဖြစ်သူ မိမိအပါအ၀င်၊ အထွေထွေအတွင်းရေးမှုး စိုင်းညွန့်လွင်တို့ တက်ရောက် မည်ဖြစ်ကြောင်း ပြောဆိုသည်။

ဤ ဆွေးနွေးပွဲမျိုးကို ရန်ကုန်တွင် ပထမဦးဆုံး ကျင်းပစဉ်က ရှမ်းအဖွဲ့အစည်းတွေသာ ပါဝင်ခဲ့ကြောင်း၊ ယခု ဆွေးနွေးပွဲတွင်မူ ရှမ်းပြည်နယ်ရှိ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးသမားဟောင်းများ၊ အင်း၊ ဓနု၊ ပအိုဝ်း၊ ကယန်း၊ ရှမ်း၊ အစရှိသည့် တိုင်းရင်းသားများ ပါဝင် နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသည့် တောင်ကြီး မြို့တွင် ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့မှ ကိုညီညီမိုးက ပြောသည်။ ငြိမ်းချမ်းရေး ပျက်ပြားနေခြင်းမှာ ယုံကြည်မှု ပျက်ပြားသောကြောင့် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲကို SNLD နှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း ကိုညီညီမိုး ကပြောသည်။

 စစ်ပွဲများ ရပ်ဆိုင်းစေရန်၊ လူထု တောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း SNLD မြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့် (ခ) စိုင်းခမ်းပိုင်ဖက ပြောသည်။

လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး ယူထားသည် ဆိုသော်လည်း ငြိမ်းချမ်းရေးအစစ်အမှန် မရရှိသေးဘူးဟု မိမိ ထင်မြင်ယူဆကြောင်း၊ နောင် တချိန်တွင် တိုင်းရင်းသား ပြည်သူတရပ်လုံးပါဝင်မည့် ဆွေးနွေးပွဲ ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သူက ဖြည့်စွက် ပြောကြားသည်။ တောင်ကြီးမြို့ ဆွေးနွေးပွဲကို ရှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် ကျင်းပရန် စီစဉ်နေကြသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
သတင်း၊ ဓာတ်ပုံ ရတနာပေးပို့သည်....

ဖေဖော်ဝါရီ ၆ရက်နေ့ တောင်ကြီး မြို့မဈေးကြီးတွင် မီးလောင်မှု ဖြစ်ပွား...

ဖေဖော်ဝါရီ ၆ ရက်နေ့၊နေ့လည် ၃း၁၀ မိနစ်တွင် တောင်ကြီးမြို့ ၊ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြို့မ သုံးထပ်ဈေးကြီးတွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ ဇန်န၀ါရီ ၄ ရက်နေ့က စတင်ဖွင့်လှစ်ထားသည့် သုံးထပ်တိုက်အပေါ်ဆုံးတိုက်ရှိ မြတ် ဈေးဝယ်စင်တာ (ယခင် ကျောက်ဝိုင်နေရာဟောင်း) တွင် ဆိုင်ဖွင့်ရောင်းချရန်ပြင်ဆင်နေသည့် အထည်ဆိုင် မှ ၀ရိန်ဆော်ရာမှ ထွက်ရှိလာသည့် မီးစ ၊မီးပွားများ အနီးရှိ တာပင်တိုင် ပုံးတွင်းသို့လွင့်စင်ရာမှ မီးထလောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်ဖြစ်သူ ကပြောသည်။

 ဈေးဝယ်စင်တာသည် ဈေးအပေါ်ဆုံထပ်တွင်တည်ရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားသည်ကို သိလျှင်
 သိခြင်း အခြားဆိုင်ခန်းမှ ဈေးသူ၊ဈေးသားများကလန့်ပြီး အောက်ထပ်ဆင်းရန် လှေကားမှ အလုအယှက်ဆင်းကြသည့်အတွက် ညပ်ပိတ်မှုများရှိကြောင်း မျက်မြင်ဆိုင်ခန်းပိုင်ရှင်များက ဆိုသည်။ အဲကွန်းဖွင့်ထားခြင်း၊ မှန်ကာဆိုင်ခန်းများ ဖြစ်ခြင်း ဖြစ်သည့်အတွက် မီးခိုးများ အပြင်ဘက်သို့မထွက်နိုင်ကြောင်း ၊ ပြတင်းမှန်များ ၊မျက်နှာကျက်ဘေးရှိ မှန်များ ရိုက်ခွဲခဲ့ရကြောင်း ဈေးမိ၊ဈေးဖ အဖွဲ့ဝင်များကပြောသည်။

 မီးလောင်ကျွမ်းခြင်း ဖြစ်ဖြစ်ခြင်း မီးသတ်ဦးစီးဌာနသို့ ဖုန်းဆက်ခဲ့ကြောင်း ၊ မီးသတ်ကား ရောက်ရှိလာသော်လည်း ရေပါမလာကြောင်း၊ ရေမပါလာသဖြင့် ဈေးမီးသတ် ရေလှောင်ကန်မှ
 ရေများဖြည့်ရာ ၁၅မိနစ်နှင့်လည်း ရေမပြည့်လာ၊ နာရီဝက်ဖြင့်လည်း ရေမပြည့်လာ အချိန်အတော်ကြာကြောင်း၊ မီးသတ်ကား ၀င်ရောက်လာရာ လမ်းတလျှောက်တွင်လည်း ပျံကျဈေးသည်မျာဖြင့် ပိတ်နေသဖြင့် ခက်ခက်ခဲခဲ အချိန်ယူဝင်ရောက်ရကြောင်း၊ မီးသတ်ရေလှာင်ကန် အနီးတွင်ပင် ပျံကျဈေးဆိုင်ခန်းများ ပြည့်နေကြောင်း ၊ စည်ပင်မှ ခွင့်ပြုပေးထားသည့်အတွက် မိမိတို့ အနေဖြင့် ဘာမှမပြောလိုကြောင်း၊ သို့သော်လည်း စနစ်တကျ ဖြစ်သင့်ကြောင်း ၊ မီးလောင်ရာနေရာသည် ဈေးအပေါ်ဆုံးထပ် ဖြစ်နေသည့်အတွက် မီးသတ်ကား မတက်နိုင်ကြောင်း ၊ တက်ရန်လှေကားလည်း မီးသတ်ကားတွင်မပါလာကြောင်း မျက်မြင် ဈေးမိ၊ဈေးဖ အဖွဲ့ဝင်များကပြောသည်။
  လောင်ကျွမ်းချိန် မိနစ် ၂၀ခန့်သာကြာမြင့်ကြောင်း ၊ မှန်လုံခန်းများ ဖြစ်နေသည့်အတွက် မီးခိုးများအူနေကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဈေးသူ၊ဈေးသားများကပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်ဦးစီးဌာနသို့မေးမြန်းရာ ပျက်စီးမှု စုစုပေါင်း တန်ဖိုး ကျပ်သုံးသောင်းသာရှိကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြန်လည်ပြောကြားသည်။

 မီးလောင်ကျွမ်းမှုဖြစ်စဉ်အား တောင်ကြီးမြို့ အမှတ်(၁) ရဲစခန်း မှ ၀ရိန်ဆော်သူ ကိုရဲထွန်းနိုင် အား (ပ) ၃၃/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

 ဂျွန်ချစ်ငြိမ်း(တောင်ကြီး) 

ရတနာပေးပို့သည်...။

ရဲမွန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါသည်..။

ဆရာတော်ပုညသေဋ္ဌ (ပဓာန နာယကဆရာတော်)၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ... 
ရဲမွန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ရန်ကုန်တိုင်းဒေသကြီး လှည်ကူးမြို့နယ် အတွင်းမှာ တည်ရှိပြီး ပညာရေးဝန်ကြီးဋ္ဌာနမှ တရားဝင်ခွင့်ပြုထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်ပြီး အဆိုပါ ကျောင်းမှ အောင်မြင်သည့် ကလေးငယ်များသည် အပြင်ကျောင်းများကဲ့သို့ အောင်လက်မှတ် ရရှိသည် မူလတန်းအဆင့်ထိ  သင်ပြပေးသည့် ကျောင်းဖြစ်သည်..။ 
လက်ရှိ ကျောင်းသား၊ ကျောင်းသူ ၁၉၅ဦးပညာသင်ကြားလျှက်ရှိပါသည်..။
လက်ရှိပင်မ ကျောင်းဆောင်မှာ ဟောင်းနွမ်းလျက်ရှိပြီး  အဆိုပါကျောင်းဆောင်၏ အောက်ထပ် မြေညီထပ် ကလေးငယ်များအား စာသင်ကြားပေးလျက်ရှိသည်...။ လက်ရှိ ကျောင်းဆောင်အား ၃ထပ်ဆောက်လုပ်ရန် ရည်မှန်းထားပြီး သိန်း ၂၀၀၀ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားသည်...။
အောက်ထပ်၌(မြေညီထပ်) စာသင်ဆောင်
ဒုတိယထပ်- ဆေးခန်း၊ စာကြည့်တိုက်၊ ကွန်ပြူတာခန်း
တတိယထပ်၌ သံဃာတော်များ သီတင်းသုံးနေထိုင်ပါမည်။
င်မမြေညီထပ် ကျောင်းဆောင်အောက်မှာ စာသင်နေသော ကျောင်းသား/သူများနှင့် ဆရာမ
၎ယောက်ထိုင် စာသင်ခုံနှင့် စားပွဲ ၁စုံ ကျပ်ငွေ
 ၁သိန်းနှင့် ကျောင်းမှ ဆရာ၊ ဆရာမလစာငွေ (ကျပ်၆သောင်း)ကုန်ကျပါသည်..။
ကျောင်းနေရာ အခက်အခဲကြောင့် လက်ရှိသိမ်အတွင်း၌လည်း ကလေးငယ်များ စာသင်ကြားနေကြပါသည်..။
လက်ရှိ  ကျောင်းသား၊ ကျောင်းသူ ၁၉၅ဦးအတွက် ဟောင်းနွမ်းနေသော အိမ်သာ ၅ခန်းတွဲ အိမ်သာ တလုံးသာရှိပြီး..။ ၅ခန်းတွဲ အိမ်သာ လှူဒါန်းလိုပါက ကျပ်(သိန်း၃၀) ကုန်ကျပါမည်။
ပညာရေးဋ္ဌာနမှ ခွင့်ပြုထားသည့် ဘုန်းတော်ကြီးသင် ပညာကျောင်းဖြစ်ပြီး အထွေထွေ ပညာရေးရံပုံငွေ ကျပ်သိန်း(၁၀၀)ခန့် လိုအပ်နေပါသည်..။
ကျောင်း၌ အများပြည်သူအတွက် နာရေးကူညီမှု နိဗ္ဗာန်ယာဉ်တစီး ထားရှိထားသော်လည်း ဟောင်းနွမ်းနေပြီဖြစ်သည်..။
အနာဂတ်ကလေးငယ်များ ပညာရေးအတွက် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပါဝင် လှူဒါန်းပေးအပ်လိုပါက....
ရဲမွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း  625159သို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်သလို...
ဂျပန်နိုင်ငံမှ လှူဒါန်း ပေးအပ်လိုသူများအတွက်
ကိုကျော်ကျော်သိုက်... 070-5023-4359
ကိုထွန်းလွင်... 080-5041-1964 မှတဆင့် လှူဒါန်းပေးအပ်နိုင်ပါသည်..။

ဤကောင်းမှုသည် နိဗ္ဗာန်ကို ချမ်းသာသောအကျင့်၊ လွယ်ကူသော အသိဥာဏ်တို့ဖြင့် မျက်မှောက် ပြုနိုင်ပါစေသတည်း။

ဓာတ်ပုံ၊ သတင်း... ကိုကျော်ကျော်သိုက်၊ ကိုထွန်းလွင်

ရဲမွန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပါဝင် လှူဒါန်းကြပါရန် ဒီမိုဝေယံမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်..။

မဟာဘွဲ့ရပြီးသား မဟာဘွဲ့ထပ်မယူရ ဟူသော ကြေငြာချက် ထုတ်ပြန်မှုအပေါ်(ပေးစာ)

မဟာဘွဲ့ရပြီးသား မဟာဘွဲ့ထပ်မယူရ ဟူသော ကြေငြာချက် ထုတ်ပြန်မှုအပေါ်(ပေးစာ)


အောင်ဘန်းမြို့ ရိုးမဘဏ် ဖောက်ထွင်းခံရမှု ညတွင်းချင်းဖမ်းမိ..

 အောင်ဘန်းမြို့ ရိုးမဘဏ် ဖောက်ထွင်းခံရမှု ညတွင်းချင်းဖမ်းမိ..

ဖေဖော်ဝါရီ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်ခန့်က အောင်ဘန်းမြို့ရှိ ရိုးမဘဏ်ခွဲ ဖောက်ထွင်းခံခဲ့ရကြောင်း မြို့ခံများ၏ ပြောပြချက်အရသိရှိရသည်။

 ဖြစ်ပွားပုံမှာ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်တွင် အောင်ဘန်းမြို့နေ (ဘ) ဦးအောင်မင်းစိန် ၏သားဖြစ်သူ ၊မောင်အောင်ဇာနည်ဦး အသက်၁၉ နှစ်သည် ရိုးမဘဏ် အနောက်ဘက် ပေါက်မှတဆင့် ကျော်ဝင်ပြီး အတွင်းရှိဆွဲတံခါးအား အသင့်ပါလာသော သံဖြတ်ကတ်ကြေး ၊ ဓါးတို့ဖြင့် ဖျက်ပြီး ၀င်ရောက်ခဲ့ကာ၊ မှန်တံခါးအား ထုခွဲပြီး ဘဏ်အတွင်း သို့ရောက်ရှိခဲ့ကြောင်း ၊ ငွေလွဲကောင်တာ ထည်းဝင်ပြီး ငွေကြေးရှာဖွေရာ ဘာမျှမတွေ့သဖြင့် အံဆွဲတွင်းရှိ ငွေ ၁၇၀၀၀ ကျပ်သာတွေ့သဖြင့်ယူဆောင်ပြီး ဘဏ်အပြင်သို့ပြန်ထွက်လာခဲ့ကြောင်း၊ အပြင်ဘက်ရှိ ဘဏ်ညစောင့်ဖြစ်သူ ဦးထွေးမြင့်အား အား ဓါးဖြင့်ထောက်ကာ ခြိမ်းခြောက် ပြီး မီးခံသေတ္တာ သော့ တောင်းယူကြောင်း ၊ ထိုသို့တောင်းယူနေစဉ်အတွင်း ဦးထွေးမြင့်က အော်ဟစ်အကူညီတောင်းခံသဖြင့် အပြင်မှ ပတ္တာရောင်လည့်နေသည့် နယ်ထိန်း ဒုရဲအုပ်ညီညီထွန်း နှင့်အဖွဲ့ရောက်ရှိလာကြောင်း ၊ ဓားဖြင့်ထောက်သည့် ဘဏ်ဖောက်ဝင်လာသူမှာ အော်ဟစ်စဉ်ကတည်းက ထွက်ပြေးသွား သဖြင့် အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်း နှင့်ရပ်ကွက်နေပြည်သူများ၊ ဆိုင်ကယ်ကယ်ရီသမားများ၊ ပူးပေါင်းလိုက်လံ ရှာဖွေကြရာ အောင်ဘန်းမြို့၊ ပြည်ထောင်စု လမ်းမကြီးဘေး ၊တံတားအောက်ရှိ ၊ ရေပြွန်ကြီးအောက်တွင် လက်ရဖမ်းဆီးရရှိခဲ့မိကြောင်း အောင်ဘန်းမြို့ မှ တာဝန်ရှိသူအဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရှိရသည်။

 ယင်းဖောက်ထွင်းမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အောင်ဘန်းမြို့ ရီုးမ ဘဏ်လက်ထောက်မန်နေဂျာ ဒေါ်စန္ဒာကို က အောင်ဘန်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ အောင်ဘန်းမြို့ ရဲစခန်းမှ ပြစ်မှုပုဒ်မ ပ- ၂၆/၁၃ ၊ ပုဒ်မ၃၉၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြစ်မှုကျူးလွန်သူသည် အသက် (၁၉) နှစ်သာရှိသေးပြီး  တောင်ကြီးမြို့၊
 အေးသာယာ မြို့သစ်တွင် ဖွင့်လှစ်ထားသည့် ဂျီတီစီ နည်းပညာ တက္ကသိုလ်တွင် စက်မှုဘာသာရပ် သင်ကြားတက်ရောက်နေသည့်  ပထမနှစ် ကျောင်းသားတစ်ဦး ဖြစ်ကြောင်း အောင်ဘန်းမြို့ခံများကပြောသည်။

 သတင်း... ဂျွန်ချစ်ငြိမ်း(တောင်ကြီး)

ရတနာပေးပို့သည်..။

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အောက်ခြေ၀န်ထမ်းငယ်များ၏ အသနားခံတင်ပြစာ


သို့
 နိုင်ငံတော်သမ္မတ
                   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
                  နေပြည်တော်
 ဥက္ကဋ္ဌ
                   ပြည်သူ့လွှတ်တော်
                  နေပြည်တော်
 ဥက္ကဋ္ဌ
                  အမျိုးသားလွှတ်တော်
                  နေပြည်တော်
 ပြည်ထောင်စုဝန်ကြီး
                  လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
                  နေပြည်တော်

မိဘသဖွယ်အရေးထားလေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား…………..
ဦးစွာပထမ ၀န်ခံရလျှင် ဤစာသည်တိုင်ကြားစာမဟုတ်ပါ။ ပစ်စာမဟုတ်ပါ။ အောက်ခြေ၀န်
ထမ်းငယ်များ၏ အသနားခံစာသာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

         သမ္မတကြီးခင်ဗျာ ကျွန်တော်တို့ဝန်ထမ်းများသည် ပြည်သူများပင်ဖြစ်ပါသည်။ ပြည်သူဘ၀ကို အလေးထားပြီး ပြည်သူကို ဗဟိုပြုဆောင်ရွက်နေသော အစိုးရမူဝါဒ ဖြစ်ထွန်းနေချိန်
မှာကျွန်တော်တို့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ အခြေအနေမှန်နဲ့ မနိုင်ဝန်ထမ်းရုန်းကန်နေရတဲ့
ဘ၀တွေကို သမ္မတကြီးအမှန်သိနိုင်ဖို့အတွက်မိဘထံသားသမီးများက အသနားခံရခြင်းသာ
ဖြစ်ပါတယ်။

         ကျွန်တော်တို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ နိုင်ငံတော်ရဲ့၇၀% နီးပါးရှိတဲ့တောင်သူ
လယ်သမားများရဲ့ အကျိုးကို လက်တွေ့ကျကျ နိုင်ငံတော်မူဝါဒတွေနဲ့အညီတာဝန်ကျေ
အောင်ဆောင်ရွက်နေတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။ လက်လှမ်းမှီသမျှ လေ့လာမှတ်သားမှု
များအရ ၁၉၈၈ခုနှစ် စပါးတစ်ဧက(၁၆၀ိ/)နှုန်းနဲ့ ထုတ်ချေးစဉ်က ခွင့်ပြုခဲ့တဲ့ ၀န်ထမ်းအင်အား(၃၀၀၀) နီးပါး မြို့နယ်တစ်ခုမှာ ပျမ်းမျှ(၁၂)ဦးမှ (၁၆)ဦးခန့်နဲ့ ဆောင်ရွက်ခဲ့ရပါတယ်။ နှစ်အဆက်ဆက် ချေးငွေရင်းထား ငွေတိုးတက်မြင့်မားလာပေမယ့် ၀န်ထမ်းအင်အား တိုးတက်ခြင်းမရှိဘဲ လျော့နည်း  အင်အားများနဲ့သာ ဆောင်ရွက်ခဲ့ရပါတယ်။ 

သမ္မတကြီးရဲ့အစိုးရ လက်ထက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေး အစီအစဉ်များအရ တောင်သူလယ်သမားတွေ အတွက် ချေးငွေတွေကို အမြန်တိုးတက် ထုတ်ချေးပေးလာတဲ့အခါ မှာ စပါးတစ်ဧက (၈၀၀၀၀ိ/)နှုန်းအထိ ၀န်ထမ်းအား(၂၇၇၂))ဦးခန့်နဲ့ ဆောင်ရွက်နေပါတယ်။ ၂၀၁၃ခုနှစ်မှ တစ်ဧက(၁၀၀၀၀၀ိ/)နှုန်း ထုတ်ချေးရမည်ဖြစ်တဲ့ အတွက် မြို့နယ်တစ်ခုမှာအ
နည်းဆုံးေ ချေးငွေပမာဏကျပ်သိန်းပေါင်း သောင်းနဲ့သိန်းနဲ့ချီပြီး ဘီလီယံပေါင်းများစွာလုပ်
ကိုင်ဆောင်ရွက်ရမဲ့ ကာလမှာ ကျွန်တော်တို့ဘဏ်ရဲ့ ၀န်ထမ်းအင်အား ဘယ်လောက်နဲ့
ဆောင်ရွက်သင့်ပါသလဲ။
  လုပ်သက်(၁၅)နှစ်ကျော်အထိ ရာထူးမတိုးဘဲ အငယ်တန်းစာရေး
ဖြစ်နေတဲ့ အခြေအနေ၊ ဘဏ်တွင်ညစောင့်မရှိတဲ့အခြေအနေ၊ ငွေကိုင်(၁)ဦးတည်းနဲ့
ဆောင်ရွက်ရတဲ့ အခြေအနေ၊ ခေတ်မီစက်ပစ္စည်းတွေ ပေးခြင်းမရှိသေးတဲ့ မြို့နယ်ဘဏ်
တွေရဲ့ ရန်ပုံငွေအစီအမံတွေနဲ့ ငွေရေစက်ဝယ်သုံးနေရတဲ့ အခြေအနေ များပြားလှတဲ့
ငွေပမာဏတွေကို  လက်နဲ့ ရေတွက်နေလို့ မရတော့တဲ့အခြေအနေတွေမှာ  မဖြစ်မနေ
လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်ဆိုတာ အခြေအနေနဲ့ခေတ်ရဲ့တောင်းဆိုချက်
ဖြစ်ပါတယ်ခင်ဗျာ။ 

ဒါပေမယ့် ကျွန်တော်တို့ လယ်ယာဘဏ်ဝန်ထမ်းတွေဟာ တောင်သူ
လယ်သမားများနဲ့ နိုင်ငံတော်အကျိုးကို ဆောင်ရွက်တဲ့နေရာမှာ ထုတ်ချေးချိန်မှာဖြစ်စေ၊
ငွေကောက်ခံရချိန်မှာဖြစ်စေ နိုင်ငံ့ဝန်ထမ်းများအတွက်ရုံးချိန် (၉း၃၀)မှ(၁၆း၃၀)ထိဟာ လယ်ယာဘဏ်နဲ့ မသက်ဆိုင်သလိုပါဘဲ။ ကျွန်တော်တို့မှာရုံးချိန်မရှိပါ။ ရုံးပိတ်ရက်ရှိသော်
လည်း အလုပ်ပိတ်ရက်မရှိပါ။ လယ်သမားပေါင်းများစွာအတွက် ကျွန်တော်တို့သတ်မှတ်ချိန်
နဲ့ဆောင်ရွက်လို့မရပါ။ တောင်သူတွေ  အဆင်ပြေမယ် နိုင်ငံတော်ဘဏ္ဍာငွေတွေ ပုံမှန်/စီးဝင် စီးထွက်ရှိနေအောင် ကျွန်တော်/မတို့ရဲ့ ပေးဆပ်နေမှုများ အတွက် မကျေနပ်မှု၊ မခံမရပ်နိုင် ဖြစ်မှု၊ ပင်ပန်းလို့ ငြီးငြူမှုတွေမရှိပါ။ ကျေနပ်ပါတယ်၊ လုပ်နိုင်ပါတယ်ဒါပေမဲ့-

         သမ္မတကြီးခင်ဗျာ ဒီလိုများပြားတဲ့ တာဝန်တွေကိုထမ်းဆောင်နေပေမဲ့ လုပ်ငန်းစီမံခန့်ခွဲမှု အတွက် ခွဲဝေပေးထားတဲ့ ဘတ်ဂျက် အသုံးစရိတ်တွေကိုလဲ သိစေချင်ပါတယ်။ ၀န်ထမ်း (၁၅)ဦးလောက်ရှိတဲ့ ဘဏ်တစ်ခုအတွက် တစ်လကို သောက်ရေဘိုး၃၀၀ိ/ပါ၊ ဆက်သွယ်ရေး စာပို့ခတွေ ဈေးတက်နေပေမဲ့ ပုံသေသုံးစွဲခွင့်ရတဲ့ စာပို့ခ၊ကြေးနန်းခ၊ တယ်လီဖုန်းပြောခက
လဲတစ်လ-၁၀၀၀၀ိ/ပါ။ ခရီးစရိတ်တွေ မြင့်မားနေပေမဲ့ (၁၅)ယောက် ကင်းစောင့်ရတဲ့ဘဏ်
တစ်ခုရဲ့ခရီးစရိတ်တွေကလဲ တစ်နှစ်လုံးမှ(၁၀၀၀၀၀ိ/)ပါ။ အသုံးစရိတ်ဘတ်ဂျက်တစ်ခုလုံး
သုံးစွဲလို့မရတဲ့ ခေတ်မမှီတော့တဲ့ စီမံခန့်ခွဲရေးစားရိတ်တွေနဲ့ ရပ်တည်ဆောင်ရွက်ရင်း နိုင်ငံ
တော်အတွက် ကျပ်သန်းပေါင်းများစွာ နှစ်စဉ်အမြတ်အစွန်းရှာဖွေပေးနေတဲ့ဘဏ်တစ်ခုဖြစ်
ပါတယ်ခင်ဗျား
      သမ္မတကြီးခင်ဗျား… သမ္မတကြီးရဲ့အစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေကို
မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်.တောင်သူတွေအတွက်ချေးငွေတွေတိုးသလို ဒီလုပ်
ငန်းစဉ်ကိုလက်တွေ့ကျကျ အကောင်အထည် ဖော်နေတဲ့ အရင်းအမြစ်တွေနဲ့ဝန်ထမ်းအင်
အားကို လိုအပ်သလို တိုးဖြည့်ပေးဖို့လဲ အမှန်တကယ် လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့လို
အပ်ချက်တွေကို ပြည်နယ်/တိုင်း/ရုံးချုပ် အဆင့်ဆင့်   တင်ပြချက်များနဲ့ ပြည်ထောင်စုဝန်ကြီး ဌာနအထိ တင်ပြထားကြောင်း သိရှိရသော်လည်း ယနေ့အထိထူးခြားမှု မရှိသေးပါသဖြင့် အောက်ခြေ ၀န်ထမ်းများ၏ အခြေအနေမှန် သဘောမှန်နဲ့ လိုအပ်ချက်များကို သမ္မတကြီး ကိုယ်တိုင် သိရှိနိုင်ရေးအတွက်နဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အသနား ခံတင်ပြရခြင်း ဖြစ်ပါသည်ခင်ဗျား

ဝန်ထမ်းအင်အားဖွဲ့စည်းပုံ တိုးမြှင့်ပေးပါ
ဘတ်ဂျက် အသုံးစရိတ်များ တိုးမြှင့်ပေးပါ
ငွေရေစက်၊ ကွန်ပျူတာများ တပ်ဆင်ပေးပါ

                                                        သမ္မတကြီးကျန်းမာပါစေ
                                                                 မြို့နယ်မန်နေဂျာများနှင့်ဝန်ထမ်းငယ်များ

လုပ်စားသွားကြသူများကြောင့် အတိဒုက္ခရောက်နေရမှုမှ ကယ်တင်ပေးနိုင်ပါရန် ( အုတ်စက်ရုံဝန်ထမ်းတစ်ဦးရဲ့ တိုင်ကြားစာ)



 ကျွန်တော်တို့ရဲ့ဘ၀တွေကို လျစ်လျူရှုမထား ကြပါနဲ့ ကြည့်ရှု စောင့်ရှောက်ပေးကြပါဦး ဆိုပြီး ဒီမိုဝေယံသို့ ပေးပို့လာတဲ့  အုတ်စက်ရုံဝန်ထမ်းတစ်ဦးရဲ့ တိုင်ကြားစာကို ဖော်ပြလိုက်ရပါတယ်..။
နိုင်ငံတော် အစိုးရအနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ကော်မရှင်ဖွဲ့ပြီး လုပ်နေတာတွေ့ရ သလို ဒီမိုကရေစီခေတ်မှာ Good Governance နဲ့ Clean Governmentဖြစ်အောင် လုပ်နေချိန် လည်းဖြစ်ပါတယ်.... ယခုအချိန်မှာ ဆက်သွယ်ရေး ၀န်ကြီးဌာနက အဆင့်မြင့်အရာရှိတွေကိုလဲ စုံစမ်း စစ်ဆေးနေတာတွေ လုပ်နေပြီလို့ ကြားသိရပါတယ်.... ဒါပေမယ့်လည်း မိမိကိုယ် မိမိတော်ပါတယ်... ကောင်းပါတယ်ဆိုပြီး အသံကောင်း ဟစ်ပြီးတော့နောက်ကွယ်ကခြစားနေတဲ့ ကိစ္စရပ်တစ်ချို့လဲ ရှိနေ တဲ့အတွက် ဒီလိုကိစ္စမျိုးကို ကျွန်တော်ပြောပါရစေ၊ ကျွန်တော်ခံစားခဲ့ရတဲ့ ကိစ္စဟာဆိုရင် နိုင်ငံတော် နဲ့ပြည်သူတွေသာမက တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ကျနော်တို့လိုနေ့စားဝန်ထမ်းတွေပါ အတိဒုက္ခ ရောက်ခဲ့ရပါတယ်....
ကျနော်ကတော့ စက်မှုဝန်ကြီးဌာန(ယခင် စက်မှု-၁)လက်အောက် အင်းစိန်၊ ဒညင်းကုန်း အုတ်စက်ရုံနေ့စား အလုပ်သမား ၀န်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျနော်တို့ အုတ်စက်ရုံကို ၂၀၁၂သြဂုတ်လ တုန်းက Mother Trading Co. ကိုရောင်းချခဲ့ပါတယ်....။ 
စရောင်းတဲ့ အချိန်တုံးကတော့ သမ္မတ အကြံပေးဝန်ကြီးဦးစိုးသိန်းက DVB Interview မှာ “ဒီစက်ရုံကရောင်းလိုက်တာတော့ ဟုတ်တယ်.... ဒါပေမယ့် ဒီအလုပ်သမားတွေ အလုပ်မပြုတ်ပါဘူး....သူတို့က ဆက်လက်နေပိုင်ခွင့်ရှိတယ်... အလုပ် လဲဆက်ပြီး လုပ်ပိုင်ခွင့်ရှိတယ်” ဆိုပြီးပြောခဲ့သလို အခြားတစ်ဖက်ကလည်း“ အဲဒီ အလုပ်သမားတွေဟာပေါက်တူးတစ်လက်နဲ့ ကျူးကျော်ပြီးတော့ ၀င်ရောက် နေထိုင်နေတဲ့ သူတွေဖြစ်တယ်.... ဒီတော့ ဒီအလုပ်သမားတွေကိုဖယ်ရှားရမယ် ” လို့ ပြောလာ ပြန်တယ်.....
အခုအခြေအနေမှာ စက်ရုံက Permanent ၀န်ထမ်းတွေကိုတော့ ဆက်လက်ခန့်တာတို့ ပင်စင် ပေးတာတို့တော့ရှိပေမယ့်၊ စက်ရုံဝန်ထမ်းထဲက အလုပ်သမားတန်းလျားမှာနေပြီး အလုပ်လုပ် နေရတဲ့ ကျွန်တော်တို့လို နေ့စားအလုပ်သမားတွေအဖို့ အလုပ်လက်မဲ့ဘ၀ကို ကြုံတွေ့ရပါတော့မယ်.... ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြတော့လည်း ဘာမှအရေးယူမှု၊ ဆောင်ရွက် ပေးမှုမရှိပါဘူး..... ကျွန်တော်တို့ဘ၀က အစိုးရရယ်၊ စက်ရုံကိုရောင်းချခဲ့တဲ့ သမ္မတအကြံပေး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ Monther Trading  ကုမ္ပဏီရယ်ကြားထဲမှာ စားစရာမရှိ/ နေစရာမရှိ ဘ၀မျိုးရောက် ရပါတော့မယ်။
.... တစ်ကယ်တန်း ထိုက်ထိုက်တန်တန် အကျိုးရှိသွား တာကတော့ Mother Trading ကုမ္ပဏီနဲ့ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ပါပဲ.... ဒါကြောင့် ကျွန်တော်တို့ စက်ရုံအပြင်ဖော့ကန်ဆိပ်ကမ်း နယ်မြေမှာရှိတဲ့ ဆိပ်ကမ်းအနီးက လယ်မြေတွေ ကိုလည်း အုတ်စက်ရုံ တည်ထောင်ဘို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လယ်သမားတွေဆီက သိမ်းယူခဲ့ပြီး Mother Trading Co. ကို အင်မတန် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချခဲ့ပါသေးတယ်.... ခုချိန်ထိ တော့ ဘာလုပ်ငန်းမှ မလုပ်သေးဘဲ တစ်ချို့လယ်မြေတွေကို သီးစားချထားနေတယ်လို့ သိရ ပါတယ်.... ဦးစိုးသိန်းဟာမြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission) အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရာမှာ သူ့ကိုငွေနဲ့ လာဘ်ထိုးမှသာ လုပ်ငန်းအဆင်ပြေတယ် လို့ ကြားသိရပါသေးတယ်....။
ကျွန်တော်တို့မှာတော့ ထမင်းနပ်မှန်အောင်စားနိုင်ဘို့ အင်မတန်ကြိုးစားရုန်းကန်စားသောက် နေရတဲ့အချိန်မှာ နိုင်ငံတော်ပိုင်စက်ရုံနဲ့ မြေတွေကို မတန်တဆညှိနှိုင်းဈေးတွေနဲ့ လုပ်ဆောင်ခဲ့တာကို အားလုံးသိအောင်ပြောပြရခြင်းဖြစ်ပါတယ်.... ၀န်ကြီးနဲ့ကုမ္ပဏီက အဆမတန်ကြီးပွားချမ်းသာလာတာ ကို မလိုလားလို့ပြောတာမဟုတ်ပါဘူး.... ကျွန်တော်တို့ရဲ့ စားဝတ်နေရေးကို နိုင်ငံတော်အစိုးရမှ ပြန်လည်ကြည့်ရှုပေးစေလိုတဲ့ ဆန္ဒနဲ့တင်ပြရခြင်းဖြစ်ပါတယ်....ယခင်စက်မှုဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့တာတွေကို ပြန်ပြောရမယ်ဆိုရင်တော့ ပြောလို့မဆုံးပါဘူး… ကျွန်တော့်အနေနဲ့ကတော့ သမ္မတအနီးအနားမှာ လုပ်ပိုင်ခွင့်အရှိဆုံး ထမ်းဆောင်နေတဲ့ လူကြီး တစ်ယောက်အနေနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေဆက်လက် မလုပ် ဆောင်စေဘို့နဲ့ 
ကျွန်တော်တို့ရဲ့ဘ၀ကို လျစ်လျူရှုမထားဘဲ ပြန်လည် ကြည့်ရှုစောင့်ရှောက် ပေးပါရန် နိုင်ငံတော်သမ္မတကြီးထံ တင်ပြလိုက်ပါရစေခင်ဗျာ....
 အုတ်စက်ရုံဝန်ထမ်းတစ်ဦး

မတရားလာဘ်ငွေ တောင်းခံခြင်း ခံနေရသည့် ကုမ္မဏီများဆိုင်ရာအခွန်ရုံး အရာထမ်းများမှ (တိုင်ကြားစာ)

ကျွန်တော်များ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကုမ္မဏီများဆိုင်ရာ အခွန်ရုံးတွင်၊ ဌာနတွင်းစာရင်းစစ်အဖွဲ့ဖြစ်သော စစ်ဆေရေးနှင့် အကျိုးဆောင်ဌာနခွဲမှ နှစ်ပတ်လည် စာရင်းစစ် လာရောက်မည်ဖြစ်ရာ ဌာနမှုးနှင့် ဒုညွှန်မှုး၊ လက်ထောက်ညွှန်မှုးများ၏ အစည်းဝေးဆုံးဖြတ်ချက်အရ၊ ဒုဉီးစီးမှုးတစ်သိန်း၊ ဦးစီးအရာရှိ တစ်သိန်းခွဲ ခွဲတမ်းပေးရန် ဆုံးဖြတ်သဖြင့် လစာထုတ်သည့်နေ့တွင် ဌာနစု၊ ၆စု ရှိအေအိုများမှ အပြီးတောင်း၍အိမ်သို့ လစာမပါဘဲ၊ မတရားတောင်းသော စာရင်းစစ်ကြေးပေးခဲ့ရပါသည်။

ကျွန်တော်တို့ ဋ္ဌာနတွင် အရာရှိ စုစုပေါင်း တရာကျော်ရှိရာ ယခုကောက်ခံသော     ကျပ်သိန်းတစ်ရာကျော်အား လာဘ်ပေးရန် ကောက်ယူခြင်းဖြစ်ပါသည်။ သန့်ရှင်းကောင်းမွန်သော အစိုးရအဖွဲ့ တည်ဆောက်နေချိန်တွင် ယခုကဲ့သို့ ဝန်ထမ်းအရာထမ်း အချင်းချင်း အနိုင်ထက် 
စီးနင်းမလုပ်သင့်ပါ။ ကုမ္မဏီအခွန်ရုံးမှာ နာမည်ကြီးသော်လည်း အခြားဝင်ငွေ
ပြောပလောက်အောင် မရှိပါ။ ဆေးဖိုး၊ ကွမ်းဖိုးသာရပါသည်။ စာရင်းစစ်အဖွဲ့များ အသိဖြစ်ပါသည်။ 

ရန်ကုန်တိုင်းတွင်းရှိ မြို့နယ်ကြီးများဖြစ်သော၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊မရမ်းကုန်း၊ လသာ၊ တောင်ဉက္ကလာ၊ တာမွေ၊ အစရှိသော အိမ်ခြံမြေစည်းကြပ်ရသော မြို့နယ်ကြီးများ ကဲ့သို့ 
အခွန်ထမ်း ငွေဖြူမလုံလောက်၊ မရှိသည့်သူများအား သူတို့ငွေဖြူအဟောင်းများနှင့် အစားထိုးပြီး၂၀ရာခိုင်နှုံး၊ တံဆိပ်ခေါင်းခွန်အား  ၇ ရာခိုင်နှုန်းနှင့် လုပ်၍ သိန်းရာချီတောင်းပြီး ဝင်ငွေကောင်း သုံးဖြုန်းနိုင်သော အခွန်မှုးများ အချို့ စာရင်းရှိသော်လည်း ထိုသူများနှင့် နှိုင်းယှဉ်ကာ ကျွန်တော်များအဖို့ ဝန်ထုတ်ဝန်ပိုးကြီး ထမ်းရသကဲ့သို့ ဖြစ်သွားကာ ခံစားရပါသဖြင့် သက်ဆိုင်ရာဝန်ကြီးမှ 
ထိန်းသိမ်းပေနိုင်ရန် တင်ပြအပ်ပါသည်။ ညွှန်ကြားရေးမှုးချုပ်နှင့် စည်းကြပ်မှုဗဟိုအဖွဲ့ ညွှန်မှုးတို့မှာလဲ
 ရာခိုင်နှုံးစားသူများ ဖြစ်နေသောကြောင့် ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။ 

ယခုတင်ပြချက်များအား ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီမှ ဝင်ရောက်စီစစ်ပါက အခြေအနေ အရပ်ရပ်အား ပို၍သိရှိရပါမည်ဖြစ်ကြောင်း ထပ်ဆင့်တင်ပြပါသည်ခင်ဗျား။   

 မတရားလာဘ်ငွေ တောင်းခံခြင်း ခံနေရသည့်    
ကုမ္မဏီများဆိုင်ရာအခွန်ရုံး အရာထမ်းများ
                                                         

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် (ရိုက်တာသတင်းဋ္ဌာနနှင့် တရုတ်သတင်းဋ္ဌာန)ရုပ်သံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် 
(ရိုက်တာသတင်းဋ္ဌာနနှင့် တရုတ်သတင်းဋ္ဌာန)ရုပ်သံထုတ်လွှင့်ချက်.. 

Seoul National University မှာဒေါက်တာဘွဲ့ လက်ခံရယူခဲ့တဲ့ အမေစု ရုပ်သံ.. (Reuters)နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ (တရုတ်ရုပ်သံ)


မုံရွာမြို့မှ ယိမ်းယိုင်နေသော တရားရေး မဏ္ဍိုင် အကြောင်း (တိုင်ကြားစာ)

မုံရွာမြို့မှ ယိမ်းယိုင်နေသော တရားရေး မဏ္ဍိုင် အကြောင်း (တိုင်ကြားစာ)