ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Miss International 2013 မှာ မန္တလေးသူ ဂုဏ်ရည်အေးကျော် People Choice Award ဆုရရှိခဲ့ပြီး ဇာခန်းဆီး နောက်ကွယ်က မမြင်ရတဲ့ မေးခွန်းထုတ်ဖွယ် Online Pollတွေကြောင့် Miss Internet ဆုနဲ့ လွှဲချော်ခဲ့ရ..




 
 





Miss International 2013 မှာ မန္တလေးသူ ဂုဏ်ရည်အေးကျော် People Choice Award ဆုရရှိခဲ့ပြီး ဇာခန်းဆီး နောက်ကွယ်က မမြင်ရတဲ့ မေးခွန်းထုတ်ဖွယ် Online Pollတွေကြောင့် Miss Internet ဆုနဲ့ လွှဲချော်ခဲ့ရ..

ဒီနှစ် Miss International 2013 ဖိုင်နယ်ပွဲကို ဝင်ရောက်ကြည့်ရှု မှတ်တမ်း တင်ခွင့်ရခဲ့သည်..။ ခမ်းနားလှတဲ့ ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အတူ နိုင်ငံပေါင်း(၆၇)နိုင်ငံမှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်....။
အာရှ ထိပ်တန်းနိုင်ငံများနှင့် ဥရောပထိပ်တန်း နိုင်ငံများကြားမှာ နိုင်ငံ့ကိုယ်စားပြု မြန်မာမယ်အနေနဲ့ ယခုနှစ်မှာတော့ မြန်မာနိုင်ငံမှ Miss Myanmar 2013 မန္တလေးသူ ဂုဏ်ရည်အေးကျော်မှ ဒုတိယမြောက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်.။

National Costume မှာတော့ ဂုဏ်ရည်အေးကျော်မှ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား ကချင်ရိုးရာ ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီနေရာမှာ တခုပြောလိုတာက မြန်မာတွေ မျှော်လင့်နေကြတဲ့ Miss Internet ဆုပါ..။ ဒီဆုကိုတော့ မကာအိုနိုင်ငံ အလှမယ်က ရရှိသွားခဲ့သည်..။ ပြောရရင်တော့ Miss International 2013 မတိုင်မှီ ပေါ်ထွက်လာတဲ့ Official site တပိုင်း online pollsတွေပါ..။ ဟိုကထွက် ဒီကထွက်နဲ့ ပြိုင်ပွဲ နောက်ဆုံးနေ့မတိုင်မှီ အထိ online polls (၆)ခုထိ ပေါ်ပေါက်ခဲ့ပြီး မြန်မာမယ်ကို မဲပေးသူတွေအတွက် တွေဝေစေစရာ ဖြစ်ခဲ့ပါတယ်..။ ပွဲမစတင်မှီ စတင်ခဲ့တဲ့ Official site လို့ယူဆရတဲ့ Online Vote တွေမှာ (မြန်မာတွေ မသိလိုက်တဲ့ အချိန်အတွင်း) စတင်ချိန်မှာတော့ တခြားနိုင်ငံသူတွေက ဦးဆောင်နေခဲ့ပြီး မျိုးချစ်မြန်မာတွေရဲ့ စုပေါင်းကြိုးစား Vote ပေးမှုကြောင့် Online Polls တိုင်းမှာ အဆပေါင်းများစွာ မဲအသာနဲ့ ဦးဆောင်ခဲ့ပါတယ်..။

ဒီနေရာမှာ ဒီနေ့ ဆုချီးမြှင့်ခဲ့တဲ့ Vote Result ကိုမပြတဲ့ http://beautycity.jp/miss2013/prof_list.asp#myanmar ဂျပန်လင့်ခ် အကြောင်းပြောလိုပါတယ်။ ပွဲစတင်တဲ့ (၇)ရက်နေ့ နောက်ပိုင်းမှ Vote လုပ်လို့ရမှန်းသိရှိခဲ့ပြီး ထူးခြားတာကတော့ တခြားလင့်ခ်တွေနဲ့ မတူ တနေ့ကို နိုင်ငံတကာမယ်(၃)ဦးအထိ Vote နိုင်တယ်ဆိုတဲ့ မရှင်းမလင်း ရေးသားချက်ပါ။ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော်ကို Voteပြီး နောက်တကြိမ်ထပ် Vote တယ်ဆိုရင် ဂျပန်စာနဲ့ Error တက်လာတာပါပဲ.။
တခြားမတူညီတဲ့ မယ်(၂)ဦးကို ထပ်မံVote ရင်တော့ Vote ခွင့်ပြုပါတယ်..။

ဒီ့အတွက်ကြောင့် မြန်မာမယ်ကို ထပ်မံVoteပြီး ဂျပန်စာနဲ့ Error တက်လို့ ပြန်ထွက်သွားသူတွေ ဒီ Voteနဲ့ အကျုံးဝင်မဝင်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်..။ (ဒီအွန်လိုင်း http://beautycity.jp/miss2013/prof_list.asp Vote မှာ စတင်ကတည်းက ရိုးသားမှု မရှိတာကတော့ ဂုဏ်ရည်အေးကျော် အမည်နေရာမှာ အာရပ်အမျိုးသမီးနာမည် တခုနဲ့ မှားယွင်းဖော်ပြခဲ့တာကို Complainတက်ခဲ့ပေမယ့် ချက်ချင်းပြင်ဆင်ပေးခြင်း မရှိခဲ့ပါဘူး) လေးငါးရက်ခန့် အကြာမှ ပြင်ဆင်ပေးပါတယ်..။ အဆုံးသတ်မှာတော့ MISS INTERNET ဆုကို မျှော်လင့်မထားတဲ့ မက္ကာအိုမယ် ရရှိသွားခဲ့ပါတယ်..။ လာမယ့် ၁၉ရက်မှာတော့ အဆိုပါဆိုဒ်မှာ မဲအရေအတွက် ဖော်ပြပေးမယ်လို့ မျှော်လင့်ရပါတယ်..။ အွန်လိုင်း Polls တိုင်းမှာ မြန်မာမယ် ဂုဏ်ရည်အေးကျော် ရရှိတဲ့အတွက် အဆိုပါ Vote Result မပြတဲ့ Miss Internet ဆုဟာ ဇာခန်းဆီးနောက်ကွယ်က မေးခွန်းထုတ်ဖွယ် အဖြစ်အပျက်တွေပါ..။

ဒီနှစ်ရဲ့
Miss International ဆုကတော့
ဖိလိပိုင် နိုင်ငံသူ Bea Rose Santiagoက ရရှိသွားပြီး
ဒုတိယဆုကိုတော့ နယ်သာလန် နိုင်ငံသူ Nathalie den Dekker နဲ့
တတိယဆုကတော့ နယူးဇီလန်နိုင်ငံသူ Lorena Hermidaတို့ ရရှိသွားခဲ့ပါတယ်..။

EST NATIONAL COSTUME - ARUBA
MISS FRIENDSHIP - NEW ZEALAND
MISS INTERNET - MACAU
MISS PHOTOGENIC - LITHUANIA
ဒီနေရာမှာ ထူးခြားတာကတော့ Miss International ပြိုင်ပွဲဝင်နေတဲ့ ဖိလိပင်း မယ်အား ဂျပန်နိုင်ငံမှာ အာဆီယံ ဂျပန် အစည်းအဝေး လာတက်နေတဲ့ ဖိလိပိုင်
သမ္မတကိုယ်တိုင် Camp ဝင်နေချိန်မှာ လာရောက်တွေ့ဆုံ အားပေးခဲ့ပြီး ဖိလိပင်းမယ် အောင်နိုင်ရေးအတွက် ယခင် Miss International ဆုရရှိခဲ့ဘူးတဲ့ ဖိလိပင်းမယ်ဟောင်း ကိုယ်တိုင် နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ ကိုယ်တိုင်လေ့ကျင့် ပေးခဲ့တာပါ..။ ဒါတွေဟာ တခြားသောနိုင်ငံတွေမှာ နိုင်ငံဂုဏ်ဆောင်မယ်တွေကို မည်မျှအလေးထားတယ် ဆိုတာ သင်ခန်းစရာ အချက်တွေပါ.။

ယနေ့ပြိုင်ပွဲသို့ တိုကျိုမြို့နဲ့ မြန်မာနိုင်ငံမှ ခေတ္တရောက်ရှိနေသူ မြန်မာနိုင်ငံသားများမှ သွားရောက် အားပေးခဲ့ကြပါတယ်..။ နိုင်ငံပေါင်း ၆၇နိုင်ငံမှ အလှမယ်များအား လာရောက် အားပေးမှုတွင် ဖိလိပိုင်နှင့် မြန်မာနိုင်ငံသား လာရောက်အားပေးသူ အများဆုံးဖြစ်သည်။

ယနေ့ ပြိုင်ပွဲအပြီး People Choice Award ဆုရရှိခဲ့တဲ့ Miss Myanmar International ဂုဏ်ရည်အေးကျော်မှ အများမျှော်လင့် တောင့်တနေတဲ့ ဆုတံဆိပ်တွေ ဆောင်ကြည်းမပေးနိုင်တဲ့ အတွက် အထူးဝမ်းနည်းမိကြောင်း၊ မြန်မာပြည်တွင်း၊ ပြည်ပမှ ထောက်ခံအားပေး ကူညီပံ့ပိုးခဲ့ကြသူများနဲ့ ဖေ့စ်ဘွတ်ခ်၊ အွန်လိုင်းမှ ပရိသတ်များအား အထူးကျေးဇူးတင်ရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်..။ လာမယ့် ၂၂ရက်နေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံပွဲ ပြုလုပ်မှာဖြစ်ပြီး အဆိုပါပွဲမှ ရရှိတဲ့ ရံပုံငွေများအား ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
သတင်း၊ ဓာတ်ပုံ http://missosology.org/၊ ဒီမိုဝေယံ

လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာနိုင်ပြီ..

လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာနိုင်ပြီ..

ပရိသတ်....

ဒီနေ့ အင်ဒိုနဲ့ ပွဲမှာ ပရိသတ်ပေါက်ကွဲ တာကို အပြစ်တင် မစောကြပါနဲ့ ကိုယ့်မြန်မာအသင်းကို ဖြစ်စေချင်တဲ့ဇော၊ နိုင်စေချင်တဲ့ဇောကြောင့် ဝင်ခွင့်လက်မှတ်ကို ပုဆိုးမနိုင် ပုဝါမနိုင် နေပူကြဲတဲမှာ တိုးကြိတ်ဝယ်ယူ၊ မရတော့လည်း ရှိတာလေး ပေါင်နှံမှောင်ခိုဈေးမှာ ၁၀ဆမက ဈေးနဲ့ဝယ်ယူ...။ အလုပ်ပျက်၊ အကိုင်ပျက် ရည်မှန်းချက် မျှော်မှန်းချက်တွေ အပြည့်နဲ့ အားပေးခဲ့ရရှာတာပါ..။ ရှုံးပြီဆိုတဲ့ အသိကို လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့ အချိန်မှာ Tempo မထိန်းနိုင်တဲ့ ပရိသတ်အချို့ ပေါက်ကွဲခဲ့ကြပြီပေါ့..။
ဘောလုံးကွင်းထဲမှာ သံပြိုင်အားပေး၊ တက်လာတဲ့ Tempo ကိုရှုံးတယ်ဆိုတဲ့ Breakဆွဲချလိုက်တော့ အရှိန်မထိန်းနိုင်ပဲ ပေါက်ကွဲမှုတွေ ဖြစ်ကုန်ကြရရှာပြီပေါ့..။ ကိုယ့်ပြည်ကိုယ့်မြေမှာ အုပ်စုပွဲမှာပင် ထွက်ရတယ်ဆိုတဲ့ ရလဒ်ဟာ ပရိသတ်အတွက် ခဲလေသမျှ သဲရေကျခဲ့ရတာပါ..။

မြန်မာအသင်း...

ဂိုးတလုံးဝင်ရင် သိန်းတရာ(ဒေါ်လာ၁သောင်း)ဆိုတဲ့ ဘဏ်တခုရဲ့ ငါးစာဟာလည်း ဘောလုံးသမားတွေအတွက် အိပ်မက်တခု ဖြစ်စေသလို Selfish ဆိုတဲ့ စိတ်ဓာတ်ကို ရိုက်သွင်းပေးသလို ဖြစ်နေတော့ မြန်မာနိုင်ငံလို ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်း ထပ်တူကြဖို့ မဖြစ်နိုင်တဲ့ အားကစားသမားတွေ အတွက် သိန်းတရာအရေး သူနိုင်ကိုယ်နိုင် အပြိုင်သွင်းကြပြီပေါ့။ ဒီပွဲကို ပြန်ကြည့်လိုက်တော့လည်း ပယ်နယ်တီဆိုတဲ့ အဆုံးအဖြတ် တခုဟာ အနိုင်အရှုံးရဲ့ အဖြေဖြစ်ခဲ့ရပါတယ်..။

နည်းပြ...

ဒီနေ့ Lineup စကတည်းက သရေဆိုရင် တက်ပြီဆိုတဲ့ တက်မ ထောင်မှုနဲ့ အရံတွေကို ထုတ်သုံး ပြိုင်ဘက်အသင်းကို အထင်သေး လူရွေးမှား လူသွင်းမှားတဲ့ အဓိကတာဝန်ရှိသူ တဦးလို့ မြင်ပါတယ်...။

ဒိုင်...

ဒိုင်သူ့အလုပ် သူလုပ်တယ်ဆိုပေမယ့် ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်သလို မလိုအပ်ပဲ ပစ်ဒဏ်ဘောတွေ ပေးနေတဲ့အတွက် ဝီစီသံတရွှင်ရွှင်နဲ့ ဘောလုံးအရသာ ပျက်ခဲ့ရပါတယ်..။

ပရိသတ်.. အတိုင်းထက်အလွန် အားပေးခဲ့ကြသည်။ ရည်မှန်းချက် ကြီးမားခဲ့ကြသည်.။

သို့ပေတည့် ကျွန်တော်တို့တတွေ ဘယ်လောက်ပင် ဘောလုံးသမားတွေ ကောင်းကောင်း လူမှန် နေရာမှန် မသုံးတတ်သရွေ့၊ အားကစားနဲ့ အသက်မွေးဝမ်းကြောင်းမှု တထပ်တည်း မကျသရွေ့၊ ဘောလုံးနဲ့ အားကစားကို ငယ်စဉ်ကတည်းက ကျောင်းတွေမှာ လေ့ကျင့်မပျိုးထောင်သရွေ့၊ ကျောင်းတိုင်းမှာ ကစားကွင်းတွေ သတ်သတ်မှတ်မှတ် မထားပေးသရွေ့၊ ဘယ်လောက်ပင် တော်တော် လူကြီးနဲ့ နီးစပ်သူတွေ အကပ်ကောင်းသူတွေသာ ရွေးချယ်ခံရတဲ့ လူကြီးခေတ် မကုန်သရွေ့၊ မီးခဲပြာဖုံးတွေ အပေါ်မရောက်သရွေ့၊ ရွှေပြည်တော် မျှော်လေတိုင်းဝေးနေဦးမှာပါ။

အချုပ်အားဖြင့် ဆိုသော်...
မြန်မာဘောလုံးအသင်းကို နိုင်စေချင်တဲ့ ကျွန်တော်တို့တတွေ
မြန်မာဘောလုံးအသင်း ကိုယ့်နိုင်ငံ့ကိုယ်စားပြု ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေသရွေ့ မှတပါး အခြားမရှိသည့်အတွက် ဆက်လက် အားပေးနေကြရဦးမှာပါ..။

လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာဆိုတဲ့ အိပ်ပျော်နေတဲ့ နဂါး ပြန်လည် နိုးထလာမှာပါ..။

ဒီမိုဝေယံ

အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ မကျေနပ်..

အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ
နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ  မကျေနပ်

ရန်ကုန်မြို့သုဝဏကွင်းတွင် ကစားနေသော အုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွင် မြန်မာယူ-၂၃ အသင်မှာ အင်ဒိုနီးရှား ယူ-၂၃ အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီဖြစ်သည်။ မြန်မာအသင်းမှာ ပထမပိုင်းတွင် ပွဲထွက်စာရင်း၌ ကြည်လင်းကို ဒဏ်ရာကြောင့် အသုံးမပြုနိုင်ခဲ့ဘဲ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာသည် ကောင်းစည်သူကို အထောင်တိုက်စစ်မှူးအဖြစ်ထားကာ ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။ 


ပထမပိုင်းတစ်ပိုင်းလုံး မြန်မာအသင်းမှာ ကစားကွက်မမိခဲ့ဘဲ တိုက်စစ်မှာလည်း တစ်ဖက်အသင်းကို လုံးဝခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပေ။ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာသည် ဒုတိယပိုင်းရောက်မှသာ ကျော်ကိုကို ကို လူစားလဲထည့်သွင်းခဲ့ပြီး အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းနှင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း တိုက်စစ်တွင် အားထားရခြင်းမရှိသည့် ကောင်းစည်သူကို လူစားမလဲခဲ့ဘဲ မြန်မာအသင်းမှာ ပထမပိုင်း ၃၆ မိနစ်တွင် ပေးခဲ့ရသည့် တစ်လုံးတည်းသော ပင်နယ်တီဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ယင်းပွဲတွင် မြန်မာအသင်း၏ လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်ပြီး ပရိသတ်များမှာ မကျေမနပ်ဖြစ်နေကြကြောင်းလည်း သိရှိရသည်။

`` First Lineup ထုတ်ကတည်းက ဘာဖြစ်လို့ ကျော်ကိုကို ကို မထည့်ခဲ့တာလဲ၊ ကြည်လင်းမကစားနိုင်တာကို သိပါတယ်။ ကြည်လင်းမကစားနိုင်လည်း ကျော်ကိုကိုနဲ့ ကျော်ဇေယျာဝင်း တွဲထုတ်လို့ ရတာပဲ။ အဓိကမြန်မာအသင်း ရှုံးရတာ လူထုတ်ပုံညံ့ဖျင်းလို့ပဲ။ ဒီလောက်အရေးကြီးတဲ့ပွဲမျိုးမှာ ဘာစိတ်ကူးနဲ့ ဒီလို လုပ်ရသလဲလို့ နည်းပြပတ်ဆောင်ဟွာကို မေးချင်တယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေ ဆုံးရှုံးရတာ သူ့အပေါ်မှာ လုံးလုံးတာဝန်ရှိတယ်´´ ဟု သုဝဏကွင်းအတွင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ပရိသတ်တစ်ဦးဖြစ်သူ ကိုတင်အောင်မိုးက ပြောကြားခဲ့သည်။


EMG

ဒီကနေ့ အရေးကြီးတဲ့ ကိစ္စတခုတောင် မသွားဖြစ် မြန်မာပွဲကို မျိုးချစ်စိတ် အပြည့်ဖြစ် ကြည့်ရှုမိတယ်..။

၁.မကြည့်မဖြစ် ကြည့်ဖြစ်အောင် တိုက်ရိုက် ရုပ်သံလွှင့်သူ Sky Net.

၂.သန်း(၆၀) မြန်မာပြည်သူ၊ ပြည်သားများ ရင်ဝကို စောင့်ကန်သူ မြန်မာဘောလုံးအသင်း၊

၃.ခေါင်းကိုက်ခံ နှလုံးတုန် ရင်ခုန် ယခင် မြန်မာဘောလုံးအသင်း သမိုင်းများရှိသော်လည်း မနာမမှတ် အားပေးဖြစ်အောင် အားပေးသူ ကျွန်တော်မျိုး.. ငမိုက်သား

ဤ ၃ဦး ၃ဖလှယ်တွင် မျှော်လင့်ချက် ထားမိသူ ကျွန်ုပ်သာလျှင် အပြစ်ရှိပါကြောင်း..


သို့ပေတည့် မြန်မာဘောလုံး အရေးကြီးတဲ့ နိုင်ငံ့ကိုယ်စားပြု ကန်တဲ့ပွဲတိုင်းမှာ မြန်မာနိုင်ငံသား တဦးအနေနဲ့ ဆက်လက်အားပေး နေဦးမှာပါ..။

ဒီမိုဝေယံ 

စိတ်အမောတွေကြားထဲက (ထိုင်း-မြန်မာ) ဘောလုံးပွဲအကြောင်း ရေးထားတာလေးကြည့်ပြီး ရီကြရအောင်..

စိတ်အမောတွေကြားက ရေးထားတာလေးကြည့်ပြီး ရီကြရအောင်..

မြန်မာ - ထိုင်း ဘောပွဲ ကြည့်ပြီး သကာလ အတွေးများ ပလုံစီဧ။် ။

မြန်မာအသင်းဧ။် ကစားအား၊ ကြိုးစား အားထုတ်မှု လိုသည်ထက်ပင် ပိုသေးဧ။် ။
အင်မတန် ကြိုးစားကြဧ။်။ ပြေးကြ လွှားကြဧ။်။
နိ့ပေမယ့် အမှတ်ပေးစနစ်သည် တသင်းလုံးမှ ထွက်သည့်ချွေးကို
အရည်ညှစ်ချပြီး သတ်မှတ်ခြင်းမျိုး မဟုတ်။ နိုင်မှ ၃ မှတ်ပေးခြင်း ဖြစ်သည် ။

အနိင်မရ သဖြင့် မချိတင်ကဲ ဖြစ်ရဧ။် ။ ယင်းပွဲကို ပြန်ကြည့်သောအခါ ...

(၁) ကျော်ဇေယျာဝင်း

ဟမ္ဗူရာဘီဧ။် ကိုဓ ဥပဒေအတိုင်းသာ စီရင်မည် ဆိုလျှင် နှစ်လုံး ဖြုန်းသော
အနှီသူငယ် အခြောက် ဖြစ်ဖို့ သေချာသည် ။ ပထမ အလုံး ဆိုလျှင်
ညာဘက်မှာ လွတ်နေသော အသင်းဖော်ကို မပေး ။ တိုက်ရိုက် ကန်ပစ်ပုံမှာ
စုံစမ်းစစ်ဆေးရေး ကော်မရှင်ပင် ဖွဲ့ချင်စရာကောင်းဧ။် ။ ဦးအောင်မင်း နှင့်
ဗိုလ်ချုပ်ဂွမ်မော် တွဲကစားလျှင်ပင် ဝမ်းတူး ရိုက်ပြီး ဂိုးသွင်းနိင်သေးဧ။် ။

ဒုတိယ အလုံးမှာ သာ၍ ဆိုးဧ။် ။ သူငယ်မ ခင်ဝင့်ဝါ ၊ မိုးစက်ဝိုင် တို့ ကန်လျှင်ပင်
ထိုင်းဂိုးသမားလေး မျက်ရည်ကျဖို့ သေချာသည် ။ နို့ပေမယ့် အနှီ သူငယ်
လွဲကန်သဖြင့် မြန်မာပြည်ဧ။် ဟာ ၊ ဟင် သံ အမေရိကန်မှ ကြားလောက်ဧ။် ။

(၂) ကျော်ကိုကို

အနှိုင်းမဲ့ သိုင်းကျမ်း ရထားသော သိုင်းသမား ဂူအောင်း သိုင်းကျင့်နေသည့်နှယ်
ဘယ်ဝင်းတလျှောက် ဇာတ်မြှပ်နေသော လူထူးဆန်း ဘောလုံးသမား ဖြစ်သည် ။
တချက်တချက် ပေါ်ထွက်လာသော်လည်း စီရိုနယ်ဒို ဝမ်းချုပ်နေသော အမူအရာဖြင့်
မန္တန်ရွတ်သယောင် ၊ ဂါထာ ဖတ်သယောင် ရေရွတ်ပေါက်ကွဲနေသော သူငယ်ဖြစ်သည် ။
လူပေးရန် ဝန်လေးခြင်းကား သူဧ။် အရည်အချင်း တခု ။

(၃) ကြည်လင်း

ပျူခေတ် ၊ ဟန်လင်းခေတ်နှင့် ကုန်းဘောင်ခေတ် အနှောင်းပိုင်းမှစ၍ မြန်မာဘောလုံးအသင်းသည်
" အားထားရလေ နာကျင်လေ " ဟူသော ဆောင်ပုဒ်အတိုင်း တိကျစွာ လိုက်နာခဲ့သည် ။
ယခင် ပွဲများတွင် ကြည်လင်း ကောင်းစွာ ကစားနိင်သဖြင့် ယနေ့ပွဲ နာကျင်ရမည် ဖြစ်သည် ။
ဗေဒင် မေးစရာ မလို။ နက္ခတ် ကြည့်စရာ မလို။ ကျော်ကိုကို နှင့် ကျော်ဇေယျာဝင်း ယနေ့ပွဲ
မကောင်းသဖြင့် နောက်ပွဲ ဒဏ်ရာ မရနိုင်။ နောက်ပွဲ ကောင်းကြလျှင်မူ ဆီမီဖိုင်နယ်ပွဲ ဒဏ်ရာ ရနိင်မည် ။
ယင်းကား မြန်မာအသင်းဧ။် ဒဏ်ရာရတွက်ချက်ပုံ ဖော်မြူလာ ဖြစ်ဧ။်။

ညာနောက်ခံလူ ရန်အောင်ဝင်းကား ပယောဂ မိထားသကဲ့သို့ ထိုင်းတောင်ပံကစားသမားဧ။် မာယာကျော့ကွင်းတွင် နှောင့်ဖွဲ့မိနေဧ။်။ ယနေ့ပွဲ ဒေးဗစ်ထန် ကောင်းဧ။် ။ ထို့ကြောင့် နာဧ။် ။
မြန်မာအသင်းသားများ ဘောလုံးဖျက်ထုတ်ပုံမှာ အာဖရိကလူရိုင်းများ ဆင်လိုက်သည့်နှယ် ။ ကြမ်းသည် ရမ်းသည်။ ထိုင်းက နုသည် နွဲ့သည် ။ ကွင်းဘေးတွင် နှဲဖြင့်သာ စိတ်ရှိတိုင်း ထိုင်ချွဲလိုက်လျှင် ပရိသတ် မျက်ရည် စို့နိင်သည်။ ထိုင်းက ကစားကွက်ဖြင့် ဂိုးမရနိင်မှန်း သိသည် ။ သို့နှင့် ၁၈ ကိုက် ဂိုးစည်းရှေ့ ဟန်ရေးပြသည်။ မြန်မာ ကာလသားများက မယ်သီတာကို တွေ့လိုက်သည့် ဒဿနှယ် အတင်း အနုကြမ်း ဝင်စီးဧ။်။ ထိုင်းက ခွေဧ။် ၊ ခေါက်ဧ။် ။ ဒိုင်က စိတ်ညစ်၍ တည်ကန်ဘော ပေးဧ။် ။ သို့နှင့် ဂိုးဧ။် ။

နိင်အောင် ကြိုးစားရမည်မှာ အားကစားသမား တာဝန်ဖြစ်သည် ။
သေလုမြောပါး အားပေးရမည်မှာ ပရိသတ် တာဝန်ဖြစ်သည် ။

နိင်လျှင် ပရိသတ် ပေါက်ကွဲမည် ဖြစ်သည် ။
မနိင်လျှင်လည်း ပေါက်ကွဲမည် ဖြစ်သည် ။

ဇာတ်ပေါင်းသော် ယနေ့ မြန်မာနိင်ရမည် ဖြစ်သည် ။ သို့သော် မနိင် ။ မနိင်၍ ဖုဧ။် ၊ တင်းဧ။် ။
သို့နှင့် ပေါက်ကွဲဧ။် ။ ရေပွက်မျှသာတည်း ။ မသေသေး သရွေ့ မြန်မာကိုသာ အားပေးမည် ဖြစ်ဧ။် ။
ဆဲတော် မမူကြလင့်။ ပြီးပါပြီ ။

Credit- လူငယ်တယောက်ဧ။် ရင်ကွဲပက်လက် လမ်းဆုံ

ဆီးဂိမ်းနဲ့ အပြိုင် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင်နေတဲ့ မန္တလေးသူ MISS MYANMAR ဂုဏ်ရည်အေးကျော် Miss Internet ဆုအတွက် (၂)ရက်တာ လိုပါတော့တယ်..။ တို့မြန်မာတွေ အားစိုက် Vote ပေးကြပါဦး..

ဆီးဂိမ်းနဲ့ အပြိုင် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင်နေတဲ့ မန္တလေးသူ MISS MYANMAR ဂုဏ်ရည်အေးကျော် Miss Internet ဆုအတွက် (၂)ရက်တာ လိုပါတော့တယ်..။ တို့မြန်မာတွေ အားစိုက် Vote ပေးကြပါဦး..


တို့မြန်မာတွေ (၂)ရက်တာ လိုတော့တဲ့ အတွက် အားစိုက် Vote ပေးကြပါဦး..

အင်တာနက် အွန်လိုင်း Vote ပြီးဆုံးရန် (၂)ရက်သာ လိုတော့သည်..။ မျိုးချစ် ပြည်ချစ် မြန်မာတွေရဲ့ ကြိုးစားအားပေးမှုကြောင့် ရလာဒ်ကောင်းများကို မြင်တွေ့နေရပြီ ဖြစ်သည်။

(၁)Result အဖြေမမြင်ရတဲ့ ဂျပန်ဆိုဒ်တခုဖြစ်တဲ့ http://359906.tbits.me/?option_id=444280 မှာတော့ တနေ့ကို (၃)ယောက်အထိ မတူတဲ့သူ (၃)ဦးကို VOTE ခွင့် ပေးထားတဲ့ အတွက် ကျန်တဲ့ ရက်တွေမှာ တို့မြန်မာတွေ MISS MYANMAR ဂုဏ်ရည်အေးကျော် တဦးတည်းကိုသာ VOTEပေးကြဖို့ အကြံပြု လိုပါတယ်..။ (တနေ့ ၃ဦးထိ မဲပေးလို့ရပြီး တဦးတည်း မဲပေးလို့ မရဆိုတာ ရေးသားထားခြင်း မရှိလို့ ယူဆပါတယ်..)

(၂) မျိုးချစ် မြန်မာတွေရဲ့ တခဲနက် Voteပေးခဲ့မှုကြောင့် Result မြင်ရတဲ့ Vote တခုဖြစ်တဲ့ http://359906.tbits.me/?option_id=444280မှာတော့ မဲ(၂)ထောင် နီးပါးခန့် သာလွန်နေပါပြီ..။ သို့ပေတည့် ပန်းတိုင်မရောက်ခင် စိတ်ချရတဲ့အထိ ဆက်လက် Vote ပေးဖို့တောင်းဆို ပါရစေ...။

ဆီးဂိမ်းနဲ့ အပြိုင် Miss Internet ဆုကို အရယူနိုင်ဖို့ အတွက် ကမ္ဘာမှာ တို့မြန်မာ ပရိသတ်ကို သတိမပြုပဲ မနေနိုင်ရလေအောင် ဆက်လက်ကြိုးစား Vote ပေးကြဖို့ တောင်းဆိုပါရစေ....။

အားပေးကူညီကြတဲ့ ပရိသတ်အပေါင်းအားလည်း ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် ဖေ့စ်ဘွတ်ခ်နဲ့ အွန်လိုင်း ပရိသတ်ကြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေကြောင်း ယနေ့ MISS MYANMAR ဂုဏ်ရည်အေးကျော်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်..။
Admin..
https://www.facebook.com/GonyiAyeKyaw

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေနဲ့ ရုပ်သံလိုင်းများ..

              (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေနဲ့ ရုပ်သံလိုင်းများ..

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေကို Update ဖော်ပြပေးနေတဲ့ 2013 Southeast Asian Games Wikipedia Pageပါ...။
တခြား ဆုတံဆိပ် Result တွေဖော်ပြပေးနေတဲ့ ဆိုဒ်တွေထက် နိုင်ငံအလိုက် ရလဒ်တွေ ဖော်ပြတာ မြန်ဆန်ပါတယ်..။

လင့်ခ်ကတော့ http://en.wikipedia.org/wiki/2013_Southeast_Asian_Games ဖြစ်ပါတယ်..။ အောက်ဆုံးထိ ဆွဲကြည့်သွားရင် လတ်တလော Update Resultတွေကြည့်နိုင်ပါတယ်..။



Sea Games Channel, Sky Net, MRTV လင့်ခ် http://myanmartvchannel.com/sky-net.html

Sea Games Channel,MRTV လင့်ခ် http://www.pinoyheadline.com/2013/12/02/sea-games-2013-live-streaming/

ဓာတ်ပုံ... ၁၃ရက်နေ့က ကျင်းပတဲ့ မြန်မာ-ထိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကို လာရောက် အားပေးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...။

ဓာတ်ပုံ REUTERS/Soe Zeya Tun

ဖြတ်ခနဲဖြစ် ဆတ်ခနဲကယ်မည့်အဖွဲ့..

 
 
 
 
 
 
ဖြတ်ခနဲဖြစ် ဆတ်ခနဲကယ်မည့်အဖွဲ့..

အရေးပေါ်ကယ်ဆယ်ရေး (Emergency Rescue) ဟုဆိုရာ၌ လူတစ်ဦးတစ်ယောက် ဒုက္ခရောက် နေသည့်အချိန်၊ ဒဏ်ရာရရှိသည့်အချိန်တို့တွင် အချိန်နှင့် တပြေးညီ လျှင်မြန်ဖျတ်လတ်စွာဖြင့် အသက် အန္တရာယ်မှ ကယ်တင်နိုင်ရန်၎င်း၊ ဒဏ်ရာရရှိသည့် လူနာများတို့အား အရေးပေါ် အသက်ကယ်တင်နိုင်ရန် သက်ဆိုင်ရာ ဆေးရုံကြီးများသို့ လျှင်မြန်စွာ ပို့ဆောင်ပေးသည့် လုပ်ငန်းရပ်ဖြစ်သည်ဟု ကျွန်တော်လက်ခံ ယုံကြည်ထားသည်။

ပြည်ပနိုင်ငံများ၏ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဖြင့် ပြည်သူလူထုတို့၏ အသက်အိုးအိမ်များတို့အား ဘေးဒုက္ခ၊ ဘေးအန္တရာယ်မှ ကယ်တင်ကူညီသည့် အဖွဲ့အစည်းများစွာရှိသည်။ သို့သော် များသောအားဖြင့် အခကြေးငွေပေးဆောင်ရသော အဖွဲ့အစည်းများဖြစ်ကြသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လူသားချင်းစာနာသော စိတ်ထားဖြင့် ဖွဲ့စည်းတည်ထောင်ထားကြသော ဗြဟ္မစိုရ်တရား (၄) ပါးအား လက်ကိုင်ပြုကျင့်သုံးနေကြသော ပရဟိတအဖွဲ့များ များစွာပေါ်ထွန်းလာသည့်အတွက် မြန်မာ ပြည်သူလူထုတို့ကိုယ်စား ကျေးဇူးအထူးတင်ရှိသည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လည်း နာရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေး၊ စစ်ဘေး အစရှိသည့် ဒုက္ခ၊ အပူမီးများအား အခမဲ့ ဝန်ဆောင်မှုများ ပြုလုပ်ပေးနေသလို အရေးပေါ်ကယ်ဆယ်ရေး၌ ပါဝင်ကြသော လူငယ်များအား ရန်ကုန် တိုင်းကြက်ခြေနီအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ချုပ်နှင့် ပြည်ပနိုင်ငံမှ ဆရာဝန်ကြီးများ၏ အကူအညီဖြင့် အရေးပေါ်အသက်နည်းလုပ်ငန်းများ၊ လူနာများအား စနစ်တကျပြုစုနည်း၊ ကိုင်တွယ်နည်း၊ လူနာတင်ယာဉ် ပေါ်တွင် အောက်ဆီဂျင်အိုးများ အသုံးပြုနည်း စသည့် ရှေးဦးသူနာပြုစုနည်း လုပ်ငန်းများအား သင်ကြား ပို့ချပေးခြင်းဖြင့် အဆင့်မြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းရပ်သို့ စတင်ခြေလှမ်းနေပြီဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်ရာတွင် အချိန်နှင့်တပြေးညီ ကယ်တင်မှုများ ပြုလုပ် နိုင်ရန်အတွက် တယ်လီဖုန်းအမှတ် ဝ၉ - ၃၁ ၃၃၃ ၂၇၃ နှင့် ဝ၁ - ၅၈ဝ ၁၃၃ သို့ဆက်သွယ်၍ (အခမဲ့) အကူအညီ တောင်းခံနိုင်ရန်အတွက် စီစဉ်မှုပြုလုပ်ထားပြီး အရေးပေါ်လူနာတင်ယာဉ်များတွင် လိုက်ပါကြ မည့် ပရဟိတမောင်/မယ်များအားလည်း အချိန်နှင့်အမျှ ကူညီမှုများပြုလုပ်နိုင်ရန် သက်ဆိုင်ရာရဲဌာန၊ ယာဉ်ထိန်းဌာန၊ ကြက်ခြေနီဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံးများအား ဆက်သွယ် ချိတ်ဆတ် မှုများ ပြုလုပ်စီစဉ်ထားရှိသည်။

၇.၁၂.၂ဝ၁၃ ရက်နေ့တွင် ကျွန်တော်သည် မန္တလေးမြို့သို့ ပရဟိတလုပ်ငန်းကိစ္စရပ်ဖြင့် သွား ရောက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ရောက်ရှိစဉ် ကျွန်တော်၏ တယ်လီဖုန်းထံ အရေးပေါ်အကူအညီတောင်းမှု တစ်ခုကြားသိခဲ့ရသည်။ မိကျောင်းကန်ရပ်ကွက်နေ ပြည်သူလူထုတို့နှင့် တပ်မြို့စည်ပင် (အနက်ရောင်ဝတ်စုံဝတ်သူ) တို့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိခဲ့သော ပြည်သူလူထု (၁၂) ယောက်၊ စိုးရိမ်ရသူ (၆) ဦးတို့အား အရေးပေါ်စံပြဆေးရုံသို့ ပို့ဆောင်ကုသပေးမှုတို့အား ကူညီဖေးမ ပေးခဲ့သည်။

ထို့နောက် ၉.၁၂.၂ဝ၁၃ ရက်နေ့ ညတွင်လည်း ယင်းမိကျောင်းကန်ရပ်ကွက်အား စစ်တပ်မြေ ဖြစ်သည့်အတွက် ညနေ (၆) နာရီနောက်ဆုံးထား ရုပ်သိမ်းပေးရန် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်မှ အပြီးအပိုင်ဖယ်ရှားမှု မပြုလုပ်ခဲ့သောကြောင့် မလိုလားအပ်သော ပဋိပက္ခများထပ်မံ၍ ဖြစ်ပေါ်လာပါက ကျွန်တော်တို့ ပရဟိတသမားများအနေဖြင့် အရေးပေါ်လူနာတင် ယာဉ်နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တို့အား မိကျောင်းကန်ရပ်ကွက် အနီးပတ်ဝန်းကျင်သို့ စေလွှတ်ပြီး အသင့် အနေအထား စောင့်ဆိုင်းနေခဲ့သည်။

သို့သော် ည (၁၂းဝဝ) နာရီအချိန်ထိ မည်သည့်ပြဿနာ တစ်စုံ တစ်ရာမှ မပေါ်ပေါက်ခဲ့သော်လည်း ၁ဝ.၁၂.၂ဝ၁၃ ရက်နေ့ နံနက် (၁းဝဝ) နာရီအချိန်တွင် ဆက်သွယ်ရေး စကားပြောစက်မှ သင်္ဃန်းကျွန်းမြို့နယ်ရှိ မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Whole Sale တတိယထပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း ကြားသိခဲ့ရသည့်အတွက် လျှင်မြန်စွာ သွားရောက်ခဲ့သည်။ မိနစ်ပိုင်းအတွင်း ကယ်တင်မှုပြုလုပ်နိုင်ရန်အတွက် ရောက်ရှိသွားသော် လည်း မီးလောင်ကျွမ်းမှုသည် အဆောက်အဦးပြင်ပတွင် လောင်ကျွမ်းခြင်းမဟုတ်ဘဲ အဆောက်အဦး အတွင်းပိုင်းတွင် လောင်ကျွမ်း၍ သေဆုံးနေသော ကျား/မခွဲခြား၍မရနိုင်သော ရုပ်အလောင်း (၇) လောင်း ကို ကြေကွဲစွာဖြင့်သာ တွေ့ရှိရတော့သည်။

ထို့ကြောင့် မီးသတ်ရဲဘော်များ၊ ကြက်ခြေနီရဲဘော်များနှင့် အတူပူးပေါင်း၍ သေဆုံးသွားသောအလောင်းများအား ကျွန်တော်တို့တွင်ပါရှိသော လူနာတင်ယာဉ်ဖြင့်သာ သယ်ဆောင်၍ မ/ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

၉.၁၂.၂၀၁၃ ရက်နေ့တွင်လည်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ရန်ကုန် သေနတ်ပစ်ကွင်းအတွက် လူနာတင်ယာဉ် အကူအညီတောင်းခံမှုကြောင့် ကျွန်တော်တို့ ပရဟိတသမား များအနေဖြင့် အချိန်၊ ငွေ၊ လုပ်အားများဖြင့် လူသားချင်းစာနာမှု စိတ်ဓါတ်ဖြင့် ကူညီမှုများပေးနိုင်ရန် တာဝန်ကျသည့် မြောက်ဒဂုံမြို့နယ်၊ သေနတ်ပစ်ကွင်းသို့ (၉.၁၂.၂ဝ၁၃ မှ ၁၇.၁၂.၂ဝ၁၃ ရက်နေ့အထိ) နံနက် (၉းဝဝ မှ ၁းဝဝ) နာရီအထိ တာဝန်ထမ်းဆောင်ပေးလျှက်ရှိကြောင်း အများပြည်သူတို့အား အသိ ပေးလိုက်အပ်ပါသည်။

ပြည်သူလူထုတို့အတွက် အချိန်နှင့်တပြေးညီ ကူညီဖေးမမည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး လူငယ်ပရဟိတသမားများအား ဤသတင်းဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ရသလို ပြည်သူလူထုတို့အပြင် သက်ဆိုင်ရာအစိုးရဌာနများအနေနှင့်လည်း အရေးပေါ်ကိစ္စများဖြစ်ပေါ်လာပါက လျှင်မြန်ထိရောက်စွာ လူ့အသက်များအား ကယ်ဆင်နိုင်ရန်အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တယ်လီဖုန်းသို့ ဆက်သွယ်အကြောင်းကြား ပေးကြပါရန် နှိုးဆော်လိုက်ရပါသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)

ဆီးဂိမ်း ပြိုင်ပွဲမှ ရေကူးအားကစားသမားများ၏ မေတ္တာရပ်ခံစာ..

ဆီးဂိမ်း ပြိုင်ပွဲမှ ရေကူးအားကစားသမားများ၏ မေတ္တာရပ်ခံစာ.. 

 ဖေ့စ်ဘွတ်မိတ်ဆွေအပေါင်းတို့ ဆီးဂိမ်းဖွင့်ပွဲကြည့်အပြီး.....ဇာတိသွေး ဇာတိမာန်တက်နေတဲ့ အချိန် အကူညီလေးတောင်းချင်ပါတယ်။
အကူညီမတောင်းခင်...ကျွန်မ မိုးသူအောင်ရဲ့..ငယ်ဘ၀အကြောင်းလေးပြောပြချင်ပါတယ်။ ခုလိုမျိုး ဆီးဂိမ်းပြိုင်ပွဲ (၇)ကြိမ်သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ သူများနိုင်ငံမှာ သွားပြိုင်ရတော့ ရေကူးပြိုင်ပွဲမှာ....
ကျွန်မတို့ မြန်မာကို လာအားပေးတဲ့ပရိတ်သတ်က အယောက် ၂၀မရှိပါဘူး။ တချို့ပွဲတွေဆို တစ်ယောက်မှကိုမရှိတာပါ။ အဲ့လိုအချိန်မှာ မြန်မာတစ်ယောက်ယောက်ရဲ့ အားပေးသံကြားရရင် ကျွန်မ အလွန်အားတက်မိပါတယ်။

ထို့ကြောင့် ၁၂.၁၂.၂၀၁၃ မှ ၁၆.၁၂.၂၀၁၃ တွင် မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ကြမယ့် မြန်မာရေကူးကစားသမားများ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ
သူတို့ရဲ့ ယှဉ်ပြိုင်ရဲတဲ့စိတ်ဓါတ် (နိုင်ငံကိုယ်စားပြု) ကိုအားပေးစေချင်ပါသည်။
ကျွန်မ ဖေ့စ်ဘွတ်ပေါ်မှ မိတ်ဆွေများ ဒီ status တွင် comment လေးရေးပြီး မြန်မာရေကူးသမားလေးတွေရဲ့ စိတ် အားတက်စေရန် ကျွန်မနဲ့အတူတူ အားပေးစေချင်ပါသည်။

သူတို့လေးတွေက ကျွန်မ ဖေ့စ်ဘွတ်ရှိတဲ့အတွက် မိတ်ဆွေတို့ အားပေးတဲ့comment လေးတွေမြင်မှာပါ။ အားလုံးကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ရေကူးအားကစားသမားများ

ထို့အတွက်ကြောင့် အမေစုမှ ယနေ့ ရေကူးအားကစားသမားများအား သွားရောက် အားပေးခဲ့သည်..။ ဓာတ်ပုံ မအိသူ နှင့်
ဆီးဂိမ်းလင့်ခ် https://www.facebook.com/27thSEAGamesMyanmar

  

အားကစားသမားကို နိုင်ငံ့ဂုဏ်ဆောင်လို့မြင်... 
We support all of our players.

ယနေ့ (၄၄)နှစ်ကြာမှ ကိုယ့်မြေမှာ ပြန်လည်ပြုလုပ်ခဲ့တဲ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးနဲ့ ရေးသားနေကြတာကို မြင်နေရသည်..။
ကျွန်တော်တို့ အမြင်တွေ မရောထွေးဘို့ ခွဲမြင်ဘို့ လိုအပ်လှသည်..။

ကိုယ့်ပြည် ကိုယ့်မြေပေါ်မှာ နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ အားကစားသမားတွေ အပြင်းအထန် ကြိုးစားယှဉ်ပြိုင်နေကြသည်..။
ဒီကနေ့ မြန်မာ အားကစားသမားတွေ ယှဉ်ပြိုင်နေကြတာ စစ်အစိုးရ Policy ကားရိုက်နေတာမဟုတ် နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ရေကုန်ရေခန်း ကြိုးစားယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်..။ ဒီအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ ရှုံးရှုံးနိုင်နိုင် ကျရာနေရာက အားဆေးတခွက် အနေဖြင့် အားပေးချီးမြှောက်သင့်ပေသည်..။

အမေရိကန် သမ္မတ ဂျော့ဘုရှ် လက်ထက် အီရတ်နဲ့ အာဖကန်နစ္စတန်ကို ဝင်ရောက်တိုက်ခိုက်တဲ့ အချိန် အမေရိကန် ပြည်သူတွေ သမ္မတဂျော့ရှ်ကို ဆန့်ကျင်ဝေဖန်ကြပေမယ့်..။ အမေရိကန် စစ်သားတွေအတွက်တော့ We support our troop.We love our troop ဆိုပြီး အမေရိကန် ပြည်သူတွေတခဲနက် ထောက်ခံခဲ့ကြသည်..။
ကျွန်တော်တို ခွဲခြားမြင်တတ်ဖို့ လိုအပ်လှပေသည်..။ ကျန်စစ်သားကို ကျန်စစ်သားလို့မြင် စောလူမင်းကို စောလူးမင်းလို မြင်ကြပြီး သမိုင်းတွေ မရောထွေးဖို့ လိုအပ်လှပေသည်..။

ဒီနေ့ ဒီအချိန်မှာ မြန်မာအားကစားသမားတွေ အတွက် အပြည့်အဝ ထောက်ခံပြီး စိတ်ဓာတ်ရေးရာ အရအားပေးဖို့ လိုအပ်လှပေသည်..။
ကျွန်တော်တို့ မြန်မာ့အားကစား ကမ္ဘာမှာ လွှမ်းဖို့ထက် မြန်မာ့မြေပေါ်မှာ ကျင်းပတဲ့ မြန်မာ့အားကစား မြန်မာ့မြေပေါ်မှာ လွှမ်းမိုးအနိုင်ယူနိုင်ဖို့ ...

We support all of our players.
ဒီမိုဝေယံ

ဓာတ်ပုံ မအိသူ
ယနေ့ ဝဏ္ဏသိဒ္ဓိရေကူးကန်မှာ ရေကူးအား ကစားသမားများအား သွားရောက် အားပေးခဲ့တဲ့ အမေစု..

(၄၄)နှစ်တာ ကာလအတွင်း တကျော့ပြန် ပြန်လည် ကျင်းပခဲ့တဲ့ ယနေ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ မြင်ကွင်းများ.. (ရုပ်သံ)

(၄၄)နှစ်တာ ကာလအတွင်း တကျော့ပြန် ပြန်လည် ကျင်းပခဲ့တဲ့ ယနေ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ မြင်ကွင်းများ.. 

ပခုက္ကူ ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များ.. (ဓာတ်ပုံ)

ပခုက္ကူ ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များ..

၁.၁၂.၂ဝ၁၃ ရက်နေ့ ည (၁၁း၎ဝ) နာရီ အချိန်တွင် ခန္ဓာဝန် ချုပ်ငြိမ်းတော်မူခဲ့သည့် ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ (အနိစ္စ ဆရာတော်) သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါ၏ ဓာတ်တော်များ..



ဓာတ်ပုံ ကိုကျော်သူ