ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးအဘဦးဝင်းတင် မနက်ဖြန်ဆေးရုံကဆင်းမည်။....။.။

နှလုံခုန်နှုန်း မမှန်တဲ့အတွက် အသေးစားခွဲစိတ်မှုပြုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးအဘဦးဝင်းတင် မနက်ဖြန်ဆေးရုံက ဆင်းခွင့်ရပြီ ဖြစ်ကြောင်း ယနေ့ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီနေ့ အန်ကယ်ဦးဝင်းတင် တက်ရောက်ကုသနေတဲ့ အာရှတော်ဝင်ဆေးရုံမှာ သွားတွေ့ခဲ့ပါတယ်။ အန်ကယ်ဦးဝင်းတင် ကျန်းမာရေးကောင်းပါတယ်။ နှလုံခုန်နှုန်းလည်း ပုံမှန်ဖြစ်နေပါပြီ။ မနက်ဖြန်လောက်ဆို ဆေးရုံက ပြန်ဆင်းရပါမယ်။ အန်ကယ်ဦးဝင်းတင်က နေ့စဉ် NLD ရုံးမှာရုံးတက်ပါတယ်။ ဆေးရုံက ဆင်းရင်တော့ တပတ်လောက် ရုံးတက်တာ နားမယ်လို့ပြောပါတယ်။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သတင်းစာဆရာကြီး အဘဦးဝင်းတင်ဟာ နှလုံးခုန်နှုန်းမမှန်တဲ့ အတွက် နှလုံးခုန်နှုန်းကို ထိန်းနိုင်မယ့်စက်ကို ခွဲထည့်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ညက အာရှတော်ဝင် ဆေးခန်းကို တက်ရောက်ခြဲ့ပီး တနင်္ဂနွေနေ့မှာခွဲစိတ်မှု ခံယူတာဖြစ်ပါတယ်။ အသက် ရ၉ ကျော်ရှိပါပြီ။ သတင်းစာဆရာကြီး အဘဦးဝင်းတင်ဟာ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရ၏ နိုင်ငံရေးပုဒ်မဖြင့် အင်းစိန်ထောင်တွင်း၌ ၁၉ နှစ်ကျော်ကြာ မတရားချုပ်နှောင်ခံခဲ့ရပြီး ၂၀၀၈ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူ တဦးဖြစ်ပြီး နိုင်ငံရေး အမျှော်အမြင်ကြီးမားသူ တယောက် ဖြစ်တဲ့အတွက် လေးစားချစ်ခင်သူများက သံမဏိလူသားဟူ သောနာမည်ဖြင့် လေးစားသမှု ပြုခဲ့ကြပါတယ်။

ဒီမိုဝေယံ



တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ။..။


တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ

ပထမအကြိမ် 1990ပြည့်ကာလ
မန္တလေးမှာ ဆွမ်းလောင်းလှူစဉ်ကပေါ့
န.အ.ဖ စစ်တပ်ပြစ်သက်လို့ ဇီဝိန်ကြွေ
သံဃာတွေ သေကြေကြ
ရိုင်းစိုင်းယုတ်မာစဉ်ကပေါ့
ဒို့ တတွေခေါင်းငုံ့ မခံ
တွန်းလှန်မယ်ဆိုပြီး
ဘုရားပေးတဲ့ကမ္မဝါ
ပတ္တနိက္ကုဇ္ဖနာကို
စုပေါင်းခါရွတ်ဆိုကြ
သပိတ်မှောက်ခဲ့ကြပေါ့
ဒါပေမဲ့မျိုးယုတ် န.အ.ဖ စစ်တပ်
သံဃာကိုပစ်ကာသက်
တိပိဋကဓရပါမကျန်လပ်ခံရ
ဆရာတော်တွေထောင်နန်းစံရပေါ့

ဒုတိယအကြိမ်
2007စက်တင်ဘာကာလ
သူတို့ ရက်စက်ယုတ်မာစဉ်ကပေါ့
တို့ တတွေလုံးဝလက်မခံ တွန်းလှန်မယ်ဆိုပြီး
သပိတ်မှောက်ကမ္မဝါ ပတ္တနိက္ကုဇ္ဇနာကို
စုပေါင်းကာရွတ်ဖတ်ကြ
မေတ္တာပို့ ချီတက်ဆန္ဒပြကြပေါ့
ဒါပေမဲ့ န.အ.ဖ ဘယ်သူ့ ကိုမှမခ
မာန်မာနတွေထောင်ကာကြွပြီး
သေနက်နဲ့ ပစ်သတ် ရက်ရက်စက်စက်
ညှင်းပန်းနှိပ်စက် ယုတ်မာပက်စက်ကြလို့
သံဃာတော်သွေးတွေ ကျောင်းသားပြည်သူသွေးတွေ
မြေမှာခကြွေကြရပေါ့....
ဒီလိုသာတသက်လုံးဆက်ခံကြရင်
ဒို့ သာသနာ ဒို့ ပြည်ရွာကို
မိစ္ဆာတွေလက် ဝကွက်အပ်ရလိမ့်မယ်

လာမည့်အောက်တိုဘာ ၂ ရက်နေ့ 
ဒါဟာ န.အ.ဖ ကိုပေးမဲ့နောက်ဆုံးဒိတ်
ဖမ်းဆီးထားသံဃာများကိုချွင်းချက်မရှိ
ချက်ချင်းလွှတ်
မိမိမှားယွင်းကြောင်းပြန်တောင်းပန်
ဒီနှစ်တန်ဒင်းတို့ လက်မခံက
လာမည့်အောက်တိုဘာ ၃ ရက်
သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့
တတိယအကြိမ်သပိတ်
အဆုံးသတ်တိုက်ပွဲ
ဒို့ ဆင်နွှဲကြမယ်
ရဟန်းသံဃာ ကျောင်းသားပြည်သူ
လက်တွဲကြည်ဖြူ ၀ိုင်းကာကူဖို့
အားလုံးအသင့်ပြင်ထားကြ….

မင်းသုည ကွမ်းခြံကုန်း
ဗုဒ္ဓတက္ကသိုလ်

Mail ထဲပေးပို့လာတဲ့ ဆရာတော် အရှင်ဣဿရိယ အားကျေးဇူး အထူးတင်ပါသည်။...။


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက်တို့ တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ Sanction ကိစ္စအပေါ် နိုင်ငံတကာမှ အထူးစိတ်ဝင်စား။....။


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက်ဘ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ Sanction ကိစ္စနိုင်ငံတကာ နှင့် နိုင်ငံခြားသံရုံးများမှ အထူးစိတ်ဝင်စားနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အခုနိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက် ဘ် တွေ့ဆုံတုန်းက ပြောဆိုခဲ့တဲ့ Sanction ကိစ္စအပေါ်မှာ နိုင်ငံတကာ နှင့် နိုင်ငံခြားသံရုံးများမှ အထူးစိတ်ဝင်စား နေကြတယ်။ ကိုယ်တိုင်လည်း လာရောက်ကြသလို မေးမြန်းဆက်သွယ်မှုတွေလည်း လုပ်လာကြတယ်။ ပြင်သစ်၊ အမေရိကန် သံရုံးတွေကလည်း လာရောက် မေးမြန်းကြတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အန်ကယ်တို့လည်း အချက်အလက်တွေ ရှင်လင်းပြတယ် ။ သူတို့နားလည်အောင် ပြောပြပေးတယ် ဖြေကြားပေးတယ်။ အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက်က ထိုင်းမှာ သတင်းစာရှင်းလင်းပွဲ ၂ခါလုပ်ခဲ့တယ် လို့သိရတယ်။ နိုင်ငံတကာမှာလည်း သတင်းတွေ အမျိုးမျိုးထွက်နေတယ်။

အဲဒီ့ Sanction နဲ့ ပတ်သတ်ပြီး ဒေါ်စုက ရုပ်သိမ်းဖို့လည်း မပြောဘူး၊ မရုပ်သိမ်းဖို့လည်းမပြောဘူး။ မနေ့က ပြောခဲ့သလိုပေါ့။ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာထက် ကိုယ့်နိုင်ငံအတွင်းမှာ အချင်းချင်း အရင်ညှိနှိုင်းဖို့လိုတယ်။ ပြည်တွင်းမှာ အရင် ပူးပေါင်းဆောင်ရွက်မှုဟာ ပထမအရေးကြီးတယ် ။ Sanction နဲပတ်သတ်ပြီး နိုင်ငံအတွက် အကျိုးမရှိတဲ့ ပိတ်ဆို့ရေး ကိစ္စတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုခဲ့တယ်။ ဒီအဆိုပြုချက်ကို ပထမသဘောတူသလို ရှိခဲ့ပြီး တကယ်တမ်း လက်တွေ့မှာ အကောင်အထည် မဖေါ်နိုင်ခဲ့ဘူးလို့ ပြောခဲ့တာပါ။ ဒေါ်စုနဲ့ မစ္စတာဂျင်မ်ဝက်ဘ် တွေ့ဆုံတုန်းက ပြောခဲ့တဲ့ စကားတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီနေ့အဲဒါတွေကို အန်ကယ်တို့ မေးမြန်းစုံစမ်းလာတဲ့ နိုင်ငံတကာနဲ့ နိုင်ငံခြားသံရုံးတွေကို အချက်အလက်တွေနဲ့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

မနက်ဖြန်မှာ အန်ကယ်တို့ NLD CEC လူကြီးတွေနဲ့ မစ္စတာဂျင်မ်ဝက်ဘ် တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို မနက်ဖြန်မှာ အန်ကယ်တို့ကြေငြာချက် ထုတ်ပြန်ပါမယ်။ " ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီမိုဝေယံ.....



ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက် တွေ့ဆုံဆွေးနွေးချက်များ။....။


ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ၄ဦး ညနေ၄နာရီမှ ၅နာရီအထိ တနာရီခန့် တွေ့ဆုံခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ ရှေ့နေ၄ဦး ညနေ၄နာရီကနေ ၅နာရီအထိ တွေ့ဆုံခွင်ရခဲ့ပါတယ်။ အန်ကယ်တို့ ပထမပိုင်းမှာ အမှုအတွက် ဆွေနွေးခဲ့ကြပါတယ်။ ဒုတိယပိုင်းကျတော့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂျင်မ်ဝက်ဘ်တွေ့ဆုံတဲ့ အကြောင်း ပြောဖြစ်ပါတယ်။ အဖွဲ့ချုပ်ကို အသိပေးတဲ့ သဘောလည်းဖြစ်ပါတယ်။

ပထမ မစ္စတာဂျင်မ်ဝက်ဘ်က ရွေးကောက်ပွဲဝင်ဖို့ ဘယ်လိုသဘောထားလည်း မေးပါတယ်။ ဒေါ်စုက ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ဆိုတာ ပါတီက လူတွေနဲ့ အကြေအလည် ဆွေးနွေးပြောဆိုပြီးမှ ဆုံးဖြတ်နိုင်ပါမယ်။ အဲဒီလို ဆုံးဖြတ်ပြီးရင်လည်း အာဏာပိုင်တွေကို အရင်ဆုံးအကြောင်းကြားမှာပါ။ တတိယပုဂ္ဂိုလ်(ဥပမာ ..မစ္စတာဂျင်မ်ဝက်ဘ် တို့လို ကြားဝင်စေ့စပ်ပေးသူတွေ) ကို ပထမဆုံးပြောဖို့ အကြောင်း မရှိဘူးလို့ ပြောဆိုပါတယ်။

ဒုတိယ Sanction နဲ့ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ်က တခြားနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ပြောပါတယ်။ ဒေါ်စုက ဒီလိုဆက်သွယ် ဆောင်ရွက်မှုဆိုတာ ပြည်တွင်းမှာ အရင်လုပ်ဖို့လိုတယ်။ ပြည်တွင်းမှာ အရင် ပူးပေါင်းဆောင်ရွက်မှုဟာ ပထမအရေးကြီးတယ် ။ Sanction နဲပတ်သတ်ပြီး နိုင်ငံအတွက် အကျိုးမရှိတဲ့ ပိတ်ဆို့ရေး ကိစ္စတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုခဲ့တယ်။ ဒီအဆိုပြုချက်ကို ပထမသဘောတူသလို ရှိခဲ့ပြီး တကယ်တမ်း လက်တွေ့မှာ အကောင်အထည် မဖေါ်နိုင်ခဲ့ဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ (ဗြိတိန်နိုင်ငံ လန်ဒန်ထုတ် THE DAILY TELEGRAPH သတင်းစာပါ Sanctionကိစ္စ)

နောက်ဆုံးတခုက မစ္စတာဂျင်မ်ဝက်ဘ်က မြန်မာပြည်ဟာ တရုတ်ရဲ့နိုင်ငံကို ကြောက်ရွံ့စိုးရွံ့နေရတယ့် သဘောမျိုး တရုတ်ရဲ့လွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့ (Fear Influence) သဘောမျိုးပြောတယ်။ အဲဒါနဲ့ပတ်သတ်တဲ့ စကားလုံးကို ဒေါ်စုက လုံးဝမကြိုက်ဘူး။ ဒေါ်စုက အိမ်နီးနားချင်းကောင်း ၊ မိတ်ဆွေကောင်းအနေနဲ့ တရုတ်၊အိန္ဒိယတို့နဲ့ အဆင်ပြေစွာ ဆက်ဆံလိုတဲ့ သဘောပဲရှိတယ်ဆိုတာ ပြောခဲ့ပါတယ် " ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

အထက်ပါ ဆက်သွယ်မေးမြန်းချက်တွင် စကားလုံး၊ စာသားများ ကျန်ရှိဖော်ပြမိပါက ကျွန်ုပ်၏ ပေါ့ဆမှုသာ ဖြစ်ပါကြောင်း.....။

ဒီမိုဝေယံ။


ဂျပန်နိုင်ငံ ဆန္ဒပြပွဲအချိန်စာရင်းများ။....။

JAC MOVEMENT FOR THIS WEEK



ဆန္ဒပြပွဲအချိန်စာရင်း



Joint Action Committee of Burmese Community in

Japan



在日ビルマー人共同行動実行委員会 JAC)参加団体

သို့

ဂျေအေစီ အဖွဲ့ဝင်များ

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသမားများအားလုံး လွတ်မြောက်ရေး စသည့် အဓိက ရည်မှန်းချက်များဖြင့် လှုပ်ရှား နေသော ဂျေအေစီ၏ တပါတ်တာ ပုံမှန် နိုင်ငံရေး လှုပ်ရှားမှုများအဖြစ် ယခုတပတ်လုံး အခွန်ရုံးရှေ့၌ နေ့စဉ် ဆန္ဒပြကြမည် ဖြစ်ကြောင်း နှိုးဆော် အသိပေးအပ်ပါသည်။


နေရာ - နအဖ အခွန်ရုံးရှေ့ Shinagawa-ku, Tokyo
အချိန် - မွန်းလွဲ ၃ နာရီမှ ၄ နာရီထိ
နေ့ရက် - (၁၇-၈-၂ဝဝ၉ နေ့မှ ၂၁-၈-၂ဝဝ၉ နေ့ထိ)

..

JAC – Information17-8-2009

သို့
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းခေါင်းဆောင်များ

၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ နှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို လေးစားစွာ အသိပေးအပ်ပါသည်။
1. စုရပ်အဖြစ် Ebisu ပန်းခြံအား နေ့လည် (၁)နာရီမှ (၃)နာရီထိ အသုံးပြုခွင့် ရရှိခဲ့ပါသည်။
2. ချီတက်ဆန္ဒပြပွဲနေ့တွင် ပါဝင်ဆင်နွှဲမည့်သူများအား မွန်းလွဲ (၁)မှ စတင်စုရုံးပါမည်။ မွန်းလွဲ (၁)နာရီခွဲ တွင် အခမ်းအနား စတင်လျက် မွန်းလွဲ (၂)နာရီခွဲတွင် စတင်ချီတက်ဆန္ဒပြပါမည်။
3. ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး ပန်းခြံမှာ Sendagaya ဖြစ်ပါသည်။
4. အခမ်းအနားဖွင့်ပွဲနှင့် ပတ်သက်၍၎င်း၊ ချီတက်ဆန္ဒပြပွဲအတွက် စည်းကမ်းထိန်းသိမ်းရေး၊ ရေသန့် ဗူးများ ဝေငှရေး၊ သတင်းပြန်ကြားရေး၊ အလံကိုင်နှင့် ပိုစတာ-နဖူးစည်းများ၊ ကြွေးကြော်သံများ၊ ဖိတ်ခေါ်မည့် ဂျပန်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ အစရှိသည်တို့နှင့် ပတ်သက်၍၎င်း မိမိတို့ ပါဝင် လှုပ်ရှားမည့်အစီအစဉ်များကို အသေးစိတ်ဆွေးနွေးလိုပါက ကြာသာပတေးနေ့ (၂ဝ-၈-၂ဝဝ၉) နောက်ဆုံးထား၍ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်
သန်းဆွေ - (090-4964-9718)
မိုင်ကျော်ဦး (03-5968-4440)
မြင့်ဆွေ (090-7247-6099)
လွင်အောင်စိုး (090-6505-6858)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးဘဘဦးဝင်းတင် နှလုံးခွဲစိတ်ကုသမှု အောင်မြင်။..။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးဘဘဦးဝင်းတင် နှလုံးခွဲစိတ်ကုသမှု အောင်မြင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ခုနပဲ အန်ကယ်ဦးဝင်းတင်ရဲ့ အမျိုးတွေဆီက ဖုန်းဝင်လာပါတယ်။ အန်ကယ်ဦးဝင်းတင် ကိုနေ့လည် ၃နာရီခွဲမှာ စတင်ခွဲစိတ်ပြီး ၅နာရီခွဲမှာ ခွဲစိတ်မှုပြီးဆုံးပါတယ်။ အောင်မြင်တယ်လို့ပြောပါတယ်။ အန်ကယ်တို့တော့ မတွေ့ရသေးပါဘူးဟု ပြောဆိုပါတယ်။" ဘဘဦးဝင်းတင်ဟာ နှလုံးခုန်နှုန်းမမှန်တဲ့ အတွက် နှလုံးခုန်နှုန်းကို ထိန်းနိုင်မယ့်စက်ကို ခွဲထည့်တာဖြစ်ပါတယ်။ စနေနေ့ညက အာရှတော်ဝင် ဆေးခန်းကိုတင်ပို့ခြဲ့ပီး ဒီနေ့မှာခွဲစိတ်မှု ခံယူတာဖြစ်ပါတယ်။ အသက် ရ၉ ကျော်ရှိပါပြီ။။

မနေ့က NLD CEC တွေနဲ့ အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာ ဂျင်မ်ဝက်ဘ် နဲ့ ၂၅မိနှစ်ခန့် တွေ့ဆုံခဲ့ရာမှာ အဓိကပြောခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အဓိကပြောဆိုခဲ့ပါတယ်။ ဒေါ်စုဟာအမျိုးသားခေါင်းဆောင် ဖြစ်တယ် ။ ဒေါ်စုကို မလွှတ်ပဲ နိုင်ငံရေးတည်ငြိမ်မှု မရနိုင်ဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီ့လိုပြောလိုက်တော့ မစ္စတာ ဂျင်မ်ဝက်ဘ်က ဒီကိစ္စကို အာဏာပိုင်တွေကို ပြောဆိုပေးမယ်လို့ ကတိပေးပါတယ်။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက်ဟာ ဒေါ်စုနေအိမ်သို့ တရားမဝင် ဝင်ရောက် ခဲ့မှုဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်ကျခံရသော အမေရိကန်နိုင်ငံသား မစ္စတာယက်တောအား ခေါ်ဆောင်၍ ယနေ့ညနေပိုင်းက မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရပါသည်။...။

သတင်း။....။ဒီမိုဝေယံ....


အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် တွေဆုံခဲ့။..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်လူကြီးများ မနေ့က နေပြည်တော်မှာ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

မနေ့က နေပြည်တော်မှာ NLD CEC အဖွဲ့ဝင်လူကြီးတွေနဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဒီတခါ တွေ့ဆုံခွင့် အချိန်ရရှိခဲ့တယ် ပြောပါတယ်။ NLD အနေနဲ့တောင်းဆိုချက် ၃ခုတောင်းဆို ခဲ့ပါတယ်။

မစ္စတာ ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ပြောဆိုပေးမယ်လို့ ကတိပေးပါတယ်။ ဒီတခေါက် တွေ့ဆုံခွင့်ရတာကိုတော့ တစိတ်တပိုင်း ကျေနပ်မှု ရှိတယ်လို့ လူကြီးတွေက ပြောပါတယ်။ တင်ပြတောင်းဆိုခဲ့တဲ့ အချက်၃ချက်ကတော့


၁....ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး။
၂....အမျိုးသားရင်ကြားစေ့ရေး။
၃...
.၂၀၀၈ခုနှစ် အခြေခံဥပဒေကို ဒီမိုကရေစီဖော်ဆောင်နိုင်အောင် ပြန်လည် Rivew လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မိနစ်၄၀လောက် တွေ့ခွင့်ရခဲ့တယ်လို့ သိရပေမယ့် ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကိုတော့ အန်ကယ်တို့မသိရပါဘူး။ ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်စီရင်ခြင်း နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုရီးယားဌာနခွဲ ၏ ထုတ်ပြန်ကြေညာချက်။....။

ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်စီရင်ခြင်း နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုရီးယားဌာနခွဲ ၏ ထုတ်ပြ...

ရခိုင်ဒီမိုကရေစီအဖွဲချုပ်(ပြည်ပ) ထုတ်ပြန်ကြေငြာချက်။...။

ရခိုင်ဒီမိုကရေစီအဖွဲချုပ်(ပြည်ပ) ထုတ်ပြန်ကြေငြာချက်။...။

Senator wins release of US prisoner in Myanmar။


The Associated Press
Saturday, August 15, 2009; 10:17 AM

YANGON, Myanmar -- U.S. Sen. Jim Webb won the release Saturday of an American prisoner convicted in Myanmar and sentenced to seven years in prison for swimming secretly to the residence of detained democracy leader Aung San Suu Kyi, the senator's office said.

Yettaw, 53, is to be officially deported Sunday, when he will fly with Webb on a military plane to Bangkok, according to a statement from Webb's office.

Before his conviction on Tuesday, Yettaw had spent a week in a prison hospital for epileptic seizures. He is also said to suffer from asthma and diabetes.

During Webb's visit to Myanmar - the first by a member of the U.S. Congress in more than a decade - the senator also secured a rare visit with Suu Kyi, who was convicted along with Yettaw and sentenced to 18 more months under house arrest. She has been detained for 14 of the last 20 years.

The junta may have approved the meeting with Suu Kyi to mitigate the torrent of international criticism against Myanmar following the trial and Tuesday's verdict. In July, authorities barred U.N. Secretary-General Ban Ki-moon from meeting with Suu Kyi during a two-day visit.

Webb, the statement said, requested that Suu Kyi be released during a meeting with junta leader Senior Gen. Than Shwe on Saturday. It was the first time the reclusive general had met with a senior U.S. official.

"It is my hope that we can take advantage of these gestures as a way to begin laying the foundations of goodwill and confidence building in the future," Webb was quoted as saying.

On Saturday, the 64-year-old Nobel Peace laureate was driven from her residence to a nearby government guest house for a 40-minute meeting with Webb, then reporters saw her taken home by car.

Webb, who is chairman of the Senate Foreign Relations Committee's East Asia and Pacific Affairs Subcommittee, described the meeting as "an opportunity ... to convey my deep respect to Aung San Suu Kyi for the sacrifices she has made on behalf of democracy around the world."

The senator, who arrived in Myanmar's capital of Naypyitaw on Friday, was scheduled to address reporters in Yangon on Sunday.

The visit - particularly the meetings with senior officials and Suu Kyi - was unusual because of the poor state of relations between Myanmar, also known as Burma, and the U.S. Many critics said it was bad timing for outreach - only days after the junta flouted international appeals that Suu Kyi be cleared of the latest charges. It also drew criticism from activists who say it confers legitimacy on a brutal regime.

While Washington has traditionally been Myanmar's strongest critic, applying political and economic sanctions against the junta, President Barack Obama's new ambassador for East Asia, Kurt Campbell, recently said the administration is interested in easing its policy of isolation. Webb has said that "affirmative engagement" could bring the most change to Myanmar, concerning those who think a hard line is the best approach.