ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံ ဆန္ဒပြပွဲအချိန်စာရင်းများ။....။

JAC MOVEMENT FOR THIS WEEK



ဆန္ဒပြပွဲအချိန်စာရင်း



Joint Action Committee of Burmese Community in

Japan



在日ビルマー人共同行動実行委員会 JAC)参加団体

သို့

ဂျေအေစီ အဖွဲ့ဝင်များ

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသမားများအားလုံး လွတ်မြောက်ရေး စသည့် အဓိက ရည်မှန်းချက်များဖြင့် လှုပ်ရှား နေသော ဂျေအေစီ၏ တပါတ်တာ ပုံမှန် နိုင်ငံရေး လှုပ်ရှားမှုများအဖြစ် ယခုတပတ်လုံး အခွန်ရုံးရှေ့၌ နေ့စဉ် ဆန္ဒပြကြမည် ဖြစ်ကြောင်း နှိုးဆော် အသိပေးအပ်ပါသည်။


နေရာ - နအဖ အခွန်ရုံးရှေ့ Shinagawa-ku, Tokyo
အချိန် - မွန်းလွဲ ၃ နာရီမှ ၄ နာရီထိ
နေ့ရက် - (၁၇-၈-၂ဝဝ၉ နေ့မှ ၂၁-၈-၂ဝဝ၉ နေ့ထိ)

..

JAC – Information17-8-2009

သို့
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းခေါင်းဆောင်များ

၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ နှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို လေးစားစွာ အသိပေးအပ်ပါသည်။
1. စုရပ်အဖြစ် Ebisu ပန်းခြံအား နေ့လည် (၁)နာရီမှ (၃)နာရီထိ အသုံးပြုခွင့် ရရှိခဲ့ပါသည်။
2. ချီတက်ဆန္ဒပြပွဲနေ့တွင် ပါဝင်ဆင်နွှဲမည့်သူများအား မွန်းလွဲ (၁)မှ စတင်စုရုံးပါမည်။ မွန်းလွဲ (၁)နာရီခွဲ တွင် အခမ်းအနား စတင်လျက် မွန်းလွဲ (၂)နာရီခွဲတွင် စတင်ချီတက်ဆန္ဒပြပါမည်။
3. ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး ပန်းခြံမှာ Sendagaya ဖြစ်ပါသည်။
4. အခမ်းအနားဖွင့်ပွဲနှင့် ပတ်သက်၍၎င်း၊ ချီတက်ဆန္ဒပြပွဲအတွက် စည်းကမ်းထိန်းသိမ်းရေး၊ ရေသန့် ဗူးများ ဝေငှရေး၊ သတင်းပြန်ကြားရေး၊ အလံကိုင်နှင့် ပိုစတာ-နဖူးစည်းများ၊ ကြွေးကြော်သံများ၊ ဖိတ်ခေါ်မည့် ဂျပန်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ အစရှိသည်တို့နှင့် ပတ်သက်၍၎င်း မိမိတို့ ပါဝင် လှုပ်ရှားမည့်အစီအစဉ်များကို အသေးစိတ်ဆွေးနွေးလိုပါက ကြာသာပတေးနေ့ (၂ဝ-၈-၂ဝဝ၉) နောက်ဆုံးထား၍ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်
သန်းဆွေ - (090-4964-9718)
မိုင်ကျော်ဦး (03-5968-4440)
မြင့်ဆွေ (090-7247-6099)
လွင်အောင်စိုး (090-6505-6858)