ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးအဘဦးဝင်းတင် မနက်ဖြန်ဆေးရုံကဆင်းမည်။....။.။

နှလုံခုန်နှုန်း မမှန်တဲ့အတွက် အသေးစားခွဲစိတ်မှုပြုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးအဘဦးဝင်းတင် မနက်ဖြန်ဆေးရုံက ဆင်းခွင့်ရပြီ ဖြစ်ကြောင်း ယနေ့ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီနေ့ အန်ကယ်ဦးဝင်းတင် တက်ရောက်ကုသနေတဲ့ အာရှတော်ဝင်ဆေးရုံမှာ သွားတွေ့ခဲ့ပါတယ်။ အန်ကယ်ဦးဝင်းတင် ကျန်းမာရေးကောင်းပါတယ်။ နှလုံခုန်နှုန်းလည်း ပုံမှန်ဖြစ်နေပါပြီ။ မနက်ဖြန်လောက်ဆို ဆေးရုံက ပြန်ဆင်းရပါမယ်။ အန်ကယ်ဦးဝင်းတင်က နေ့စဉ် NLD ရုံးမှာရုံးတက်ပါတယ်။ ဆေးရုံက ဆင်းရင်တော့ တပတ်လောက် ရုံးတက်တာ နားမယ်လို့ပြောပါတယ်။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သတင်းစာဆရာကြီး အဘဦးဝင်းတင်ဟာ နှလုံးခုန်နှုန်းမမှန်တဲ့ အတွက် နှလုံးခုန်နှုန်းကို ထိန်းနိုင်မယ့်စက်ကို ခွဲထည့်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ညက အာရှတော်ဝင် ဆေးခန်းကို တက်ရောက်ခြဲ့ပီး တနင်္ဂနွေနေ့မှာခွဲစိတ်မှု ခံယူတာဖြစ်ပါတယ်။ အသက် ရ၉ ကျော်ရှိပါပြီ။ သတင်းစာဆရာကြီး အဘဦးဝင်းတင်ဟာ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရ၏ နိုင်ငံရေးပုဒ်မဖြင့် အင်းစိန်ထောင်တွင်း၌ ၁၉ နှစ်ကျော်ကြာ မတရားချုပ်နှောင်ခံခဲ့ရပြီး ၂၀၀၈ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူ တဦးဖြစ်ပြီး နိုင်ငံရေး အမျှော်အမြင်ကြီးမားသူ တယောက် ဖြစ်တဲ့အတွက် လေးစားချစ်ခင်သူများက သံမဏိလူသားဟူ သောနာမည်ဖြင့် လေးစားသမှု ပြုခဲ့ကြပါတယ်။

ဒီမိုဝေယံ