ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက်တို့ တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ Sanction ကိစ္စအပေါ် နိုင်ငံတကာမှ အထူးစိတ်ဝင်စား။....။


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက်ဘ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ Sanction ကိစ္စနိုင်ငံတကာ နှင့် နိုင်ငံခြားသံရုံးများမှ အထူးစိတ်ဝင်စားနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အခုနိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက် ဘ် တွေ့ဆုံတုန်းက ပြောဆိုခဲ့တဲ့ Sanction ကိစ္စအပေါ်မှာ နိုင်ငံတကာ နှင့် နိုင်ငံခြားသံရုံးများမှ အထူးစိတ်ဝင်စား နေကြတယ်။ ကိုယ်တိုင်လည်း လာရောက်ကြသလို မေးမြန်းဆက်သွယ်မှုတွေလည်း လုပ်လာကြတယ်။ ပြင်သစ်၊ အမေရိကန် သံရုံးတွေကလည်း လာရောက် မေးမြန်းကြတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အန်ကယ်တို့လည်း အချက်အလက်တွေ ရှင်လင်းပြတယ် ။ သူတို့နားလည်အောင် ပြောပြပေးတယ် ဖြေကြားပေးတယ်။ အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက်က ထိုင်းမှာ သတင်းစာရှင်းလင်းပွဲ ၂ခါလုပ်ခဲ့တယ် လို့သိရတယ်။ နိုင်ငံတကာမှာလည်း သတင်းတွေ အမျိုးမျိုးထွက်နေတယ်။

အဲဒီ့ Sanction နဲ့ ပတ်သတ်ပြီး ဒေါ်စုက ရုပ်သိမ်းဖို့လည်း မပြောဘူး၊ မရုပ်သိမ်းဖို့လည်းမပြောဘူး။ မနေ့က ပြောခဲ့သလိုပေါ့။ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာထက် ကိုယ့်နိုင်ငံအတွင်းမှာ အချင်းချင်း အရင်ညှိနှိုင်းဖို့လိုတယ်။ ပြည်တွင်းမှာ အရင် ပူးပေါင်းဆောင်ရွက်မှုဟာ ပထမအရေးကြီးတယ် ။ Sanction နဲပတ်သတ်ပြီး နိုင်ငံအတွက် အကျိုးမရှိတဲ့ ပိတ်ဆို့ရေး ကိစ္စတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုခဲ့တယ်။ ဒီအဆိုပြုချက်ကို ပထမသဘောတူသလို ရှိခဲ့ပြီး တကယ်တမ်း လက်တွေ့မှာ အကောင်အထည် မဖေါ်နိုင်ခဲ့ဘူးလို့ ပြောခဲ့တာပါ။ ဒေါ်စုနဲ့ မစ္စတာဂျင်မ်ဝက်ဘ် တွေ့ဆုံတုန်းက ပြောခဲ့တဲ့ စကားတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီနေ့အဲဒါတွေကို အန်ကယ်တို့ မေးမြန်းစုံစမ်းလာတဲ့ နိုင်ငံတကာနဲ့ နိုင်ငံခြားသံရုံးတွေကို အချက်အလက်တွေနဲ့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

မနက်ဖြန်မှာ အန်ကယ်တို့ NLD CEC လူကြီးတွေနဲ့ မစ္စတာဂျင်မ်ဝက်ဘ် တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို မနက်ဖြန်မှာ အန်ကယ်တို့ကြေငြာချက် ထုတ်ပြန်ပါမယ်။ " ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီမိုဝေယံ.....