ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက် တွေ့ဆုံဆွေးနွေးချက်များ။....။


ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ၄ဦး ညနေ၄နာရီမှ ၅နာရီအထိ တနာရီခန့် တွေ့ဆုံခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ ရှေ့နေ၄ဦး ညနေ၄နာရီကနေ ၅နာရီအထိ တွေ့ဆုံခွင်ရခဲ့ပါတယ်။ အန်ကယ်တို့ ပထမပိုင်းမှာ အမှုအတွက် ဆွေနွေးခဲ့ကြပါတယ်။ ဒုတိယပိုင်းကျတော့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂျင်မ်ဝက်ဘ်တွေ့ဆုံတဲ့ အကြောင်း ပြောဖြစ်ပါတယ်။ အဖွဲ့ချုပ်ကို အသိပေးတဲ့ သဘောလည်းဖြစ်ပါတယ်။

ပထမ မစ္စတာဂျင်မ်ဝက်ဘ်က ရွေးကောက်ပွဲဝင်ဖို့ ဘယ်လိုသဘောထားလည်း မေးပါတယ်။ ဒေါ်စုက ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ဆိုတာ ပါတီက လူတွေနဲ့ အကြေအလည် ဆွေးနွေးပြောဆိုပြီးမှ ဆုံးဖြတ်နိုင်ပါမယ်။ အဲဒီလို ဆုံးဖြတ်ပြီးရင်လည်း အာဏာပိုင်တွေကို အရင်ဆုံးအကြောင်းကြားမှာပါ။ တတိယပုဂ္ဂိုလ်(ဥပမာ ..မစ္စတာဂျင်မ်ဝက်ဘ် တို့လို ကြားဝင်စေ့စပ်ပေးသူတွေ) ကို ပထမဆုံးပြောဖို့ အကြောင်း မရှိဘူးလို့ ပြောဆိုပါတယ်။

ဒုတိယ Sanction နဲ့ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ်က တခြားနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ပြောပါတယ်။ ဒေါ်စုက ဒီလိုဆက်သွယ် ဆောင်ရွက်မှုဆိုတာ ပြည်တွင်းမှာ အရင်လုပ်ဖို့လိုတယ်။ ပြည်တွင်းမှာ အရင် ပူးပေါင်းဆောင်ရွက်မှုဟာ ပထမအရေးကြီးတယ် ။ Sanction နဲပတ်သတ်ပြီး နိုင်ငံအတွက် အကျိုးမရှိတဲ့ ပိတ်ဆို့ရေး ကိစ္စတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုခဲ့တယ်။ ဒီအဆိုပြုချက်ကို ပထမသဘောတူသလို ရှိခဲ့ပြီး တကယ်တမ်း လက်တွေ့မှာ အကောင်အထည် မဖေါ်နိုင်ခဲ့ဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ (ဗြိတိန်နိုင်ငံ လန်ဒန်ထုတ် THE DAILY TELEGRAPH သတင်းစာပါ Sanctionကိစ္စ)

နောက်ဆုံးတခုက မစ္စတာဂျင်မ်ဝက်ဘ်က မြန်မာပြည်ဟာ တရုတ်ရဲ့နိုင်ငံကို ကြောက်ရွံ့စိုးရွံ့နေရတယ့် သဘောမျိုး တရုတ်ရဲ့လွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့ (Fear Influence) သဘောမျိုးပြောတယ်။ အဲဒါနဲ့ပတ်သတ်တဲ့ စကားလုံးကို ဒေါ်စုက လုံးဝမကြိုက်ဘူး။ ဒေါ်စုက အိမ်နီးနားချင်းကောင်း ၊ မိတ်ဆွေကောင်းအနေနဲ့ တရုတ်၊အိန္ဒိယတို့နဲ့ အဆင်ပြေစွာ ဆက်ဆံလိုတဲ့ သဘောပဲရှိတယ်ဆိုတာ ပြောခဲ့ပါတယ် " ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

အထက်ပါ ဆက်သွယ်မေးမြန်းချက်တွင် စကားလုံး၊ စာသားများ ကျန်ရှိဖော်ပြမိပါက ကျွန်ုပ်၏ ပေါ့ဆမှုသာ ဖြစ်ပါကြောင်း.....။

ဒီမိုဝေယံ။