ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးဘဘဦးဝင်းတင် နှလုံးခွဲစိတ်ကုသမှု အောင်မြင်။..။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီးဘဘဦးဝင်းတင် နှလုံးခွဲစိတ်ကုသမှု အောင်မြင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ခုနပဲ အန်ကယ်ဦးဝင်းတင်ရဲ့ အမျိုးတွေဆီက ဖုန်းဝင်လာပါတယ်။ အန်ကယ်ဦးဝင်းတင် ကိုနေ့လည် ၃နာရီခွဲမှာ စတင်ခွဲစိတ်ပြီး ၅နာရီခွဲမှာ ခွဲစိတ်မှုပြီးဆုံးပါတယ်။ အောင်မြင်တယ်လို့ပြောပါတယ်။ အန်ကယ်တို့တော့ မတွေ့ရသေးပါဘူးဟု ပြောဆိုပါတယ်။" ဘဘဦးဝင်းတင်ဟာ နှလုံးခုန်နှုန်းမမှန်တဲ့ အတွက် နှလုံးခုန်နှုန်းကို ထိန်းနိုင်မယ့်စက်ကို ခွဲထည့်တာဖြစ်ပါတယ်။ စနေနေ့ညက အာရှတော်ဝင် ဆေးခန်းကိုတင်ပို့ခြဲ့ပီး ဒီနေ့မှာခွဲစိတ်မှု ခံယူတာဖြစ်ပါတယ်။ အသက် ရ၉ ကျော်ရှိပါပြီ။။

မနေ့က NLD CEC တွေနဲ့ အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာ ဂျင်မ်ဝက်ဘ် နဲ့ ၂၅မိနှစ်ခန့် တွေ့ဆုံခဲ့ရာမှာ အဓိကပြောခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အဓိကပြောဆိုခဲ့ပါတယ်။ ဒေါ်စုဟာအမျိုးသားခေါင်းဆောင် ဖြစ်တယ် ။ ဒေါ်စုကို မလွှတ်ပဲ နိုင်ငံရေးတည်ငြိမ်မှု မရနိုင်ဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီ့လိုပြောလိုက်တော့ မစ္စတာ ဂျင်မ်ဝက်ဘ်က ဒီကိစ္စကို အာဏာပိုင်တွေကို ပြောဆိုပေးမယ်လို့ ကတိပေးပါတယ်။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

အမေရိကန် အထက်လွှတ်တော် အမတ်မစ္စတာဂျင်မ်ဝက်ဟာ ဒေါ်စုနေအိမ်သို့ တရားမဝင် ဝင်ရောက် ခဲ့မှုဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်ကျခံရသော အမေရိကန်နိုင်ငံသား မစ္စတာယက်တောအား ခေါ်ဆောင်၍ ယနေ့ညနေပိုင်းက မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရပါသည်။...။

သတင်း။....။ဒီမိုဝေယံ....