ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သတိရကြပါ ရွှေမြန်မာတို့.... မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

သတိရကြပါ ရွှေမြန်မာတို့.... 
ဆောင်းပါးရှင် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)
အပ္ပမာဒေန သမ္ပာဒေထ လို့ပြောလိုက်တိုင်း အာမဘန္တေ လို့အကြိမ်ကြိမ် ပြောခဲ့ကြကတိပေးခဲ့ကြတဲ့ ရွှေမြန်မာတွေ ဒီစကားလုံးကို ဘယ်လိုနားလည်လို့ ဘယ်လိုသဘောပေါက် နေကြတယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ရွှေမြန်မာအများစုကြည့်လိုက်တော့ ဒီစကားလုံးကိုကောင်းကောင်းသဘောမပေါက်ဘူး လို့ခံစားမိပါတယ်။ ဒီစကားလုံးဟာ မြတ်စွာဘုရား ရှင်ရဲ့ စကားတော်တွေ ထဲမှာအရေးကြီးဆုံးစကား။ မြတ်စွာဘုရားရှင် အပြောများဆုံးစကား ပြီးတော့ ပရိနိဗ္ဗာန်ပြုကာနှီးဆဲဆဲအချိန်ထိ အရေးကြီးဆုံးမှာခဲ့တာ ဒီစကားပါပဲ။ ဒီလောက်အရေးကြီးဆုံးစကားကို ဒို့ရွှေမြန်မာတွေ ဘာလို့ လေးလေးနက်နက် မစဉ်းစားကြတာလဲလို့ ဒီစကားလုံးရဲ့ ကြီးမားကျယ်ပြန့်တဲ့ အဓိပ္ပါယ်တွေကို စဉ်းစားတွေးခေါ်နေချိန် ဦးဇင်းလေးဒါ RANGOON ROAD ရန်ကုန်လမ်းလေ လို့ စကားသံ ၀င်လာတာနဲ့ အတွေးစ ပြတ်သွားပါတယ်။ အေးဦးဇင်း စကာင်္ပူမှာ အသွားချင်ဆုံးနေရာဟာ ဒီနေရာပါပဲ။ 

ဦးဇင်းတရားဟောတိုင်း စကားတွေပြောတိုင်း ဒီအကြောင်းကိုအမြဲထည့်ပြောနေတာ။ စင်္ကာပူနိုင်ငံဟာ ရန်ကုန်ကို ပုံစံယူပြီး တည်ဆောက်ခဲ့ရတာ။ မြန်မာနိုင်ငံဟာ စင်္ကာပူရဲ့ စံပြနိုင်ငံတစ်ခုဆိုတာကို နောင်နှစ်ပေါင်း နှစ်ဆယ်ကြာရင် မြန်မာကို မှီရမယ်ဆိုတဲ့ စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုပြောခဲ့တဲ့ စကားတွေဟာ ယနေ့ထက်ထိ သမိုင်းသက်သေအဖြစ် ကျန်ရစ် နေပါသေးတယ်။ ဒီစကားတွေကို ဒို့လူမျိုးတွေ ပမာဏ မေ့လျော့သွားကြပြီလား။ မမေ့မလျော့ သတိတရားရှိရှိ နေကြပါမယ် လို့ အတန်တန် ကတိပေးပြီး နေကြတဲ့ ရွှေမြန်မာတွေ ကြည့်လိုက်တော့ သူတို့နဲ့ မဆိုင်သလို သူတို့မဟုတ်သလို ပျော်ပျော်ပါးပါး မေ့မေ့ပျောက်ပျောက် စားသောက်နေကြတာ တွေတွေ့ရပါတယ်။ တချိန်က ငါတို့နိုင်ငံဟာ အာရှမှာ မြန်မာဟေ့လို့ ၀င့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိနဲ့ နေခဲ့တာ။ အခုတော့ မြန်မာဆိုရင် ဘယ်နိုင်ငံကမဆို အထင်သေးအမြင်သေး မျက်နှာတွေနဲ့ ကြည့်နေကြပြီ။ တချိန်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေက သက်စွန့်ကြိုးပန်း စည်းလုံးညီညွတ်စွာနဲ့ တိုက်ထုတ်ခဲ့ကြလို့ တိုင်းတစ်ပါး ကျွန်ဘ၀ကလွတ်ပြီး ကမ္ဘာက အထင်ကြီး လေးစားခံခဲ့ကြရတယ်။ အာရှမှာ ဒီမိုကရေစီစနစ်ကို စောစီးစွာကျင့်သုံးနိုင်ခဲ့တယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှ ခေါင်းဆောင်ကြီးတွေ ကမ္ဘာ့ငြိမ်း ရေးတွေမှာ ရှေ့ဆောင်ပြီးတော့ ပါဝင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။ FROM BURMA လို့ လက်မထောင် ပြီး ဂုဏ်ယူဝင့်ကြွား ပြောနိုင်နေနိုင်ခဲ့ကြတယ်။ 

အခုတော့ လုံးဝ ပြောင်းပြန်ဖြစ်သွားပြီ FROM BURMA လို့ပြောခါနီးအလိုလို နှုတ်တွေအနေကြတယ်။ စိုးရိမ်နေကြတယ်။ မျက်နှာတွေ ညိုးငယ်နေကြရတယ်။ ဒါဟာဘာကြောင့်လဲ။ သေသေချာချာ ပြန်စဉ်းစားကြပါ။ လေးလေးနက်နက် တွေးခေါ်ကြပါ။ အပြန်အလှန် မေးမြန်းကြပါ။ ငါတို့ဟာ တစ်ချိန်က ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွား လက်မထောင်ပြီး နေနိုင်ရာကနေ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကျွန်လိုက်ခံနေကြရတာ ဘာကြောင့်လဲ။ ဒီလိုပဲ ကျွန်ဘ၀နဲ့ နိဂုံးချုပ် ကြတော့မှာလား။ တချိန်က ခေါင်းဆောင်ကြီးတွေ တာဝန်ကျေခဲ့ကြလို့ တိုင်းတစ်ပါးကျွန်ဘ၀ ကလွတ်မြောက်ပြီး ကမ္ဘာ့အလယ်မှာ ၀င့်ဝင့်ထည်ထည် နေနိုင်ခဲ့တာ ငါတို့လက်ထက်ကျမှ တိုင်းတစ်ပါး ထက်ဆိုးတဲ့ တို့ကိုးကွယ်တဲ့ ရဟန်းသံဃာတော်တွေကိုပါသတ် ထောင်ထဲချနှိပ်စက် ပြီးတော့ ဒို့လူမျိုးတွေ ရောက်လေရာမှာ မျက်နှာငယ်နေရအောင် ကျွန်ဇတ်သွင်းထားတဲ့ စစ်အာဏာရှင်တွေကို မတော်လှန်နိုင် ကြတော့ဘူးလား။ ဒီလိုပဲရောက်လေရာမှာ ရတဲ့ပိုက်ဆံလေးနဲ့ ကျေနပ်နေကြတော့မှာလား။ ငါတို့ဟာကျွန်လူမျိုး မဟုတ်ဘူး  ငါတို့ဟာ အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ ပတ်သတ်လာရင် အသက်ကိုပင် ပဓာနမထား ကိုယ်ကျိုးစွန့်လွှတ် တိုက်ပွဲဝင်ကြတဲ့ သခင်မျိုးတွေဖြစ်တယ် ဆိုတာကို ပမာဒ မေ့လျော့ကုန်ကျပြီးလား။ ရက်ပေါင်း ၁၄၄ ရက်တိုင်တိုင် အစာမစားပဲ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင် သွားတဲ့ သာသနာ့ အာဇာနည်ဆရာတော် ဦးဝိစာရ ပြန်လွန်တော်မူခါနီး မှာသွားတဲ့ လိမ္မာရစ်ကြပါဆိုတဲ့စကားဟာ မမေ့မလျော့ သတိတရားရှိရှိ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြပါ။ အချင်းချင်းရန်မဖြစ်ကြပါနဲ့ မမိုက်ကြပါနဲ့ လို့ ပြောချင်းသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တော်လှန်နေကြသူ အချင်းချင်း ရန်ဖြစ်နေကြ တိုက်ခိုက်နေကြဖို့ အချိန်မဟုတ်ပါဘူး။ ယနေ့ပြည်နယ် အသီးသီး တိုင်းအသီးသီး မြို့ရောတောရော လှည်းနေ လှေအောင်း မြင်းဇောင်းပါမကျန် စည်းလုံးညီးညွတ်စွာဖြင့် တပြိုင်နက်တည်း သပိတ်တိုက်ပွဲ ဆင်နွဲကြမည်ဆိုလျှင် စစ်အာဏာရှင် စစ်ကျွန်ဘ၀က ကျိန်းသေမုချ လွတ်မြောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ ၀င့်ဝင့်ထည်ထည် တင့်တင့်တယ်တယ်နဲ့ ပြန်လည်ပြီးတော့ နေနိုင်လာမှာဖြစ်ပါတယ်။

အပ္ပမာဒေန သမ္ပာဒေထ မမေ့မလျော့ သတိတရားနဲ့ နေကြလို့ဆိုတဲ့အခါမှာ အာမဘန္တေ မမေ့မလျော့ သတိတရားနဲ့နေကြပါမယ်လို့ ပြောခဲ့ ကတိပေးခဲ့ကြတာကို မမေ့ပါနှင့်။ လောကီဖြစ်တဲ့ အမျိုးဂုဏ် ဇာတိဂုဏ် တွေ အပေါ်မှာရှိရမဲ့ သတိတရားကိုတောင်မထားနိုင်ဘူးဆိုရင် ဒီထက်အဆပေါင်းမြောက်များစွာ ခက်တဲ့ လောကုတ္တရာနယ်ပယ် ရုပ်နာမ် တရားတွေ စက္ကန့်မလပ် ဖြစ်ပျက်နေတဲ့ အပေါ်မှာသတိ တရားရှိဖို့ဟာ ပိုတောင် မလွယ်ပါသေးတယ်။ ခပ်လွယ် ကတိမပေးကြပါနဲ့ ကိုယ်နိုင်တဲ့ ကတိပေးပြီး ကိုယ်နိုင်တဲ့ဝန်ကို အရင်ထမ်းကြပါ။ မြန်မာနိုင်ငံသားအားလုံး တာဝန်ကျေကြဖို့ အချိန်တန်ပါပြီ။ ကျနော်တို့တာဝန် မကျေရင် ကျနော်တို့ရဲ့ နောက်လာမဲ့ မျိုးဆက်သစ်တွေ ဒီလိုဘဲ ဆက်ပြီး ကျွန်ခံနေကြရအုံးမယ်။ မျက်နှာငယ်နေ ကြရအုံးမယ်... စိုးရိမ်နေကြရအုံးမယ်။ တာဝန်သိရင် တာဝန်ရှိတယ်၊ တာဝန်ကို သူတော်ကောင်း သူမြတ်လောင်းတွေ သိကြသည်။ သိသည့်အတိုင်းလည်း ထမ်းဆောင်ကြပါသည်။ တာဝန်သိသိ သစ္စာရှိရှိဖြင့် တက်ညီလက်ညီ မမေ့မလျော့ သတိ တရား လက်ကိုင်ထား၍ စစ်အာဏာရှင်များကို တိုက်ထုတ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း....

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

အချင်းချင်း လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါ ရန်တိုက်တွန်းနှိုးဆော်ပါသည်။

ဝေဖန်အကြံပြုစာများ ရေးပို့မည်ဆိုလျှင်.... king.issariya@gmail.com www.king-zero.com

အမေ့အိမ် (လှိုင်သာယာ)မှ သင်တန်းဆင်းပွဲ ဖိတ်ကြားခြင်း....

အမေ့အိမ် (လှိုင်သာယာ)မှ သင်တန်းဆင်းပွဲ ဖိတ်ကြားခြင်း

အလှူရှင်များနှင့် သူငယ်ချင်းများ အားလုံး မင်္ဂလာပါ......

အားလုံးရဲ့ ဝိုင်းဝန်ကူညီပေးမူကြောင့်အမေ့အိမ် ပညာဒါနကျောင်းလေးရဲ့ Summer Course သင်တန်းများ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ကျောင်းဆင်းပွဲကို attached file မှာပါတဲ့ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပါမည်။ သင်တန်းဆင်း ကျောင်းသား ၃၇၆ ယောက်ကို Certificate ပေးအပ်မှာဖြစ်ပြီး အတန်းလိုက် ထူးချွန်ကျောင်းသား ၁၅ ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ သူငယ်ချင်းများအားလုံး ကလေးများကို လာရောက်အားပေး ကြပါလို့ ဖိတ်ခေါ်အပ်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးတဲ့ “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ..

မဇ္ဈိမလှိုင်း ကိုရဲလွင်..
ပြီးခဲ့တဲ့ မေလ၁၇ရက်နေ့က ကော့သောင်း အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ကိုဇေယျာသော်အား အဖွဲ့ချုပ်လူငယ်များ နှင့်အတူ တွေ့ရစဉ် ... ယနေ့လူထုခေါင်းဆောင်နှင့်တွေ့ဆုံဖို့ ရှိပါတယ်..။ လေးစားဂုဏ်ယူပါတယ်... ကိုဇေယျာသော်..
ယနေ့ မနက် ၁၀ နာရီက ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ ပြင်ပဓါတ်ပုံပညာရှင်များနဲ့ အဖွဲ့ချုပ်မှ ဓါတ်ပုံဝါသနာရှင်များ ပူးပေါင်းပြီး ဓါတ်ပုံပြပွဲ ခင်းကျင်းပြသ ခဲ့ပါတယ်။ ပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အထွေထွေအတွင်းရေးမှုး) ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဓါတ်ပုံပြပွဲ ကဒ်တလောက်များကို ဒေါ်အောင်ဆန်းစုကြည်မှ အမှတ်တရလက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ ဓါတ်ပုံ များကို အမှတ်တရအဖြစ် ၀ယ်ယူသိမ်းဆည်း လိုသူများအတွက် ဓါတ်ပုံတပုံလျှင်(ကျပ်၅သောင်း)နှုန်းဖြင့် ရောင်းချ ပေးပါတယ်။ ရောင်းရသောငွေကြေးများကို ဓါတ်ပုံပညာရှင်များမှ အဖွဲ့ချုပ်သို့ အထွေထွေရန်ပုံငွေအဖြစ် လှုဒါန်း ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ သတင်းယူနေစဉ် အချိန်အတွင်းမှာပင် ဓါတ်ပုံမြတ်နိုးသူများမှ ဓါတ်ပုံ(၇)ပုံ ၀ယ်ယူအားပေးသွားကြောင်း သိရှိရပါတယ်။ (ဓါတ်ပုံပညာရှင် (၃၈)ဦးတို့၏ အနုပညာ လက်ရာ ဓါတ်ပုံပေါင်း(၉၆)ပုံကို ခင်းကျင်း ပြသခဲ့ပါတယ်။ ဓါတ်ပုံပြပွဲ အထိမ်းအမှတ် ကဒ်တလောက် စာအုပ်ကိုလည်း တအုပ်လျှင်(ကျပ်၃၅၀၀)ဖြင့် ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။) ကြွရောက်လာကြသော ဓါတ်ပုံပညာရှင်များ၊ ဧည့်သည့်တော်များ နှင့်နိုင်ငံခြား ဧည့်သည်များအား ကော်ဖီဖြင့် တည်ခင်း ဧည့်ခံခဲ့ပါတယ်။ ပြပွဲကို မေလ ၂၃ရက်မှ ၂၅ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်..

တပ်မတော် အင်အားရှိမှ တိုင်းပြည် ဟိုဒင်းဖြစ်မည်....

မြန်မာပြည်ရဲ့ သိမ်ကြီးဈေး စီရုံရှိ နိုက်ကလပ်တစ်ခုမှ မြင်ကွင်း...
ပြီးခဲ့တဲ့ (၂)ရက်လောက်က ရုရှားခရီးသွား လုပ်ငန်းတွေ လိုက်ကြည့်ရင်းက မထင်မှတ်ပဲ မြန်မာပြည်အကြောင်း ခရီးသွားသတင်း တစ်ခုကို ဝင်ကြည့်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့စိတ်ဝင်စားဖွယ် ဒေသတွေ၊ သွားရောက်သင့်တဲ့ ဒေသတွေကို ဓာတ်ပုံတွေနဲ့ တကွဖော်ပြထားပြီး အဆုံးကြော်ငြာမှာတော့ ရန်ကုန်ရဲ့ Sex Mission တဲ့ဗျာ...။ မြန်မာပြည်ရဲ့ နိုက်ကလပ်တွေနဲ့ ညဉ့်ငှက်တွေ ရရှိနိုင်တဲ့ သိမ်ကြီးဈေး စီရုံတစ်ဝိုက်ကို သေသေချာချာ Survey လုပ်ထားတာကို ဖော်ပြထားပါတယ်...။ ပြီးတော့ ရေးထားပါသေးတယ် Sex Mission, Myanmar (only for boys) ..တဲ့။ အဆိုပါ ခရီးသွားကြော်ငြာထဲက ရေးထားတာတွေကို နားမနဲ့မနာ ဖဝါးနဲ့နာဗျာ.. နည်းနည်းဖော်ပြရရင်တော့....


အညတြသူရဲကောင်းဆု ရရှိခဲ့သူ အညတြ သူရဲကောင်း(၃)ဦး၏ ကိုယ်ရေးအကျဉ်း.....

မြန်မာနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်က အကျဉ်းထောင်များ အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ကျော်ရှိပါတယ်...။ လူသိထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိသလို တစ်ချို့မှာလည်း နာမည်မထင်မရှားနဲ့ လူထုအတွက် ဘဝတွေပေးဆပ် တိုက်ပွဲဝင်ပြီး အသက်တွေ၊ ခန္ဓာတွေ၊ မိသားစုဘဝတွေ ပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အညတြသူရဲကောင်းတွေ အများအပြားရှိပါတယ်...။ ပြည်သူကို နှိပ်စက်ညှင်းပန်းတဲ့ အာဏာရှင်အစိုးရတွေ ရှိနေသရွေ့တော့ ဒီလို ပြည်သူတွေအတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ အသြတြ သူရဲကောင်းတွေ အမြဲမပြတ် ပေါ်ထွက်နေမှာပါပဲ..။


Blinker Hacker Group မှ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်း၏ အီးမေးလ်အား ပြန်လည်ရယူပြီး အဖြစ်မှန်အား ဖော်ထုတ်ကြေငြာခြင်း...

ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အီးမေးလ် { Account Setting}
ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အီးမေးလ် {Inbox Mail Section}
ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အီးမေးလ် {Sent Mail Section}
ဤကဲ့သို့ အကြိမ်ကြိမ် မေးလ်ကိုပြန်လည် ရယူရန် ကြိုးစားနေကြသည်။
{----၁၀ နှစ် ကြိုးစားလိုက်ဦး----} BHG မှရေးသားချက်များ ဖြစ်ပါသည်...
ယခုတလော ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များ ပေါက်ကြားမှု ...ဖြစ်ပြီး Facebook တွင် လူယုတ်မာတစုက ထိုအချက်အလက်များကို ဖြန့်ဝေခဲ့ကြသည်။ ထို့ကြောင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း၏ အီးမေးလ်ကို BHG မှ လူသားချင်းစာနာမှုစိတ်ဖြင့် ပြန်လည် ရယူပေးခဲ့ပါသည်။ ယခုအခါ  obooma@gmail.com ကို BHG မှ ထိန်းသိမ်းထားပါသည်။

ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း၏ ကိုယ်ရေး အချက်အလက်များကို ဖွင့်ထုတ်နေသူများက ၄င်းတို့သည် ရုရှားနိုင်ငံမှ ဖြစ်သယောင် ဟန်ဆောင်လိမ်ညာထားကြောင်းကိုလည်း စစ်ဆေးတွေ့ရှိရပါသည်။ (အောက်တွင် အီးမေးလ်ကို ၀င်ခဲ့သော IP များကို ကြည့်၍ သိနိုင်သည်။) ဖြစ်နိုင်သည်မှာ ၄င်းတို့သည် ပြင်ဦးလွင် စစ်တက္ကသိုလ်မှ မျိုးမစစ် စစ်အရာရှိ တစုသာဖြစ်နိုင်သည်။ ထို IP များတွင် ရုရှားမှ IP လုံးဝမပါရှိပေ။
သူတို့ကိုယ် သူတို့ ရုရှားနိုင်ငံမှ ဖြစ်သယောင်ယောင် ဟန်ဆောင်လိမ်ညာခဲ့ကြသည်။ အရှက်မရှိသူများပင်..။
ထို့အပြင် ဗိုလ်မှူးစိုင်းသိန်းဝင်း၏ Gtalk Chat History ပါအချက်အလက်များသည်လည်း ၄င်းတို့ Facebook တင်ဖြန့်နေသော စာသားများနှင့် လုံးဝကိုက်ညီမှုမရှိဘဲ သေသေချာချာ အကွက်ချစီစဉ်ပြီး ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းအပေါ် ပုဂ္ဂိုလ်ရေးအရ၊ နိုင်ငံရေးအရ အထိနာစေရန် လုပ်ဆောင်ထားခြင်း သာဖြစ်ကြောင်း သိရပါသည်။ ထိုလူယုတ်မာတစုသည် ဗိုလ်မှူးစိုင်းသိန်းဝင်းအပါအ၀င် အခြားသူများကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ပြီး ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ၄င်းတို့ ကိုယ်ကျိုးအတွက် ညှစ်ထုတ်ယူရန် ပြင်ဆင် နေပုံရပါသည်။

အချုပ်အားဖြင့် (နအဖ)စစ်အစိုးရမှ (ပြည်တွင်း/ပြည်ပ) နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ တော်လှန်ရေး အင်အား စုများအား ချုပ်ကိုင် နိုင်ရန် ထင်ယောင်ထင်မှား ပြုလုပ်ပြီး ခြိမ်းခြောက်နေခြင်း ဖြစ်ပါသည်။ (နအဖ) စစ်အစိုးရမှ နည်းပညာ အသာစီး ရယူထားပြီးသည့်အပြင် ကောက်ကျစ်စွာ လှည့်ဖြားခြိမ်းခြောက်ပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာ အတွင်းရေးများကို ရယူပြီး အကြပ်ကိုင်ရန် ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ် ပါသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် မည်သည့်အကြောင်းကြောင့် ခြိမ်းခြောက် အကြပ်ကိုင်ပြီး ကိုယ်ရေး အချက်အလက်များကို မပေးကြရန် သတိပေးနှိုးဆော်အပ်ပါသည်။

Gmail လုံခြုံမှုအန္တရာယ်နှင့် Hacking ပြုလုပ်မခံရရေး သတိပြုရန်အချက်များ....

 Gmail လုံခြုံမှုအန္တရာယ်နှင့် Hacking ပြုလုပ်မခံရရေး သတိပြုရန်အချက်များ....
 (ရေးသား ပေးပို့သူ... After Death)
Facebook စာမျက်နှာများနဲ့ ပြည်ပမီဒီယာစာမျက်နှာတွေပေါ်မှာ အခုတလော ရေပန်းစားနေတဲ့ သတင်းတစ်ခု ကတော့ ပြည်ပရောက် စစ်တပ်အရာရှိဟောင်းတစ်ဦးရဲ့ gmail account တွေ hacking ပြုလုပ်ခံရတဲ့ သတင်းပါပဲ။ IT နယ်ပယ်မှာ ဒီလို ကိုယ်ရေးကိုယ်တာများကို သိအောင်လုပ်ပြီး ခြိမ်းခြောက်အကြပ်ကိုင်တဲ့ Cyber Crime ဖြစ်စဉ်တွေဟာ မကြာခဏဖြစ်လေ့ရှိပြီး လုပ်သူမှာအပြစ်ရှိလား၊ အလုပ်ခံရသူရဲ့ ပေါ့လျော့မှုလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ပြည်ပရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူများအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ဒီအရာရှိဟောင်းလိုမျိုး ဘယ်နှစ်ယောက်လောက် အလုပ်ခံထားရလဲဆိုတာ မသိနိုင်တဲ့အတွက် အားလုံးဟာ စိုးရိမ်ထိတ်လန့်နေပါတယ်။ ဒီလို gmail password ကို hacking ပြုလုပ်ခဲ့သူတွေဟာ ရုရှားရောက် စစ်ဗိုလ်လေး တွေလား၊ ဒါမှမဟုတ် စစ်တပ်က ကျောထောက်နောက်ခံ ပြုလုပ်ပေးထားတဲ့ IT ပညာရှင်တွေရဲ့လက်ချက်လား ဒါမှမဟုတ် စစ်တပ်ထဲက လူတွေကိုယ်တိုင်ပဲလား ဆိုတာကိုတော့ အပြင်းအထန်စုံစမ်းနေကြဆဲဖြစ်ပါတယ်။

ဒါဟာ သာမန်ကြည့်ရင်တော့ gmail account တစ်ခု hack ခံရခြင်းပဲလို့ ယူဆနိုင်ပေမယ့် facebook နဲ့ အင်တာနက်စာမျက်နှာများမှာ အပြန်အလှန်ရေးသားချက်များအရ ဒီအဖြစ်အပျက်ဟာ ပြည်ပရောက် အတိုက်အခံတွေနဲ့ စစ်တပ်ထောက်ခံသူ IT ပညာရှင်တွေကြားက အားပြိုင်မှုတစ်ခုအဖြစ် ရောက်ရှိလာပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် email အသုံးပြုသူတွေအနေနဲ့ကတော့ ကိုယ့် email ကို လုံခြုံမှုရှိအောင် အမြဲသတိထားဖို့ အရေးကြီးပါတယ်။ ကိုယ့် email ကိုယ် ၉၉% စိတ်ချလက်ချ အသုံးပြုချင်ရင်တော့ အောက်မှာရေးသားထားတဲ့ အခြေခံအချက်လေးတွေ လိုက်နာနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

secure password တွေကိုသုံးပါ။ a-z ၊ 0-9၊ special character တွေတွဲဖက်ပါဝင်တဲ့ password မျိုးကို အသုံးပြုပါ။

spyware အသုံးပြုပြီး ဖောက်ထွင်းမခံရအောင် ကိုယ်နဲ့သိတဲ့သူရဲ့ email ပဲဖြစ်ဖြစ်၊ မသိတဲ့သူရဲ့ email ပဲဖြစ်ဖြစ် attachment file တွေ၊ zip file တွေ၊ exe file တွေကို virus scan ပြုလုပ်ပြီးမှ ဖွင့်ပါ။

chatting စကားပြောဆိုတာတွေကို မလိုအပ်ရင် သိမ်းမထားပါနဲ့။ go off the record ပြုလုပ်ထားပါ။

မြန်မာပြည်အတွင်းက cyber café တွေမှာ အသုံးပြုတဲ့သူအနေနဲ့ café တွေမှာမသုံးခင် ကိုယ်သုံးမယ့် ကွန်ပျူတာမှာ spyware ရှိ/မရှိ အရင်စစ်ဆေးပြီးမှ အသုံးပြုပါ။

ဒါတွေကတော့ အခြေခံအချက်တွေဖြစ်ပါတယ်။ အသေးစိတ်တွေကိုတော့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်သင့်ပါတယ်။ ပြည်ပ အတိုက်အခံသမားတွေကို အကြံပြုချင်တာကတော့ ကိုယ်နဲ့ ရင်းနှီးတယ်၊ ယုံကြည်ရတယ်ဆိုတိုင်း စိတ်မချလိုက်ပါနဲ့ စစ်တပ်က စပိုင်တွေဖြစ်နေပါဦးမယ်။ အထူးသဖြင့် ပြည်ပရောက် စစ်သားဟောင်းတွေကို ယုံကြည်မှု မလွန်ကဲဖို့လိုပါတယ်။ ဒါ့အပြင် Cyber Space မှာ သတင်းထောက်လှမ်းမှုများဟာ အဆင့်မြင့်လာနေလို့ Online ပေါ်မှာ နိုင်ငံရေး လှုပ်ရှား နေသူတွေအနေနဲ့ အထူးသတိထားရန် လိုအပ်ပါတယ်။

ရေးသား ပေးပို့သူ... After Death

နေပြည်တော်မှ ဥပဒေမဲ့ လုပ်စားနေသော ဥပဒေဝန်ထမ်းအရာရှိတစ်ယောက်အကြောင်း... (တိုင်ကြားစာ)

နေပြည်တော်မှ ဥပဒေမဲ့ လုပ်စားနေသော ဥပဒေဝန်ထမ်းအရာရှိတစ်ယောက်အကြောင်း... (တိုင်ကြားစာ)

မြန်မာပြည်မှ ဝန်ထမ်းလောကရဲ့ လာဘ်ပေးလာဘ်ယူ ကဏ္ဍဟာ မုန့်လုံးစက္ကူကပ် ပြောရပေမယ့် ပညာရေးလောကနဲ့ ဥပဒေဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကပိုလို့ အရေးပါ အရာရောက်နေပါတယ်။ ဥပမာပြောရရင် သူငယ်တန်းမှဘွဲ့ တခုတခုရဖို့အထိ ဆရာ ဆရာမတွေကိုအဆင့်ဆင့် အမျိုးမျိုးပေးကမ်းပြီး မိဘတွေကရင်းပေးရတယ်နော် လူဆိုတာဘယ်နေ့ သေမလဲမသိတော့ မသေခင် အဲ့ဒီ့အရင်း မြန်မြန်ကြေအောင် အောက်ဆိုက်များများ စားလို့ရတဲ့နေရာကို တခါပေးကမ်းပြီး အလုပ်နေရာတစ်ခုကို ဝါသနာမပါပဲ ရအောင်ယူကြတယ်။ နေရာမျိုစုံမှာ ကဏ္ဍမျိုးစုံပေါ့နော်။ 

အဲ့ဒီလို လာဘ်စားလို့ အတိုင်ခံရ၊ အဖမ်းအဆီးခံရရင် နောက်ဆုံးအဆင့် ဥပဒေဝန်ထမ်းကို လာဘ်ပေးလိုက်ရင် ကိစ္စငြိမ်းတယ်လေ။ အဲ့ဒီ့ လာဘ်စားတဲ့ ဥပဒေဝန်ထမ်းတွေထဲမှာ (ယခင် ရန်ကုန်ဗဟိုတရားရုံးချုပ်မှာ ဥပဒေဝန်ထမ်းအဆင့် ၁) ယခု နေပြည်တော် ဗဟိုတရားရုံးချုပ်မှာ ဥပဒေညွှန်ကြားရေးမှူး ဦးသောင်းစိန် အများနဲ့ မတူတမူ ထူးပြီး လာဘ်စားနေတာပါ...။ ဥပဒေကို ကုန်ပစ္စည်းလို သဘောထားနေသူပါ။ အမှုတစ်ခုကို အမျိုးအစားအလိုက် သိန်း၂၀ မှ သိန်း ၁၆၀ အထိ အပေးအယူ အရောင်းအဝယ် လုပ်နေပါတယ်။ ၎င်းနေထိုင်ရာ တောင်ဥက္ကလာ ၁၁ ရပ်ကွက် ၁၂ လမ်းမှ နေအိမ်ကိုအသစ်ပြန်တည်ဆောက်ရာတွင်လည်း မြို့နယ်စည်ပင်သာယာ ခွင့်ပြုချက်မယူပဲ ဥပဒေမဲ့ ဆောက်လုပ်ခဲ့ပါတယ်။ ဥပဒေ ကိုပြန်လိမ်တာတွေလုပ်ခဲ့သူပါ။ 

ဥပဒေအရာရှိ ဦးသောင်းစိန်ဟာ လာဘ်စားလို့ ရတဲ့ပိုက်ဆံတွေနဲ့ ၎င်းသားသမီးများ အမည်ခံပြီး ရန်ကုန်မြို့မှာ အိမ်မြေ ၅ လုံးခန့် ဝယ်ယူပိုင်ဆိုင်ထားပါတယ် (တောင်ဥက္ကလာတွင် ၃ လုံး) အရက်မူးတိုင်း ပြောတဲ့ စကားကတော့ ဥပဒေက ငါ့လက်ထဲမှာရှိတယ် ဘယ်သူမှဂရုမစိုက်ဘူးတဲ့.. ဦးသန်း ... နဲ့  ဦး သိန်း..... ရေ ဦး သောင်း .... ကတော့မလွယ်ဘူးနော် ဘယ်လိုလုပ်မလဲ သက်ဆိုင်ရာက ကြည့်ကြပါအုံးဗျာ။

ဘမင်း (နေပြည်တော်)

သူခိုးဒမြထက် ဆိုးတဲ့ ရန်သူများ (တိုင်ကြားစာ)

သူခိုးဒမြထက် ဆိုးတဲ့ ရန်သူများ...
လားရှိုး ၁၆မိုင်ဂိတ်က အကျင့်ပျက်ဝန်ထမ်းများအကြောင်း တိုင်ကြားစာ

ကျွန်တော်ပြောချင်တာက နိုင်ငံရေးနဲတော့မဆိုင်ပါဘူး ဒါပေမယ့် ခံပြင်းလွန်းလို့ပါ ၀က်ဆိုက်မှာ တင်ပေးပါလို့လည်း တောင်းပန်ပါတယ်ခင်ဗျာ့။ ဒီလိုပါ ကျွန်တော်က ကားသမားပါ လားရှိုးနဲ မန္တလေးနဲ့ပြေးတဲကားမောင်းသူ တစ်ယောက်ပါ....။ ကျွန်တော်တို့ကားက ကုန်တင်တယ်ပေါ့ဗျာ့... လားရှိုးက အပြန်ဆိုရင် အသွားလဲ တင်ပါတယ်..။ ဒါပေမယ့် တားမြစ်ထားတဲ့ ကုန်တစ်ခုမှ မပါပါဘူး အဆင်းဆိုလည်း တားမြစ်ထားတဲ့ ကုန်မပါဘူးခင်ဗျာ.... ဒါပေမယ့် ၁၆ မိုင်ဂိတ်ကိုဖြတ်ရင် အကောက်အခွန်၊ မူးယစ်၊ လ၀က အဖွဲ့စုံခေါ် သစ်တောတို့အစုံပေါ့ တားမြစ်ကုန်တစ်ခုမှ မပါပေမယ့်လည်း ဒီကောင်တွေကို ပိုက်ဆံပေးပြီးတော့ ဖြတ်ရတယ်ဗျာ....။

သတင်းစာထဲမှာ သမ္မတကြီးဦးသိန်းစိန် ကြော်ငြာထားတာက တစ်မျိုး။ ဒီကောင်တွေက တစ်မျိုးဖြစ်နေတယ် ငွေကို အတင်းကိုတောင်းတာ ခင်ဗျာ့.... ခိုးဆိုးလုယက်နေတဲ့ ဓားပြတောင် တောင်းပန်ရင် သနားဦးမယ် ဒီကောင်တွေကတော့ မသားနားဘူးခင်ဗျာ့။ အတင်းကို တောင်းတာဘဲခင်ဗျာ့ ... မပေးရင်လည်း ကားနဲ့ကုန်တွေ ကို ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး ဒုက္ခပေးတော့မှာဆိုတော့ ပေးရတော့တာပါပဲ..။ ကျွန်တော်တို့ လားရှိုး- မန္တလေး ကုန်တင်ကားသမားတိုင်း ခံစားနေရတဲ့ ဒုက္ခတွေပါပဲ..။ နောက်ဆုံးတော့ ဒီဝန်ထုတ်ဝန်ပိုးတွေကို ပြည်သူတွေပဲခံရတာပါပဲဗျာ..။ အဲဒါကို ရင်ဖွင့်ချင်လို့ပါ ၁၆ မိုင်ဂိတ်က အကောက်အခွန် မူးယစ် လ၀က အဖွဲ့စုံရဲ့ ယူနီးဖောင်းဝတ်ပြီး အေးဒမြတိုက်နေတာကို အားလုံးသိအောင် ဖော်ပြပေးစေချင်ပါတယ်..။ စာကလည်း မရေးတတ်တော့ဗျာ အမှားပါရင်ခွင့်လွတ်ပါ သက်ဆိုင်ရာနဲ့ သတင်း မီဒီယာတွေကိုလည်း တိုင်ကြားပေးပါခင်ဗျာ့...

လားရှိုး ကုန်ကားမောင်းသူတစ်ဦး

ကာလကတ္တား အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာတဲ့ ရခိုင်နဲ့ ကရင်တော်လှန်ရေးသမားများအား နယူးဒေလီလေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုပွဲ အခမ်းအနား ဓာတ်ပုံ...

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ပရက်စီဒင်စီ အကျဉ်းထောင်တွင် ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသော ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးတို့သည် ၁၉၊၅၊၂၀၁၁ ရက်နေ့ တွင် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး. ၂၀၊၅၊၂၀၁၁ ရက် ည ၁၁း၅၀ အချိန်တွင် နယူးဒေလီ လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။ နယူးဒေလီလေဆိပ်သို့ (NCGUB)မှ ဝန်ကြီးဒေါက်တာတင့်ဆွေနှင့် နယူးဒေလီမြို့ပေါ်ရှိ မြန်မာအသိုင်းဝိုင်းမှ သောင်းသောင်းဖြဖြ သွားရောက် ကြိုဆိုခဲ့ကြပါသည်။ 

ပေးပို့ပေးတဲ့ ညီငယ် စည်သူအား ကျေးဇူးတင်ပါသည်....။

သတင်းအသေးစိတ် ပြန်ဖတ်ချင်ရင်... (Click)