ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေ့အိမ် (လှိုင်သာယာ)မှ သင်တန်းဆင်းပွဲ ဖိတ်ကြားခြင်း....

အမေ့အိမ် (လှိုင်သာယာ)မှ သင်တန်းဆင်းပွဲ ဖိတ်ကြားခြင်း

အလှူရှင်များနှင့် သူငယ်ချင်းများ အားလုံး မင်္ဂလာပါ......

အားလုံးရဲ့ ဝိုင်းဝန်ကူညီပေးမူကြောင့်အမေ့အိမ် ပညာဒါနကျောင်းလေးရဲ့ Summer Course သင်တန်းများ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ ကျောင်းဆင်းပွဲကို attached file မှာပါတဲ့ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပါမည်။ သင်တန်းဆင်း ကျောင်းသား ၃၇၆ ယောက်ကို Certificate ပေးအပ်မှာဖြစ်ပြီး အတန်းလိုက် ထူးချွန်ကျောင်းသား ၁၅ ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ သူငယ်ချင်းများအားလုံး ကလေးများကို လာရောက်အားပေး ကြပါလို့ ဖိတ်ခေါ်အပ်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်