ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အလှူရေစက် ထပ်ကြပ်မကွာ တောင်းခံနေတဲ့ မော်လမြိုင် အ.ထ.က(၉) အခြေခံပညာ အထက်တန်းကျောင်း (တိုင်ကြားစာ)

ယခုနှစ်အတွင်း မြန်မာပြည်တဝှမ်းမှာ ရာသီဥတု ဖောက်ပြန်မူတွေကြောင့် လူတွေတော်တော်များများ စားဝတ်နေရေး အခက်အခဲ တွေဖြစ်ကြရပါတယ်။ ထိုအထဲမှာ မော်လမြိုင်မြို့လည်း အပါအဝင်ဖြစ်ပါတယ်..။ မိဘတွေကလည်း သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ အိမ်မှာ ရတာလေးနဲ့ ဖြစ်သလို စားသောက်ပြီး သားသမီးတွေကို ကျောင်းထား ပညာသင်စေခဲ့ကြရသလို ကလေးတွေ ကလည်း ခါတိုင်းနှစ်တွေနဲ့ မတူပဲ ဆိုးဝါးတဲ့ရာသီဥတုဒဏ်ကို အံတုပြီး ပညာသင်ယူဖို့ ကျောင်းကို သွားတဲ့အခါမှာ မိုးထဲလေထဲ ခက်ခဲစွာသွား လာကြရတယ်။ ဒီကြားထဲမှာ မြွေပူရာ ကင်းမှောင့်ဆိုသလို ကျောင်းဆောင်သစ် ဆောက်လုပ်ရန်ဆိုပြီး ဆရာတွေက ကလေးတွေကို အလှူငွေကောက်ခံရာမှာ ကလေးတွေ အလှူမထည့်ရင် မျက်နှာငယ်ပြီး ကျောင်းမသွားရဲ လောက်အောင် ဖြစ်ရတဲ့အထိပါပဲ။ လှူဒါန်းရာမှာလည်း စေတနာရှိသလောက်မဟုတ်ပဲ တော်ရုံမိဘတွေ တော်တော်အခက်အခဲဖြစ်လောက်တဲ့ ပမာဏဖြစ်နေတာကြောင့် တစ်ချို့မိသားစုတွေမှာ တော်တော်လေးကို အကြပ်ဖြစ်နေကြပါတယ်။
လမ်း၊ မီး၊ တံတား၊ ကျောင်းကအစ ကိုယ်ထူကိုယ်ထ ဆိုတော့ အစိုးရဆိုတာ.... 

နိုင်ငံတော်အကြီးအကဲတွေ ချမှတ်ထားတဲ့ စာမတတ်သူ ပပျောက်ရေးနဲ့ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးဆိုတဲ့မူဝါဒကို ထိခိုက်စေပြီး မိဘများလည်း သား၊ သမီးပညာရေးအတွက် ကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုး ဖြစ်နေကြရပါတယ်။ ဒီအတိုင်းသာ ကျောင်းက ပြုလုပ်နေရင် အချို့မိဘတွေဟာ သားသမီးတွေကို ကျောင်းပြန်ထုတ် ရမလိုဖြစ်နေ ပါတယ်။ ဒီအတိုင်းသာ ဒီဝန်ထုတ်ဝန်ပိုးတွေကြောင့် ကျောင်းဆက်မထားနိုင်ရင် မိဘတွေအတွက်ရော၊ ကလေးတွအတွက်ရော၊ တိုင်းပြည်အတွက်ရော အင်မတန်မှ နစ်နာနိုင်ပါတယ်...။ ကလေးတွေဟာ ကျောင်းကို အလှူငွေမပါသွားရင် မသွားရဲ လောက်အောင် ဆရာမတွေ ဖိအားပေးနေတာကြောင့် မိဘတွေရော ကျောင်းသားတွေပါ ဒီအခက်အခဲတွေကို မော်လမြိုင်အ.ထ.က(၉)မှာ ရင်ဆိုင် နေကြရပါကြောင်း တိုင်ကြား အသိပေးလိုက်ရပါတယ်...။

အလှူဒဏ်ပိ ကျောင်းသားမိဘတစ်ဦး....

စာနာစိတ် (ကဗျာရှင် နေရဲနီ)

ဓာတ်ပုံ SM အားကျေးဇူးတင်ပါသည်...
စာနာစိတ်

လွန်ခဲ့တဲ့နှစ် အနည်းငယ်က
တရုပ်အမျိုးသမီး တယောက်ကို
ပြစ်မှုတခုနဲ့ တရုပ်ရဲကဖမ်းတယ်။
အမျိုးသမီးက သူ့မှာ
လူမမယ် သမီးငယ်တစ်ယောက်
အိမ်မှာ ကျန်နေခဲ့ကြောင်း
ရဲကိုအကူညီ ပြန်တောင်းတယ်။
ရဲကအကြောင်း မပြန်ဘူး။
ရက်အတန်ကြာတော့
ရပ်ကွက်ထဲမှာ အနံ့ဆိုးတစ်ခုကြောင့်
အဲဒီအိမ်ကို သွားကြည့်တော့
ကလေးမလေးရဲ့ အလောင်းဟာ
ရုပ်ပျက်ဆင်းပျက်တောင် ဖြစ်နေပြီ။

ဟိုတစ်လောက
တရုပ်သားအမိနှစ်ယောက် ဈေးဝယ်ထွက်တယ်။
၂နှစ်အရွယ်သမီးငယ်ဟာ
မိခင်နဲ့ကွဲပြီး ဈေးအတွင်းက 
ကားလမ်းပေါ် ရောက်သွားတယ်။
ဗင်ကားတစ်စီးက တိုက်မိပြီး ထိုးရပ်လိုက်ပေမဲ့
ပြီးတော့ ဆက်မောင်းသွားတယ်။
ကလေးငယ်ရဲ့ အောက်ပိုင်း ဖြတ်ကြိတ်သွားတယ်။
လမ်းအလယ်မှာ
ကားကြိတ်ထားတဲ့ ကလေးငယ်ဘေးက
လူ၁၈ယောက် ဖြတ်သွားကြတယ်။
ငဲ့စောင်းလို့တောင် ကြည့်မသွားဘူး။

နောက်ကားတစ်စီး ထပ်ကြိတ်အပြီးမှာ
အမှိုက်သိမ်းတဲ့ အမျိုးသမီးကြောင့်
ကလေးငယ် ဆေးရုံရောက်ပြီး
၂ရက်အကြာမှာ ကွယ်လွန်သွားတယ်။
ကမ္ဘာပေါ်မှာ
ဘယ်နိုင်ငံမှာမှ မရှိတဲ့
လူလူချင်းစာနာစိတ်နဲ့ ကူညီပေးကြဘို့ ဥပဒေကို
တရုပ်အစိုးရက
တရုပ်လူမျိုးတွေအတွက်
အဲဒီပြည်နယ်မှာ ထုတ်ပြန်လိုက်တယ်။
လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က
တင်တင်အေးလို့ခေါ်တဲ့မိဘမဲ့
၉နှစ်အရွယ် မိန်းကလေး တစ်ယောက်ကို
ဒိုက်ဦးက တရုပ်လင်မယားက
မွေးစားဘို့ ခေါ်သွားတယ်။
တရုပ်လင်မယား ပြည်ကြီးပြန်တော့
တရုပ်ညီအမ၃ယောက် လက်ကိုဆက်ပြီး အပ်ခဲ့တယ်။
အဲဒီအထဲမှာ အထက်တန်းပြ ကျောင်းဆရာမ
တစ်ယောက်တောင်ပါသေး။

မနှစ်ကတော့
အနှစ်လေးဆယ်ကျော် ကွဲကွာနေတဲ့ ညီမဖြစ်သူကို
သူ့အစ်ကိုက ပြန်ရှာတွေ့တော့
တင်တင်အေးဟာ မီးဖိုချောင်ကလွဲပြီး 
ဘယ်မှမသွားတတ်ခဲ့ဘူး။
ငွေဆိုတာကို ဘာမှန်းမသိတတ်ခဲ့ဘူး။
မီးဖိုချောင်ဟာ သူ့ကမ္ဘာ
ထင်းရုံဟာ သူ့အိပ်ယာ
ညီအမ ၃ ယောက်အတွက်
ထမင်းချက် အဝတ်လျှော်
ကြမ်းတိုက် ပန်းကန်ဆေး
အိပ်ယာဝင်ချိန် နင်းနှိပ်ပေး
ဒါတွေနဲ့ ကျင်လည်ပြီး
ဒီလိုနဲ့ဘဲ သူ့အသက် ၅၀ ကျော်ခဲ့ရတယ်။

ဟိုတလောက
မန္တလေးကျောက်ဝိုင်းမှာ
ရန်ဖြစ်တဲ့ကိစ္စကို
အားလုံးက မှတ်ချက်ပေးတယ်။
ဧည့်သည်သည် အိမ်ရှင်ကို မစော်ကားသင့်။

ရေအားလျှပ်စစ် ရေနံ ဓာတ်ငွေ့ပိုက်လိုင်း
စတာတွေအတွက် စိနပြည်ကြီးကတော့
ကျုပ်တို့တိုင်းပြည်ကို
ထောင်သောင်းမက ရှဲ ရှဲ နီ ပါသတဲ့ဗျား။

နေရဲနီ

ယခင်နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (ယင်းမာပင် တင့်ကားစက်ရုံ စီမံကိန်း)

ယခင်နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ
ယင်းမာပင် တင့်ကားထုတ်လုပ်ရေး စီမံကိန်း အကြောင်း တစေ့တစောင်း
မြန်မာ စစ်အာဏာရှင်များရဲ့ ကပစ(၂) ယင်းမာပင် တင့်ကားထုတ်လုပ်ရေး စီမံကိန်း အတွင်းမှ
ထုတ်လုပ်ပြီး တင့်ကားများ..
အဆိုပါ တင့်ကားအတွင်း တပ်ဆင်ထားတဲ့ Equipment တွေကတော့ စက်သေနတ်များ၊ ရေဒါပဲ့ထိန်းစံနစ် ဒုံးကျည်များနဲ့ လေယာဉ်ပစ် အမြှောက်များအထိ ပါဝင်ပါတယ်...။

ဒီတစ်ပတ်မှာ တင်ပြပေးမှာကတော့ ယခုအရပ်သား အစိုးရတဖြစ်လဲ ယခင်နအဖရဲ့ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းတွေထဲက ယင်းမာပင် တင့်ကားစက်ရုံအကြောင်း တင်ပြပေးပါမယ်...။

ယင်းမာပင် တင့်ကားစက်ရုံဟာ သာစည် တောင်ကြီးကားလမ်းရဲ့ နာမည်ကျော် ယင်းမာပင် လမ်းခွဲက သွားရတဲ့ ယင်းမာပင်မြို့ အနီးမှာ ရှိပါတယ်...။ အဆိုပါနယ်မြေမှာ တင့်ကားပြင်ဆင်ရေး စက်ရုံနဲ့ တင့်ကား အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်တဲ့ အဆောက်အဦးများ အများအပြား ဆောက်လုပ်ထားပါတယ်...။ ကပစ(၂) လက်အောက်မှာ ရှိတဲ့ အဆိုပါ စီမံကိန်းများရဲ့ စက်ရုံများအား ယူကရိန်းနိုင်ငံနဲ့ ဖက်စပ် တည်ဆောက်နေတာ ဖြစ်ပါတယ်...။ စက်ရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်းအထိုင်များအား ယူကရိန်းနိုင်ငံမှ လာရောက် တပ်ဆင်တည်ဆောက် ပေးထားတာလို့ ဆိုပါတယ်...။
  မြောက်ကိုရီယားထံမှ ဝယ်ယူထားတဲ့ လေယာဉ်ပစ် အမြှောက်တင် ထရပ်ကားတစ်စီး
 အထက်ပါ ဓာတ်ပုံမှာ  မြောက်ကိုရီးယားနိုင်ငံမှ ဝယ်ယူထားတဲ့ လေယာဉ်ပစ် အမြှောက်တင် ထရပ်ကား တစ်စီးဖြစ်ပါတယ်...။ အဆိုပါ ထရပ်ကားမှ ရန်သူလေယာဉ်အား ခေတ်မှီ ရေဒါနည်းစံနစ်ဖြင့် ပစ်မှတ်ရှာပြီး အော်တိုပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်...။ မြောက်ကိုရီးယားရဲ့ နည်းပညာဖြင့် ပြုလုပ်ထားတဲ့ အဆိုပါ...။ လေယာဉ်ပစ် အမြှောက်တင် ထရပ်ကားမှ အစိတ်အပိုင်းများအား ပုံတူ ကော်ပီကူးချပြီး ယူကရိန်းနဲ့ ဖက်ဆစ် ပုံစံတူ ပြန်လည် ထုတ်လုပ်နေကြောင်း သိရှိရပါတယ်..။ အဆိုပါ ပုံစံတူ ကော်ပီကူးချ ပြုလုပ်နေမှုအား မြောက်ကိုရီယားမှ သိရှိခြင်း မရှိဘူးလို့ ဆိုပါတယ်...။ အဆိုပါ ဖျောက်ဆိပ်ပင် ရေဒါစခန်း၊ တင့်ကားစက်ရုံ စီမံကိန်းများရဲ့ တာဝန်ခံ ကတော့ ဗိုလ်ချုပ်သိန်းထိုက်ဖြစ်ပြီး ဒုထုတ်ချုပ်ကတော့ ဗိုလ်ချုပ်အောင်မျိုးမင်း ဖြစ်ပါတယ်...။
ယင်းမာပင် တင့်ကားစက်ရုံ အဆောက်အဦး အပြင်ပိုင်း မြင်ကွင်းတစ်ခု
အဆိုပါ တင့်ကားစက်ရုံ စီမံကိန်းဟာ အင်မတန် ကြီးမားတဲ့ စီမံကိန်းဖြစ်ပါတယ်...။ ဤကဲ့သို့သော စက်ရုံ ဂိုဒေါင်များနှင့် စက်ပစ္စည်း အစိတ်အပိုင်းထုတ် စက်ရုံ (၇၀)ထက်မနည်း တည်ဆောက်ထားတယ်လို့ ဆိုပါတယ်...။ အဆိုပါ ထုတ်လုပ်ပြီး တင့်ကားများအား ပြည်တွင်း၌ အသုံးပြုရန်နှင့် အာဖရိကမှ မငြိမ်မသက် ဖြစ်နေတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ဆိုမာလီ၊ ဆူဒန်စတဲ့ နိုင်ငံများသို့ လျှို့ဝှက် ရောင်းချရန် စီစဉ်လျှက် ရှိတယ်လို့ ဆိုပါတယ်...။ ကမ္ဘာ့ကုလသမဂ္ဂမှ မြောက်ကိုးရီးယားနိုင်ငံအား စစ်လက်နက် ရောင်းဝယ်ခြင်းအား ပိတ်ပင် တားမြစ်တဲ့ ဥပဒေများ ထုတ်ပြန်ထားလင့်ကစား မြန်မာနိုင်ငံတွင်းမှ စစ်အာဏာရှင်များနဲ့ စစ်လက်နက် ပစ္စည်းများ လျှို့ဝှက်ရောင်းချနေခြင်း၊ မြန်မာပြည်တွင်း၌ မြောက်ကိုရီးယား လက်နက်ပညာရှင်များ ခြေချင်းလိမ်အောင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ပူပေါင်း တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်နေခြင်းဟာ ကုလသမဂ္ဂမှ မြောက်ကိုရီးယားအပေါ် ပိတ်ပင်ထားတဲ့ ဥပဒေအား မြန်မာစစ်အာဏာရှင်များမှ မထီမဲ့မြင် ဗြောင်ချိုးဖောက်ရာ ရောက်နေပါတယ်..။
စက်ရုံအတွင်းမှ ထုတ်လုပ်ပြီး တင့်ကားများ...
အချုပ်အားဖြင့် ဆိုရသော် ယခင်နအဖ စစ်အာဏာရှင်များဟာ တိုင်းပြည်ရဲ့ နေရာအနှံအပြားမှာ  လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများအား ဆက်လက်လုပ်ကိုင် ဆောင်ရွက်ခဲ့ပါတယ်...။ အထက်ပါ လျှို့ဝှက် တည်ဆောက်ရေး စီမံကိန်းများအတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေများအား မည်မျှ ပမာဏအထိ သုံးစွဲတည်ဆောက် နေတယ်ဆိုတဲ့ အချက်ကိုတော့ အများပြည်သူ သိရှိရခြင်း မရှိသလို.. ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အတိုက်အခံ အမတ်မင်းများမှလည်း နိုင်ငံတကာနဲ့ အများသိရှိပြီးဖြစ်တဲ့ အဆိုပါ လျှို့ဝှက်စီမံကိန်းများနဲ့ ပတ်သက်ပြီး ကြားသိထားသမျှအား လွှတ်တော်အတွင်း၌ ယနေ့ထက်တိုင် မေးမြန်းဖော်ထုတ်ခြင်း မရှိသေးပါဘူး...။ နိုင်ငံတခုမှာ အင်မတန်မှ အရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ဘတ်ဂျက် ရာခိုင်နှုန်း အနည်းငယ်သာ  အသုံးပြုပြီး စစ်အသုံးစားရိတ်အား ရာခိုင်နှုန်းများစွာ အသုံးပြုနေခြင်းဟာလည်း စီးပွားရေးချွတ်ခြုံကျမှုရဲ့ ကြီးမားသော အကြောင်းရင်းတရပ် ဖြစ်ပါသည်...။ နအဖ တဖြစ်လဲ အရပ်သားအစိုးရဟာ ယနေ့ထက်တိုင် အဆိုပါ စီမံကိန်းများနှင့် စစ်ဘက်ဆိုင်ရာ စီမံကိန်း အများအပြားအား ဆက်လက် လျှို့ဝှက်လုပ်ကိုင် ဆောင်ရွက်လျှက်ရှိကြောင်း အများပြည်သူ သိရှိနိုင်စေရန် တင်ပြလိုက်ပါတယ်..။

ပြည်ချစ်၊ မျိုးချစ်စစ်သည်များအား အစဉ်လေးစား ဦးညွှတ်လျှက်....။

ဒီမိုဝေယံ....

နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၃) ပြန်ဖတ်ချင်ရင်.. http://www.demowaiyan.co.cc/2011/02/blog-post_22.html




ဒီမိုဝေယံ....


ယနေ့ အိုးအိမ်ဦးစီးဌာနရုံးရှေ့မှာ လယ်သမားများရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ.. ဓာတ်ပုံ၊ သတင်း

ယနေ့ ၂၇ရက်နေ့ မနက် ၈း၃၅ အချိန်၌ ရှေ့နေကိုဖိုးဖြူ ဦးဆောင်သော တောင်ဒဂုံဆိပ်ကမ်း၊ ခရမ်း၊ သုံးခွမြို့နယ်မှ တောင်သူလယ်သမား အယောက် ၃၀ ခန့်သည် ဗိုလ်ချုပ်လမ်း စိန်ပေါလ်ဘုရားရှိခိုးကျောင်း ရှေ့ရှိ အိုးအိမ်ဦးစီးဌာန ရှေ့သို့ လာရောက် ဆန္ဒပြခဲ့ကြပါသည်။ လယ်သမားများ၏ မြေယာများအား (လန/၃၉)အရ အိုးအိမ်ဦးစီးဌာနမှ မတရား သိမ်းယူခဲ့သောကြောင့် ယခုကဲ့သို့ လာရောက်တောင်းဆို ဆန္ဒပြရခြင်းဖြစ်ကြောင်း ခရမ်းမြို့နယ်မှ လယ်သမားဦးကြီးတစ်ဦးမှ ပြောဆိုသွားခဲ့ပါသည်။ 
ထို့နောက်မှာတော့ လုံထိန်းရဲများ ရောက်ရှိလာပြီး လူစူခွဲကာနေရပ်သို့ ပြန်ရန်ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။ ယင်းတောင်းဆိုမှုကို ဦးဆောင်ခဲသော့ ရှေ့နေကိုဖိုးဖြူအား ထောက်လှမ်းရေးများမှ စစ်ဆေးမြန်းရန်ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
သတင်း၊ ဓာတ်ပုံ .. ဒီမိုဝေယံ၊ ဒီမိုကောင်းကင်
ဒီမိုဝေယံ ဘလော့ဂ်မှ သတင်း၊ ဓာတ်ပုံများ ကူးယူဖော်ပြနိုင်ပါသည်.. ကူးယူသည့်လင့်ခ်အား ပြန်လည် ဖော်ပြပေးပါရန်..

ပြဿနာဟောင်းဟာ အသစ်ဖြစ်နေသေးတယ်..
(ရေးသားသူ အောင်မျိုးထွန်း)

ဒီနေ့မနက်၊ မြို့ထဲဗိုလ်ချုပ်လမ်းက အိုးအိမ်ရုံးရှေ့မှာ လယ်သမားတွေ ဆန္ဒပြတာကို တာဝန်ရှိ ပြည်ထဲရေးဌာနရဲများက တားမြစ်လူစုခွဲတဲ့ဖြစ်စဉ်ဟာ နိုင်ငံရေးသတင်း ဖြစ်ပါတယ်။ မနက်ဖြန်ထုတ် ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြပေးဖို့ အယ်ဒီတာမင်းများအနေနဲ့ ကြိုးစားစေချင်ပါတယ်။ စာပေစီစစ်ရေးဘက်ကလည်း အထိုက်အလျောက် ခွင့်ပြုပေး ရပါလိမ့်မယ်။ ရွှေဝါရောင် (၄)နှစ်ပြည့်၊ ဆုတောင်းပွဲ အခမ်းအနား နိုင်ငံရေးသတင်းတွေကိုလည်း အဲဒီတုန်းက ဖော်ပြခွင့် မရခဲ့ပါဘူး။ ဒီတော့.. နိုင်ငံရေးသတင်းခွင့်ပြုမှုကို တိုင်းတာတဲ့ စံနှုန်းပေတံ ဆိုတာကို ကျွန်တော်တို့က သံသယရှိနေတာ သဘာဝကျပါတယ်။ 

ဒါနဲ့ တစ်ဆက်တည်း.. ဂျာနယ်များမှာ ရေးသား ဖတ်ရှုခွင့်ရလာခဲ့တဲ့ နိုင်ငံရေးသတင်းတွေက “နိုင်ငံရေး” ကိုပါ အမြင်တိမ်းလာနိုင်တာတွေ ရှိလာရပါတယ်။ ဒါ့ကြောင့်ဘဲ... ပြဿနာဟောင်းဟာ အသစ်ဖြစ်နေသေးတယ်လို့ ယူဆသူတွေ ရှိလာပြီး သူတို့ကို လွန်နေတယ် မှားနေတယ် သွားပြောရင် ရယ်စရာ သိပ်ကောင်းပါလိမ့်မယ်။
 အောင်မျိုးထွန်း..

အညာတစ်ခွင် ရေလွှမ်းပြီးနောက် ဒုက္ခသည်ပေါင်း နှစ်သောင်းနီးပါး အတွက် အရေးပေါ် အကူအညီများ လိုအပ်လျက် ရှိနေ (မတ်ဖန်အယ်ဒီတာ ခရီးသွားမှတ်တမ်း ဗွီဒီယို)..

မတ်ဖန် အယ်ဒီတာ တစ်ဦး၏ ဆိတ်ဖြူမြို့နယ် ရေဘေးသင့်ပြည်သူများထံ သွားရောက် ခဲ့သည့် ခရီးစဉ် (ပထမပိုင်း)
မတ်ဖန် အယ်ဒီတာ တစ်ဦး၏ ဆိတ်ဖြူမြို့နယ် ရေဘေးသင့်ပြည်သူများထံ သွားရောက် ခဲ့သည့် ခရီးစဉ် (ဒုတိယပိုင်း)
အညာတစ်ခွင် ရေလွှမ်းပြီးနောက် ဆိပ်ဖြူမြို့နယ်မှ ကျေးရွာပေါင်း ၂၅ ရွာ နှင့် ရေဘေး ဒုက္ခသည်ပေါင်း နှစ်သောင်းနီးပါး အတွက် အရေးပေါ် အကူအညီများ လိုအပ်လျက် ရှိနေခဲ့ရာ Mutdfan.com မှ အယ်ဒီတာတစ်ဦး အနေဖြင့်အဆိုပါ ဒေသသို့ သွားရောက်ပြီး သတင်းရယူခဲ့ပုံ မှတ်တမ်း ဗွီဒီယို ဖြစ်ပါသည်။

ရင်းမြစ်... (http://mutdfan.com/index.php/readmore/post/39696)
 အင်မတန်မှ ဒုက္ခရောက်နေချိန်မှာတော့ ရောင့်ရဲတင်းတိမ်၊ အပြုံးမပျက်ကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေပါ...။ အားလုံးကူညီ ပံ့ပိုးပေးကြပါ...
 အပင်ပေါ်မှာ ရောက်နေတဲ့ စဥ့်အိုးနဲ့ ဝါးလုံးတွေကို ကြည့်ပြီး ရေအမြင့် ဘယ်လောက်ထိတောင် ရောက်ခဲ့မလဲဆိုတာ တွေးကြည့်နိုင်ပါတယ်...။
လှူဒါန်းရန်.. နေရာ၊ လိပ်စာ၊ ဖုန်းနံပါတ်

ရန်ကုန်၊ ပခုက္ကူ

ဦးဇော်လွင်ဝင်း၊

အယ်ဒီတာချူပ် (Mutdfan.com)

Rm- 401, Excel Tower,

... ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -559377 Ext: 6411

0943113390


ပြည်တွင်းမှ လှူဒါန်းလိုသူများအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်တွင် Saving Account ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ကမ္ဘောဇဘဏ် သို့ သွားပြီး Saving Account

Account No. 0071220027265 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)

Account Name. U ZAW LWIN WINသို့ ငွေလွဲထည့်ပေးပါဟု ပြောပြပြီး ကမ္ဘောဇဘဏ် ရှိရာ မည်သည့်မြို့မှ ဖြစ်စေ လှူဒါန်းနိုင်ပါသည်။ တောင်ကိုရီးယား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။


ကိုရီးယားနိုင်ငံ


ထူးကိုကို (ကိုဂျာရက်)

ဘဏ်အကောင့် - ၁၀၀၂-၀၃၇-၈၃၇၀၃၂

Woori Bank

ဖုန်းနံပါတ် ..010 -3434-6184

လိပ်စာ-
1360-8 , Jung Wang -Dong,

Siheung-City , Kyungki-Do , Korea

( 2 Ra – 509, Sihwa Industrial Complex )

စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ


ကိုသန့်ဇင်ဝင်း

အယ်ဒီတာ (Mutdfan.com)

(potatothant@gmail.com)

ဖုန်း – ၉၀၉၄၀၂၈၁…၆၂၂၁၉၇၈၉(အိမ်ဖုန်း)
POSB Bank Account No. 402- 11900-4
win htut aung (Bank Account Holder Name )၉၀၉၄၀၂၈၁ (သို့)၆၂၂၁၉၇၈၉(အိမ်ဖုန်း)


မခင်စုယဉ်
suuyin@gmail.com
Ph: 93887207
စင်္ကာပူ…
Bank Account { POSB Savings , 248-06784-5 }


မလေးရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။
ဆရာတော်ဥုးစရိယ
( စရိယာရာမကျောင်း)

No.4. Jalan Chawan 6/21, Section 6, 46000 Petaling, Jaya.

ဆရာတော်ဦးစရိယ- ၀၁၆၆၂၆၄၆၄၂

လမ်းညွှန်။ ။ KL( Pasar Sini) မှ U-66 စီး Section 6, Caltex ဓာတ်ဆီဆိုင် မရောက်ခင် ဆင်းပါ၊ ပူထရာLRT ရထားစီးလျှင် Taman Jaya (တမန်ဂျာရာ)


ရုရှားနိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုသက်ထွန်းဦး (MPEI)
အယ်ဒီတာ (Mutdfan.com)

+79037894871

mincansi@gmail.com

ကိုအောင်ဇော်လတ် (MIIT)
အယ်ဒီတာ (Mutdfan.com)

+79851335345

saisyant@gmail.com

Online မှ လှူဒါန်းလိုပါလျှင်..
Papal.com - donate@mutdfan.com

ခေတ်သစ် ဆောင်ပုဒ် (သို့) ရွှေအိုးပေးမှ ပညာရ (တိုင်ကြားစာ)

 ခေတ်သစ် ဆောင်ပုဒ် (သို့) ရွှေအိုးပေးမှ ပညာရ

တပ်မတော်စည်းကမ်းရှိမှ ရုရှားမှာ နေခွင့်ရမည်.. (ရုရှားမှစစ်ဗိုလ်များ စည်းမဲ့ကမ်းမဲ့ နေထိုင်မှုကြောင့် အဆောင်မှနှင်ထုတ်မည့် အခြေအနေအား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်)

၂၀၁၀စက်တင်ဘာလ ၈ရက်နေ့က မြန်မာစစ်ဗိုလ် ကျောင်းသား ၅၁ဦးအဖွဲ့ မော်စကိုမြို့ရှိ MSTU ကျောင်းသို့ ရောက်ရှိလာစဉ်..
ရုရှားမှ မြန်မာစစ်ဗိုလ်များရဲ့ ၂၀၁၀ ပြည်ထောင်စုနေ့က မြန်မာ့ရိုးရာ အတာသင်္ကြန် သရုပ်ပြပွဲ..
ရုရှားမှ နောင်တခေတ်ရဲ့ အောင်စစ်သည်များ စည်းမဲ့၊ ကမ်းမဲ့ စည်းပျက်၊ ကမ်းပျက် နေထိုင်မှုကြောင့် အဆောင်မှ ထွက်ပေးရန် တောင်းဆိုခံရမှုနှင့် ၂၀၁၀သြဂုတ်လက ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်တဲ့ဗျို့...
၂၀၁၀ခုနှစ် ဖေဖော်ဝါရီလက ရုရှားမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တွေ့ရတဲ့ သံအမတ်ကြီး ဦးမင်းသိန်း (ဝဲ-ဒု)၁၆ သြဂုတ် ၂၀၁၀ ခုနှစ်က မြန်မာသံအမတ်ကြီး ဦးမင်းသိန်း၏ လျှို့ဝှက် သတိပေးစာ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးအောင်ဆန်းဦး၊မော်နီတာဂျာနယ်ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ)ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မြတ်ခိုင်တို့အား တရားစွဲဆိုပြီ..

တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစ်ကို ဦးအောင်ဆန်းဦးတို့ ရင်ဆိုင်လျှက်ရှိသော တရားမအမှုကို မော်နီတာဂျာနယ်တွင် မမှန်မကန် ရေးသား ဖော်ပြခဲ့သောကြောင့်ဟု သိရှိရပြီး၊ (၆၄)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားသို့  တက်ရောက်ရန် မြန်မာပြည်သို့ ရောက်ရှိနေသော လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဦးအောင်ဆန်းဦးအား မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မြတ်ခိုင်မှ အင်တာဗျူးမေးမြန်းရာတွင် လက်ရှိ ရင်ဆိုင်လျှက်ရှိသော တရားမအမှုမှာ ဦးအောင်ဆန်းဦးဘက်မှ အနိုင်ရဖွယ်ရှိသည်ဟု အဓိပ္ပါယ်ရသော အဖြေကို ဦးအောင်ဆန်းဦးမှ ဖြေကြားခဲ့ပြီး၊မော်နီတာဂျာနယ်တာဝန်ခံ အယ်ဒီတာဖြစ်သော မြတ်ခိုင်မှဂျာနယ်တွင် ထည့်သွင်းရေးသား ဖော်ပြခဲ့ပါသည်...။
သို့ရာတွင် တာဝန်ခံအယ်ဒီတာ ဖြစ်သောမြတ်ခိုင်မှ ယင်းကိစ္စမှာ မိမိနှင့်လုံးဝ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပြီး ၊ဒေါ်အောင်ဆန်းစုကြည်အား သူမ၏နေအိမ်တွင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရှိရပါသည်။ တရားရုံး၏ အဆုံးအဖြတ် အမိန့်ချမှတ်ခြင်း မရှိသေးသော အမှုကို ကြိုတင်ခန့်မှန်း ရေးသားပြောဆိုခဲ့ကြသော ဦးအောင်ဆန်းဦး၊ မော်နီတာဂျာနယ် ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ) ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ် ၊လျှပ်တပြက်ဂျာနယ် အယ်ဒီတာမြတ်ခိုင်တို့အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ကြောင်း သိရှိရပါသည်။ ယင်းအမှုကို ၂၀၁၁ခု ၊ အောက်တိုဘာလ(၂၇)ရက်နေ့၊ နံနက်(၁၀)နာရီတွင် လက်ခံရန်သင့်၊ မသင့်ကြားနာမည်ဟု သိရှိရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည်ဟု  သိရှိရပါသည်။

ပြည်သူ့သတင်းထောက်... 
ယခင်လျှက်တပြက် အယ်ဒီတာချုပ်၏ ရိုက်ချက်များ ပြန်ဖတ်ချင်ရင်... Click

မတ်ဖန်အယ်ဒီတာချူပ် တာဝန်ဖြင့် ဆိပ်ဖြူရေဘေးသင့် ပြည်သူများထံ သွားရောက်ခဲ့သော အယ်ဒီတာချူပ်၏ ခရီးစဉ် (အပိုင်း၁-၂-၃)


ကိုမှူးသခင်ရေ...

မုံရွာရာက်နေတဲ့ ကျွန်တော်ဟာ နံနက်စောစော အိပ်ယာက ထပြီး ဒီနေ့နံနက် ကျင်းပမယ့် မတ်ဖန် အယ်ဒီတာ ကိုဝင်းမင်းဆန်းရဲ့ မင်္ဂလာပွဲကို အယ်ဒီတာတွေကိုယ်စား တက်ရောက်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ကိုမှူးရဲ့ ဖုန်းကို လက်ခံရရှိခဲ့တာပါ။ ပခုက္ကူမှာ ရေကြီးနေတယ် လူတွေအများကြီးသေတယ်၊ အချို့ကလေးတွေဆို သစ်ပင်ပေါ်မှာ ချိတ်သေနေတယ် ဆိုတဲ့သတင်းတွေအထိ ကြားရတယ်၊ ကိုဇော်ဆင်းလာမှ ဖြစ်မယ် ဆိုပြီး ကယ်ဆယ်ရေးလုပ်ဖို့ သတင်းပေးခဲ့တာဟာ မုံရွာကနေ အခုခရီးစဉ်လေး ဆက်ဖြစ်လာဖို့ အစပဲ ဖြစ်ပါတယ်။ တကယ်တော့ မင်္ဂလာဆောင် ခရီးအတွက် လာခဲ့တဲ့ ကျွန်တော်ဟာ သတင်းသွားယူဖို့ ပစ္စည်းကိရိယာ စုံစုံလင်လင် မပါသလို ငွေကြေးအားဖြင့်လည်း ကျွန်တော့် ခရီးစဉ်နဲ့ ပိုပိုသာသာ အဖြစ်သာ ပါခဲ့တာပါ။
ဒါပေမယ့် အခုလို ပြည်သူတွေ ဒုက္ခဖြစ်တိုင်းလိုလို မတ်ဖန်က ကူညီနေကျမို့ ပင်ပန်းသည်ဖြစ်စေ၊ ငွေကြေး မလုံလောက်သည်ဖြစ်စေ မည်သို့သော အကြောင်းပြချက်နဲ့မှ ကျွန်တော် လျစ်လှူရှုဖို့ မစွမ်းသာခဲ့ပါဘူး။ မင်္ဂလာဆောင်မှာ သတိုးသား မတ်ဖန်အယ်ဒီတာကြီး ကိုဝင်းမင်းဆန်း တစ်ယောက်ကလည်း ပခုက္ကူသတင်း စုံစမ်းပေးရ၊ လှမ်းချိတ်ဆက်ပေးရနဲ့ မင်္ဂလာဆောင်နေချိန် အတွင်းမှာကိုပဲ ကျွန်တော်နဲ့အတူ ပရဟိတ အလုပ်အတွက် စိုင်းပြင်းနေခဲ့တယ် ဆိုရင်တော့ သူ့တစ်သက်တာ တစ်ခါသာဆောင်ခွင့်ရမယ့် မင်္ဂလာဆောင်အတွက် အမှတ်တရအဖြစ် အမြဲအမှတ်ရနေတော့မှာပါ။

မင်္ဂလာဆောင်နေချိန် မနက်ဖြန်မှ ဟိုတယ်ကနေ Check out လုပ်ဖို့ ပြင်ထားတဲ့ ကျွန်တော်ဟာ ဟိုတယ်အမြန်ပြေး အ၀တ်တွေသိမ်းရင်း ခရီးစဉ်အတွက် ပြင်ဆင်ခဲ့သလို ကိုမှူးကလည်း ခရီးစဉ်ကနေပြီး ကျွန်တော့် ခရီးအတွက် ကူညီစုံစမ်းပေးနေတာဟာဖြင့် ကျွန်တော်တို့ မတ်ဖန် အယ်ဒီတာတွေရဲ့ ညီရင်းအစ်ကိုပမာချစ်ခင်လေးစားမှု၊ ရေဘေးသင့် ပြည်သူတွေအတွက် အလေးထားမှုတွေကို မြင်သာစေခဲ့ပါတယ်။

မင်္ဂလာဆောင်က ကိစ္စကြီးငယ်လေးတွေ နေ့လည် ဆယ့်တစ်နာရီခွဲလောက် ပြီးတာနဲ့ ကျွန်တော်ဟာ ကားကြီးဝန်းထဲပြေး ကားလက်မှတ်ဖြတ် ပိုနေတဲ့အချိန်မှာ အင်တာနက်ဆိုင်ရှာပြီး ကူညီကယ်ဆယ်ရေး လုပ်မယ့်အကြောင်း မတ်ဖန်ကနေ မောင်းတီးပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ကိုမှူးရေ ကျွန်တော်တို့ရဲ့ ပဟရိတ အလုပ်လေးတွေ စတင်မယ်ဆိုပြီး စီစဉ်တိုင်း အစီအစဉ်ဖြစ်ပြီလို့ ထင်မှတ်ရလောက်အောင် ပထမဦးဆုံး မတည်ပေးလေ့ရှိတာက မလေးရှားနိုင်ငံ၊ စရိယာရာမကျောင်း ဆရာတော် ဦးစရိယ နဲ့ ဒါယိကာ၊ ဒါယိကာမ တွေပဲ ဖြစ်ပါတယ်၊ အလှူငွေ ၂ သိန်းကျပ် စတင်မတည်ပေးခဲ့ကြောင်း သတင်းကောင်းရပြီးမှာပဲ မုံရွာက ခရိုင်အဆင့် ဌာနဆိုင်ရာ အရာရှိတစ်ဦးက သတင်းကောင်း ပေးလာတာက ကျွန်တော်နဲ့အတူ ပခုက္ကူသား ဒေသခံတစ်ဦး ကယ်ဆယ်ရေး လုပ်ငန်းဆီ လိုက်မယ်ဆိုတာပါပဲ။

အင်တာနက်ဆိုင်ကနေ ဆင်းပြီး တွေ့လိုက်ချိန်မှာ ဦးခင်မောင်မြင့်ဆိုတဲ့ ဆိပ်ဖြူမြို့သား တစ်ဦးက မုန်းချောင်း တစ်လျောက် ည ၁၂ နာရီလောက် အိပ်ပျော်နေကြတုန်း ရေတွေကြီးလာပုံ၊ ပထမရေက အိမ်တွေ အားလုံးလိုလိုကို တိုက်ချသွားပြီး ဒုတိယအကြိမ် တက်လာခဲ့တဲ့ ရေက သောင်တွေပါပါလာပြီး အိမ်နေရာအားလုံးကို ဖုံးသွားခဲ့ပုံတွေကို မျက်ရည်တွေနဲ့အတူ ပြောပြခဲ့ပါတယ်။ ဒါထက်ဆိုးတာက ဒီနေရာဟာ မနှစ်က ရေကြီးခဲ့ပြီး အိမ်ခြေ ငါးဆယ်လောက် ပျက်စီးသွားတဲ့ နေရာဖြစ်သလို ရေကြီးတဲ့ရက်ဟာ တစ်နှစ်ပြည့်ဖို့ ၇ ရက်အလိုမှာ ထပ်ကြီးတာဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက သတိပေးချက် တွေ ညနေ ၆ နာရီလောက်မှာ ရလို့ မနှစ်က ရေမမြုပ်တဲ့နေရာတွေဆီ ဒီနှစ်တော့ ရေမကြီးလောက်ဘူးဆိုပြီး လူနဲ့ ပစ္စည်းတွေရွှေ့ထားရာက အခုနှစ် အဲ့ဒီနေရာတွေ အားလုံး ရေတက်လာပြီး အားလုံးကို တိုက်စားသွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
ကျွန်တော်စိတ်မကောင်းဘူးဗျာ။ ကျွန်တော့် ဆီမှာ လက်ကျန်ငွေ သုံးသိန်းကျော်တော့ ပါသေးတယ်။ အခုခရီးစဉ် သွားမယ့်ရက်ကလည်း စနေ၊ ပိတ်ရက်ဖြစ်နေတော့ ချက်ခြင်း ငွေလွဲမရသေးဘူး။ ဒါ့အပြင် ကျွန်တော်တို့က ဘယ်လောက်ပင်ပန်းချင် ပင်ပန်းပါစေ အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်သွားမယ်၊ ကိုယ်တိုင်လှူမှ ဖြစ်မယ်ဆိုတာ ပြောပြခဲ့တော့ သူကလည်း လှူတာ မလှူထက် သူတို့အဖြစ်တွေကို လာကြည့်ပေးလေ့ပါ။ အခုက ဒီနေ့အထိ အလှူရှင်တွေလုံးဝ မလာနိုင်သေးဘူး အားလုံး ဒုက္ခရောက်နေကြပါတယ် ဆိုပြီး သတင်းပေးလာခဲ့ပါတယ်။
ကျွန်တော်လည်းသူနဲ့အတူ ညနေ ၃ နာရီ မုံရွာကားကြီးဝင်းထဲမှာ ချိန်းပြီးတော့ မတ်ဖန်မှာသတင်းပေးဖို့ ဆက်လုပ်ခဲ့ပါတယ်။ ညနေ ၃ နာရီမထိုးခင်နေ့လည်စာကို ဖြစ်သလိုစားပြီးတော့ ကားဂိတ်အရောက် ဒူးနှစ်လုံးပူး ထိုင်ရတဲ့ ဘတ်စ်ကားလေးပေါ်မှာ တက်ထိုင်ရင်း ကယ်ဆယ်ရေး ခရီးစဉ်အတွက် စတင်ခဲ့ပါတယ်။ လမ်းမှာ ရေကျော်ထားလို့ ဆိုင်ကယ်တွေ မပြီးသွားနေခဲ့တဲ့နေရာတွေ မြင်ခဲ့ရသလို ကားကို သတိနဲ့ ရေထဲဖြတ်မောင်း သွားရတာလည်း ရှိခဲ့ပါတယ်။ တကယ့်အခက်အခဲက ပခုက္ကူနား ရောက်ခါမှ တွေ့ရတာပါ။ ပခုက္ကူမြို့ထဲက တံတားကျိုးတဲ့ ရွှေချောင်းဟာ သွားမရတော့တဲ့အတွက် လေယာဉ်ကွင်းဟောင်းဖက်ကနေ ပတ်ဝင်ခဲ့ရပါတယ်။

လေယာဉ်ကွင်း ဟောင်းဖက်ကနေ ၀င်လာခဲ့ရာမှာ သဲချောင်းအ၀အထိပဲ ကားက ၀င်နိုင်ခဲ့ပြီး ခရီးသည်တွေအကုန်လုံး မစောင့်နိုင်တော့တဲ့ အဆုံး ဆိုင်ကယ်တက္ကစီတွေနဲ့ မြို့ထဲ ၀င်ခဲ့ရပါတယ်။ လူတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ ရွှေချောင်းဟာ အခုအချိန်မှာတော့ သူမဟုတ်သလိုပဲ ရေမရှိတော့ပါဘူး။ ရေမရှိပဲ သဲတွေသာရှိနေတော့တဲ့ ကျွန်တော်တို့ ဖြတ်တဲ့နေရာဟာ အရင်က အိမ်တန်းတွေဖြစ်ပြီး အခုအခါ ရေထဲ တိုက်စားသွားလို့ သဲပြင်ကြီးအဖြစ်သာ မြင်ရတော့တာပါ။ မနက်ကပဲ အောက်ဖက်မှာ လူသေအလောင်း ငါးလောင်းတွေ့ခဲ့တယ်လို့ ဆိုင်ကယ်သမားက ပြောပြပါတယ်။ ဒါနဲ့ နေရာလေးတွေကို မတ်ဖန်က ပရိသတ်တွေ စေတနာရှင်တွေ ဆီတင်ပြမယ်လို့ ဓါတ်ပုံရိုက်ပြီး ကယ်ဆယ်ရေးစခန်းဆီ လိုက်ပို့ခိုင်းခဲ့ပါတယ်။ ၃ ရပ်ကွက်အတွင်းက တိလောကရာမ ကျောင်းတိုက်ထဲမှာ အိမ်ထောင်စုပေါင်း ၁၃၀ ကျော်ကို ကယ်ဆယ်ထားရပြီး ကျွန်တော်ရောက်တဲ့ည ၇ နာရီအထိ ထမင်းထုတ်ကို နာမည်နဲ့ ခေါ်ပြီး နည်းနည်းချင်းပေးနေတုန်း ပါပဲ။ ကျွန်တော်လည်း မနက်ဖြန် လုပ်မယ့် အလှူငွေပေးအပ်ပွဲ တက်မယ့်အကြောင်း ဘာညာမေးပြီးတော့ အခမ်းအနားပြင်ဆင်သူတွေကို ပြောပြီး ဓါတ်ပုံရိုက်ခဲ့ပါတယ်။

ထမင်းထုတ်ပေးနေတာကို ဓါတ်ပုံရိုက်နေတုန်းမှာပဲ ဒုရဲအုပ် အဆင့်ရှိတဲ့ ရဲတစ်ယောက်က မျှော်လင့်ထားတဲ့အတိုင်း ကျွန်တော့်ဆီရောက်လာပြီးတော့ ဓါတ်ပုံရိုက်မရဘူးလို့ ဆိုင်းဘုတ်တင်ထားတဲ့ အကြောင်း ရိုက်ချင်ရင် မြို့နယ် အုပ်ချူပ်ရေးမှူးဆီမှာ ခွင့်တောင်းရမယ်၊ ပြည်နယ် ၀န်ကြီးချူပ် ကိုယ်တိုင်က ဓါတ်ပုံမရို်က်ဖို့ တားထားတာ ဖြစ်တယ်ဆိုပီးတော့ ပြောပါတယ်။ ကျွန်တော်ကလည်း သမ္မတကြီးက ဒီမိုကရေစီခေတ်မှာ မီဒီယာဆိုတာ စတုထ္ထ မဏ္ဍိုင်ဖြစ်တယ် ဆိုပြီးပြောထားတယ်လေ ဓါတ်ပုံရိုက်ဖို့တောင် ခွင့်ပြုချက် ယူနေရရင် ကျွန်တော်တို့ မီဒီယာသမားတွေက ဘာလုပ်ရမှာလဲ ဆိုပြီး ပြန်ပြောတဲ့အခါ ဒုရဲအုပ် ကျော်မျိုးက ဟုတ်ကဲ့ ကျွန်တော်ကလည်း ခိုင်းလို့ လုပ်ရတာပါ ဆိုပြီးပြန်ပြောပါတယ်။ ကျွန်တော် ဘာလုပ်မလဲ လိုအပ်တဲ့ ဓါတ်ပုံလည်း ရသင့်သလောက် ရပြီးပြီမို့ တည်းခိုမယ့် ဟိုတယ်ဆီပြန်ခဲ့ပါတယ်။ ဟိုတယ်မှ တစ်ယောက်ခန်းမရှိလို့ ဆိုပြီး ၃ ယောက်ခန်းကို သုံးယောက်ခပေးပြီး တစ်ယောက်ထဲ တည်းခိုးဖို့ စီစဉ်လိုက်ရပြီး ရေမိုးချိုး ထမင်းစားဖို့နဲ့ အင်တာနက်ဆိုင်ရှာဖို့ စိုင်းပြင်းခဲ့ပါတယ်။

ကိုမှူးရေ..

တစ်မြို့လုံးက အင်တာနက်တွေ လိုင်းကျနေပေမယ့် အခုသုံးတဲ့ ဆိုင်ကတော့ရတယ်ဆိုရုံလေးတော့ ရပါတယ်။ ဒါ့ကြောင့်လည်း မတ်ဖန်ပရိသတ်တွေ အတွက်သတင်းပို့နိုင်ခဲ့ပြန်ပါပြီ။ မနက်ဖြန်မှာတော့ ချောက်ဖက်ကို ကူးပြီး တကယ့်ကို အခင်းဖြစ်နေတဲ့ ကျေးရွာတွေဆီ အရောက်သွားကာ ပရဟိတလုပ်ငန်းလုပ်နေတဲ့ လူငယ်တွေ၊ မတ်ဖန်က ပရိသတ်တွေအတွက် သတင်းယူပေးသွားမှာ ဖြစ်ပါတယ်။ အလှူအတန်း ဆိုတာကတော့ ငွေရှိမှ လှူနိုင်မှာမဟုတ်လား၊ မနက်ဖြန် မနက် ငါးနာရီခွဲ ၅ မိုင်လောက်လမ်းလျောက်ရမယ့် ချောက်မြို့နယ် မုန်းချောင်းဘေးနားက တကယ့် အဖြစ်ဆိုးထားတဲ့၊ ဘယ်အဖွဲ့မှ မရောက်သေးတဲ့ ပြည်သူတွေဆီ အရောက်သွားဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ မတ်ဖန် ပရိသတ်တွေ စေတနာရှင်တွေ ဒီသတင်းလေးတွေ ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်ကြမယ်ဆိုတာ သိပေမယ့် ဆက်လက်သတင်းပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်။

ကိုကျော်ဇင်ထက်က ခရီးသွားခါနီးတိုင်း ကျွန်တော့်ကို ပြောလေ့ရှိတာက ကျွန်တော့်ကို ဆုတောင်းပေးပါအုံး ကိုဇော် ဆိုတဲ့စကားပါပဲ။ ကိုမှူးကြီးလည်း ကျွန်တော့်အတွက် ဆုတောင်းပေးပါအုံးဗျာ....

Written by: ဇော်ဇော်
ရင်းမြစ် http://mutdfan.com/index.php/readmore/post/39634

မအိအေး Facebook

ရန်ကုန်၊ ပခုက္ကူ


ဦးဇော်လွင်ဝင်း၊

အယ်ဒီတာချူပ် (Mutdfan.com)

Rm- 401, Excel Tower,

... ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -559377 Ext: 6411

0943113390


ပြည်တွင်းမှ လှူဒါန်းလိုသူများအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်တွင် Saving Account ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ကမ္ဘောဇဘဏ် သို့ သွားပြီး Saving Account

Account No. 0071220027265 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)

Account Name. U ZAW LWIN WINသို့ ငွေလွဲထည့်ပေးပါဟု ပြောပြပြီး ကမ္ဘောဇဘဏ် ရှိရာ မည်သည့်မြို့မှ ဖြစ်စေ လှူဒါန်းနိုင်ပါသည်။ တောင်ကိုရီးယား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။


ကိုရီးယားနိုင်ငံ


ထူးကိုကို (ကိုဂျာရက်)

ဘဏ်အကောင့် - ၁၀၀၂-၀၃၇-၈၃၇၀၃၂

Woori Bank

ဖုန်းနံပါတ် ..010 -3434-6184

လိပ်စာ-
1360-8 , Jung Wang -Dong,

Siheung-City , Kyungki-Do , Korea

( 2 Ra – 509, Sihwa Industrial Complex )

စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ


ကိုသန့်ဇင်ဝင်း

အယ်ဒီတာ (Mutdfan.com)

(potatothant@gmail.com)

ဖုန်း – ၉၀၉၄၀၂၈၁…၆၂၂၁၉၇၈၉(အိမ်ဖုန်း)
POSB Bank Account No. 402- 11900-4
win htut aung (Bank Account Holder Name )၉၀၉၄၀၂၈၁ (သို့)၆၂၂၁၉၇၈၉(အိမ်ဖုန်း)


မခင်စုယဉ်
suuyin@gmail.com
Ph: 93887207
စင်္ကာပူ…
Bank Account { POSB Savings , 248-06784-5 }


မလေးရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။
ဆရာတော်ဥုးစရိယ
( စရိယာရာမကျောင်း)

No.4. Jalan Chawan 6/21, Section 6, 46000 Petaling, Jaya.

ဆရာတော်ဦးစရိယ- ၀၁၆၆၂၆၄၆၄၂

လမ်းညွှန်။ ။ KL( Pasar Sini) မှ U-66 စီး Section 6, Caltex ဓာတ်ဆီဆိုင် မရောက်ခင် ဆင်းပါ၊ ပူထရာLRT ရထားစီးလျှင် Taman Jaya (တမန်ဂျာရာ)


ရုရှားနိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုသက်ထွန်းဦး (MPEI)
အယ်ဒီတာ (Mutdfan.com)

+79037894871

mincansi@gmail.com

ကိုအောင်ဇော်လတ် (MIIT)
အယ်ဒီတာ (Mutdfan.com)

+79851335345

saisyant@gmail.com


Online မှ လှူဒါန်းလိုပါလျှင်..

Papal.com - donate@mutdfan.com

ဓာတ်ပုံ (Mutdfan.com)
ဆိပ်ဖြူရေဘေးသင့် ပြည်သူများထံ သွားရောက်ခဲ့သော အယ်ဒီတာချူပ်၏ ခရီးစဉ် (အပိုင်း-၂-၃)

ကိုမှူးရေ..

ရေဘေးကယ်ဆယ်ရေးအတွက် စတင်ခဲ့တဲ့ ဒုတိယမြောက်နေ့ညက ပခုက္ကူမြို့ ပခုက္ကူဟိုတယ်လ်မှာ ကျွန်တော် အိပ်ခဲ့ပြီး မနက် ငါးနာရီမှာတော့ ပစ္စည်းသိမ်း အထုတ်အပိုးပြင်ပြီး ဟိုတယ်ရှေ့ထွက်ရင်း အဝေးပြေး ကားဂိတ်သွားဖို့ ချိန်းထားတဲ့ ဆိုက်ကားကို စောင့်နေရခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ထက် ဇွဲကောင်းတဲ့ ဆိုက်ကားသမားက ပြန်သွားပြီလို့ အဲ့ဒီနားက ကားသမားတစ်ယောက်က ပြောတာနဲ့ မိနစ် ၃၀ လောက် မတ်တပ်ရပ်ရင်း ကားစောင့်ခဲ့ရာမှာ ဆိုင်ကယ်တက္ကစီ သော်လည်းကောင်း၊ ဆိုက်ကားသော်လည်းကောင်း ဒေသအခေါ် ထုတ်ထုတ်ခေါ် သုံးဘီးဆိုင်ကယ်သော်လည်းကောင်း မလာဘူးဗျာ။ မလာလဲ ဘာအရေးလဲ ငါ့ကိုတော့ တားဆီးလို့ရမှာမဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ တစ်မိုင်သာသာ ဝေးတဲ့ အဝေးပြေး ကားဂိတ်ဆီ ကျောပိုးအိတ်လွယ်ရင်း ခပ်သွက်သွက်လေး လမ်းလျောက်ခဲ့ပါတယ်။ မှောင်နေသေးတဲ့အချိန်မှာတင် ခရီးတစ်ဝက်လောက်မှာ ကျွန်တော်နဲ့အတူ အခု ခရီးစဉ်ကို လိုက်မယ့် ဦးခင်မောင်မြင့်ဆိုသူနဲ့တွေ့ပြီး သူ့လိုက်ပို့တဲ့ ဆိုင်ကယ်နဲ့ ပခုက္ကူ - ချောက် ကားဂိတ်ကို အရောက်သွားနိုင်ခဲ့ပါတယ်။
မနက် ၆ နာရီခွဲလောက်မှာ ဘတ်စ်ကား စုတ်စုတ်လေးက စထွက်ပြီးတော့ လက်ပန်ခြေပေါ် ဇက်ကူးတို့ဆိပ်ကို ရောက်ခဲ့ပါတယ်။ မကြာခင်မှာတော့ ဧရာဝတီမြစ်ကူးတံတား ပခုက္ကူပြီးတော့မှာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ ခက်ခက်ခဲခဲ ဇက်ပေါ်ကားတွေတင်ပြီး ကူးခဲ့ရတာပါ။ အမှန်တော့ ကျွန်တော်တို့ သွားမယ့် ဆိပ်ဖြူကို ပခုက္ကူကနေ တိုက်ရိုက်သွားနိုင်တဲ့ လမ်းရှိပေမယ့် ယောချောင်းရေ ကြီးလို့ ပျက်စီးသွားတဲ့ လမ်းတွေထဲ အဲ့ဒီဒေသက လမ်းတံတားတွေ ပါသွားလို့ ကျွန်တော်က ချောက်မြို့ဆီ ညောင်ဦးဖက်က ပတ်သွားခဲ့ရတာပါပဲ။

ညောင်ဦးအရောက် မရောက်တာကြာပြီဖြစ်တဲ့ပုဂံမြို့ဟောင်းကို ဖြတ်မိတော့ ဆင်းချင် လည်ချင် လိုက်တာဗျာ။ အာနန္ဒာဘုရား၊ ရွှေစည်းခုံစေတီတော်၊ ဓမ္မရံကြီး စတဲ့ ထင်ရှားကျော်ကြားတဲ့ ဘုရားတွေ ကို ဘတ်စ်ကားပေါ်ကနေ ဖူးရင်း အမှတ်တရ ဓါတ်ပုံတွေရိုက်ရင်း ဘုရားဖူး၊ အနားယူအပန်းဖြေ လျောက်လည်တာထက် ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေကို ရင်ဝယ်ပိုက်ရင်း ရေဘေး ယောဒေသဆီကို ခရီးဆက်ခဲ့ရပါတယ်။
ကျွန်တော် ချောက်မြို့ကို နေ့လည် ၁ နာရီလောက် ရောက်ရောက်ချင်းကြားလိုက်ရတဲ့ သတင်းတွေက ဆိုးတယ်ဗျာ။ ဆိပ်ဖြူမြို့နယ်ထဲက ရွာတွေဆီ ကယ်ဆယ်ရေး အကူအညီတွေ မရောက်သေးကြောင်း လာနေတဲ့ နေရာကလည်း ကတ္တရာလမ်းရှိနေတဲ့ နေရာအထိပဲ ရောက်သေးကြောင်းအထဲက ရေဖုံး၊ လမ်းပျောက်နေတဲ့ ဒေသက လူတွေက အစားအစာ အတွက် ၂ မိုင်သာသာဝေးတဲ့ ကတ္တရာလမ်းအထိ လာသယ် လာစောင့် ယူနေရတယ်ဆိုတာပါပဲ။
ခရီးစဉ်အတွင်း လတ်တလော လှူနိုင်အောင်ဆိုပြီး ကျွန်တော့်ဆီမှာ ပါလာတဲ့ ငွေသုံးသိန်းကို ထုတ်ပြီးတော့ ဆန် ၁၅ အိပ်၊ ဆီ၊ ဆား နဲ့ ပေါင်မုန့်တွေ ၀ယ်လိုက်ပါတယ်။ လိုက်ပို့မယ့် ကားကို အခက်အခဲ အမျိုးမျိုးကြားက စီစဉ်ရင်းနဲ့ ညနေ ၃ နာရီမှာတော့ ချောက်- ဆိပ်ဖြူ - ရေဘေးထိရာ ဒေသတွေသွားမယ့်  ကျွန်တော့် ခရီးစဉ်ကို စတင်နိုင်ခဲ့တယ် ဆိုပါတော့။
 
ချောက်မြို့ကနေ အနော်ရထာ တံတားကို ဖြတ်လိုက်တယ် ဆိုရင်ပဲ ဆိပ်ဖြူမြို့ကိုေ၇ာက်ပါတယ်။ ဆိပ်ဖြူမှာ လိုအပ်တာ ထပ်ဝယ်ရင်း ကျွန်တော့်ကို လိုက်ပို့တဲ့ ဟိုင်းလတ်ကားလေးဟာ ဆိပ်ဖြူ - မကွေးလမ်းအတိုင်း ဆက်လက် မောင်းလာလိုက်တာ ဆယ့်နှစ်မိုင်လောက် အကြာမှာတော့ ချစ်ချောင်း ဆိုတာကို မြင်လိုက်ရပါပြီ ချစ်ချောင်းဟာ နာမည်နဲ့လိုက်အောင်ကိုပဲ သူ့အပေါ်က ဖြတ်သွားတဲ့ ကား၊ ဆိုင်ကယ် တွေကို ချစ်လွန်းလို့ ရေထဲ ဆွဲထားခဲ့ပါတယ်။ ဟိုဖက်ကမ်းကို ကူးမရတဲ့ ကျွန်တော်စီးလာတဲ့ဟိုင်းလတ်ကားလေးက ဆန်အိတ်တွေကို ချထားခဲ့ပြီး ပြန်သွားခဲ့သလို ကျွန်တော်ကတော့ ဒေသခံတွေ အကူအညီနဲ့ ကျွန်တော်သွားမယ့်ရွာက ထွန်စက်လေးနဲ့ ချိတ်မိခဲ့ပြီး ခရီးဆက်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေး ကိစ္စအတွက် ချစ်ချောင်းဟာတော့ တကယ့်အတားအဆီး ဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရင်ထဲက မေတ္တာ စေတနာတွေကိုတော့ ဘယ်အရာကမှ တားဆီးလို့ မရနိုင်ပါဘူး။ ချစ်ချောင်း တစ်ဖက်ကမ်းကနေ ထွန်စက်ကြီးပေါ် ကုတ်ကုတ်လေးတက်ထိုင်လိုက်ပြီး လမ်းတစ်လျောက် ပန်းဝါ၀ါတွေ အပြည့်ခင်းထားတဲ့ ယောနယ်ကို ခရီးဆက်ခဲ့ပြန်ပါတယ်။ အရမ်းကိုလှတဲ့ဒေသ တစ်ခုပါဗျာ...
 
ထွန်စက်ပေါ်မှာ ခါးညောင်း၊ ခြေထောက်ဆန့်မရတဲ့ အနေအထားတွေရဲ့ အဆုံး ကျွန်တော်ရောက်သွားတာက တောင်ရွာမ ဆိုတဲ့ရွာလေးတ စ်ရွာပါပဲ။ တောင်ရွာမ ရွာလေးဟာ အိမ်ခြေ တစ်ထောင်လျောက်ရှိပြီး ယောချောင်း နားက ရွာလေးဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီရွာလေးဟာ ကတ္တရာလမ်း အဆုံးနေရာလေးဖြစ်ပြီး သူ့အနောက်မှာ ရေဘေးထိ ကျေးရွာတွေရှိပါတယ်။
 
 ရေဘေးသင့်ခဲ့တဲ့ တောင်ရွာမ ရွာလေးဟာ ဆက်သွယ်ရေးလမ်းကြောင်းကောင်းတာမို့ သီတင်းကျွတ်လပြည့်ကျော် ၈ ရက် (21.10.2011) နေ့ မနက် ၄ နာရီမှာ ဖြစ်ခဲ့တဲ့ ရေကြီးမှု အဖြစ်အပျက်အတွက် ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်ရှိရာ အရပ်လေးဖြစ်ပါတယ်။ သူ့အနောက်က ရွာတွေဖြစ်တဲ့ မြောက်ရွာမ၊ ဆိုင်းခမ်း ရွာတွေကတော့ အဲ့ဒီတောင်ရွာမ ရွာလေးကနေ ၂ မိုင်သာသာလောက် ဝေးတဲ့အပြင် ရွံ့တွေဖြစ်နေတာမို့ ဘယ်ကယ်ဆယ်ရေးအဖွဲ့မှ မလာနိုင်သေးလို ၀မ်းရေးအတွက် တောင်ရွာမရွာကကွင်းထဲမှာ ကယ်ဆယ်ရေးစခန်းဆိုပြီး တဲလာထိုးထားပြီး အလှူရှင်တွေကို မျှော်ကြပါတယ်။ အလှူရှင်တွေက ထမင်းထုတ်တွေ လာပေးပြီဆိုရင်တော့ရလာတာ လေးတွေကို လူအားနဲ့ ထမ်းပြီး ရွာဆီ ပြန်သယ်ကြပါတယ်။
ကျွန်တော်ဟာလည်း ညနေ ၅ နာရီလောက်မှာ အဲ့ဒီမြောက်ရွာမကို ရောက်ပြီးတော့ ကျွန်တော် သွားချင်တဲ့ ဘယ်သူမှ မရောက်သေးတဲ့ ရေဘေးသင့်ဒေသကို ဆက်လက်သွားဖို့ နေ့လည်စာ ညစာအတွက် ထည့်လာတဲ့ ခေါက်ဆွဲထုတ်တွေ၊ ရေသန့်ဗူးတွေ ပါတဲ့ ကျောပိုးအိတ်ကို ခိုင်ခိုင်လွယ်ရင်း ရွှံ့တောဖြတ်ရမယ့် ခရီးစဉ်ကို စတင်လိုက်ပါတယ်။
 
 တောင်ရွာမ ရွာလမ်းတစ်လျှောက် ရွှံ့တောကို ဖြတ်မိတယ်ဆိုရင်ပဲ အိမ်ပျက်တွေကို စတင်တွေ့လိုက်ရပါပြီ။ ကျွန်တော့်ကို လာကြိုတဲ့ ဒေသခံ တွေက ဒါက အစပဲရှိသေးတယ်ဗျာ။ နောက်ပိုင်း တော်တော့်ကို ဆိုးတာတွေ မြင်ရမှာပါလို့ ဆိုပါတယ်။ ကျွန်တော့် မြင်ကွင်းမှာတော့ နာဂစ်နဲ့ ထပ်တူညီတဲ့ ပျက်စီးမှုတွေပါပဲ။ သူတို့က အစပဲရှိသေးတယ်ဆိုပေမယ့် ရွှံ့တွေ ဒူးလောက်အထိ နစ်တဲ့လမ်းတစ်လျောက် အိမ်ပျက် အတိုအစ သံတွေ များတဲ့ ခရောင်းလမ်းကြမ်းကို စတင်လိုက်တာနဲ့ ဒီခရီးကတော့မလွယ်ဘူး ဆိုတာလည်း သိလိုက်ရပါတယ်။
 
ကျွန်တော်ပြောဖူးသလိုပဲဗျာ။ တကယ်တော့ ကျွန်တော် နားချင်နေပြီ။ ကျွန်တော့်လိုပဲ နားချင်ရက်နဲ့ နားစရာမရှိတဲ့ သူတွေအတွက် ကျွန်တော် နားလို့မဖြစ်ဘူး။ ဒီလို ရွှံ့တွေ သံတွေများတဲ့လမ်းကို ကျွန်တော်လည်း ဆက်မသွားချင်ပါဘူး။ ဒါပေမယ့် မသွားမဖြစ် သွားနေရတဲ့သူတွေအတွက် ဒီလမ်းကို ကျွန်တော်လည်း လျောက်မှကို ဖြစ်မယ်ဆိုတဲ့ စိတ်ကလေးတစ်ခုက ကျွန်တော့်အတွက် အားအင်တွေ ဖြစ်စေခဲ့ပါတယ်။ ခြေတစ်လှမ်းအတွက် အားတွေ အင်တွေ အဆမတန်သုံးပြီး လမ်းတွေလျောက်နေပေမယ့် ကျွန်တော့်ခြေလှမ်းတိုင်းဟာ အဓိပ္ပါယ်တွေရှိနေတယ်။ အိမ်ပျက်တွေ မြင်လိုက်တိုင်း စိတ်မကောင်းဖြစ်ပေမယ့် အဆိုးထဲက အကောင်းတွေကို ရှာဖွေစဉ်းစားရင်း ကျွန်တော့်အတွက် အားအင်တွေ မွေးနေခဲ့ပါတယ်။
မကြာခင်မှာပဲ တောင်ရွာမကို ဖြတ်လို့ မြောက်ရွာမ ရွာလေးဆီ ရောက်ခဲ့ပါတယ်။ ရွာထဲမှုာ ပုတ်စော်တွေနံနေတယ်။ အိမ်တွေပြိုပျက်နေတာ မြင်မကောင်းဘူး။ လူတွေကို အလိုတော်ပေါက်ဘုရား ကုန်းပေါ်မှာ ထားသလို အချို့ကတော့ လေးငါးအိမ် တစ်အိမ်ပေါင်းပြီးတော့ ထမင်းထုတ်တွေမျှော်ရင်း စုပေါင်းနေထိုင်ပြီး အသက်ရှင်နေကြပါတယ်။
အခြေအနေတော်လေးဆိုးတဲ့ ယောချောင်းဘေးက မြောက်ရွာမ ကျေးရွာလေးက အပျက်အစီးတွေကို ရွှံ့တွေပေနေတဲ့ကြားက မှတ်တမ်းတင်နေတုန်း ဓမ္မစေတီဆရာတော်အဖြစ် နာမည်ကြီးတဲ့ ဆယ်ဘွဲ့ရ ဆရာတော်ကိုလှည်းနဲ့ လိုက်လာတာ မြင်လိုက်ရလို့ ဦးတင်လိုက်တော့ ဒါယိကာကြီးက ဘယ်အဖွဲ့ကတုန်း ဆိုပြီး တန်းမေးပါတယ်။ ဒေသခံမဟုတ်မှန်း တန်းသိတဲ့ ဆရာတော့်ကို အံ့အားသင့်မိသလို မတ်ဖန် အားကစား ဂျာနယ်ကပါဘုရား ဆိုပြီး လျှောက်တင်လိုက်တော့ ဆရာတော်က ဒါယိကာကြီး ချောက်ပြန်ရောက်ရင် ၀င်ခဲ့ပေးပါအုံး ဆိုပြီးဖိတ်ကြားတာ ခံခဲ့ရပါတယ်။ တင်ပါ့ဘုရား တပည့်တော် ဒီညတော့ ဆိုင်းခမ်းကျေးရွာက ဒုက္ခသည် စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ ရွာဦးကျောင်းမှာ အိပ်ပါ့မယ်။ မနက်ဖြန်ချောက်မြို့ကို ပြန်ရောက်တဲ့အခါ တပည့်တော် ဖုန်းဆက်ပြီး လာခဲ့ပါ့မယ်ဘုရား ဆိုပြီးတော့ လျှောက်ထားရင်း ဆရာတော်ကလည်း ရေဘေးသင့် ပြည်သူတွေကို စုပေါင်းကယ်ဆယ်ထားတဲ့ အလိုတော်ပေါက်ဘုရားဝင်းထဲ လှည်းလေးနဲ့ ၀င်သွားသလို ကျွန်တော်ဟာလည်း ဆိုင်းခမ်းရွာဆီ သွားဖို့အရေး ခြေဦးလှည့်လိုက်ပါတယ်။
ကျွန်တော့်ခရီးစဉ်တွေအတွက် အပုတ်နံ့ ဟာလည်း ပြဿနာ မဟုတ်သလို ရှေ့က မြင်နေရတဲ့ ရွှံ့နွံတောဟာလည်းပြဿနာ မဟုတ်ပါဘူး။ ရွာသူရွာသားတွေအတွက် လတ်တလော ကယ်ဆယ်ရေးပစ္စည်း ဆန်း ဆယ့်ငါးအိတ်လောက်ပဲ ပါလာတာဟာလည်း ပြဿနာ မဟုတ်သလို ညစာ မနက်စာအတွက် မာမီးခေါက်ဆွဲစား၊ ရေသောက်လို့ ဗိုက်ဖြည့်ရမယ့် အရေးဟာလည်း ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် အရမ်း လိုအပ်တာက အခုမြင်တွေ့ ကြားသိခဲ့ရတာတွေကို ပရိသတ်တွေ၊ စေတနာရှင်တွေ၊ ပရိဟိတလူငယ် အဖွဲ့တွေ ဆီ သတင်းကောင်းပေးနိုင်ရေးပဲ မဟုတ်ပါလား။
ရွှံ့တောထဲ ချော်လဲတဲ့ ကျွန်တော်ဟာ ချက်ခြင်းပဲ ပြန်ပြီး လူးလဲထ ကင်မရာလေးဆန့်တန်း ဓါတ်ပုံထရိုက်ရင်း ခရီင်္းဆက်ခဲ့သလို ကျွန်တော့်နောက်က ဆန်အိပ်လေးတွေ ထမ်းလာတဲ့ ရွှံ့တောဖြတ် ဒေသခံ လူတွေဟာလည်း ခရီးဆက်လျက်ပါပဲ။
နောက်ဆုံးတော့ဗျာ ကျွန်တော့်ရည်မှန်းချက်ပန်းတိုင်လေးဖြစ်တဲ့ ဆိုင်းခမ်းရွာလေးကို ရောက်ခဲ့ပါပြီ။ ဆိုင်းခမ်းရွာလေးရဲ့ ဘေးနားမှာ ယောချောင်းကြီးကတော့ သူမသိသလို ဆက်လျက် စီးဆင်းနေဆဲပါပဲ။ ပေသုံးဆယ်အမြင့်က သစ်ပင်ပေါ်မှာ အိမ်တိုင်တစ်လုံး ကန့်လန့်ဖြတ်တင်နေတာ မြင်ရလို့ အံ့သြပြီး ဓါတ်ပုံရိုက်ခဲ့သလို ကျောင်းဝင်းထဲ ၀င်ဝင်ခြင်း ဘောလုံးကွင်းမြင်လိုက်ရတော့ ရွှံ့တွေ ပြည့်နေတဲ့ ဘောလုံးကွင်းလေးကိုလည်း မြင်လိုက်ရပါတယ်။ ကျောင်းဝင်းထဲ ၀င်လိုက်တော့ ခုံတွေက ရေမျောပြီး ပျောက်ကုန်သလို ကျောင်းထဲမှာလည်း ရေဗွက်တွေ ရွှံ့တွေနဲ့ ပြည့်နေခဲ့ပါတယ်။
မြင်ရတဲ့မြင်ကွင်းတွေကို စိတ်မကောင်းဖြစ်နေတဲ့ ကျွန်တော်ဟာ ကိုယ်လုပ်ပေးနိုင်တာကို အကောင်းဆုံး လုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ရင်း မှတ်တမ်းတွေတင်နေခဲ့ပါတယ်။ ဒီကျောင်းလေး ပြန်ဖွင့်နိုင်ဖို့ ခုံတွေလိုမှာပဲလို့ ပြောမိတော့ ဒေသခံတစ်ဦးက ရွာက ကျောင်းသားတွေဆီမှာ ကျောင်းစာအုပ်တွေလည်း မကျန်တော့ပါဘူး ဆရာရယ် ဆိုပြီး ပြောလာခဲ့ပါတယ်။ ကျွန်တော် စိတ်မကောင်းဘူးဗျာ… သုည ဆိုတာထက်တော့ နည်းစရာ ဘာမှ မရှိဘူးမို့လား။ သုညကပြန်စရလည်းဘာဖြစ်လဲ ပြန်စတာနဲ့ သုည မဟုတ်တော့ဘူးလေ လို့ ဒေသခံကို ကျွန်တော်က အားပေးလိုက်တော့ သူက အမြန်ဆုံး ခေါင်းငြိမ့်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီစကားဟာ ရင်ထဲက လာတဲ့ ခံစားမှု အပြည့်နဲ့ ပြောလိုက်တဲ့ စကားလေးပါပဲဗျာ…
ကျောင်းနားမှာ ဒေသခံလူငယ်လေးတွေက ကျွန်တော့်ကို လာကြိုကြပါတယ်။ ကျွန်တော်ကလည်း သူတို့ကိုခေါ်ပြီးတော့ ဓါတ်ပုံလေး အရိုက်ခံခဲ့ပြီး ရွာထဲကို စတင်ဝင်လိုက်တယ်ဆိုရင်ပဲ အပျက်အစီးပုံတွေက ကျွန်တော့်ကို စောင့်ကြိုနေပါပြီ…
ရွာသားတွေကိုနုတ်ဆက်၊ အိမ်အပျက်တွေ၊ ကြက်သွန်ပုတ်တွေ၊ ပဲပုတ်တွေကို မှတ်တမ်းတင်ရင်း ပရိဟိတလူငယ် အဖွဲ့လေးတွေ ဒီကိုရောက်လာခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ အတွေးနဲ့ ထပ်တူစွာပဲ သူတို့လာနိုင်အောင် ငါကသာကူညီမယ်ဆို သူတို့လာမှာသေချာတယ်လို့ တွေးမိတာနဲ့ တဆက်တည်း သူတို့ကို သတင်းပေးဖို့အရေး၊ ခရီးစဉ်အတွက် ကူညီဖို့အရေး အမြန်ဆုံး အစီအစဉ်တွေ ချလိုက်ပါတယ်ဗျာ…
စဉ့်အိုးတစ်လုံး ပေ ၃၀ ကျော်လောက်က သစ်ပင်ပေါ်တင်နေတာ တွေ့လိုက်ရတော့ ဒါထက်တော့ ရေက ကျော်ခဲ့မှာပဲ လို့ တွေးရင်း ကျွန်တော့်ခရီးစဉ်ဟာ မိုးချူပ်ခဲ့ရပါတယ်။ မိုးချူပ်ထဲမှာပဲ ကျွန်တော့်ဟာ လမ်းပြ လူငယ်လေးတွေနဲ့အတူ ယောချောင်းထဲကို ဆင်းရင်း ရေနောက်နောက်မှာ တစ်ကိုယ်လုံးပေနေတဲ့ ခန္ဓာကိုယ်ကို ရေဆေးချခဲ့ပါတယ်။ ညောင်းတယ်ဗျာ…

ဒါ့ကြောင့် နောက်ကျိနေတဲ့ရေထဲ တစ်ကိုယ်လုံး စိမ်ပြီး ရေစီးနေတဲ့အထဲ ဆန်တက်ရင်း ဖြေချလိုက်တာ တစ်ကိုယ်လုံးပေါ့ပါး လန်းဆန်းသွားပါတယ်။. ...ယောချောင်းရေ သောက်တဲ့ရွာအားလုံး ရေဘေးဒုက္ခ ကြုံတယ်ဆရာ ဆိုတဲ့ဘေးက လူငယ်လေး ပြောစကားကိုတော့ ရေစီးသံနဲ့အတူ ကျွန်တော် ကောင်းကောင်းကြီး ကြားလိုက်ပါတယ်။…
ကျွန်တော့်ခရီးစဉ်ဟာ သတင်းဆိုးတွေပဲကြားနေရတဲ့ ခရီးစဉ်တစ်ခုတော့ မဟုတ်ပါဘူးဗျာ။ ဒေသခံ ပြည်သူတွေအတွက် ဆက်လက်ကူညီနိုင်တော့မယ်ဆိုတဲ့ သတင်းကောင်းတွေလည်းကြားခဲ့ရပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ ဆရာတော်ဦးစရိယနဲ့ ဒါယိကာ၊ ဒါယိကာမ အပေါင်းရဲ့လှူဒါန်းငွေဟာ လေးသိန်းကျပ်ဖြစ်သွားခဲ့သလို Paypal Account ထဲကိုလည်း kyaw phone ဆိုတဲ့ အမည်နဲ့ စေတနာရှင်တစ်ဦးက $37.37 USD လှူဒါန်းခဲ့ပြီလို့ သိရပါတယ်။ မတ်ဖန်က အကျိုးတော်ဆောင် ညီအစ်ကိုတွေဖြစ်တဲ့ နောင်နောင်၊ ကိုဆန်းမြင့်အောင်၊ ဂျင်းဂျင်းတို့ဟာလည်း ဒီညပဲ ချောက်မြို့ဆီ မတ်ဖန်ကား နဲ့အတူ ခရီးဆက်နေပြီ ဖြစ်တဲ့အကြောင်း သိခဲ့ရတာမို့ မနက်ဖြန်မနက် ချောက်ကိုရောက်လာပြီးတော့ ရေဘေးထိရာ ဒေသအရောက် ဒုတိယအသုတ် လှူဒါန်းမှု စတင်နိုင်တော့မှာပါ။
နောက်ထပ် သတင်းကောင်း တစ်ခုကတော့ ကျွန်တော်ဟာ ပရဟိတ လူငယ်တွေ ကိုယ်တိုင်လှူဒါန်းနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ချောက်မြို့မှာ ကြားစခန်းတစ်ခု ဖွင့်လှစ်ဖို့ စီစဉ်လိုက်တာ အောင်မြင်စွာအခန်း ငှါးရမ်းနိုင်ခဲ့ပြီ ဆိုတဲ့သတင်းပါပဲ။ ဒီကြားစခန်းလေးကနေ ဆိပ်ဖြူဒေသဆီသွားမယ့် အလှူရှင်တွေကို သွားလာရေးကူညီပေးမှာဖြစ်သလို ရန်ကုန်က အလှူပစ္စည်းတွေကိုလည်း လက်ခံပေးနိုင်မှာဖြစ်ပါတယ်။ ဒါထက်ပိုတဲ့ အကူအညီပေးရေး ကိစ္စတွေကို ဆက်လက် ဆောင်ရွက်နိုင်တော့မှာပါ…

ကိုမှူးရေ... ကျွန်တော့် ခရီးစဉ်အတွင်းအံ့ဖွယ် ဗွီဒီယိုတွေ ဓါတ်ပုံတွေ ရခဲ့ပါတယ်။ ရေကြီးနေတုန်း ရိုက်ထားတဲ့ ဗွီဒီယိုလေးပါ ရခဲ့သလို လက်ရှိကယ်ဆယ်ရေး အကူအညီတွေ မရေသေးတဲ့ ဒေသရဲ့ အသေးစိတ်ပုံတွေလည်းရခဲ့ပါတယ်။  ဒါတွေကို မနက်ဖြန်မှာ ဆက်လက်တင်ပေးဖို့ ကြိုးစားသွားပါ့မယ်။ အခုကတော့  ချောက်- ရန်ကုန် အပြန်ခရီးစဉ် အဆင်မပြေလို့ ကျောက်ပန်းတောင်းထိ ဆင်းလာပြီး ကားစောင့်ရင်း အပိုင်း-၂ အဖြစ် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ခရီးဆက်ပါအုံးမယ်…..  }

ရင်းမြစ် http://mutdfan.com/index.php/readmore/post/39668

မအိအေး Facebook

ဇော်ဇော်
ခေတ္တ- ကျောက်ပန်းတောင်း..
http://mutdfan.com/index.php/readmore/post/39669

မတ်ဖန်အယ်ဒီတာချူပ် တာဝန်ဖြင့် ဆိပ်ဖြူရေဘေးသင့် ပြည်သူများထံ သွားရောက်ခဲ့သော ခရီးစဉ် အပိုင်း-၃



ကိုမှူးရေ...

ကျွန်တော့်ခရီးစဉ်အကြောင်း ပြောပြခဲ့တာ အခုဆိုရင် အပိုင်း(၃) တောင် ရောက်တော့မှာပါ။ အပိုင်း(၁) က မရွာကနေ ပခုက္ကူခရီးစဉ် + ပခုက္ကူမှာကြုံတွေ့ခဲ့ရတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း အကြောင်း၊ အပိုင်း (၂) က ပခုက္ကူကနေ ချောက်မြို့၊ ချောက်မြို့ကနေ ဆိပ်ဖြူမြို့နယ် အတွင်းက ရေဘေးသင့်ဒေသ ဆီ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ပုံအကြောင်းတွေ ဖြစ်ပြီး အခုတင်ပြပေးမယ့် တတိယပိုင်း အနေနဲ့ကတော့ ဆိပ်ဖြူမြို့နယ်၊ ဆိုက်ခမ်းကျေးရွာ အတွင်း ရေဘေးသင့် ပြည်သူတွေနဲ့ ကြုံဆုံခဲ့ရတဲ့ အကြောင်း ဖြစ်ပါတယ်။

ဘုရင့်နောင်ကျော်ထင်အနော်ရထာမင်း လက်ထက် တိုင်းတွင်းလှည့်လည်စဉ် ယောချောင်းထဲဖောင်တော်နဲ့ မျှောလာခိုက် ဆိုက်ခမ်းရွာအနီးမှာ ခေတ္တဆိုင်းငံ့တော် မူသတဲ့ဗျာ။ အဲ့ဒီလို ဖေါင်တော် ဆိုင်းငံ့လိုက်စဉ် တခဏအတွင်းမှာပဲ ရေတွေက ထူးထူးခြားခြား ခမ်းသွားသတဲ့၊ အဲ့ဒီလို ဖြစ်ပျက်ခဲ့တာကို အစွဲပြုရာက ဆိုင်းခမ်းကနေ ကာလရွှေ့လျား လာလိုက်တာ ဆိုက်ခမ်း ကျေးရွာအဖြစ် တည်ရှိနေခဲ့တာ အခုအချိန်အထိပါပဲ။ အဲ့ဒီဆိုက်ခမ်း ကျေးရွာကြီးမှာ လူဦးရေပေါင်း (၁၃၅၀) ရှိပြီး ဒီရွာရဲ့ အဓိက စီးပွါးရေး လုပ်ငန်းက စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါတယ်။

မနှစ်က ဂီရိမုန်တိုင်းဝင်ချိန် သီတင်းကျွတ်လပြည့်နေ့ကလည်း ယောချောင်းတစ်လျှောက်က ရွာတွေ မကြုံစဖူး ရေကြီးခဲ့ပြီး အိမ်အချို့ပျက်စီးခဲ့သလို စိုက်ပျိုးမြေတွေလည်း ပျက်စီးခဲ့လို့ ဒုက္ခရောက်နေတဲ့ ဒေသလေး ဖြစ်ပါတယ်။ ဒီနှစ်ရေကြီးချိန်ဟာ မနှစ်က ရေကြီးချိန်နဲ့ ၈ ရက်သာကွာပြီး ဂီရိရေထက် ၂  ဆကျော်ပိုကြီးခဲ့တာပါ။ သက်ဆိုင်ရာက သတင်းပေးလို့ ရေကြီးမယ်ဆိုတာ ကြိုသိထားပေမယ့် မနှစ်က ကြီးတုန်းက မမြုပ်တဲ့ တောင်ကုန်းဒေသလေးတွေဆီ လူတွေ ပစ္စည်းတွေပို့ထားပြီး သတိထားနေခဲ့ကြတာပါ။ ဒါပေမယ့်ဗျာ တကယ်ရေကြီးလာတဲ့ ည ၂၁ ရက်နေ့ နံနက် ၁၂ နာရီကျော် အချိန်ကစလို့ ကြီးလာလိုက်တဲ့ရေဟာ ၄ နာရီအတွင်း မကြုံစဖူး ပေအမြင့်အထိ တက်လာခဲ့ပြီး ပစ္စည်းတွေ၊ တိရိစ္ဆာန်တွေ အားလုံးကို ၀ါးမျိုသွားခဲ့ပါတယ်။ အမှန်တော့ အဲ့ဒီရွာက လူတွေလည်း တော်တော်များများသေဖို့ အခြေအနေ ကြုံခဲ့သေးပေမယ့် အသက်ကယ်ကုန်းအဖြစ် ခေါ်တွင်နိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ဘုရားကုန်းလေး ရှိနေတာကြောင့် အခုလို အသက်ရှင်ခဲ့ကြတာပါ။ အဲ့ဒီ ဘုန်းကြီးကျောင်းကုန်းလေးကို အားလုံးပြေးလာကြ အိမ်တွေထဲ ပိတ်မိနေတဲ့ သူတွေကို ၀က်တွေ နွားတွေ စားတဲ့ အစာခွက်တွေဘေး ရေပေါ်ပေါ်နိုင်တဲ့ ပုံးတွေချပြီး သွားကယ်ကြနဲ့ပေါ့။

တစ်ခု ထူးခြားတာ ရှိတယ်ဗျာ။ ဂျပန်က ဆူနာမီအရေး ကျွန်တော်တို့ ရုပ်/သံတွေကနေ မြင်ခဲ့ကြရတုန်းက အဖြစ်အပျက်ကို ရင်ဆိုင်ခဲ့ကြတဲ့ ဂျပန်ပြည်သူတွေက ငိုကြ ယိုကြနဲ့နော်။ အခု အဖြစ်အပျက်ကို ရေတက်နေတုန်း ရိုက်ကူးထားတဲ့ Movie ဖိုင်ကို ကျွန်တော်တင်ပေးတဲ့ဟာ မြင်ရင် သိပါလိမ့်မယ်။ မြန်မာလူမျိုးတွေဟာ အဲ့ဒီလောက်အထိ အသက်အန္တရာယ် ရင်ဆိုင်နေရစဉ် တခဏလေးမှာတောင် ရီရီမောမောနဲ့ လောကဓံကို ရင်ဆိုင်ခဲ့ကြရတာပါ။ ဒါပေမယ့် ဖြစ်ပျက်အပြီးမှာတော့ သူတို့မှာ ပိုင်ဆိုင်မှုအားလုံးဖြစ်တဲ့ အိမ်လေး တစ်လုံးတောင် မကျန်တဲ့အခြေအနေ၊ ဘယ်ဘဏ်တိုက်မှာမှ ငွေစာရင်းမရှိတဲ့အခြေအနေ ရောက်ခဲ့သလို ၀တ်စရာအ၀တ် တစ်ထည်မှ မရှိတော့ပေမယ့်၊ စားစရာ ဆန်တစ်စိတောင် မရှိတော့ပေမယ့်၊ ကယ်ဆယ်မယ့်သူ တစ်ယောက်တစ်လေမှ ရောက်လာမှု မရှိပေမယ့် လက်ရှိအခြေအနေမှာကိုပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အကောင်းဆုံး ရင်ဆိုင်နေကြတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။

တောင်၇ွာမ ကျေးရွာကနေ မြောက်ရွာမ ကျေးရွာအထိ ရွှံ့ဗွက်တွေကြား ခြေလျင်လမ်းလျောက်ရင်း မတ်ဖန်ပရိသတ်တွေ၊ စေတနာရှင်တွေ၊ ပရဟိတ လူငယ်အဖွဲ့တွေ အတွက် သတင်းရယူပေးနေခဲ့တာ နောက်ဆုံး ဆိုက်ခမ်းကျေးရွာဆီ ကျွန်တော် ရောက်ခဲ့ပါတယ်။ ဆိုက်ခမ်းကျေးရွာအတွင်းက မြောက်ဖက်ပိုင်းဆိုရင် အိမ်အားလုံး တစ်လုံးမကျန်ပျက်သွားလို့ ကျွန်တော် တိုးမပေါက်အောင်ဖြစ်ခဲ့ရပါတယ်။ အပျက်အစီးတွေပဲ ဓါတ်ပုံတွေ လိုက်ရိုက်နေရုံနဲ့ ပ၇ိသတ်ဆီ တင်ပြနိုင်ရုံနဲ့လည်း မပြီးသေးဘူးမို့လား အဲ့ဒီတော့ အသက်ရှင်နေတဲ့ ရွာသူရွာသားတွေဆီ ကျွန်တော် အရောက်သွားခဲ့ပါတယ်။ သူတို့ကို စာကြည့်တိုက်၊ ဓမ္မာရုံ၊ ဆေးခန်းအဆောက်အဦးတွေမှာ လူစုခွဲထားကြပါတယ်။ ကျွန်တော်ရောက်တဲ့နေ့ဟာ ရေဘေးဖြစ်ပြီး ၃ ရက်မြောက်နေ့ ဖြစ်လေတော့ အချို့ရေဘေး ဒုက္ခသည်တွေက အိမ်ကောင်းတဲ့ အမျိုးအိမ်ဆီ ပြန်သွားပြီး ပျက်စီးနေတဲ့ အိမ်တစ်အိမ်မှာ မိသားစုဝင်ပေါင်း လေးငါးစု စုပေါင်းနေထိုင်ကြပါတယ်။ ဒါ့ကြောင့် ဘုန်းကြီးကျောင်းပေါ်မှာ လေးငါးရာလောက်သာ ရှိတော့တာ တွေ့ရပါတယ်။ အရင်ကတော့ ထောင်ကျော်နေခဲ့ကြတာပါ။

ကျွန်တော့်အနီးမှာ ရှိတဲ့ အသက်ကြီး အဖိုးကြီး အချို့ဟာ နေထိုင်မကောင်း ဖြစ်နေပြီး ကျောင်းပေါ်မှာ ပက်လက်အနေအထားနဲ့ ရောဂါခံစားနေရတာ တွေ့မြင်ခဲ့ရပါတယ်။ ကလေးငယ်လေး အချို့ဟာလည်း ပြေးရင်းလွှားရင်း သံတွေစူး၊ ငုတ်တွေထိုးနဲ့ ထိခိုက်ဒဏ်ရာ ရရှိထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျန်တဲ့သူ အတော်များများကတော့ ၀တ်စရာ အ၀တ်မရှိပေမယ့်၊ စားစရာ မ၇ှိပေမယ့် ကျန်းကျန်းမာမာပဲရှိနေပါတယ်။ တစ်ဦးချင်းဆီက သူတို့ ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်ကို ကျွန်တော့်ဆီ လာပြောပြခဲ့ကြပြီး ကျွန်တော်ကလည်း စိတ်လေးနဲ့သာ မှတ်ထားခဲ့ပါတယ်။ မန်းကျီးပင်ပေါ် တက်နေခဲ့ရတဲ့ သားအဖတွေ ရှိခဲ့ပါတယ်။

အရင်ကလည်း ဒီနေရာ ရေမတက်ဖူးတော့ ငါ့အိမ်တော့ အမြုပ်လောက်ဘူး ဆိုပြီး အိမ်ထဲမှာပဲ နေရာက အိမ်ထဲရေ၀င်လာတုန်း လန့်သွားပေမယ့် ငါ့အိမ် ခေါင်မိုးနားက ထုတ်တန်းတော့ မမြုပ်လောက်ဘူးဆိုပြီး ထုတ်တန်းပေါ် ထပ်တက်ထိုင်နေတုန်း ထုတ်တန်းပါ ရေမြုတ်လာလို့ ခေါင်မိုးက သွတ်ကို မရမက ထိုးဖေါက်ပြီး ထွက်ကာ ကယ်ပါ ယူပါ အော်ခဲ့ရတဲ့ အဖိုးကိုတော့ ဗွီဒီယို မှတ်တမ်းလေး တင်နိုင်ခဲ့ပါတယ်။

ကိုမှူးသခင်ရေ..

အဖြစ်အပျက်တွေ ငရဲပွက်သလို ဖြစ်ပျက်တဲ့ ညကစလို့ ပခုက္ကူတစ်ခွင်က ဖုန်းအားလုံးလိုလို သုံးမရသလိုပဲ ကျွန်တော်ရှိရာ ဆိုက်ခမ်းကျေးရွာလေးမှာလည်း ဖုန်းအဆက်အသွယ်တွေ ပြတ်နေခဲ့တာပါ။ ညဖက် ၈ နာရီလောက်မှာတော့ လူတစ်ယောက်ကိုင်ထားတဲ့ ကမ်းရိုးတမ်းသုံး တယ်လီဖုန်းလေးက လိုင်းမိလာတာနဲ့ ကျွန်တော်က ယူပြီး ရန်ကုန်က မတ်ဖန်အကျိုးတော်ဆောင် ညီလေး နောင်နောင်ဆီကို ဖုန်းဆက်ကာ နောက်ထပ် ကူညီကယ်ဆယ်ရေး ကိစ္စတွေအတွက် ဆက်လက် စီမံဖြစ်ပါတယ်။ အမှန်တော့ ကျွန်တော့်ဆီမှာ ပါလာတဲ့ ခရီးဆောင်ငွေ အားလုံးကိုလှူလိုက်ပြီးဖြစ်ပါတယ်။ ကျွန်တော့် အိမ်မှာကလည်း အကြီးအကဲမရှိလေတော့ ငွေပိုပိုလျံလျံငွေရယ်လို့ အပြင်မှာ သိမ်းထားတာ များများစားစား မထားခဲ့ပါဘူး။ ဒီတော့ အဝေးကနေ ငွေသုံးဖို့ကိစ္စ ကျွန်တော့်မှာ အခက်တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် ခရီးသွားနေတုန်း ၀င်ထားတဲ့ ငွေလေးသိန်းကျော်တော့ ကျွန်တော့်ရုံးမှာ ရှိနေတယ် ဆိုပြီး ရုံးက ၀န်ထမ်းမလေးဆီက သိထားတော့ ညီလေး နောင်နောင့်ကို အဲ့ဒီငွေအားလုံးသွားယူ၊ မတ်ဖန်ဖေါင်ဒေါင်းရှင်းက လိုက်ထရတ်ကားသွားယူ၊ ပြီးတော့ မတ်ဖန်က အကျိုးတောင်ဆောင် လူငယ်လေး လေးဦးလောက်ခေါ်ပြီး ချောက်မြို့ကို ဒုတိယအကြိမ် ကယ်ဆယ်ရေးအတွက် ထွက်ခဲ့ပါလို့ နောင်နောင့်ကို မှာလိုက်တော့ သူကလည်း မဖြစ်မနေ စီစဉ်ခဲ့မယ်ဆိုတဲ့ ဂတိလေး ပေးခဲ့ပါတယ်။ (သတင်းရေးနေချိန် နောင်နောင်နဲ့ အဖွဲ့ဟာ ချောက်မြို့နားကို ရောက်နေပါပြီ။)

ည ၈ နာရီလောက်မှာ ရန်ကုန်ပိုင်းကိစ္စတွေ စီစဉ်ပြီးတဲ့  ကျွန်တော်ဟာ မားမားခေါက်ဆွဲထုတ် ၂ ထုတ်ဖေါက် အစိမ်းစား၊ ရေသောက်ပြီး ညစာအတွက် ဗိုက်ဖြည့်လိုက်ပြီးတဲ့နောက် ကျေးရွာက လူငယ်တွေကို စုပေါင်းပြီး အစည်းအဝေးပုံစံလေး ခေါ်ယူခဲ့ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံလေးကိုလည်း ရှင်းပြခဲ့ပါတယ်။

ကျွန်တော်လိုချင်တာ အဓိကတော့ ကိုမှူးရေ.. အလှူပစ္စည်းကို မျက်စိရှေ့တင် ညီညီမျှမျှ ဝေပေးတာ မြင်ချင်တယ်။ မှတ်တမ်းတင်ချင်တယ်၊ အလှူရှင်တွေကို ပြန်ပြချင်တယ်၊ ကိုယ်တိုင်လည်း ၀င်ပြီးဝေပေးချင်တယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမှ ၀င်ရောက် စိုးမိုးချယ်လှယ်တာမျိုး မလိုလားဘူး ဆိုတာကို ပြောပြခဲ့ပါတယ်။ ဒေသခံ လူငယ်တွေကလည်း အဲ့ဒီအတွက် စိတ်ချပါ။ ကျွန်တော်တို့ လိုလားတာလည်း ဒီအတိုင်းပဲ ဆိုပြီး ပြန်ပြောပြတဲ့အပြင် ချောက်ကနေ ဆိပ်ဖြူရောက်လာမယ့် ကယ်ဆယ်ရေး အညီအညီ ပစ္စည်းတွေ တောင်ရွာမ၊ မြောက်ရွာမ ကျေးရွာတွေဆီ သယ်ယူနိုင်ရေး အစီအစဉ်တွေ စီစဉ်နိုင်ခဲ့သလို ဒုက္ခသည်တွေကို ကယ်ဆယ်ထားတဲ့ ဆိုက်ခမ်းကျေးရွာ ရွာဦးကျောင်း ဆရာတော်ဦးက္ကုန္ဒက နဲ့ ထပ်မံဆွေးနွေး တိုင်ပင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော်ဟာ ရေဘေးသင့် ဒုက္ခသည်တွေနဲ့ တမိုးအောက်မှာ အတူတူ တစ်ညတာ အိပ်စက်ခဲ့ပါတယ်။ ပေါ်ထပ်၊ အောက်ထပ် ၂ ထပ်ရှိတဲ့ ရွာဦး ဘုန်းတော်ကြီးကျောင်းမှာ မိသားစုဝင်တွေက အောက်ထပ်၊ လူလွတ်တွေက အပေါ်ထပ်မှာ အောက်ဖက်က အမျိုးသမီးတွေ ဘုရားစင်နားက အမျိုးသားတွေ အိပ်နေကြရတာပါ။ ကယ်ဆယ်ရေးဆန်တွေကို ၂ မိုင်လောက် ဝေးတဲ့နေရာကနေ ကျောင်းတောင်ကုန်းပေါ်အထိ ၂ မိုင်သာသာလောက် လူအားနဲ့ တစ်နေ့ သုံးလေးခေါက် ထမ်းထားတဲ့ လူငယ်တွေဟာလည်း အရမ်းပင်ပန်းနေပြီလေ။ ညပိုင်း ချောင်းဆိုးသံ၊ ငြီးသံ လေးတွေ စည်စည်းကားကားနဲ့ ကျွန်တော်တို့ အိပ်ခဲ့ကြရပေမယ့် ကျွန်တော့်ခေါင်းထဲမှာ ငရဲပွက်သလို အဖြစ်အပျက်တွေက ကိုယ်တိုင်မကြုံပေမယ့် ကြုံနေရသလို မြင်ယောင်နေပြီး ကောင်းကောင်းအိပ်မရတဲ့ ဒုတိယမြောက် နေ့လေးတစ်နေ့ပါပဲဗျာ။... တကယ်ကြုံခဲ့ရတဲ့ သူတွေရင်ထဲမှာရော ဘာတွေရှိနေမလဲ..

ကိုမှူးရေ...

နံနက်မိုးသောက်တာနဲ့ အသံချဲ့စက်လေးနဲ့ ကျွန်တော့်ဆီက ပါလာတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဝေမယ့်အကြောင်း၊ ဆန် ဆယ့်ငါးအိတ်ဟာ လူတစ်ဦးကို နို့ဆီဗူးတစ်ဗူးရမယ့်အကြောင်း ကြော်ငြာ ပေးနေသံကြားရသလို လူတစ်ဦးကို ဆားတစ်ခွက်၊ ဆီငါးကျပ်သားဆီပါ ရမယ်ဆိုလို့ အားလုံးက တန်းစီနေကြပါပြီ။

အခုအချိန် ဘာလိုသလဲ လို့မေးတော့ အ၀တ်အထည်အကြောင်း မပြောအားပဲ ဆန်၊ဆီ၊ ဆားပေါ့ ဆရာရယ် ဆိုတဲ့စကားလေးကလည်း ကျွန်တော့်နားထဲ စွဲနေပါတယ်ဗျာ..

ကျွန်တော်ကလည်း ကိုယ်တတ်နိုင်တာ ကိုယ်လုပ်ဖို့အတွက် မျက်နှာမသစ်အားပဲ ကင်မရာလေးကိုင်၊ တန်းစီနေတဲ့သူတွေ၊ ဆန်အိတ်တွေ ဖေါက်နေတဲ့သူတွေဆီ အပြေးသွားရင်း မှတ်တမ်းလေးတွေ တင်ရတာပေါ့။ အသက် ၈၀ ကျော်အဖွားကြီးက သူ့မှာ ထည့်စရာ မရှိလို့ ရပြီးသား လူတစ်ယောက်ဆီက တောင်းစုတ်လေး၊ ဆီထည့်ဖို့ခွက်လေး ငှါးပြီး တန်းစီနေရာမှာ သူ့အလှည့်ကျလို့ သွားယူတဲ့အခါ အဖွါးက ရပြီးသားလားလို့ အမေးခံရတာ ကျွန်တော့်မျက်စိနဲ့ မြင်ခဲ့ပါတယ်။ အဖွါးက မရသေးပါဘူးသားရယ် ဟောဒီမှာ အဖွါးရဲ့ တုံကင်လေးပါ။ ဒီထဲက ဟာတွေက အဖွါးမှာ ထည့်စရာမရှိလို့ သူများဟာ ငှါးလာတာပါ လို့ ပြောရှာတာ မြင်ရပြီး ကျွန်တော့်ရင်ထဲ မကောင်းဘူးဗျာ။ ကျွန်တော့်မှာ ပါသလောက်ငွေ အကုန်လုံး လှူတာတောင်မှ တစ်ယောက်ကို ဆန်နို့ဆီဗူး တစ်ဗူးပဲရတာပါ။ ဒါကို စိတ်မကောင်းကြောင်း ဦးခင်မောင်မြင့်ကို ပြောတော့ မဟုတ်ပါဘူး ကိုဇော်ရယ် ကိုဇော့်လိုလူတွေ ရှစ်ယောက်လောက် ပေါင်းလိုက်ရင် တစ်ဦးကို ဆန်တစ်ပြည်စီ ရပြီပေါ့လို့ သူက ပြောတော့ ဟုတ်တယ် အခုလောက်ဆိုရင်ပဲ မတ်ဖန်က စေတနာရှင်တွေ ၀ိုင်းကနေလောက်ပြီလို့ အတွေးလေး ၀င်ခဲ့ပါတယ်။ တကယ်ပါပဲဗျာ။ သင့်တင့်တဲ့ ပမာဏအတိုင်းအတာလေးတွေ ၀င်မယ့် အကြောင်း မကြာခင်မှာပဲ ဖုန်းသတင်းလေး ရခဲ့တယ် မဟုတ်လား။

ကိုမှူးရေ.. ကျွန်တော်ဟာ မတ်ဖန်က အယ်ဒီတာချူပ် တစ်ယောက်အနေနဲ့ သတင်းလာယူရတာကို သိပ်ကို ဂုဏ်ယူနေမိသလို သိပ်ကို တာဝန်ကြီးနေပြီဆိုတာ ကိုယ့်ကိုကိုယ် သတိပေးနေခဲ့ပါတယ်။ ငါရောက်နေတုန်း သေချာစီစဉ်ခဲ့နိုင်ရင် စီစဉ်နိုင်သလောက် ဒီရွာပတ်ဝန်းကျင်က ရေဘေးသင့် ပြည်သူတွေ အဆင်ပြေမယ် ဆိုတာလေး ကိုယ့်ကိုကိုယ်ပြောပေမယ့်  မြင်စိရှေ့က မြင်ကွင်းလောက်ပဲ ကြည့်နေလို့ မရဘူးမို့လား။ အဲ့ဒါကြောင့် ဆိပ်ဖြူဆိုတာ ဘယ်နားမှန်း မသိသေးတဲ့ ပ၇ဟိတ အဖွဲ့ဝင်လူငယ်တွေ၊ အလှူကို အခင်းဖြစ်ရာ ဒေသဆီ ကိုယ်တိုင်သွားပြီး လှူချင်တဲ့ စေတနာရှင် မေတ္တာရှင်တွေအတွက်ပါ ကူညီပေးဖို့ ကျွန်တော် စဉ်းစားမိပါတယ်။

အဲ့ဒီအတွက် အကောင်းဆုံး အကြံလေး စဉ်းစားမိတော့ အားလုံးလည်း သိ၊ အားလုံးလည်း သွားတတ်လာတတ်တဲ့ ချောက်မြို့မှာ ကြားစခန်းလေး တစ်ခုလောက် ဖွင့်လှစ်ပေးလိုက်မယ်ဆိုရင် ဒီကနေ တဆင့် ရေဘေးသင့်ရာ ဒေသဆီကို အလှူရှင်တွေသွားလာနိုင်ရေး ကျွန်တော်တို့ ကူညီနိုင်မယ်လို့ တွေးမိပြီး အဲ့ဒီကိစ္စကိုပါ တစ်ခါထဲ စီစဉ်လိုက်ပါတယ်။

တစ်ပြိုင်တည်း ဆိုက်ခမ်းကျေးရွာ တွဲဖက်အလယ်တန်းကျောင်းဆီ သွားခဲ့ပြီးတော့ လက်ရှိအခြေအနေတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ ကျောင်းဆောင်က အခင်းကလွဲပြီး ကျန်တာ မပျက်စီးပေမယ့် ခုံတွေကိုတော့ ယောချောင်းကြီးက ဧရာဝတီမြစ်ဆီ ယူဆောင်သွားခဲ့ပြီမို့ ခုံတွေ နည်းနည်းပဲ ကျန်တော့တဲ့ အနေအထား ဖြစ်နေသလို ကျောင်းသား/သူ တွေမှာ ကျောင်းဝတ်စုံအပထား ကျောင်းစာအုပ်တောင် မကျန်တော့်တဲ့ အနေအထားအတွက် ကျောင်းအုပ် ဆရာမကြီးဆီသွား ကျောင်းသား အားအင်အားလေး တောင်းယူခဲ့ပါတယ်။ ကူညီနိုင်ရင်လည်း ကူညီမယ်ဆိုတဲ့ အတွေးလေးနဲ့ပေါ့။

အဲ့ဒီနောက် နောက်ထပ် အသက်ကယ်ကုန်းအဖြစ် ခေါ်တွင်နိုင်တဲ့ ဘုရားကုန်းပေါ် တက်လိုက်တဲ့အခါ ယောချောင်းရဲ့ တစ်ဖက်ကမ်းမှာ ရွာလေးတစ်ရွာ တွေ့လိုက်ပါတယ်။ ရေစီးသန်တဲ့ ယောချောင်းဟိုဖက်က ရွာလေးလည်း ရေဘေးထိခဲ့ပြီး အခုထိ အခြေအနေ မသိရသေးကြောင်း ရေစီးသန်ပြီး အရင်သုံးနေကျ လှေတွေ အားလုံး ရေမျောကုန်လို့ ဟိုဖက်ကမ်း ကူးမရနိုင်ဘူးဆိုတာပြောပြလို့ ကျွန်တော် အင်မတန် စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သွားချင်တယ်ဆိုရင် ပခုက္ကူကနေ ကားနဲ့ပတ်ချင်ပတ် မပတ်ချင်ရင်တော့ ယောချောင်းကို လက်ပစ်ဖြတ်ကူးပြီး သွားမှသာ ဖြစ်နိုင်မယ့်အနေအထားအတွက် အားမတန် မာန်လျော့လိုက်ရပါတယ်။ ပခုက္ကူဖက်က ကယ်ဆယ်ရေး အကူအညီတွေရမှာပါလေ ဆိုတဲ့ ဖြေသိမ့်စရာလေး တစ်ခုနဲ့ပေါ့။ ဒါပေမယ့် ကျွန်တော်မြင်သလောက်တော့ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေက ဗွီဒီယိုမှာပါဖို့ ရုပ်/သံမှာ ပါဖို့ မြို့ပေါ်မှာသာ လှိုင်လှိုင်လုပ်နေတုန်းပါပဲ။

ဒီလိုနဲ့ ကျွန်တော်ရထားတဲ့ အချက်အလက် မှတ်တမ်းမှတ်ရာတွေကို အသုံးချဖို့ အရမ်းကို အရေးကြီးနေပြီ ဆိုတာ သိထားတဲ့ ကျွန်တော်ဟာ အခင်းဖြစ်ရာဒေသကနေ အမြန်ဆုံး ပြန်မှဖြစ်တော့မယ်ဆိုတာ ဒေသခံ လူတွေကိုပြောပြ အကူအညီတောင်းခဲ့ရာမှာ ထွန်စက်လမ်းတော့ ပေါက်ပြီ ဆိုတာနဲ့ ကျွန်တော့်ကို ထွန်စက်ကြီးနဲ့ လိုက်ပို့ပေးခဲ့ပါတယ်။ ထွန်စက်နောက်ပိုင်းမှာ မတ်တပ်ရပ်လိုက်ရင်း မနေ့က မြင်ခဲ့တဲ့ မြင်ကွင်းတွေကို ထွက်စက်ကြီးပေါ်ကနေ ထပ်မံ မှတ်တမ်းတင်ဖြစ်ပြန်ပါတယ်။ ကျွန်တော့်အတွက် ဆိပ်ဖြူမြို့ ပြန်မယ့် ကြားစခန်းဖြစ်တဲ့ တောင်ရွာမကျေးရွာကို ရောက်တဲ့အခါမှာတော့ ထူးခြားတာလေး မြင်လိုက်ရပါတယ်။ ဒါကတော့ တောင်ရွာမ ကွင်းကြီးထဲမှာ ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၂၀ လောက် ထိုးနေခြင်းပါပဲ။ ယူနီဖေါင်းဝတ် ရဲတပ်သားတွေက မလိုအပ်ပဲ ကွင်းထဲက  မြက်တွေလိုက်ခုတ်နေတာ မြင်ခဲ့ရပါတယ်။ ကွင်းထဲက မြက်ပင် လိုက်ခုတ်နေတာထက် ပျက်နေတဲ့ အိမ်တွေကို ကယ်ဆယ်ပေးတာက ပိုအကျိုးထူးမှာလို့ တွေးနေမိသလို For Show Only လုပ်တတ်တဲ့ မြန်မာပြည်က ၀န်ထမ်းတွေရဲ့ စိတ်တွေ ဘယ်တော့များမှ ပျောက်ပါ့မလဲလို့ တွေးနေမိတယ်လေ။ အမှန်တော့ သူတို့ ဆောက်ပေးနေတဲ့ ရွက်ဖျင်တဲ မှာ ဘယ်သူမှ လာနေမယ့်သဘောမရှိပါဘူး။ တကယ်ဖြစ်တဲ့ အတွင်းပိုင်းကျေးရွာတွေက ပြည်သူတွေက သူတို့ဒေသကို စွန့်ပြီး ဒီတဲထဲ ဘယ်လာနေမတုန်းဗျာ။ အခုတော့ ကတ္တရာလမ်းပေါက်တဲ့ နေရာလေးမှာ ရွက်ဖျင်တဲထိုး လူကြီးကလာပြီးတော့ လုပ်အုံးမယ်နဲ့ တူပါရဲ့။ ဒေသခံတစ်ဦးက ပြောတာတော့ သူတို့လည်းပြန် တဲလည်းပြန်ဖျက်ယူသွားမှာတဲ့ဗျာ...

ကျွန်တော့်ခရီးစဉ်အတွင်း ရီစရာလေးတွေလည်း ကြုံခဲ့ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်သွားမယ့်နေ့က ဒုတိယ သမ္မတ စိုင်းမောင်ခမ်း လာမယ်ဆိုလို့ ရေဘေးသင့်ဒေသမှာ အပျက်အစီးတွေကြား အလံတိုင်နီတွေ လိုက်ထောင်ခိုင်းလို့ ထောင်ကြရပါတယ်။ ၀တ်စရာအ၀တ်တောင် ရေထဲပါသွားတဲ့ ဒေသခံပြည်သူတွေမှာ ဘယ်ကလာ အ၀တ်နီတွေရှိမတုန်းဗျာ။ အဲ့ဒီတော့ အပျက်အစီးတွေကြား ကြက်သွန်နီအိတ်ခွံတွေ ထောင်တာ မြင်ရတဲ့အပြင် ဘုန်းကြီး သင်္ကန်းစုတ်တွေနဲ့ အလံတွေလုပ်ပြီး သမ္မတကြီး ဟတ်စကီးပေါ်က ကြည့်ရင်မြင်အောင် လုပ်ပြထားတာပါပဲ။ 

ပိုပြီးရီစရာကောင်းတာက သမ္မတကြီးရဲ့ လေယာဉ်ဆင်းချင် ဆင်းရအောင် ဆိုပြီးတော့ ဟတ်စကီးကွင်းတစ်ကွင်းလုပ် ထုံးသုတ်ထားတာ ၇ွာသားတွေ ပိုက်ဆုံ နှစ်ထောင်လောက် ထုံးဖိုးသာ ကုန်သွားတယ် သမ္မတ ဆိုတာကို မမြင်လိုက်ရဘူးဆိုတာပါပဲ၊ ညဖက် သတင်းမှာ တွေ့လိုက်ရတာက ပခုက္ကူမြို့ပေါ်က ရေဘေးသင့်ပြည်သူတွေဆီ သမ္မတကြီး အရောက်သွားခဲ့တယ် ဆိုတာပါပဲ။ ဆိုက်ခမ်းကျေးရွာအရောက် သွားပြီး အားပေးစကားလေးများ ပြောပေးမယ်ဆိုရင်ဖြင့် သမ္မတကြီးကို နေ့စဉ် ဦးညွတ်နေမယ့် ရေဘေးသင့် ပြည်သူတွေ ရှိနေတယ် ဆိုတာလေး ကျွန်တော် ဒီနေရာကနေ သတင်းပေးချင်ပါရဲ့ဗျာ..

ကိုမှူးရေ.. တကယ်တော့ ကျွန်တော်လည်း ရဲအရာရှိတွေကြား ကင်မရာတကားကားမလုပ်ရဲခဲ့ပါဘူး။ ကယ်ဆယ်ရေး အဆောက်အဦးတွေကို ဓါတ်ပုံရိုက်တာကိုတော့ သဘောကျမယ် ထင်ပြီး ရိုက်ခဲ့ပေမယ့် မြက်ခုတ်နေတဲ့ ရဲလေးငါးဆယ်ယောက်ကိုတော့ မရိုက်ရဲဘူးဗျ။ အိမ်မပြင်နိုင်ပဲ မြက်ရှင်းနေတဲ့ ရွာသူလေးတွေကိုတော့ မသိမသာလေး ခိုးပြီးဓါတ်ပုံရိုက်ခဲ့ပါတယ်။ ရေဘေးသင့် အရပ်ဒေသကိုတော့ လူကြီးတစ်ဦးဦးလာတော့မယ် ထင်တယ်လို့ တွေးမိပေမယ့် ကတ္တရာလမ်းရှိရာ ဒီနေရာကပဲ ပြန်လှည့်သွားမှာ စိုးရိမ်နေမိပါတယ်။  ဒီလိုနဲ့ ဆိုင်ကယ်လေးနဲ့ ချစ်ချောင်းကိုဖြတ်စဉ် စက်ရပ်သွားလို့ နောက်ထပ် ဆိုင်ကယ် တစ်စီးကို မောင်းရင်း ကျွန်တော်ဟာ ဆိပ်ဖြူကနေတဆင့် ချောက်၊ ချောက်ကနေတဆင့် ကျောက်ပန်းတောင်း၊ ကျောက်ပန်းတောင်းမြို့ကနေတဆင့် ရန်ကုန်မြို့ဆီ တစ်ညလုံး လိုင်းကားစီးရင်းပြန်ခဲ့ပါတယ်။ အခုဒီစာလေး ရေးနေတဲ့အချိန်ဟာ ကျွန်တော်ရန်ကုန်ရောက်ပြီး ၃ နာရီအတွင်းဖြစ်ပါတယ်။ ညက မအိပ်ခဲ့ရပေမယ့် ကျွန်တော်နားနေဖို့ အချိန်မရဘူးလေ။ မင်းကိုနိုင် မွေးနေ့ ကတည်းက ရေအောက်ကေဘယ်လ် ပုရွက်ဆိပ်ကိုက်လို့ ပျက်သွားတဲ့ ရတနာပုံ တယ်လီပို့က အင်တာနက် ကွန်နက်ရှင်ကို ဖြတ်ကျော်ရင်း ကျွန်တော် ပင်ပင်ပန်းပန်းယူလာတဲ့ သတင်းတွေ၊ ဗွီဒီယိုတွေကို တင်ပြရအုံးမှာပါ။

ကျွန်တော့်ခရီးစဉ်လေးဟာ
- ဘယ်သူမှ မရောက်သေးတဲ့ ဒေသရဲ့ ရေဘေးအခက်အကြုံနေပုံအကြောင်း သေချာလေး မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။

- အရေးပေါ် ကယ်ဆယ်ရေး လိုအပ်နေတဲ့ ပြည်သူတွေဆီ ကျွန်တော့်မှာ ပါလာသလောက်ငွေကြေး အားလုံးနဲ့ ဆန် ၁၅ အိပ်အပါအ၀င် တတ်နိုင်သလောက် ကူညီခွင့်ရခဲ့သလို နောက်ထပ် ကူညီနိုင်ဖို့ အဆင်သင့် ဖြစ်စေခဲ့ပါတယ်။

-  ရေဘေးသင့် ပြည်သူတွေဆီ တိုက်ရိုက်ကူညီ ကယ်ဆယ်ရေး လုပ်ချင်နေတဲ့ ပရိဟိတ အဖွဲ့တွေအနေနဲ့ ချောက်မှတဆင့် သက်ဆိုင်ရာဒေသဆီ ကိုယ်တိုင်သွားနိုင်ဖို့ ကြားစခန်း တစ်ခုဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဒါတွေဟာ ကျွန်တော့်ခရီးစဉ်အောင်မြင်မှု အစပါ ဆိုတာလေး သတင်းကောင်းပေးရင်း ကျွန်တော့်စာလေးကို နိဂုံးချူပ်ပါရစေတော့ ကိုမှူးရေ...

မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးရန်ကင်းကွာပြီး ကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ ကျွန်တော် ဒီနေရာကနေ ဆုတောင်းလိုက်ပါတယ်ဗျာ..

ဇော်ဇော်- Mutdfan.com
ရန်ကုန်မြို့။








 
သံစူးထားတဲ့ ဒဏ်ရာ ရင်းလာလို့ မခံစားနိုင်အောင် ဖြစ်နေတဲ့ ကလေးငယ်

 
လူစာလား၊ နွားစာလား...














http://mutdfan.com/index.php/readmore/post/39684
ရင်းမြစ် http://mutdfan.com/index.php/readmore/post/39684

မအိအေး Facebook

အဲ့ဒီအတွက် အကောင်းဆုံး အကြံလေး စဉ်းစားမိတော့ အားလုံးလည်း သိ၊ အားလုံးလည်း သွားတတ်လာတတ်တဲ့ ချောက်မြို့မှာ ကြားစခန်းလေး တစ်ခုလောက် ဖွင့်လှစ်ပေးလိုက်မယ်ဆိုရင် ဒီကနေ တဆင့် ရေဘေးသင့်ရာ ဒေသဆီကို အလှူရှင်တွေသွားလာနိုင်ရေး ကျွန်တော်တို့ ကူညီနိုင်မယ်လို့ တွေးမိပြီး အဲ့ဒီကိစ္စကိုပါ တစ်ခါထဲ စီစဉ်လိုက်ပါတယ်။

တစ်ပြိုင်တည်း ဆိုက်ခမ်းကျေးရွာ တွဲဖက်အလယ်တန်းကျောင်းဆီ သွားခဲ့ပြီးတော့ လက်ရှိအခြေအနေတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ ကျောင်းဆောင်က အခင်းကလွဲပြီး ကျန်တာ မပျက်စီးပေမယ့် ခုံတွေကိုတော့ ယောချောင်းကြီးက ဧရာဝတီမြစ်ဆီ ယူဆောင်သွားခဲ့ပြီမို့ ခုံတွေ နည်းနည်းပဲ ကျန်တော့တဲ့ အနေအထား ဖြစ်နေသလို ကျောင်းသား/သူ တွေမှာ ကျောင်းဝတ်စုံအပထား ကျောင်းစာအုပ်တောင် မကျန်တော့်တဲ့ အနေအထားအတွက် ကျောင်းအုပ် ဆရာမကြီးဆီသွား ကျောင်းသား အားအင်အားလေး တောင်းယူခဲ့ပါတယ်။ ကူညီနိုင်ရင်လည်း ကူညီမယ်ဆိုတဲ့ အတွေးလေးနဲ့ပေါ့။

အဲ့ဒီနောက် နောက်ထပ် အသက်ကယ်ကုန်းအဖြစ် ခေါ်တွင်နိုင်တဲ့ ဘုရားကုန်းပေါ် တက်လိုက်တဲ့အခါ ယောချောင်းရဲ့ တစ်ဖက်ကမ်းမှာ ရွာလေးတစ်ရွာ တွေ့လိုက်ပါတယ်။ ရေစီးသန်တဲ့ ယောချောင်းဟိုဖက်က ရွာလေးလည်း ရေဘေးထိခဲ့ပြီး အခုထိ အခြေအနေ မသိရသေးကြောင်း ရေစီးသန်ပြီး အရင်သုံးနေကျ လှေတွေ အားလုံး ရေမျောကုန်လို့ ဟိုဖက်ကမ်း ကူးမရနိုင်ဘူးဆိုတာပြောပြလို့ ကျွန်တော် အင်မတန် စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သွားချင်တယ်ဆိုရင် ပခုက္ကူကနေ ကားနဲ့ပတ်ချင်ပတ် မပတ်ချင်ရင်တော့ ယောချောင်းကို လက်ပစ်ဖြတ်ကူးပြီး သွားမှသာ ဖြစ်နိုင်မယ့်အနေအထားအတွက် အားမတန် မာန်လျော့လိုက်ရပါတယ်။ ပခုက္ကူဖက်က ကယ်ဆယ်ရေး အကူအညီတွေရမှာပါလေ ဆိုတဲ့ ဖြေသိမ့်စရာလေး တစ်ခုနဲ့ပေါ့။ ဒါပေမယ့် ကျွန်တော်မြင်သလောက်တော့ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေက ဗွီဒီယိုမှာပါဖို့ ရုပ်/သံမှာ ပါဖို့ မြို့ပေါ်မှာသာ လှိုင်လှိုင်လုပ်နေတုန်းပါပဲ။

ဒီလိုနဲ့ ကျွန်တော်ရထားတဲ့ အချက်အလက် မှတ်တမ်းမှတ်ရာတွေကို အသုံးချဖို့ အရမ်းကို အရေးကြီးနေပြီ ဆိုတာ သိထားတဲ့ ကျွန်တော်ဟာ အခင်းဖြစ်ရာဒေသကနေ အမြန်ဆုံး ပြန်မှဖြစ်တော့မယ်ဆိုတာ ဒေသခံ လူတွေကိုပြောပြ အကူအညီတောင်းခဲ့ရာမှာ ထွန်စက်လမ်းတော့ ပေါက်ပြီ ဆိုတာနဲ့ ကျွန်တော့်ကို ထွန်စက်ကြီးနဲ့ လိုက်ပို့ပေးခဲ့ပါတယ်။ ထွန်စက်နောက်ပိုင်းမှာ မတ်တပ်ရပ်လိုက်ရင်း မနေ့က မြင်ခဲ့တဲ့ မြင်ကွင်းတွေကို ထွက်စက်ကြီးပေါ်ကနေ ထပ်မံ မှတ်တမ်းတင်ဖြစ်ပြန်ပါတယ်။ ကျွန်တော့်အတွက် ဆိပ်ဖြူမြို့ ပြန်မယ့် ကြားစခန်းဖြစ်တဲ့ တောင်ရွာမကျေးရွာကို ရောက်တဲ့အခါမှာတော့ ထူးခြားတာလေး မြင်လိုက်ရပါတယ်။ ဒါကတော့ တောင်ရွာမ ကွင်းကြီးထဲမှာ ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၂၀ လောက် ထိုးနေခြင်းပါပဲ။ ယူနီဖေါင်းဝတ် ရဲတပ်သားတွေက မလိုအပ်ပဲ ကွင်းထဲက  မြက်တွေလိုက်ခုတ်နေတာ မြင်ခဲ့ရပါတယ်။ ကွင်းထဲက မြက်ပင် လိုက်ခုတ်နေတာထက် ပျက်နေတဲ့ အိမ်တွေကို ကယ်ဆယ်ပေးတာက ပိုအကျိုးထူးမှာလို့ တွေးနေမိသလို For Show Only လုပ်တတ်တဲ့ မြန်မာပြည်က ၀န်ထမ်းတွေရဲ့ စိတ်တွေ ဘယ်တော့များမှ ပျောက်ပါ့မလဲလို့ တွေးနေမိတယ်လေ။ အမှန်တော့ သူတို့ ဆောက်ပေးနေတဲ့ ရွက်ဖျင်တဲ မှာ ဘယ်သူမှ လာနေမယ့်သဘောမရှိပါဘူး။ တကယ်ဖြစ်တဲ့ အတွင်းပိုင်းကျေးရွာတွေက ပြည်သူတွေက သူတို့ဒေသကို စွန့်ပြီး ဒီတဲထဲ ဘယ်လာနေမတုန်းဗျာ။ အခုတော့ ကတ္တရာလမ်းပေါက်တဲ့ နေရာလေးမှာ ရွက်ဖျင်တဲထိုး လူကြီးကလာပြီးတော့ လုပ်အုံးမယ်နဲ့ တူပါရဲ့။ ဒေသခံတစ်ဦးက ပြောတာတော့ သူတို့လည်းပြန် တဲလည်းပြန်ဖျက်ယူသွားမှာတဲ့ဗျာ...

ကျွန်တော့်ခရီးစဉ်အတွင်း ရီစရာလေးတွေလည်း ကြုံခဲ့ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်သွားမယ့်နေ့က ဒုတိယ သမ္မတ စိုင်းမောင်ခမ်း လာမယ်ဆိုလို့ ရေဘေးသင့်ဒေသမှာ အပျက်အစီးတွေကြား အလံတိုင်နီတွေ လိုက်ထောင်ခိုင်းလို့ ထောင်ကြရပါတယ်။ ၀တ်စရာအ၀တ်တောင် ရေထဲပါသွားတဲ့ ဒေသခံပြည်သူတွေမှာ ဘယ်ကလာ အ၀တ်နီတွေရှိမတုန်းဗျာ။ အဲ့ဒီတော့ အပျက်အစီးတွေကြား ကြက်သွန်နီအိတ်ခွံတွေ ထောင်တာ မြင်ရတဲ့အပြင် ဘုန်းကြီး သင်္ကန်းစုတ်တွေနဲ့ အလံတွေလုပ်ပြီး သမ္မတကြီး ဟတ်စကီးပေါ်က ကြည့်ရင်မြင်အောင် လုပ်ပြထားတာပါပဲ။ 

ပိုပြီးရီစရာကောင်းတာက သမ္မတကြီးရဲ့ လေယာဉ်ဆင်းချင် ဆင်းရအောင် ဆိုပြီးတော့ ဟတ်စကီးကွင်းတစ်ကွင်းလုပ် ထုံးသုတ်ထားတာ ၇ွာသားတွေ ပိုက်ဆုံ နှစ်ထောင်လောက် ထုံးဖိုးသာ ကုန်သွားတယ် သမ္မတ ဆိုတာကို မမြင်လိုက်ရဘူးဆိုတာပါပဲ၊ ညဖက် သတင်းမှာ တွေ့လိုက်ရတာက ပခုက္ကူမြို့ပေါ်က ရေဘေးသင့်ပြည်သူတွေဆီ သမ္မတကြီး အရောက်သွားခဲ့တယ် ဆိုတာပါပဲ။ ဆိုက်ခမ်းကျေးရွာအရောက် သွားပြီး အားပေးစကားလေးများ ပြောပေးမယ်ဆိုရင်ဖြင့် သမ္မတကြီးကို နေ့စဉ် ဦးညွတ်နေမယ့် ရေဘေးသင့် ပြည်သူတွေ ရှိနေတယ် ဆိုတာလေး ကျွန်တော် ဒီနေရာကနေ သတင်းပေးချင်ပါရဲ့ဗျာ..

ကိုမှူးရေ.. တကယ်တော့ ကျွန်တော်လည်း ရဲအရာရှိတွေကြား ကင်မရာတကားကားမလုပ်ရဲခဲ့ပါဘူး။ ကယ်ဆယ်ရေး အဆောက်အဦးတွေကို ဓါတ်ပုံရိုက်တာကိုတော့ သဘောကျမယ် ထင်ပြီး ရိုက်ခဲ့ပေမယ့် မြက်ခုတ်နေတဲ့ ရဲလေးငါးဆယ်ယောက်ကိုတော့ မရိုက်ရဲဘူးဗျ။ အိမ်မပြင်နိုင်ပဲ မြက်ရှင်းနေတဲ့ ရွာသူလေးတွေကိုတော့ မသိမသာလေး ခိုးပြီးဓါတ်ပုံရိုက်ခဲ့ပါတယ်။ ရေဘေးသင့် အရပ်ဒေသကိုတော့ လူကြီးတစ်ဦးဦးလာတော့မယ် ထင်တယ်လို့ တွေးမိပေမယ့် ကတ္တရာလမ်းရှိရာ ဒီနေရာကပဲ ပြန်လှည့်သွားမှာ စိုးရိမ်နေမိပါတယ်။  ဒီလိုနဲ့ ဆိုင်ကယ်လေးနဲ့ ချစ်ချောင်းကိုဖြတ်စဉ် စက်ရပ်သွားလို့ နောက်ထပ် ဆိုင်ကယ် တစ်စီးကို မောင်းရင်း ကျွန်တော်ဟာ ဆိပ်ဖြူကနေတဆင့် ချောက်၊ ချောက်ကနေတဆင့် ကျောက်ပန်းတောင်း၊ ကျောက်ပန်းတောင်းမြို့ကနေတဆင့် ရန်ကုန်မြို့ဆီ တစ်ညလုံး လိုင်းကားစီးရင်းပြန်ခဲ့ပါတယ်။ အခုဒီစာလေး ရေးနေတဲ့အချိန်ဟာ ကျွန်တော်ရန်ကုန်ရောက်ပြီး ၃ နာရီအတွင်းဖြစ်ပါတယ်။ ညက မအိပ်ခဲ့ရပေမယ့် ကျွန်တော်နားနေဖို့ အချိန်မရဘူးလေ။ မင်းကိုနိုင် မွေးနေ့ ကတည်းက ရေအောက်ကေဘယ်လ် ပုရွက်ဆိပ်ကိုက်လို့ ပျက်သွားတဲ့ ရတနာပုံ တယ်လီပို့က အင်တာနက် ကွန်နက်ရှင်ကို ဖြတ်ကျော်ရင်း ကျွန်တော် ပင်ပင်ပန်းပန်းယူလာတဲ့ သတင်းတွေ၊ ဗွီဒီယိုတွေကို တင်ပြရအုံးမှာပါ။

ကျွန်တော့်ခရီးစဉ်လေးဟာ
- ဘယ်သူမှ မရောက်သေးတဲ့ ဒေသရဲ့ ရေဘေးအခက်အကြုံနေပုံအကြောင်း သေချာလေး မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။

- အရေးပေါ် ကယ်ဆယ်ရေး လိုအပ်နေတဲ့ ပြည်သူတွေဆီ ကျွန်တော့်မှာ ပါလာသလောက်ငွေကြေး အားလုံးနဲ့ ဆန် ၁၅ အိပ်အပါအ၀င် တတ်နိုင်သလောက် ကူညီခွင့်ရခဲ့သလို နောက်ထပ် ကူညီနိုင်ဖို့ အဆင်သင့် ဖြစ်စေခဲ့ပါတယ်။

-  ရေဘေးသင့် ပြည်သူတွေဆီ တိုက်ရိုက်ကူညီ ကယ်ဆယ်ရေး လုပ်ချင်နေတဲ့ ပရိဟိတ အဖွဲ့တွေအနေနဲ့ ချောက်မှတဆင့် သက်ဆိုင်ရာဒေသဆီ ကိုယ်တိုင်သွားနိုင်ဖို့ ကြားစခန်း တစ်ခုဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဒါတွေဟာ ကျွန်တော့်ခရီးစဉ်အောင်မြင်မှု အစပါ ဆိုတာလေး သတင်းကောင်းပေးရင်း ကျွန်တော့်စာလေးကို နိဂုံးချူပ်ပါရစေတော့ ကိုမှူးရေ...

မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးရန်ကင်းကွာပြီး ကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ ကျွန်တော် ဒီနေရာကနေ ဆုတောင်းလိုက်ပါတယ်ဗျာ..

ဇော်ဇော်- Mutdfan.com
ရန်ကုန်မြို့။