ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကြံ့ဖွံ့အမိန့်ဖြင့် နမ္မတူမြို့ ဒေသခံများ လုပ်အားပေးသွားနေရ (တိုင်ကြားစာ)

ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများ လုပ်အားပေးသွားနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ကြံဖွံ့အဖွဲ့ဝင်ဦးသစ်လွင် အမိန့်ဖြင့် နမ္မတူလျှပ်စစ် ဓါတ်အားလိုင်း ဥက္ကဌဦးမြမောင်နှင့် အဖွဲ့သည် နမ္မတူမြို့ရက်ကွက်(၈)ရှိ ရပ်ကွက်သူ၊ သားများအား တရုတ် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ရန်အတွက် လိုအပ်သော ပစ္စည်းကိရိယာနှင့် အုတ်ခဲများသယ်ဆောင်ရန် လုပ်အားပေး စေခိုင်းခဲ့ကြောင်း သိရှိရသည်။

“တစ်မိသားစုကို တစ်ယောက် မသွားမနေရဆိုတော့ သွားရတာပေါ့ ပြီးတော့ ကိုယ့်ထမင်းဟင်းကိုယ် ယူသွားရသေးတယ် ၊တနေကုန်လုပ်ပေးရတယ်။ ယောင်္ကျားတွေဆိုရင် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ဖို့ မြောင်းတွေတူးရတယ်၊ အမျိုးသမီးတွေကတော့လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့အုတ်ခဲတွေ သယ်ရတယ် တစ်အိမ်တယောက် မသွားရင် ပိုက်ဆံတစ်ယောက်စာ ပေးရတယ်၊ ကျတော်တို့ ရပ်ကွက်ကတော့ လုပ်အားပေး အကုန်သွားကြတယ်” ဟုလုပ်အားပေးမှ ပြန်လာသော ဒေသခံမှပြောပြခဲ့သည်။

၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ နမ္မတူမြို့ရှိ ရပ်ကွက်ရွာသားများ အလှည့်ကျ လုပ်အားပေးသွားနေရသလို ပိုက်လိုင်းတစ်လျောက်ရှိကျေးရွာများလည်း မကြာခဏဆိုသလို ပိုက်လိုင်းအတွက် လုပ်အားပေးသွားနေရကြောင်း သိရှိရသည်။

ထိုနောက် လိုက်လံကြီးကြပ်ဖို့နှင့် လုံခြုံရေးတာဝန်များကို နမ္မတူရဲတပ်ဖွဲ့နှင့် တပ်ရင်း(၃၂၄)မှ စစ်သားများ ယူပေးရသည်။ လုပ်အားပေး လုပ်ဆောင်နေစဉ်အတွင်း မနားရသည့်အပြင် အုတ်ခဲနှင့် အခြားပစ္စည်းများ သယ်ဆောင်ရာတွင်လည်း မနားရပဲ သယ်ရကြောင်း ဒေသခံများမှ ပြောပြခဲ့သည်။

သတင်းမှတ်တမ်းနှင့် သုတေသနဌာန

တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး

ဆက်သွယ်ရန်- ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁။

ရင်ထဲထိငြိမိသော ကချင်ပြည်နယ် ခရီးစဉ်ဓာတ်ပုံများနှင့် ရုပ်သံ..

ဒီဓာတ်ပုံလေးကို ကြည့်ပြီးတော့ စိတ်ထဲမှာမကောင်း
အနောက်က အမေစုရဲ့ ကချင်တိုင်းရင်းသူဝတ်စုံနဲ့ ပုံကတော့ လွန်ခဲ့တဲ့ ၂၃နှစ်က (၁၉၈၉)ခုနှစ် ကချင်ပြည်နယ် ခရီးစဉ်အတွင်း အသက် ၄၄နှစ်လောက်က ရိုက်ကူးထားတဲ့ပုံပေါ့.. တကယ့်အရွယ်ကောင်း အချိန်ပါ..။

၁၉၉၀ရွေ...းကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အဖွဲ့ချုပ် ထိုအချိန်ကသာ နိုင်ငံကို အမေစုနဲ့ ခေါင်းဆောင်တွေသာ နိုင်ငံကို ဦးဆောင်ခွင့်ရခဲ့ရင် အနှစ် ၂၀ဆိုတဲ့ အတိုင်းအတာအတွင်း ကျွန်တော်တို့တိုင်းပြည် အခုအချိန်လောက်ဆိုရင် အိမ်နီးချင်း နိုင်ငံတွေကို ရင်ဘောင်တန်းနိုင်ပြီး ကျော်တက်နေလောက်ပါပြီ..။ နိုင်ငံတကာမှာလည်း မျက်နှာမော့ ခေါင်းမော့ နေနိုင်လောက်ပါပြီ...။ ရွေးကောက်ပွဲဆိုတာလည်း ၄ကြိမ်မြောက်ရှိလောက်ပြီပေါ့..။ အနှစ်(၂၀)ကျော်ဆိုတဲ့ အတိုင်းအတာဟာ နိုင်ငံတခုကို ထူထောင်ဖို့ လုံလောက်တဲ့ အခြေအနေပေါ့။

(၂၃)နှစ်လုံးလုံး အမေစုနဲ့ အဖွဲ့ချုပ်ကို ဖိနှိပ်ချုပ်ချယ် အမြစ်ပြုတ် စီမံကိန်းတွေနဲ့ တဖက်သတ် နှိပ်ကွက်ခဲ့ပေမယ့် မိုးကြိုပန်း၊ မိုးကြိုမြက်တွေလို မိုးရေဆိုတဲ့ ပြည်သူနဲ့ ပြန်လည်ထိတွေ့ခွင့် ရတဲ့အခါမှာတော့ အရင်အတိုင်း မပြောင်းမလဲ လန်းဆန်း၊ စိုပြေဆဲပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ ဆိုတာ သမိုင်းလိုအပ်ချက်အတွက် နှစ်ပေါင်းများစွာမှ တခါ ပေါ်ပေါက်ပေးရတဲ့ ခေါင်းဆောင်တွေပါ။ အမေစု ကျန်းမာဖို့နဲ့ ဘေးရန်ကင်းဖို့ဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အနာဂတ်အတွက် အင်မတန် အရေးကြီးပါတယ်...။

နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေ လေးစားချစ်ခင်ကြတဲ့ ဒီလိုခေါင်းဆောင်မျိုး နောင်ရရှိဖို့ဆိုတာ အိပ်မက်တောင် မက်ဖို့မလွယ်ပါ။ ကျွန်တော်တို့ အားလုံး အမေစုရဲ့ ဦးဆောင်မှုအောက်မှာ တသွေမတိမ်း မယိမ်းမယိုင် ထောက်ခံအားပေးရင်း လာမယ့် ရွေးကောက်ပွဲမှာ အမေစုနဲ အဖွဲ့ချုပ်ကို ပြတ်ပြတ်သားသား မဲပေးပြီး ၂၀၁၅ ရွေးကောက်ပွဲတွေ အတွက် အားမွေးပြင်ဆင်ရင်း အနာဂတ်နိုင်ငံတော်သစ် အတွက် သွေးသစ်တွေ လောင်းကြရအောင်လားဗျာ..။

ဒီမိုဝေယံ
ကချင်တိုင်းရင်းသား ခေါင်းဆောင်များနဲ့ အမှတ်တရ
ပြည်သူနှလုံး၊ ပြည်သူ့ခွန်အား၊ ပြည်သူ့မေတ္တာတွေ သိမ်ကြုံးရယူနေတဲ့ အမေစု..
ကချင်ပြည်နယ်က အမေစုကိုချစ်တဲ့ သမီးငယ်တဦးရဲ့ မျက်ဝန်းတွင်းမှ စကားသံတွေ၊ မျက်ရည်ကြည်တွေ အတွေးထဲမှာ သမီးတို့ရဲ့ အနာဂတ် အမေရယ်လို့ အထပ်ထပ်အခါခါ အကြိမ်ကြိမ် ရေရွတ်နေမလားပဲ..။
“စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
... ပြည်သူ့ခွန်အား ၊ မကိုးစားလျှင်
ဓားသွားလည်း ကြွေ၊ လှံလည်း ခွေအံ့။”
(လက်ဝဲသုန္ဒရ၊ နန္ဒိသေနပျို့မှ)
ဓာတ်ပုံများ Ap, Reuters Getty Images

Amay Suu Kachin State Trip from Demo Waiyan on Vimeo.

မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း DVB ရုပ်သံ..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့မနက်ပိုင်း မြစ်ကြီးနား မနောကွင်း၊ နမ္မတီး၊ မိုးကောင်း စည်းရုံးရေး ခရီးစဉ် (သတင်း၊ ဓာတ်ပုံ)

မြစ်ကြီးနား မနောကွင်းမှာ မိန့်ခွန်းမပြောကြားမှီ တွေ့ရစဉ်..
ယနေ့ မြစ်ကြီးနားမြို့ မနောကွင်းထဲ ရောက်ရှိလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကချင်ရိုးရာဝတ်စုံနဲ့ ပြည်သူလူထုမှ သောင်းသောင်းဖြဖြ ကြိုဆိုကြစဉ်..
မိုးကောင်းမြို့ ဘောလုံးကွင်းမှာ ဟောပြောနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မိုးကောင်းမြို့မှ ချစ်စရာ ကချင်ကလေးငယ်တဦး..
Photos Reuters, AP

ပြီးခဲ့တဲ့ ၂၀ရက်နေ့က ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် များအား ဟင်္သာတမြို့ခံများမှ သောင်းသောင်းဖြဖြ ကြိုဆိုကြတဲ့ မြင်ကွင်း (ဓာတ်ပုံများ)

ဓာတ်ပုံများအတွက် ဟသာင်္တသားအား ကျေးဇူးတင်ပါသည်...။

ဇလွန်မြို့ ပြည်တော်ပြန် ဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရေးမှ လေလံပွဲအကြောင်း (တိုင်ကြားစာ)


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် မြင်ကွင်းဓာတ်ပုံများ

နမ္မတီးမှာ လာရောက်ကြတဲ့ ပရိသတ်မြင်ကွင်း တမျှော်တခေါ်ပေါ့ လူတသိန်းခန့်တဲ့
မြစ်ကြီးနား လေဆိပ်အထွက်မှာ ကြိုဆိုကြတဲ့ တိုင်းရင်းသား ပြည်သူများ..
နမ္မတီးမြို့မှ အဖွားစုကို ကြိုဆိုနေတဲ့ ကချင်တိုင်းရင်းသား ဒေါင်းရဲ့သမီးငယ်လေး
တိုင်းရင်းသား ရိုးရာဝတ်စုံတွေနဲ့ ကြိုဆိုနေကြတဲ့ မြင်ကွင်း..
မြစ်ကြီးနားနဲ့ မိုင်လေးဆယ် အကွာ မိုးကောင်းမှ ကြိုဆိုကြသူများ
 နမ္မတီးမှာ ဒီလို ကြိုဆိုကြတာ..
မြို့တွေ ရွာတွေသာ ပြောင်းသွားတယ် ကြိုဆိုတဲ့ မြင်ကွင်းကတော့ အပြောင်းအလဲမရှိပါဘူး
လာရောက်ကြိုဆိုကြတဲ့ လူငယ်များ မိုင်လေးဆယ် မြစ်ကြီးနား မိုးကောင်းခရီး တောက်လျှောက်လိုက် အားပေးကြတာ..
ချစ်စရာမနောမြေက ပြည်သူလူထုတွေပါ..

လူမစွမ်း နတ်မဆိုတဲ့ စကားပုံရှိပါတယ်..။ ဒီလောက်များတဲ့ လူတွေ ဘယ်နတ်မ လာတာပါလိမ့်..။
... ဒီလို လူစုလူဝေးမျိုး နမ္မတီးမြို့မှာ ရှိခဲ့ဘူးပါလား..။ ဘယ်သူက မလာမနေရ စည်းရုံးထားပါလိမ့်..။
အာဏာစက်နဲ့ ဆင့်ခေါ်စရာမလိုလေ..။ ယုံကြည်ချက်နဲ့ လေးစားချစ်ခင်မှုဟာ လူထုရဲ့ နှလုံးသားထဲမှာ
ကိန်းဝပ်နေတော့ လူစွမ်းနေတော့ နတ်မစရာမလိုလေ...။
အာဏာစက်ထက် လူထုစက် လက်စောင်းထက်၏..

Photos Reuters, Getty Images

မနေ့က တိုင်ရီဖိနပ် စက်ရုံဆန္ဒပြ အလုပ်သမားများအား ရွှေညဝါဆရာတော်ကြီးမှ ဆန်နှင့်ခေါက်ဆွဲခြောက်များ လှူဒါန်းပေးအပ်ခဲ့ပါတယ်...

မနေ့က လှိုင်သာယာမြို့၊ တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြ အလုပ်သမားများအတွက် ရွှေည၀ါ ဆရာတော်ကြီးမှ ဆန်နှင့် မားမား ခေါက်ဆွဲခြောက် စသည်များ ထောက်ပံ့လှုဒါန်းခဲ့ပါသည်။ ရွှေညဝါဆရာတော်ကြီးရဲ့ လက်ထောက် ဆရာတော် ဦးသူရိယ၊ စမ်းချောင်းကိုကိုကြီးနှင့် မစုစုနွေးတို့မှ လိုက်ပါ ကူညီ ဆောင်ရွက်ပေးခဲ့ပါပြီး အလုပ်သမားများရဲ့ အခက်အခဲများအား မေးမြန်းအားပေး ကူညီခဲ့ပါတယ်..။
တနာရီကို ကျပ်တစ်ရာတောင် မရရှိရှာတဲ့ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေရဲ့ ဘဝတွေပါ..။ တနေ့ ကိုးနာရီလောက် လုပ်မှ ၁ဒေါ်လာနဲ့ ညီမျှတဲ့လုပ်ခ ရရှိတာပါ။
ဓာတ်ပုံ ဒီမိုဝေယံ