ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပဲခူးမြို့မှ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဒေါ်ဖြူဝင်းသက်ရဲ့ လူမဆန်စွာ နှိပ်စက်မှုကို ခံခဲ့ရတဲ့ မအေးယုအောင်အား ပြည်တွင်းပြည်ပမှ အလှူငွေများ သွားရောက်ပေးအပ်ခဲ့

ပဲခူးမြို့မှ ဒုမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏
ဇနီးဒေါ်ဖြူဝင်းသက်ရဲ့ လူမဆန်စွာ နှိပ်စက်မှုကို ခံခဲ့ရတဲ့ မအေးယုအောင်အား ပြည်တွင်းပြည်ပမှ အလှူငွေများအား ပေးအပ်ခဲ့
သတင်း၊ ဓာတ်ပုံ (Ko Ye)
ကျောက်ကြီးမြို့ အုပ်ချုပ်ရေးပိုင်းက အတွင်းရေးမှူးက သက်သေ လက်မှတ် ထိုးပေးထားပါတယ်။
ပြီးခဲ့တဲ့ (၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ဥဿာမြို့သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ ... လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ အိမ်တွင် ငှားနေသော ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုက်တာ ကြာလို့ဆိုပြီး မီးပူဖြင့် ထိုးကပ် ခဲ့ပါတယ်..။

 အဆိုပါ ဖြစ်ရပ်အား မအေးယုအောင် ဈေးဝယ်ထွက်စဉ်မှာ ပတ်ဝန်းကျင် ရပ်ကွက် ပြည်သူများမှ တွေ့မြင်သိရှိခဲ့ပြီး   အဆိုပါ လူမဆန်မှုအား ရင်ဖွင့်ပြောကြားခဲ့ရမှ သတင်းမီဒီယာများရဲ့ ထုတ်လွှင့် ဖော်ပြမှုကြောင့် အများပြည်သူမှ သိရှိခဲ့ကြပါတယ်..။ ထိုသို့ မီဒီယာများတွင် ဖော်ပြပါရှိမှုကြောင့် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်တို့မှမအေးယုအောင်အား ရန်ကုန်မြို့သို့ တိမ်းရှောင် ခေါ်ဆောင်လာကာ အခန်းတခန်းမှာ ကွယ်ဝှက်ထားရှိခဲ့ပါတယ်..။ အဆိုပါ သမီးဖြစ်သူအား လူမဆန်စွာ နှိပ်စက်ညှင်းပန်းမှု အဖြစ်အပျက်အား သိရှိခဲ့ရတဲ့ ကျောက်ကြီး မြို့နေမိခင်ဖြစ်သူ မကြူမှ သွားရောက် ပြန်လည် ခေါ်ဆောင်စဉ်မှာတော့ တရားသူကြီး ဦးအောင်ဖုန်းဝင်းနှင့် ဇနီးဖြစ်သူတို့မှ တရားစွဲဆိုခြင်း မပြုနိုင်ရန် အတင်းအကြပ် လက်မှတ်ရေးထိုး စေခဲ့ပါတယ်...။ ထို့နောက် ဧပြီလ ၂၃ရက်နေ့မှာတော့ မအေးယုအောင်ဟာ မိခင်ထံသို့ ပြန်လည်ရောက်ရှိလာပါတယ်...။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးမြို့ လူ့အခွင့်အရေး အဖွဲ့များမှ တရားစွဲဆိုနိုင်ရန် ပြင်ဆက်လျှက် ရှိကြောင်း ယခင်သတင်းများမှာ ဖော်ပြခဲ့ပါတယ်..။

အဆိုပါ တရားသူကြီးနဲ့ ဇနီးတို့ရဲ့ တရားမဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး မအေးယုအောင်အား စာနာထောက်ထားကြတဲ့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များရဲ့ ပညာသင်စားရိတ် အလှူငွေနဲ့ ကျောင်းသုံးစာအုပ်များအား သွားရောက်လှူဒါန်းခဲ့ပါတယ်..။ ထိုသို့ သွားရောက် လှူဒါန်းစဉ် မအေးယုအောင်အား ဒုမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ လူမဆန်စွာ နှိပ်စက်ညှင်းပန်းထားတဲ့ မီးပူနဲ့ကပ်တဲ့ဒဏ်ရာများအပြင်၊ ဓားဖြင့်ခုတ်ရာများ၊ ခေါင်းပေါက်တဲ့အထိ ညှင်းပန်းနှိပ်စက်ထားတဲ့ များအား သတင်းထောက်မှ မှတ်တမ်းတင်ခဲ့ပါတယ်။

ယခုကဲ့သို့ မြန်မာပြည်ရဲ့ အဓိက တရားရေးမဏ္ဍိုင်မှ တရားသူကြီးနဲ့ ဇနီးဖြစ်သူတို့ရဲ့ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုများ မင်းမဲ့တိုင်းပြည်ကဲ့သို့ ဖမ်းဆီးချုပ်နှောင် အတင်းအကြပ် လက်မှတ်ရေးထိုး စေခဲ့မှုများဟာ ပြောင်းလဲနေပါပြီဆိုတဲ့ Clean Government, Good Government လို့ကြွေးကြော် နေမှုများအား အင်မတန် အရုပ်ဆိုးစေတဲ့ အဖြစ်အပျက် တခုဖြစ်စေပါတယ်..။ ယခုထက်တိုင် ဒုမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်တို့ (၂)ဦး အရေးယူခြင်း ခံရခြင်း မရှိသေးတဲ့ ဖြစ်ရပ်ဟာလည်း မြန်မာပြည်ရဲ့ တရားရေးဥပဒေအား မေးခွန်းထုတ်စရာ ဖြစ်နေသလို ယခုလတ်တလော ပြည်သူများရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသနေတဲ့ ပြည်သူများအား အချို့သော မြို့နယ်များမှာ အကြမ်းဖက် ဖြိုခွဲနေမှုများဟာလည်း အထက်ကတမျိုး အောက်ကတဖုံ အပြောတခြား အလုပ်တခြား လုပ်ဆောင်နေမှုများအတွက် နိုင်ငံတကာမှ  ပြောင်းလဲနေပါပြီလို့ သတ်မှတ်ချက်များအားလည်း လက်တွေ့ကျမကျ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်..။ အထက်ပါ အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦးအား လူမဆန်တဲ့ ညှင်းပန်း နှိပ်စက်မှုများအတွက် ဒုမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်တို့အား ထိထိရောက်ရောက် အရေးယူဆောင်ရွက် ပေးပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်..။
မီးပူနဲ့အကပ်ခံရတဲ့ ဒဏ်ရာတွေက ကျက်နေပြီဆိုပေမဲ့ အမာရွတ်တွေ ကျန်နေပါသေးတယ်။ ဒီဒဏ်ရာတွေက တော့ သေရာပါ ဖြစ်နေနိုင်ပါတယ်။ နောက်ပြီး ရင်ဘတ်နဲ့ ဗိုက်မှာလဲ ဒဏ်ရာရှိသေးကြောင်း ပြောပါတယ်။ (မသင့်တော်လို့ ရိုက်မလာပါဘူး)
 
ခေါင်းပေါက်အောင် အခေါက်ခံထားရတဲ့ ခေါင်းကဒဏ်ရာပါ။ ဒီဒဏ်ရာကြောင့် တစ်ခါတစ်ခါမှာ ခေါင်းတွေမူးကြောင်း ပြောပါတယ်။ (ဒေါ်ဖြူဝင်းသက်တို့ ရက်စက်ပုံကတော့ အောချစရာပါပဲ။ တစ်ကိုယ်လုံးဒဏ်ရာတွေပါပဲ။)

ဒီလက်က ဒဏ်ရာကဓားနဲ့ အခုတ်ခံထားရတာပါ။
မအေးယုအောင် ကိုယ်တိုင်က အလှူငွေ လက်ခံရရှိကြောင်း စာရွက်မှာ ယခုလို ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပါတယ်...။
ပစ္စည်းတွေပေးအပ်ရင်း ရှင်းလင်းပြောကြားနေစဉ်..။ .
ကိုရဲ၏ ဓာတ်ပုံ သတင်းအား ပြန်လည် ရေးသားဖော်ပြပါသည်..။
ယခင် ဆက်စပ် သတင်းများ ပြန်ဖတ်လိုလျှင်..
http://www.demowaiyan.org/2012/04/blog-post_24.html
http://www.demowaiyan.org/2012/04/blog-post_3117.html
http://www.demowaiyan.org/2012/04/blog-post_538.html

မြ၀တီမြို့တွင် လျှပ်စစ်မီး တစ်ယူနစ် (၆ . ၅)ဘတ်အထိ တိုးမြှင့်မည်ဟု သတင်းထွက်ပေါ် (ပေးစာ)

မြ၀တီမြို့တွင် လျှပ်စစ်မီး တစ်ယူနစ် (၆ . ၅)ဘတ်အထိ တိုးမြှင့်မည်ဟု သတင်းထွက်ပေါ်

မကြာသေးမီလပိုင်းက (၂၄)နာရီ လျှပ်စစ်မီး ကန်ထရိုက်ရရှိခဲ့သော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းနှင့် မြ၀တီ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်  (အာဇာနည် ကျောက်တိုင်ကို ဝယ်ယူသူပိုင်ရှင်) တို့သည် လျှပ်စစ်ဓာတ်အားများ ပိုမိုတိုးချဲ့ ဖြန့်ဖြူးနိုင်ရန်အတွက် ယခင် ကော်မတီအဖွဲ့မှ တစ်ယူနစ် (၄. ၅)ဘတ် ကောက်ခံနေရာမှ ၄င်းတို့(၂)ဦး ကန်ထရိုက် လုပ်ပိုင်ခွင့် ရလာသောအခါ ပြည်သူလူထူအပေါ် တစ်ယူနစ် (၆. ၅)ဘတ်အထိ တိုးမြှင့် ကောက်ခံမည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများထံမှ သိရှိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်မှ ကန်ထရိုက်ရ ယူလိုက်သည့်အတွက် (၂၄)နာရီ လျှပ်စစ်မီး လိုင်းမန်းများ အဆင့်မြင့် တိုးတက်လာတာကိုတော့ တွေ့ရပါတယ်။ ယခင်ကတော့ လိုင်းမန်းတွေဟာ သာမန်အရပ်သားဖြစ်ပြီး ယခုအခါမှတော့ ထွေ/အုပ် ယူနီဖောင်းဝတ်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်တင် နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ တို့ပါ လခနှင့် ၀င်ရောက်လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။

ပြည်နယ်အစိုးရအဖွဲ့တွေကော၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတွေကော ပြည်သူလူထုအတွက် ရေ၊ မီး နှင့် လမ်းများ ကောင်းမွန်အောင် မလုပ်နိုင်ကြသော်လည်း ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွဲဖက်ကာ (၂၀၁၅) ရွေးကောက်ပွဲ မတိုင်မီ ကိုယ်ပိုင်စီးပွားရေးကို အားသွန်ခွန်စိုက် ပြုလုပ်နေကြရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ကတော့ ဘန်ကီမွန်းထက်တောင် အလုပ်ရှုပ်ပါတယ်။ နေ့တိုင်း/ ညတိုင်းအစည်းအဝေးတွေ လုပ်သလောက် ဘာမှတိုးတက်အောင် မလုပ်နိုင်ပါဘူး။ လမ်းတွေလည်း စုတ်ပြတ်၊ မီတာခလည်းဈေးကြီး၊ ပြည်သူတေလည်း ဆင်းရဲသထက်ဆင်းရဲ လာကြပါတယ်။ အစည်းအဝေးတွေမှာလည်း သူ့လောက်တတ်တာ သူပဲရှိတယ်လို့ အစည်းအဝေးတက်ရောက်သူတွေက ဝေဖန်ကြပါတယ်။ ဘာမှ မတတ်တဲ့ ပြည်နယ်ဝန်ကြီးတွေ ထက်တော့ သူသာတယ်လို့လည်း ဝေဖန်ကြပါတယ်။

ဒါပေမဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဆင်းရဲနွမ်းပါး ပပျောက်ရေးစီမံချက်ဟာ အလွန်အောင်မြင်ပါတယ်။ နေ့စဉ် ပြည်သူတွေဟာ ထိုင်းနိုင်ငံမှာ ဈေးအနိမ့်ဆုံး ကျွန်အဖြစ် သွားရောက် လုပ်ကိုင်နေကြရလို့ပါပဲ။ ကရင်ပြည်နယ်ရဲ့ အသက်သွေးကြောဟာ မြ၀တီဖြစ်တာကြောင့် မြ၀တီက ရသမျှကို ချမ်းသာဖို့ လုပ်နေပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကြောင့် ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေလည်း အာဏာရှင်သဖွယ် ငါတို့ စစ်တပ်ကလာတာဆိုပြီး မြ၀တီမြို့ ပြည်သူတွေအပေါ် အမြဲလိုနိုင်ထက်စီးနင်းလုပ်ကြပါတယ်။ အရပ်သား ၀န်ထမ်းတွေအပေါ်လည်း စစ်တပ်က လာတဲ့သူနဲ့ ရိုးရိုးအရပ်သား စစ်စစ်တို့အပေါ် ခွဲ့ခြားဆက်ဆံလာကြပါတယ်။

အခုလို ပြည်သူ့ဆန္ဒမပါပဲ လျှပ်စစ်မီတာခ တိုးမြှင့်လိုက်တာဟာ မြ၀တီမြို့ပြည်သူတွေအတွက် အတော်လေး ဒုက္ခရောက်ပါတယ်။ အခြားမြို့အတော်များများမှာ လျှပ်စစ်မီးမရလို့ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြကြပေမယ့် မြ၀တီမှာတော့ လျှပ်စစ်မီးရပြီး မီတာခဈေးတက်တာကြောင့် ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြလာနိုင်မည်ကို အလွန်စိုးရိမ်မိပါတယ်။
(မြစန္ဒီ) 

ဓာတ်ပုံ ယနေ့ရန်ကုန် ဖယောင်းတိုင် ထွန်းညှိ ဆန္ဒထုတ်ဖော်ပွဲ (Getty Images)

ယနေ့ည တာမွေမှာ ပြုလုပ်တဲ့ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်ပွဲ...

ယနေ့ည တာမွေမှာ ပြုလုပ်တဲ့ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်ပွဲ...


ခွင့်သာခိုက်မှာ ဂွင်မရိုက်စေချင်ပါ.. (နောက်ဆက်တွဲ) (ပေးစာ)

 (နောက်ဆက်တွဲ) (ပေးစာ)

ဟိုတယ် လုပ်ငန်းရှင်တွေရဲံ မကျေနပ်သံတွေလည်း ဖတ်လိုက်ရပါတယ်။ ဟုတ်ပါတယ် သူတို့ပြောသလိုဘဲ၊ အဆိုပါ DDG ကအပြောကောင်းပြီး ၀န်ကြီးကိုတောင် ကျအောင်ပြောနိုင်သဖြင့် ဒု-ညွှန်ချုပ်ရာထူး ရတာ ပူပူနွေးနွေး တစ်လဘဲ ရှိသေးကြောင်း၊ ပြီးခဲ့တဲ့ လက ၀န်ထမ်း PROMOTION ပေးရာမှာလည်း ဟိုတယ်ပါမစ် ထုတ်ပေးသူ ၀န်ကြီးရုံးမှ လ/ထ ညွှန်ကြားရေးမှူးအား ဒု-ညွှန်ကြားရေးမှူးသို့ လည်းကောင်း။ ဦးစီးဌာန ဟိုတယ်လိုင်စင်ဌာနခွဲ မှ လ/ထ ညွှန်ကြားရေးမှူးအား ဒု-ညွှန်ကြားရေးမှူးသို့ လည်းကောင်း၊ အဆိုပါဌာနမှ ပင် ဒု-ညွှန်ကြားရေးမှူး အား ညွှန်ကြားရေးမှူးရာထူးသို့ လည်းကောင်း တိုးပေးခဲ့ကြောင်း ကျန်အရာထမ်း အမှုထမ်များအား ငုတ်တုတ် မေ့နေရပါကြောင်း ဟိုတယ်/ခရီးဝန်ထမ်း အသိုင်အ၀န်းမှသိရှိရပါသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ် တာဝန်ပေးအပ်လိုက်သူမှာ ရe်ကုန်တိုင်း STAR အဆင့် စစ်ဆေးရေး တာဝန်ခံဖြစ်ပြီး ရန်ကုန်တိုင်ဦးစီးမှူး အဖြစ် တာဝန်ပေးအပ် လိုက်သူမှာမှာ ရန်ကုန်တိုင်း STAR အဆင့် စစ်ဆေးရေး ဒုတိယတာဝန်ခံ ဖြစ်ကြာင်း သိရှိရပါသည်။ Promotion တွင် ဟိုတယ်ဆိုင်ရာ လုပ်ငန်းများ ကိုင်တွယ် ဆောင်ရွက်နေသူ အရာထမ်း လူနည်းစု (၇)ဦးခန့်သာရာထူး တိုးပေးပြီး ပညာရှင်များ မပါဝင်ကြောင်း။ ဂွင်သမားများသာ ရာထူးရရှိ သွားကြောင်း ဟိုတယ်/ခရီးဝန်ထမ်း အသိုင်အ၀န်းမှသိရှိရပါသည်။

ဝန်ကြိးများအနေဖြင့် နာယက ဂုဏ်(၆)ပါးနှင့် အညီ ကျင်ကြံသင့်ပါကြောင်း အကျိုးမျှော်ပြီး နှိုးဆော် အပ်ပါကြောင်း။
  
နေပြည်တော်သားဝန်ထမ်းတဦး
အောက်မှာတော့ ဟိုတယ်လုပ်ငန်းရှင် တဦးရဲ့ ရေးသားချက်ပါ။
ဟိုတယ်/ခရီးဝန်ကြီးဌာန က Star သတ်မှတ်တဲ့ စနစ်ကြောင့် ကျွှန်တော်တို့ ဟိုတယ် လုပ်ငန်းရှင်တွေလည်း မသက်သာလှ ပါ International Standard အညီ သတ်မှတ်တယ် ဆိုပြီး ဒု-ညွှန် ချုပ်(ဒုတိယ ဗိုလ်မှူးကြီး ငြိမ်း)ဦးဌေးဝင်း ကပြောဆိုပြီး ရန်ကုန်ရွှေဂုံတိုင် ဟိုတယ်မှာ လာရောက်ပြီး ဇိမ်ခံသွားကြောင်းပါ။ သူအတွက်အားလုံး Free ဧည့်ခံရပါတယ်။ Bank Accountထဲ ကို ၃၀၀၀၀၀ိ/ထည့်ပေးရပါတယ်။ Star ထွက်လာတော့ Two Star ဘဲပေးပါတယ်။ အခြားဟိုတယ်တွေ လည်း အလားတူပါဘဲလာစစ်တဲ့ ရန်ကုန်က ညွှန်မှူး နဲ့ အဖွဲ့ ကိုလည်း အပြည့်အ၀ ဧည့်ခံရပါ တယ်။ Star လာစစ် တာ လား အေးဓါးပြ လာတိုက်တာလား၊ မသိနိုင်တော့ပါ။ International Standard အညီ ဆိုတာဘာတွေဘာလဲ ၊International မှာအဲဒီလို ပေးရပါလို့လား၊Star အကြောင်းပြပြီး အခွင်သာတုံး ဂွင်ဖန်တာမဟုတ်ပါလား။

ဟိုတယ်/ခရီးဝန်ကြီးက သူချမှတ်တဲ့လုပ်ငန်းရည်မှန်းချက်တွေ အကောင်အထည်ဖေါ်ဆောင်ရွက်နှို်င် တယ်ဆိုပြီး ညွှန်ကြားရေးမှူးကနေ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူးတိုးပေးလိုက်သည်ဟု သိရှိရပြီး ၀န်ကြီးကိုပါ လှည့်ပတ် ပြီး ရာထူးတိုးရေးပါ ဌာနတွင်း ကွက်ကျော်ရိုက် ဂွင်ဖန် သွားသည်ဟု နေပြည်တော် သတင်းရပ်ကွက်မှသိရှိ ရပါကြောင်း။

Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခမှာ ဟိုတယ် တခုလျှင် ဦးစီးဌာနသို့ ငွေ၁၀၀၀၀၀ိ/ ပေးသွင်း ရမည်ဟုလည်း ညွှန်ကြားသည်ဟု သိရှိရပါသည်။ Star မရလျှင်လည်း မရ ကြောင်းဆိုင်းဘုတ်ကို လာရောက်ချိတ်ဆွဲမှာဖြစ်ြ့ပီး ချိတ်ဆွဲခမှာဟိုတယ်တခု လျှင် ဦးစီးဌာနသို့ ငွေ ၆၀၀၀၀ိ/ ပေးသွင်းရမည်ဟု လည်းညွှန်ကြားသည်ဟုသိရှိရပါသည်။

Star မရလျှင် မရ ကြောင်းဆိုင်းဘုတ် လာရောက်ချိတ်ဆွဲ ရန်ကော လိုအပ်ပါသလား၊ International မှာရော ဒီလိုပါဘဲလား မိမိအရှက်ခွဲတဲ့ ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြီး ချိတ်ရမှာလား International Star သတ်မှတ်ရေးအဖွဲ့ရေ စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး၊ အ၀တ်လျှော်စက် နဲ့ မီဖိုချောင်အသုံး အဆောင်တွေလည်း ပို့လိုက်ပြီးပါပြီ။ ရန်ကုန်က ဦးစီးဌာန ဟိုတယ်စစ်ဆေးရေး အဖွဲ့များ ကိုလည်း အိတ်ထဲထည့်ပေးပြီပါါပြီ။ Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခ မှာဟိုတယ်တခုလျှင် ဦးစီးဌာနသို့ ငွေ၁၀၀၀၀၀ိ/ တရားဝင် ထပ်သွင်းရဦးမှာပါလား ခင်ဗျာ။ မိမိအရှက်ခွဲတဲ့ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြီး ချိတ်ရမှာလား ခင်ဗျာ။
ဝန်ကြီးရေ မသိတာလား မသိချင်ယောင်ဆောင်နေတာလားခင်ဗျာ။
ဓာတ်ပုံ ဟိုတယ်ဝန်ကြီး ဦးတင့်ဆန်း ပီကင်းအိုလံပစ် ရောက်ရှိစဉ်

စောင်းသံခါးခါး (ကဗျာရှင် နေပြည်တော်သား)

စောင်းသံခါးခါး
(ကဗျာရှင် နေပြည်တော်သား) 
(ဖယောင်းတိုင် ထွန်းသူများသို့) 
ဝန်ကြီး.......တဲ့
တိုင်းပြည်အတွက် ထမ်းဆောင်ရတဲ့
တာဝန်တွေ ကြီးလေးလွန်းလို့
ဝန်ကြီး လို့ခေါ်တာနေမှာ......

ဗူးပေါက်တာ မလိုချင်ဘူး
ရေပါတာပဲ လိုချင်တယ်ဆိုတဲ့
ကြီးမားတဲ့ ၀င်ငွေတွေနဲ့
ဝင်ကြီး ဖြစ်တဲ့ ခေတ် ဟာ
ဥာဏ်ပညာ သည် အရည်အချင်း မဟုတ်လေတော့ ....

ခုတ်တဲ့သူက ခုတ်.....
စိုက်တဲ့သူက စိုက်....
ရိုက်တဲ့သူက ရိုက်....
မိုက်တဲ့သူက မိုက်.....

ရသမျှအချိန်တိုတို အတွင်း ၀င်ကြီး ဘ၀ မှာ.......
တပည့်တပန်းများစွာ ....
အိမ် ခြံ မြေ များစွာ ....
စိန် ရွှေ ရတနာ များစွာ ...
စီမံကိန်း များစွာ ....
မီးဖိုချောင် ယဉ်ကျေးမှုရဲ့ တံစိုးလက်ဆောင်များစွာ ....
အကြံပေးသူများစွာ ........

ရှေးစကားပုံတစ်ခုရှိရဲ့
ကံမရှိ၊ ဥာဏ်ရှိတိုင်း မွဲ သတဲ့ ....

ဘုန်းရှင် ကံရှင် တွေ စိုးမိုးအုပ်ချုပ်
မင်းကြိုက်ရာ မင်း လုပ်သွားတော့
ကြည့်စမ်းပါအုံး....
ကျုပ်တို့ တိုင်းပြည်
ဥာဏ်မရှိဘဲ မွဲခဲ့ရတာနှစ်ပေါင်း အတော်ကြာ .......

ဒါ့ကြောင့် ရွှေပြည်ဝန်ကြီးကပြောတာ
အစ်မ နှစ်မ၊ သမီးက ကို
စ၍ ဆက်နှင်း၊ လက်ဆောင်နှင်း၍၊ စိုးမင်း ချစ်မြတ်
...........................................
တော်ဘီဗျာ......
ဒီကျွဲတွေရဲ့ နားမှာ
ကျုပ်စောင်းသံ ဟာ ခါးချင်ခါးနေလိမ့်မယ် .........

နေပြည်တော်သား
ဓာတ်ပုံ ... ရွှေလီရေအားလျှပ်စစ် စက်ရုံဖွင့်ပွဲ အခမ်းအနားမှာ တွေ့ရတဲ့  လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း

တောင်ဒဂုံ လေးဒေါင့်ကန် စံပြရပ်ကွက်ရှိ ၀မ်းလျှော ၀မ်းပျက် ဝေဒနာများ ခံစားနေရတဲ့ လူနာများအား NLD-BG လူငယ်များမှ သွားရောက် ကူညီ၊ ကုသ၊ လှူဒါန်းပေးအပ်..


တောင်ဒဂုံ လေးဒေါင့်ကန် စံပြရပ်ကွက်ရှိ ၀မ်းလျှော ၀မ်းပျက် ဝေဒနာများ ခံစားနေရတဲ့ လူနာများအား NLD-BG လူငယ်များမှ သွားရောက် ကူညီ၊ ကုသ လှူဒါန်းပေးအပ်.. 
(သတင်း၊ ဓာတ်ပုံ မေမေ့သားလင်းဆက်)

       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLD-BG လူငယ်များမှ၊ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ လေးဒေါင့် ကန်စံပြရပ်ကွက်ရှိ ပခန်းပိုင်း၊ တောင်ဘက်ကမ်းပိုင်း၊ ဘောလုံးကွင်းပိုင်း၊ အောင်မင်္ဂလာပိုင်း၊ ဘူတာပိုင်း၊ ရွာလယ်ပိုင်းများတွင် ၀မ်းပျက်၊၀မ်းလျှောဖြစ်နေသော ဒေသခံများရှိရာသို့ သွားရောက်၍ ဓာတ်ဆားထုတ်များ၊ သောက်ရေသန့်များ၊ ဆပ်ပြာခဲများ၊ ဆေးဝါးများကို ဝေဒနာရှင်များ နေထိုင်ရာနေအိမ် အသီးသီးသို့ NLD-BG တာဝန်ခံ ဒါရိုက်တာ ကိုညီညီ၊ NLD-BG ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ကျော်စွာဦးနှင့် NLD-BG လူငယ်များ၊ နောက် ဒေသခံ NLD-ရပ်ကျေး ဥက္ကဋ္ဌ ဦးအေးသွင်၊ ရာအိမ်မှူး ကိုနေ၀င်း တို့နှင့်အတူ သွားရောက် လှူဒါန်းနိုင်ခဲ့ပါသည်။
           ဒေသခံရာအိမ်မှူး ကိုနေ၀င်း၏ ပြောကြားချက်အရ-အခုလို ၀မ်းပျက် ၀မ်းလျှောတွေဖြစ်နေတာ တစ်ပတ်လောက်ရှိနေပြီး၊ထိုရောဂါဝေဒနာကြောင့်ပဲသေသွားတဲ့ဝေဒနာရှင်တွေရှိသလို၊ဆေးရုံအသီးသီးသို့ တက်ရောက်ကုသနေသော ဝေဒနာရှင်များလည်းရှိသည်ဟုသိရှိရပါသည်။ ပိုဆိုးသည်မှာ ရပ်ကွက်တွင်းရှိ အိမ်တိုင်းအိမ်တိုင်း၌ ယင်လုံအိမ်သာမရှိလို့ ယင်လုံအိမ်သာတစ်လုံးကို မိသားစု များစွာက ခွဲဝေပြီး သုံးစွဲနေကြရတာက ဝေဒနာရှင်တွေအတွက် ၊အနီးနား မိသားစုတွေအတွက် ဖြစ်နေဆဲဝေဒ နာကို လက်ယက်ပြီး စိန်ခေါ်နေသလိုပဲဟုလည်းသိရှိရပါသည်။ ယနေ့ ညနေပိုင်း ၇း၂၀ အချိန် တစ်အိမ်ဆင်း၊ တစ်အိမ်တက် ဝေဒနာရှင်များကို ကုသပြီးပြန်လာရာတွင် ရောဂါရရှိသူဦးရေမှာ အချိန်တိုင်း၊ မိနစ်တိုင်းဦးရေ တိုးလာတဲ့ အတွက်ကြောင့် ၁၀၀ ကျော်ခန့် ရှိနေပြီဟု သိရှိခဲ့ရပါသည်။

           ထိုဒေသခံရာအိမ်းမှူး ကိုနေ၀င်းကပဲ တဆက်တည်း လေးဒေါင့်ကန် တိုက်နယ်ဆေးရုံ (စစ်မှု ထမ်းဟောင်း၊ စိုက်/မွေး ဆေးရုံ)ဆရာဝန်မှ ရပ်ကွက်အတွင်း ထုံးတွေဖြူးပေးဖို့နှင့် ယင်လုံအိမ်သာ တွေကိုစစ်ဆေး၊ ၀မ်းနူးမည့် အစားအသောက်များ မစားသောက်ဖို့အတွက်ကို ရပ်ကွက်အတွင်း ဆင်းပြီး မှာကြား သွားသည်ဟုလည်း သိရှိရပါသည်။ 

           ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ NLD-BG တာဝန်ခံ ဒါရိုက်တာက လက်ရှိခံစားနေ ကြရသော ဝေဒနာရှင်များ အမြန်သက်သာလာနိုင်ဖို့အတွက် ယင်လုံအိမ်သာများအိမ်တိုင်းရရှိရေးနှင့် ဝေဒနာရှင်များအတွက် ဆေးဝါးများ၊ သောက်ရေသန့်များ၊ ဆပ်ပြာများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  NLD-BG နှင့် ပူးပေါင်း၍ လှူဒါန်းလိုလျင် အောက်ပါလိပ်စာအတိုင်း ဆက်သွယ်၍ လှူဒါန်းနိုင် ကြောင်းကို သိရှိရပါသည်။

                      အမှတ် (၈၃၉၊ခ။) မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။ ကျန်းမာရေး မှတ်တိုင်။ ဖုန်း-၀၉-၇၃၁၂၅၈၈၅။ ၀၉-၄၉၃၂၈၀၅၅။ ၀၉-၄၂၁၀၈၀၃၆၁။

သတင်း၊ဓာတ်ပုံ။ ။ လင်းဆက်                      
          
          

တကောင်းတောင် နီကယ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှ စုံစမ်းမေးမြန်း ပေးကြပါရန်...

 တကောင်းတောင် နီကယ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှ စုံစမ်းမေးမြန်း ပေးကြပါရန် 
(ဒီမိုဝေယံ)

ဓာတ်ပုံကတော့ ဧရာဝတီမြစ်ရေပြင်မှ တကောင်းတောင် တရုတ်နီကယ် စီမံကိန်း ကွန်ဗေယာလိုင်းနဲ့ စက်ရုံကို တောင်ကြောတလျှောက် ပတ်ဝန်းကျင် အမှောင်ထုကြားမှာ မီးထိန်ထိန်နဲ့ လှမ်းမြင် နေရတဲ့ မြင်ကွင်းပါ..။

ထီးချိုင့်မြို့နယ်ထဲက ၂၃၅၀၀ ဧကရှိတဲ့ တကောင်းသစ်တော ကြိုးဝိုင်းထဲမှာတော့ တရုတ်CNICO ကုမ္ပဏီက အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဒေါ်လာသန်း(၈၀၀)တန် နီကယ် စီမံကိန်းကြီးကို ပြုလုပ်နေလေရဲ့..။

အဆိုပါ တကောင်းစီမံကိန်းအတွက် ကားလမ်းဖောက်လုပ်ခွင့်ကို ကန်ထရိုက် ရရှိထားတာကတော့" ပြည်တွင်းက ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းကုမ္ပဏီ လီမီတက်" ကရရှိထားတယ်လို့ ဆိုပါတယ်.။  ဒီစီမံကိန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့က မိုင်းမှားယွင်း ပေါက်ကွဲလို့ တရုတ်(၁)ဦးသေဆုံးပြီး မြန်မာ(၃)ဦး ဒဏ်ရာရခဲ့ ပါသေးတယ်..။
ထီးချိုင့်မြို့နယ် အတွင်းက စေတီတော် တွေရဲ့ နောက်ဘက်မှာ ရေးရေးမြင်တွေ့ နေရတာကတော့ တကောင်းတောင် နီကယ် စီမံကိန်းပါ..

ညောင်မြစ်တူးတော့ ဖွတ်ဥပေါ်သလို အဆိုပါ နီကယ်စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားတွေကို  ရွှေလီစီမံကိန်းကနေ စာရင်းပျောက်၊ အင်းပျောက် ရရှိနေသလားပဲ။ လျှပ်စစ်မီး အပြည့်အဝရရှိရေး လူထုလှုပ်ရှားမှုတွေ မဖြစ်ပေါ်ခင် ဓာတ်အား မလုံလောက်မှုအတွက် ရွှေလီကနေ ဓာတ်အားတွေ ပြန်ဝယ်ပြီး ပြည်တွင်းကို ပြန်ဖြန့်မယ်လို့ လျှပ်စစ်ဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေ ထုတ်ဖော် ပြောဆိုခဲ့တာ မှတ်မိကြဦးမှာပါ။ တိုက်ဆိုင်တယ်လို့ ဆိုရလေမလား အဆိုပါပြောဆိုချက် အပြီး မကြာခင်မှာပဲ တာဝါတိုင်တွေ မိုင်းခွဲခံရတယ်ဆိုပြီး ထွက်ပေါ်လာလေရဲ့။ စဉ်းစားစရာတွေပါ..။
ယခင် ဒီမိုဝေယံမှ တကောင်းနီကယ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေမှာ မြင်ရတဲ့အတိုင်း အဆိုပါ စက်ရုံဆောက်လုပ် ပြီးစီးတဲ့ ၂၀၁၁ခု နှစ်စပိုင်းကတည်းက ယခုလို မီးထိန်ထိန် လင်းနေကြောင်း ဒေသခံများက ဆိုပါတယ်...။ ပြည်သူတွေ ယခင်ကတည်းက အပြည့်အဝမရရှိခဲ့တဲ့ လျှပ်စစ်ကို ခြိုးခြံချွေတာဖို့ လက်လွတ်စပယ် ပြောဆိုခဲ့တဲ့ ဦးကိုကိုလှိုင် သိမှသိပါလေစ...။
အဆိုပါ တကောင်းစီမံကိန်းအတွက် ကားလမ်းဖောက်လုပ်ခွင့်ကို ကန်ထရိုက် ရရှိထားတာကတော့ " ပြည်တွင်းက ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းကုမ္ပဏီ လီမီတက်" ကရရှိထားတာပါ..။ စဉ်းစားကြည့်ကြပေါ့။ ဒီစီမံကိန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ ဖေဖော်ဝါရီလ ၁၂ရက်နေ့က မိုင်းမှားယွင်း ပေါက်ကွဲလို့ တရုတ်(၁)ဦးသေဆုံးပြီး မြန်မာ(၃)ဦး ဒဏ်ရာရခဲ့ ပါသေးတယ်..။

ဒီစီမံကိန်းက ရရှိမယ့် အကျိုးအမြတ် မည်၍မည်မျှ ရရှိတယ်ဆိုတာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှု၊ ပတ်ဝန်းကျင်က ဒေသခံ ပြည်သူတွေ မည်မျှ နှစ်နာဆုံးရှုံး၊ ထိခိုက်ရတယ် ဆိုတာလည်း ပြည်သူတွေ သိရှိအောင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေမှလည်း ဖော်ထုတ် တင်ပြပေးဖို့ လိုအပ်ပါလိမ့်မယ်..။

လောလောဆယ်မှာတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး မြင်တွေ့နေရတာကတော့ နေ့မှာလည်းစံ ညမှာလည်းစံဆိုသလို နေ့မှာ စက်ယန္တယားကြီးငယ် အသွယ်သွယ်နဲ့ ရသမျှ တူးဖော် ထုတ်လုပ်နေသလို ညမှာလည်း ပတ်ဝန်းကျင် ပြည်သူတွေ အိပ်မက်တောင် မမက်နိုင်တဲ့ ထိန်ထိန်ညီးနေတဲ့ လျှပ်စစ်မီးတွေ ထွန်းညှိထားတဲ့ မြင်ကွင်းတွေပါပဲ...။ အဆိပါ တကောင်းတောင် နီကယ်စီမံကိန်းအတွက် ရွှေလီမှ ဓာတ်အားတွေ ရယူနေမှုနဲ့ အဆိုပါစီမံကိန်းအတွက် လျှပ်စစ်ပမာဏ မည်၍ မည်မျှသုံးစွဲနေတယ်ဆိုတာ မီဒီယာများမှ တာဝန်ရှိသူ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းနဲ့ ဦးကိုကိုလှိုင် ဆိုသူတို့အား စုံစမ်းမေးမြန်းပေးဖို့ ပြည်တွင်း ပြည်ပမီဒီယာများအား မေတ္တာရပ်ခံအပ်ပါတယ်..။

ဒီမိုဝေယံ

တကောင်းတောင် စီမံကိန်းအတွက် ရွှေလီမှ 220KV လိုင်း(၂)လိုင်းနဲ့ ပေးပို့နေတဲ့ အကြောင်း မတ်လ(၂၈)ရက်နေ့ အစီရင်ခံစာ..

ဧရာဝတီမြစ်အတွင်းမှ မြင်ကွင်းဓာတ်ပုံ ဒီမိုဝေယံ စာဖတ်ပရိသတ်တဦး ပေးပို့ပါသည်...

ရေရှားပါစပြုလာပြီဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မှော်ဒေသ...

ကချင်ပြည်နယ် ဖားကန့်ဒေသ မှော်တွေမှာ ရေရှားပါစပြုလာပြီ. .

by Zawmoehetet Zawmoe on Saturday, May 26, 2012 at 4:00pm ·
 
              ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရှိတဲ့ မှော်ရွာတွေမှာ ရေရှာပါးလာနေလို့ ဒေသခံ ပြည်သူတွေမှာ မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲနေရပါတယ်။  ဥရုချောင်းအတွင်းကရေတွေကလဲ သဲဇာတွေ ချောင်းအတွင်း စွန့်ပစ်တာရယ် ရွှေမျောတွေ တိုက်ချနေတာကြောင့် ရေဟာလုံးဝ သန့်ရှင်းမှု မရှိတော့တဲ့အပြင် ရေစီးဆင်းမှုလဲ ရပ်တန့်ဆဲ ဆဲ ဖြစ်နေပါတယ် ။ဒေသဆိုင်ရာ အာဏာပိုင်တွေက လာဒ်ငွေအမြောက်အများယူပြီး ဥရုချောင်းအတွင်း မြေဇာဖို့ခွင့် ယနေ့အချိန်ထဲ ပြုလုပ်နေဆဲဖြစ်ပါတယ် ။
ဟင်းတင့်ကျေးရွာ ဖားကန့်. . zawmoehetet. .
ဟင်းတင့်ကျေးရွာ ဖားကန့်. . zawmoehetet. .
ဟင်းတင့်ကျေးရွာ ဖားကန့်. . zawmoehetet. .
ဟင်းတင့်ကျေးရွာ ဖားကန့်. . zawmoehetet. . ရေတစ်ဗူးရဘို့ အချိန်နှစ်နာရီစောင့်နေရသူရွာသားများ. .
ရေရရှိဘို့ ရွာနှင့် 5မိုင်ဝေးသော တောင်ပေါ်သို့ ရေတွင်းတူးနေသော ရွာသားများ. . ဟင်းတင့်ကျေးရွာ. . .zawmoehetet
ရေရရှိဘို့ရွာနှင့် 5မိုင်ဝေးသော တောင်ပေါ်သို့ ရေတွင်းတူးနေသော ရွာသားများ. . ဟင်းတင့်ကျေးရွာ. . .zawmoehetet
ရေက အဲလိုပဲ လာတာဗျ. .zawmoehetet
ရေရရှိဘို့ရွာနှင့် 5မိုင်ဝေးသော တောင်ပေါ်သို့ ရေတွင်းတူးနေသော ရွာသားများ. . ဟင်းတင့်ကျေးရွာ. . .zawmoehetet
ရေရှိဘို့ ရွာနှင့် 5မိုင်ဝေးသော တောင်ပေါ်သို့ ရေတွင်းတူးနေသော ရွာသားများ. . ဟင်းတင့်ကျေးရွာ. . .zawmoehetet

စစ်ကိုင်းမြို့မှ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်းညှိ ဆန္ဒဖော်ထုတ်သူများ အဖမ်းဆီးခံရ

စစ်ကိုင်းမြို့မှ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်းညှိ ဆန္ဒဖော်ထုတ်သူများ အဖမ်းဆီးခံရ

၂၅ရက်နေ့ ညက စစ်ကိုင်းမြို့တွင် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်ခဲကြသူ ပြည်သူများထဲမှ လူငယ်(၇)ဦးအား စစ်ကိုင်းရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရပါသည်။ အဆိုပါ အဖြစ်အပျက်အား ဆက်သွယ် မေးမြန်းလိုလျှင် စစ်ကိုင်းရဲစခန်းနှင့် စစ်ကိုင်းမြို့နယ် လျှပ်စစ်ရုံး ဖုန်းနံပါတ် 072-21501 072-22666 သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

မနေ့က စစ်ကိုင်းမြို့မှ ဖယောင်းတိုင် ထွန်းညှိ ဆန္ဒထုတ်ဖော်တဲ့...သတင်း (ပေးစာ)

25/5/2012 ည(၇ နာရီခွဲ)အချိန်ခန့်က စစ်ကိုင်းမြို့အလယ်ရှိ ဈေးရှေ့လမ်းဆုံတွင် သတ်မှတ်ခွဲတမ်းပင် ပြည့်မှီအောင် မပေးတော့သော လျှပ်စစ်မီးဖြန့်ဝေနေမှုကို ဆက်လက်ပြီး ကြိတ်မှိတ်မခံစားနိုင်ကြတော့သော စစ်ကိုင်းပြည်သူလူထုမှ ဖယောင်းတိုင်များထွန်းညှိကာ ငြိမ်းချမ်းစွာဆန္ဒ
ထုတ်ဖော်ပြသ ခဲ့ကြပါသည်။

ပူပြင်းသောနွေအပူကို ခံစားနေရသော မြို့သူလူထုကို သက်ရှိလူသားများဟု သတ်မှတ်၍ စာနာမှု
ထားရန်ကိုပင် မေ့လျော့လစ်လျှူရှုနေပြီး တချို့သောနေရာများ အထူးသဖြင့် ဘောင်းဘီဝတ် လူတန်စားများ၏ နေရာများသို့ (၂၄)နာရီနီးနီး လျှပ်စစ်မီး ပေးဝေထားရာ စစ်ကိုင်းလျှပ်စစ်ဌာနကလည်း
အခွင့်ထူးခံ အဖွဲ့များအဖြစ် မြင်သာစေအောင် တမင်မီးမောင်း ထိုးပေးနေသလား ထင်မှတ်နေရပါသည်ပါသည်။

ကျနော်တို့စစ်ကိုင်းဖက်တွင် ယခင်နှစ်တွေက ဆရာတော်ကြီးတပါး၏ အိပ်မက်ကြောင့် ဘီလူးမစားစေရန် ဘဲဥစားပြီး ဖယောင်းတိုင်များ ထွန်းညှိဖူးခဲ့ကြပါသည်။ ယခုနှစ်မှာတော့ ယခင်နှစ်တွေနှင့်မတူ ဘီလူးရန် ထက်ဆိုးသည့် လျှပ်စစ်မီး ပျက်မှုဒဏ် မခံနိုင်တော့သည့် စစ်ကိုင်းသားများမှ ဖယောင်းတိုင်များ ထွန်းညှိကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်...။


ဖယောင်းတိုင်မီးဖြင့် ခရီးဆက်နေရသူ စစ်ကိုင်းသားလေး

အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ သမ္မတအကြံပေး ဦးကိုကိုလှိုင်တို့ ဖြေရှင်းပေးပါ...


လျှပ်စစ်မီး ထိန်ထိန်လင်းနေတဲ့ ပြည်ပနိုင်ငံတခုမှ မြင်ကွင်းမဟုတ်ပါ...။ တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်းမှ စက်ရုံနဲ့ ကွန်ဗေယာလိုင်း မြင်ကွင်းပါ...။ ရွှေလီ(၁) စီမံကိန်းမှ လျှပ်စစ်ဓာတ်အားတွေ ပေးပို့ရာမှာ မြန်မာ၊ တရုတ်ယူနန်နဲ့ တကောင်းတောင် စီမံကိန်းပါဝင်ပါတယ်..။

ဒီစက်ရုံအတွက် ဓာတ်အားတွေ မည်၍ မည်မျှ အသုံးပြုနေပါလဲ..။ ဒီလိုတောကြီး မျက်မည်းထဲမှာ မီးတွေထိန်ထိန်ညီးအောင် ထွန်းညှိထားတာ မည်သည့်အတွက်ကြောင့်ပါလဲ၊ ညဘက်လုပ်ငန်းခွင်လို့ ဖြေဆိုမယ် ဆိုရင်တော့ မီးချွေတာတဲ့ အနေနဲ့ နေ့ဘက်မှာ လုပ်ငန်းခွင် ဝင်လို့ မရပေဘူးလား။ ညဘက်မှ လုပ်ငန်းခွင် လုပ်ပါတယ်ဆိုရင်လည်း ရိုးသားမှုရှိပါရဲ့လား၊ လုံခြုံရေး အကြောင်းပြချက်လို့ ပြောရအောင်လည်း ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း မြင်သာအောင် မီးထွန်းပေးထား လေသလား၊ အဆိုပါ စီမံကိန်းမှာ တရုတ်ဝန်ထမ်းတွေ ၆၀ကျော်ရှိပါတယ်...။ ဖယောင်းတိုင်ထွန်းပြီး နေထိုင်နေတာ မဟုတ်ပဲ အခန်းတိုင်းမှာ လေအေးစက်နဲ့ လျှပ်စစ် မီးထိန်ထိန်လင်းလျှက်ပါ..။

ဒီစီမံကိန်းထဲက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ ရရှိခံစားဖို့ ဘေးဖယ်ထား၊ သိရှိခွင့် ရှိပါလေလား..။ ဖြုန်းနေတာလား သုံးနေတာလားဆိုတာ ခွဲခြားသိနိုင်ဖို့ ဒီမြင်ကွင်း မှတ်တမ်းတွေကို ဖြေဆိုပေးဖို့ တောင်းဆိုပါတယ်..။

လျှပ်စစ်ဝန်ကြီးဆိုသူနဲ့ သမ္မတအကြံပေး ဆိုသူတို့ ဖယောင်းတိုင်နဲ့ နေအိမ်မှာ ခြိုးခြံချွေတာပြီး စံပြနေထိုင်ပြပါ။

ဒီမိုဝေယံ

မြန်မာ စကားပုံမှာတော့ မြန်မာအစ တကောင်းကတဲ့ ခုတော့ တောင်ကြောလိုက် တရုတ်ကို ရောင်းစားထားတဲ့ မြန်မာအစဆိုတဲ့ တကောင်းမှာတော့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီး တရုတ်ကုမ္ပဏီတွေ နေထိုင်လုပ်ကိုင်နေပြီး မြန်မာပြည်သူတွေကတော့ ထုံးစံအတိုင်း မှောင်နဲ့မဲမဲမှာ ငုတ်တုတ်ပေါ့..။

ဒီထက်ဆိုးတာကတော့ တရုတ်ဝန်ထမ်းတွေ နေထိုင်တဲ့ စက်ရုံဝင်း အပြင်ဘက်မှာ မြန်မာလူမျိုးတွေ ခြံထွက် သီးနှံလေးတွေ ဗန်းလေးတွေနဲ့ ချရောင်းနေရတဲ့ မြင်ကွင်းပါပဲ..။

ယခုမြင်ကွင်းဟာ ယခုလဆန်းပိုင်းက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ..။

ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်းမှ အထက်ပါ တရုတ်CNICO  ရဲ့ တကောင်းတောင် နီကယ်စီမံကိန်းအား ပေးပို့တဲ့ ဓာတ်အားပမာဏအား ဖော်ပြထားခြင်း မရှိတဲ့ ၂၀၁၂ခုနှစ် မတ်လ(၂၈)ရက်နေ့စွဲပါ တစ်လတာ အစီရင်ခံစာ..
ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းမှ ယခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ကနေ မတ်လ(၂၅)ရက်အထိ မြန်မာ၊ ယူနန်နဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို မီးအားပို့လွှတ်တဲ့ အစီရင်ခံစာပါ..။ ထူးခြားတာကတော့ အထက်ကအတိုင်း လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့ တကောင်းတောင် နီကယ် စီမံကိန်းသို့ ဓာတ်အားပို့လွှတ်မှုအား ဖော်ပြထားခြင်း မရှိတဲ့ အချက်ပါပဲ..။