ရေရှားပါစပြုလာပြီဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မှော်ဒေသ...
ကချင်ပြည်နယ် ဖားကန့်ဒေသ မှော်တွေမှာ ရေရှားပါစပြုလာပြီ. .
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရှိတဲ့ မှော်ရွာတွေမှာ ရေရှာပါးလာနေလို့ ဒေသခံ ပြည်သူတွေမှာ မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲနေရပါတယ်။ ဥရုချောင်းအတွင်းကရေတွေကလဲ သဲဇာတွေ ချောင်းအတွင်း စွန့်ပစ်တာရယ် ရွှေမျောတွေ တိုက်ချနေတာကြောင့် ရေဟာလုံးဝ သန့်ရှင်းမှု မရှိတော့တဲ့အပြင် ရေစီးဆင်းမှုလဲ ရပ်တန့်ဆဲ ဆဲ ဖြစ်နေပါတယ် ။ဒေသဆိုင်ရာ အာဏာပိုင်တွေက လာဒ်ငွေအမြောက်အများယူပြီး ဥရုချောင်းအတွင်း မြေဇာဖို့ခွင့် ယနေ့အချိန်ထဲ ပြုလုပ်နေဆဲဖြစ်ပါတယ် ။








