ရဲတပ်ဖွဲ့ဝင် စစ်စစ်တဦးရဲ့ ဖွင့်ဟဝေဖန်ချက် (ဒီမိုဝေယံသို့ ပေးစာ)
ရဲတပ်ဖွဲ့အတွင်းမှာရှိတဲ့ သောတပ်မတော်မှ အသွင်ပြောင်းလာတဲ့ ၉၀%သော ရဲမှူး အထက်အားလုံးအား တပ်ထဲပြန်ပို့ပေးဖို့ တောင်းဆိုပေးပါရန် (ရဲဝန်ထမ်းတဦး ပေးစာ)
သို့/
နိုင်ငံတော်သမ္မတကြီး
လွှတ်တော် ဥက္ကဋ္ဌများ နှင့် လွှတ်တော် ကိုယ်စားလှယ်များ
ပြည်ထဲရေးဝန်ကြီး၊
မြန်မာနိုင်ငံရဲချုပ်၊
ဟိုတချိန်လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကပေါ့ .. ရဲချုပ် ဦးရွှေသန်း
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ ညီလာခံ သွားတက်ခဲ့တာ
တပ်မတော် အသွင်ပြောင်းရဲဖြစ်နေလို့ လက်မခံဘဲ ပြန်လွှတ်ခဲ့ရတယ်။ ဒါနဲ့
ရဲစစ်စစ် ရဲချုပ် ဦးသိန်းအောင်ကို ရဲချုပ်ခန့်ပြီး ဦးရွှေသန်းကို
ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်း ညွှန်ချုပ်အဖြစ် ပြောင်းခန့်ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ဟာအစိုးရရဲ့ပြယုဂ်၊ လက်ကိုင်တုတ်အနေနဲ့ အသုံးချခံထားရတဲ့ အဖွဲ့အစည်းဖြစ် နေခဲ့တယ်ဆိုရင်
မငြင်းနိုင်ပါဘူး .. ဒါပေမယ့် အစိုးရရဲ့ ပုံရိပ်ဟာ
ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်နေပါတယ်။
ထမင်းရည် ပူလျှာလွဲနေလို့ မရပါဘူး။
ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲနေတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ မအောင်မြင်ခဲ့ပါဘူး။ အခြေခံကျကျ ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။
ပြောင်းလဲချင်ရင် -
၁။ အူမတောင့်မှ သီလစောင့်မယ်
ထမင်းနပ်မှန် အောင်စားရပါစေ၊
ဥပမာ- အခမ်းအနားတခု လမ်းကြောင်း (သို့)
နေရာလုံခြုံရေးကျတဲ့
တပ်ဖွဲ့ဝင်တွေ၂နာရီ မှ၎နာရီ အနည်းဆုံးစောပြီး
နေရာယူရပါတယ်။ အိမ်က ဇနီးထမင်းကြမ်း မကျွေးလိုက်နိုင်ဘူး။
အဲဒီတာဝန်ကျ နေရာသွားဖို့ ဆိုင်ကယ် ဓါတ်ဆီ တစ်ဗူး
၁၀၀၀ကျပ်ပေးဝယ် ထည့်ခဲ့ရပြီး နီးစပ်ရာ မုန့်ဝယ်စား၊ ၅၀၀ကျပ်မှ
၁၀၀၀ကျပ်ကုန်သွားပြီ၊ အခမ်းအနားလာတဲ့ လူကြီးက အိမ်က နံနက်စာစားခဲ့ပြီးလဲ
ပြင်ထားတာ ရှယ်ပေါ့။ ဒါပေမယ့် လုံခြုံရေးတာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေ
ရေတစ်ခွက်တိုက်မဲ့ သူမရှိပါဘူး။
၂။ အမှုစစ်တစ်ယောက်ရဲ့ ကုန်ကျစားရိတ်..
နောက်ဥပမာတခု တရားခံက နယ်ဘက်ကို ထွက်ပြေးလို့ အမှုတခုလိုက်တယ် ဆိုရင်တောင်
အိမ်ကမိန်းမ နားကပ်ပေါင်ပြီး ကိုယ့်စားရိတ်နဲ့ ကိုယ် အမှုလိုက်ရတာ
ထိုနည်း၎င်းဘဲ အသေးစိတ်မပြောတော့ပါ။
၃။ နေစရာအိမ်
တပ်ဖွဲ့ဝင်တွေ အားလုံး ကို မပေးနိုင်ပါဘူး။ မညာစတမ်း ဝန်ခံစမ်းပါ။ အိမ်ငှားစားရိတ် ဘယ်ကရမှာလဲ။
၎။ ယူနီဖောင်း
ထုတ်ပေးတယ်မပြောပါနဲ့ အထည်ချုပ်ဆိုင်နဲ့ ပေါင်းပြီး ဝတ်မရတဲ့
အရည်အသွေး မမှီတဲ့ ဝတ်စုံ ရဲတသက် ၂ခါဘဲ ရဘူးပါတယ်။ အဲဒီယူနီဖောင်း တစ်ယောက်မှ
ဝတ်မရတာ အောက်ခြေဆင်းကြည့် ပေးပါ။
၅။ ရာထူး
ရဲစစ်စစ်တွေ ရာထူးမပေးပါ။ အနေကြာလို့ ပင်စင်သွားခါနီး
သုံးပွင့်လောက်တော့ ရမှာပေါ့။ ရာထူးမျှော်လင့်ချက်မရှိ၊ နေရစားရချို့တဲ့တော့
ဘယ်တပ်ဖွဲ့ဝင် ခံယူချက်ရှိမှာလဲ၊ တပ်ကအသွင်ပြောင်း သားရဲ့
သူငယ်ချင်း အဘခေါ်နေရတဲ့ခတ်။
တပ်ကလူတွေ ရဲထဲရာထူးကြီးကြီးတွေ ပေးပြီး နေရာတွေ ဝင်ယူထားတော့ရော ဘာထူးလဲ
လာဘ်စားမှု ပိုတောင် များသေးတယ်၊ ရဲစစ်စစ်တွေက စားသင့်တဲ့အစာ၊
မစားသင့်တဲ့အစာ၊ စားသင့်တဲ့အချိန်၊ မစားသင့်တဲ့အချိန်
တိုင်းတာ ချင့်ချိန်သေးတယ်။ တပ်ကပြောင်းတဲ့သူတွေက ရဲမှန်ရင်
ပိုက်ဆံရမယ်ဆိုပြီး လောဘတကြီး တောင်းတော့တာဘဲ၊ မပေးရင်
အကြောင်းအမျိုးမျိုးပြရစ်တော့ ညစ်တော့တာဘဲ။
အခုအစိုးရပိုင်း အကြီးအကဲ၊ ရဲတပ်ဖွဲ့ရဲမှူး အထက်အားလုံး ၉၀%တပ်မတော်က
အသွင်ပြောင်းတွေပါ။ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံချဲ့ အင်အားတိုးချဲ့တာ မဟုတ်ပဲ
တပ်မတော် အင်အားတိုးချဲ့ပြီး တပ်မတော်
အာဏာချဲ့ထွင်နေတာဖြစ်ပါတယ်။ တပ်မတော်က အရပ်ဘက်ပြောင်းရင် တပ်ပင်စင် လစာရော
အရပ်ဘက် လစာပါ ၂မျိုးခံစားအခွင့် ထူးခံနေတာ
မသင့်တော်ပါဘူး။ လွှတ်တော် ကိုယ်စားလှယ်ကြီးများ
မသိချင်ယောင်ဆောင် နေတော့မှာလား။ တပ်မတော်ကြီးရယ် ကိုယ့်သမိုင်းကို
ကိုယ်ရေးတဲ့အခါ သမိုင်းဆိုး သမိုင်းညစ်ကို ထားခဲ့မှာလား။ ရဲထဲကို
ပြောင်းချင်ကြတဲ့ တပ်မတော်အရာရှိ ရိုက်သတ်လို့ မကုန်နိုင်အောင်ပါဘဲလား။
အဲဒီတော့ ရဲစစ်စစ်တွေ ခံယူချက်ပျောက်သွားပြီ။ သူတို့ ကျွမ်းကျင်တဲ့
အမှုစစ်ပညာ၊ မူခင်းကျဆင်းရေးတွေ မလုပ်တော့ဘူး။ ပညာကို
ဝှက်ထားလိုက်ကြပြီ။ ရာထူးမျှော်လင့်ချက်ရှိရင်လဲ
ကြိုးစားကြမှာပေါ့။ တပ်နဲ့ရဲသဘော သဘာဝခြင်းမတူပါဘူး၊ ရဲဆိုတာတစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေးနဲ့ဖေါ်ထုတ် တာဝန်ထမ်းဆောင်ကြရတာ၊ တပ်လို
တပ်စိတ်လိုက် တိုက်ပွဲဝင်ရတာမဟုတ်ဘူး။ အခုတော့
အရာရာ တပ်ပုံစံသွင်းနေတယ်။ ရဲဆိုတာ တစ်နေရာကို ကြာကြာနေမှ ဒေသစရိုက်၊ လူကောင်း/လူဆိုးတွေ အကြောင်းသိပြီးနယ်မြေကို
ကောင်းကောင်း ထိန်းနိုင်မှာ အခုတော့ တပ်လိုဘဲ အလှည့် ကျစနစ်တဲ့။
ပြီးတော့ အင်အားမှာလဲ ဖွဲ့စည်းပုံ တစ်ဝက်တောင် မရှိဘူး။ ဖွဲ့စည်းပုံအမှားကြီးကိုလဲ
ရေးဆွဲထားသေးတယ်၊ အခြားအဆင့် တပ်ဖွဲ့ဝင်တွေကတော့ ကင်းပြီးရင်းကင်းပါဘဲ။
ငွေပေးမှ နီးစပ်မှ ရာထူးတိုးပေးတဲ့ စံနစ်ကိုဖျောက်ရမယ်။ အခြားအဆင့် များများရအောင်
စည်းရုံးရမယ်၊ တပ်သားသစ် တစ်ယောက်စုရတာ
၂သိန်းကုန်တယ်။ ဘယ်ကပိုက်ဆံနဲ့ စုရမှာလဲ၊ နယ်ထိန်းကို တာဝန်ယူခိုင်း၊ နယ်ထိန်းကလဲ
ဘယ်ကငွေနဲ့ အကုန်ခံရမှာလဲ ဒုစရိုက်သမားဆီကဘဲပေါ့။
ရဲတပ်ဖွဲ့ရဲ့အားနည်းချက် (သို့) လက်ရှိအစိုးရရဲ့ယခင်အကျင့်များ -
လူကြီးလာရင် နယ်မြေအစပ် (သို့) တနေရာက
ခေါင်းဆောင်ပိုင်း အားလုံးသွားကြိုရတယ်၊
အနည်းဆုံး နေ့တစ်ဝက်ကုန်တယ်၊ အခြားတာဝန်တွေ လစ်ဟင်းကုန်ပြီ။
ဂါရဝလက်ဆောင်တွေ ပေးကြရတယ်၊လက်ဆောင်တွေသယ်ဖို့
ကားတစ်စီးခေါ်လာကြတယ်၊ လာစစ်တာနဲ့ မတူတော့ပါ..
အောက်ခြေကို လာနှိပ်စက်နေတာပါ။
သူတို့က အခုမစားတော့ပါဘူးလို့ ပြောလာမယ်။
ပြောနိုင်မှာပေါ့၊သူတို့ကအခု
မစားတော့ပါဘူးလို့ ပြောလာမယ်၊ ပြောနိုင်မှာပေါ့၊ သူတို့ရယူထားတဲ့ မြေကွက်ပေါင်းများစွာ ရောင်းစားပြီး သန်းကြွယ်သူဋ္ဌေးတွေ ဖြစ်ကုန်ကြပြီ၊ သားသမီး
မိန်းမ နာမည်ခံပြီး မြို့တိုင်းနီးပါးမြေကွက်တွေ၊ အိုးအိမ်က ပါမစ်တွေနဲ့
လျော့ဈေးရောင်းတဲ့ တိုက်တွေ ပြည်သူတွေဆီက အဆီကိုစား
အသားကို မြိုခဲ့ကြပြီလေ။ တပ်မတော် အရာရှိတယောက် မြန်မာပြည်မှာ မြေတစ်ကွက်သာ
ခံစားရမယ်ဆိုပြီး စစ်တမ်းကောက် ဥပဒေပြဋ္ဌာန်းကြည့်လိုက်စမ်းပါ။
အပိုယူထားတဲ့ မြေကွက်တွေကို ပြန်အပ်ခိုင်းလိုက်စမ်းပါ သူတို့တပ်မတော်ထဲမှာ
တပ်တွင်း ပုန်ကန်မှုတွေတောင် ဖြစ်ကုန်အုံးမယ်။
နောက်ဆုံးအဓိက ပြောချင်တာကတော့ ဝန်ထမ်းဆိုတာ
အစိုးရဘဲ၊ ဝန်ထမ်းကောင်းမှ အစိုးရကောင်းမယ်၊ ဝန်ထမ်းတွေ အခြေခံစိတ်ဓါတ် ပျက်စီးအောင်၊ တပ်မတော် အသွင်ပြောင်းများရဲ့
အုပ်ချုပ်မှု လွတ်ကင်းအောင် တပ်မတော်သားများကို
တပ်ထဲကို ပြန်ပြောင်းပေးဘို့ လွှတ်တော်မှ တဆင့် တောင်းဆိုပေးပါရန်
တင်ပြအပ်ပါတယ်။
တပ်မတော် နှစ်ပေါင်းများစွာ အုပ်ချုပ်ပြီးလုပ်စား၊ လာဘ်စားခဲ့လို့
မြန်မာပြည်မွဲခဲ့ရတာပါ။ သယံဇာတမရှိတဲ့ စင်္ကာပူနိုင်ငံ ကိုယ့်နိုင်ငံထက်
ကြီးပွားနေပါပြီ။ မြန်မာပြည် တိုးတက်အောင် လုပ်မယ်လဲ ပြောသေးတယ် တပ်က
အရာရှိတွေ ဋ္ဌာနပေါင်းစုံမှာ ဝင်လာမစဲ တသဲသဲ ပေါ့။
ဒီမိုး ဒီရေ ဒီလူတွေနဲ့ ဆိုရင်တော့..........
................။
ရဲဝန်ထမ်းစစ်စစ်တစ်ဦး
စိတ်ဝင်စားဖွယ်ရာ ဖွင့်ဟချက်များ..
" တပ်ကပြောင်းတဲ့သူတွေက ရဲမှန်ရင်
ပိုက်ဆံရမယ်ဆိုပြီး လောဘတကြီး တောင်းတော့တာဘဲ၊ မပေးရင်
အကြောင်းအမျိုးမျိုးပြရစ်တော့ ညစ်တော့တာဘဲ။"
အခုအစိုးရပိုင်း အကြီးအကဲ၊ ရဲတပ်
ဖွဲ့ရဲမှူး အထက်အားလုံး ၉၀%တပ်မတော်က
အသွင်ပြောင်းတွေပါ။ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံချဲ့ အင်အားတိုးချဲ့တာ မဟုတ်ပဲ
တပ်မတော် အင်အားတိုးချဲ့ပြီး တပ်မတော်
အာဏာချဲ့ထွင်နေတာဖြစ်ပါတယ်။
တပ်မတော်က အရပ်ဘက်ပြောင်းရင် တပ်ပင်စင် လစာရော
အရပ်ဘက် လစာပါ ၂မျိုးခံစားအခွင့် ထူးခံနေတာ
မသင့်တော်ပါဘူး။
တပ်သားသစ် တစ်ယောက်စုရတာ
၂သိန်းကုန်တယ်။ ဘယ်ကပိုက်ဆံနဲ့ စုရမှာလဲ၊ နယ်ထိန်းကို တာဝန်ယူခိုင်း၊ နယ်ထိန်းကလဲ
ဘယ်ကငွေနဲ့ အကုန်ခံရမှာလဲ ဒုစရိုက်သမားဆီကဘဲပေါ့။
တပ်မတော် အရာရှိတယောက် မြန်မာပြည်မှာ မြေတစ်ကွက်သာ
ခံစားရမယ်ဆိုပြီး စစ်တမ်းကောက် ဥပဒေပြဋ္ဌာန်းကြည့်လိုက်စမ်းပါ။
အပိုယူထားတဲ့ မြေကွက်တွေကို ပြန်အပ်ခိုင်းလိုက်စမ်းပါ သူတို့တပ်မတော်ထဲမှာ
တပ်တွင်း ပုန်ကန်မှုတွေတောင် ဖြစ်ကုန်အုံးမယ်။