ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အနိစ္စဆရာတော်ကြီးပြခဲ့သော အနိစ္စတရား..

 
 

အနိစ္စဆရာတော်ကြီးပြခဲ့သော အနိစ္စတရား..

ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ (အနိစ္စ ဆရာတော်) သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါသည် ၁.၁၂.၂ဝ၁၃ ရက်နေ့ ည (၁၁း၎ဝ) နာရီ အချိန်တွင် ခန္ဓာဝန် ချုပ်ငြိမ်းတော်မူခဲ့သည်။ ကျေးဇူးတော်ရှင် သက်တော်ရှည် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာဒ်တော်အား ကျန်ရစ်သူ တပည့်ဒါကာ၊ ဒါယိကာမများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် အမှတ် (၇၁-စီ)၊ အင်းယားမြိုင်လမ်း၊ ငွေဝတ်မှုံရပ်ကွက်၊ ရွှေတောင်ကြားရိပ်သာ (၁) လမ်း၊ ဗဟန်းမြို့နယ်ရှိ “ရွှေဂန္ထဝင်စံကျောင်းတော်”သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ၂.၁၂.၂ဝ၁၃ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် လေအေးပေးစနစ်ဖြင့် ကြာရှည်ထားနိုင်သော (CooL Box) ဖြင့် ဆရာတော်ဘုရားကြီးအား ပူဇော်ခံ ထားရှိခဲ့ပါသည်။

အန္တိမအဂ္ဂိဈာပန အခမ်းအနားပြုလုပ်မည့် ၉.၁၂.၂ဝ၁၃ ရက်နေ့ နံနက် (၆းဝဝ) နာရီအချိန်တွင် ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ (အနိစ္စဆရာတော်) သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါ အားရည်စူး၍ ကျန်ရစ်သူ တပည့်ဒါကာ၊ ဒါယိကာမများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် (၉၂) သိန်းကျပ်တိတိအား လှူဒါန်းခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင် မောင်နှင့် အသင်းသူ/သားများတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။

ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအား ၉.၁၂.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်၌ ပြုလုပ်ကျင်းပမည်ဖြစ်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင်နိဗ္ဗာန်ယာဉ် မောင်းနှင်ခဲ့ပြီး “ရွှေဂန္ထဝင်စံကျောင်းတော်”မှ နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားများတို့မှ ဆရာတော်ကြီး၏ ရုပ်ကလာဒ်တော်အား မှန်ခေါင်းအတွင်းသို့ စနစ်တကျ ပြောင်းရွှေ့၍ သံဃာတော်များ၊ တပည့်ဒါယကာများတို့မှ လက်ဆင့်ကမ်းပင့်ဆောင်၍ နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသားများထံသို့ ပေးအပ်ခဲ့ပြီး နိဗ္ဗာန်ယာဉ်ကြီးဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် ခဲ့သည်။

ညနေ (၄းဝဝ) နာရီတွင် ရေဝေးသုဿန် မီးသင်္ဂြိုဟ်စက် အရှေ့မော်တော်ယာဉ်ရပ်နားသည့် နေရာတွင် ပြုလုပ်ထားသောလောင်တိုက်ဖြင့် အန္တိမအဂ္ဂိဈာပနအား အစီအစဉ်တကျ ကျင်းပခဲ့ပြီး ၁ဝ.၁၂. ၂ဝ၁၃ ရက်နေ့ နံနက် (၃းဝဝ) နာရီအချိန်တွင် ဆရာတော်ကြီး၏ အရိုးပြာများတို့အား မော်တော်ယာဉ်ဖြင့် “ရွှေဂန္ထဝင်စံကျောင်းတော်” သို့ အပူဇော်ခံထားရှိရန် ပြန်လည်ပင့်ဆောင်ခဲ့သည်။

ဆရာတော်ကြီးသည် ဓမ္မာနုပဿနာတရားတော်များကို တရားချစ်ခင်ကြသော တပည့်ဒါကာ၊ ဒါယိ ကာမများအား နေ့စဉ် ဟောကြားတော်မူခဲ့သည့် မြန်မာနိုင်ငံ ရပ်ဝေးရပ်နီးနှင့် နိုင်ငံခြားတိုင်းပြည်များမှ လာ ရောက်ဖူးမြော်ကြသူများကို ကန့်သတ်ချိန်မရှိ အပူဇော်ခံ တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ကိုယ် စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် မြတ်စွာဘုရားရှင်၏ တရားဒေသနာများကို ပေးဝေငှလျက် သီတင်းသုံး တော်မူခဲ့သည်။

ပျံလွန်တော်မှုမည့်နေ့ နံနက်အချိန်ထိ ဆရာတော်ကြီးသည် တရားဒေသနာများအား ဟောကြားသွားခဲ့ကြောင်းလည်း သိရှိခဲ့ရသည်။
ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မှုခဲ့သော ဓမ္မာနုပဿနာ တရားတော်စာအုပ်တွင် တရားအမှတ်စဉ် (၄၇) တွင် “ခြင်းရာ ၁၂ - ပါး ဆိုဆိုပွားတရားတော်” ၏ နိဂုံးချုပ်တရားစာပိုဒ်တွင် - “နာ ဟံ - ငါမရှိတော့ဘူး။ ငါ မရှိဘူးဆိုပြီး အိပ်ချလိုက်တယ်။ ပျော်သွားတာပဲ။ ငါမရှိဘူးဆိုရင် အဲလိုဖြစ်သွား တယ်။ နိဗ္ဗာန်ရောက်သွားတယ်။ အဟံ - ငါရှိတယ်ဆိုရင် လုပ်စရာတွေ ကိုင်စရာတွေအများကြီးပဲ။ အဟံ - ငါသေသွားတယ်ဆိုတော့ ငါသေတယ်လို့ဆိုတော့၊ နာဟံ - ငါမရှိဘူးဆိုတော့ ငါသေတာလည်း မရှိ တော့ဘူး။

အဲဒါ အပ္ပမာဒတရားနဲ့ နိဗ္ဗာန်ရောက်သွားတယ်လို့ဆိုတယ်။” ဟု ဟောကြားသွားသည်နှင့် အညီ ဆရာတော်ကြီးသည်လည်း အပမာဓတရားတော်နှင့်အညီ မြတ်နိဗ္ဗာန်သို့ ကူးပြောင်းရောက်ရှိ သွားလိမ့် မည်ဟု ယုံကြည်လျှက် မိမိတို့ပြုခဲ့သော အနိစ္စဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအတွက် ကောင်းမှုကုသိုလ် အစုစုတို့အား အမျှပေးဝေ သာဓုခေါ်ဆိုနိုင်တော့မည် ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)

တို့မြန်မာကို နိုင်အောင် ဘယ်သူပြိုင်လို့ Vote နိုင်ကြမလဲ...


တို့မြန်မာကို နိုင်အောင် ဘယ်သူပြိုင်လို့ Vote နိုင်ကြမလဲ...

Miss Myanmar မန္တလးသူ ဂုဏ်ရည်အေးကျော် အောင်နိုင်ရေး မျိုးချစ်မြန်မာများအတွက် စိန်ခေါ်လိုက်တဲ့ နောက်ထပ် Voteလင့်ခ်တခု..

မပြီးသေးသော ပန်းချီကားလို့ ဆိုရလေမလား ခါတိုင်းMiss ပြိုင်ပွဲများနဲ့ မတူ ဒီတခါမှာတော့ ထူးခြားလှစွာ Vote လင့်ခ်တွေ တခုပြီးတခု တိုးလာပြီး ၅ခုထိ ရှိလာနေပါပြီ။ Voteတခုခြင်းစီရဲ့ ထူးခြားမှုကတော့..

(၁) နောက်ဆုံး Vote နိုဝင်ဘာလ (၂၈)ရက်နေ့က စတဲ့ (Vote)
ဖိလိပိုင်က လက်ဦးမှု ရယူထားပါတယ်..

International 2013 Internet Choice!

ဖြစ်ပြီး ဖိလစ်ပိုင်က ၄ထောင်ကျော် ရရှိနေပြီး မြန်မာမယ် ဂုဏ်ရည်အေးကျော်က ၈ရာကျော်သာရရှိနေပါတယ်..။ (ယခုမှ သိရှိရတာပါ) တနေ့ ၁၉ကြိမ် Vote နိုင်တဲ့ အဆိုပါ Vote ရဲ့ လင့်ခ်ကတော့ https://www.facebook.com/PageantNews/app_110836088986161 ဖြစ်ပါတယ်..။ (ဂုဏ်ရည်အေးကျော် တဦးတည်း Vote တိုင်းမှာ ဦးဆောင်နေလို့ တနေ့ ၁၉ကြိမ် Vote နိုင်အောင် တမင်လုပ်တာလား ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်..) ထုံးစံအတိုင်း Liked လုပ်ပြီးမှ Vote နိုင်ပါတယ်..။
ဆီးဂိမ်းလို ဖိလိပိုင်နဲ့ပဲ ပြိုင်နေရတာ ဖြစ်နေပါတယ်..။

(၂) ဒီလင့်ခ် ကတော့ ယခုရက်ပိုင်းအတွင်း ထပ်ထွက်လာတဲ့ (၄)ခုမြောက် Vote တခုဖြစ်တဲ့

Miss Internet 2013 Online Pollပါ။

ထူးခြားတာကတော့ ၁ရက်ကို Vote ၃ခုပေးနိုင်ပြီး အလှမယ် (၃)ဦးကို ပေးရမှာ ဖြစ်ပါတယ်..။ ဒီမှာ Vote ပါ..။
ဦးစွာပထမ ဒီလင့်ခ်ကို သွားပါ..။ http://beautycity.jp/miss2013/prof_list.asp မြန်မာကိုရှာပြီး Vote ပါ။ ပြီရင် Return top ကိုပြန်သွားပါ..။ အခြား Miss ၂ယောက်ကို ထပ်မံ Vote ရမှာဖြစ်ပါတယ်..။ ကျွန်တော်ကတော့ ဂုဏ်ရည်အေးကျော်နဲ့ ကျန်(၂)ဦးကိုတော့ ကိုယ်မဖြစ်နိုင်ဘူး ယူဆသူ (၂)ဦးကို ပေးခဲ့ပါတယ်..။ http://beautycity.jp/miss2013/prof_myanmar.asp(မှတ်ချက် မကြိုက်တာတူတာ များရင်လည်း တဘက်က Voteများသွားနိုင်ပါတယ်..)

(၃) နောက်တခုကတော့

Who deserves the crown?ပါ။

http://359906.tbits.me/?option_id=444280 ဒီလင့်ခ်မှာ Vote နိုင်ပါတယ်..။

(၄)ခုမြောက်ကတော့

Who will be Miss International 2013?ပါ။

https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data ဒီလင့်ခ်မှာ Vote နိုင်ပါတယ်..။

(၅)ခုမြောက်ကတော့ ပထမဦးဆုံး စတင်ခဲ့တာဖြစ်ပြီး။

Who deserves the crown?ပါ။

https://apps.tradablebits.com/tb_app/349344 ဒီလင့်ခ်မှာ Vote နိုင်ပါတယ်..။
ကဲ အသင်တို့ပဲ လင့်ခ်အသစ်တွေ ထွက်လာမလား အကျွန်ုပ်တို့ပဲ ရွှေမြန်မာတွေပဲ Vote နိုင်ကြမလား တို့မြန်မာကို နိုင်အောင် ဘယ်သူပြိုင်လို့ Vote နိုင်ကြမလဲ...

ဒီမိုဝေယံ

ဂျပန်အနုပညာ အသိုင်းအဝိုင်းအတွင်း လူသိများ လာနေတဲ့ သရုပ်ဆောင် Kuro Miya Niina ခေါ် မနှင်းအေးနန္ဒာရဲ့ ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ..



ဂျပန်အနုပညာ အသိုင်းအဝိုင်းအတွင်း လူသိများ လာနေတဲ့ သရုပ်ဆောင် Kuro Miya Niina ခေါ် မနှင်းအေးနန္ဒာရဲ့ ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ..

(၈)ရက် ဒီဇင်ဘာ တနင်္ဂနွေနေ့က ယနေ့ ဂျပန်ရုပ်သံနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသူ 黒宮ニイナ (Kuro Miya Niina) မြန်မာနာမည် ရင်းကတော့ မနှင်းအေးနန္ဒာရဲ့ Hikari Furu Michi (光ふる路)၃၃မိနစ်စာ ရုပ်သံဇာတ်လမ်းတို မိတ်ဆက်ပွဲအား တက်ရောက်ခွင့် ရခဲ့သည်။

ဂျပန်လူမျိုးအများစု တက်ရောက်တဲ့ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားအတွင်း မြန်မာပြည်၏ ရှုခင်းများအား လှပသည့် ရိုက်ကွက်များဖြင့် မိတ်ဆက် ပြသခဲ့ပြီး မြန်မာ့ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်..။ Niina San ပိုင်နိုင်စွာ သရုပ်ဖော်ပြသခဲ့သည့် ၃၃မိနစ်စာ Hikari Furu Michi (光ふる路)ဇာတ်လမ်းတိုအား မိတ်ဆက်ပြသခဲ့သည်..။

လျှပ်တပြက် ပြောင်းလဲလာနေသော မြန်မာပြည်၏ လတ်တလော အခြေအနေများအတွင်း ဂျပန်လူမျိုးများကြား Myanmar Boom ဟုခေါ်ဆိုကာ ဂျပန်ပြည်သူများ စိတ်ဝင်စားလျှက် ရှိသည်..။

ထိုသို့သော Myanmar Boom အချိန်အခါအတွင်း ဂျပန်ရုပ်သံများနှင့် ဂျပန်ဇာတ်လမ်များအတွင်း Niina San ဆိုသည့် မြန်မာ သရုပ်ဆောင်တဦး ပေါ်ထွက်လာခဲ့သည်မှာ ဂုဏ်ယူစရာပင်ဖြစ်သည်..။
၁၁နှစ်သမီးအရွယ်ကပင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည့် Niina San အနေဖြင့် ယခုအချိန်တွင် ဂျပန်အနုပညာ အသိုင်းအဝန်းကြားနှင့် ရုပ်သံဇာတ်လမ်းတွဲများ အတွင်း တစစ လူသိများလာလျှက်ရှိသည်..။

နိုင်ငံတကာသို့ ဖြန့်ကျက် ရောက်ရှိသွားသော မြန်မာလူမျိုးများအတွင်း ယခုကဲ့သို့ ချဉ်းနင်းဝင်ရောက်ရန် ခက်ခဲလှသည့် ဂျပန် အနုပညာ အသိုင်းအဝန်းတွင်း ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်မှာ မြန်မာလူမျိုးများနှင့် နိုင်ငံအတွက် ဂုဏ်ယူစရာပင် ဖြစ်တော့သည်..။

ဓာတ်ပုံ၊ သတင်း  
ဒီမိုဝေယံ

Hikari Furu Michi ရုပ်သံအား မကြာမှီ ယူကျုမှာ ဖော်ပြပေးပါမည်..။

အဆိုပါနေ့က Miss Myanmar ဂုဏ်ရည်အေးကျော် ထောက်ခံအားပေးသူများမှလည်း ဂျပန်လူမျိုးများအား ဂျပန်နိုင်ငံမှာ Miss International 2013အတွက် လာရောက် ယှဉ်ပြိုင် နေတဲ့ ဂုဏ်ရည်အေးကျော်အတွက် ဂျပန်လူမျိုးများအား မိတ်ဆက်စကား ပြောဆိုခဲ့သည်..။

စင်္ကာပူက ကားမတော်တဆ တိုက်မှုမှ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု..

စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ဖြစ်ပွားခဲ့သော ကားမတော်တဆတိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့ အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သော ဆူပူသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၄၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အနည်းဆုံး စင်္ကာပူရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
LI riot

ဖြစ်ပွားပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားတစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီးရှိသူများက စတင်၍ တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက် ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့ ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ်အထိ ဆူပူလှုပ်ရှားမှုများဟာ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ထိုအကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့ အများသူငါကို သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။

အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။
Source : Yahoo
Credit ပုံရိပ်(burmesehearts.com)
မီးရှို့ခံထားရသောကားများ
မီးရှို့ခံထားရသောယာဉ်များ

Miss Myanmar ဂုဏ်ရည်အေးကျော် မြန်မာ့သင်္ကေတ "စောင်း"ဖြင့် သီဆိုဖျော်ဖြေနိုင်အောင် ကွန်မာန့်ရေးကြမည်..


Miss Myanmar ဂုဏ်ရည်အေးကျော် မြန်မာ့သင်္ကေတ "စောင်း"ဖြင့် သီဆိုဖျော်ဖြေနိုင်အောင် ကွန်မာန့်ရေးကြမည်..

(၇)ရက်နေ့က စခဲ့တဲ့ Miss International Beauty Pageant 2013မှာ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော် ပါဝင်ယှဉ်ပြိုင်နေပါပြီ..။
Miss International Beauty Pageant 2012ပြိုင်ပွဲကိုတော့ ယမန်နှစ်က ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာလည်း ဂျပန်နိုင်ငံမှာ ထပ်မံကျင်းပနေတာ ဖြစ်ပါတယ်..။

မျိုးချစ် မြန်မာတွေနဲ့ ပြည်ချစ်မြန်မာတွေကြောင့် အင်တာနက် အွန်လိုင်းတွေမှာ မြန်မာအလှမယ်တွေ အွန်လိုင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ကြတာ အများအသိဖြစ်ပါတယ်..။ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ယခုနှစ်ပြိုင်ပွဲမှာ ဂျပန်လူမျိုးတွေ သိရှိကြပြီး ဖြစ်တဲ့ မြန်မာ့စောင်း (ဂျပန်အခေါ် ဘီရုမာနို တတေးဂိုတို ビルマのたてごと) ဖြစ်ပါတယ်.။ ဂျပန်နိုင်ငံမှာ ၁၉၅၆ခုနှစ်နဲ့ ၁၉၈၆ခုနှစ်မှာ၂ကြိမ်တိုင်တိုင် ရိုက်ကူးပြသခဲ့ပြီး ဂျပန်လူမျိုး လူလတ်ပိုင်းနဲ့ လူကြီးအသိုင်းအဝိုင်းထဲမှာ လူသိများလှပါတယ်..။ ဂျပန်လူမျိုးတွေ မြန်မာဆိုရင် မြန်မာ့စောင်းကိုလည်း တွဲသိကြတာဖြစ်ပါတယ်..။

ယခု Miss Myanmar ဂုဏ်ရည်အေးကျော်ဟာ မြန်မာ့စောင်းကို တီးခတ်တတ်မြောက်သူ ဖြစ်ပါတယ်..။ ကိုယ်တိုင်လည်း ဖျော်ဖြေခွင့်ရမယ်ဆိုရင် ကမ္ဘာကျော် ဂျပန်သီချင်း Sukiyaki မူရင်း "(上を向いて歩こう, "[I] Shall Walk Looking Up") ကို မြန်မာ့စောင်းနဲ့ ဖျော်ဖြေတင်ဆက်ဖို့ ရည်ရွယ်ထားပြီး မြန်မာ့စောင်းကိုလည်း မြန်မာပြည်က ကိုယ်တိုင် သယ်ဆောင်လာခဲ့တာပါ..။

ပြိုင်ပွဲအတွင်း အမှတ်အမျိုးမျိုးအတွက် တီးခတ် သီဆိုမှု အပိုင်းလည်း အပါအဝင်ဖြစ်ပါတယ်...။ ဂျပန်လူမျိုးတွေရဲ့ အသည်းနှလုံး သီချင်းဖြစ်တဲ့ Sukiyaki သီချင်းကို (ဘီရုမာနို တတေးဂိုတို) မြန်မာ့ဂီတ သင်္ကေတ မြန်မာ့စောင်းနဲ့ တီးခတ် သီဆိုခွင့်ရဖို့ Fan Request တောင်းဆိုဖို့ လိုအပ်လှပါတယ်..။ ဒီအတွက်ကြောင့် မြန်မာ့ဂီတကို ကမ္ဘာက သိရှိနိုင်ဖို့နဲ့ https://www.facebook.com/Miss.International.bp မှာသွားရောက်ပြီး ဂုဏ်ရည်အေးကျော်ပုံပါရှိရာ ကွန်မာန့် Box မှာဖြစ်ဖြစ် Message မှာဖြစ်ဖြစ် အထက်ပါ စောင်းတီးနေပုံနဲ့ တွဲကာ ရေးသားတောင်းဆိုကြပြီး မန္တလေးသူ မြန်မာ့အလှမယ်ကို အားပေးဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။

ယခုရက်ပိုင်းအတွင်း ထပ်ထွက်လာတဲ့ (၄)ခုမြောက် Vote တခုဖြစ်တဲ့
Miss Internet 2013ပါ။ ထူးခြားတာကတော့ ၁ရက်ကို Vote ၃ခုပေးနိုင်ပြီး အလှမယ် (၃)ဦးကို ပေးရမှာ ဖြစ်ပါတယ်..။ ဒီမှာ Vote ပါ..။

(၁) http://beautycity.jp/miss2013/prof_list.asp ကျွန်တော်ကတော့ ဂုဏ်ရည်အေးကျော်နဲ့ ကိုယ်မဖြစ်နိုင်ဘူး ယူဆသူ (၂)ဦးကို ပေးခဲ့ပါတယ်..။ http://beautycity.jp/miss2013/prof_myanmar.asp(မှတ်ချက် မကြိုက်တာတူတာ များရင်လည်း တဘက်က Voteများသွားနိုင်ပါတယ်..)

(၂)http://359906.tbits.me/?option_id=444280 (လောလောဆယ် Who deserves the crown?မှာ ဖိလစ်ပိုင်မယ်က ပထမနေရာ ရောက်ရှိနေပါတယ်..။ မျိုးချစ်မြန်မာများရဲ့ Vote ပေးဖို့ အထူးလိုအပ်နေပါတယ်...။)

(၃) နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344
Who will be Miss International 2013?

(၄)https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data

ဂုဏ်ရည်အေးကျော် Fan Page https://www.facebook.com/GonyiAyeKyaw

ဒီမိုဝေယံ

စောင်းတီး ဓာတ်ပုံ Nay Ma Kha ဖေ့စ်ဘွတ်ခ်

ဂျပန်လူငယ်တွေ မြန်မာဘာသာဖြင့် ဖျော်ဖြေတင်ဆက်သွားတဲ့ (မုန်လာထုတ်နဲ့ ငကြွား)တခန်းရပ် ဟာသပြဇာတ်.. (ရုပ်သံ)


ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာ(Japan Myanmar Culture Center)(JMCC)မှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ.မှာ ပထမဆုရရှိခဲ့တဲ့ (မုန်လာထုတ်နဲ့ ငကြွား)တခန်းရပ် ဟာသပြဇာတ်..  

 ဂျပန်လူငယ်များမှ တိုင်းရင်းသားဝတ်စုံများဖြင့် မြန်မာဘာသာစကား ပြောဆိုကာ ကြိုးစားဖျော်ဖြေခဲ့ကြသည်..။ 

 ရုပ်သံ ဒီမိုဝေယံ 

ယနေ့ ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာ(Japan Myanmar Culture Center)(JMCC)မှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ..

ယနေ့ မနက်ပိုင်းက ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာမှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲသို့ (JMCC) ဒါရိုက်တာ ဆရာမ မဟေမာ၏ ဖိတ်ခေါ်ချက်ဖြင့် အမှတ်မထင် ရောက်ရှိခဲ့သည်..။

သွားစဉ်ကတော့ ခဏတာ မှတ်တမ်းတင် သဘောမျိုးနဲ့ သွားရောက်ခဲ့တာ ဖြစ်ပေမယ့်...။ ထူးခြားတဲ့ ဂျပန်မှာ မွေးတဲ့ မြန်မာကလေးငယ်တွေ.. ဂျပန်ဘာသာသင်နေတဲ့ မြန်မာမိသားစုတွေ မြန်မာဘာသာ သင်ယူနေတဲ့ ဂျပန်လူမျိုးတွေရဲ့ စွဲဆောင်မှု ရှိတဲ့တင်ဆက်မှု အစုံအလင်ကြောင့် ဆုံးခန်းတိုင်သည်အထိ ကြည့်ဖြစ်ခဲ့သည်..။
ဂျပန်- မြန်မာလူဦးရေ ၁၀၀ကျော်ခန့် တက်ရောက်ခဲ့ကြသည်..။

ဂျပန်နိုင်ငံမှာ ခေတ္တကြွရောက် သီတင်းသုံးနေတဲ့ မိတ္ထီလာဆရာတော်အား ဂျပန်-မြန်မာမိသားစုများမှ ဗုဒ္ဓဘာသာထုံးစံ ဆွမ်းဆက်ကပ်ပြီး အခမ်းအနားအား ဂျပန်ပြည်မှာ မွေးဖွားတဲ့ မြန်မာကလေးငယ်များဖြင့် စတင်ဖြေဖျော်ခဲ့သည်..။


ယနေ့ထူးခြားချက်ကတော့ လတ်တလော မြန်မာပြည်ကို စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး မြန်မာစာ သင်ယူတဲ့ ဂျပန်လူမျိုးများ များပြားလာသည့် အချက်ဖြစ်သည်..။ အဆိုပါ စကားပြောပြိုင်ပွဲမှာတော့ ဂျပန်လူငယ်များ မြန်မာဓလေ့ထုံးစံအတိုင်း မြတ်မြတ်နိုးနိုး ဝတ်စားဆင်ယင် ယှဉ်ပြိုင်ခဲ့မှုကို မြင်တွေ့ခဲ့ရသည့်အတွက် ကြည်နှူးခဲ့ရသည်..။
ဂျပန်လူမျိုးများ မြန်မာဘာသာဖြင့် ပြဇာတ်တင်ဆက်မှုများနှင့် မြန်မာတေးသီချင်းများ
ဖြင့် ယှဉ်ပြိုင်ခဲ့ကြသလို ကမ္ဘာ္ဘမကြေသီချင်းဖြင့် သီဆိုယှဉ်ပြိုင် သီဆိုသူပင် ပါဝင်ခဲ့သည်..။

လာမယ့်နှစ်မှာတော့ ဂျပန်မြန်မာ ချစ်ကြည်ရေး နှစ်(၆၀) ပြည့်တော့ပေမည်...။ ဂျပန်နှင့် မြန်မာသမိုင်း ရှည်ကြာခဲ့သလို ဗိုလ်ချုပ်တို့ ခေတ်မှသည် ဂျပန်သည် မြန်မာလူမျိုးများ၏ အောင်မြေဟုပင် ဆိုရမလိုဖြစ်သည်..။
အချုပ်အားဖြင့် ဆိုရလျှင် (JMCC) ယနေ့ကျင်းပသည့် ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ.. ဟုဆိုသော်လည်း အဆိုပါပြိုင်ပွဲသည် ဂျပန်-မြန်မာချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ပွဲအသွင် သင်္ကေတကောင်း တခုပင်ဖြစ်တော့သည်..။

ဂျပန်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ..။
ဒီမိုဝေယံ

အိမ်ရှင်တို့၏ SEA Games ဗွေဆော်ဦးဇာတ်လမ်း

နေပြည်တော်သို့ အရောက် ဗီယက်နမ် ကစားသမားများကို ပွဲဦးထွက် ဆီးကြိုနေသည့် ပြဿနာက “ခြင်” ကိစ္စ။ အဖွဲ့ဝင် ၁၈၀ ကျော်ပါ ယင်းအဖွဲ့ နေပြည်တော် အားကစားရွာကို ရောက်စဉ် ကြုံတွေ့ရပုံ အချို့ကို ဗီယက်နမ် အခြေစိုက် သတင်းဌာန VietNam Net Bridge သတင်းတွင် ဖော်ပြထားပြီး ယင်းအနက် “ခြင်” ကား အဓိကပြဿနာ ဖြစ်နေသည်။
အားကစားရွာတွင် တည်းခို နေထိုင်စဉ် ခြင်ကိုက်မှုကြောင့် ညပိုင်းတွင် အိပ်မရသဖြင့် အားအင်များ အလဟဿ ဖြစ်ရကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ယင်းပြဿနာကို စီမံခန့်ခွဲရေး တာဝန်ရှိသူများက ခြင်ထောင်များ ဖြန့်ဝေခြင်းဖြင့် ဖြေရှင်းခဲ့ကြောင်း ယင်းသတင်းတွင် ဆိုထားသည်။
၄၄ နှစ်အကြာတွင် ပထမဆုံး ကျင်းပခွင့်ရသော အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း) အကြိုနေ့ များက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စိုးရိမ်သောကမှာ အားကစားပွဲများတွင် ပရိသတ်မဲ့ ဖြစ်မည်နှင့် လုံခြုံရေးအခြေအနေ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသော်လည်း “ခြင်” ကား ကြားဖြတ်ဝင်လာသော ဇာတ်ကောင် ဖြစ်နေသည်။

ပြိုင်ပွဲကျင်းပပြီး နှစ်ရက်အကြာ ကစားသမားနှင့် သတင်းစာဆရာများ အကြား နောက်ထပ် ကြားလာရသည့် အသံမှာ လုံခြုံရေးဖြစ်သည်။
ဆီးဂိမ်းကို အမျိုးသားအဆင့် လုံခြုံရေး သတ်မှတ်ထားပြီး ငွေကျပ် ခြောက်ဘီလီယံ အကုန်အကျ ခံထားကြောင်း ဆီးဂိမ်းကျင်းပရေး တာဝန်ရှိသူ များက ဆိုထားသည်။ ရဲတပ်ရင်း ၁၉ ရင်းနှင့် ရဲကင်းတဲ တစ်ထောင်ကျော်ကား ရှားရှားပါးပါး မြန်မာ့မြေပေါ်ရောက်လာသည့် ဆီးဂိမ်းကို အပြည့်အဝ စောင့်ကြပ်နေကြသည်။

ယင်းကြောင့် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အထူးတင်းကျပ်ပြီး ကစားသမားများ၊ လာရောက် သတင်းယူသော မီဒီယာများကို ပိုမို ဝန်ပိစေကြောင်း ဝေဖန်မှုများရှိသည်။
လာရောက်ကစားသူများကို သာမက ပြိုင်ပွဲမှအပြန် ကစားသမားများကို နားနေဆောင်များသို့ ပြန်ရာတွင်လည်း ဝင်ခွင့်ကတ်ကို ကွန်ပျူတာဖြင့် စကင်ဖတ် တိုက်ဆိုင်စစ်ဆေးရုံ သာမက ကစားသမား တစ်ဦးချင်းစီ၏ နာမည် စာလုံးပေါင်းများကို သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက စာရွက်ဖြင့် ပြန်လည်ရေးမှတ်သည်။ စက်ရော၊ လက်ပါ စစ်သည့်သဘော။

"ပင်ပန်းပြီးတော့ အဆောင်မှာ နားချင်နေတဲ့ ကစားသမားတွေက တော်တော် စိတ်ကသိကအောက် ဖြစ်တာ တွေ့ရတယ်" ဟု ပြိုင်ပွဲများကို သွားရောက် သတင်းယူနေသော သတင်းစာဆရာ ဦးဇော်သက်ထွေးက ဆိုသည်။
ယင်းတို့ကား နှစ်ရက်ကြာသည် အထိ လူမြင်သူမြင် ကျင်းပနေသော ပြိုင်ပွဲများကြားက ကောက်ကြောင်းအချို့။ ကစားသမားများ၏ စားသောက်နေထိုင်မှု အကြိုအပို့ များနှင့် ဆက်စပ်၍ တွေ့ဆုံ မေးမြန်းရာ ကစားသမား အများစုက “အားလုံးကောင်းပါသည်” ဟု ဖြေဆို ကြသည်။

သို့သော် ပြိုင်ပွဲကျင်းပရန် ရက်အနည်းငယ်သာ လိုတော့ချိန်တွင် ဆီးဂိမ်းဝင် မြန်မာ့လက်ရွေးစင် ကစားသမား တစ်ဦး ဖျားနေသဖြင့် လေ့ကျင့်ကွင်း မဆင်းနိုင်ဘဲ အိပ်ရာပေါ်သာ လှဲနေရကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ရေးသားထား လိုက်ခြင်းသည် အကြံအဖန် မဟုတ်ပါ။

သူပါဝင်ယှဉ်ပြိုင်မည့် ကစားနည်းကို လွန်ခဲ့သော ခြောက်လခန့် ကတည်းက နေပြည်တော်တွင် အထူးစခန်းသွင်း (Gold Camp) လေ့ကျင့်နေသည် ဆိုသော်လည်း သူယင်းနေရာသို့ အမှန်တကယ် ရောက်ချိန်မှာ နိုဝင်ဘာလလယ် ခန့်ကသာ ဖြစ်နေသည်။
အသက် ၁၈ နှစ်ခန့် အရွယ်ရှိ ယင်း ကစားသမား စခန်းရောက်ချိန်တွင် အစားအသောက်များ အဆင်မပြေခြင်း၊ ရေချိုးရန် ရေမရှိခြင်းတို့ မကြာခဏ ကြုံတွေ့ရကြောင်း သူ၏ အစ်မဖြစ်သူက ဆိုသည်။

ယင်းကြောင့် အစားအသောက် များကို အပြင်မှ ဝယ်စားရပြီး ရန်ကုန်နေအိမ်မှ လည်း ခေါက်ဆွဲထုပ်များ မကြာခဏ ပို့ပေးရကြောင်း ၄င်းကဆိုသည်။ အစား မမှန်၊ ပတ်ဝန်းကျင် မကောင်းသောအခါ သူဖျားတော့သည်။
"အိမ်ပြန်လာချင်တယ် ချည်းပဲ ပြောနေတယ်" ဟု အစ်မဖြစ်သူက The Voice သို့ ပြောကြားသည်။
ယင်းကား ဗီယက်နမ်တို့၏ ခြင် အရေးထက် များစွာပိုလိမ့်မည်။

ထိုသို့သော ကိစ္စများနှင့် ပတ်သက်၍ လေ့လာစုံစမ်းရန် ကြိုးပမ်းသော်လည်း Gold Camp၊ ကစားသမားတို့၏ နေရာများတွင် မေးမြန်း သတင်းယူရန် ခက်ခဲဆဲဖြစ်သည်။
မယုံမရှိပါနှင့်။ Gold Camp အဝင်ဂိတ်တွင် “မီဒီယာသမားများ လုံးဝ (လုံးဝ) မဝင်ရ” ဟူသော စာတန်းဖြင့် ကြိုနေပေလိမ့်မည်။

မကြာသေးမီက ရန်ကုန်သို့ ရောက်လာသည့် ကမ္ဘောဒီးယား နပန်းလက်ရွေးစင် ကစားသမား Denpiseth Kang ကမူ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဆီးဂိမ်းထက် မြန်မာက ပိုသာကြောင်း ပြောဆိုသည်။ ရန်ကုန်မြို့တွင်း Central ဟိုတယ်တွင် နေထိုင်သော ၄င်းအတွက် နေထိုင် သွားလာ စားသောက်ရေး အပါအဝင် လေ့ကျင့်ရန် အားကစားရုံများကအစ အားလုံး “အိုကေ” ကြောင်း မှတ်ချက်ပြုသည်။

နောက်တစ်ခုမှာ လက်မှတ်ကိစ္စ ဖြစ်သည်။
ဆီးဂိမ်းလှုံ့ဆော်မှု များကြောင့် တက်ကြွလာသော မြန်မာအားကစား ပရိသတ်များကို ဖွင့်ပွဲ/ပိတ်ပွဲ လက်မှတ်များ၊ ဘောလုံးပွဲ လက်မှတ်များ အဆင်ပြေစွာ မရောင်းချနိုင် ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ပရိသတ်သုံးသောင်းဆံ့ ကွင်းဝင်ခွင့် အတွက် လက်မှတ်တစ်သောင်းကိုသာ ပြင်ပသို့ ရောင်းချခဲ့ခြင်း ကြောင့် တက်ကြွကာ နေပြည်တော်သွားမည် တကဲကဲ ဖြစ်နေသော ပရိသတ်များ မာန်လျှော့ ခဲ့ရသည်။

ဘောလုံးတွင်လည်း ထိုနည်းတူ။ စရောင်းသည့် ရက်တွင် နာရီနှင့်ချီတန်းစီပြီး ဝယ်သော်လည်း ကိုယ်ကြည့်လိုသည့် ပွဲချည်းမရောင်းဘဲ အုပ်စုပွဲ တစ်ခုလုံး ပွဲလက်မှတ်များ ဝယ်မှ လက်မှတ်ရောင်း မည်ဟု ဆိုသဖြင့် ချွေးသိပ် အိမ်ပြန်ခဲ့သူ များလည်း တပုံတပင်။
ပရိသတ်များ စိတ်အဝင်စားဆုံး ဘောလုံးပွဲလက်မှတ် ဝယ်ယူရန် မှတ်ပုံတင် နံပါတ်ကဲ့သို့သော ကန့်သတ်ချက် များခြင်း၊ လိုသလောက် မရောင်းချနိုင်ခဲ့ခြင်း များက ဆီးဂိမ်း အဆွသမားများကြောင့် လှုပ်လာသော ပရိသတ်များကို စိတ်ပျက်စေခဲ့သည်။

ဘောလုံးမှလွဲ၍ မည်သည့် အားကစားနည်းမဆို ကြည့်နိုင်သော လက်မှတ်များကို နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ရောင်းချခဲ့ရာ လက်ရှိအချိန် အထိ စောင်ရေလေးသောင်းကျော် ရောင်း ချခဲ့ရပြီး ဖြစ်ကြောင်း ဝဏ္ဏသိဒ္ဓိ အားကစားရုံ ဂိတ် (၁) ရှိ လက်မှတ်အရောင်း ကောင်တာရှိ တာဝန်ရှိသူ ထံမှ သိရသည်။

သို့သော် ဗွေဆော်ဦး ခြင်းလုံးပြိုင်ပွဲ နှစ်ရက်တာအတွင်း အသင့် ခေါ်ယူလာသော ကျောင်းသားပရိသတ်များ မှအပ ပြင်ပ ပရိသတ်များ မတွေ့ရသေး။
နောက်ထပ်အရေးတစ်ခုမှာ မီဒီယာများ သတင်းယူသည့် ကိစ္စ ဖြစ်သည်။
အစိမ်းရောင် အောက်ခံတွင် အဖြူရောင်စာလုံးဖြင့် ရေးသားထားသည့် Journalist Working Room ဆိုသည့် သတင်းသမားများ အလုပ်ခန်းအတွင်း ဝင်လိုက်သည်နှင့် ခြေလေးချောင်းထောက် စားပွဲရှည် များနှင့် ကျောမှီ ထိုင်ခုံပြာများက တန်းစီစောင့်ကြို နေပေလိမ့်မည်။
နေပြည်တော်ရှိ ကျောက်မျက်ရတနာ ပြတိုက်ကို သတင်းသမားပေါင်း ၁၂၀ အလုပ်လုပ်နိုင်သည့် အလုပ်ခန်းအဖြစ် အသွင်ပြောင်းထားပြီး အေးစိမ့်နေသော အဲယားကွန်းကြောင့် ဇိမ်အတိဟု ထင်ပေ လိမ့်မည်။ သို့သော် သန့်စင်ခန်းများတွင် လက်ဆေးပြီးပါက သုတ်သင်ရန် တစ်ရှူးမရှိပါ။ လက်အခြောက်ခံစက် မရှိပါ။

ခုံများတွင် တပ်ဆင်ထားသော လျှပ်စစ် ပလပ်ခေါင်းများမှာ သတင်းထောက် အချို့၏ လက်တော့ပ်နှင့် မတော်သည့် အတွက် အသစ်ဝယ်ရသည်။ မြန်အောင် လုပ်ပေးမည် ဆို၍ အများကြီး မျှော်လင့်ထားသော အင်တာနက် အမြန်နှုန်းမှာ ထူးမခြားနား။ အားကစားပွဲ များသို့ သွားရောက် သတင်းယူရန် ကားစီစဉ်ထားသည်ဟု ဆိုသော်လည်း မေးမြန်းလိုက်သော အခါ မသိ၊ မရှိ။

"အဲဒါတွေအတွက် သက်ဆိုင်ရာ ကော်မတီတွေကို မေးရင် မသိတာ၊ တာဝန် မယူနိုင်တာ ဆိုတဲ့ သူတွေက များနေတယ်" ဟု မဇ္ဈိမသတင်းစာ SEA Games အစီအစဉ် မှ သတင်းစာဆရာ ဦးရဲရင့်ဌေးက ဆိုသည်။
ယင်းအပြင် ထုံးစံအတိုင်း ပွဲဦးထွက် ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းက မီဒီယာ သတင်းခန်းတွင် မီးပျက်ခဲ့သေးသည်။

မီဒီယာအခန်းတွင်မက ဗီယက်နမ်တို့ နေထိုင်ရာ အားကစားရွာ တွင်လည်း မီးမကြာခဏ ပျက်ကြောင်း VietNam Net Bridge သတင်းတွင် ဖော်ပြထားသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြောသောအခါ ဖြည့်ဆည်းပေးမည်ဟု ဆိုကြောင်း VietNam Net Bridge သတင်းတွင် ဖော်ပြထားသော်လည်း ဝါရင့် အားကစားသတင်းစာဆရာ ဦးဇော်သက်ထွေး အပါအဝင် သတင်းသမား များကိုမူ မည်သူမျှ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိပေ။

"ဌာနတွေက တစ်ခုနဲ့တစ်ခု အချိတ်အဆက် ပြုတ်နေတယ်။ တစ်ခုခု ပြောလိုက်ရင် ဘယ်သူ့မှာ တာဝန်ရှိမှန်း မသိရဘူး" ဟု ၄င်းက ဆိုလေသည်။
ယင်းကိစ္စပင်မက ကျပ် ခြောက်ဘီလီယံ အကုန်အကျခံထားသည်ဆိုသော လုံခြုံရေးယန္တရား အတွင်းတွင်လည်း ထိုသို့ ကြုံနေရကြောင်း IBC (International Broadcasting Center) တွင် တာဝန်ကျသော ရဲအရာရှိတစ်ဦးက ဆိုလေသည်။

"လုံခြုံရေးတာဝန် ယူထားတဲ့ သူတွေကလည်း ဘယ်သူ့စကား နားထောင်ရမှန်း မသိဘူး"
ယင်းကား ပွဲဦးထွက်ရွှေနှစ်ခု ဆွတ်ခူးထားသော အိမ်ရှင်တို့၏ ဆီးဂိမ်း ဗွေဆော်ဦး အပျိုးဇာတ်လမ်း။ တစ်ကျော့ပြန် မြန်မာတို့ မည်သို့လှလှပပ ဇာတ်သိမ်းမည်ကို သန်းခြောက်ဆယ်သော မြန်မာ ပြည်သူများ အပါအဝင် သန်းငါးရာသော အာဆီယံပြည်သူ တို့ကလည်း စောင့်ကြည့် ပေလိမ့်မည်။
လာမည်မကြာမီ။

Reborted by သတင်းအဖွဲ့၊ Written by အယ်ဒီတာအဖွဲ့ 
The Voice Weekly