နိုင်ငံအလိုက် ဆုတံဆိပ်တွေ ရရှိတဲ့ဇယားမှာ
ဒုတိယနေရာ ရပ်တည်ခဲ့ပြီး ရေကုန်ရေခန်း ယှဉ်ပြိုင်ခဲ့ကြတဲ့
အိမ်ရှင်မြန်မာအသင်းရဲ့ အားကစားသမားများနဲ့ တခဲနက် အားပေးကြတဲ့
ပရိသတ်များအား ချီးကျူးဂုဏ်ပြုအပ်ပါတယ်..။
ထို့အတူ လာမယ့် ၂၀၁၅ခုနှစ် စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် ၂၈ကြိမ်မြောက် ဆီးဂိမ်းအတွက် ကျွန်တော်တို့ အားနည်းချက်တွေကို ပြုပြင်ရင်း မြန်မာ့အားကစား နိုင်ငံတကာနဲ့ ယှဉ်ပြီး တခေတ်ပြန်ဆန်းသစ်စေဖို့ အဘက်ဘက်က ကြိုးစားအားထုတ်ကြပါစို့...။
Raking by Olympic Sports
(ဆီးဂိမ်းမှာ ပါဝင်တဲ့ အိုလံပစ် အားကစားပြိုင်ပွဲများမှာ နိုင်ငံအလိုက် ဆုရရှိမှုအဆင့်)
Thailand 73 63 52
Vietnam 47 44 48
Indonesia 37 48 58
Singapore 31 27 34
Malaysia 27 26 41
Myanmar 26 33 42
Philippines 22 24 27
Combodia 5 4 7
Laos 5 2 18
Timor-Leste 0 0 2
Brunie 0 0 1
Ranking by Asian Game Sports
(အာဆီယံဂိမ်းများမှာ နိုင်ငံအလိုက် ဆုရရှိမှုဇယား)
Thailand 81 64 57
Vietnam 55 50 60
Indonesia 43 60 73
Myanmar 35 44 53
Malaysia 35 35 54
Singapore 32 28 37
Philippines 26 28 30
Laos 6 3 24
Combodia 5 4 10
Brunie 1 1 4
Timor-Leste 0 0 2
Number of Sports by Most Champion.
(အားကစားနည်း အလိုက် ဆုတံဆိပ်အများဆုံးရရှိမှု)
THAILAND : 13 sports
VIETNAM : 4 sports
MYANMAR : 6 sports
MALAYSIA : 5 sports
PHILIPPINES : 1 sport
LAOS : 1 sport
INDONESIA : 4 sports
SINGAPORE : 4 sports
စုစည်းဖော်ပြသည်..။
ဒီမိုဝေယံ..
ထို့အတူ လာမယ့် ၂၀၁၅ခုနှစ် စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် ၂၈ကြိမ်မြောက် ဆီးဂိမ်းအတွက် ကျွန်တော်တို့ အားနည်းချက်တွေကို ပြုပြင်ရင်း မြန်မာ့အားကစား နိုင်ငံတကာနဲ့ ယှဉ်ပြီး တခေတ်ပြန်ဆန်းသစ်စေဖို့ အဘက်ဘက်က ကြိုးစားအားထုတ်ကြပါစို့...။
Raking by Olympic Sports
(ဆီးဂိမ်းမှာ ပါဝင်တဲ့ အိုလံပစ် အားကစားပြိုင်ပွဲများမှာ နိုင်ငံအလိုက် ဆုရရှိမှုအဆင့်)
Thailand 73 63 52
Vietnam 47 44 48
Indonesia 37 48 58
Singapore 31 27 34
Malaysia 27 26 41
Myanmar 26 33 42
Philippines 22 24 27
Combodia 5 4 7
Laos 5 2 18
Timor-Leste 0 0 2
Brunie 0 0 1
Ranking by Asian Game Sports
(အာဆီယံဂိမ်းများမှာ နိုင်ငံအလိုက် ဆုရရှိမှုဇယား)
Thailand 81 64 57
Vietnam 55 50 60
Indonesia 43 60 73
Myanmar 35 44 53
Malaysia 35 35 54
Singapore 32 28 37
Philippines 26 28 30
Laos 6 3 24
Combodia 5 4 10
Brunie 1 1 4
Timor-Leste 0 0 2
Number of Sports by Most Champion.
(အားကစားနည်း အလိုက် ဆုတံဆိပ်အများဆုံးရရှိမှု)
THAILAND : 13 sports
VIETNAM : 4 sports
MYANMAR : 6 sports
MALAYSIA : 5 sports
PHILIPPINES : 1 sport
LAOS : 1 sport
INDONESIA : 4 sports
SINGAPORE : 4 sports
စုစည်းဖော်ပြသည်..။
ဒီမိုဝေယံ..
27th SEA Games: Closing Ceremony
Liveနဲ့ အစအဆုံး ပြန်လည် ကြည့်ရှုနိုင်ပါပြီ...။
နိုင်ငံအလိုက်ရရှိတဲ့ ဆုတံဆိပ်ဇယား
http://www.youtube.com/watch?v=c2AligO04sU
http://www.youtube.com/watch?v=c2AligO04sU
မြန်မာအမျိုးသမီးတွေ ရွှေရတယ်..
ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
မြန်မာအမျိုးသမီးဘောလုံးအသင်း..
မြန်မာနှင့်ထိုင်း ထိုင်းနှင့်မြန်မာဘောလုံးပွဲ
သူနိုင်ကိုယ်နိုင်အပြိုင်နွှဲခဲ့ကြစဉ်
ပွဲစလို့ ဆယ့်တစ်မိနစ်
မြန်မာက ကန်သွင်းပစ်ခဲ့ပေမဲ့
ဒိုင်ရဲ့အညစ်ခံရ ဂိုးမရခဲ့ကြ စိတ်ဓါတ်မကျခဲ့ဘူး။
ထိုင်းဘက်က ကန်သွင်းတဲ့ဘော
လူကျွန်ဘောပေမဲ့ ဂိုးပေးခဲ့ရ စိတ်ဓါတ်မကျခဲ့ကြဘူး။
ရေကုန်ရေခမ်း အံ့မခမ်းစရာစိတ်ဓါတ်
မနေမနား အစွမ်းကုန်ကြိုးစားသွားကြ
အားကစားစိတ်ဓါတ် တကယ်ပြည့်ဝလို့
ဘယ်သူတွေ မပေးပေး
ဒို့ပြည်သူတွေကပေးလိုက်တယ်
မြန်မာအမျိုးသမီးတွေ ရွှေရတယ်။
ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
မြန်မာအမျိုးသမီးဘောလုံးအသင်း..
မြန်မာနှင့်ထိုင်း ထိုင်းနှင့်မြန်မာဘောလုံးပွဲ
သူနိုင်ကိုယ်နိုင်အပြိုင်နွှဲခဲ့ကြစဉ်
ပွဲစလို့ ဆယ့်တစ်မိနစ်
မြန်မာက ကန်သွင်းပစ်ခဲ့ပေမဲ့
ဒိုင်ရဲ့အညစ်ခံရ ဂိုးမရခဲ့ကြ စိတ်ဓါတ်မကျခဲ့ဘူး။
ထိုင်းဘက်က ကန်သွင်းတဲ့ဘော
လူကျွန်ဘောပေမဲ့ ဂိုးပေးခဲ့ရ စိတ်ဓါတ်မကျခဲ့ကြဘူး။
ရေကုန်ရေခမ်း အံ့မခမ်းစရာစိတ်ဓါတ်
မနေမနား အစွမ်းကုန်ကြိုးစားသွားကြ
အားကစားစိတ်ဓါတ် တကယ်ပြည့်ဝလို့
ဘယ်သူတွေ မပေးပေး
ဒို့ပြည်သူတွေကပေးလိုက်တယ်
မြန်မာအမျိုးသမီးတွေ ရွှေရတယ်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
တို့ မြန်မာအမျိုးသမီး ဘောလုံးအသင်း ယနေ့မှစ၍ နှစ်တရာတိုင်စေ..
ယနေ့ ရလဒ်အတွက် ကျေနပ်သည်..။
အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် ပရိသတ် လိုအပ်နေတဲ့ အချိန် မိနစ်ပိုင်းများအတွင်း ချေပဂိုးများသွင်းပြီး ပရိသတ် လိုအပ်ချက်များကို ကာရံမိ၊ ရသမြောက်စွာ ပရိသတ်အကြိုက် ဖြည့်စည်းပေးခဲ့သည့် တို့မြန်မာအမျိုးသမီး ဘောလုံးအသင်း ယနေ့မှစ၍ နှစ်တရာတိုင်စေ..
ဒီမိုဝေယံ
ယနေ့ ရလဒ်အတွက် ကျေနပ်သည်..။
အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် ပရိသတ် လိုအပ်နေတဲ့ အချိန် မိနစ်ပိုင်းများအတွင်း ချေပဂိုးများသွင်းပြီး ပရိသတ် လိုအပ်ချက်များကို ကာရံမိ၊ ရသမြောက်စွာ ပရိသတ်အကြိုက် ဖြည့်စည်းပေးခဲ့သည့် တို့မြန်မာအမျိုးသမီး ဘောလုံးအသင်း ယနေ့မှစ၍ နှစ်တရာတိုင်စေ..
ဒီမိုဝေယံ
Miss International 2013 မှာ မန္တလေးသူ
ဂုဏ်ရည်အေးကျော် People Choice Award ဆုရရှိခဲ့ပြီး ဇာခန်းဆီး နောက်ကွယ်က
မမြင်ရတဲ့ မေးခွန်းထုတ်ဖွယ် Online Pollတွေကြောင့် Miss Internet ဆုနဲ့
လွှဲချော်ခဲ့ရ..
ဒီနှစ် Miss International 2013 ဖိုင်နယ်ပွဲကို ဝင်ရောက်ကြည့်ရှု မှတ်တမ်း တင်ခွင့်ရခဲ့သည်..။ ခမ်းနားလှတဲ့ ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အတူ နိုင်ငံပေါင်း(၆၇)နိုင်ငံမှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်....။
အာရှ ထိပ်တန်းနိုင်ငံများနှင့် ဥရောပထိပ်တန်း နိုင်ငံများကြားမှာ နိုင်ငံ့ကိုယ်စားပြု မြန်မာမယ်အနေနဲ့ ယခုနှစ်မှာတော့ မြန်မာနိုင်ငံမှ Miss Myanmar 2013 မန္တလေးသူ ဂုဏ်ရည်အေးကျော်မှ ဒုတိယမြောက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်.။
National Costume မှာတော့ ဂုဏ်ရည်အေးကျော်မှ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား ကချင်ရိုးရာ ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီနေရာမှာ တခုပြောလိုတာက မြန်မာတွေ မျှော်လင့်နေကြတဲ့ Miss Internet ဆုပါ..။ ဒီဆုကိုတော့ မကာအိုနိုင်ငံ အလှမယ်က ရရှိသွားခဲ့သည်..။ ပြောရရင်တော့ Miss International 2013 မတိုင်မှီ ပေါ်ထွက်လာတဲ့ Official site တပိုင်း online pollsတွေပါ..။ ဟိုကထွက် ဒီကထွက်နဲ့ ပြိုင်ပွဲ နောက်ဆုံးနေ့မတိုင်မှီ အထိ online polls (၆)ခုထိ ပေါ်ပေါက်ခဲ့ပြီး မြန်မာမယ်ကို မဲပေးသူတွေအတွက် တွေဝေစေစရာ ဖြစ်ခဲ့ပါတယ်..။ ပွဲမစတင်မှီ စတင်ခဲ့တဲ့ Official site လို့ယူဆရတဲ့ Online Vote တွေမှာ (မြန်မာတွေ မသိလိုက်တဲ့ အချိန်အတွင်း) စတင်ချိန်မှာတော့ တခြားနိုင်ငံသူတွေက ဦးဆောင်နေခဲ့ပြီး မျိုးချစ်မြန်မာတွေရဲ့ စုပေါင်းကြိုးစား Vote ပေးမှုကြောင့် Online Polls တိုင်းမှာ အဆပေါင်းများစွာ မဲအသာနဲ့ ဦးဆောင်ခဲ့ပါတယ်..။
ဒီနေရာမှာ ဒီနေ့ ဆုချီးမြှင့်ခဲ့တဲ့ Vote Result ကိုမပြတဲ့ http://beautycity.jp/miss2013/prof_list.asp#myanmar ဂျပန်လင့်ခ် အကြောင်းပြောလိုပါတယ်။ ပွဲစတင်တဲ့ (၇)ရက်နေ့ နောက်ပိုင်းမှ Vote လုပ်လို့ရမှန်းသိရှိခဲ့ပြီး ထူးခြားတာကတော့ တခြားလင့်ခ်တွေနဲ့ မတူ တနေ့ကို နိုင်ငံတကာမယ်(၃)ဦးအထိ Vote နိုင်တယ်ဆိုတဲ့ မရှင်းမလင်း ရေးသားချက်ပါ။ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော်ကို Voteပြီး နောက်တကြိမ်ထပ် Vote တယ်ဆိုရင် ဂျပန်စာနဲ့ Error တက်လာတာပါပဲ.။
တခြားမတူညီတဲ့ မယ်(၂)ဦးကို ထပ်မံVote ရင်တော့ Vote ခွင့်ပြုပါတယ်..။
ဒီ့အတွက်ကြောင့် မြန်မာမယ်ကို ထပ်မံVoteပြီး ဂျပန်စာနဲ့ Error တက်လို့ ပြန်ထွက်သွားသူတွေ ဒီ Voteနဲ့ အကျုံးဝင်မဝင်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်..။ (ဒီအွန်လိုင်း http://beautycity.jp/miss2013/prof_list.asp Vote မှာ စတင်ကတည်းက ရိုးသားမှု မရှိတာကတော့ ဂုဏ်ရည်အေးကျော် အမည်နေရာမှာ အာရပ်အမျိုးသမီးနာမည် တခုနဲ့ မှားယွင်းဖော်ပြခဲ့တာကို Complainတက်ခဲ့ပေမယ့် ချက်ချင်းပြင်ဆင်ပေးခြင်း မရှိခဲ့ပါဘူး) လေးငါးရက်ခန့် အကြာမှ ပြင်ဆင်ပေးပါတယ်..။ အဆုံးသတ်မှာတော့ MISS INTERNET ဆုကို မျှော်လင့်မထားတဲ့ မက္ကာအိုမယ် ရရှိသွားခဲ့ပါတယ်..။ လာမယ့် ၁၉ရက်မှာတော့ အဆိုပါဆိုဒ်မှာ မဲအရေအတွက် ဖော်ပြပေးမယ်လို့ မျှော်လင့်ရပါတယ်..။ အွန်လိုင်း Polls တိုင်းမှာ မြန်မာမယ် ဂုဏ်ရည်အေးကျော် ရရှိတဲ့အတွက် အဆိုပါ Vote Result မပြတဲ့ Miss Internet ဆုဟာ ဇာခန်းဆီးနောက်ကွယ်က မေးခွန်းထုတ်ဖွယ် အဖြစ်အပျက်တွေပါ..။
ဒီနှစ်ရဲ့
Miss International ဆုကတော့
ဖိလိပိုင် နိုင်ငံသူ Bea Rose Santiagoက ရရှိသွားပြီး
ဒုတိယဆုကိုတော့ နယ်သာလန် နိုင်ငံသူ Nathalie den Dekker နဲ့
တတိယဆုကတော့ နယူးဇီလန်နိုင်ငံသူ Lorena Hermidaတို့ ရရှိသွားခဲ့ပါတယ်..။
EST NATIONAL COSTUME - ARUBA
MISS FRIENDSHIP - NEW ZEALAND
MISS INTERNET - MACAU
MISS PHOTOGENIC - LITHUANIA
ဒီနေရာမှာ ထူးခြားတာကတော့ Miss International ပြိုင်ပွဲဝင်နေတဲ့ ဖိလိပင်း မယ်အား ဂျပန်နိုင်ငံမှာ အာဆီယံ ဂျပန် အစည်းအဝေး လာတက်နေတဲ့ ဖိလိပိုင်
သမ္မတကိုယ်တိုင် Camp ဝင်နေချိန်မှာ လာရောက်တွေ့ဆုံ အားပေးခဲ့ပြီး ဖိလိပင်းမယ် အောင်နိုင်ရေးအတွက် ယခင် Miss International ဆုရရှိခဲ့ဘူးတဲ့ ဖိလိပင်းမယ်ဟောင်း ကိုယ်တိုင် နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ ကိုယ်တိုင်လေ့ကျင့် ပေးခဲ့တာပါ..။ ဒါတွေဟာ တခြားသောနိုင်ငံတွေမှာ နိုင်ငံဂုဏ်ဆောင်မယ်တွေကို မည်မျှအလေးထားတယ် ဆိုတာ သင်ခန်းစရာ အချက်တွေပါ.။
ယနေ့ပြိုင်ပွဲသို့ တိုကျိုမြို့နဲ့ မြန်မာနိုင်ငံမှ ခေတ္တရောက်ရှိနေသူ မြန်မာနိုင်ငံသားများမှ သွားရောက် အားပေးခဲ့ကြပါတယ်..။ နိုင်ငံပေါင်း ၆၇နိုင်ငံမှ အလှမယ်များအား လာရောက် အားပေးမှုတွင် ဖိလိပိုင်နှင့် မြန်မာနိုင်ငံသား လာရောက်အားပေးသူ အများဆုံးဖြစ်သည်။
ယနေ့ ပြိုင်ပွဲအပြီး People Choice Award ဆုရရှိခဲ့တဲ့ Miss Myanmar International ဂုဏ်ရည်အေးကျော်မှ အများမျှော်လင့် တောင့်တနေတဲ့ ဆုတံဆိပ်တွေ ဆောင်ကြည်းမပေးနိုင်တဲ့ အတွက် အထူးဝမ်းနည်းမိကြောင်း၊ မြန်မာပြည်တွင်း၊ ပြည်ပမှ ထောက်ခံအားပေး ကူညီပံ့ပိုးခဲ့ကြသူများနဲ့ ဖေ့စ်ဘွတ်ခ်၊ အွန်လိုင်းမှ ပရိသတ်များအား အထူးကျေးဇူးတင်ရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်..။ လာမယ့် ၂၂ရက်နေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံပွဲ ပြုလုပ်မှာဖြစ်ပြီး အဆိုပါပွဲမှ ရရှိတဲ့ ရံပုံငွေများအား ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
သတင်း၊ ဓာတ်ပုံ http://missosology.org/၊ ဒီမိုဝေယံ
ပရိသတ်....
ဒီနေ့ အင်ဒိုနဲ့ ပွဲမှာ ပရိသတ်ပေါက်ကွဲ တာကို အပြစ်တင် မစောကြပါနဲ့ ကိုယ့်မြန်မာအသင်းကို ဖြစ်စေချင်တဲ့ဇော၊ နိုင်စေချင်တဲ့ဇောကြောင့် ဝင်ခွင့်လက်မှတ်ကို ပုဆိုးမနိုင် ပုဝါမနိုင် နေပူကြဲတဲမှာ တိုးကြိတ်ဝယ်ယူ၊ မရတော့လည်း ရှိတာလေး ပေါင်နှံမှောင်ခိုဈေးမှာ ၁၀ဆမက ဈေးနဲ့ဝယ်ယူ...။ အလုပ်ပျက်၊ အကိုင်ပျက် ရည်မှန်းချက် မျှော်မှန်းချက်တွေ အပြည့်နဲ့ အားပေးခဲ့ရရှာတာပါ..။ ရှုံးပြီဆိုတဲ့ အသိကို လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့ အချိန်မှာ Tempo မထိန်းနိုင်တဲ့ ပရိသတ်အချို့ ပေါက်ကွဲခဲ့ကြပြီပေါ့..။
ဘောလုံးကွင်းထဲမှာ သံပြိုင်အားပေး၊ တက်လာတဲ့ Tempo ကိုရှုံးတယ်ဆိုတဲ့ Breakဆွဲချလိုက်တော့ အရှိန်မထိန်းနိုင်ပဲ ပေါက်ကွဲမှုတွေ ဖြစ်ကုန်ကြရရှာပြီပေါ့..။ ကိုယ့်ပြည်ကိုယ့်မြေမှာ အုပ်စုပွဲမှာပင် ထွက်ရတယ်ဆိုတဲ့ ရလဒ်ဟာ ပရိသတ်အတွက် ခဲလေသမျှ သဲရေကျခဲ့ရတာပါ..။
မြန်မာအသင်း...
ဂိုးတလုံးဝင်ရင် သိန်းတရာ(ဒေါ်လာ၁သောင်း)ဆိုတဲ့ ဘဏ်တခုရဲ့ ငါးစာဟာလည်း ဘောလုံးသမားတွေအတွက် အိပ်မက်တခု ဖြစ်စေသလို Selfish ဆိုတဲ့ စိတ်ဓာတ်ကို ရိုက်သွင်းပေးသလို ဖြစ်နေတော့ မြန်မာနိုင်ငံလို ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်း ထပ်တူကြဖို့ မဖြစ်နိုင်တဲ့ အားကစားသမားတွေ အတွက် သိန်းတရာအရေး သူနိုင်ကိုယ်နိုင် အပြိုင်သွင်းကြပြီပေါ့။ ဒီပွဲကို ပြန်ကြည့်လိုက်တော့လည်း ပယ်နယ်တီဆိုတဲ့ အဆုံးအဖြတ် တခုဟာ အနိုင်အရှုံးရဲ့ အဖြေဖြစ်ခဲ့ရပါတယ်..။
နည်းပြ...
ဒီနေ့ Lineup စကတည်းက သရေဆိုရင် တက်ပြီဆိုတဲ့ တက်မ ထောင်မှုနဲ့ အရံတွေကို ထုတ်သုံး ပြိုင်ဘက်အသင်းကို အထင်သေး လူရွေးမှား လူသွင်းမှားတဲ့ အဓိကတာဝန်ရှိသူ တဦးလို့ မြင်ပါတယ်...။
ဒိုင်...
ဒိုင်သူ့အလုပ် သူလုပ်တယ်ဆိုပေမယ့် ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်သလို မလိုအပ်ပဲ ပစ်ဒဏ်ဘောတွေ ပေးနေတဲ့အတွက် ဝီစီသံတရွှင်ရွှင်နဲ့ ဘောလုံးအရသာ ပျက်ခဲ့ရပါတယ်..။
ပရိသတ်.. အတိုင်းထက်အလွန် အားပေးခဲ့ကြသည်။ ရည်မှန်းချက် ကြီးမားခဲ့ကြသည်.။
သို့ပေတည့် ကျွန်တော်တို့တတွေ ဘယ်လောက်ပင် ဘောလုံးသမားတွေ ကောင်းကောင်း လူမှန် နေရာမှန် မသုံးတတ်သရွေ့၊ အားကစားနဲ့ အသက်မွေးဝမ်းကြောင်းမှု တထပ်တည်း မကျသရွေ့၊ ဘောလုံးနဲ့ အားကစားကို ငယ်စဉ်ကတည်းက ကျောင်းတွေမှာ လေ့ကျင့်မပျိုးထောင်သရွေ့၊ ကျောင်းတိုင်းမှာ ကစားကွင်းတွေ သတ်သတ်မှတ်မှတ် မထားပေးသရွေ့၊ ဘယ်လောက်ပင် တော်တော် လူကြီးနဲ့ နီးစပ်သူတွေ အကပ်ကောင်းသူတွေသာ ရွေးချယ်ခံရတဲ့ လူကြီးခေတ် မကုန်သရွေ့၊ မီးခဲပြာဖုံးတွေ အပေါ်မရောက်သရွေ့၊ ရွှေပြည်တော် မျှော်လေတိုင်းဝေးနေဦးမှာပါ။
အချုပ်အားဖြင့် ဆိုသော်...
မြန်မာဘောလုံးအသင်းကို နိုင်စေချင်တဲ့ ကျွန်တော်တို့တတွေ
မြန်မာဘောလုံးအသင်း ကိုယ့်နိုင်ငံ့ကိုယ်စားပြု ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေသရွေ့ မှတပါး အခြားမရှိသည့်အတွက် ဆက်လက် အားပေးနေကြရဦးမှာပါ..။
လူမှန်နေရာမှန်ခေတ်နဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းမှု ထပ်တူကျတဲ့တနေ့ မြန်မာဆိုတဲ့ အိပ်ပျော်နေတဲ့ နဂါး ပြန်လည် နိုးထလာမှာပါ..။
ဒီမိုဝေယံ
အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ
နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ မကျေနပ်ရန်ကုန်မြို့သုဝဏကွင်းတွင် ကစားနေသော အုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွင် မြန်မာယူ-၂၃ အသင်မှာ အင်ဒိုနီးရှား ယူ-၂၃ အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီဖြစ်သည်။ မြန်မာအသင်းမှာ ပထမပိုင်းတွင် ပွဲထွက်စာရင်း၌ ကြည်လင်းကို ဒဏ်ရာကြောင့် အသုံးမပြုနိုင်ခဲ့ဘဲ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာသည် ကောင်းစည်သူကို အထောင်တိုက်စစ်မှူးအဖြစ်ထားကာ ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။
ပထမပိုင်းတစ်ပိုင်းလုံး မြန်မာအသင်းမှာ ကစားကွက်မမိခဲ့ဘဲ တိုက်စစ်မှာလည်း တစ်ဖက်အသင်းကို လုံးဝခြိမ်းခြောက်နိုင်ခဲ့ခြင်း
`` First Lineup ထုတ်ကတည်းက ဘာဖြစ်လို့ ကျော်ကိုကို ကို မထည့်ခဲ့တာလဲ၊ ကြည်လင်းမကစားနိုင်တာကို သိပါတယ်။ ကြည်လင်းမကစားနိုင်လည်း ကျော်ကိုကိုနဲ့ ကျော်ဇေယျာဝင်း တွဲထုတ်လို့ ရတာပဲ။ အဓိကမြန်မာအသင်း ရှုံးရတာ လူထုတ်ပုံညံ့ဖျင်းလို့ပဲ။ ဒီလောက်အရေးကြီးတဲ့ပွဲမျိုးမှာ ဘာစိတ်ကူးနဲ့ ဒီလို လုပ်ရသလဲလို့ နည်းပြပတ်ဆောင်ဟွာကို မေးချင်တယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေ ဆုံးရှုံးရတာ သူ့အပေါ်မှာ လုံးလုံးတာဝန်ရှိတယ်´´ ဟု သုဝဏကွင်းအတွင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သ
EMG
ဒီကနေ့ အရေးကြီးတဲ့ ကိစ္စတခုတောင် မသွားဖြစ် မြန်မာပွဲကို မျိုးချစ်စိတ် အပြည့်ဖြစ် ကြည့်ရှုမိတယ်..။
၁.မကြည့်မဖြစ် ကြည့်ဖြစ်အောင် တိုက်ရိုက် ရုပ်သံလွှင့်သူ Sky Net.
၂.သန်း(၆၀) မြန်မာပြည်သူ၊ ပြည်သားများ ရင်ဝကို စောင့်ကန်သူ မြန်မာဘောလုံးအသင်း၊
၃.ခေါင်းကိုက်ခံ နှလုံးတုန် ရင်ခုန် ယခင် မြန်မာဘောလုံးအသင်း သမိုင်းများရှိသော်လည်း မနာမမှတ် အားပေးဖြစ်အောင် အားပေးသူ ကျွန်တော်မျိုး.. ငမိုက်သား
ဤ ၃ဦး ၃ဖလှယ်တွင် မျှော်လင့်ချက် ထားမိသူ ကျွန်ုပ်သာလျှင် အပြစ်ရှိပါကြောင်း..
သို့ပေတည့် မြန်မာဘောလုံး အရေးကြီးတဲ့ နိုင်ငံ့ကိုယ်စားပြု ကန်တဲ့ပွဲတိုင်းမှာ မြန်မာနိုင်ငံသား တဦးအနေနဲ့ ဆက်လက်အားပေး နေဦးမှာပါ..။
ဒီမိုဝေယံ
မြန်မာ - ထိုင်း ဘောပွဲ ကြည့်ပြီး သကာလ အတွေးများ ပလုံစီဧ။် ။
မြန်မာအသင်းဧ။် ကစားအား၊ ကြိုးစား အားထုတ်မှု လိုသည်ထက်ပင် ပိုသေးဧ။် ။
အင်မတန် ကြိုးစားကြဧ။်။ ပြေးကြ လွှားကြဧ။်။
နိ့ပေမယ့် အမှတ်ပေးစနစ်သည် တသင်းလုံးမှ ထွက်သည့်ချွေးကို
အရည်ညှစ်ချပြီး သတ်မှတ်ခြင်းမျိုး မဟုတ်။ နိုင်မှ ၃ မှတ်ပေးခြင်း ဖြစ်သည် ။
အနိင်မရ သဖြင့် မချိတင်ကဲ ဖြစ်ရဧ။် ။ ယင်းပွဲကို ပြန်ကြည့်သောအခါ ...
(၁) ကျော်ဇေယျာဝင်း
ဟမ္ဗူရာဘီဧ။် ကိုဓ ဥပဒေအတိုင်းသာ စီရင်မည် ဆိုလျှင် နှစ်လုံး ဖြုန်းသော
အနှီသူငယ် အခြောက် ဖြစ်ဖို့ သေချာသည် ။ ပထမ အလုံး ဆိုလျှင်
ညာဘက်မှာ လွတ်နေသော အသင်းဖော်ကို မပေး ။ တိုက်ရိုက် ကန်ပစ်ပုံမှာ
စုံစမ်းစစ်ဆေးရေး ကော်မရှင်ပင် ဖွဲ့ချင်စရာကောင်းဧ။် ။ ဦးအောင်မင်း နှင့်
ဗိုလ်ချုပ်ဂွမ်မော် တွဲကစားလျှင်ပင် ဝမ်းတူး ရိုက်ပြီး ဂိုးသွင်းနိင်သေးဧ။် ။
ဒုတိယ အလုံးမှာ သာ၍ ဆိုးဧ။် ။ သူငယ်မ ခင်ဝင့်ဝါ ၊ မိုးစက်ဝိုင် တို့ ကန်လျှင်ပင်
ထိုင်းဂိုးသမားလေး မျက်ရည်ကျဖို့ သေချာသည် ။ နို့ပေမယ့် အနှီ သူငယ်
လွဲကန်သဖြင့် မြန်မာပြည်ဧ။် ဟာ ၊ ဟင် သံ အမေရိကန်မှ ကြားလောက်ဧ။် ။
(၂) ကျော်ကိုကို
အနှိုင်းမဲ့ သိုင်းကျမ်း ရထားသော သိုင်းသမား ဂူအောင်း သိုင်းကျင့်နေသည့်နှယ်
ဘယ်ဝင်းတလျှောက် ဇာတ်မြှပ်နေသော လူထူးဆန်း ဘောလုံးသမား ဖြစ်သည် ။
တချက်တချက် ပေါ်ထွက်လာသော်လည်း စီရိုနယ်ဒို ဝမ်းချုပ်နေသော အမူအရာဖြင့်
မန္တန်ရွတ်သယောင် ၊ ဂါထာ ဖတ်သယောင် ရေရွတ်ပေါက်ကွဲနေသော သူငယ်ဖြစ်သည် ။
လူပေးရန် ဝန်လေးခြင်းကား သူဧ။် အရည်အချင်း တခု ။
(၃) ကြည်လင်း
ပျူခေတ် ၊ ဟန်လင်းခေတ်နှင့် ကုန်းဘောင်ခေတ် အနှောင်းပိုင်းမှစ၍ မြန်မာဘောလုံးအသင်းသည်
" အားထားရလေ နာကျင်လေ " ဟူသော ဆောင်ပုဒ်အတိုင်း တိကျစွာ လိုက်နာခဲ့သည် ။
ယခင် ပွဲများတွင် ကြည်လင်း ကောင်းစွာ ကစားနိင်သဖြင့် ယနေ့ပွဲ နာကျင်ရမည် ဖြစ်သည် ။
ဗေဒင် မေးစရာ မလို။ နက္ခတ် ကြည့်စရာ မလို။ ကျော်ကိုကို နှင့် ကျော်ဇေယျာဝင်း ယနေ့ပွဲ
မကောင်းသဖြင့် နောက်ပွဲ ဒဏ်ရာ မရနိုင်။ နောက်ပွဲ ကောင်းကြလျှင်မူ ဆီမီဖိုင်နယ်ပွဲ ဒဏ်ရာ ရနိင်မည် ။
ယင်းကား မြန်မာအသင်းဧ။် ဒဏ်ရာရတွက်ချက်ပုံ ဖော်မြူလာ ဖြစ်ဧ။်။
ညာနောက်ခံလူ ရန်အောင်ဝင်းကား ပယောဂ မိထားသကဲ့သို့ ထိုင်းတောင်ပံကစားသမားဧ။် မာယာကျော့ကွင်းတွင် နှောင့်ဖွဲ့မိနေဧ။်။ ယနေ့ပွဲ ဒေးဗစ်ထန် ကောင်းဧ။် ။ ထို့ကြောင့် နာဧ။် ။
မြန်မာအသင်းသားများ ဘောလုံးဖျက်ထုတ်ပုံမှာ အာဖရိကလူရိုင်းများ ဆင်လိုက်သည့်နှယ် ။ ကြမ်းသည် ရမ်းသည်။ ထိုင်းက နုသည် နွဲ့သည် ။ ကွင်းဘေးတွင် နှဲဖြင့်သာ စိတ်ရှိတိုင်း ထိုင်ချွဲလိုက်လျှင် ပရိသတ် မျက်ရည် စို့နိင်သည်။ ထိုင်းက ကစားကွက်ဖြင့် ဂိုးမရနိင်မှန်း သိသည် ။ သို့နှင့် ၁၈ ကိုက် ဂိုးစည်းရှေ့ ဟန်ရေးပြသည်။ မြန်မာ ကာလသားများက မယ်သီတာကို တွေ့လိုက်သည့် ဒဿနှယ် အတင်း အနုကြမ်း ဝင်စီးဧ။်။ ထိုင်းက ခွေဧ။် ၊ ခေါက်ဧ။် ။ ဒိုင်က စိတ်ညစ်၍ တည်ကန်ဘော ပေးဧ။် ။ သို့နှင့် ဂိုးဧ။် ။
နိင်အောင် ကြိုးစားရမည်မှာ အားကစားသမား တာဝန်ဖြစ်သည် ။
သေလုမြောပါး အားပေးရမည်မှာ ပရိသတ် တာဝန်ဖြစ်သည် ။
နိင်လျှင် ပရိသတ် ပေါက်ကွဲမည် ဖြစ်သည် ။
မနိင်လျှင်လည်း ပေါက်ကွဲမည် ဖြစ်သည် ။
ဇာတ်ပေါင်းသော် ယနေ့ မြန်မာနိင်ရမည် ဖြစ်သည် ။ သို့သော် မနိင် ။ မနိင်၍ ဖုဧ။် ၊ တင်းဧ။် ။
သို့နှင့် ပေါက်ကွဲဧ။် ။ ရေပွက်မျှသာတည်း ။ မသေသေး သရွေ့ မြန်မာကိုသာ အားပေးမည် ဖြစ်ဧ။် ။
ဆဲတော် မမူကြလင့်။ ပြီးပါပြီ ။
Credit- လူငယ်တယောက်ဧ။် ရင်ကွဲပက်လက် လမ်းဆုံ
ဆီးဂိမ်းနဲ့ အပြိုင် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင်နေတဲ့
မန္တလေးသူ MISS MYANMAR ဂုဏ်ရည်အေးကျော် Miss Internet ဆုအတွက် (၂)ရက်တာ
လိုပါတော့တယ်..။ တို့မြန်မာတွေ အားစိုက် Vote ပေးကြပါဦး..
တို့မြန်မာတွေ (၂)ရက်တာ လိုတော့တဲ့ အတွက် အားစိုက် Vote ပေးကြပါဦး..
အင်တာနက် အွန်လိုင်း Vote ပြီးဆုံးရန် (၂)ရက်သာ လိုတော့သည်..။ မျိုးချစ် ပြည်ချစ် မြန်မာတွေရဲ့ ကြိုးစားအားပေးမှုကြောင့် ရလာဒ်ကောင်းများကို မြင်တွေ့နေရပြီ ဖြစ်သည်။
(၁)Result အဖြေမမြင်ရတဲ့ ဂျပန်ဆိုဒ်တခုဖြစ်တဲ့ http://359906.tbits.me/?option_id=444280 မှာတော့ တနေ့ကို (၃)ယောက်အထိ မတူတဲ့သူ (၃)ဦးကို VOTE ခွင့် ပေးထားတဲ့ အတွက် ကျန်တဲ့ ရက်တွေမှာ တို့မြန်မာတွေ MISS MYANMAR ဂုဏ်ရည်အေးကျော် တဦးတည်းကိုသာ VOTEပေးကြဖို့ အကြံပြု လိုပါတယ်..။ (တနေ့ ၃ဦးထိ မဲပေးလို့ရပြီး တဦးတည်း မဲပေးလို့ မရဆိုတာ ရေးသားထားခြင်း မရှိလို့ ယူဆပါတယ်..)
(၂) မျိုးချစ် မြန်မာတွေရဲ့ တခဲနက် Voteပေးခဲ့မှုကြောင့် Result မြင်ရတဲ့ Vote တခုဖြစ်တဲ့ http://359906.tbits.me/?option_id=444280မှာတော့ မဲ(၂)ထောင် နီးပါးခန့် သာလွန်နေပါပြီ..။ သို့ပေတည့် ပန်းတိုင်မရောက်ခင် စိတ်ချရတဲ့အထိ ဆက်လက် Vote ပေးဖို့တောင်းဆို ပါရစေ...။
ဆီးဂိမ်းနဲ့ အပြိုင် Miss Internet ဆုကို အရယူနိုင်ဖို့ အတွက် ကမ္ဘာမှာ တို့မြန်မာ ပရိသတ်ကို သတိမပြုပဲ မနေနိုင်ရလေအောင် ဆက်လက်ကြိုးစား Vote ပေးကြဖို့ တောင်းဆိုပါရစေ....။
အားပေးကူညီကြတဲ့ ပရိသတ်အပေါင်းအားလည်း ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် ဖေ့စ်ဘွတ်ခ်နဲ့ အွန်လိုင်း ပရိသတ်ကြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေကြောင်း ယနေ့ MISS MYANMAR ဂုဏ်ရည်အေးကျော်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်..။
Admin..
https://www.facebook.com/GonyiAyeKyaw
အင်တာနက် အွန်လိုင်း Vote ပြီးဆုံးရန် (၂)ရက်သာ လိုတော့သည်..။ မျိုးချစ် ပြည်ချစ် မြန်မာတွေရဲ့ ကြိုးစားအားပေးမှုကြောင့် ရလာဒ်ကောင်းများကို မြင်တွေ့နေရပြီ ဖြစ်သည်။
(၁)Result အဖြေမမြင်ရတဲ့ ဂျပန်ဆိုဒ်တခုဖြစ်တဲ့ http://359906.tbits.me/?option_id=444280 မှာတော့ တနေ့ကို (၃)ယောက်အထိ မတူတဲ့သူ (၃)ဦးကို VOTE ခွင့် ပေးထားတဲ့ အတွက် ကျန်တဲ့ ရက်တွေမှာ တို့မြန်မာတွေ MISS MYANMAR ဂုဏ်ရည်အေးကျော် တဦးတည်းကိုသာ VOTEပေးကြဖို့ အကြံပြု လိုပါတယ်..။ (တနေ့ ၃ဦးထိ မဲပေးလို့ရပြီး တဦးတည်း မဲပေးလို့ မရဆိုတာ ရေးသားထားခြင်း မရှိလို့ ယူဆပါတယ်..)
(၂) မျိုးချစ် မြန်မာတွေရဲ့ တခဲနက် Voteပေးခဲ့မှုကြောင့် Result မြင်ရတဲ့ Vote တခုဖြစ်တဲ့ http://359906.tbits.me/?option_id=444280မှာတော့ မဲ(၂)ထောင် နီးပါးခန့် သာလွန်နေပါပြီ..။ သို့ပေတည့် ပန်းတိုင်မရောက်ခင် စိတ်ချရတဲ့အထိ ဆက်လက် Vote ပေးဖို့တောင်းဆို ပါရစေ...။
ဆီးဂိမ်းနဲ့ အပြိုင် Miss Internet ဆုကို အရယူနိုင်ဖို့ အတွက် ကမ္ဘာမှာ တို့မြန်မာ ပရိသတ်ကို သတိမပြုပဲ မနေနိုင်ရလေအောင် ဆက်လက်ကြိုးစား Vote ပေးကြဖို့ တောင်းဆိုပါရစေ....။
အားပေးကူညီကြတဲ့ ပရိသတ်အပေါင်းအားလည်း ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် ဖေ့စ်ဘွတ်ခ်နဲ့ အွန်လိုင်း ပရိသတ်ကြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေကြောင်း ယနေ့ MISS MYANMAR ဂုဏ်ရည်အေးကျော်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်..။
Admin..
https://www.facebook.com/GonyiAyeKyaw
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးရ ဆုတံဆိပ် အခြေအနေကို Update ဖော်ပြပေးနေတဲ့ 2013 Southeast Asian Games Wikipedia Pageပါ...။
တခြား ဆုတံဆိပ် Result တွေဖော်ပြပေးနေတဲ့ ဆိုဒ်တွေထက် နိုင်ငံအလိုက် ရလဒ်တွေ ဖော်ပြတာ မြန်ဆန်ပါတယ်..။
လင့်ခ်ကတော့ http://en.wikipedia.org/wiki/2013_Southeast_Asian_Games ဖြစ်ပါတယ်..။ အောက်ဆုံးထိ ဆွဲကြည့်သွားရင် လတ်တလော Update Resultတွေကြည့်နိုင်ပါတယ်..။
Sea Games Channel, Sky Net, MRTV လင့်ခ် http://myanmartvchannel.com/sky-net.html
Sea Games Channel,MRTV လင့်ခ် http://www.pinoyheadline.com/2013/12/02/sea-games-2013-live-streaming/
ဓာတ်ပုံ... ၁၃ရက်နေ့က ကျင်းပတဲ့ မြန်မာ-ထိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကို လာရောက် အားပေးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...။
ဓာတ်ပုံ REUTERS/Soe Zeya Tun
Subscribe to:
Posts (Atom)





















