မြန်မာပြည်ရောင်းရန်ရှိသည် (ပုံ - နအဖ)။
မြန်မာပြည်ရောင်းရန်ရှိသည် (ပုံ - နအဖ)။
စာသားလေးကတော့ မသိရင် တိုင်းပြည်တိုးတက်ဖို့ အတွက် ပုဂ္ဂလိကလုပ်ငန်းတွေ အားပေးတယ်လို့  ထင်ကြမှာဘဲ။ နအဖက အားပေးနေပါတယ် ပုဂ္ဂလိကလုပ်ငန်းတွေလေ … နအဖသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများ အပေါင်းအပါတစ်သိုက်ရဲ့ ဆွေမျိုးသားချင်းတွေ ကပ်ဖားယက်ဖား စီးပွားရေးသမားကြီးတွေ မောင်ပိုင်စီးလုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေပါ။ နအဖက သူတို့ လူတွေဘဲ ကြီးစိုးချယ်လှယ်လုပ်ကိုင်နေတဲ့ စီးပွားရေးအတ္တသမားကြီးတွေ လက်ထဲ လွှဲပြောင်းလုပ်ခိုင်းလိုက်တာကိုဘဲ လိမ်ဆင်ကြီးနဲ့  စကားလုံးအလှလေးတွေနဲ့ ဖေါ်ပြနေလေရဲ့ ။
အခြားနိုင်ငံတွေမှာတော့ တိုင်းပြည်ရဲ့  အဓိကအရေးကြီးတဲ့ လုပ်ငန်းတွေကို နိုင်ငံပိုင်အနေနဲ့  နိုင်ငံကို အုပ်ချူပ်နေတဲ့ ပြည်သူ့ ကိုယ်စားပြု ပြည်သူ့ အစိုးရကိုယ်တိုင်က ထိန်းသိမ်းကြီးကြပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မြှင့်မားအောင် လုပ်ကိုင်နေပေမယ့် ကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ မတရားကြီးစိုးနေတဲ့ နအဖက တိုင်းပြည်ပိုင်တွေ နိုင်ငံပိုင်အဆောက်အဦးတွေ သယံဇာတတွေ လုပ်ငန်းကြီးတွေ ရေမြေတောတောင်သဘာဝတွေကို ထင်ရာစိုင်းပြီး ရောင်းစားလို့ နေပါတော့တယ်။
အခုလို ၂၀၁၀ ခုနှစ်ကာလအတွင်းမှာ သန်းရွှေတို့  နအဖတွေ ပြည်သူပိုင်ပစ္စည်းတွေကို ကသုတ်ကရက်နဲ့  ခပ်မြန်မြန်ရောင်းစားနေကြတာ အင်မတန် မရိုးသားသော မိုက်ရိုင်းသော လုပ်ရပ်ဖြစ်ပါတယ်။ သန်းရွှေတို့ ရဲ့  ယုတ်မာပက်စက်မှု ဖြစ်ပါတယ်။ တန်ဖိုးရှိလှတဲ့ သမိုင်းဝင်မြေနေရာတွေ အဆောက်အဦးတွေ၊ တိုင်းပြည်တစ်ခုရဲ့ ဝင်ငွေအတွက် အဓိကအရေးကြီး အခရာကျလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ကြွယ်ဝလှတဲ့ သယံဇာတပစ္စည်းတွေ၊ ရေမြေအောက်က ပေါများလှတဲ့ ကျောက်မျက်ရတနာတွေ သဘာဝဓါတ်ငွေ့ တွေ လောင်စာဆီတွေ အကုန်လုံးကို ယူနီဖောင်းအရေခြုံထားကြတဲ့ နအဖ သန်းရွှေနဲ့နအဖဗိုလ်ချူပ်ကြီးတွေက ပုဂ္ဂလိကအမည်ခံ သူတို့ ရဲ့  သားသမီးတွေ ဆွေမျိုးသားချင်းတွေ စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေလက်ထဲ အခုကတည်းက ရောက်နေအောင် ပိုင်ဆိုင်နေအောင် လုပ်နေကြပါတယ်။ နောင် မြန်မာပြည်ကို သူတို့ ဘဲ ဆက်အုပ်ချူပ်လို့ ဘဲဖြစ်ဖြစ် အခြားသူတွေ အုပ်ချူပ်လို့ ဘဲဖြစ်ဖြစ် သူတို့ လက်ထဲရောက်နှင့်နေပြီးသားဖြစ်အောင် မိုက်မိုက်ရိုင်းရိုင်းနဲ့  နိုင်ငံပိုင်တွေကို အနုနည်းနဲ့  မောင်ပိုင်စီးထားတာ ဖြစ်ပါတော့တယ်။
နောင်ဆိုရင် နိုင်ငံပိုင်ဆိုတာ ခပ်ရှားရှားနဲ့ ဖြစ်ပြီး ရှိမယ့်နိုင်ငံပိုင်ဆိုတာကလည်း အရေးမပါ အရာမရောက်တဲ့ လုပ်ငန်းလေးတွေနဲ့  နောင်တက်မယ့်အစိုးရကို အမည်သာခံထားစေပြီး တိုင်းပြည်ရဲ့  အရေးကြီးသောစီးပွားရေးလုပ်ငန်းကြီးတွေအားလုံးနီးပါး အခု နအဖရဲ့  လူတွေက ဆုပ်ကိုင်ချယ်လှယ်ထားတော့မှာပါ။ နအဖဟာ တိုင်းပြည်နဲ့  လူမျိုးကို လက်နက်အာဏာနဲ့  ကြာကြာအုပ်စိုးထားဖို့ မလွယ်တော့တဲ့အခြေအနေမှာ အနာဂတ်မြန်မာပြည်ရဲ့စီးပွားရေးကို ချယ်လှယ်ချုပ်ကိုင်ထားဖို့ သန်းရွှေတို့ရဲ့ ယုတ်မာပက်စက်သော ခြေလှမ်းဖြစ်ပါတော့တယ်။ မြန်မာပြည်သူပြည်သားတွေကို အာဏာကျွန် စစ်ကျွန်အဖြစ်နဲ့  သွတ်သွင်းခဲ့ရုံအားမရသေး ငွေကျွန်အဖြစ်ပါ တစ်သက်လုံး သားစဉ်မြေးဆက် နလန်မထူနိုင်ဘဲ ဆက်ခံနေရအောင် လုပ်တာဖြစ်ပါတယ်။
နအဖဟာ မြန်မာ့မြေရော ရေရော ရောင်းနေတာ အတော့်ကုန်နေပြီမို့  မြန်မာ့လေပါ ရောင်းလို့ ရ ရောင်းဦးမှာပါ။ မြန်မာပြည်သူပြည်သားတွေ စက္ကန့်တိုင်း ရှူနေရတဲ့ လေတောင် ရောင်းစားလို့ ရရင် ရောင်းစားဦးမယ့် နအဖပါ။
နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများ) သို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။
ဒီတော့ ကျွန်တော်တို့  ပြည်သူပြည်သားတွေ ဘာလုပ်ကြမလည်း။ ကျွန်တော်တို့  နိုင်ငံပိုင်ပစ္စည်းတွေကို ကာကွယ်ကြရမှာပါ။ ပြည်သူပိုင်ပစ္စည်းတွေကို နအဖပုဂ္ဂုလိကလက်ထဲ မရောက်ဖို့  အတတ်နိုင်ဆုံး ကာကွယ်ကြရမှာပါ။ ရောက်နေတဲ့ လုပ်ငန်းစီးပွားများနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်ကျိုးအတ္တစီးပွားရေးသမားကြီးတွေ ဆက်လက်ကြီးပွားမနေတော့အောင် ပြည်သူ့ အတိုင်းအတာအင်အားနဲ့  သပိတ်မှောက်ကြရမှာပါ။ ဒီနအဖမိသားစုတွေရဲ့  စီးပွားရေးလုပ်ငန်းကြီးတွေကို အားမပေးကြဘဲ အမျိုးသားတော်လှန်ရေးတစ်ရပ်အနေနဲ့  သူတို့ စီးပွားရေးလုပ်ငန်းတွေကို ဖျက်ဆီးပစ်ကြရမှာ ဖြစ်ပါတယ်။
တိုင်းသူပြည်သားတွေကို ဂုတ်ခွထိုင်ပြီး ညဉ်းပမ်းနှိပ်စက်နေရုံသာမက တိုင်းပြည်ရဲ့  အသွေးအသားအနှစ်တွေကို ဂုတ်သွေးစုတ်နေတဲ့၊ တိုင်းပြည်ပိုင် နိုင်ငံပိုင်တွေကို မောင်ပိုင်စီးနေတဲ့သူတွေကို တော်လှန်ကြပါ။
နအဖက ပေါ်တင်ဗြောင်ပြောနေပြီ။ နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများထံ) သို့  လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်” တဲ့။
မြန်မာပြည်သူပြည်သားများအားလုံးကနေ အမြန်လုပ်ဆောင်ရမယ့် အမျိုးသားရေးတာဝန်ကတော့ နိုင်ငံပိုင် (ပြည်သူပိုင်) များကို ပုဂ္ဂလိက (နအဖလူများ) ထံ မရောက်ကြစေဖို့ ၊ ပုဂ္ဂလိက (နအဖလူများ) လက်ထဲ မတရား ရောက်ရှိနေသော နိုင်ငံပိုင် (ပြည်သူပိုင်) လုပ်ငန်းများကို ပြည်သူပိုင်ပြန်သိမ်းနိုင်ဖို့ အတွက် နအဖအာဏာရူးတွေကို ချေမှုန်းကြဖို့ ပါဘဲခင်ဗျာ။
ပေးပို့ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။
ဦးမင်းအိမ်လုပ်ကြံခံရမှုနှင့် ပတ်သတ်၍ စုံစမ်းမှုများ ပြုလုပ်လျှက်ရှိ...
ဦးမင်းအိမ်လုပ်ကြံမှုနှင့် ပတ်သက်ပြီး သတင်းပေးနိုင်သူကို ယွမ်နှစ်သိန်း ဆုချမည်ဖြစ်ကြောင်း၊ လုပ်ကြံသွားသူတွေရဲ့ ပုံသဏ္ဍန်အချက်အလက်များနှင့်တကွ မိုင်းလားအဖွဲ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ကြေညာချက်ထုတ်ပြန်ထားပါတယ်။
Voice Of Burma စာစောင်
မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၈လ၊(၈၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားမှတ်တမ်း...
ဓါတ်ပုံ-ဗွီဒီယိုမှတ်တမ်း။ ။ကေသီသိန်း,
သတင်း။ ။စိုးမိုးနိင်(NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန)
http://nldlajb.blogspot.com/ ရယူပါသည်......။
ရခိုင်အမျိုးသားသတင်းစာ....
ဟီးရိုးမှ ဇီးရိုးသို့.....
ထောင်ဒဏ်(၆၅)နှစ်ကျခံနေရသော ၈၈မျိုးဆက်ကျောင်းသား ကိုအောင်သူ ပူတာအိုထောင်ထဲတွင် ကျန်းမာရေးဆိုးရွားနေ...

၈၈မျိုးဆက်ကျောင်းသာတဦးဖြစ်သော ကိုအောင်သူသည် ၂၀၀၉ခုနှစ်ကလည်း အလွန်ရာသီဥတုဆိုးဝါးသော ပူတာအိုထောင်တွင် အေးလွန်းသည့် ရာသီဥတုဒဏ်ကို မခံနိုင်သဖြင့် ခြေထောက်တဘက်မှာ အကြောအားနည်းလျှက် တဖြေးဖြေး သေးငယ်လာပြီး လမ်းမလျှောက်နိုင်ဘဲ ဖြစ်ခဲ့ဘူးပါသည်.။
၂ဝဝ၇ ခု နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်ရှိ မြရိပ်ညိုဟိုတယ်ရှေ့၌ စစ်အစိုးရ ဆန့်ကျင်ရေးပိုစတာ ချိတ်ဆွဲမှုဖြင့် ထောင်ဒဏ် ၈ နှစ်ဖြင့် ပူတာအိုထောင်တွင် ပြစ်ဒဏ်ကျနေရသည့် ကိုဘိုဘိုဝင်းလှိုင်သည် လည်းပြီးခဲ့သည့်လအတွင်းက လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသခဲ့သော်လည်း လိုအပ်ပါကဆေးရုံတင်ရမည်ဆို၍ ထောင်အာဏာပိုင်များထံ ရက်သတ္တတပတ်ခန့် အချိန်ယူတင်ပြရမှီဖြစ် ကြောင်းကိုလည်း ကိုအောင်သူ၏ဇနီးဖြစ်သူ မမြတ်မြတ်ထွန်းအား ထောင်ဝင်စာသွားတွေ့ပြီး ပြန်လာသော ကိုဘိုဘိုဝင်းလှိုင်၏ မိခင်ကပြောပြပါသည်.။
သူက “ဘိုဘိုဝင်းလှိုင်ကိုလည်း ၃ ရက်နဲ့ ဆေးရုံက ဆင်းခိုင်းတာတွေ ရှိတယ်။ တကယ်လို့ ဒီလူနာက သွေးလွန်သွားရင် ဆေးရုံကို ချက်ချင်း လာပို့နိုင်မလားလို့ မေးတော့ တပတ်လောက်မှ၊ အထက်ကိုစာတင်ပြီးမှ အချိန်ယူရမယ်လို့ပြောတယ်။ နောကတော့ ဆရာဝန်ကသက်သာတဲ့ အချိန်မှဆင်းပေးလိုက်တယ်။ တခါလုပ်ပေးဖို့ဆိုရင် ရက်သတ္တပါတ် အချိန်ယူပြီးတော့မှ အထက်ကို စာတင်ရတာတွေ ရှိတယ်”ဟုပြောပါသည်။ ကိုဘိုဘိုဝင်းလှိုင် လတ်တလော ခံစားနေရသည့်ငှက်ဖျားနှင့် နှလုံးရောဂါအတွက် ဆေးဝါးလိုအပ်နေသဖြင့် မိခင်ဖြစ်သူက ဆေးဝယ်ပေးခဲ့ရသည်ဟုလည်း သိခဲ့ရပါသည်။
မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ မိမိ၏ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ဆောင်သူများအား ဝေးလံခေါင်သီသော ဒေသများသို့ ပို့ဆောင်ပြီးစိတ်ဓာတ်ရေးရာ၊ ခန္ဓာကိုယ်ရေးရာပါ ကျဆင်းအောင် ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေပါတယ်။ အထူးသဖြင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် များဟာနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရပြီး ရာသီဥတုဆိုးရွားတဲ့ ဝေးလံခေါင်သီသော ဒေသများမှ အကျဉ်းထောင်များမှာ အကျဉ်းချထားခြင်းခံ နေရပြီး မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက်ခြင်း ခံနေရပါတယ်။
ပေးပို့လာသူ မြတ်လေးငုံအားကျေးဇူးတင်ပါသည်။
ပြန်လည်ဖျော်ဖြေခွင့်ရမည့် ပျော်စရာအငြိမ့်အဖွဲ့ ဖိတ်ကြားစာ..
ကိုမေတ္တာတို့ အငြိမ့်အဖွဲ့ လာရောက်ဖျော်ဖြေခွင့်ရမည်ဟု သတင်းရရှိ.....
တိုကျိုဆာကူရာပျော်စရာအငြိမ့်
(မော့စ်၊မိုးဒီ၊ခင်လှိုင်၊မင်း
မကြာမီရက်ပိုင်းအတွင်း ဂျပန်နိုင်ငံတိုကျိုမြို့ကို ရောက်ရှိလာပါမည်။
တိုကျိုဆာကူရာပျော်စရာ အငြိမ့်အဖွဲ့ ဂျပန်နိုင်ငံတိုကျိုမြို့တွင်
၂ပိုင်းခွဲပြီး တင်ဆက် ကပြမည်ဖြစ်ပါသည်။ အထူးစောင့်စား မျှော်လင့်နေ
ကြသော ပရိတ်သတ်များအား သတင်းကောင်းပါးအပ်ပါသည်။
ကျင်းပမည့် အချိန်နှင့်နေရာ မကြာမီ ထပ်မံကြေငြာပါမည်။
မျှော်လင့်စောင့်စားနေကြသောပရိ
(AAPP) ၂၀၀၉ခုနှစ်နှစ်ပတ်လည် အစီရင်ခံစာ...
နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ သံသယဖြစ်ကြောင်း ပြောဆို....

" ဒီနေ့အန်ကယ်တို့ နေ့လည်(၁)နာရီ မှ(၃)နာရီခွဲ အထိ (၂)နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရတဲ့ ကိစ္စ၊ နောက်ပြည်ထဲရေးဝန်ကြီး ပြောတဲ့ကိစ္စနဲ့ အဖွဲ့ချုပ်ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်.....။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြုပြင်နေတာ တဝက်တပျက်မှာ စည်ပင်က တဝက်တပျက်မှာ ရပ်ဆိုင်းခိုင်းပါတယ်......။ ပြီးခဲ့တဲ့ ဇန္နဝါရီလ(၂၁)ရက်နေ့က ဦးအောင်ဆန်းဦးက နေအိမ်ပြုပြင်တာကို ရပ်ဆိုင်းပေးဖို့ လျှောက်ထားချက် ကိုတရားရုံးက တားဝရမ်းထုတ်တယ်....။ အဲ့ဒီကိစ္စအတွက် လာမယ့် ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ တရားရုံးမှာပြန်ပြီး သဘောထားတင်ပြရမှာပါ....။ အဲ့ဒီကိစ္စအတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ .....
ု
ဒီနေအိမ်ပြင်ဆင်ခွင့်ရဖို့ အတွက်စည်ပင်မှာ ပြင်ဆင်ခွင့်တောင်းပြီးမှ ပြင်ဆင်ခဲ့တာပါ။ နောက်အကျိုးအကြောင်း ဘာမှမသိရပဲ ပြင်ဆင်ခွင့်တားမြစ်ခဲ့တယ်...။ နောက်အခု ဦးအောင်ဆန်းဦးက တရားရုံးမှာ တားဝရမ်းလျှောက်ထားတယ်.... ဒါတွေကို ခြုံငုံစဉ်းစားပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဥစ္စာသွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်လို့ ပြောပါတယ်...။

လက်ရှိဒေါ်အောင်ဆန်းစုကြည် နေအိမ်အခြေအနေနဲ့ ပတ်သတ်ပြီး ဆက်လက်ပြောဆိုရာမှာ " အိမ်ကတဝက်တပျက် တို့လို့တန်းလန်းဆိုတော့ ပစ္စည်းတွေက ဟိုနားပုံ ဒီနားပုံပေါ့ ..... အပေါ်ထပ်မှာ မျက်နှာကျက်ကျောက်ပြားတွေ ခွာထားတယ် အိမ်ခေါင်မိုးတွေက ဟောင်းနွမ်းနေတော့ အောက်ကနေကြည့်ရင် အလင်းရောင်တွေ မြင်နေရတာပေါ့.... အိမ်ကဟောင်းနွမ်းနေတော့ နေရာတိုင်းမှာပြင်ဆင်ဖို့ လုပ်ထားရတာလေ ... တဝက်တပျက်နဲ့ ရပ်ဆိုင်းလိုက်ရတော့ နေရထိုင်ရတာ အဆင်မပြေဘူးလို့ အန်ကယ်မြင်တယ်... ဒေါ်အောင်ဆန်းစုကြည်ကတော့ နေထိုင်ရတာနဲ့ပတ်သတ်ပြီး ဘာမှမပြောပါဘူး"

........ဒေါ်အောင်ဆန်းစုကြည်က ဒီပြောကြားချက် တကယ်မှန်ခဲ့မယ်ဆိုရင် ဒါဟာမတရားတဲ့ ပြောကြားချက်ဖြစ်တယ်.. နိုင်ငံတော်တရားရုံးချုပ်မှာ ပြင်ဆင်ဖို့တင်ထားချိန်မှာ ဒီလိုပြောကြားချက်က တရားဥပဒေကို လွှမ်းမိုးတဲ့ သဘော သက်ရောက်နေတယ်လို့ ပြောဆိုပါတယ်....
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့မှာ မြို့တော်ခန်းမမှာကျင်းပတဲ့ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား ဒီနှစ်နိုဝင်ဘာလမှာ လွတ်ပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ပါတီအရေးကိစ္စများကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်......။
သတင်း...ဒီမိုဝေယံ
အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ ပခုံးပေါ် ကျရောက်နေပြီလည်း။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတုန်းက ကျောင်းသားတွေ အာဏာရှင်တွေကို စတင်ဆန့် ကျင်တော်လှန်ခဲ့ကြတယ်။ ကျောင်းသားတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။ ပြည်သူနဲ့  ပူးပေါင်းပြီး အာဏာရှင်ကို ဆန့် ကျင်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေ ပေါ်ပေါက်ခဲ့ကြတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ အာဏာရှင်တွေကို ဘုရားသားတော်တွေဖြစ်ကြတဲ့ သံဃာတော်တွေ စုပေါင်းတော်လှန်ခဲ့ကြတယ်။ သံဃာတွေမှာ လက်နက်မရှိတာတောင် သတ္တိသွေး ပြခဲ့ကြတယ်။
ဒီနှစိ ၂၀၁၀ မှာ နောက်ဆုံးကျန်နေတဲ့ တပ်မတော်သား (စစ်သား) တွေ အာဏာရှင်ကို မနှေးအမြန် ဆန့် ကျင်တော်လှန်ကြရမယ်။ တပ်မတော်သား (စစ်သား) တွေမှာ လက်နက်တွေ ရှိကြတယ်။ သတ္တိပြဖို့ ဘဲ လိုတယ်။
ပြည်သူကို မတရား အနိုင်ကျင့် စိုးမိုးနေတဲ့ အာဏာရှင်တွေကို အဆုံးသတ်ပေးဖို့  တာဝန်ဟာ ဘယ်သူ့ ပခုံးပေါ်မှာ ကျရောက်နေပြီးလည်းဆိုတာ သိကြပါ။ ပြည်သူ့ အတွက် ဘယ်သူအောင်ပွဲခံပေးမှာလည်း။ ဘယ်သူ တာဝန်ကျေမှာလည်း။
ပြည်သူနဲ့  လက်တွဲပြီး အာဏာရှင်ကို တော်လှန်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားတွေရဲ့  ပြောစကားတွေနဲ့  ပုံရိပ်လွှာတွေကို ဖေါ်ပြလိုက်တယ်။ အစဉ်အလာ ဆက်ထိန်းကြဖို့ နောင်တော် တပ်မတော်သားတွေရဲ့  အသက်သွေးတွေ စိတ်ဓါတ်တွေ လက်ရှိ တပ်မတော်သားတွေ ခန္ဓာကိုယ်ထဲ စီးဆင်းပါစေသောဝ်။
စစ်သည်တော် ကျင့်ဝတ်ထဲမှာ “ရန်သူကို နေလို မီးလိုကျင့်၊ ပြည်သူကို ရေလို လ လိုကျင့်” ဆိုတာ ပါပါတယ်။ ပြည်သူ့ ရန်သူဖြစ်တဲ့ နအဖအာဏာရှင် (ရန်သူ) တွေကို နေလို မီးလိုကျင့်နိုင်ပြီး၊ ပြည်သူတွေအပေါ်မှာ ရေလို လ လို ကျင့်နိုင်ပါစေသား။
မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးမင်းအိမ်သည် ယနေ့နံနက်ပိုင်း၌ မိုင်းလားမြို့တွင် လုပ်ကြံခံရ၍ သေဆုံးသွားသည်။
အသက် (၅၄) နှစ်ရှိပြီဖြစ်သည့် ဦးမင်းအိမ်သည် ၎င်း၏နေအိမ်အနီးတွင် အမျိုးသားတဦးနှင့်အတူ လမ်းလျှောက်နေစဉ် နံနက် (၆) နာရီခန့်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မိုင်းလားတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။
၎င်းက “ဦးမင်းအိမ်ကတော့ သေနတ်ဒဏ်ရာ (၇) ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူရဲ့အဖော်ကတော့ သေနတ်ဒဏ်ရာ (၃) ချက်နဲ့ ဆေးရုံအသွားမှာ သေဆုံးသွားတယ်။ မြို့ထဲက သူ့အိမ်နားပဲ သေနတ်တွေနဲ့ ပစ်ခတ်သွားတာ။ ဘယ်သူပစ်တယ် ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။
၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက်ပိုင်း ဦးမင်းအိမ်သည် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းရေးမှူးတာဝန်နှင့် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးတာဝန်ကို ယူထားသူဖြစ်ပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။
မိုင်းလားတပ်ဖွဲ့အတွင်း နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ နအဖနှင့်ဆက်ဆံရာတွင် ပြေပြစ်ကာ ပါးပါးနပ်နပ်ရှိသူ ဖြစ်သည့် အတွက် ဒေသနှင့်တပ်ဖွဲ့အတွက် ဆုံးရှုံးမူဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “အခုချိန်မှာ ပြောဖို့တော့ စောသေးတာပေါ့။ ဒါပေမယ့် အခုလို ကိုမင်းအိမ်လို ဒေသအတွင်း နိုင်ငံရေးအရ ပါးပါးနပ်နပ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးမရှိတဲ့အတွက် နအဖအတွက် အကျိုးရှိပါတယ်။ သူတို့လက်ချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
မိုင်းလားတပ်ဖွဲ့သည် ယမန်နှစ်ကတည်းက စ၍ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးအတွက် နအဖ၏ ဖိအားပေးမှုကို ခံနေရပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ တို့ကဲ့သို့ နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံဘဲ ယခုအချိန်ထိ နအဖနှင့် ဆွေးနွေးနေဆဲဖြစ်သည်။
သတင်း ခေတ်ပြိုင်မှရယူပါသည်....
ကိုညီညီအောင် မိသားစုနှင့်တွေ့ခွင့်ပိတ်ပင်ခံရ....
လူ့အခွင့်အရေး မြန်မာ့ကွန်ရက်ထုတ်ပြန်ကြေငြာချက်....
ဟေတီ နဲ့ မြန်မာ - သဘာဝဘေးဒဏ်အတွက် နိုင်ငံတကာအကူအညီ
ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တားဆီးခံရ...
လေဆိပ်တွင် Dဖောင်ထုတ်ပေးပြီးခါမှ ပြည်ထဲရေးကခွင့်မပြုချက်မရလို့ဟုဆိုကာ ဂျပန်သို့လာမည့် အနုပညာသည်များ၏ ပစ်စပို့စာအုပ်တွေ အသိမ်းခံလိုက်ရကြောင်း၊ ပြည်တွင်းရှိ သတင်းသမားများလည်း လေဆိပ်သို့သွားရောက်၍ အင်တာဗျူးမှုတွေ လုပ်နေကြောင်းလည်း သိရှိရသည်။
ကိုမေတ္တာတို့အဖွဲ့ကို ဂျပန်သို့သွားရောက်ဖျော်ဖြေမည်ဆိုကတည်းက ရုပ်ရှင်နှင့် သဘင်ကောင်စီတို့မှ ခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခံရကြောင်း၊ ဂျပန်ဗီဇာကို ထုတ်ပေးပြီးကာမှ ဆိုင်းငံ့အဖြစ် ပြန်လည်ရွေ့ပြောင်းမှုတွေပြုလုပ်ခံရကြောင်း၊ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့်အနုပညာရှင်များ၏ ဂျပန်ပြည်ဝင်ခွင့်ဗီဇာနှောင့်နှေးကြန့်ကြာ နေသောကြောင့် ပျက်ပြားဖွယ်ရှိကြောင်း အစဦးကတည်းက ကြားသိနေရသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကိုမေတ္တာကို ဖုန်းဆက်မေးမြန်းကြည့်ရာ "ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးကခေါ်ပြီး မသွားသင့်ဘူးလို့ ယူဆပြီးတား ထားတယ်ခင်ဗျ။ ဘာ့ကြောင့်လဲတော့ မသိဘူးခင်ဗျ။ ရုပ်ရှင်အစည်းအရုံးကို ကျနော်တို့က စာတင်ရတယ်လေ။ ရုပ်ရှင်အစည်းအရုံးမှာ ပြဇတ်တို့၊ ရုပ်ရှင်တို့ဖျော်ဖြေရိုက်ကူးဖို့အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ"ဟု ရှင်းပြသည်။
ဆက်လက်၍ ကိုမေတ္တာမှ"ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာလာဖျော်ဖြေပေးပါလို့ အဲဒီ့မှာရှိတဲ့လူတွေက ဖိတ်လာတဲ့အတွက် ကျနော်တို့အနုပညာကိုဖျော်ဖြေတင်ဆက်ဖို့အတွက်သွားမှာပါ။ ဒါဘဲရှိတာပါ"ဟု ဆက်လက်ပြောဆိုသည်။
ယင်းကိစ္စအတွက် တာဝန်ခံခေါ်ယူပေးသူ ဂျပန်လူမျိုး မစ္စတာခိမိဟိကို ဟိဂုရရှီ(kimihiko higurashi) ပွဲမဖြစ်မြောက်သည့်အတွက် တောင်းပန်ကြောင်းနှင့် ဂျပန်တွင် လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ်ပြန်ထားသည်။
ကိုမေတ္တာဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာအငြိမ့်”ဟု ခေါင်းစဉ်ပေးထားပြီး၊ ဇန်န၀ါရီလ ၂၄ ရက် (တနင်္ဂနွေနေ့)တွင် တိုကျိုမြို့၊ Ikebukuro အရပ်ရှိ မြန်မာအနုပညာဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် ခိုကိုင်းခိုးခန်းမတွင် ညနေ (၄)နာရီမှစတင်၍ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားပြီးကာမှ ပျက်ပြယ်သွားရခြင်းဖြစ်သည်။ ယခင်က ဂျပန်နိုင်ငံသို့ ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီအဖွဲ့အပြင် နာမည်ကြီး အဆိုတော်များ၊ အနုပညာရှင်များ မကြာခဏလာရောက်ဖျော်ဖြေခဲ့ဖူးပြီး ယခုလိုဗီဇာ အခက်ခဲနှင့် အာဏာပိုင်တို့၏ ခေါ်ယူတားမြစ်ဖူးခြင်းမရှိခဲ့ကြောင်းသိရသည်။
သန့်မျိုးထွေး
မိုးသောက်ကြယ် မှရယူပါသည်။
မလွတ်လပ်ကြသေးသော မြန်မာနိုင်ငံတိုင်းရင်သားများ.....
Voice Of Burma စာစောင်....
နို့ဖိုးဒုက္ခသည်စခန်းတွင် ဆန္ဒပြလျှက်ရှိ......




၀၅၅၅၇၇၃၈၆
၀၅၅၅၇၇၃၈၉
၀၅၅၅၇၇၃၂၆
ပေးပို့ပေးသူ မြတ်လေးငုံ...
The Voice ဂျာနယ်။
ယုံကြည်ချက်နဲ့  ကိုယ်ကျိုးစွန့်  အနစ်နာခံ တိုက်ပွဲဝင်နေကြတဲ့သူတွေကို မမေ့ကြပါနဲ့ ။
တိုင်းပြည်နဲ့  လူမျိုး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် စွန့် လွတ်အနစ်နာခံပြီး ရဲဝန့် စွာ ယုံကြည်ချက်အပြည့်ဖြင့် လုပ်ဆောင်မှုကြောင့် ထောင်သွင်းအကျဉ်းချခံရသော နိုင်ငံရေးအကျဉ်းသားအပေါင်းအား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
အာဏာရှင် နအဖရဲ့  ထောင်တွင်းမှာ အသင်တို့ ရဲ့  ရဟန်းသံဃာတွေ သားသမီးရင်သွေး ကျောင်းသားကျောင်းသူတွေ ပြည်သူတွေ စက္ကန့် နဲ့ အမျှ မိနစ်ပိုင်းနဲ့ အမျှ အာဏာရှင်ရဲ့  ရက်စက်မှုကို ဒူးမထောက် လက်မမြောက်ဘဲ ရဲရဲဝန့် ဝန့်  ကြံ့ ကြံ့ ခိုင်ခိုင် တော်လှန်တိုက်ပွဲဝင်လျက်ရှိတယ်ဆိုတာ အသင်တို့ ကို အသိပေးလိုပါတယ်။
တိုင်းပြည်နဲ့  လူမျိုးအတွက် အနစ်နာခံ စွန်လွှတ်ရဲတဲ့၊ ရဲ့ ဝန့် ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တွေကို ယုံကြည်ချက်အပြည့်နဲ့  လုပ်ရဲတဲ့သူတို့ ဟာလည်း သင်တို့ လိုဘဲ ပြည်သူထဲက ပြည်သူများပါဘဲ။ အသင်ကရော? ….
ကျွန်ုပ်တို့ အားလုံး မျှော်မှန်းတဲ့ အနာဂတ် လှပသာယာဖို့ ဆိုတာ အမိမြန်မာပြည်မှာ အာဏာရှင်များ လုံးဝဥဿုန် မရှိမှ ဖြစ်မှာပါ။
ပြည်သူအားလုံး ဒီနေ့  စုပေါင်း တော်လှန်၊ ဒီနေ့  အာဏာရှင် အမြန် ပြုတ်ကျစေရမယ်။
(ပြည်သူများအတွက် ရင်တွင်းခံစားချက် အပြည့်အ၀ဖြင့် တင်ဆက်ဖျော်ဖြေပေးသော သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့အား အထူးဂုဏ်ယူ လေးစားရပါကြောင်းနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံအားလည်း စီစဉ်ဖေါ်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်)။
(တင်ဆက်ဖျော်ဖြေပေးသော သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့ အား အထူးဂုဏ်ယူလေးစားရပါကြောင်းနဲ့  ဒီမိုကရက်တစ်မြန်မာ့အသံအားလည်း စီစဉ်ဖေါ်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်)။
....................ဘဝအတွက် မှတ်သားစရာများ............


တစ်ပါးသူကိုယ်ပါ သင်ပျော်ရွှင်အောင်လုပ်နိုင်တဲ့


ဒါပေမယ့် နှစ်ရှည်လများကြာသွားတဲ့ အမှားတွေဟာ အောင်မြင်မှုကိုဖြစ်စေတဲ့ အတွေ့အကြုံတို့လည်း ခေါ်ဆိုနိုင်ပါတယ်။

အကယ်၍ ပြဿနာတစ်ခုကို မဖြေရှင်းနိုင်ရင်သာ စိုးရိမ်မှုကို အသုံးပြုရမှာဖြစ်တယ်။


ဦးသုဝေ ပါတီက ရွေးကောက်ပွဲ ၀င်ရခြင်း အကြောင်းပြချက်များ
ဗကသများ (အဖွဲ့ချုပ်) ဗဟိုစည်းရုံးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူမှ တပြည်လုံးရှိ သမဂ္ဂ၀င်များသို့ ပေးပို့သည့် သဘောထား..
ပေးပို့လာသူ မြတ်လေးငုံအား ကျေးဇူးတင်ပါသည်....
၂၀၁၀ ရွေးကောက်ပွဲကို အောက်တိုဘာ ၁၀ ရက်နေ့တွင်ပြုလုပ်မည်ဟု အာဆာဟိသတင်းတွင်ဖော်ပြထား
တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် အောက်လွှတ်တော်အမတ် ၄၄၀ နေရာနှင့် အထက်လွှတ်တော်အမတ် ၂၄၂ နေရာကို အတည်ပြုနိုင်ဖို့အတွက် တပြိုင်နက်တည်းလုပ်ဆောင်မှာဖြစ်ပြီး ဧပြီလအတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလိအမတ်များကို ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးမယ်လို့ ဆိုပါတယ်။ ကြံဖွံ့အသင်းမှ အဆင့်(၂)နှင့် အဆင့်(၃)ရှိသူ ထိပ်ပိုင်းခေါင်းဆောင်တို့နှစ်ဦးဟာ ပါတီထူထောင်ဖို့များပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအနိုင်ရဖို့အတွက် မဲဆွယ်တဲ့အနေနဲ့ ၀န်ထမ်းလစာများကို လက်ရှိရရှိနေတဲ့လစာအပြင် မြန်မာငွေ ကျပ်နှစ်သောင်း(ဂျပန်ယန်း ၁,၈၄၀)တိုးမြှင့်ဖို့လည်း စီစဉ်ထားပါသေးတယ်။ မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အပါအ၀င် အခြားအတိုက်အခံအဖွဲ့အစည်းတချို့ကိုလည်း ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လာအောင် ဖိအားပေးဖို့များကြောင်း ပြည်တွင်းရှိ နိုင်ငံခြားသံတမန်ရပ်ကွက်ကသုံးသပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဏာသိမ်းနအဖစစ်အုပ်စုအနေဖြင့် နိုင်ငံတကာစာမျက်နှာမှာ တရားမျှတတဲ့ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခံရဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ NLDပါတီကိုတော့ အင်အားကျဆင်းအောင် ဖိနှိပ်မှုတွေပြုလုပ်နေမှာဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲမပြီးမချင်း နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပုံမပေါ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုရင်တောင် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပြုမှာမဟုတ်တဲ့အပြင် အနိုင်ရဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်သင့်မ၀င်သင့်ကိစ္စကိုလည်း ဂရုတစိုက်နဲ့ စဉ်းစားချင့်ချိန်နေဆဲပါပဲ…ဟု သတင်းထောက် ယာမာမိုတိုရဲ့ ရေးသားပေးပို့ချက်ကို ဇန်န၀ါရီလ ၇ ရက်နေ့ထုတ် အာဆိဟိသတင်းမှာ ရေးပြထားပါတယ်။
မူရင်းသတင်း-
http://www.asahi.com/international/update/0107/TKY201001060449.html
ပေးပို့ပေးသူ မိုးသောက်ကြယ် အား ကျေးဇူးတင်ပါသည်။......
သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ ..(ဧရာဝတီ)
အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။
ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊
ယခင်က ၎င်းနှင့်အတူ စစ်အစိုးရရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။
(ဧရာဝတီ)