ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ခြင်နှိမ်နင်းရေး ဆောင်းပါး (ဒေါက်တာလှိုင်မြင့်)


မြန်မာနိင်ငံမှာ မိုးတွင်း တရာသီရောက်လာပြီမို့  ခြင်တွေပွားများလာမှာက အသေအချာပါ။ ဂျာနယ်တွေမှာ ခြင်ဆးခွေတွေ ကြေငြာတွေကြည့်ရင် သိသာနေပါပြီ။ တကယ်တော့ ခြင်ဆေးခွေဆိုတာ.. နိုင်ငံတော်အတွက်လဲ ငွေယိုပေါက်ကြိးတခု.. မိသားစုတခု အတွက်လဲ ငွေကုန်ပေါက်အပြင်.... ဒီဆေးခွေတွေကြောင့်... မီးဘေးအန္တရာယ် .. ကျန်းမားရေး ဆိုးကျိုးတွေ ပြသနာတွေကလဲ မသေးလှပါဘူး ။ ဒါကြောင့် ဒီဆောင်းပါးလေးကို ရေးလိုက်ပါတယ်။

ဒီဆောင်းပါးထဲမှာပါတဲ့အချက်လေးတွေကို.. သိပံ္ပပညာရှင်တွေ မသိသေးတာလေးတွေလည်း ပါနေပါတယ်။ မယုံနိင်သူတွေကိုလဲ လက်တွ့ စမ်းကြည့်ပြီးမှ (စမ်းရတာလဲအလွန်လွယ်လို့ပါ) ပိုကောင်းတဲ့ အချက်လေးတွေ ကျနော်တို့ မသိတာလေးတွေလည်း အများကြီး ရှိပါသေးတယ်။ ကျနော် က စနစ်တကျ လေ့လာထားတာ မဟုတ်ဘဲ ကိုယ်တွေ့မိ ကြုံမိတာလေးတွေ ရေးထားရတာလေးဘဲ ရှိပါတယ်  မပြည့်စုံနိုင်ပါ။  အားလုံး ကိုယ်စီ လေ့လာကြမယ်ဆိုရင်.. ကျနော်တို့ မသိတာလေးတွေ ပိုသိလာရင် မြန်မာနိုင်ငံသားတွေကို တချိန်လုံး ဒုက္ခပေးလာတဲ့ ဒီခြင်တွေကို အမြစ်ပြတ်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ပေါ်လာနိုင်ပါတယ်။ ပေါ်လာမယ်လို့  ယံကြည်နေမိပါတယ်။

ကျနော့်ဘ၀မှာ သားသမီးတွေ (၃)  ယောက်ရှိခဲ့တာ တဦးတယောက်မှ ကလေးဘ၀မှာ နှာဆေးချောင်းဆိုးက လွှဲလို့တခါမှ ဖျားနာခဲ့ဘူးတာ မရှိခဲ့ပါဘူး။ ၀က်သက်ဖျားဘဲ တ၀မ်းကွဲမောင်နှမ အိမ်သွားလို့ တပြိုင်ထဲဖျားဘူး ကြတာဖြစ်ဖူးတာပါ။ ဒါပေမဲ့ ဆရာဝန်ဘ၀နဲ့  တခြားမိဘတွေ ကလေးအတွက် ပူပင်သောက ရောက်နေကြတာတွေ ပြန်တွေးမိတိုင်း ကျနော် ကမ္ဘာကြီး ချာချာလည်နေအောင် ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို မျှဝေလိုက်တာပါ ။

(ဒီနေရာမှာ ကျနော်ဟာ သူများသားသမီးကို ဆေးကုရင် ဆေးမကုခင် ကလေးကို လက်နဲ့ဆုပ်ထားပြီး ငါ့သားသမီးဆို ရင် ငါဘာထပ် စဉ်းစားအုံးမလဲ မျက်စေ့မှိတ်တွေးကြည့်ပါတယ် ဘာလိုအုံးမလဲ။ အဲဒီလိုသူများသားသမိးအတွက် အလေးထားလို့ ငါ့သားသမိးတွေ မကြုံကြရပါစေနဲ့လို့ပါ တပါတည်း ဆုတောင်းတာ။ အဲဒီ့စေတနာတွေကြောင့် ကျနော် ဆုတောင်းပြည့်ခဲ့ ရပါတယ် ။)

ဒီတွေ့ ရှိချက်တွေက ထောင်ထဲမှာ တွေ့ ရှိခဲ့ရတာတွေပါ။ ကျနော် ထောင်ကျတော့ ဒီလိုမိုးဦးကျဆိုတော့ နေရတာတော့ တိုက်ခန်းထဲမှာ ခြင်ထောင်ကလဲ အသုံးပြုခွင့်က လုံးဝမရှိ။ ခြင်တွေကလဲ တညလုံး ကိုက်ပြီးတာတောင် မနက်ပိုင်း အခန်းနံရံတွေမှာ ခိုကပ်နေတဲ့ အကောင်ကိုက တမနက်ကို အကောင်ရာနဲ့ချီ ရှိနေတာ ၄-၅ ရာ အထိရှိတာ။ (အားတာနဲ့ ကြိုးစားဖမ်း ပြီးရေတွက်ကြည့်တာပါ)

တိုက်ခန်းမှာက သံတံခါးကို သော့ခတ်ပြိးရင် သောက်ရေအိုးနဲ့ ပိတ်ထားတာ။ တညတော့ ပူလွန်းတာနဲ့ ၀န်ထမ်းမသိအောင် ရေသန့်ပုလင်းထဲ ရေကိုခိုးထည့် အခန်းကွယ်မှာ မတ်တပ်ရပ် ရေလောင်းချိုးတော့ အိုးထဲ ရေနည်းနည်းဘဲ ကျန်ပါတော့တယ်။ မနက်ကျတော့ အိုးကို ထိလိုက်တာနဲ့ ခြင်ကောင်တွေ (ဟူကနဲ) အသံမြည်ပြီး အများကြီး ပျံထွက်သွားတာ သတိထားမိလိုက်တယ်။ ခြင်တွေက တညလုံး ကိုက်ချင်တိုင်းကိုက်ပြီး အလင်းရောင်လာတာနဲ့ အခန်းထဲက ပြန်အထွက်မှာ ရေအိုးထဲ ၀င်ခိုအောင်းနေတာကိုး။



နောက်နေ့တော့ ဒီခြင်တွေဖမ်းမယ်ဆိုပြီး ရေအိုးကို အ၀တ်အစ အနက်ရောင်နဲ့  တ၀က်ဖုံးထားလိုက်တယ် ။ ရေလဲ မနေ့ကအတိုင်း သုံးပုံ တပုံလောက်ဘဲ ချန်ထားလိုက်တယ်။ ပြီး (အသာလေး) အိုးနားကပ်ပြီး အ၀တ်စလေးကို အသာလေးဆွဲ အိုးကိုလုံးဝ ဖုံးအုပ်လိုက်ပါတယ်။ ပြီး အ၀တ်အောက်ကို လက်လျှိုနိုက်ပြိး ရေတွေကို ဘောင်ဘင် ခတ်အောင် လက်နဲ့ လှုပ်လိုက်တဲ့အခါ ခြင်ကောင်တွေ ရေမျက်နာပြင်ပေါ် ကပ်သွားပါတော့တယ်။ ခြင်ကောင်တွေအားလုံးကို မိထားပါပြီ။

အဲဒီမှာ ခြင်ကောင်တွေကို ဇွန်းကလေးနဲ့ ခပ်ပြီး ရေတွက်ကြည့်တာ လားလား တညတည ကို ကိုယ့်လာပြိး ပွဲတော်တည်နေတဲ့ ခြင်အကောင်က ၁၅၀၀ ကနေ ၂၀၀၀ လောက် များတာပါလားလို့။ နေ့တိုင်းရေတွက်တာ။ နောက်တော့ ဘေးအခန်းတွေကပါ လိုက်လုပ်လာကြတာ ခြင်အကောင် အရေအတွက်က ၁၂၀ထိ တဖြေးဖြေးလျှော့လာပါတယ်။ နောက် ၈၀ ကနေ နောက်ဆုံး ဆယ်ဂဏန်းအထိ ကျဆင်းသွားပါတော့တယ်။

တခါ ဒါကျနော် တို့  တိုက် (၁) တိုက်မှာ လျှော့သွားတာနော်။ ကျနော်တို့ တိုက်နဲ့  အကွာအဝေး ပေ ၅၀- လောက်မှာ (၂) တိုက် ပေ ၂၀၀ ကျော် လောက်မှာ (၃) တိုက် ရှိတာ။ အဲဒီတိုက်တွေမှာ ခြင်တွေက သောင်းကျန်းမြဲ သောင်းကျန်းနေတုန်း။ ဘာကို သတိထားမိသလဲဆိုတော့ ခြင်ကောင်ဆိုတာ သိပ်ဝေးဝေး မသွားဘူးဆိုတာ သိလာပါတယ်။ နောက် တခြားတိုက်တွေကိုပြောပြတော့ လိုက်မလုပ်ကြဘူး။ (ဒီနေရာမှာ ယင်ကောင်တွေ ကတော့ ငါးဖမ်းစက်လှေတွေ ပင်လယ်ထဲမှာ ငါးပုတ်ခြောက်လုပ်ရင် ပင်လယ်လေထဲက အနံကိုခံပြီး ရေမိုင် (၃၅- မိုင်အထိ) ရောက်အောင်သွားကြပါတယ်။ ပင်လယ်ငါးဖမ်းတဲ့ ဦးလေးကြီး ပြောပြတာပါ ။ )

ထောင်ထဲရောက်ပြိး လေး-ငါး- လလောက်မှာ ကပ်ပါယ်အိတ် (ဝှေးစေ့) ယောင်ပြီး အောင့်လာပါတယ် (ဆင်ခြေထောက်ပိုးကြောင့် .. epididymitis @ orchitis)။ ဆရာဝန်ကိုပြတော့ ထောင် မှာ တာဝန်ကျတဲ့ ဆရာဝန်တွေဟာ ဘယ်လောက် ချာသလဲဆိုတော့။ (ဒါထောင်ကျသူတိုင်း... ဖြစ်လေ့ရှိတဲ့.. အိမ်သတိရ ရောဂါဆိုပြီး) မဟုတ်တရုတ်တွေ ပြောပါတယ်။ ဆေးလက်မှတ်တောင်း တာတောင်မပေးဘူး။ နောက်တခြားသူ တဦးနာမည်နဲ ဆေးလက်မှတ် တောင်းသောက်ရမှ သက်သာလာတယ်  ထောင်ဆရာဝန်တွေ ဘယ်လောက်ချာတယ် ဆိုတာသာ စဉ်းစားကြည့်ကြပါ။

တခါထောင်ကလွှတ်တော့ လူမှုရေးလုပ်ရင်း မြန်မာနိုင်ငံရဲ့ ခြင်အများဆုံးမြို့ဖြစ်တဲ့ မအူပင် ဘက်ရောက်တော့ လူငယ်လေးတွေ အူကျလို့ ဆိုပြီးခွဲကုနေကြတာ တော်တော်များနေတာ တွေ့ရပြီး ပြီးတခါပြန်ဖြစ်နေလို့ ကျနော့်ကိုယ် တိုင်ပင်လို့ စမ်းသပ်ကြည့်တော့ ခြင်ကြောင့် ဆင်ခြေတောက်ပိုး ၀င်လို့ဖြစ်တဲ့ ဝှေးစေ့ယောင် ရောဂါဖြစ်နေကြတာ တွေ့ရပါတယ်။ (epididymitis @ orchitis -ဆေးပညာမှာ ခြင်ကြောင့် ဆင်ခြေထောက်ပိုးကြောင့်လို့  သိပ်မဆိုထားပါဘူး)။ ဒါနဲ့  ဆေးညွှန်းလိုက်တော့ သက်လဲသက်သာ ရေရှည်မှာ ပြန်မဖြစ်ကြတော့ဘူး သူတို့ ခမျာခွဲလည်း အခွဲခံရ ဆရာဝန်ကိုလဲ ကန်တော့ရ ကုန်ကြရရှာပြီး ပြီးပြန်ဖြစ်လာကြတာ။ သူတို့ကိုယ်တိုင် ဆရာဝန်ဖြစ်ပြီး မသိကြတာ။ ကျနော်ကုပေးလို့ ပျောက်တော့မှ အေးကွာ ဒို့ဆေးကျောင်းသင်ရိုးထဲမှာ  အဲဒီလိုသင်မထားဘူး ညဉ်းကြရှာတယ်။

ဒီနေရာမှာ ဆင်ခြေထောက်ကြောင့်ဖြစ်ရင် ဝှေးစေ့ အထက်မှာကို အကြောက ထုံးနေသလို ထူနေတယ်။ နာတယ်။ အနာက အဲဒီ အထက်မှာ ပိုနေတာ သတိထားစေချင်ပါတယ်။ တခြား ရောဂါတွေလဲ ဆင်တူ ရိုးမှား တွေရှိပါတယ်။ ကာလသားပိုးတွေကြောင့်လဲ ရောင်တတ်ပါတယ်။ ခက်တာက.ကျနော်တို့ ဆေးကျောင်း သင်ရိုးညွှန်းတမ်းစာအုပ်တွေက ဖွံ့ ဖြိုးပြီး နိင်ငံတွေက စာအုပ်တွေဆိုတော့ အဲဒီစာအုပ်တွေမှာ တချို့နိင်ငံ ဆေးကျောင်းတွေမှာဆို.. ဆင်ခြေထောက်ပိုးကြောင့် ဖြစ်တယ်ဆိုတာထက် ဆင်ခြေထောက်ပိုး အကြောင်းတောင် မပါတော့ မသိကြဘူး။ ဒါတွေသိဘို့  အိန္ဒိယ ဆေးကျောင်းစာအုပ်တွေမှာမှ ကောင်းကောင်းပါပါတယ်။

သေချာတာကတော့ ဆင်ခြေတောက်ပိုးရှိ မရှိ သွေးစစ်လို့ လွယ်ကူတဲ့ နည်းတွေရှိနေပါပြီ။ ၁၉၉၈ -မတိုင်ခင်ကဆိုရင် အထူးသဖြင့် (မ.ဆ.လ) ခေတ်ကထည်းက.. ဆင်ခြေထောက်ပိုးသတ်ဆေး (FILACIDE) ဟာ အရောင်းထိုင်းဆေး ဖြစ်နေလို့ အပြင်မှာ ၁၀၀-ပါတပုလင်းကိုမှ ၂.၅၀ ကျပ် လောက်ဘဲရှိပါတယ်။ ၁၉၉၈ -ခုနစ်မှာ..ကုလသမဂ္ဂမှ ခြင်အလွန်နည်းသော ရွှေဘိုမြို့နယ်တွေဘက်မှာ သွေးစစ်ကြည့်တော့ ဆင်ခြေထောက်ပိုးရှိနေသူ.. ၁၈-% မက များနေတာတွေ့ရတော့မှ အဲဒီဆင်ခြေတောက်ဆေး Filacide ဟာ ဆေးတပြား ၂၅ ပြားလောက် တန်ရာကနေ တပြားကို..၂၀-ကျပ် အထီကို ခုန်တက်သွားပါတော့တယ်။ ရှားလဲရှားပါးလာတယ် ။

ဒါနဲ့ ပတ်သက်ပြီး ထူးခြားမှုလေး နှစ်ခုကို သတိပြုမိပါတယ်။ ၁၉၉၀ - ၀န်းကျင်က.. မိတ်ဆွေ မိသားစု နစ်ခုမှာ ယောင်္ကျားလေး နှစ်ယောက် တဦးက ၃-နစ်အရွယ်.. တဦးက.. ၄-နစ်ကျော်ကျော်..တို့ ကပ္ပါယ်အိတ်ယောင်ပြီး နာလို့ ငိုနေကြရပါသည်။ တခြားဆရာဝန်တွေကိုပြတော့ ပဋိဇီဝဆေးတွေပေးပြီး မသက်သာပါဘူး။ နောက်ပိုင်း ဆေးထိုးမယ်လုပ်တော့မှ ကျနော့်ဆီရောက်လာပါတယ်။ ကျနော်က ရှင်းပြပြီး ဆင်ခြေထောက်ဆေး ပေးလိုက်တော့ နှစ်ရက်လောက်နေတော့ ယောင်ပြီး နီရဲ နေတာလေးတွေဟာ ခရမ်းချဉ်သီး သရက်သီး အမှည့်လွန်တဲ့အခါ. အရေခွံလေးတွေ ရှုံ့တွသလိုရှုံ့လာပြီး သက်သာလာပါတယ်။ မနာတော့ မငိုလည်း မငိုကြတော့ပါဘူး။ ကျနော်ကလည်း နိုင်ငံရေးနဲ့ ထောင်ကျသွားလေတော့ သူတို့ကို ဆေးပတ်လည်အောင် သောက်ဘို့ မညွှန်ကြားနိုင်ခဲ့ပါဘူး။

ဒါပေမဲ့.... အဲဒီ့လူငယ်လေး နှစ်ဦးဟာ အခု နည်းနည်း မိန်းမစိတ်ပေါက်နေတာလေး အတွက် သတိထားမိတာလေးကို သတိပေးလိုပါတယ်။ ဒီအတွက်ကြောင့်ဖြစ်တယ်လို့ ယတိပြတ် မပြောနိုင်သလို မဆိုင်ဘူးလို့လဲ ယတိပြတ် ငြင်းဘို့ခက်နေပါတယ်။ မန္တလေးထောင်ထဲမှာလဲ လူငယ်တဦးဟာ ၁၉၉၄ လောက်ကတည်းက ထောင်ကျနေရှာပါတယ်။ ဖေါက်ခွဲမှုနဲ့ပါ။ သူ မှာ ကပ္ပါယ်အိတ်က ယောင်ပြီး အတော်လေးကိုယ် ကြီးးနေပါတယ်။ ကျနော်နဲ့က ၂၀၀၁- နှစ်ကျမှ ဆုံရတော့ သူပြလို့ သိရပြီး ဆေးတိုက်တော့ တဖက်ဘဲ ပြန်လျှော့သွားပြီး တဖက်ကတော့ မာနေပါပြီ။ ဖြစ်တာလဲ အတော်လေးကြာနေပြီ။ သူဟာ မိန်းမဆန်ဆန် ပြောဆိုလာ နေတာတော့အားလုံးက သတိထားမိ နေကြပါပြီ။
မြန်မာပြည်မှ ဆင်ခြေထောက်ပိုး ဝေဒနာရှင်များ..
မိန်းမစိတ်ပြောင်းတာ တခြားများစွာသော အကြောင်းရင်းတွေလဲ ရှိပါတယ်။ တိုက်ဆိုင်တယ်ဘဲထားပါ  ပေါ့ပေါ့တော့ သဘောထားလို့ မရပါ။ ပါးကျိတ်ယောင်တဲ့.. mumps ဟာ ဗိုင်းရပ်ကြောင့် ပါးကျိတ်ယောင်တာပါ။ သူက အခန့်မသင့်ရင် ဝှေးစေ့ ကိုပါ ယောင်စေနိင်တယ်။ အဲဒီလိုယောင်ရင် ပန်းအားနည်း တတ်တာကိုတော့ လိင်ဘက်ဆိုင်ရာပ ညာရှင်တွေ ဆရာဝန်တွေက တရေးတယူ မေးခွန်းထုတ်ကြပါတယ်။ ဆက်စပ်မှုကို ချင့်ချိန်ကြည့်ပါ။

ထားပါတော့ ဒါက အသေးအမွှားရောဂါပါ။ လူကိုသေစေတဲ့ရောဂါကြီး မဟုတ်သေးပါဘူး။ ဒါပေမယ့် ကြီးလာရင် ရှိလာနိုင်တဲ့ ပြသနာမို့  ပြသနာကို မေ့လျှော့နေမှာမို့ ရေးရတာပါ။ ခြင်ကနေကူးစက်ပြီး ဒီရောဂါထက် ကြောက်စရာ ကောင်းတာတွေကတော့
(၁) သွေးလွန်တုတ်ကွေး
(၂) ဦးဏှောက် အမှေးပါးယောင်ယမ်းတာ ကလဲ ခြင်က တဆင့်ကူးတာ။
(၃) ငှက်ဖျားရောဂါ စတာတွေက အလွန်ကြောက်စရာ ကောင်းပါတယ် ။

ဒီတော့ ကျနော်တို့တတွေ ကျနော်တွေ့ရှိ ထားတာလေးတွေထက် ပိုပြီး စူးစူး စမ်းစမ်းလေး လေ့လာကြပါလို့ တိုက်တွန်းရင်း... ပြည်တွင်းကိုလဲ... အိမ်ခန်းထဲမှောင်တဲ့ နေရာတွေမှာ ရေအိုးအဟောင်းနဲ့ ခြင်တွေထောင်ဖမ်း ပြီးရင်  ခြေဖေါ့ဖေါ့ လေးနင်းလျှက် တ၀က်ပိတ်ထားတဲ့ အ၀တ်စလေးကို ပိတ်ကာ (အ၀တ်စလေးကို.. ကြိုးနဲ့လှမ်းဆွဲ လို့ရအောင်လည်း လုပ်ထားနိုင်ပါတယ်) ခြင်ကောင်တွေ ကိုယ်စီ နိမ်နှင်းကြမယ်ဆိုရင် မြန်မာကလေးငယ်လေးတွေရဲ့ အသက်တွေ ကိုကယ်တင်နိုင်ပါမယ်လို့ တင်ပြရင်း ပြည်တွင်းကိုလဲ သတင်းမျှဝေပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။

နောက်တပတ် စိတ်ဝင်စားသူများရင် ယင်ကောင်ထောင်ဖမ်း ရှင်းလင်းတာလေး တင်ပြချင်ပါတယ် ။ ယင်ကောင် မျိုးမပြုတ်နိုင်တောင် နည်းသွားစေရပါမယ်။

ဆင်ခြေထောက်ပိုးအတွက် သောက်ရတဲ့ ဆေးအညွှန်းလေးကတော့ FILACIDE (diethylcarbamazine) ကို ၂၁- ရက် သောက်ရပါတယ်။ ဆေးအညွှန်းက ရှင်းပြရတာ တော်တော်လေးခက်လို့  နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ကြတာ ပိုမိုသင့်လျှော်ပါမယ်။ ပြီးနောက် ၂ - ၃ လ လောက်ကြာရင် နောက်တကြိမ် ထပ်သောက်ရပါတယ်။ ဆေးက နှစ်ကြော့သောက်ရတာပါ ။

အားလုံးကျန်းမာ ချမ်းသာကြပါစေလို့ 

လှိုင်မြင့်