ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မသေခင်တွေ့ ရမည့် နတ်ချမ်းသာ.. (ဆရာပါရဂူ ဈာပနခရီး မှတ်တမ်း)

ကောင်းမှုပြုလုပ်သူအတွက် ဆုပေးရန် နတ်ပြည်ကိုလည်းကောင်း.. မကောင်းမှုပြုသူအတွက် ဒဏ်ပေးရန် ငရဲပြည်ကိုလည်းကောင်း မည်သည့်နေရာ၌မဆို ဖန်တီးဖို့ မခဲယဉ်းပေ။ ကောင်းမှုနှင့် မကောင်းမှုအတွက် ဤကမ္ဘာလောက၌ပင် တုန့်ပြန်မှုဖြစ်ပေါ်မလာဘဲ မနေပေ။ ဒိဗ္ဗသုခနတ်ချမ်းသာ ဖန်တီးဖို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ သက်ရှိသတ္တ၀ါအားလုံးအပေါ်၌ ကရုဏာထားခြင်းဖြစ်သည်။ တခြားလူများ၏ တိုးတက်မှု၊ ငြိမ်းချမ်းမှု၊ ရွှင်လန်းချမ်းမြေ့မှုအတွက် အစွမ်းရှိသမျှ ကြိုးစား အားထုတ်ခြင်းသည် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏ အကျိုးအတွက် သယ်ပိုးဆောင်ရွက်ရာလည်း ရောက်သည်။ တခြားလူများကို အကူအညီပေးခြင်းအားဖြင့် မိမိကိုယ်ကိုလည်း ကူညီရာရောက်သည်။ မိမိကိုယ်ကို အကူအညီပေးခြင်း အားဖြင့် တခြားလူများကို ကူညီရာလည်းရောက်သည်။ 

ပါရဂူ

ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်...။