ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဂျပန်နိုင်ငံရှိ ကမာကူရ ဆင်းတုတော်ကြီးရှေ့ မြင်ကွင်းများ..

 ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့က ဂျပန်နိုင်ငံရဲ့ အထင်ကရ ကမာကူရ ဆင်းတုတော်ကြီးကို မိတ်ဆွေတွေနဲ့ အတူ သွားရောက် ဖူးမြော်ဖြစ်တယ်လေ..။
ကြည်ညိုရအောင် ရိုက်ကူးခဲ့တဲ့ ရုပ်သံလေးပါ...
 ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရားနဲ့ ဘယ်နေရာရောက်ရောက် ဘာသာတရားကို လေးစားသက်ဝင် ယုံကြည်မှုကတော့ ချီးကျူးလောက်ပါပေတယ်.။ နှစ်သစ်မှာ ဆင်းတုတော်ကြီးရှေ့က ရသမျှနေရာလေးမှာ သစ်သီး၊ ပန်း၊ ရေချမ်းတွေ  အဲ့ဒီနေ့က လာရောက်ကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ကပ်လှူပူဇော် ထားကြတာပါပဲ။  ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ သဒ္ဓါတရား ထက်သန်ပုံတွေပါပဲ...။ သစ်သီးမျိုးစုံ ပန်းမျိုးစုံပေါ့...
 
အားလုံး ဖူးမျှော် ကြည်ညိုနိုင်အောင် ကမာကူရ ဆင်းတုတော်ကြီးနဲ့ ဂျပန်ရောက် မြန်မာပြည်သားတွေရဲ့ နှစ်သစ်ကူး ကောင်းမှု အလှူဒါနလေးတွေကို အများသိအောင် ဖော်ပြလိုက်ပါတယ်...။ မြင်ရတဲ့ ကြည်နှူးဖွယ် မြင်ကွင်း ဆောင်းပါးလေး ရေးမယ် စိတ်ကူးထားပေမယ့် အချိန်အခက်အခဲကြောင့်  ဓာတ်ပုံတွေပဲ တင်ပြလိုက်ပါတယ်..။ မြန်မာနှစ်သစ်ကူး အခါသမယမှာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားအပေါင်းနဲ့ ဂျပန်ပြည်သူအပေါင်း ဘေးအန္တရာယ် အပေါင်းမှ ကင်းရှင်းနိုင်ကြပါစေ...။




ကုမာကူရ ဘုရားဆင်းတုတော်ကြီးနဲ့ ဘုရားပုရဝဏ်အတွင်း မြင်ကွင်းများ
ဓာတ်ပုံ ဒီမိုဝေယံ..