“ယန်စီပေးသော အတွေးတစ” (ဆောင်းပါးရှင် လောကပါလ)
“ယန်စီပေးသော အတွေးတစ”
(ဆောင်းပါးရှင် လောကပါလ)
၁၉၉၄ ဆောင်းကာလ တရုပ်ပြည်သူ့သမ္မတ နိုင်ငံသို့ လုပ်ငန်းသဘောအရ ခဏတဖြုတ် ရောက်ခဲ့ဘူးသည်။ စီချွမ်ပြည်နယ် ချုံချင်း မြို့တော်နှင့် အနီးအပါး တဝိုက်။ ပြည်နယ် မြို့တော် ချန်ဒူနှင့် ချုံချင်း အကြား ဟီးထနေသော အဝေးပြေးလမ်းမကြီး ပြီးကာစ။ သို့ရာတွင် အများဆုံး သွားလာဖြစ်သည့် နေရာများမှာ တောင်ကြိုတောင်ကြား လမ်းငယ် ကျေးလက်များနှင့် ယန်စီမြစ်ရိုး။ အဆင့်မြင့်ဟိုတယ်၊ မိုးမျှော်ကုန်တိုက်၊ ဆန်းကျယ်ခန်းနားသော မြို့ပြအဆောက်အအုံများနှင့် ခေတ်မှီလမ်းမကြီးများကို လွန်၍ ရှေးရိုးကျောက်စီအိမ်၊ ကျောက်ခင်းလမ်း နှင့် ကျောက်တံတားကြီးများ၊ ကျေးလက်ကုန်စုံဆိုင် နှင့် စိုက်ခင်းများ၊ ထိုမှ ကျောက်ဆောင်ထူထပ် ရေစီးသန်သော ယန်စီမြစ်တွင်းထိ ခရီးဆန့်ဖြစ်ခဲ့သည်။
ထောင့်မှန်စတုဂံပုံသဏ္ဍန် အရွယ်စုံ ကျောက်တုံးများကို တောင်နံရံများမှ အညီအညာ ဖြတ်တောက် ထမ်းပိုး သယ်ယူနေကြသော ကျေးလက်သားများ၊ သာမန်အားဖြင့် ဟန်ချက်ညီညီ ခြေမြဲမြဲ ချရန်ပင် ခဲယဉ်းမည့် တောင်စောင်းစိုက်ခင်းများအတွင်း ရေလောင်း ပေါင်းသင် လုပ်ငန်းဝင်နေ ကြသော အိမ်ရှင်မများ နှင့် နှင်းမှုံတွေအကြား ကျောက်ဆောင်ပေါ် အငူသားထိုင်ကာ လက်တွင်းမှယက်သဲ့ကို (တာဝန်တရပ်သဘွယ် သဘောထား ဘိသည့်အလား) မြှုပ်ချီ ဖေါ်ချီပြုနေသော တံငါအဖိုးအို စသည့်မြင်ကွင်းတို့မှာ အမှတ်ရစရာ ဖြစ်ခဲ့၏။
မဆုံးနိုင်သော အတွေးစများနှင့်အတူ မဖြစ်ညစ်ကျယ် ကဗျာသမားတယောက် မထင်မရှား ကဗျာတပုဒ် တရုပ်ပြည်မှာ ရေးဖြစ်ခဲ့ လေသည်။ သို့ရာတွင် (ကဗျာမဆန်နိုင်သော ဘဝထဲမှ) ပွဲပြီးမီးသေသမားတဦးပြီပြီ မှတ်စုစာအုပ်ငယ်နှင့်အတူ ထိုကဗျာကို ချောင်ထိုးထား ခဲ့သည်မှာလည်း ယနေ့တိုင်အောင်ပင်ဖြစ်ပါ၏။
မှတ်မှတ်ရရ လွန်ခဲ့သော ရှစ်နှစ် ကိုးနှစ် (၂၀၀၄-၂၀၀၅) ခန့်က ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေး ဒီရေ အရှိန်အဟုန် မြင့်ချိန်မှာတော့ ကဗျာကို ပြန်ဖတ်ပြီး (ကိုယ့်ငါးချဉ် ကိုယ်ချဉ်စွာဖြင့်) နာမည်ကြီး စာစောင် တစောင် သို့ တကြိမ် ပို့ဖြစ်ခဲ့ပါသည်။ နောက်ထပ် နှစ်နှစ်အကြာ အယ်ဒီတာချုပ် ကွယ်လွန်ပြီး ထိုစာစောင် ရပ်နားသွားသည် အထိ ဖေါ်ပြခြင်းမခံခဲ့ရ (အပယ်ခံရသည် ဟူလို)။ စိန အရေး ရှုပ်ထွေး၍ ရပ်ကျော်ရွာကျော် အုပ်အော်သောင်းတင်းတွေ ကြားသိလာ ရခိုက် ထိုကဗျာကို အမှတ်ရကာ (အခွင့်လည်းသင့်သည်နှင့်) ပြန်လည်တူးဆွပြီး ဒုတိယအကြိမ် ကြိုးပန်းသည့် အနေဖြင့် (ကိုယ့်စာ လူတကာပြလိုသော ကလေးကလား အတ္တကလည်း မစင်သေးသည်မို့) မျှဝေလိုသောစိတ် ဖြစ်ခဲ့ရပြန်ပါသည်။
သို့နှင့်ပင် (အနည်းငယ်တည်းဖြတ်ပြုပြင်ပြီး ဖြည့်စွက်ဆောင်းပါးနှင့်အတူ) ယ္ခုအချိန်ထိ ကျွန်တော်ရေးသမျှ သည်းခံ အားပေး ဖေါ်ပြလေ့ရှိသော ဒီမိုဝေယံ စာမျက်နှာသို့ ပို့လိုက်ဖြစ်ပါသည်။ နှစ်နှစ်ဆယ်က အမြင် အတွေး အရေးမို့ လွန်လျှင် သည်းခံ မှားလျှင်ခွင့်လွှတ် အပြုသဘော စိတ်ညွှတ်၍ ဖတ်ရှု ဝေဖန် ဆင်ခြင် နိုင်ကြပါစေကုန်။ မူလကဗျာ ခေါင်းစဉ်မှာ
“ယန်စီအလျဉ် သတိယှဉ်လော့” ဟူ၍ ဖြစ်ပါသည်။
“ယန်စီအလျဉ် သတိယှဉ်လော့”
နီးဟောင်မားပါတဲ့
ဟောင်မား ဟောင်မား
နှင်းမှုံကြားမှ
မြစ်ဖျားယန်စီ ခွန်းဆင့်သည်။
ဒီဇင်္ဘာဆောင်း နှင်းအားကောင်းလှ
တောင်စောင်းတွေရဲ့ အပေါ်
မြစ်ကြောင်းတွေရဲ့ အပေါ်
မော်နေတဲ့နှင်း အေးစိမ့်ခြင်းက
ရိုးတွင်းခြင်ဆီထိလောက်ရဲ့…..
ဒါပေမဲ့
အသာခွေ ဗျာပွေမချဲ့ပါဘု
ဒါတွေဟာ သဘာဝသရုပ်
ကျုပ်တို့ ရဲ့ ထမင်းတစ်ဆုပ်ကို
သူပုတ်လို့ကျနိုင်ရိုးလား။
ရထားယဉ်သာ နေစင်္ကြာ
ရောင်ဝါမထွန်း ချမ်းရှာလွန်းတဲ့
အချိန်
ကျောက်စွန်းပေါ်က ကိုတံငါ
လက်တွင်းမှာ ယက်သဲ့
ကမ်းခိုတက်တဲ့ငါး ပိုက်ဖျားတိုးအဝင်
မိဘို့သာပြင်ပေရော့
မြောက်ပြန်လေ အသော့မှာ။
ကုန်းမော့ကမူ
ကျောက်ငူကျောက်ဆောင် ကျောက်တောင်တွေကြား
ပျားနှယ်ရွရွ လှုပ်ရှားကြသည်
ချိုမြဝတ်ရည် ထုတ်ဘို့မဟုတ်
ကျုပ်တို့အလုပ်
ခုတ်ဘို့ထစ်ဘို့ ဆစ်ဘို့ပိုင်းဘို့
တံတိုင်းတံတား အများသွားကြ
လမ်းမကြီးတွေ အိမ်ခြေတိုက်တာ
လိုရာအစုံ အလုံအလောက်
ဂုဏ်မမြောက်ပေမဲ့
ကျောက်ထုရင်းကျတဲ့ချွေး
ယန်စီမြစ်နွေးလောက်တယ်။
အဝေးကမြင်ကွင်း
ဟိုတောင်ယာခင်းတွေရော
မြေရှင်းခြုံခုတ် ကျုပ်တို့ဘဲလုပ်ကြ
အိမ်ရှင်မတို့
မျိုးချပေါင်းသင် အပင်ရေလောင်း
တောင်စောင်းတောင်ခါးပန်း
ချိုင့်ဝှမ်းလျှိုကြား
မြေသားကျန်ရင် ကန်သင်းဖေါက်
နှင်းမစဲမီ အခင်းထဲရောက်
အနောက်ကနေမထွက်ပေမဲ့
ကြာပေါက်တဲ့ တောင်ပေါ်မြင်ကွင်း
ဖန်ဆင်းနိုင်စွမ်းကြတယ်။
စက်ရုံဆီက သားနှင့်သမီး
ကုန်ပစ္စည်းအတွက်
ယက်ကြ ဆင်ကြ ပြင်ကြထုတ်ကြ
တည်ဆောက်ကြတဲ့ မြို့ပြအိုးအိမ်
ထိန်ထိန်ညီးတောက် ကျေးလက်ရောက်အောင်
လမ်းဖေါက်ကြိုးသွယ် အနယ်နယ်မှာ
သယ်ပို့စံနစ် တခန်းလှစ်ခဲ့
ဆန်းသစ်ဗိမာန် ယာဉ်ပျံရထား
သံကြားရုပ်မြင် စွမ်းအင်ဓါတ်ပေါင်း
ကျွမ်းကျင်သလောက် ကောင်းတဲ့ခေတ်
မဆုတ်နစ်ကြဘူး ထူးထူးခြားခြား
ကျုပ်တို့အားရစရာပေပ။
ဘိုးအေဘွားအေ
အဖေအမေ ကျုပ်တို့တွေခေတ်
စံနစ်တွေ ပုရစ်ဝေသလို
သစ်နေသမျှဟောင်း ညောင်းလေသမျှကြွေ
မြေရှင်ပဒေသရာဇ် အရင်းရှင်ဆိုရှယ်လစ်
ကိုလိုနီလက်သစ် ဖက်ဆစ်
ဖြစ်ပျက်ပျက်ဖြစ် စိတ်တွေညစ်အောင်
တွက်စစ်မနေအား
နားလည်သူတွေလုပ်ဘို့ထားကြ
ဘဝအသိ ကျုပ်တို့အဘိဓမ္မာမှာ
ဝါဒအတွေးထက် အစာဝရေးဟာ အဓိက
အများအောက်မကျရအောင် တရားထောက်ဆရေးဟာ
အဓိက
အပြောမရှုပ် အဟုတ်လုပ်သလို
အလုပ်ဟုတ်ရေးဟာ အဓိက.. ဟုတ်စ။
ကာလနှစ်ထောင်း ရှည်ကြာညောင်း
ပြောင်းလဲခြင်းရဲ့မြစ်ယန်စီ
ကျောက်ဆောင်ကျောက်သား သူတိုက်စား
မရပ်နားတဲ့မြစ်ယန်စီ
အတားအဆီး အများနည်း
ခါးမစည်းတဲ့ မြစ်ယန်စီ။
ယန်စီကိုမြင် သတိယှဉ်
အသင်တွေးဆ မိပါစ။
[၁၉၉၄ ဒီဇင်္ဘာလ၊ ချံချင်းမြို့
တရုပ်ပြည်သူ့သမ္မတ နိုင်ငံ]
အောက်ခြေမှတ်စု။
နီးဟောင်မား - ကျန်းမာပါစ၊ နေကောင်းရဲ့လား
ဟောင်မား - အချင်းချင်းနုတ်ဆက်ရာတွင်
အသုံးပြုလေ့ရှိသည့် အာလုပ်စကား
မနှစ်မြို့ခြင်းသည်ပင် ရသတပါးမို့ ရေးသူအဘို့ရာ ကျေနပ်စရာ ဖြစ်ပါသည်။ ယန်စီ၏ စွမ်းပကားကို ဆွေမျိုးပေါက်ဖေါ်ဆက်ဆံရေး မှသည် နေ့ခြင်း ညခြင်း ဆိုသလို မြီရှင်မြီစား ဆက်ဆံရေးသို့ လျှောကျသက်ဆင်းသွားရခြင်းက သက်သေပြပြီး ဖြစ်သည်မှာတော့ အငြင်းပွားဘွယ် မရှိလောက်ပါ။ ကျွန်တော်ကတော့ တဒင်္ဂပဟန် မြင်တွေ့ဘူးသော ယန်စီ အပြင် မမြင်ဘူးသော်လည်း ကြားစပြုလာသည့် ဂင်္ဂါ ရေစီးကြောင်း၊ ထိုမှတဆင့် ဟိုအဝေးမှ တန်ခိုးထွားလှ သော ဟဒ်ဆန် မြစ်ဝှမ်းဆီအထိ စိတ်ကူးဖြင့်ကြည့်ကာ (တခါတခါ) ရင်မောမိသည်မှာ အမှန်ဖြစ်ပါသည်။
တခါတခါ တော့လည်း ဗိုလ်ချုပ် (အောင်ဆန်း) ၏ “အတော့်ကိုြ -ဲ အောင်လုပ်နိုင်မှ တန်ကာကျမယ်” ဆိုသော စကားကို လူစည်ကားရာ လမ်းဆုံလမ်းခွတိုင်းမှာ မော်ဒန် စီးပွားရေးကြော်ငြာများနှင့် အပြိုင် လိုက်၍ ချိတ်လိုသည့် စိတ်ရုးပေါက်မှုမျိုး ဖြစ်မိပါသေးသည်။
အစိုးရကမင်းများကလည်း ဒီမိုကရေစီ၊ အတိုက်အခံတွေကလည်း ဒီမိုကရေစီ၊ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူအပေါင်းကလည်း ဒီမိုကရေစီ သူ့နည်းသူ့ဟန် ဒီမိုကရေစီသံတွေ သောင်းသောင်းညံနေ ကြချိန်မှာ ဦးပေါ်ဦး လျှောက်ထုံးတခုကို (မဆီမဆိုင်) အမှတ်ရမိသည်မှာလည်း အမှန်ပင်ဖြစ်ပါ၏။ ဥတကာဥတွေထဲမှာ ဘယ်ဥအဆိမ့်ဆုံးလဲ.. လိပ်ဥ၊ သူ့ချည့်ဘဲလား..ဆားနဲ့ပါဘုရား ဆိုသော လျှောက်ထုံးဖြစ်ပါသည်။ ဒီမိုကရေစီ ဆေးတော်ကြီး ကို သူ့ချည့်သက်သက်ထက် အလုပ်နှင့် တွဲဘက်သုံးဆောင်ခြင်းက လျှင်မြန်စွမ်းပြည့် ပို၍ အာနိသင်ရှိမည်ဟု
(တချိန်သောအခါက တခုသော ယန်စီမြစ်ကမ်းပါးမှာ)
ပေါ်ဦးတွေး တွေးခဲ့ဘူးသမျှ ဖေါ်ပြမိခြင်း ဖြစ်ပါကြောင်း။
လောကပါလ..
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် လေလံတင်သော ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ရက်လုပ်ထားသော သိုးမွှေးဆွယ်တာ
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ချည်ထိုးရက်လုပ်ထားသော သုံးရောင်စပ်ဆွယ်တာ အနွေးထည်တစ်ထည် ကို
ဒီဇင်ဘာ ၂၇ ရက် ညကပြုလုပ်သော ပညာရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲ တွင်
လေလံတင်ရောင်းချခဲ့ရာ ရွှေသံလွင်ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော
ရွေအက်ဖ်အမ်က ကျပ် ၄၁၅ သိန်းဖြင့် လေလံအောင် သွားကြောင်း
ဒီချုပ်ပညာရေးကွန်ရက်မှ ဦးဖြိုးမင်းသိန်းက ပြောသည်။
ဒီဇင်ဘာ ၂၈ ရက်ညတွင် ထပ်မံပြုလုပ်မည့် လေလံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖန်တီးပြုလုပ်ထားသော
ပစ္စည်းတစ်ခုအား ထပ်မံလေလံတင်ဦးမည် ဖြစ်သည်။ ၂၀၁၁ ခုနှစ်က
ပထမအကြိမ်ပြုလုပ်သော ပညာရေးရန်ပုံငွေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
အနုပညာရှင်များ လက်မှတ်ထိုးထားသော တီရှပ်အင်္ကျီတစ်ထည်ကို
လုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် လေလံအောင်ဝယ်ယူသွားခဲ့သည်။
သတင်း..... 7Day News Journal
ဓာတ်ပုံ....ပေါ်ပြူလာ
ပြည်သူများအတွက် စည်ပင်မှ ခရစ်စမတ်လက်ဆောင်
<
ဘယ်သူအမိန့်နဲ့လို့မပြောပေမယ့်
စည်ပင်မှလူအင်အားသုံးပြီး တောင်ဒဂုံမြို့နယ်မှ ဆိုင်ခန်းပေါင်း နှစ်ရာကျော်ကို တစ်နေ့တည်း
ဖျက်သိမ်း
ရန်ကုန်တိုင်းဒေသကြီး၊
တောင်ဒဂုံမြို့နယ်၊ အမှတ် ( ၁၇-၁၈-၁၉-) ရပ်ကွက်စသော ရပ်ကွက်များ ကို ဖြတ်သန်း ရာ မောင်းမကန်လမ်း၊ဧရာဝဏ်လမ်းနှင့်ဆောက်လုပ်ရေးမှတ်တိုင်
တောက်လျှောက် ဆိုင်ခန်းများကို ဒီဇင်ဘာ ၂၃- ရက်နေ့က စတင်ကာ လူအင်အား (၃၀) ကျော်လောက်နဲ့
စည်ပင် သာယာရေး အဖွဲ့မှဆိုပြီး ဖျက်သိမ်းသွားခဲ့ သည်ဟု အဖျက်ဆီးခံရသော ဆိုင်ပိုင်ရှင်များကပြောသည်။
"မနက်
၁၀း၀၀ လောက်က ဖျက်ပေးဖို့လာပြောပြီး ၂း၃၀ လောက်မှာ လူအင်းအားအသုံးပြုပြီး လူအုပ်နဲ့ လာဖျက်
တာပဲ၊ အပျက်အစီးနည်းအောင် ကျွန်တော့ဘာသာဖျက်မယ်ပြောတာလဲ မရဘူး" ကျွန်တော် တို့ဘာသဖျက်ရင်
ပစ္စည်းကောင်းတွေပြန်ရနိုင်တယ်။သူတို့လုပ်သွားတဲ့ပုံစံက ရန်သူကို နှိပ်စက်သလို ဆိုင်ကို
ဖျက်ဆီးသွားကြတာ ကာလတန်ဖိုး သုံးသိန်းဖိုးလောက် ရှိသည်"ဟု မောင်မကန်လမ်းဘေး ရှိ
တောင်ဒဂုံမြို့နယ်။အမှတ် ၁၈- ရပ်ကွက် အောင်သရဖူစားသောက်ဆိုင်ပိုင်ရှင် ကိုညွန့်ဝင်းကပြောသည်။
ကားသုံးစီး၊ဆိုင်ကယ်
၁၅ စီးနဲ့ လူအင်အား ၃၀ ကျော်လောက်က စည်ပင်ကဆိုပြီး ဖျက်လို့ရတဲ့ဆိုင်များကို ဖျက် ဆီးသွားပြီး၊
ဖျက်ရဲဖျက်ကြည့် မင်းတို့ဖျက်ရင် ငါကိုယ်တိုင် ဓားနဲ့ ထွက်ခုတ်မယ်ဟု ပြန်ပြောသော ဆိုင်များကို
တော့ ဆက်မဖျက်တော့ဘဲ ပြန်လည် ထွက်သွားသည်ဟု မောင်မကန် လမ်းဘေးလက်ဝဲ၊ လက်ယာ တွင် နေထိုင်
ကြသော ဒေသခံများက ပြော သည်။ ပြောသည့်အတိုင်း လည်း မောင်းမကန် လမ်း တွင် လက်ဖက်ရည်ဖွင့်ထား
သော လရိပ်ချိုဆိုင်ကို စည်ပင်တို့မဖျက်ဆီးရဲ ဘဲ ပြန်လှည့်ထွက် သွားခဲ့သည်ဟု ဆိုင်ပိုင်ရှင်
ဦးလှကျော်က ပြောသည်။ ကျွန်တော်ဆိုင်ကို လာဖျက်တဲ့အခါ ဘာဖြစ်လို့ဖျက်တာလဲမေးတော့ စည်ပင်နယ်နမိတ်နဲ့
မလွတ်လို့ ပြောလာလို့ အဲလိုပြောရအောင် ကျွန်တော်တို့ဆိုင်က ပလက်ဖောင်းပေါ်တက်ရောင်းတာလဲ
မဟုတ်ဘူးဟု ၄င်းကထက်ရှင်းပြသည်။
အဆိုပါကိစ္စကို
သက်ဆိုင်သောမြို့နယ် စည်ပင်သာယာရေးကို မေးမြန်းစုံးစမ်းတော့ လည်း ပြန်လည် ဖြေကြား ခြင်းမရှိခဲ့ပါ။
မြို့နယ် NLD ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီကိုယ်တိုင် မြို့နယ်စည်
ပင်ကို စုံးစမ်းပေးခဲ့သော်လည်း တိကျသော အဖြေကိုမရဟု ပြောသည်။ "ကျွန်တော်တို့တွေလည်း
စည်ပင်ကို မေးပါတယ် ဘာကြောင့်လည်းဆိုတာကိုတော့ သူတို့မပြောနိုင်ဘူး၊ တကယ်တမ်းဆိုရင်
စနစ်တကျလုပ်သင့်ပါ တယ်။စည်းကမ်းရှိရှိလုပ်သင့်ပါတယ်။ ကြိုတင်အကြောင်းကြားသင့်ပါတယ်''ဟု
ဆက်လက်ပြောပြသည်။
ဖျက်ဆီးခံရတဲ့ဆိုင်များကတော့
နတ်စင်လမ်းထိပ်ကနေဆိပ်ကမ်းမြို့နယ်ထိ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်လောက် ရှိပြီး ၊ဖျက်ဆီးခံလိုက်ရတဲ့ဆိုင်းအများစုကတော့
လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်၊ လက်သုတ်ဆိုင်၊ ကွမ်းယာဆိုင်၊အကြော် ဆိုင်ဖြစ်သည်။
ယင်းကဲ့သို့
စည်းမဲ့ကမ်းမဲ့လူအင်အားသုံးပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဆိုင်တွေကို လိုက်ဖျက်ဆီးခံလိုက်ရ
တဲ့ ဆိုင်ပိုင်ရှင် တစ်ရာကျော်လောက်က လက်မှတ်ရေးထိုးပြီး ကူညီဖြေရှင်းပေးရန်အတွက်လည်း
တောင်ဒဂုံမြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ တိုင်ကြားထားကြောင်းသိရှိရသည်။
တိုင်းဒေသ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ ဇာတိ အင်္ဂပူမှာ အုပ်ချုပ်ရေးမှုးရွေးချယ်ရာ ပွင့်လင်းမြင်သာမှု မရှိ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့ မှာ မြို့ပေါ်(၃)ရပ်ကွက်စလုံး အုပ်ချုပ်ရေးမှုး ရွေးချယ်ရာ မှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ သတင်းရရှိပါသည်။ မသိနားမလည်တဲ့ ပြည်သူတွေ အပေါ် မတရားလုပ် မှုတွေ ပါဝင်နေတယ်လို့ ကြားသိရပါတယ်။
လက်ရှိအာဏာပိုင်တွေရဲ့ ရွေးချယ်ထားတဲ့သူများကို မဲပေးရွေးချယ်စေခဲ့တယ်လို့ ဆိုပါတယ်။ မြို့ပေါ်သြဇာ ရှိ သူ ခရိုနီခေတ်ပျက်သဌေးများ ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ လက်ကိုင်တုတ် လက်ပါးစေများ မှ မိမိတို့ သြဇာခံမည့်သူများကို ရွေးချယ်တင်မြောက်ရန် ဆောင်ရွက်ခဲ့တယ်လို့ ကြားသိရ ပါတယ်။ ပြည်သူ အများစု အား ဆယ်အိမ်မှုး ရွေးချယ်မည် ဟု ပြောဆိုကာ မဲပေးစေခဲ့တယ် လို့ ဆိုပါတယ်။ ဗဟုသုတ နည်း ပါးသော ပြည်သူ များမှာ ဆယ်အိမ်မှုးနှင့် တန်သူများကိုသာ ရွေးချယ်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှုးရွေးဖို့ မဲထည့်ရန် စောင့်မျှော်နေချိန်မှာပဲ အုပ်ချုပ်ရေးမှုး စာရင်းများထွက်ပေါ်လာပါတယ်။
ဗဟုသုတနည်းပါးတဲ့ ပြည်သူတွေအပေါ်မှာ နားလှည့်ပါးရိုက်လိုက်သလိုပါပဲ။ အထက်အဆင့်ဆင့် အနေနဲ့လဲ အဆိုပါဖြစ်ရပ်များအပေါ် ဖိအားပေးတာဝန်ယူ ဖြေရှင်းခြင်း မရှိသရွေ့ ပြည်သူများ၏ ချစ်ခင်မှု၊ ယုံကြည်မှုများ ရရှိသော အစိုးရတစ်ရပ် ဖြစ်လာမှာ မဟုတ်ပါဘူး….ဟု အင်္ဂပူနေ ပြည်သူတစ်ဦး အနေနဲ့ တင်ပြလိုက်ရပါတယ်။
ဆိုင်ကယ်စီးနင်းသူများကို မြွေအန္တရာယ် အာမခံကြေးကောက် သတဲ့
ဟင်္သာတလူနေရပ်ကွက်တွင်းက အမှိုက်ပုံကြီး မီးလောင်နေ
ဟင်္သာတမြို့ အ.လ.က(၁)
နေရှင်နယ်ကျောင်းနောက်ဘက်ရှိ အမှိုက်ပုံကြီးတွင် ၂၂-၁၂-၂-၁၂ နေ့၊
နံနက်(၆)နာရီခန့်မှ စတင်ကာ မီလောင်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
ဟင်္သာတမြိုမှ ဆက်သွယ်ရေးစနစ်ဘယ်လောက်ကောင်းလဲ ဆိုရင်
တမြို့လုံးဖုန်းတွေ No Service ဖြစ်နေပါတယ်။ အမှိုက်ပုံမှာ မီးလောင်စရာ
လောင်စာများချည်းဖြစ်သောကြောင့် မီးတောက်မှာ တဖြည်းဖြည်း များလာကြောင်း
တွေ့ရပါသည်။ ဈေးထဲက လူများ မှ ရေပုံး နှင့်ပက်၊ ဈေးထဲက မီးသတ်ပိုက်ကိုနဲ့
ပက်ဖို့ပြင်ဆင်နေတာ တွေ့ရပါတယ်။ မီးသတ်ကို အကြောင်းကြားထားသော်လည်း
မလာရောက်သေး သည့်အတွက် ဖုန်းတွေ တမြို့လုံး မကောင်းလို့ဘယ်လို့ မှဆက်သွယ်လို
့မရပြီး အ.လ.က(၁) ကျောင်နောက်ဖေးတွင့်  ကပ်နေသောကြောင့်  စနေနေ
့လမ်းလျောက်ပြီး ပြန်လာ တဲ့ ခလေးလေးတွေ ကလည်းကျောင်းထဲကရေ နဲ
့လှမ်းပက်တာကိုတွေ့ ရပါတယ် မီးသတ်ကားကတော့  မီးသာငြိမ်းသွားတယ်
ကားရောက်မလာပါဘူး လို့ အနီးအနားမှမျက်မြင်သက်သေတစ်ဦးထံမှ သိရပါတယ်။
အမျိုးသမီးငယ်တစ်ဦး သေကြောင်းကြံစည်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး
ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက် ကိုအီဖောင်းဆေးဆိုင်(Lucky တည်းခိုခန်း)
မှ ကိုယ်စားလှယ်ယူထားသော ဆေးများကို ရောင်းချပေးနေသော ဟင်္သာတမြို့ ဆကာရပ်
ဗုဒ္ဓဟူးပါတ်တာကြီးတန်းနေ ဒေါ်ကရင်မ၏ သမီး အရောင်းဝန်ထမ်း မလဲ့လဲ့စန်းသည်
၂၁-၁၂-၂၀၁၂ နေ့ ညနေပိုင်း၌ ဘာမီတွန်များ
အလွန်အကျွံသောက်ခါ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်သောကြောင့်
ပါးစပ်မှ အမြုတ်များထွက်လာခါ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးသို့
တင်ပို့ပြီး ကုသသောကြောင့် ယနေ့ မနက်ပိုင်းတွင် သတိပြန်လည်လာပြီ ဟု
သတင်းရရှိပါသည်။
သေကြောင်းကြံစည်ရခြင်း၏ အကြောင်းအရင်းကို
စုံစမ်းကြည့်သောအခါ ဆေးရောင်းရငွေများ စာရင်းကွာဟမှုကြောင့် ဖြစ်နိုင်သလို၊
နာမည်ကြီးဆေးဆိုင်ပိုင်ရှင်၏ သားနှင့် ထိုမိန်ကလေးမှာ ရည်ငံနေရာ
ယောင်္ကျားလေးဘက်မှ သဘောမတူသည့်အတွက် စိတ်ညစ်ပြီး ယခုကဲ့သို့ ပြုလုပ် ရခြင်း
ဖြစ်နိုင်ကြောင်း မြို့ခံများမှ ပြောဆိုနေကြပါ တယ်။
သေကြောင်းကြံစည်မှုဆိုသည်မှာ ရဲအရေးပိုင်သောကြောင့် ပြဿနာတက်မည်ကို
စိုးရိမ်၍ သွေးအားနည်းလို့ မူးလဲတာပါ ဟု အပြင်မှာ သတင်းလွှင့် ထားကြောင်းလည်း
ကြားသိရပါသည်။ မည်သို့ပင် သတင်းလွှင့်ထားသော်လည်း ဆေးရုံမှ တာဝန်ရှိသူများ
မှန်မှန်ကန်ကန် စစ်ဆေးလျှင် အဖြစ်မှန်ပေါ်ပေါက်မှာ ဖြစ်ကြောင်းလည်း
မြို့ခံများ က ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။
ငွေလိမ်ပြေးသည့် ဈေးခေါင်းအား စည်ပင် မှ ဈေးခေါင်းပြန်ခန့်
ဧရာဝတီတိုင်းဒေသကြီး
ဟင်္သာတမြို့ ဌေးဝင်းဈေးရှိ ဈေးခေါင်း ဦးမြင့်ဦးသည် ဈေးသူဈေး သားများ၏
ဈေးအခွန်ငွေများ၊ အတိုးဖြင့်ချေးယူထားသော ငွေများစွာကို
ရှင်းလင်းခြင်းမရှိပဲ အလွဲသုံးစားပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေပြီး
စည်ပင်မှ အမှုဖွင့် အရေးယူထားသော်လည်း စည်ပင်ဗိုလ်ကြီးကို မည်သို့
လာပ်ထိုးလိုက်သည်မသိ၊ ယနေ့တွင်ပင် ဈေးခေါင်း အဖြစ် ပြန်လည်ချထားပေးကြောင်း
သတင်းရရှိပါသည်။ ထို့ကြောင့် ဈေးသူဈေးသားများက အလွန်မကြေမနပ်ဖြစ်လျှက်
ရှိကြပြီး ထိုသို့ အကျင့်ပျက်လာပ်စား၊ ငွေအလွဲ သုံးစားပြုလုပ်သူအား
ပြန်လည် မခန့်ထားသင့်ကြောင်း ဈေးသူဈေးသားများက တညီတညွတ်တည်း
ပြော ဆိုနေကြာကြောင်း သတင်းရရှိပါသည်။
နစက မှူး အောင်ကြီး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရကြောင်းသိရ
ဇွန်လ ၈ ရက်နေ့ မောင်တောမြို့တွင် ဘင်္ဂလီများ အကြမ်းဖက်တိုက်ခိုက်ခြင်း အား တားဆီးနိုင်ခြင်းမရှိခဲ့ခြင်းနှင့်
အခြားသော လာဒ်စားမှုများကြောင့် နစက ဌာနချုပ်မှူး အောင်ကြီးအား ထောင်ဒဏ်
နှစ် ၃၀ ချမှတ်လိုက်ကြောင်းနှင့် ယနေ့ တွင် ကျောက်ဖြူ အကျဉ်းထောင်သို့
ပို့ဆောင်လိုက်ကြောင်းသိရသည်။
အဆိုပါအောင်ကြီးသည် ဘင်္ဂလီများအား အားပေးအားမြှောက်ပြုလုပ်ခဲ့ခြင်း နှင့် တာဝန်ယူဖြေရှင်းခြင်းမရှိခဲ့သည့်အတွက် ရခိုင်တိုင်းရင်းသား ရွာပေါင်းများ စွာမီးရှို့ခံလိုက်ရသည့်အတွက် အစိုးရမှ ဖမ်းဆီးပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ဖြစ်သည်ဟုလည်း နစက အသိုင်းအ၀ိုင်းမှ ပြောဆိုကြပါသည်။
အဆိုပါအောင်ကြီးသည် ဘင်္ဂလီများအား အားပေးအားမြှောက်ပြုလုပ်ခဲ့ခြင်
သတင်း.... Rakhine Straight Views
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် အမတ်ဒေါ်အောင်ဆန်းစုကြည် မြိတ်၊ ကံမော်၊ ကျွန်းစုခရီးစဉ်မှတ်တမ်း
ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ်ဟောပြောပွဲအတွက
ဓာတ်ပုံ ..NLD ၊ အင်တာနက်စာမျက်နှာများ မှပြန်လည်ဖော်ပြလိုက်ပါသည်.။
“ဒီမိုကရေစီလမ်းပေါ်လျှောက်နိုင် အောင် ယခင်စစ်အုပ်စုခေါင်းဆောင်တွေ လုပ်ပေးခဲ့တယ်ဆိုတာလုံးဝလက်မခံပါဘူး´´၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီဦးဝင်းတင် နှင့်တွေ့ဆုံခြင်း
လက်ရှိမြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ်အား စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ ယခင်အစိုးရခေါင်းဆောင်များ၏ ဆောင်ရွက်ပေးခဲ့မှုဖြစ်ကြောင်းနှင့်
ယခင်စစ်အစိုးရခေါင်းဆောင်များ လုပ်ဆောင်ပေးခဲ့သဖြင့် ပြည်သူများ
ဒီမိုကရေစီအရသာအား စတင်ခံစားနေရပြီဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏
ခေါင်းဆောင်ပိုင်း တာဝန်ရှိသူအချို့မှ ပြောနေခြင်းအပေါ် ၀ါရင့်သတင်းစာ
ဆရာကြီး ဟံသာဝတီဦးဝင်းတင်အား Hot News Weekly သတင်းထောက်မှ တွေ့ဆုံ၍
မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးနိုင်ခြင်း အပေါ်
ယခင်စစ်အစိုးရခေါင်းဆောင်များ၏ အခန်းကဏ္ဍအပေါ် အမြင်သုံးသပ်ချက်အချို့အား
မေးမြန်းဖြစ်ခဲ့သည်။လက်ရှိအစိုးရခေါင်းဆောင်ပိုင်းက
တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့ မြန်မာ နိုင်ငံ မှာ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံး
လာနိုင်တာ ယခင်စစ်အစိုးရခေါင်း ဆောင်တွေ လုပ်ပေးခဲ့လို့လို့ ပြောနေ
ကြပါတယ်။ ဒီအပေါ် ဘဘရဲ့ အမြင် လေးကို သိပါစေ။
ခုသမ္မတဦးသိန်းစိန်နဲ့ အသိုင်း အ၀ိုင်းကလည်း ဒီလို ပြောနေတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကကို ထုတ်ဖော်ပြောခဲ့တာပဲ။ ခု ဒီမို ကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်စစ်အာဏာရှင်အစိုး ခေါင်းဆောင် တွေက လုပ်ပေးခဲ့တာပါ၊ လမ်းခင်းပေး ခဲ့တာပါလို့ သူတို့ပြောနေကြတာတွေကို လုံးဝလက်မခံပါဘူး။ သူတို့ကပြောရင်
ယခင် နှစ် နှစ်ဆယ်ကျော်ထဲက ဒီမို ကရေစီစနစ်တည်ဆောက်ဖို့ စီစဉ်ပြီး သားပါဆိုတာတွေ ပြောကြတယ်။ အဲဒီ အချိန်ကတည်းကပြောရရင် ၁၉၈၈/၈၉ ထဲက တိုင်းပြည်ကိုဖျက်ဆီးခဲ့တာ၊ နှိပ်ကွပ် ခဲ့တာ စစ်အုပ်စုတွေပဲ။ သူတို့က ဒီမို ကရေစီနဲ့ တိုင်းပြည်ကိုသွားဖို့ ဖွင့်ပေးခဲ့ တာမဟုတ်ဘူး၊ ဒီမိုကရေစီကို ပိတ်ခဲ့ တာ။
၁၉၉၀ အထွေထွေရွေးကောက်ပွဲကြီး တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးစော မောင်က အနိုင်ရ NLD ကို အခြေခံ ဥပဒေဆွဲခိုင်းတယ်လို့ သိရပါတယ်။ အဲဒီတုန်းက တိုင်းပြည်ရဲ့အခြေအနေ တွေအပေါ် ဘဘအနေနဲ့ ဘယ်လို သုံး သပ်ပါသလဲ။
အဲဒီအချိန်က လူထုက စစ်အုပ်စု တွေကို မလိုလားလို့ NLD ကို မဲပေးခဲ့ တာ အပြတ်အသတ်နိုင်ခဲ့တာပဲ။ ဒီတော့ ရွေးကောက်ပွဲမလုပ်ခင် ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောခဲ့တာပဲ။ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရတဲ့သူကို အာ ဏာလွှဲပေးမယ်။ ပြီးရင် သူတို့တွေ စစ် စခန်းတွေကို ပြန်မယ်။ ဒီတော့ လိုအပ် တဲ့အခြေခံဥပဒေဆွဲပါလို့ ပြောတယ်။ ဒီဟာက ကမ္ဘာ့သတင်းစာတွေမှာတောင် နေရာယူခဲ့တာ။ အဲဒီတုန်းက အခြေ အနေတွေကို သုံးသပ်ရရင် NLD နိုင်ခဲ့ တယ်။ NLD နိုင်တယ်ဆိုတာက သိပ် ကောင်းလို့မဟုတ်ဘူး။ အဲဒီ ရွေးကောက် ပွဲရဲ့ရလဒ်ကို စစ်အုပ်စုတွေအောက်မှာ နှစ်ပေါင်းများစွာ ချုပ်ချယ်မှုတွေနဲ့ နေ လာခဲ့ရတဲ့ ပြည်သူတွေက စစ်အုပ်စုတွေ၊ စစ်အာဏာရှင်တွေကို လက်မခံတော့ ကြောင်း ပြလိုက်တာ NLD ပွဲကလည်း တစ်နှစ်နဲ့ ၇ လကျော်ပဲရှိတာ။ ဒါဟာ စစ်အာဏာရှင်အုပ်စုကို ပြည်သူက ငြင်း ပယ်လိုက်တာပဲ။ မင်းတို့တွေသွားလို့ မောင်းထုတ်လိုက်တာပဲ။ အဲဒီတုန်းက လူထုက ဒီမိုကရေစီလိုချင်တယ်ဆိုတာ ထက် စစ်အုပ်စုကို အလိုမရှိဘူးဆိုပြီး ငြင်းလိုက်တာပဲ။
အဲဒီတုန်းက အနိုင်ရတဲ့ NLD က လွှတ်တော်ခေါ်ပေးဖို့ န၀တအစိုးရကို တောင်းဆိုတုန်း ၁/၉၀ ကြေညာချက် ထုတ်ပြန်မှုအရ အမျိုးသားညီလာခံကြီး ကျင်းပရတဲ့အပေါ်ရော ဘယ်လိုမြင်မိ ပါသလဲ။
၁၉၉၀ မှာ NLD က ရွေးကောက်ပွဲ နိုင်တယ်။ အဲသလို နိုင်ပြီးတဲ့နောက် န၀တကို လွှတ်တော်ခေါ်ပေးဖို့ တောင်း ဆိုတယ်။ နှစ်လအထိ အစိုးရက လွှတ် တော်မခေါ်ဘူး။ အဲဒါနဲ့ နောက်တစ်လ ထပ်စောင့်မယ်။ အဲဒီလိုစောင့်တာမှ မရ ရင် ကိုယ့်သဘောနဲ့ကိုယ် လွှတ်တော် ခေါ်မယ်ဆိုပြီး န၀တကို ရာဇသံပေး လိုက်တယ်။ အဲဒီမှာပဲ န၀တက ၁/၉၀ ကြေညာချက်ဆိုပြီးထုတ် ဒီတော့ အစိုးရ က အာဏာလွှဲပြောင်းဖို့တာ ဟုတ်ပြီ။ အခြေခံဥပဒေဆွဲပါ။ တကယ်တော့ စစ် အုပ်စုတွေက အာဏာလည်း မလွှဲချင် ရော အမျိုးသားညီလာခံ ခေါ်ပြီးမှ အခြေခံဥပဒေဆွဲပါ။ အဲဒီညီလာခံမှာ NLD ကိုယ်စားလှယ်တွေလည်း တက် ပါ။ တကယ်တက်ခွင့်ရတော့ အနိုင်ရ NLD အမတ် ၄၀၀ ထဲက လေးပုံတစ်ပုံ ပဲ တက်ရတယ်။ ညီလာခံကိုယ်စားလှယ် တွေနဲ့ယှဉ်ရင် ၈ ပုံ ၁ ပုံပဲ တက်ရတယ်။ ဒါဟာ အစိုးရရဲ့ တစ်ဖက်သတ်ဖိနှိပ်တဲ့ သဘောကို ပြခဲ့တာပဲ။ အနိုင်ကျင့်တဲ့ သဘောကို ပြခဲ့တာပဲ။ ကျွန်တော် ဆွဲ ပြောနေတာ မဟုတ်ဘူး ဒီလိုပဲမြင်တယ်။
အဲဒီညီလာခံကြီးရဲ့ ရလဒ်တွေအရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
အဲဒီညီလာခံကြီးမှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
ခု သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တွေ၊ ဆွေးနွေးမှုတွေအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။
ခုသမ္မတက တိုင်းရင်းသားတွေကို လာခဲ့ကြပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် လွှတ်တော်ထဲဝင်ကြပါ။ ပါတီ တွေဖွဲ့ကြပါ။ ပြီးလျှင် လွှတ်တော်ထဲက နေ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတ
ဘဘခင်ဗျား… လက်ရှိမြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီပြောင်းလဲလာမှုကရော ဘယ်အတိုင်းအတာထိ ရှိပါသလဲ၊ အဲဒီ အပေါ်မှာရော ဘဘအနေနဲ့ ဘယ်လို မြင်မိပါသလဲ။
လက်ရှိဒီမိုကရေစီ ပြောင်းလဲမှုဖြစ် စဉ်က အရမ်းကို အရှိန်အဟုန်မြင့်နေ တယ်လို့ မသိတဲ့လူတွေက ထင်ကြတယ်။ ပြီးတော့ ဒီအစိုးရကိုလည်း ဒီမိုကရေစီကို ဖွင့်ပေးတဲ့အစိုးရ၊ ယခင် စစ်ခေါင်းဆောင် တွေကိုလည်း ဒီမိုကရေစီသွားနိုင်အောင် လုပ်ပေးခဲ့သူတွေလို့ မြင်ကြတယ်။ တကယ်တော့ စစ်အစိုးရ အသွင်ပြောင်း အုပ်စုတွေက ဒီမိုကရေစီကို ဖွင့်ပေးတဲ့ သူတွေ၊ ဒီမိုကရေစီရအောင် လုပ်ပေးသူ တွေမဟုတ်ဘူး။ ဒီမိုကရေစီမရအောင် ပိတ်သူတွေပဲ။ ပြီးတော့ သူတို့လုပ်လို့ ရတယ်ဆိုတဲ့ ဒီမိုကရေစီကလည်း ရေ ပေါက်လေးပမာပဲ။ သူတို့တွေ ပိတ်ဆို့တဲ့ ကြားကနေ ပြည်သူတွေရဲ့ လိုလားမှုနဲ့ စိမ့်ထွက်လာတဲ့ ရေပေါက်လေးပမာပါပဲ။ ဒီတော့ ဒီကနေ့ ဒီမိုကရေစီဟာ ဘာမှ မပြည့်ဝသေးတဲ့ ဒီမိုကရေစီ လုံးဝပြည့်ဝမှု မရှိသေးတဲ့ ဒီမိုကရေစီပဲလို့ မြင်တယ်။
ဟုတ်ကဲ့၊ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘဘ။
ရင်းမြစ်... The Hot News
Subscribe to:
Posts (Atom)