ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

"ဝေဖန်မယ်ဗျို့" မင်းကြီးရန်နောင်

"ဝဖန်မယ်ဗျို့"
မင်းကြီးရန်နောင်
မင်းကြီးရန်နောင်

ပွဲကြီးရယ်မှပွဲကောင်း

ကမ္ဘာ့စာနယ်ဇင်း လွတ် လပ်ခွင့်
နေ့ရက်လို့ဆိုတဲ့ မေလ ၃ရက်နေ့မှာတော့ ပွဲဦးထွက် လာတဲ့ The Daily Eleven သတင်းစာတို့ မေ(၁)မှာထွက်
ပေါ်ခဲ့တဲ့ The Yangon Time သတင်းစာ တို့နဲ့ဧပြီလ အတွင်း ထွက်ရှိခဲ့ကြတဲ့ သတင်းစာ(၇)စောင်တို့ အပါ
အဝင်ပုဂ္ဂလိကသတင်းစာ စုစု ပေါင်း ၁၁စောင်အပြင် အစိုးရ ထုတ် မြန်မာသတင်းစာကြီး နှစ်စောင်၊ အင်္ဂလိပ် ဘာသာနဲ့ တစ်စောင်၊ တပ်မတော်ပိုင် မြဝတီ သတင်းစာ တစ်စောင်ရယ်တို့ ဝေဝေစည်စည်ရှိခဲ့လို့ ကျုပ် တော့ ပွဲတော်ကြီးနဲ့ကြုံရသလို ကြည်နူးမိရဲ့ဗျို့။

ပွဲဦးထွက် မှာတင် Eleven သတင်းစာ က စာမျက်နှာ (၃၂) မျက်နှာ
အပြင် အထူး အချပ်ပို(၈)မျက် နှာနဲ့ စုစုပေါင်း စာမျက်နှာ (၄ဝ)ပါ သတင်းစာကြီးအဖြစ် ထူထူ ထဲထဲ၊ ထူးထူးကဲကဲ သတင်းစာ ဗန်းထဲရောင်း ပန်းလှခဲ့ ပါရောလားဗျာ။မျက် နှာဖုံးမှာ ' မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အား မွန်ဂိုလီးယား ခရီး စဉ်အတွင်း ဂျင်းဘောင်းဘီဖြင့် လွတ်လပ်ပေါ့ပါးစွာ တွေ့ရ' တယ်လို့ မွန်ဂိုလီးယားနိုင်ငံ ရောက် ဒေါ်အောင်ဆန်းစုကြည် သတင်းကို စာမျက်နှာ ဝက်နီး ပါး ဖော်ပြထား
သလို မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MI၏ ဆောင်ရွက်မှုများ၊ လုပ်ထုံးလုပ်နည်းနှင့် ညီမညီ လွှတ်တော်က စောင့်ကြည့်နေ ကြောင်း သတင်းကို မီးမောင်း ထိုးပြလိုက်တာများ ဒီမိုကရက် တစ်လမ်းပြကိရိယာ အိမ်မြှောင်လက်တံကို မြင်ရသလို ပါပဲလား။

ပြီးတော့ ဆီမပြည့် တဲ့ စက်သုံးဆီဆိုင်တွေထဲ ဦးပိုင်က ဖွင့်တဲ့ဆိုင်
လည်းပါ တယ်ဆိုပဲ။ နာဂစ် ၅နှစ်ပြည့် အမှတ်တရနဲ့ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အမှတ်တရ
အထူးအချပ်ပိုကလည်း အနှစ် သာရအပြည့်ရှိသလို အားကစား စာမျက်နှာတွေကဆို သူ့ထက်ပိုင်နိုင်သူ
တောင် သူလောက်မပိုင် နိုင်ဘူးပေါ့ ဗျာ။
အားကစားဆိုလို့ 'အား ကစားဂျာနယ်'ရှိ တဲ့ 7 Day Daily
ကလည်း ဘယ်နေလိမ့် မလဲ။ သူလည်း အားကစားမှာ မခေကြောင်း ပြနိုင်တာတွေ့ တယ်။

ဒါတင်မက သူကြံဆ ထားတဲ့ကဏ္ဍ 'Facebookတစ်ခွင်'ဆိုတာကလည်း စိတ်ဝင်စားဖွယ်ပါပဲ။ မျက်နှာဖုံး မှာ သူလည်း 'စက်သုံးဆီ ၁၂ ဆိုင်ရောင်းချခွင့် လိုင်စင် ၁လ ပိတ်သိမ်း' ဆိုတဲ့ သတင်း ကို အငြိမ်းစားဗိုလ်
ချုပ်မှူး ကြီး သန်းရွှေ၏မြေး ဦးနေရွှေ သွေး အောင်ပိုင် စက်သုံးဆီ အရောင်း ဆိုင်အပါအဝင် ဆီအရောင်း
ဆိုင် ၁၂ဆိုင်အား သတ်မှတ် အချိန်အတွယ်မပြည့်ဘဲ ရောင်းလို့ မေလ၅ရက်နေ့ ကစပြီး ရောင်းချခွင့် တစ်လ ပိတ်ကြောင်းနဲ့ သတင်းတင် ဆက်ထားတယ်။

ဒီနေရာမှာ Eleven နဲ့တစ်စောင်နဲ့ တစ် စောင်တင်ပြပုံက
ပြားစွာElevenက ဆိုင်၁၆ဆိုင် အနက် သုံးလအထိပိတ်တဲ့လေး ဆိုင်၊စာရင်းနဲ့ တစ်လပိတ်တဲ့ ၁၂ဆိုင်
စာရင်းကို ဖော်ပြပြီး ၁၂ဆိုင်မှာ နေရွှေသွေးအောင် ရဲ့ (ဝ၂၅၇)ဆိုင်ကို ဖော်ပြ ထားတာလေးကလည်း သတင်းစာအသီးသီးတို့ရဲ့ ကွဲပြား တဲ့အရသာပေး စွမ်းမှုလို့မြင် မိတယ်။ 'ပုံနှိပ်ဥပေဒကြမ်းအပါ အဝင်ဥပဒေများ ပြင်ဆင်ပယ် ဖျက်ပေးရန် ကုလမှတစ်ဆင့် တောင်းဆိုမည်'လို့ The Voiceမေလ ၃ရက်နေ့ထုတ် အတွဲ(၁) အမှတ်(၂၂)မှာ ခေါင်း စီးကြီးနဲ့ တင်လာတော့ ကိုယ့် နိုင်ငံတွင် ညှိနှိုင်းဆောင်ရွက် ပယ်ဖျက်လို့ရတဲ့ ဥပဒေတွေ ကို ကျုပ်တို့ ငယ်ငယ်က နားရွက် ကို ခေါင်းပေါ်ကပတ်ပြီး ကိုင် ခိုင်းသလို ဖြစ်နေတာပေါ်လွင် စေတယ်။

'ရန်ကုန်မြို့တော် အတွက် လျှပ်စစ်ဓာတ်အားထုတ်ရန် ရေပမာဏ ၁၃ရက် စာသာ ကျန်ရှိ'ဆိုတဲ့
သတင်းကတော့ အန္တရာယ်ကိုကြို သိမြင်စေတဲ့ သတင်းအတွက် ကျေးဇူးတင် မိရဲ့။ 'မြန်မာမီဒီယာလွတ်
လပ်ခွင့်အဆင့် ၁၃ဆင့်ခုန် တက်' ဆိုတဲ့ဒီက နေ့ထုတ် သတင်းစာတိုင်းမှာပါတဲ့ သတင်း အတွက်လည်း
ကျေးဇူးတင်မိ ရသလို The Yangon Times ကလည်း သူ့ရဲ့ သုံးစောင် မြောက်မှာ မေလ ၃ရက်နေ့
ထုတ်သတင်း စာတို့အစဉ် အလာတိုင်း 'မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ၁၃ဆင့် ခုန်တက်' ဆိုတဲ့ သတင်းကိုပင် ၂ဝဝ၈မှ ၂ဝ၁၃ခုနှစ် အထိ စစ်တမ်းဇယားငယ်လေးနဲ့ မူကွဲ တင်ပြလာပါတယ်။

အတွင်း စာမျက်နှာနံပါတ်၂ပါ 'အ လင်းမပါ အခေါင်းဗလာ သက် သက်ဖြင့် အသုဘချ'ဆိုတဲ့ သတင်းမှာ အလောင်းကို ခေါင်းထဲ မထည့်မိဘဲ သင်္ချိုင်း ရောက်မှ 'ကျွန်တော့် အဖေ ဘယ်ရောက်သွားလဲ'လို့ သေဆုံးသူရဲ့သားက တအံ့ အသြမေး
ပုံကို ဂွေးချို ဒေသခံ တွေစကားနဲ့ ပုံပေါ် အောင်ရေး နိုင်တာလေးအတွက် ချီးကျူးမိ တယ်။

ဆောင်းပါးရှင် စည်သူ အောင်မြင့်ကတော့ သတင်းနဲ့ အမြင်ကဏ္ဍမှာ 'ကရင်တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲ ဘယ်လို ရှင်းမလဲ' လို့ မေးမေး ရေးရေး တင်ပြထားပုံ သွက်ပါတယ်။ 'သတင်းစာအရည်အသွေး ကောင်းပါက ဂျာနယ်ဈေးကွက်
ပျောက်နိုင်ဟုဆိုတဲ့ သတင်းမှာ တော့ သတင်းစာဆရာ ဦးကျော် မင်းဆွေရဲ့ စကားကို အထူးပြု ဖော်ပြခြင်းအဖြစ် တွေ့ရပါ တယ်။ ဒီစကားအရ ဂျာနယ် တွေလည်း ဝါးလုံးခေါင်းထဲ လသာနေလို့ မရတော့ဘူး ဆိုတာ တပ်လှန့် လိုက်သလို မြင်မိ၊ တွေးမိပါကြောင်းနဲ့ အရေးသွက်၊အတွေး သွက် သွက်သလို ဈေးကွက်မှာပါ ခပ်စွာစွာခပ်ထက်ထက် ရှိ ကာ နေရာရလာတဲ့ စံတော် ချိန် က 'မြန်မာ့သတင်းလွတ်လပ် ခွင့်တိုးတက်'လာတာကို ဝမ်း သာအားရ ဖော်ပြလာတာကြောင့် ဘာပဲပြောပြော သတင်းလွတ်လပ် ခွင့်နေ့မှာ ကျုပ်ဝမ်းသာပါသဗျာ။
နောက်ရက်တွေထပ်ဆုံဦးစို့ ရဲ့ 

မင်းကြီးရန်နောင်

မင်းကြီးရန်နောင်ရဲ့ " ဝေဖန်မယ်ဗျို့ "သတင်းများ ပုံနှိပ်ဖော်ပြမှုအား ပေါ်ပြူလာ ဂျာနယ်မှာ ဖတ်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်..