ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

DO & DON'T လောက်တော့ သိသင့်တယ်.. (ရေးသားသူ ဒေါက်တာလှိုင်မြင့်)

DO & DON'T လောက်တော့ သိသင့်တယ်..
ဒေါက်တာလှိုင်မြင့် ရေးသားတဲ့ ကြုံရဆုံရ နှစ်ကူး သင်္ကြန် မြင်ကွင်း Status လေးပါ..။

သင်္ကြန်မှာ အိမ်မှာနေဖြစ်တာများတယ် ။ အကြတ်နေ့  ညနေပိုင်း ၈-မိုင် မြိုင်ဟေဝန်မဏ္ဍပ်ကို ခနရောက်ခဲ့တယ်။ မိတ်ဆွေဟောင်းတွေနဲ့  တပည့်ဟောင်းတွေနဲ့ ဆုံရတော့ ကျေနပ်မိတယ်။
မြိုင်ဟေဝန်မှာတော့ အဆိုတော်တွေ အလှည့်ကျ သီချင်းဆိုကြ ရေပက်သူကရေပက်။

အတက်နေ့ မှာ မဏ္ဍပ်နှစ်ခု ရောက်ခဲ့တယ်။ မနက်ပိုင်းတခုနဲ့  ညနေပိုင်းတခု။ မဏ္ဍပ်တွေမှာ နိုင်ငံခြားသီချင်းတွေဖွင့်ကြတာပါဘဲ။ မြန်မာ့ရိုးရာ အင်္ဂလိပ်ရောရာ ဖြစ်နေပြီ။ ကြော်ငြာတွေကလဲ မြန်မာပစ္စည်းမရှိဘူး။ နှစ်ကူးချိန်ဘုရားစူး မြန်မာ့ရိုးရာပါ။ ဖွင့်နေတဲ့ သီချင်းတွေကလဲ ညကလပ်တွေမှာ ဖွင့်နေတဲ့ သီချင်းတွေဟုထင်ပါသည်။ နိုက် ကလပ်တွေ မသွားဖူးတော့ မသိဘူး။ သီချင်းတွေက ဆူဆူညံညံ ပေါက်ကွဲနေတာတွေ။ မြန်မာ့နှစ်ကူးအတာသင်္ကြန်ခမြှာ ညကလပ်သီချင်းနဲ့  နစ်ပါးသွားနေရပါလား တွေးနေမိတယ်။

သီချင်းသံကိုလိုက်ပြီး မဏ္ဍပ်ပေါ်ကလူတွေကလည်း နိုက်ကလပ်အက။ ပွတ်သဘင်ပွဲဆင်နွှဲနေတဲ့ စုံတွေကလည်း မနည်း လမ်းမပေါ်မှာ ရေပက်ခံထွက်တဲ့ ကားပေါ်ကလူတွေကလည်း နိုက်ကလပ်အကဘဲ။ လမ်းပေါ်မှာ ခြေလျှင် လျှောက်လည်သူတွေထဲကလည်း နိုက်ကလပ်အကတွေချည်းဘဲ။ ညအပြန်လမ်းမှာ မဏ္ဍပ်တစ်ခုကိုဖြတ်ရင် ညဘက်ထွက်ဖြေဖျော်နေတာတွေကလည်း တီးလုံးကအစ နိုင်ငံခြားတီးလုံး။ အကတွေကလည်း ဒိုးဒိုး ဒန့် ဒန့်  . အဝတ်အစားကအစ ဒိုးဒိုးဒန့် ဒန့်။

မြန်မာ့ရိုးရာအက ကို ဖန်သားပြင်ပေါ်မှာဘဲ ကြည့်ရှု့ ရပါတယ်။
သေသေချာချာ တွေးကြည့်တော့ မြန်မာ့ရိုးရာအတာသင်္ကြန်ဆိုတဲ့ အခေါ်အဝေါ်ကိုပင် မသုံးသင့်တော့ဘူးလို့ ယူဆမိလာတယ်။ ရိုးရာလက္ခဏာ တစ်စက်လေးမှ မရှိတော့တာကို ဇွတ်အတင်းကြီး မြန်မာ့ရိုးရာလို့ သတ်မှတ်နေတာကတော့ ကမ္ဘာကိုလိမ်လည်ရာကျနေမလားလို့။
ဒါကိုဘဲ ဇွတ်အတင်း မြန်မာ့ရိုးရာပါလို့ ပြောနေလျင် အဲဒီအကတွေကို မြန်မာ့ရိုးရာစာရင်းထဲ ထည့် ပေးနို်င်မလား။ စဉ်းစားရပါတော့မည် ။

ပိုဆိုးသည်က မဏ္ဍပ်တစ်ခုမှာ အင်္ဂလိပ်သီချင်းက မကြာမကြာ ( F--K ) စကားလုံးတွေက အကျယ်ကြီး။ ငါတို့ သင်္ကြန်ကို အနောက်တိုင်းသားက လာဆဲနေသလိုမျိုး ခံစားလာမိတယ်။ မဏ္ဍပ်ကလဲ လူကြီးသားတစ်ဦးရဲ့ မဏ္ဍပ် ။ သာမာန်ပြည်သူတွေထက် မြန်မာ့ယဉ်ကျေးမှုကို ဦးစားပေးစဉ်းစားနေတဲ့ သူတွေ ဌာနတွေကို အုပ်ချုပ်နေသူတွေကိုယ်တိုင်က ရိုးရာမင်္ဂလာအခါသင်္ကြန်မှာ F / F တွင်တွင်ဖွင့်နေတာ ကိုယ့်မိဘယူထားတဲ့ တာဝန်ရဲ့ ဆန့် ကျင်ဖက်ဖြစ်နေပါလား သတိမထားမိလေသလား။

အနောက်နိုင်ငံတွေမှာ ယခုလို မင်္ဂလာအခန်းအနားမပြောပါနဲ့၊ လူအများစုဝေးရာ ပန်းခြံတွေမှာ ကစားကွင်းတွေမှာ ဒီလို F / F သီချင်းဖွင့်လျင် တရားစွဲခံရပြီသာမှတ်ပါ။ ဒီစကားလုံးကို ကလေးသူငယ်တွေရှေ့ မှာ သုံးခွင့်မရှိပါ။ တိုင်သူရှိလျှင် ဒါဏ်ဆောင်ရပါမည် ။ ထပ်မံချိုးဖေါက်လျင်ထောင်ကျပါမည်။ သတိချပ်ကြဖို့ ပါ ။

အဆိုးတကာ့အဆိုးဆုံးကတော့ မြန်မာ့လူငယ်လေးတွေ နိုင်ငံရဲ့ အညွှန့် အဖူးလေးတွေကို အရက်တိုက်ဖျက်ဆီးနေတဲ့ အရက်ကုမ္မဏီကြီးတခုက ထိုင်း(ယိုးဒယား) ဘန်ကောက် ပက်ပုံးမှာသာ ကခွင့်ရှိတဲ့ အကနဲ့ အဲဒီက ခန္ဓာကိုယ်ရင်းစားနေတဲ့ ဟာမတွေ ပင့်လာပြီး မြန်မာ့ရိုးရာသင်္ကြန်ကို ဒါထင်တယ်ဟေ့ လုပ်ပြ၊ ကော့ကန် ကားပြ ပွတ်ပြလုပ်တဲ့အထိ မြန်မာတွေကို ထိုင်းမတွေရဲ့  ဒါဘဲ လုပ်ချလိုက်ချက်ပါဘဲ။

အဲဒီအမျိုးသမိးဗတွ ပင့်လာတဲ့ သူဌေးတွေကိုမေးချင်ပါတယ်။ ပွဲထုတ်တဲ့သူတွေကိုမေးချင်ပါတယ်။ ခင်ဗျားတို့ သားသမီးတွေနင့် ခင်ဗျားတို့ စင်ပေါ်တင်ထားတဲ့ နိုင်ငံခြားသူတွေနဲ့ တွဲဓါတ်ပုံရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်ပေးနိုင်မလားလို့။ အဲဒီအဝတ်အစား အဲဒီလိုကားပြနေတာကို ခင်ဗျားတို့ ကြည့်နေတဲ့ ပုံတွေ တင်ပေးနိုင်မလား။

ကိုယ်နဲ့ နိုင်းမရီုင်းပါ။ ဒီလိုအကမျိုး ထိုင်းသင်္ကြန်မှာ လုပ်ကြည့်ပါလား။ လုပ်ခွင့်ရှိမလား ။ မနေ့ ကတင် ရင်သာ့း ဖေါ်လှန်ပြတဲ့ မိန်းမလျာတွေ အဖမ်းခံရပြီ။ အင်္ဂလိပ်အဘိဓါန်က -ါ နိုင်ငံလို့  ဖေါ်ညွှန်းတဲ့အထိ ပြည့်တန်ဆာလုပ်ငန်းခွင့်ပြုထားတဲ့  ထိုင်းနိုင်ငံမှာတောင် ဒီလို ကော့ ကန် ကား ပွတ် ပြတဲ့အကတွေက လက်သိပ်ထိုး အခန်းကျဉ်းလေးတွေထဲမှာဘဲ တဖက်လှဲ့ ခွင့်ြု့ပုထားတာလောက်တော့ အသိရှိကြမယ်ထင်ပါတယ်။ အဲဒီကိုသွားတဲ့သူတွေကိုလဲ အထင်အမြင်အသေးခံကြရတာပါ။ ခုတော့ သင်္ကြန်လည်သမျှလူတွေ အဆော်ကားခံလိုက် ရတာပေါ့။ အာရှတိုက်အယူအဆ ယောက်ျားက မိန်မထက်မြတ်တယ်ဆိုတော့၊ မကောင်းတဲ့ မိန်မတွေတောင် ကား ကော့  လှန်ကား ပွတ်ပြသေးတာ ငါတို့ ယောင်္ကျားတွေ ပွတ်ပြတာ လက်ခံနိုင်မလား။

မြန်မာလူမျိုးတွေကို ထိုင်းမှာ ခန္ဓာရောင်းစားနေတဲ့ ဟာမတွေရဲ့  အဖော်အချွတ်ကို ပြလျှင် သဘောကျမယ်ထင်နေတာက ကျုပ်တို့ မြန်မာကို အထင်သေးနေတာလား။ မြန်မာမှန်လျင် မြန်မာအသိလေးကပ်ပါဦး။
DO & DON'T လောက်တော့ သိသင့်ပါတယ်။
 
ဒေါက်တာလှိုင်မြင့်..