ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Voice Of Burma စာစောင်...

VOB743KK

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုသတင်းလွှာ .....

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုသတင်းလွှာ

မြန်မာလွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း တစ်စိတ်တစ်ပိုင်း (ဗွီဒီယိုမှတ်တမ်း - အင်္ဂလိပ်စာတမ်းထိုး - ဂျပန်စကားပြော)။


ပြန်လည်မျှဝေပေးသူ ကိုနစ်နေမန်းအားကျေးဇူးတင်ပါသည်....။

သောကမြေမှာပွင့်သော မေတ္တာပန်း


ဇာတ်လမ်းအနှစ်ချုပ်

၂၀၀၃ခုနှစ်မှာ အသက်၅၀အဘွားအရွယ်ရှိ ကျွန်မဟာ သြစတြေလျနိုင်ငံရှိ မိသားစုထံ သွားရောက်လည်ပတ်ခဲ့ပြီးလို့ ဆက်လက်ခရီးဆန့်ရန် ဆုံးဖြတ်လိုက်ပါတော့တယ်။ ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာများကိုလည်း ကျွန်မကိုယ်တိုင်စာသင် ပေးခဲ့ပါတယ်။ အဲဒီကတည်းက မြန်မာလူမျိုးအများစုကို ကျွန်မကူညီမိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စက်တင်ဘာသံဃာ့ လှုပ်ရှားမှု အပြီးမှာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ ကျွန်မအနေနဲ့တော့ ထူးခြားတဲ့ အရှင်ထာဝရဆိုတဲ့ ကိုယ်တော်လေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ဆုံကြုံခဲ့ပါတယ်။ သူဟာရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြမှု့တွေဖြစ်ပေါ်ဖို့ စည်းရုံးခဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ တွေ့ဆုံခွင့်လေးဟာ ကျွန်မအဖို့တော့ လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်။ ကျွန်မတို့တွေ့ဆုံခွင့်ရပြီး မကြာခင်မှာပဲ ကျွန်မဟာ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာခဲ့ရပေမယ့် သူ့ကိုဆက်လက်ထောက်ပံ့ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ဆက်ဆံရေးဟာလည်း ပိုပြီးရင်းနှီးလာပါတော့တယ်။ သူက ကျွန်မကိုရင်းရင်းနှီးနှီး “အမေ” လို့ခေါ်သလို ကျွန်မကလည်းသူ့ကို သားအရင်းတစ်ယောက်လို ချစ်ခင်မိလာပါတယ်။ အရှင်ထာဝရ၏ နိုင်ငံရေးယုံကြည်ချက်နဲ့ လုပ်ဆောင်ချက်တွေက သူ့ ဘ၀အတွက် ပြသနာတစ်ရပ်ဖြစ်လာပါတော့တယ်။ ပြည်တွင်းမှာနေရတဲ့ သူရဲ့အခြေအနေဟာ မခံမရပ်နိုင်အောင်ဖြစ်ခဲ့ရ ပြီး၊နောက်ဆုံးတောထဲကို ပုန်းရှောင်နေခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ ကျွန်မသူ့ကိုကူညီဖို့ ဘင်္ဂလားဒေ့ရှ်ကိုပြန်လာခဲ့လိုက် ပါတယ်။ သူရဲ့ဘ၀ဟာ အလွန်ခက်ခဲ ကြမ်းတမ်းပြီး သူရဲ့လုပ်ရပ်တွေ ကြုံခဲ့ရတဲ့ အဖြစ်တွေဟာ ကျွန်မကိုထိတ်လန့်ခဲ့ရပါ တယ်။
ကျွန်မ ဘင်္ဂလားဒေ့ရှ်ကို ဆင်းလာမယ်သိရတော့ သူ တော်တော်လေး ဖြေသာသွားပါတယ်။သူ့အနာဂတ်အ တွက် ကျွန်မပေးမဲ့ အကြံဥာဏ်တွေကိုလည်း လိုက်နာပါမယ်လို့ သဘောတူတယ်။ သူနေရတဲ့ ဘုန်းကြီးကျောင်းဟာ မိဘမဲ့ကလေးဂေဟာတစ်ခုနဲ့ တွဲဆက်နေတာပါ။ကျွန်မက သူတို့လေးတွေကိုလည်း တတ်အားသ၍ လှူဒါန်းပေးကမ်း ခဲ့ ပါတယ်။ကလေးတွေက ကျွန်မကိုပန်းကလေးတွေ လက်ဆောင်ပေးရင်း ကြိုဆိုခဲ့တယ်။ တီးဝိုင်းကလေးတစ်ခုနဲ့တောင် ကြိုဆိုခဲ့ပါသေးတယ်။ အဲဒီနောက် အရှင်ထာဝရက ကျွန်မကို ခြံရံပြီး ကျောင်းပေါ်မှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင်ဘုန်း ကြီးဆီ ကျွန်မကိုခေါ်သွားပါတော့တယ်။ ကလေးတွေဟာ အတန်းလိုက်ကလေးတွေစီတန်းပြီး ဗုဒ္ဓဘာသာပုံစံအတိုင်း လက်အုပ်ချီထား ပုံကိုမြင်ရတော့ ကျွန်မအတွက် ကြည်နှုးရပါတယ်။ဘုန်းတော်ကြီးက ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဖယောင်း တိုင်၁၀တိုင်ကို ထွန်းညှို့ပူဇော်ပြီး ကျွန်မအနာဂတ်အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။

ကျွန်မဟာ အခြေအနေဆိုးကို ပြေလည်ဖြေရှင်းနိုင်ဖို့အတွက် ဒါကာမြို့ရှိ UNHCRအစည်းဝေးတွေကို အကြိမ် ပေါင်းများစွာ တတ်ရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာကျွန်မဟာ သူ့ကိုအိန္ဒိယနိုင်ငံကိုသွားဖို့ ခွင့်ပြုခဲ့ရပါတော့တယ်။ ဆုတံ ဆိပ်တွေ ရခဲ့တဲ့ Burma VJ မှတ်တမ်းရုပ်ရှင်ကြောင့်လည်းအရှင်ထာဝရဟာ ပိုမိုလူသိများလာပါတယ်။ ကျွန်မတို့ ဆက် ဆံရေးဟာ ပိုမိုရင်းနှီးလာခဲ့ကြပြီး ကျွန်မအနေနဲ့ဗုဒ္ဓဘာသာကို အကျွမ်းတ၀င်ရှိလာပါတော့တယ်။

ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း အရှင်ထာဝရပုံပါ

မလေးရှားနိုင်ငံ ကွာလမ်လန်ပူ ဘူတာရုံကလေးကနေ ရထားစထွက်တော့ ကျွန်မမပြုံးပဲ မနေနိုင်အောင်ဖြစ်ခဲ့ ရပါတယ်။ကျွန်မအနေနဲ့ ခရီးသွားချင်တဲ့ စိတ်ကလွဲပြီး ဘာမှထွေထွေထူးထူး စိတ်ကူးမရှိလို့ပါပဲ။ ကလေး၎ယောက် မြေးတစ်ယောက်ရှိတဲ့ အသက်၅၀ကျော်အရွယ်ကြီး တစ်ယောက်အနေနဲ့ ဒီအခွင့်အရေးကိုတော့ ဆုပ်ကိုင်ခွင့်ရှိပါတယ်။ကျွန် မဟာ ၂၀၀၂ခုနှစ်ဒီဇင်ဘာမှာ မိသားစုတွေကို တွေ့ဖို့သြစတြေးလျနိုင်ငံကိုသွားခဲ့ပါတယ်။ နှစ်ပတ်လောက်နေမယ်လို့ စိတ်ကူးထားခဲ့ပေမဲ့ အဲဒီမှာ ၂လလောက်နေဖြစ်သွားခဲ့ပါတယ်။ အင်္ဂလန်ကိုပြန်မဲ့ ကျွန်မဟာ မလေးရှားမှာ တစ်ပတ်လောက်နေပြီး သင်ကြားရေးအလုပ်တစ်ခုကို ရှာနေခဲ့မိပါတယ်။ ထိုင်းနိုင်ငံကိုသွားဖို့ ကျွန်မဟာဆုံးဖြတ်ပြီး ဘန်ကောက် မြို့ကိုရထားနဲ့ ၂ရက်ကြာခရီးဆန့်ခဲ့ပါတယ်။

ဘန်ကောက်မြို့ဟာ ကျွန်မထင်ထားသလိုပါပဲ။ မထွက်ခင်ကတည်းက ကျွန်မအနေနဲ့ ၀က်ဆိုက်တစ်ခု၏ အမေးတွေကို ဖြေခဲ့ရပါတယ်။ သင်ဟာ လူမှုမတရားမှုတွေကို စိတ်ဝင်စားလား၊ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်က ပြသနာအ ရေးအပေါ် စိတ်ဝင်စားလားတဲ့၊နှစ်ခုစလုံးအတွက် ကျွန်မအဖြေကတော့ “ဟုတ်ကဲ့” Yes လို့ပဲဖြေခဲ့ပါတယ်။ ဒီနောက် ထိုင်းနိုင်ငံအနောက်ပိုင်းက နယ်စပ်မြို့ကလေးဖြစ်တဲ့၊ မြန်မာနဲ့နယ်ခြင်းနီးကပ်တဲ့ မဲဆောက်(Maesot) မြို့ကလေးကို ရောက်ခဲ့ပါတော့တယ်။

မဲဆောက်မြို့ကလေးဟာ ကျွန်မလည်ခဲ့ဘူးသမျှ နေရာတွေနဲ့ မတူ-ခြားနားတဲ့ မြို့ကလေးပါ။အဲဒီမြို့ကလေးကို ရောက်လာကြတဲ့ မြန်မာလူမျိုးတွေရဲ့ အကြောင်းကို ကျွန်မ အလွန်ပဲ စိတ်ဝင်စားမိတယ်။ အချိန်တိုကလေးအတွင်းမှာပဲ များပြားလှတဲ့ မြန်မာအဖွဲ့အစည်းတွေတည်းက အဖွဲ့တစ်ခုမှာ ကျွန်မ အင်္ဂလိပ်စာသင်ကြားရေးကို စတင်ခဲ့တယ်။ ကျွန်မ ဟာ အင်္ဂလိပ်စာ လိုက်စားလိုသူ လူငယ်များ ကျောင်းသားတွေနဲ့ပဲ ခြံဝင်းတစ်ခုထဲမှာနေခဲ့ပါတယ်။ နေတိုင်းလိုလို ကျွန်မ တို့ဟာသမိုင်းနဲ့ အင်္ဂလိပ်စာသင်ကြားခြင်း နိုင်ငံရေးအကြောင်းဆွေးနွေးကြခြင်း စတဲ့ ကျွန်မနှစ်သက်တဲ့ ရိုးရှင်းတဲ့ ဘ၀ တစ်ခုကို ရခဲ့တယ်လို့ဆိုရင်မမှားပါဘူး။ ကျွန်မသူတို့ကလေးတွေကို ချစ်ခင်လာပါတော့တယ်။ ကျွန်မလိုပဲ အဲဒီမှာ အခြား ဆရာ-ဆရာမတွေ အများကြီးရှိပါတယ်။ နိုင်ငံရေး ပြဿနာတွေကြောင့်သာ ပြည်ပကိုထွက်ပြေးလာကြပေမယ့် အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ သူတို့လေးတွေ တသိုက်နဲ့ နေရတာကိုပဲ ကျွန်မကျေနပ်နေမိပါတယ်။ သူတို့ဆီကလည်း ကျွန်မ လေ့လာစရာတွေ အများကြီးရခဲ့တယ်။ မူလစာချုပ်က သုံးလဖြစ်ပေမယ့် နောက်ထပ်ခြောက်လ အဲဒီမှာနေခဲ့ပါတယ်။၂၀၀၃ ဒီဇင်ဘာမှာတော့ ကျွန်မအင်္ဂလန်သို့ပြန်ခဲ့ပါတော့တယ်။

ကျွန်မကျောင်းသားတွေနဲ့တော့ အဆက်အသွယ်မပြတ်ရှိခဲ့ပါတယ်။ တတ်အားသရွေ့တော့ ကူညီခဲ့ပါတယ်။သူ တို့တွေထဲက တချို့ကတော့ အိန္ဒိယမြန်မာနယ်စပ်ကို ရွှေ့ပြောင်းသွားကြပြီး တစ်ချို့ဆို မြန်မာဒုက္ခသည်တွေအတွက် ဖွင့်ထားတဲ့ ဆေးခန်းတစ်ခုမှာ ဆေးအကူအဖြစ်လုပ်နေကြပါပြီ ကျွန်မ အဲဒီဆေးခန်းလေးဆီ သွားလည်ချင်တာ ကြာပါပြီ။ ၂၀၀၈ခုနှစ်ဖေဖော်ဝါရီမှာတော့ ကျွန်မဆန္ဒ ပြည့်ဝခဲ့ပါတယ်။ခင်မင်ရသူတွေနဲ့ ခဏတာနေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရက်တိုခရီးလေး စီစဉ်ပြီး သွားခဲ့ပါတယ်။အဲဒီမှာပဲ ကျွန်မရဲ့ မူလအစီအစဉ်တွေပြောင်းသွားပြီး ကျွန်မပြောပြချင်တဲ့ ဇာတ်လမ်း စခဲ့ရပါတယ်။

ကျွန်မ ဘဂ်လားဒေ့ရှ်ကိုရောက်ပြီး မရှေ့မနှောင်းခင်မှာပဲ စက်တင်ဘာသံဃာလှုပ်ရှားမှုကြောင့် မြန်မာပြည်ကနေ တိမ်းရှောင်လာတဲ့ ရဟန်းတော်တွေလည်း ရောက်ရှိနေကြပါတယ်။သူတို့တွေဟာ မြန်မာစစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်နိုမ်နှင်းခဲ့တဲ့ ၂၀၀၇ခုနှစ် စက်တင်ဘာ သံဃာလှုပ်ရှားမှုအပြီးမှာ တိမ်းရှောင်လာခဲ့ကြသူတွေဖြစ်ပါတယ်။ ခေါင်းဆောင်ဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံခွင့်ကို ကျွန်မရလိုက်ပါတယ်။ သူ့နာမည်ကတော့ အရှင်ထာဝရဖြစ်ပါတယ်။ သူကမြန် မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်များအဖွဲ့ All Burma Monks Representative Committee ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။
ရှေ့ဆုံးကလျှောက်လာတဲ့ သံဃာ၂ပါးထဲက ဘယ်ဘက်က အရှင်ထာဝရပါ

အဲဒီအဖွဲ့ဟာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကာလအတွင်း ရန်ကုန်ဆူးလေဘုရား၌ ဖွဲ့ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ(Cox’s Bazar)က ဗုဒ္ဓဘုရားကျောင်းတော်တစ်ခုမှာ အရှင်ထာဝရ နဲ့တွေ့ဆုံခြင်းဟာ ကျွန်မဘ၀ကိုလုံးဝပြောင်းစေခဲ့ပါတယ်။ ယနေ့အချိန်အထိ အရှင်ထာဝရဟာ ကျွန်မအပေါ် ဒီလောက်သက်ရောက်မှုရှိနေတာ ဘာကြောင့်ဆိုတာ ကျွန်မနားမလည်နိုင်အောင်ဖြစ်ရပါတယ်။ ဒီရဟန်းပျိုကလေးဟာ ကျွန်မတွေ့ဖူးခဲ့တဲ့ သူများနဲ့မတူ ထူးခြားပါတယ်။ သူဟာ စကားပြောဆိုရာမှာလည်း အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျွန်မကို လုံးဝအနှောက်အယှက်မဖြစ်စေပါဘူး။ စကားပြောတဲ့အခါ သူဟာကျွန်မကို တည့်တည့်ကြည့်ပြီး လေးလေးစားစား ပြောတယ်။ အစပိုင်းတော့ ကျွန်မအနေနဲ့ အနည်းငယ်နေထိုင်ရခက်ပေမယ့် နောက်ပိုင်းသူ့စကားလုံးတွေထဲမှာ နစ်ဝင်သွားပါတော့တယ်။

သူဟာ အင်္ဂလိပ်လိုမပြောပါဘူး။ ကျွန်မမိတ်ဆွေတစ်ယောက်က စကားပြန်အဖြစ်ကူညီပေးခဲ့တာပါ။ ကျွန်မတို့ သူ့ကိုဘယ်လို အကောင်းဆုံး ကူညီနိုင်မလည်းဆိုတာနဲ့ အခြားဒုက္ခသည်တွေအတွက်လည်း ဆွေးနွေးဖြစ်ပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးခွင့်ဟာ အဲဒီခဏတာ အတွက်သာဖြစ်ခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတော့ အဲဒီအရာတွေကို အလေးထားလုပ် ဆောင်ဖို့နဲ့ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲကြောင်း ကျွန်မသိလာပါတော့တယ်။ ဘာကြောင့်လည်းတော့ မသိဘူး ကျွန်မနိုင်ငံကူးလက်မှတ်အခိုးခံရပြီး အိန္ဒိယသွားဖို့ အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရပါတော့တယ်။ ကျွန်မ ဘင်္ဂလားဒေ့ရှ်ကထွက်ခွာပြီး ၂ရက်အကြာမှာ ကျွန်မကိုတွေ့ချင်လို့ ခရီးရှည်ကြီးကိုခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ ဆေးခန်းက ကျွန်မတပည့်တွေခမျာ ရောက်လာကြတာဟာ အလွန်ပဲစိတ်ပျက်စရာပါ။ (လွဲသွားကြပြီ)စကားချပ်။

ကျွန်မအနေနဲ့အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုနှင့်စော်ကားမှုမှကင်းလွတ်ရေးအတွက် ဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် အမျိုးသမီးများခိုလှုံရေးအဖွဲ့(Women’s Refuge)မှာ အလုပ်ပြန်ဝင်ခဲ့ပါတယ်။ ကျွန်မအလုပ်ကိုကျွန်မ မြတ်နှိုးပါတယ်။ ဒါပေမယ့် ကျွန်မရဲ့အတွေးဆန္ဒတွေကတော့ ဘင်္ဂလားဒေ့ရှ်က အခြေအနေတွေဆိုကိုပဲ တိုးတိုးပြီးပြန် ရောက်နေပါတော့တယ်။

အရှင်ထာဝရကတော့ ကျွန်မကို ပုံမှန်အဆက်အသွယ်လုပ်ပြီး ကျွန်မတို့MSN မှာ မကြာခဏဆွေးနွေးနိုင်ခဲ့ကြပါ တယ်။ ဥက္ကာလို့ခေါ်တဲ့ လူတစ်ယောက်က သူ့ကိုဘုန်းကြီးကျောင်းပြင်ပဘ၀နဲ့ အဆင်ပြေအောင်ကူညီခဲ့ပါတယ်။ အခုသူဟာ စစ်တကောင်းနယ်မှာနေထိုင်ပြီး ပြသနာပေါင်းစုံကိုလည်း တွေ့ကြုံခဲ့ဖူးသူဖြစ်ပါတယ်။ အခြားဘုန်းကြီးအားလုံး ဘုန်း ကြီးကျောင်းတွေထဲမှာ သီတင်းသုံးနေထိုင်ဖို့ သွားကြပါပြီ။ ဒါပေမယ့် အရှင်ထာဝရကတော့ သူ့ကိုအကြီးအကျယ်ဒုက္ခ ရောက်စေတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တက်တက်ကြွကြွလုပ်နေတုန်းပါပဲ။ကျွန်မအနေနဲ့ UNHCR ကိုသူ့ရဲ့လုံခြုံရေးအ တွက် စိုးရိမ်ကြောင်းနဲ့ ကျရောက်နေတဲ့ ခြိမ်းခြောက်မှုတွေကို အကြိမ်ကြိမ် စာရေးအသိပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အခြေအနေတွေဟာသည်းမခံနိုင်လောက်အောင်ဖြစ်လာပြီး အရှင်ထာဝရ တောကြီးထဲက ကျောင်းသင်္ခမ်းပဲ ပြန်ပြီး သီတင်းသုံးရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဖြစ်ခဲ့ရပါတယ်။ ကျွန်မမှာ သင့်တင့်လျှောက်ပတ် တဲ့ဝင်ငွေနဲ့ သက်တောင့်သက်သာ အိမ်မှာနေထိုင်နိုင်ပေမယ့် နည်းနည်းပဲ ကူညီနိုင်ခဲ့ပါတယ်။ အရှင်ထာဝရခမျာ ကျွန်မအ ပေါ်လုံးဝယုံကြည်လာခဲ့တယ်။ သူကကျွန်မကို “အမေ”လို့ ရင်းရင်းနှီးနှီးခေါ်တယ်။ ကျွန်မကလည်း တကယ့်သားအရင်း တစ်ယောက်လို သူ့ကိုချစ်ပါတယ်။

သူကကျွန်မကို သူကိုလာတွေ့ဖို့ တတွတ်တွတ်ပြောရှာတယ်။ ကျွန်မကသူ့ကို သိုသိုသိပ်သိပ်နေဖို့ လုပ်ပေးနိုင်ခဲ့ တယ်။သူက သူအဖမ်းခံရပြီး မြန်မာပြည်ပြန်ပို့လည်း ဂရုမစိုက်ဘူး သူတောထဲမှာ မနေချင်တာ ကိုပဲပြောတယ်။ ဒီလိုလူမျိုး ကိုဘယ်လိုကူညီနိုင်မလည်း သူထင်သလိုလုပ်လိုက်မှာကို ကျွန်မအလွန်စိုးရိမ်ပါတယ်။ ကျွန်မဘင်္ဂလားဒေ့ရှ်ကိုသွားပြီးကူ ညီဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အရှင်ထာဝရ ကျွန်မလာမယ်ဆိုတာကို သိရင်ပဲစိတ်အေးသွားပြီး သူ့အနာဂတ်အတွက် ကျွန်မရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မယ်လို့ ဂတိပေးရှာတယ်။

တောကြီးထဲက အရှင်ထာဝရနေရတဲ့ ဘုန်းကြီးကျောင်းဟာ မိဘမဲ့ကလေးဂေဟာနဲ့ဆက်ဆက်ထားတာဖြစ် တယ်။ ကျွန်မလည်း သူတို့ရဲ့ကြင်နာမှုတွေအတွက် ကျေးဇူးပြုတဲ့အနေနဲ့အလှူအတန်းပြုခဲ့ပါတယ်။ တောကြီးထဲကို တော်တော်ကလေး ကားမောင်းသွားရပါတယ်။ ကျွန်မလမ်းလျှောက်ဖို့ ကားထဲက ထွက်ထွက်ခြင်းပဲ ရွာတီးဝိုင်းက စတင် တီးခတ်ပြီး ကလေးတွေက ပန်းတွေနဲ့ကျွန်မကို ကြိုဆိုကြပါတယ်။

အရှင်ထာဝရက ကျွန်မလက်မောင်းကို ကြင်ကြင်နာနာဖေးမပြီး တောင်ကုန်းပေါ်ကိုခေါ်သွားပါတယ်။ လမ်းတစ် ဖက်တစ်ချက်မှာတော့ ကလေးတွေက ဗုဒ္ဓဘာသာ ဓလေ့အတိုင်း လက်အုပ်ကလေးတွေချီလို့။ လက်နက်ကိုင်ရဲတွေက လည်းကျွန်မကို စောင့်ကြပ်ပေးကြပါတယ်။ ရဲတွေကကျွန်မကို ဘယ်သူလည်းလို့မေးမြန်းစစ်ဆေးတဲ့အခါ ကျွန်မမိတ်ဆွေ ကနောက်ထပ်မေးမြန်းတာမလုပ်ရန်အတွက် Takar ၃၀၀ကို လက်သိပ်ထိုးပေးလိုက်တယ်။ အရှင်ထာဝရက ကျွန်မကို ကျောင်းထိုင်ဆရာတော်နဲ့တွေ့ဖို့ ခေါ်သွားပါတော့တယ်။

ဘုန်းကြီးကျောင်းကလေးဟာ သေးငယ်တဲ့တဲကလေးသာဖြစ်ပြီး ပြတင်းပေါက်လည်းမရှိ။ အလင်းရောင်အတွက် ဖယောင်းတိုင်မီးနဲ့ ထွန်းညှိရတယ်။ နံရံရဲ့အလည်မှာတော့ ဗုဒ္ဓရုပ်ပွားတော်အတွက်လှပတဲ့ ကျောင်းဆောင်တစ်ခုရှိပါ တယ်။

ကျောင်းထိုင်ဘုန်းကြီးက ကြမ်းပြင်ပေါ်မှာ တပလ္လင်ခွေထိုင်ပြီး သူ့အနားမှာထိုင်ဖို့ ကျွန်မကိုလက်ယက်ခေါ်ပါတယ်။ ကျွန်မအဖွဲ့တွေကလည်း ဘုရားကျောင်းပေါ်သို့ ရောက်လာကြတယ်။ ဆရာတော်က ဖယောင်းတိုင်၁၀တိုင်ထွန်းညှိပြီး ကျွန်မအနာဂတ်အတွက် ဆွမ်းကိုဆန္ဒပြုပေးပါတယ်။ အရှင်ထာဝရဟာ ကျွန်မရဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး သူရဲ့နေထိုင်မှုအပေါ် ကျွန်မကျေနပ်ခဲ့ရပါတယ်။ ကျွန်မက လာရင်းကိစ္စ အကြောင်းကိုပြောပြခဲ့ပြီး မိဘမဲ့ဂေဟာရဲ့ပတ်ဝန်းကျင်ကိုလည်း လိုက်လံကြည့်ရှုခဲ့ပါတယ်။ ကျွန်မကို ထူးထူးခြားခြား ပွဲလေးနဲ့ဂုဏ်ပြုခဲ့ပါတယ်။ အရှင်ထာဝရမပါပဲ ကျွန်မပြန်လည် မထွက်ခွာချင်ပါဘူး။ သူ့အနေနဲ့လည်း သူ့အနာဂတ်အတွက်ကျွန်မတို့ စဉ်းစားပေးနေစဉ်ကာလအတွင်း ကျွန်မမိတ်ဆွေ မိသားစုနဲ့လာနေဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ကျွန်မတို့ကျောင်းဝင်းအတွင်းက ထွက်ခွာလာတဲ့အချိန်အထိ တီးဝိုင်းက တီးခတ်ဆဲဖြစ်လို့ ကျွန်မ်ဝမ်းမြောက်ပီတိဖြစ်ခဲ့ပါတယ်။ တည်းခိုရာအိမိမှာ အမျိုးသမီးတွေများလို့ အရှင်ထာဝရအနေနဲ့ အချိန်တိုအတွင်းမှာပဲ မူလဘုန်းကြီးကျောင်းကို သီတင်းသုံးနေထိုင်ခဲ့ပါတယ်။ ကျွန်မစိတ်ပျက်ခဲ့ရပါတယ်။ သူ နံနက် ခြောက်နာရီမထွက်ခွာခင် သူ့အနားမည်သူမျှမရှိချိန်မှာ ကျွန်မ၁၅နှစ်တာ ၀တ်ဆင်ခဲ့တဲ့ လက်စွပ်တစ်ကွင်းကို အရှင်ထာဝရသူ့အား ပေးခဲ့ပါတယ်။ ကျွန်မအနေနဲ့ သူနဲ့ဝေးနေပေမဲ့လည်း အမြဲမိဘသဖွယ် ရှိနေတဲ့သဘောကို ဆိုလိုတာပါ။

ဘင်္ဂလားဒေ့်မှာရှိတုန်း ကျန်မမှာ ၁၃ ရက်တွင် ၆ ရက်ကို ဘတ်စ်ကားပေါ်မှာပဲ ကုန်ခဲ့ရတယ် ။ အခြေနေတွေကို ဖြေရှင်းဖို့ UNHCR နဲ့သပ်ဆိုင်တဲံ အစည်းဝေးတွေပါ တက်ရောက်နေခဲ့ရလို့လေ။ ကိုဥက္ကာက အမြဲတမ်းလိုက်ပါပေးလို့ အဖော်ခေါ်ရပါတယ်။ ကျမခြေထောက်တွေ ဖော်ရောင်လာပါတယ်။ အရမ်းပင်ပန်း တက်တယ်ဆိုပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကိုလုပ်နေရလို့ ကျမပျော်ပါတယ်။ ဆုံးဖြတ်ချက် ချမှတ်တဲ့အထိ မရောက်ခဲ့ပေမယ့် UNHCR အနေနဲ့တော့ ဒီပြသာနာကို ကောင်းကောင်း သဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အရှင်ထာဝရကို တောကြီးထဲနေထွက်ခွာဖို့နဲ့ သူအလုပ်ကို လုပ်ကိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

နောက်ဆုံး ကံမကောင်းစွာနဲ့ပဲ အခြေနေတွေ တိုးတတ်မလာခဲ့ပါဘူး။ အရှင်ထာဝရမှာလဲ ၂၀၀၉ ဂျွန်လ ၂၈ ရက်မှာ နယ်စပ်ကိုဖြတ်ကျော်ပြီ အိန္ဒိယသို့သွားရောက်ခဲ့ပါတယ်။ ကျမမိသားစု မိတ်ဆွေတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေလဲ အဲ့ဒီလိုခက်ခဲတဲ့ လတွေကို ကျမနဲ့အတူ စိတ်ရှည်လက်ရှည် နေပေးကြပါတယ်။ နာရီပေါင်းများစွာ ကျမအလုပ်လုပ်ခဲ့ရပါတယ်။ ဘင်္ဂလာဒေ့ရှ်က အခက်ခဲတွေက ကျမရဲ့ အချိန်နဲ့စွမ်းအင်တွေကို အများကြီးကုန်စေပါတယ်။ ကျမရဲ့ လျှိဝှက်စွာ ပါဝင် လုပ်ဆောင်ချက်တွေဟာ အခုမှတော့ အဆုံးသတ်ပန်တိုင် ရောက်လုနီးပါပြီ။ ဆုတံဆိပ်တွေရခဲ့တဲ့ Burmar VJ ထဲက သူရဲ့မှတ်တမ်းဝင် လုပ်ဆောင်ချက်တွေကြောင့်လဲ လူသိများလာပါပြီ။ အခုအခါမှာ သူဟာဘုန်းကြီးကျောင်းတစ်ခုမှာ သီတင်းသုံးနေပြီ အခြားနှစ်ပါးသော ရဟန်းတွေကလဲ ကျွန်မကို အမေလို့ခေါ်ကြပါတယ်။ ကျွန်မလဲ ဗမာဘုန်းကြီးမှာဆီမှ တစ်နေ့ထက်တစ်နေ့ လေ့လာနေရပါတယ်။ အရှင်ထာဝရဟာ အလွန်ကိုပဲထူးခြားသူပါ။ ချစ်ခြင်းမေတ္တာ ဟာ အစလည်းမရှိ သလို အဆုံးလည်းမရှိသောကြောင့် ဒီဇာတ်လမ်းဆုံးသွားပြီလို့ မဆိုနိုင်ပါဘူး.

Carol ၏ A Brief Interlude in the Tragety of Burma ကို အလင်းဆက်မှ ဆီလျော်အောင်ဘာသာပြန်သည်။......

အမေရီကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန သတင်းထုတ်ပြန်ချက်...

Photobucket
Photobucket

၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနား အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် အောင်မြင်စွာကျင်းပ ပြီးစီး...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ sugamo(ဆုဂါမို) ဘူတာအနီးရှိ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်ဌာနခွဲ)တွင် ၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနားတစ်ရပ်အား ဂျပန်ဌာနခွဲ၏ တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ ဦးဆောင်ကာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။

နိုင်ငံခြားရပ်ခြားမှာ သီတင်းသုံးနေတဲ့ နိုင်ငံအကျိုးသာသနာ့အကျိုး ဆောင်ရွက်နေတဲ့ ဆရာတော်များကို ဆက်သွယ်ဖိတ်ကြားပြီး ဒီအခမ်းအနားကို ဖြစ်မြောက်အောင် ကြီုးစားခဲ့တာဖြစ်ကြောင်း တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ မိန့်ကြားပါသည်။ “မြန်မာနိုင်ငံသူ/နိုင်ငံသားတွေအနေမှာ ပါတီတွေ၊ အဖွဲ့အစည်းတွေ အမျိုးမျိုးရှိနေပေမယ့် အားလုံးဟာ မြန်မာလူမျိုး ဒကာ/ဒကာမတွေလို့ပဲမြင်တယ်။ ဘုန်းဘုန်းတို့အနေမှာ ပါတီတွေ၊ အဖွဲ့အစည်းတွေဆိုတဲ့ အဆွဲမရှိဖူး၊ ကန့်သတ်မထားဖူး အဲ့တာကြောင့် သံဃာတွေကို အမှီသဟဲပြုပြီးတော့ ဂျပန်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအပြင်၊ နိုင်ငံရပ်ခြားမှာ ရှိတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေကို စုစည်းစေဖို့လည်းပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံးဟာ သံဃာတော်တွေကို ဆက်သွယ်ရေး ဗဟိုကွန်ယက်တစ်ခုကို ရရှိအောင် ပြုလုပ်တာပါ။”ဟု တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိမှ မိန့်ကြားတော်မူပါသည်။

တာဝန်ခံ အရှင်ဓမ္မဇောတိနှင့် အခမ်းအနားသို့ ကြွရောက်လာ ဒကာ/ဒကာမများအား သတ်သတ်လွတ် နေ့ဆွမ်းနှင့် အချိုပွဲများ ကပ်လှူဒါန်းခဲ့ပါသည်။ “မြန်မာနိုင်ငံသူ/နိုင်ငံသားများအားလုံးကို မင်္ဂလာရှိတဲ့ နှစ်သစ်မှာ ဘေးအန္တာရယ်ကင်းရှင်းစေရန်ဖို့နဲ့ နှစ် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို မတရားပြုလုပ်မဲ့ နအဖ စစ်အုပ်စုကိုလည်း မေတ္တာနဲ့ အတက်နိုင်ဆုံးသွားဖို့၊ နှစ်ပေါင်း(၂၀)ကျော်လုံးလုံး ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံကို အခြားနိုင်ငံကြီးများကဲ့သို့ ဒီမိုကရေစီစနစ်အမြန်ဆုံးရရှိစေရန် မေတ္တာပို့ရင်း ဆုတောင်းတဲ့ အခမ်းအနားပွဲလေး တစ်ရပ်ဖြစ်ပါတယ်”ဟု သတ်သတ်လွတ် နေ့ဆွမ်းနှင့် အချိုပွဲများ ကပ်လှူဒါန်းခဲ့သူ ဦးမြသိန်းမှ ရှင်းပြပါသည်။

အဆိုပါ ငြိမ်းချမ်းရေးနှစ်သစ်ကို မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနားတွင် တာဝန်ခံ အရှင်ဓမ္မဇောတိနှင့် အတူ နယူးဇီလန် နိုင်ငံမှ သာသနာ့ဥသျှောင်ဆရာတော် အရှင်ဦးသြဘာသ၊ ဂျာမဏီ နိုင်ငံမှ မြန်မာသာသနာ့ဥသျှောင် ဆရာတော် အရှင်ဦးသောပါက၊ အင်္ဂလန်နိုင်ငံမှသာသန ဥသျှောင်ဆရာတော် အရှင်ဦးဝိန္ဒက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ် (အတွင်းရေးမှူး) ဆရာတော် အရှင်ဦးထာဝရနှင့် ထိုင်းနိုင်ငံမှ သာသနာ့ဥသျှောင် အတွင်းရေးမှူးဆရာတော် အရှင်ဦးဣဿရိယတို့မှ Online(အွန်လိုင်း)မှ တဆင့် ၂၀၁၀ခုနှစ် ငြိမ်းချမ်းရေးနှစ်သစ် မေတ္တာနှင့်ကြိုဆိုသော သြ၀ါဒကထာများ သံဃာတော်များ ဦးဆောင်ပြီးဖြေရှင်းရန် လိုအပ်ချက်နှင့် သတိထားရှေ့ဆက်ဆောင်ရွက်သင့်သည့် အချက်များကို ဟောကြားပေးခဲ့ကြောင်းသိရပါသည်။

“အခမ်းအနား အစီအဉ်အရ ကြွရောက်လာတဲ့ ဒကာ/ဒကာမများမှ“ နမောတဿ ” (၃) ကြိမ် ရွတ်ဆိုပြီး “ငါးပါးသီလ”ခံယူခဲ့ကြတယ်။ တာဝန်ခံ ဆရာတော်နဲ့ အွန်လိုင်းမှ ဖိတ်ကြားထားတဲ့ ဆရာတော်များမှ အွန်လိုင်းမေတ္တာပို့ရခြင်း ရည်ရွယ်ချက်များနှင့် မေတ္တာနှင့်ကြိုဆိုသော သြ၀ါထာများကို ရွတ်ဖတ်ပေးတော်မူခဲ့တယ်။”ဟု အခမ်းအနားမှူးအဖြစ် ဆောင်ရွတ်ပေးခဲ့သူ ဦးထွန်းဦးမှ ပြောပြပါသည်။

ဆက်လက်ပြီး မေတ္တာနှင့်ကြိုဆိုတဲ့ အခမ်းအနား ရည်ရွယ်ချက်နဲ့ ပါတ်သတ်ပြီး အရှင်ဓမ္မဇောတိမှ“နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသူအနေနဲ့ ကိုယ်ဟာ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် လုပ်နိုင်စွမ်းရှိမယ်၊ လုပ်နိုင်တဲ့ အခွင့်အရေးရှိမယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်မှာ တာဝန်ရှိတယ်။ အဲ့လို ကိုယ့်တာဝန်ကိုယ်ယူပြီး လုပ်ကိုင်သွားကြမယ် ဆိုရင် ဘုန်းဘုန်းတို့ လိုလားတောင်းတနေတဲ့ တစ်မျိုးသားလုံး လွတ်မြောက်ရေးဟာ မကြာမီ အောင်မြင်မယ်လို့ ဘုန်းဘုန်းအနေနဲ့ ယုံကြည်တယ်။ နောက်တစ်ခုက စစ်အုပ်စုဟာ ၂၀၁၀ ရွေကောက်ပွဲကို ပြုလုပ်မယ့် အပေါ်မှာ ဘုန်းဘုန်းအကောင်းဘက်ကမျှော်လင့်ပြီးတော့ အကောင်းကို ဖြစ်သွားပါစေ၊ သူတို့စိတ်တွေပျော့ပြောင်းလာပါစေ၊ အားလုံရဲ့စိတ်ဓါတ်တွေ တစ်သားတည်းကျသွားပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ပြီးတော့ ဒီပွဲကို လုပ်ဖြစ်တာပါ။”ဟု မိန့်ကြားတော်မူပါသည်။

မေတ္တာပို့ ပြီးနောက် မင်္ဂလာ အောင်မြင်စွာပြီးမြောက်ပြီဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံ အရှင်ဓမ္မဇောတိ အရှင်မြတ်မှ ကြေညာပေးပြီး လှူဒါန်းမှု အစုစုအတွက်ရေစက်ချ အမျှဝေပေးတော်မူခဲ့ကြကာ “ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု “ သုံးကြိမ်ရွတ်ဆိုလျှက် အခမ်းအနားကို အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ကြပါသည်။

သတင်း. ဖြိုးဝေmmp
ဓာတ်ပုံ..ကိုစိုးဝင်းအောင်၊ ကိုလှမျိုး၊ ဒီမိုဝေယံ...



ရွှေဝါရာင်သံဃာတော်များရဲ့ နှစ်သစ်ဆုတောင်း....

အရှင်ထာဝရ
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ် (အတွင်းရေးမှူး)

မြန်မာ ပြည်သူများနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အား နှစ်သစ် မင်္ဂလာမှာ သာယာဝပြောသော တိုင်းပြည်နှင့် ကမ္ဘာသူကမ္ဘာသားများဖြစ်ကြပါစေ့လို့ ဆုမွန်ကောင်းတောင်းရင်း နူတ်ခွန်းဆက်သအပ်ပါသည်။ နှစ်သစ် မင်္ဂလာမှာ လွန်ခဲ့ပြီးတဲ့ အမှား အမှန်တွေ ဘေးဖယ်ထားပြီး ရှေ့ဆက်ကြိုးစားဖို့ ပဲလိုပါတယ်။ နိုင်ငံနဲ့ သာသနာ တွဲသွားနိုင်မှ သားစဉ်မြေးဆက်အတွက် နိုင်ငံနဲ့ သာသနာ ကောင်းမွန်စွာ အမွှေအနှစ် ထားရစ်လို့သူတိုင်း ၂၀၀၇ခုနှစ်က ဆရာဒကာ ညီညွတ်ခဲ့သည့်အတိုင်း စုပေါင်းဆောင်ရွက်ကြဖို့ နှစ်သစ်မှာဆုတောင်းရင်း တိုက်တွန်းနိုးဆော်လိုက်ရပါသည်။

အရှင်ထာဝရ

ဦးဣဿရိယ
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ

အားလုံးမင်္ဂလာပါ ၂၀၁၀ နှစ်သစ်မင်္ဂလာရက်မြတ်မဟာသမယမှာ စိတ်သစ် လူသစ် အမြင်သစ် အတွေးသစ် အရာအားလုံးသစ်လွင်စွာဖြင့် ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ရှေးဦး ပဏာမ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ ပြီးဆုံးသွားတဲ့ ၂၀၀၉ မှာ တစ်ယောက်နှင့်တစ်ယောက် အညှိုးအာဃာတ တွေရှိခဲ့ရင် မေ့ပျောက်ပစ်ကြကာ တစ်ယောက်နှင့်တစ်ယောက်နားလည်ခွင့်လွှတ်မှု ဖေးမကူညီရိုင်းပင်းမှု ကျင်နာသနားညှာတာမှု မေတ္တာစေတနာတွေ အပြည့်ဖြင့်တစ်ယောက်နှင့်တစ်ယောက် အတူလက်တွဲကာ နိုင်ငံကောင်းကျိုး လောကကောင်းကျိုး တွေကို ဆထက်တန်ဖိုးတိုးကာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။ မိမိတို့တစ်တွေဟာ အင်မတန်ရခဲတဲ့ အဖိုးမဖြတ်နိုင်တဲ့ မြင့်မြတ်တဲ့ဘ၀ကို ရထားကြတယ် ဆိုတာကိုမမေ့သင့်ပါဘူး။ မြင့်မြတ်တဲ့ဘ၀ကို ရထားကြတာမှန်ပေမဲ့ မြင့်မြတ်အောင် တန်ဖိုးရှိအောင် ကြိုးစားပြီးနေကြမှ မြင့်မြတ်တဲ့ဘ၀တန်ဘိုးရှိတဲ့ဘ၀ တွေဖြစ်ကြမှာပါ။ဒီလိုမဟုတ်ဘဲ ကြီးနိုင် ငယ်ညှင်း အနိုင်ကျင့်နှိပ်စက်ကာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး တစ်ကိုယ်ကောင်း စိတ်ဓါတ်မွေးကာထင်ရာဆိုင်း မယ်ဆိုရင်တော့ မိမိရလာတဲ့ဘ၀ဟာ နိုင်ရာစားဖြစ်တဲ့ တိရစ္ဆာန်တွေရဲ့ဘ၀နဲ့ဘာမှ ခြားမှာမဟုတ်ပါဘူး။ အမြီးမပါတာ တစ်ခုပဲ ထူးခြားတာပဲရှိမှာပါ။

ဒါကြောင့်ပြီးဆုံးသွားတဲ့ ၂၀၀၉ ကာလမှာ ငါဘာတွေလုပ်ခဲ့သလဲ၊ အဆိုးတွေလား အကောင်းတွေလား ကိုယ့်ကိုယ်ကို သေချာစွာ မညာတမ်းပြန်မေးကြပါ။ ကိုယ်ကိုယ်ကိုအဖြေထုတ်ပါ။ အဆိုးတွေကြီးပဲလုပ်ခဲ့မိတယ်ဆိုလဲ လက်မိုင်ချပြီးငိုမနေပါနဲ့၊ ပြီးခဲ့တာတွေကသူဘာသာသူ အလကားသက်သက် ကောင်းလာမှာမဟုတ်ပါဘူး။ မိမိရဲ့အမှားတွေကို သင်ခန်းစာယူပြီး ဒီလိုအမှားမျိုး ထပ်မမှားအောင် ဂရုစိုက်ထိမ်းသိမ်းးကာ အခု၂၀၁၀မှာ စိတ်သစ်လူသစ်အာရုံသစ်တွေဖြင့် ကိုယ့်နိုင်ငံကောင်းကျိုးကို သယ်ပိုးထမ်းရွက်မယ်ဆိုရင် သင်ဟာမြင့်မြတ်တဲ့တန်ဖိုးရှိလူဖြစ်နိုင်ပါတယ်။ မြင့်မြတ်တဲ့တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။။

မေတ္တာဖြင့်..မင်းသုည

AAPPသတင်းထုတ်ပြန်ချက်......

Photobucket
PhotobucketPhotobucket
Photobucket

၁ ဇန္န၀ါရီလ ၂၀၁၀

အားလုံးသောမိတ်ဆွေများခင်ဗျား-

နှစ်သစ်တခုထဲသို့ ချဉ်းနင်းဝင်ရောက်လာချိန်တွင် မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း

နိုင်ငံရေးအကျဉ်းသားစုစုပေါင်း (၂၁၇၃)ယောက် ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)အနေဖြင့်-

မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ ဆောင်ရွက်ခဲ့ကြသောကြောင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည့်နိုင်ငံရေး အကျဉ်းသားများအားလေးစားစွာဖြင့် အသိအမှတ် ပြုပါသည်။ နိုင်ငံအကျဉ်းသားများထဲမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသူ လူပုဂ္ဂိုလ် (၄၀) ဦးကို ကျွန်တော်တို့၏ အင်တာနက်စာမျက်နှာ www.aappb.org တွင်ဖေါ်ပြထားပါသည်။

သူတို့နှင့်အတူ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အတွက် အရာရာကိုစွန့်လွတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော နိုင်ငံရေးအကျဉ်းသား အားလုံး ယခုရောက်ရှိလာသော(၂၀၁၀) ခုနှစ်အတွင်း အမြန်ဆုံးပြန်လည်လွတ်မြောက်လာကြစေရန် ကျွန်တော်တို့နှင့် ကမ္ဘာ့မိသားစု အားလုံးက ဆန္ဒပြု မျော်လင့် လျှက်ရှိကြပါသည်။

နှစ်ရှည်အကျဉ်းကျခံ လူပုဂ္ဂိုလ် (၄၀) ဦး နှင့်အတူ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လည် လွတ်မြောက်လာကြစေရန် လူတိုင်းလူတိုင်းက ဆန္ဒပြုဆုတောင်းခြင်းဖြင့်လည်းကောင်း၊ မြန်မာ့ စစ်အာဏာရှင်ကို ၀ိုင်းဝန်းဖိအားပေးကြခြင်းဖြင့်လည်းကောင်း အားလုံးစုပေါင်းပါဝင်ဆောင်ရွက်ကြရန် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)မှ တိုက်တွန်းနှိုးဆော် လိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)

ဆက်သွယ်ရန် ----- ကိုတိတ်နိုင် (အတွင်းရေမှုး) +၆၆ (၀)၈၁ ၂ ၈၇ ၈၇၅၁

ကိုဘိုကြည် (တွဲဘက် အတွင်းရေးမှုး) +၆၆ (၀)၈၁ ၃၂၄ ၈၉၃၅

ပေးပို့လာသူ ကိုအောင်မျိုးသိန်း၊ မမြတ်လေးငုံ...


လူထုလှုပ်ရှားမှုဖေါ်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစုမှ နှစ်သစ်ကူးည “FREE” လှုပ်ရှားမှုပြုလုပ်။

active

ဒီဇင်ဘာ (၃၁) ရက်နေ့  ၂၀၀၉ New Year အကြို ညက မန္တလေးမြို့ပေါ် နေရာအနှံ့အပြားမှာ “FREE 2010” ဆိုတဲ့ စာများ ရိုက်နှိပ်ထားတဲ့ ၅ ကျပ်တန်၊ ၁၀ တန်၊ ၂၀ တန်၊ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် များ ကြဲဖြန့်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။“FREE 2010” စာတန်းပါ ပိုက်ဆံတွေကို မန္တလေးမြို့ပေါ် ၂၇ လမ်း၊ ၂၈ လမ်း၊ ၇၈ လမ်း၊ ၈၆ လမ်း၊ ၈၉ လမ်း၊ ၇၃ လမ်း ၃၅ လမ်း၊ ၆၈ လမ်း အစသဖြင့် လူစုလူဝေးရှိသည့် နေရာများမှာတွင် Happy New Year အော်ဟစ်တဲ့ အချိန်၌ ကြဲချခဲ့ကြပါတယ်။ လူအုပ်ထဲ ကြဲချခြင်းကြောင့် လူအတော်များများတော့ သတိထား ဖြစ်ခဲ့ကြပါတယ်။ အတော်များများမှလည်း ကောက်ယူသိမ်းဆည်းကြပါတယ်။

မန္တလေး ကျုံးနဘေးမှာတော့ ထောက်လှမ်းရေး၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်များက အပြည့်နေရာယူ စောင့်ကြည့်နေကြပါတယ်။ ဒီ FREE (လွှတ်) လှုပ်ရှားမှုကို လဖစတ (လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်) က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

"လဖစတ" အဖွဲ့ဝင်တစ်ဦး ပြောပြတာကတော့ "ကျွန်တော်တို့အနေနဲ့ ၂၀၁၀ ဆိုတဲ့ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုကာလကြီး ရောက်တော့မှာ ဖြစ်တဲ့အတွက် အကြိုအနေနဲ့ ဒီလို FREE လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။ စစ်အဆိုးရအနေနဲ့ ဘယ်လိုပဲ မျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးမယ်ပြောပြော ယုံကြည်ချက်တစ်ခုနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးမှတော့ စစ်အာဏာရှင်တွေဟာ အပြောနဲ့ အလုပ်မညီဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုတဲ့အနေနဲ့ ဒီလို FREE သို့မဟုတ် "လွှတ်" လှုပ်ရှားမှုကို ပြုလုပ်ရခြင်း ဖြစ်တယ်။

ကျွန်တော်တို့အနေနဲ့ ဗမာပြည်သူလူထုကြီးကို တိုက်တွန်းချင်တာက FREE ဒါမှမဟုတ် "လွှတ်" ဆိုတဲ့ စာသားတွေ တစ်နိုင်ငံလုံး နေရာအနှံ့ ကိုယ့်ဘာသာ လိုက်ရေးကြစေချင်တယ်။ ဘောပင်လေးနဲ့ပဲ ဖြစ်ဖြစ်၊ ဆော့ပင်န်လေးနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောဆေး/မှုတ်ဆေးနဲ့ပဲ ဖြစ်ဖြစ် ဒီနေ့ နယူးရီးယား ၂၀၁၀ နှစ်သစ် ပထမဆုံးနေ့ကစပြီး ကိုယ်တတ်နိုင်သလောက် ဗမာပြည်နေရာအနှံ့ လိုက်ရေးကြဖို့ နှိုးဆော်ပါတယ်။ ကျွန်တော်တို့လို ပိုက်ဆံ ဒါမှမဟုတ် စက္ကူစများပေါ်မှာလည်း FREE လို့ရေးပြီးလည်း ဖြန့်ဝေနိုင်ကြပါတယ်။"

FREE သို့မဟုတ် "လွှတ်" များ ရေးသားဖြန့်ဝေကြခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုကြပါစို့ ။

လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်။

(Activists for Abolishing the Military Dictatorship - Burma Myanmar)။

မျှဝေပေးပို့ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်...။

ပြည်သူချစ် အနုပညာရှင်နှင့် နာရေးကူညီမှုလုပ်ငန်းများအား စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် ရုပ်ရှင်မင်းသားကြီး ကိုကျော်သူ၏ (၂၀၁၀) ခုနှစ် ဆုမွန်ကောင်း။

Ko Kyaw Thu
KKT
ပြန်လည်မျှဝေပေးသော ကိုနစ်နေမန်းနှင့် ညီငယ်ဖြိုးဝေတို့အား ကျေးဇူးတင်ပါသည်.....