ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြေငလျင်သတင်း နောက်ဆက်တွဲ (၂၁)


ငလျင်ဒဏ်ကြောင့် ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား ပျက်စီးသွားပုံ

ဓာတ်ပုံ - မျိုးမင်းဦး
မြေငလျင်သတင်း နောက်ဆက်တွဲ (၂၁)
နိုင်ငံတော်သမ္မတရုံးမှ မြေငလျင်သတင်းထုတ်ပြန်ချက်အပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

စစ်ကိုင်းတိုင်းရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့

နိုဝင်ဘာ - ၁၁

ယနေ့ နံနက်က လှုပ်ရှားခဲ့သော ငလျင်နှင့် ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရ စစ်ကိုင်းမြို့တွင် မင်းကွန်း ခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ကျောက်မြောင်းမြို့နယ် ကျောက်မြောင်းရွာတွင် ကျေးရွာ ဆက်သွယ်ရေးရုံး ပြိုကျခြင်း၊ ဆယ်ပင်ကျွန်း မူလတန်းကျောင်း (၁)ထပ်ဆောင် ထက်ဝက်ခန့် ပြိုကျခြင်း၊ မကျည်းသုံးပင် ကျေးရွာ မူလတန်းကျောင်း အဆောက်အဦ၏ (၇ဝ) ရာနှုန်း ပြိုကျ ပျက်စီးခြင်း၊ ဆိတ်သာကျေးရွာ မူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြိုကျ ပျက်စီးခြင်း၊ မလားကျေးရွာ တွဲဖက်မူလတန်းကျောင်း ထက်ဝက်ခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။

ရွှေဘိုမြို့တွင် ချမ်းသာကြီး စေတီတော်၏ စိန်ဖူးတော် မြေခခဲ့ပြီး ကြာမောက်ကြာလန် အောက်မှ အင်္ဂတေအချို့ ပြိုကျပျက်စီးခြင်း၊ မင်းသမီး ရွှေကျောင်းဘုရားနှင့် နန်းဦးကျောင်း အတွင်းရှိ စေတီများ၏ စိန်ဖူးတော်များ မြေခခြင်း၊ အတွင်းမိတ္ထီလာ ဘုန်းကြီးကျောင်းနှင့် အရှေ့လောကမာရဇိန် ဘုန်းကြီးကျောင်းတို့၏ မုဒ်ဦးများ ပြိုကျပျက်စီးခြင်း၊ ရွှေဂူကြီးဘုရား၏ ကြာမောက်ကြာလန်များ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာ ဘုန်းကြီးကျောင်း အတွင်းရှေးဟောင်း စေတီတော်(၁)ဆူ ပြိုကျခြင်းနှင့် စိန်ဖူးတော်(၁)ခုမြေခခြင်း၊ ဇောတိကရာမ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၅)ခန်း၊ ရွှေဘုံရတနာ မင်္ဂလာ နန်းတော်ကျောင်းမှ အုတ်တံတိုင်း (၈)ခန်းနှင့် အောင်ချမ်းသာ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၄)ခန်းတို့ ပြိုကျခြင်း၊ ဆင်အင်းကျေးရွာ ကုန်းသာ ဘုန်းကြီးကျောင်း အတွင်း ပြသာဒ်ဟောင်း အပေါ်ပိုင်း (၄)ပေခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

ခင်ဦးမြို့နယ်တွင် ကုက်တတ်အုပ်စု ရုံးပင်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပြိုကျခြင်း နှင့် အညာသီဟတော ဘုရားထီးတော်ယိုင်၍ အာရုံခံသစ်သားတန်ဆောင်းတို့ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာ ဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း(၁၂) ခန်း ပြိုကျခြင်း၊ ဓမ္မာရုံ(၂) ခု၏ အုတ်နံရံ ပြိုကျခြင်း၊ အိမ်ခြေ အလုံး(၂ဝ)ပြိုကျခြင်း၊ ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်းမှ စေတီ (၂)ဆူ ထီးတော် အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင် ကျေးရွာမှ မြန်မာညွန့်ဆန်စက်ခေါင်းတိုင် ပြိုကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း ပြိုကျခြင်း၊ ထန်းတပင်ကျေးရွာ ရွာလယ်စေတီ ထီးတော်မြေခခြင်း တို့ ဖြစ်ပေါ်ခဲ့သည်။

ဝက်လက်မြို့တွင် သစ်ဆိပ်ကျေးရွာဘုရား ငှက်ပျောဖူးမှစ၍ ပြိုကျခြင်း၊ ရေလည်မှော် မူလတန်းကျောင်း နံရံပြိုကျခြင်း၊ ရေလည်မှော်ကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်း၊ ရွာသာကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းနှင့် အင်းမဲကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထို့အတူ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် တမူးခရိုင်တို့တွင် အနည်းငယ် လှုပ်ရှားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ငလျင်ဘေးဒဏ်သင့် နေရာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

By 7Day News Journal
 

ဧရာဝတီတိုင်းဒေသကြီး တိုင်းသာသနာရေးဦးစီးမှုး ဦးနိုင်အောင်မိုး ဒုတိယညွန်ကြားရေးမှူး လက်မှတ်ပါတာတောင် ကျေးရွာအုပ်ချုပ်ရေးမှူးကဘာသာရေးကိစ္စလုပ်တာကို အပြင်းအထန်ကန့် ကွက် တားမြစ်ခြင်းကိစ္စ



ဟင်္သာတတက္ကသိုလ် တာဝန်ခံ ဒုပါချုပ် နှင့်  ငွေစာရင်းဌာန မှ ဌာနမှူး ဒေါ်ရီရီမြင့် တို့ ၏ လက်ကျိတ်ထိုး မှု့ များ

ဟင်္သာတတက္ကသိုလ်မှ အတွင်းရေးတစ်စိတ်တစ်ဒေသများ ယခုအခါ ဟင်္သာတတက္ကသိုလ်ကြီးတွင် ခန်းညားထည်ဝါသောအဆောက်အဦအသစ်ကြီးများကို တည်ဆောက် လျှက်ရှိနေပါ သည်။နိုင်ငံ တစ်ဝန်းလုံးရှိတက္ကသိုလ်များတွင်အဆောက်အဦ များတည်ဆောက် လျှင်ပွင့်လင်းမြင်သာ စွာရှိစွာပင်နိုင်ငံပိုင်သတင်းစာများမှတင်ဒါများခေါ်ယူပြီးတည်ဆောက်လျှက်ရှိသော် လည်း ဟင်္သာတ တက္ကသို လ်မှ တာဝန်ခံဒုပါချု ပ်နှင့် ငွေစာရင်းဌာနမှ ဌာနမှူး ဒေါ်ရီရီမြင့်တို့ ၏လက်ကျိတ် ထိုး ဆောင်ရွက်မှုဖြင့်ဆောက်လုပ်ရေးဦးစီးဌာနမှဆောက် လုပ်ခွင့်ရပြီးအပြင်ကန်ထရိုက်များကိုလက် ကျိတ်ထိုး ပြန်လည်ပေးအပ်နေပါသည်။ 

ထိုအဆောက်အဦးအတွက် ခွင့်ပြုငွေမှာ ကျပ်သိန်းပေါင်း တစ်သောင်းကျော် ရှိပြီး ယခု အခငွေတစ်ဝက် အားခွင့်ပြု ချထားပြီးဖြစ်ပါ သည်။ ထိုလုပ်ငန်းများ ကိုရရှိရန်အတွက် ကန်ထရိုက်များ သည်မူရင်းဆောက်လုပ်ရေးလုပ်ငန်းနှင့်ပူးပေါင်း ရုံ သာမ ကဒေါ်ရီရီမြင့် အားငွေကြေး များပေးပြီး တည်ဆောက်ရေးလုပ်ငန်း များကိုရရှိရန်ဝင် ထွက်လုပ်ကိုင်နေပါသည်။ ထိုရရှိသော ငွေကြေးများထဲမှ တစ်ချို့တစ်ဝက်ကို ပါချုပ်နှင့်ဝေမျှ စားပြီး၊တစ်ချို့တစ်ဝက် ကိုအဆညမှ အထက် လူကြီးများအားကန်တော့ငွေအဖြစ်ပေးရပါသည်။

ပါချုပ်ရုံးခန်းအတွက် AirCon ကို အထက်မှခွင့်ပြုငွေမကျသော်လည်း ဒေါ်ရီရီမြင့်မှ စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့်တပ်ဆင်ပေးပါသည်။ထိုအမျိုးသမီးသည်ထိုတက္ကသိုလ်တွင် ၀န်ထမ်းငယ်ဘ၀မှ ယခုရာထူးအထိတိုင်တာဝန်ထမ်းဆောင်နေပြီးခေတ်အဆက်ဆက်ပါမောက္ခချုပ်များ ကိုငွေစာရင်းများ အစဉ်ပြေအောင်လုပ်ကိုင်ဖန်တီးပေးနေသောကျွမ်းကျင်(စာရင်းလိမ်) ပညာရှင်ဖြစ်ပါ သည်။ရာထူး အမျိုးမျိုးတက် သော်လည်းမည်သည့်နေရာကိုမှမပြောင်းရွှေ့ရအောင်အထက် လူကြီးများ ကိုပေး ကမ်းပြီးနေ သူဖြစ်သည်။လူ ကြီးများနှင့်ပိုင်သဖြင့် မိမိယောင်္ကျားကို ပင်မိမိအောက် တွင်ပြန်လည် တာဝန်ကျစေ ရန်ဆောက်ရွက် ခဲ့ပြီး ကျောင်း အတွင်းရှိငွေစာရင်းများ ကိုကိုယ်တိုင်စိတ်ထင်တိုင်းဆောင် ရွက်ပြီးအထက် ကိုဝေမျှကျွေး ၍(တိုင်းဒေသကြီး ၀န်ကြီးသုံးစားမရ သူဦးစိုးမြင့်ကိုပိုင် သည်ဟုဆိုကာ)အောက်ခြေမှ ၀န်ထမ်းများကို  ဖိနှိပ်နေသူဖြစ်သည်။

 ကျောင်းမှGEC၀န်ထမ်း သက်သာရန်ပုံငွေနှင့် အခြားငွေစာရင်းများ ကိုခေါင်းစဉ်ပြောင်း၍ အပြင်တွင်ငွေတိုး ချေးစားနေသူဖြစ်ပါသည်။ထို GECငွေကြေးများ ကို မည်သည့်အောက်ခြေ၀န် ထမ်းများမှမခံစားခဲ့ ဘူးပါ။ စာရင်းစစ်များ လာရောက်စစ်လျှင်လည်းထိုစာရင်းစစ်များကိုပေးကမ်း၍အ စဉ်ပြေအောင်ဆောက်ရွက်နေသော ကြောင့်မည်သည့်ပြသနာမျှမတက်ခဲ့သူဖြစ်သည်။အထက်ဖော်ပြကိစ္စများ
ကိုဟင်္သာတက္ကသိုလ်ရှိမည်သည့်ဝန်ထမ်းကိုမဆိုတစ်ယောက် ချင်းခေါ်ယူစစ်ဆေး လျှင်(မိမိတို့အားပြ သနာပြန်မရှာလျှင်)အမှန်ဖွင့်ပြောပြမည့်သူများ ရှိနေပါ သည်။ထိုသို့သောဝန်ထမ်းများ ရှိနေသောကြောင့် နိုင်ငံတော် မှဘတ်ဂျက်ငွေများဆုံးရှုံး နစ်နာ သည့်အပြင်လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေးဆောင်ရွက် ရာတွင် အောင်မြင်မည်မဟုတ်ပါ။

အမရပူရ မြို့နယ် ဘနောကျေးရွာမှ တိုင်ကြားစာ (8.11.2012)



သမ္မတဦးသိန်းစိန်မှ သက်ဆိုင်ရာ ဌာနအသီးသီးသို့ဖော်ပြပါအကြောင်း အရာများကို အမြန်ဆုံး လမ်းညွှန် အကောင်အထည်ဖော်ပေးပါရန်ရိုသေလေးစားစွာ တိုင်ကြားအပ်ပါသည်..။

ဧရာဝတီဂျာနယ် မှာ ဟင်္သာတဖဲဝိုင်း မိတဲ့ တရားခံ တစ်ဦး၏ နံမည် ကျန်ခဲ့ခြင်းကိစ္စကို တင်ပြလိုက်ပါတယ်ရှင့် 

ဧရာဝတီဂျာနယ်၊အတွဲ(၂) ၊အမှတ်(၂) ။နိုဝင်ဘာ(၂)ရက် ၂၀၁၂ ထုတ် စာမျက်နှာ (၁၃) မှသတင်းထောက် ကိုဌေး(ဟင်္သာတ)ရေးတဲ့ သတင်းခေါင်းစဉ် မှာ (ဖဲဝိုင်း နှစ်ဝိုင်း နဲ့  ဖဲရိုက်သူ ၁၈ ဦးဖမ်းဆီးရမိ) ဆိုပြိးခေါင်း စဉ်တပ်ပြီးတော့  ဧရာဝတီတိုင်းဒေသကြီး၊ရဲတပ်ဖွဲ့ မှူး၏ ညွန်ကြားချက်ဖြင့်  ဟင်္သာတခရိုင် ဒုစရိုက်နှိမ် နင်းရေး အဖွဲ့ ခေါင်းဆောင် ရဲအုပ်မြင့် ခိုင်သည် အောက်တာဘာ ၂၃ ညနေ ၄ နာရီအချိန်တွင် ဒန မှ ရဲ အရာခံ စိုးလွင် ဒုတပ်ကြပ် နိုင်လင်းအောင်၊တပ်သားအောင်နိုင်ထွန်း။နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မင်းသက်လှိုင်နှင့်  အသိသက်သေ ကိုအောင်ကျော်မိုး။ကိုတင့်နိုင်ဝင်း တိုနှင့် အတူ ခရိုင်ရဲ တပ်ဖွဲ့ မှူး ရုံး၏ဖမ်းဝရမ်းအမှတ် (၂၆ /၂၀၁၂)ဖြင့်  ဟင်္သာတရွှေဂူရပ် ဗိုလ်မြတ်ထွန်းလမ်းနေ ကိုကျော်ကျော် ၏နေအိမ် ကို သတင်းအရ သက်သေများနှင့် ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်တွင့် ရှိသော အခန်း နှစ်ခန်းရှိ ဖဲဝိုင်းနှစ်ဝိုင်းတွင် လောင်ကစားနေသည့် 

ထွန်းလင်းအောင်။
ဝင်းသူ ရ။
ဇာနည်။
 ညီညီလွင်။
သန်းဝင်း။
ထွန်းအောင်ကျော်။
ကျော်မိုး။
ခင်အုန်းမြင့် ။
ကျော်ခိုင်။
မျိုးဇော်။
ကျော်ကျော်။
တင့် ဆွေ။
 ကျော်ဝင်း။
 မျိုးထွန်းလတ်။
 ခင်စိုး။
 အောင်ဇော် ။
ကိုထွန်းထွန်း ။
တို့၏နံမည်(၁၇)ဦးသာပါပြီး သတင်းခေါင်းစဉ်မှာ ၁၈ ဦးမိတယ်ပြောပြီး ဂျာနယ်တိုက် ကဘဲကျန် ခဲ့ တာလား။ ကိုဌေး(သတင်းထောက်)ကဘဲကျန်ခဲ့ တာလား။ဒါမှမဟုတ် တရာခံ၏ သားက ရဲဝန် ထမ်း တစ်ဦးဖြစ်နေလို့ လား။နံမည်ကိုမထည့်နဲပြောရင်ဒီလိုဘဲ မထည့် ဘူလားရှင့် ။ နားမလည် လို့ မေး တာပါနော်။ တရာခံ ကျန်တစ်ဦးက ဘုရားကြီးရပ်ကွက် ဦးဝိစာရလမ်းနေ ဦးမြင့် ဆွေ ဖြစ်ပါတယ်။ သက်သေခိုင်လုံသွားအောင်(ဧရာဝတီဂျာနယ်ကို စကန်ဖတ်ပြီးတင်ပြလိုက်ပါတယ်)တစ်နိုင်ငံလုံး ကဖတ် ကျတဲ့ ကျွန်မတို့ ဧရာဝတီတိုင်းက ထုတ်တဲ့  တရားဝင် ဂျာနယ်မှာတောင် မထည့် ချင် လဲ ခေါင်း စဉ်မှာ ထဲက ၁၇ ဦးရေးထားပေါ့  အခုလိုမေ့ကျန်တာဘဲဖြစ်ဖြစ် ။တမင်မထည့် တာဘဲဖြစ်ဖြစ် အတူတူ ဖမ်းမိ တာခြင်းတူတဲ့ လူတွေကျတော့ ပါလာတော့ မကောင်းဘူးပေါ့ ရှင့် သက်သေအဖြစ် ကျောဘက်တွင် အနီရောင်အကွက်ပါဖဲချပ် ၁၀၆ ချပ်။ ကျားသစ်အကွက်စောင်တစ်ထည်။အများသုံးငွေ စက္ကူရော ရာကျပ် ၃၄၀၀၀( ဒီငွေတော့ နောက်က သုံညတွေ ကျမကျန်ခဲဘူးလို့ ထင်ပါတယ်ရှင့် )ကျော် ဘက်တွင် အနီရောင် စကြာပုံပါ ဖဲချပ် ၂၄ ချပ် ။MOCHI တံဆိပ်ဖြူ နီ ၀ါ ပြာ စောင်တစ်ထည်အများသုံးငွေစက္ကူရောရာ ကျပ် ၃၂၁၆၀၀ တို့ နှင့် အတူ ဖမ်းဆီးရမိပြီး ဒုရဲအုပ်နေမျိုးလင်းက အမှု့ ဖွင့် တိုင်းတန်းရာအမှတ်(၁) စခန်းမှ (ပ)၁၇၇ /၂၀၁၂ လောင်းကစား ဥပဒေပုဒ်မ ၁၃(က) ၁၄(က)ဖြင့်  အမှု့ ဖွင့် ဆက် လက်ဆောင်ရွက် လျက်ရှိကြောင်း တင်ပြလိုက်ပါတယ်ရှင့် ………………………………



အမေရိကန်သမတ အိုဘားမား မြန်မာနိုင်ငံခရီးစဉ်နှင့် ရခိုင်ပြည်အရေးကို ဒေါ်အောင်ဆန်းစုကြည်နှင့် မေးမြန်းခြင်း... သတင်းတင်ပြချက်....


NLD ပညာဒါနကျောင်း ဆရာများသင်ကြားမူ အထောက်ကူပြုသင်တန်း အပတ်စဉ်( ၁ ) သင်တန်းဆင်းပွဲ

NLD ပညာဒါနကျောင်း ဆရာများသင်ကြားမူ အထောက်ကူပြုသင်တန်း အပတ်စဉ်( ၁ ) သင်တန်းဆင်းပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်၊ပညာဒါနကျောင်း၊ ဆရာ/ ဆရာမများသင်ကြားမူ အထောက်ကူပြုသင်တန်း အပတ်စဉ်( ၁ ) သင်တန်းဆင်းပွဲအခမ်းအနား ကို( ၅.၁၁.၂၀၁၂ )နေ့ မနက်( ၁၀း၀၀)နာရီတွင် ရွှေဂုံတိုင်အဖွဲ့ ချုပ်ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 နယကအဖွဲ့ ဝင်ဘဘဦးတင်ဦးနှင့် ပညာရေးကွန်ရက်မှ တာဝန်ရှိသူ များ၊ စေတနာဖြစ် သင်တန်းပို့ ချပေးသော တောတိုက်ဓမ္မတက္ကသိုလ်မှ ဆရာဦးအေးသောင်းနှင့်ဆရာ/ ဆရာမများ၊ Thinking Classroom Foundation မှ Dr. သိန်းလွင်နှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမ အယောက်( ၂၀၀ ) ကျော် တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကို သီတင်းကျွတ်ကျောင်းပိတ်ရက်( ၃၁.၁၀.၁၂)မှ( ၄.၁၁.၁၂ ) ထိ ဇုံ( ၅ ) ဇုံ ခွဲ၍ ပညာရေးကွန်ရက် အတွင်းရှိ မူတတန်း နှင့် အလယ်တန်း ကျောင်း ( ၃၅ ) ကျောင်းမှ ဆရာ/ဆရာမ( ၁၈၁ ) ဦးတို့ တက်ရောက်ပြီး သင်တန်းဆရာ( ၂၅ ) ဦးတို့ မှသင်ကြားမူ အထောက်ကူပြုဘာသာရပ်များကို သင်ကြား ပို့ ချပေးခဲ့ပါသည်။ သဘာပတိ ဘဘဦးတင်ဦး၊ ဆရာဦးအေးသောင်း၊ Dr. သိန်းလွင်မှသင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။



ပညာရေးကွန်ရက် 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

အုတ်ခဲကျိုးဇော်ကြီး (သို့) သတ္တ၀ါ တကောင်အကြောင်း ( ဧရာဝတီ သတင်းဌာန ဖြစ်ပေါ်လာခြင်းအစ)


၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာ ရှိတဲ့ ကျောင်းသား လူငယ်တော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေး တရပ် ဆင်နွှဲဖို့အတွက် နယ်စပ်ဒေသတွေဆီ ထွက်လာကြတယ်။ တော်လှန်ရေး နယ်မြေထဲမှာ အစားအသောက်ဆင်းရဲဒါဏ်၊ ငှက်ဖျားဒါဏ်တွေခံစား ရတာကြောင့် တချို့လဲပြည်တော်ပြန်ကြပြီ၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီး UNHCR မှာဒုက္ခသယ် အဖြစ် ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေးဆက်လုပ်ကြတယ်။ ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့သူငယ်ချင်းတွေနဲ ထွက်သွားတာလိုက်တာ လိုက်ရှာရင်း ညီမလေးကို ဘန်ကောက်မြို့ Victory monument အနီး စနမ်းပေါဝ်ရပ်ကွက် ဆွိုင်ရ် လူးခြား မှာရှိတဲ့  JRS Jesuit Refugee Service  မှာပြန်တွေ့ခဲ့ရပါတယ်။  Jesuitဆိုတာ ကောင်းကျိုးအတွက်ဆို လိမ်ညာသင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့ ခရစ်ယန်ဘုန်းတော်ကြီးအုပ်စုဖြစ်ပြ်ီး ဒီအယူအဆနဲ့ဘဲ ဒုက္ခသယ်တော်တော် များများကို အကာအကွယ်ပေးနှိုင်ခဲ့ပါတယ်။
 JRS ကဘန်ကောက်ရောက် မြန်မာကျောင်းသားလေးတွေအချို့ကိုကာကွယ်စောင့်ရှောက်ထားပြီ အဲဒိကျောင်းသားလေးတွေကလဲ အချင်းချင်းပြန်လည်အကူအညီပေးဖို BSCSA Burmese Student Committee for Social Affairs ဆိုတဲ့အဖွဲ့လေးဖွဲ့ထားကြပါတယ်။ ၁၉၉၀လောက်က ကျနော် သူတို့လေးတွေကိုသဘောကျပြီး ၀င်ရောက်ကူညီခဲ့ပါတယ်။ နောက်တော့ ကျနော့် အတွက် JRS ကအလုပ်အကိုင်အသစ်ကလေးဖန်တီးပေးပြီး Burmese Border Liaison Person အဖြစ်နဲ့တာဝန်ယူရပါတယ်။ ကျနော်အလုပ်က အချုပ်ခန်းတွေနဲ့၊ အကျဉ်းထောင်တွေဆီက အမောင်တွေကို လိုက်တွေ့ပြီ အကူအညီပေးရ တယ်၊ ပြင်ပမှာရှိနေ တဲ့ရဲဘော်တွေနဲ့အဆက် အသွယ်လုပ်ပေးရတယ်။ ၂ပါတ်တကြိမ်လောက် နယ်စပ်ဆင်းပြီး Camp တွေကိုဆန် နဲ့ဆေးဝါး ဝေပေးတဲ့အလုပ်နဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ သတင်းတွေစုစည်းပေးရပါတယ်။ 
အဲဒီအချိန်က IDC မှာ ဘဂုံးကုလားတွေကို တော်တော်အောက်ကျခံပြီး ပေါင်းခဲ့ရတယ်။ ဘဂုံးကုလားတွေ ဟာကျောင်းသားတွေထက် ဆယ်စုနှစ်တခုလောက် စောပြီး တောင်ကျော်လာခဲ့ကြတာဖြစ်တယ်။ သူတို့အလုပ်က ထိုင်းပုလိပ် ကိုဆရာမွေးပြီး တွန်းလှည်းနဲ့ပလာတာ လိုက်ရောင်း တယ်၊ ပြီးရင် ကျောင်းသားတွေ ဘယ်မှာနေတယ်ဆိုတာ သတင်းပေးတယ်။ အခန့်မသင့်လို့အဖမ်းခံ ရရင်လဲ ထိုင်းပုလိတ် က ဘဂုံးကလားကို တန်းစီးပြန်ခန့်ပြီး ဆက်ကြေးတောင်းခိုင်းတယ်။ IDC (Immigration detention Centre) ဆိုတာနိုင်ငံတကာက အချုပ်သားတွေထားတဲ့နေရာမှို့ အမောင်တွေဟာ တတ်နိုင်သမျှစုစည်းပြီးနေတာတောင် အခြားလူမျိုးတွေကရန်စတာခံရတယ်၊ ထိုင်းပုလိတ် ရဲ့ရိုက်နှက်ချင်းကိုခံရတယ်။ ရဲနည်လေးဆိုရင် နှခေါင်းရိုး နဲ့နံကြားတွေ မှာ တော်တော် ထိခံထားရတယ်။ သြဇီက၀င်းအောင်တို့၊ နော်ဝေကအရှည်ကြီးအောင်ထွန်း၊ နယ်သာလန်ကရန်နိုင်၊ ကိုဘီစီ၊ ကနေဒါကကိုဝင်းသိန်း၊ မင်းသူရ၀င်းတို့ဆိုအသိဆုံးဘဲနေမှာပါ။ JRS မှာကျောင်း သားလေး၂ယောက်နဲ့ ဆုံခဲ့ဘူးပါတယ်၊ တယောက်က English major ကလို့မိတ်ဆက်ပြီး၊ တယောက်ကတော့ ဘန်ကောက် ရောက်မလာခင် ရနောင်းမြို့မှာ သူဘယ်လို ကြက်ခြင်းတွေထမ်းပြီး ရပ်တည်ခဲ့ရတယ်ဆိုတာ သနားစဖွယ် ပြောပြရှာတယ်၊ နာမည်ကတော့ ကြည်ဇော်မိုး တဲ့။  ဒီတုံးကတော့ သိပ်သနားစရာကောင်းတဲ့ ကျောင်းသားလေးတယောက်ပါဘဲ၊ နောက်တော့လဲ အုတ် ခဲကြိုးလောက်အောင် ခေါင်း မာ တဲ့ ရွံစရာ သတ္တ၀ါတကောင် ဖြစ်သွားတယ်။ သူ့ရဲ့ပထမဦးဆုံး စရွှေ့လိုက်တဲ့ အကွက်ကဘယ်သူမှမသိလိုက်ပါဘူး။ ဘာလဲဆိုတော့သူနဲ့တွဲနေတဲ့ သူငယ်ချင်းကို သံရုံးကနေတဆင့် မြန်မာပြည်ပြန်ဖို့လှော်ပေးလိုက်တာပါ။ အဖမ်းအဆီးအရမ်းများလို့ စိတ်ဓါတ်အရမ်း ကျနေတဲ့အချိန် ပြည်တွင်းထဲကနေလဲပြည်ပနဲ့ဆက်သွယ်ပြီ လုပ်လို့ရတယ်ဆိုပြီး လိုင်းချပေးလိုက်တယ်။ ဒါနဲ့ဘဲ English major က သူ့ရဲ့ဘော်ဒါ (နာမည်အတိုကောက်က YL)နဲ့ တခြားတယောက်(KM) တို့သံရုံးကနေတဆင့်မြန်မာပြည်ပြန်ကြတယ်၊ သူ့အတွက်ကတော ပြည်တွင်းမှာ အချိန်ကျရင် သုံးဖို့ဒေါက်တိုင် တချောင်း ထောင်ထားနိုင်ခဲ့တယ်။
ABSDF ဟာလက်နက်ကိုင်တော်လှန်ရေးစဉ်နွှဲနေသလို။ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကိုစွန့်ခဲ့တဲ့ကျောင်းသားတွေဟာ (Overseas National Students’ Organization of Burma) ဆိုပြီးဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြတယ်။ ONSOB ဟာ (Ramkamhaeng) ရမ်ကမ်ဟဲင် တက္ကသိုလ်ကျောင်းသားအဖွဲ့အစည်းနဲ့ ပေါင်းပြီမြန်မာသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အကြိမ်ကြိမ်ဆန္ဒပြနိုင်ခဲ့သလို၊ ထိုင်းအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလဲ ခေါင်းငုံ့မခံဘဲ အပြည်ပြည်ဆိုင်ရာကသိအောင် မီးမောင်းထိုးပြနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကောင်းတခုရှိခဲ့တယ်။ 
ဘန်ကောက်မြို့ပေါ်ရောက်ကျောင်းသားတွေရဲ့ဘ၀ကလဲ သက်တောင့်သက်သာတော့မဟုတ်ပါဘူ။ ၁၉၉၁ လောက်မှာအဖမ်းအဆီးအရမ်းကြမ်းပါတယ်။ ရွှေတွေလဲ ရှမ်းယောင်ဆောင်ပြီး နေကြတာပါဘဲ။ ဒါပေမဲ့လဲ ရိုးရာမပျက်၊ ဆေးပေါ့လိပ်သောက်တာ၊ မန္တလေးဖိနပ်စီးတာ၊ ဆံပင်မညှပ်တာ၊ သုံးယောက်လောက်စုမိရင် ဂီတာတီးတာတွေကြောင့်လဲဖမ်းခံရတယ်။ အဖမ်းခံရလို့ လွှတ်ရင် နယ်စပ်ပြန်ပို့ပါတယ်၊ မြန်မာဘက်ခြမ်းအနီးမှာ လူတွေကိုအမှိုက်လို သွားသွန်တာပါ။ လူကို သွန်လို့ရတယ်ဆိုတာ အဲဒိတော့မှသိရတယ်။ မြန်မာဘက်ခြမ်းရောက်သွားလို့ ကံဆိုးပြီးကျောင်းသား မှန်းသိသွားရင် အန္ဒရာယ်အရမ်းကြီးသလို၊ ဘန်ကောက်ပြန်တက်ဖို့ကလဲ စရိတ်စကကြီးပါတယ်။ တချို့ကျောင်းသားတွေဆိုအိမ်မှာ ညမအိပ်ရဲဘဲ ညလုံးပေါက်ပြေးတဲ့ ဘစ်ကားတွေပေါ်မှာဂိတ်စ ဂိတ်ဆုံးစီးပြီး အိပ်ခဲ့ကြရပါတယ်။ ထိုင်းပုလိပ်ရဲ့ Walki-Talki ကရှဲရှဲမြည်သံကြားရင်နေမထိ ထိုင်မသာဖြစ်ရပါတယ်။
ဒီလိုနဲ့တနေ့ ညနေပိုင်း JRS ဧည့်ခန်းထဲမှာ ကျောင်းသားတော်တော်များများရောက်နေကြတယ်။ သူတို့ရဲ့မျက်နှာတွေဟာသာမန်နေ့တွေနဲ့မတူဘဲ ခက်ထန်နေတယ်၊ သူတို့ဟာအရေးကြီး တဲ့ဆုံးဖြတ်ချက်တခုကိုအများသဘောတူဆုံးဖြတ်ကြဖို့ ပြင်ဆင်နေကြတယ်။ မှတ်မှတ် ရရ မြန်မာသံရုံးကို ၀င်ဆီး၊ န၀တ အလံကိုဖြုတ်ချပြီး ခွတ်ဒေါင်းအလံကို တင်ခဲ့တဲ့ ဂျော်နီလဲပါဝင်ခဲ့ပါတယ်။ အဲဒိအချိန်မှာ ကြောက်စိတ်တွေကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီ တုန်တုန်ရီရီနဲ့ ( ဟေး ပျော်တယ်ဟေ့ ငါတို့တော့ မနက်ဖန်သွား အဖမ်ခံတော့မယ်)ဆိုပြီး အကြောက်ပြေ လာပြောတာကတော့ ကြက်ခြင်းထမ်းခဲ့တဲ့ အကြံသမားကျောင်းသားငယ်လေးဖြစ်ပါတယ်။
သူတို့ဟာ UNHCR ကအသိအမှတ်ပြုခံထားရတဲ့ဒုက္ခသယ်တွေဖြစ်ပေမဲ့ ထိုင်းအစိုးရကဖမ်းဆီးပြီးပြန်ပို့နေတာတွေကို အပြည်ပြည်ဆိုင်ရာက အလေးထားလာဖို့အတွက် မနက်ဖန်မှာ သတင်းဌာနတွေကိုအသိပေးပြီ လ၀က ရှေ့မှာဆန္ဒပြကြမှာဖြစ်ပါတယ်။ သတင်းတွေ ထုတ်ပြန်ဖို့က BSCSA ရဲ့ Information group ကနေတာဝန်ယူရမှာပါ။ တာဝန်ပေးခံရ တာတော့ ဇော်ဇော်ပါ။ ဒါပေမဲ့တာဝန်တွေအားလုံးခွဲဝေပြီးတဲ့အခါမှာတော့ အကြံသမားကျောင်းသား ငယ်လေး ဟာ ဇော်ဇော်တယောက်ထဲတာဝန်တွေကို မနိုင်မှာအကြောင်းပြပြီး နောက်ချန်နေခဲ့လိုက်တယ်။ အကြောင်းပြချက်ကလဲ ကောင်းပါတယ် ဇော်ဇော်ဟာ အမေရိကားကို scholar နဲ့သွားဖို့အတွက် visa ရပြီဖြစ်နေလို့ပါဘဲ။
နောက်တနေ့မှာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းဘဲ ဘန်ကောက် လ၀က ရုံးရှေ့မှာ အင်္ကျီအဖြူရောင်လက်ရှည်၊ ဘောင်းဘီအနက်ရောင်ဝတ်ပြ်ီး ဆန္ဒပြအဖမ်းခံကြပါတယ်။ သူတို့ဟာစနစ် တကျ တန်းစီထိုင်ပြီး ကျောင်းသားတွေကိုဖမ်းတာမရပ်ရင် ငါတို့ကိုဖမ်းပါဆိုပြီး ဆန္ဒပြကြတော့ နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဒီအတွေ့အကြုံမျိုးမရှိခဲ့တဲ့ ထိုင်းအာဏာပိုင်တွေ အခက်တွေ့ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တွေက နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဖမ်းဆီးဖို ခက်နေတဲ့ အတွက် ကျောင်းသားတွေ ကိုမဖမ်းဘဲပြန်လွှတ်ပါတယ်၊ ဒါပေမဲ့ ဘာဂတိစကားမှမရတဲ့ အတွက် ကျောင်းသားတွေကလဲ ဆက်လက်ဆန္ဒပြကြတယ်။ နောက်ဆုံးမှာတော့ ကျောင်းသား အား လုံး ယောင်္ကျားလေး ၃၅ယောက်၊ စိုးလွင်၊ ညီညီ၊ နီထွန်း၊ စိုးစိုး၊ ပြည်ကြီး၊ကျော်နီ၊ငွေစိုး စသည်တို့ပါပြီ၊ မိန်းခလေး ၃ ယောက်ကတော့ ညီမငယ် မြင့်မြင့်စန်း၊ ဖိုးသက်နဲ့ ဖွားဖွားတို့ အဖမ်းခံခဲ့ကြတယ်။ သူ့ကောင်မလေး ပါသွားလို့ရင်ကွဲနာကျပြီးကျန်ခဲ့ရတာကတော့ ကိုယဉ်ထွေးပါဘဲ။ သူ့ခမျာတော်တော်ခံစားလိုက်ရပါတယ်။
ကျောင်းသားတွေကိုထိမ်းသိမ်လိုက်ပြီးတဲ့နောက် ဘာသတင်းမှမရတော့ပါဘူး၊ ဘယ်နေရာ မှာထားတယ်ဆိုတာတောင်မသိရတော့ပါဘူး။ တော်တော်စိတ်ပူစရာကောင်းတဲ့ အခြေအနေပါဘဲ။ JRS မှာလဲတော်တော်အပြောင်းအလဲတွေဖြစ်သွားတယ်။ ဇော်ဇော်က အမေရိကားထွက်သွားပြီး၊ အုပ်ချုပ်ရေးပိုင်းကFather Tom က အမေရိကား ပြန်သွားတယ်။ သူနေရာမှာ Alan နဲ့ Dennis ဆိုတဲ့ (Aussie)မိသားစု ရောက်လာကြတယ်။ Alan က Baptist တရားဟောဆရာပါ။ သူကစာရေးတာဝါသနာပါပြီး ရောက်ရောက်ခြင်းဘဲ news journal လေးထုတ်ဖြစ်အောင်ကြိုးစားခဲ့တယ်။ အင်္ဂလိပ်စာအရေးအသားအတွက်လဲ အကူအညီပေးခဲ့တယ်။ JRS ခြံဝင်းထဲ ရုံးခန်းရဲ့ မျက်စောင်းထိုးမှာ Bertil Lintner က အိမ်ခန်းလေးတခန်းငှားနေပါတယ်၊ ၀င်ဝင်ခြင်းဘယ်ဖက်မှာပါ။ သူ့ကို အကူအညီပေးနေတဲ့ အေးချမ်းနိုင်တို့၊ မသီတာတို့ကလဲ DVB မှာတာဝန်ထမ်းဆောင် ဖို့နော်ဝေးကို သွားကြပြီ။ ကြက်ခြင်းထမ်းခဲ့တဲ့လူငယ်လေးကတော့ တပည့်လိုနေတဲ့ Bertil Lintner နဲ့ စာသင်ပေးလိုတဲ့ Alan အကူအညီနဲ့ journalist ပညာသင်ဖို့အခွင့်သာသွားတယ်။ (ဒါကတော့ လူငယ်တိုင်းကြိုးစားရမဲ့ တာဝန်မှို့ ကောင်းတဲ့အလုပ်လို့ဘဲမြင်ပါတယ်)သူက ညနေစောင်း ရင် မြန်မာလွယ်အိတ် ကလေး လွယ်ပြီး Foreign correspondent club ကိုသွားတတ်နေပြီ၊ ဘန်ကောက်ကျောင်းသားတွေ ထဲမှာလုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေတော်တော်များများကလဲ ထောင်ထဲရောက် နေကြတာ မှို့ ကျောင်းသားတွေ ရဲ့ သတင်း တွေအတွက် သူဟာအရေးပါတဲ့နေရာကိုရောက်သွားတယ်။ ဒါပေမဲ့ဘယ်တုံးကမှ JRS အပြင် ထွက်ပြီးကျောင်းသားထုရဲ့အသံကို နားမထောင်ခဲ့ဘဲ လုံခြုံတဲ့နေရာမှာနေထိုင်ပြီး ကိုယ့်စိတ်ကြိုက် အာဘော်တွေကိုသွားဖလှယ်နေတာသာဖြစ်တယ်။ သူတယောက်ထဲ မျက်နှာရနေတဲ့အပေါ်မှာလဲ တော်တော်ကျေနပ်နေပုံရပါတယ်။ သတ္တ၀ါတကောင် အဖြစ်ကိုပြောင်းသွားတဲ့လုပ်ရပ်ကတော့ BSCSA ရဲ့သတင်းဌာနကို သူ့ရဲ့သတင်းဌာနအမည်ပြောင်းခဲ့ တာပါဘဲ။ ပြောင်းလိုက်တဲ့သတင်းဌာနအမည်ကတော့ BIG (Burma Information Group) ပေါ့။ နာမည်ကိုကြည့်ရင် သူ့ရဲ့ပင်ကိုယ်စိတ်ထား ကြီးကျယ်တာကိုတွေ့ရမှာပါ။ နေ၀င်းလိုကောင်မျိုးကို အာဏာအပ်မိသွားပြီ။
တကြိမ်မှာဆို တော်တော်လေး စိတ်အနှောက်အယှက်လဲဖြစ် ဒေါသလဲဖြစ်ခဲ့ရတယ်။ ONSOB ဥက္ကဌ ကိုသီဟရဲ့ သတင်းပါဘဲ။ ကျနော်က IDC သွားနေတော့ ဘယ်သူတွေဘယ်နေ့လွတ်မယ်၊ ဘယ်သူတွေဆီက လွတ်လာတဲ့သူအတွက် ဘယ်လိုအကူအညီပေးရမယ်ဆိုပြီ အသိပေးပါတယ်။ IDC ကလွတ်တဲ့နေ့မှာ ရနောင်းကိုပို့ရင်ပြန်တက်လာရတာခက်တယ်။ ရနောင်း ကနေ ကော့သောင် ဖက်ကမ်းကိုလှေနဲ့ပို့ရင်လဲ ထောက်လှမ်းရေးနဲ့တိုးမှာမှို့ထိုင်းပုလိပ်နဲ့ငွေပေးပြီး စံခလဘူလီ ဘက်ကိုထွက်ကြ တယ်။ စံခလဘူလီ ဘက်ကတော့ နေ့ခြင်းပြန်တက်လာလို့ရတယ်။ ကျနော် ကိုသီဟနဲ့မတွေ့ခဲ့ ရဘူး၊ ဒါပေမဲ့သူထွက်မှာကတော့သေခြာနေပြီ၊ မတော်တဆ သူကိုထောက် လှမ်ရေးကနေ ဖမ်းသွားခဲ့ရင် မီဒီယာကနေအော်ပေးဖို့နဲ့ သူစိတ်ချရတဲ့နေုရာရောက်မှ ဒီသတင်းကိုထုတ်ဖို့ပါဘဲ။ ကျနော်ဒီသတင်းကိုယူလာပြီ JRS မှာပေးပါတယ်။ သေသေခြာခြာ လဲမှာခဲ့ပါတယ် ကိုသီဟ လုံခြုံတဲ့နေရာရောက်မှ ဒီသတင်းကိုထုတ်ပါလို့။ နောက်နေ့ ကျနော်လဲ JRS ရောက်ရော သတင်းစာကိုင်ပြီး သူပို့လိုက်တဲ့သတင်းပါလာတယ် ဆိုပြီးရှောက်ကြွားနေတဲ့ သတ္တ၀ါကိုတွေ့လိုက်ရတယ်။ အေးဗျာ ကိုယဉ်ထွေးတို့ချက်ချင်းစုံစမ်းပေးမှ ကိုသီဟပြန်ရောက်နေတာ သိရပြီးစိတ်အေးရတော့တယ်။ အပေါ်ယံရှပ်ကြည့်ရင်တော့ သတင်းဦးလေးပို့ယုံဘဲထင်ရတာ တကယ်တော့သူ့နေရာမှာ တခြားသူတွေမရှိရအောင်ရှင်းလိုက်တာပါ။ ကျနော်ကိုသီဟကို ဒီနေ့ထိ မတောင်းပန်ရသေးဘူး၊ လိုင်းပေါ်ကနေ ဒီစာနဲ့ဘဲ တောင်းပန်လိုက်ပါတယ်။ 
JRS ခြံဝင်းရဲ့ ၀င်ဝင်ခြင်းညာဖက်အဆောက်အဦးဟာ ဧည့်ခန်းဖြစ်ပြီး၊ ရုံးဝန်ထမ်းတွေ ထမင် စား ကော်ဖီသောက်ကြပါတယ်။ အပေါ်ထပ်ကိုတော့ မြန်မာကျောင်းသားတွေ ရုံးခန်းလုပ်ထားပါ တယ်။ ပြင်ပကဧည့်သယ်တွေလာရင်အောက်ထပ်နေရာလေးမှာဘဲဧည့်ခံကြပါတယ်။ ABSDF ကကျောင်း သူ မရီရီထွန်း ငှက်ဖျားပိုး ဦဏှောက်ထဲဝင်ပြီး ဆေးရုံမှာမဆုံးမီအထိ အပေါ်ထပ်အခန်းလေးထဲမှာနေသွားပါတယ်။ 
ကျနော်မှာဦးဝင်းတင်ဆိုတဲ့ မိတ်ဆွေ တဦးရှိပါတယ်။ ဦးဝင်းတင်က ရနောင်းက မြန်မာတွေကို အရမ်းအကူအညီပေးတဲ သူဌေးချိုချိုင်းရဲ့လူယုံဖြစ်ပါတယ်။ IDC ကနေလွှတ်လိုက်တဲ့ ကျောင်းသားတချို့ ဦးဝင်းတင် အကူအညီနဲ့ သူဌေးချိုချိုင်းရဲ့ ငါးခြောက်ဂိုဒေါင်မှာ ခိုလှုံခဲ့ရဘူးပါတယ်။ တနေ့ မိတ်ဆွေကြီးဦးဝင်းတင်က ပြောလာတယ်၊ သူစိတ်တိုနေပုံလဲရပါတယ်။ ( ကျနော် ဒီကောင်ကို ရိုက်မိတော့မယ်တဲ့) ဒါနဲ့အကြိုးအကြောင်းမေးကြည့်တော့၊ နယ်စပ်ကတက် လာတဲ့ ကျောင်းသားလေး တယောက် ရေတောင်းသောက်တယ်တဲ့ ရေသောက်ပြီးတော့ ခလေးကခွက်ကိုမဆေးဘဲချထားလိုက် အဲဒါကိုခွက်ကိုယူပြီးအဲဒီ ကျောင်းသားလေး  ရှေ့မှာ ရေဆေးပြနေ တာမပြီးတော့ဘူးဗျာတဲ့၊ ကြေကြေ ကွဲကွဲပြေရှာတယ်။ တကယ်တော့ နယ်စပ်ကတက် လာတဲ့ ခလေးတွေကတော်တော်သနား စရာကောင်းပါတယ်။ အဟာရကလဲချို့တဲ့၊ ငှက်ဖျားကလဲပါလာ၊ အ၀တ်အစားကလဲမတော်တရော်၊ တချို့က တောလမ်းက အသက်စွန့်ပြီးတက်လာ၊ အသားအရေကလဲညစ်ပေပေ နဲ့ဆိုတော့၊ တော်တော်လေး နှိမ့်ချခံကြရတယ်။ မတူမတန်သလိုအမူအရာလုပ်ပြတာ၊ ဖိုင်တွဲကြီးပိုက်ပြီး အလုပ်များနေတဲ့ပုံစံနဲ့ရုံးခန်းတွေကူးချည်သန်းချည်လုပ်ပြတာလဲခံကြရတယ်။
ကျနော်ကတော့ပုံမှန်ပါဘဲ။ နယ်စပ်သွားတယ်၊ အချုပ်ခန်းတွေလဲပုံမှန်သွားကြည့်ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာစိတ်အနှောက်အယှက်နဲ့ကြုံလာရပြန်တယ်။ IDC ကပြန်ရောက်ရင် IDC ထဲကနေ UNHCR ရုံးလေးမှာရှိတဲ့သူငယ်ချင်းတွေဆီပေးလိုက်တဲ့စာတွေ နဲ့IDC ထဲကထူးတဲ့သတင်းတွေJRS မှာဝင်ပေးပါတယ်၊အဲဒိစာတွေကို ကိုယဉ်ထွေးက ရုံးလေးပို့ပေးပါတယ်၊ ပြီးတော့ သူပြန်ပေးတဲ့ ရဲဖမ်းခံထားခံရတဲ့သူတွေရဲ့နာမည်စာရင်းနဲ IDCထဲမှာ လိုက်ရှာပေးရတယ်။  ဒါပေမဲ့ ၂ရက် ၃ရက်လောက်ရှိနေပြီ JRS ရုံးခန်းတခါးပိတ်ပိတ်ထားတော့ အမောဆို့ဆို့သွားတယ်။ ရုံးခန်းထဲမှာ လူရှိနေတာ ကျနော်သိနေတယ်။ ကိုယဉ်ထွေးကိုတော့ မှာခဲ့ပါ တယ် နေ့ခင်းရုံးခန်းပိတ်မထားဖို့၊ ဒါပေမဲ့လဲမထူးပါဘူး။ ဘာဖြစ်လို့ပိတ်ထားတာလဲပြောရရင်တော့။ JRS ကိုဝင်ထွက်နေတဲ့ Canadian မတယောက်ရှိတယ်၊ သူ့နာမည်က Monique ပါ။ သူက အမောင်တွေကို လာပြီး အီစီကလီ လုပ်နေတာ။ JRS မှာရွေးစရာတွေကများနေတော့ သူလဲ အိုက်စကလင် လုပ်နေရတာပေါ့။ ဒါပေမဲ့ သူ့ကိုသတ်သတ်မှတ်မှတ်ထားပြီ အသိအမှတ်ပြုပေးထားခံရတဲ့ သူတယောက်လဲရှိတယ်။ အဲဒိကျောင်းသားလေးကတော့ IDC မှာသွားအဖမ်းခံတဲ့အထဲပါသွားပြီး ဘယ်ရောက်နေမှန်း မသိရသေးဘူး။ ခုတော Canadian မလဲ ရွေးစရာလူမရှိတော့ဘဲ ရုံးခန်းတံခါးပိတ်ပြီး စာသင်တဲ့အဆင့်ရောက်သွားတော့တာပါဘဲ။ SDC ထဲ ကကိုယ့်ရဲဘော်တယောက်ဘယ်လို ခံစားရမလဲ။
ဒီလိုနေရင်းနဲ့ဘဲ ကျောင်းသားတွေကို SDC (Special Detention Centre) ပို့လိုက်တယ်လို့ကြားရပါတယ်။ IDC ထဲကကျောင်းသားအချို့ ကိုလဲ SDC ပို့လိုက်လို့  SDC ထဲမှာကျောင်းသား၅၀လောက်ဖြစ်သွားတယ်။ သူတို့ထက်အရင် လေယာဉ်ပြန်ပေးဆွဲမှု့နဲ့ နှစ်ရှည်ထောင်ချ ခံထားရတဲ့ ရဲရင့်နဲ့ရဲသီဟဆိုတဲ့ ကျောင်းသား၂ယောက်လဲရှိသေးတယ်။ သတင်းတွေ ကတော့ မြန်မာပြည်ပြန်ပို့မယ်၊ ကျောင်းသား camp အသစ်ဖွင့်ပြီးအရင်ဆုံး အသုတ်အနေနဲ့ထည့် မယ်၊ တွေ့ခွင့်ပေးမယ်၊ စသည်ဖြင့်ပေါ့။ နောက်တော့တွေ့ခွင့်ရပြီဆိုတဲ့ သတင်းကြားရလို့အရမ်းဝမ်းသာ တယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ စိုးရိမ်ကြောက်လန့်နေတာကတော့ ဟိုသတ္တ၀ါလေးဘဲ၊ အခွင့်ကောင်းကိုအမိအရဖမ်းပြီး တကိုယ်ရည် journalist တယောက်ဖြစ်ဖို့ကြိုးစားနေတာ ကလွဲလို့ ဘာမှမယ်မယ်ရရ မလုပ်ထား ခဲ့တော့ SDC ကိုထောင်ဝင်စာတွေ့လို့ရတဲ့ အချိန် ဘာသတင်း စကားမှမပါးနှိုင်ခဲ့ဘူး။ အထဲက သူတွေ စိတ်ဓါတ်မကျအောင် အပြင်မှာလဲ အရမ်းကြိုးစားနေပါတယ်ကွာ ဆိုပြီး ချွေးသိပ်ခဲ့ ရတယ်။ တကယ်ပါလုပ်ရည်ကိုင်ရည် ရှိပြီးအပြင်မှာ ကျန်နေတဲ့ ဘယ်ကျောင်းသားမှ JRS မှာလာပြီးဆွေးနွေးတာလဲမတွေ့ရသလို ကိုယ်တိုင်လဲသွားပြီးဆွေးနွေးတိုင်ပင်လာတာမကြားမိဘူး။ SDC အထဲမှာလဲရက်တွေကြာလာတော ဦးဆောင်ခဲ့သူတွေလဲ အကွိုင်ခံနေရပြီ။ သတ္တ၀ါလေးကြည့်ရတာ ရဲဘော်ရဲဘက်တွေ လွတ်လာမှာ အရမ်းစိုးရိမ်နေပုံရတယ်။ သူဟာအခုရနေတဲ့အခင်းအကျဉ်းမျိုးမှာ သာယာနေပြီး ထိမ်းသိမ်းခံထားရသူတွေ လွတ်လာရင် သူ့ကိုလွှဲခဲ့တဲ့ လုပ်ပိုင်ခွင့်တွေ ကို ပြန်မအပ်နိုင်တော့ဘူး (အာဏာရူးဖြစ်သွားတာပေါ့)။  SDC ကကျောင်း သားတွေလွတ် လာတော့မယ်ကြားရလို့ ကျနော်တို့တတွေအားလုံး ၀မ်းသာနေတဲ့အချိန် သူတော်တော်ခြောက်ခြားနေပြီဖြစ် တယ်။
 ဒါ နဲ့ ဘဲ ၉လနီးပါးမှာ SDC ကကျောင်းသားတွေလွတ်လာတယ်၊ ကျနော်အမှန် အတိုင်းဘဲရှင်းပြလိုက်တယ်။ သူတို့လဲတော်တော်ကြေကွဲနေပုံရပါတယ်။ အရာရာ ဟာ ပြောင်း လဲနေပြီး နွေးထွေးစွာကြိုဆိုမှုကို မရတဲ့အပြင်၊ လက်တွဲခေါ်ယူ ဖို့ကိုကန့်ထား သလိုဖြစ်နေတယ်၊ ရဲဘော်ရဲဘက်တွေဟာ သူနဲ့တစိမ်းတွေလိုရှိန်နေကြတယ်။ တနေ့မှာတော့ သူတို့အစည်းအဝေး တရပ်ခေါ်ပြီး ခေါင်းဆောင်လုပ်မဲ့သူအသစ်ပြန်ရွေးတဲအခါ၊ အဲဒိသတ္တ၀ါရှုံးသွားပါတယ်၊ ဒါပေမဲ့နေရာ ဖယ်ပေး ဖို့ဝေ့လည်ကြောင်ပတ်လုပ်နေပါတော့တယ်။ ထိုင်းအာဏာပိုင်တွေကို သတ္တိပြခဲ့တဲ့သူတွေ ဟာ လေးစား အသိအမှတ်ပြုခြင်း မခံရဘဲ လူသစ်ကလေးတွေလိုပြန်ဖြစ်နေတော့ မကျေနပ်မှု့တွေဟာ ထိမ်းချုပ်မရဘဲ သူတို့ထဲက စကားနဲပြီး အအေးဆုံးကျောင်းသားလေးတယောက်က အုတ်ခဲနဲ့သတ္တ၀ါကို ထုလိုက်ပါတော့တယ်။ အုတ်ခဲလဲကျိုး သတ္တ၀ါလဲဆေးရုံပို့လိုက်ရတယ်။ 
ဆေးရုံကတော့ ဘန်ကောက်မြို့၊ ဗဟိုယိုထင် လမ်းမကြီးပေါ်မှာရှိတဲ့ ဖရထိုင်း ၂ ဆေးရုံပါ။ ခေါင်းမှာလေးငါးချက်လောက်ချုပ်လိုက်ရပြီး၊ နှစ်ညလောက် ဆေးရုံတက်လိုက်ရပါတယ်။ အကြမ်းဖက်ခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်ဆိုတာ နားလည်ပါတယ်၊ အဲဒိကျောင်းသားငယ်မှားသွားတယ်၊ ဒါပေမဲ့ အပြစ်ရှိပြီး တာဝန်ရှိတာ ကျနော်ဖြစ်ပါတယ်။ ကျနော်ရဲ့ခံစားချက်ကိုဦးစားပေးတဲ့ စကားတွေကြောင့် ဒေါသပေါက်ကွဲရတာသာဖြစ်တယ်။ ကျနော်ဆေးရုံကိုမသွားခဲ့ဘူး၊ ဆေးရုံ သွားကြည့်တဲ့သူတွေကတော ပြောပြ တယ်၊ အဖြူတွေရှေ့မှာ ပဲတွေအရမ်းများပြတယ်တဲ့။ ဆေးရုံ ကုတင်ပေါ် မှာတောင် သနား သွားအောင် lobby လုပ်လိုက်သေးတယ်။ Alan ရဲ့ ဇနီး Dennies ကတော အရမ်းဝမ်းနည်းပြီး စိတ်မကောင်းတော်တော်ဖြစ်ရှာတယ်၊ Dennies ကစိတ်ထားသိပ်ပြီးနူးညံ့တယ်၊ ဘာအကူအညီသွားတောင်းတောင်း မရရအောင်ကြိုးစားပြီးချက်ချင်းတုံ့ပြန်တယ်၊ သူ့ကို စိတ်မကောင်း စရာသတင်းသွားပြောမိရင် သူကပိုပြီးထိခိုက်လွယ်တယ်။ Dennies မသိလိုက်တာကတော သူ့နောက်ကွယ်မှာ သတ္တ၀ါက ( ဒီကောင်မလေး အရမ်းကို နန့်တယ်) လို့ပြောခဲ့တာပါဘဲ။ Dennies က သူ့အမေအရွယ်လောက်ရှိပါတယ်။ ဒါနဲ့ ကျနော်လဲမှာမပျော်တော့တာနဲ့ JRSက အလုပ်ထွက်လိုက်ပါတယ်။
နောက်တော့ BIG ကနေ ဧရာဝတီသတင်းဌာန ဆိုပြီး ပြောင်းသွားတယ် ကြားတယ်၊ ကျနော် ဧရာဝတီသတင်းကိုမဖတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ရွံလွန်းလို့ပါ၊ ဒါပေမဲ့ links တွေ ကနေ ရောက်သွားတော့လည်း ကျနော့်ညီငယ်လေးတွေ(ရဲနည်၊ ကိုသက်) ဧရာဝတီမှာ လုပ်နေတာဘဲလေဆိုပြီးဖြေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆော်ကားပြီး အင်တာနက်ဟက်လုပ်ခံရတယ် ပြောတာလဲကြားပါတယ်။ ကိုကျော်သန်းတယောက် နပိုလီယံ ဆိုပြီးရေးလိုက်တာတွေ့တယ်။နပိုလီယံ နဲ့နှိုင်းရင်တော့ နောက်ကွယ်မှာဟားတိုက်တာခံရတာမြင်မိတယ်။ သူ့ဗီဇက သူဆွလိုက်လို့ သူများဒေါသထွက်သွားရင် ဟားတိုက်တတ်တဲ့ မညှိုးလုံးဗျ။
မန္တလေး မှာ ကိုထွန်းအောင်ကျော်ရဲ့ ညီမ မသင်းသင်းနဲ. မချောအိဖြူတို့ကို ချိုးလိုက်တဲ့ အချိုးမျိုးတွေ JRS မှာ နယ်စပ်ကလာတဲ့ကျောင်းသားတွေအပေါ်ဆက်ဆံခဲ့တာ ပြန်မြင်မိတယ်။ မြောက်ပိုင်းကိစ္စ သူကအစောဆုံး ၁၉၉၆ ကစခဲ့တာပါတဲ့၊ ဟုတ်ပါတယ်။ အဲဒိအချိန်က အတိုက်အခံတွေ ဘက်မှာဒီသတင်းကိုမပျံ့စေခြင်သေးဘူး၊ အတိုက်အခံ အင်အားရော့သွားမှာစိုးတယ်၊ တချို့လည်းမြောက်ပိုင်း မှာ တကယ် ဘဲ သူလျှိုဝင်ခဲ့တယ်ထင်ကြသလို၊ လွတ်မြောက်လာသူတွေ ကိုယ်တိုင်က သူတို့လေးစားဂုဏ်ယူခဲ့တဲ့ ABSDF ရဲ့ဂုဏ်သိက္ခာကိုငဲ့ညှာပြီး ခုလို ဖွင်ဟမပြောကြသေးဘဲ ကာလတခုကိုစောင့်ဆိုင်းနေတဲ့အချိန်မှာ သတင်းဦးအနေနဲ့သတင်းဌာန နာမည်ရဖို့အတွက် အတိုက်အခံ အချင်းချင်းနှိပ်ကွတ် လိုက်တာပါ။ မြောက်ပိုင်းကလွတ်မြောက်လာတဲ့ကျောင်သားတွေရဲ့ သဘော ထားကြီးမှုနဲ့ သီးခံ စိတ်ရှည်မှုကလဲအံသြစရာပါဘဲ။ နောက်တကြောင်းက NGO လောကထဲက Donor ငွေတွေရှယ်ပြီးယူနေ ရတဲ့သူတယောက်(ကိုနိုင်အောင်) ကိုရှင်းလိုက်ရင် သူ့ဆီငွေတွေ ပိုပြီးစီးဆင်းလာဖို့အတွက်ပါ။ မြောက်ပိုင်းကကျောင်သားတွေကို ဂရုဏာသက်လို့တော့ဖြစ်ဟန်မတူပါဘူး မရိုးနိုင်တဲ့ ဟင်္သာကိုးသောင်းဇတ် ခင်းလိုက်တာပါဘဲ။ လက်ရှိအချေအနေမှာတော့ တခြားသတင်းထောက်တွေလဲရေးနေကြတာမှို့သတင်းဦးမဟုတ်တော့တဲ့အတွက် မြောက်ပိုင်းကိစ္စကသေး
သေးလေးဖြစ်သွားတာပေါ့။
၈၈အရေးအခင်း ကထွက်လာခဲ့တဲ့ကျောင်းသားတွေဟာ အနာဂါတ်တွေ ပျောက် မှာစိုးရိမ်လို့တတိယ နိုင်ငံတွေထွက်ပြီး ပညာလဲသင် နိုင်ငံရေးလဲလုပ်ဖို့ကြိုးစားကြတယ်။ တကယ်တန်းမှာတော့ ကျောင်းသား အချို့လောက်သာအဆင့်မြင့်တက္ကသိုလ်တွေမှာ အစိုးရချေးငွေ နဲ့ပညာသင်ကြားနိုင်ခဲ့ကြ တယ်။ တော်တော် များများက လုပ်ငန်းခွင်ထဲ ၀င်၊ အိမ်ထောင်တွေကျဖြစ်ကုန်ပြီး၊ နေ့ကြီးရက်ကြီးတွေမှာ ဆန္ဒပြတာထက် သိပ်ပိုပြီးတိုးမပေါက်ခဲ့ပါဘူး။ ဘာသာစကားအခက်အခဲကလဲ အကြီးမားဆုံးပြဿနာ တရပ်ပါဘဲ။ လုပ်ငန်းခွင်ထဲမှာ စကားပြောသင်နေလို့ရတာမှမဟုတ်တာဘဲ၊ ကိုယ်အသိုင်း အ၀ိုင်းမှာကြတော့လဲ ဗမာလိုဘဲပြောကြဆိုကြနဲ့မှို့ အင်္ဂလိပ်စကားကို အလုပ်ဖြစ်လောက်အောင် ဘဲ ပြောတတ်ကြတယ်ဆိုတော့ မြန်မာ့အရေးလုပ်တော့မယ်ဆိုရင် နိုင်ငံခြားသားတွေဆီမှာ အကူ အညီသွားပြီးတောင်းကြရတယ်။ ချင်းမိုင် ဂွင်ကျတော့ ပြောင်းပြန်ပါ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ နိုင်ငံတကာက ကျောင်းသားတွေ ဟာ စာတမ်းပြုစုတာဘဲဖြစ်ဖြစ် သူတို့နိုင်ငံမှာပြန်တင်ပြဖို့ဘဲဖြစ်ဖြစ် မြန်မာတွေဆီမှာ သိချင်တာလေးတွေ လာမေးရ တယ်။ ကျောင်းဆင်းလေးတွေ၊ ဂျာနယ်လစ်အသစ်လေးတွေ၊ လူ့အခွင့်အရေးလှုပ်ရှား သူတွေဟာ၊ တလေးတစားနဲလာပြီး သူတိုသိချင်တာလေးတွေ မြန်မာတွေဆီ တလေးတစားလာ မေးရတဲ့အဆင့်ပါ။ စာအရေးအသားလက်သွေးပြီး ကူညီချင်သူတွေရှိသလို အင်္ဂလိပ်စကားပြောကြ တဲ့အကြောင်းအရာတွေ ကလဲ လူအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီအရေး နှဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှို့ စကားပြောရာမှာလဲတိုးတက်ပါတယ်။ Donor တွေဆီက project တင်လို့ ရထားတဲ့ငွေတွေ အသုံးပြုပေးဖို့လာတဲ့ NGO တွေက လုပ်ပေးကိုင်ပေးမဲ့သူ လာရှာရတာမှို့ ကိုယ်ကအလိုက်သင့်လေး ဆွဲစားယုံပါဘဲ။ NGO တွေဆီမှာ project တင်နည်းတောင် သင်တန်းပေးပါသေးတယ်။
မြန်မာပြည်သူပြည်သားတွေဟာ အမှန်တရားတွေကမ္ဘာက သိရှိဖို့အတွက်၊ အလုပ်အပြုတ်ခံ၊ နှစ်ရှည်ထောင်ကျခံပြီး သတင်းဌာနတွေဆီ သတင်းတွေပေးပို့ကြတယ်။ ပြည်ပက မီဒီယာသမားတွေကတော့ အဲဒီချွေး၊ သွေးတွေနဲ ပေးဆပ်ထားတဲ့ သတင်းတွေကို ရင်းပြီး နိုင်ငံတကာက အလှူရှင်တွေဆီက အလှူငွေတွေနဲ့ နှစ်၂၀လောက် လေအေးစက်ပါတဲ့ရုံးခန်း၊ ကိုယ်ပိုင်ကား၊ အသုံးအဆောင်အပြည့်နဲ့ အီစိမ့်နေအောင်နေခဲ့ကြတယ်။ မြန်မာပြည်ထဲမှာ မီဒီယာနဲ့ဆက်သွယ်လို့ အဖမ်းခံသွားရပြန်တော့ သူ့လူပါဆိုပြီး အလှူရှင်တွေဆီအသုံးစရိတ်ပြလို့ကောင်းသွားပြန်ရော။ ခုတော့ အလှူရှင်တွေက ပြည်ပမှာထက် ပြည်တွင်းကိုစိတ်ဝင်စားလာတယ်၊ သတင်းဌာနတွေထက် လူမှု့ရေး၊ ပညာရေးနဲ့၊ လူငယ်တွေပြုစုပျိုးထောင်ရေးတွေမှာ စိတ်ဝင်စားလာတော့၊ သတင်းဌာနတွေလဲ ၀မ်းရေးအတွက် သူများ ထက်ဦးအောင် မြန်မာပြည် ထဲပြေးဝင်ကြရတော့ တယ်။ မြန်မာပြည်ကိုချစ်လို့ပြန်လာတာမဟုတ်ပါဘူး ဂွင်ပျောက်ကုန်လို့ပါ။ ဒီသတ္တ၀ါတကောင်က အခု NLD လဲဝင်ထွက်နေတာမှို့ ကောက်ကျစ်တဲ ကောင်ကိုသတိထားဖို့ ဒီစာကိုရေးလိုက်တာပါ။ ဒီကောင့်မှာ သူ့သတင်းဦးဖို့ကလွဲရင် ဘာ stance မှမရှိပါဘူး။ ခြေလှမ်းတိုင်းဟာ အကွက်ချထားပြီး သူ့ရဲ့စားခွက်ကို လုမဲ့သူကိုအခွင့်သာရင် နှိပ်ကွတ်ဖို့ အမြဲတန်း အကောက်ကြံနေတတ်တယ်။ ဂျာနယ်လစ် အသစ်လေးတွေကိုလဲမှာပါရစေ၊ တန်ရာတန်ကြေးရမှအလုပ်လုပ်ပါ။ တန်ရာတန်ကြေးဆိုတာ ငွေကြေး ထက်၊ လေးစား၊ အသိအမှတ်ပြုခြင်းခံရမှုကိုဆိုလိုတာပါ၊Press conference တွေမှာ ထပ်တွေ့ရင်မေးကြည့် ပါ၊ ဘန်ကောက်က ကျောင်းသား ၃၈ယောက် အရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ၊ ဘယ်မျှလောက် တာဝန်ကျေခဲ့ပါသလဲ။ အဲဒိသတ္တ၀ါ မျက်နှာမှာ မရှိတဲ့သွေးတောင်ပြောက်သွားအုံးမယ်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုဖိုးထောင်

အင်းစိန်ထောင်တွင် နှစ်ရှည်ကျခံနေရသော AIDS ဝေဒနာသည်တစ်ဦး အသေခံ ဆန္ဒပြ။

အင်းစိန်ထောင်တွင် နှစ်ရှည်ကျခံနေရသော AIDS ဝေဒနာသည်တစ်ဦး အသေခံ ဆန္ဒပြ။
ရန်ကုန်၊ နိုဝင်ဘာ၊ ၃။

အင်းစိန်အကျဉ်းထောင်တွင် နှစ်တစ်ရာကျော် အပြစ်ဒါဏ်ကျခံနေရသော ခုခံအားကျဆင်းမှု ဝေဒနာသည်တစ်ဦးဖြစ်သည့် ဦးအုန်းသန်းမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုချက်ဖြင့် အင်စိန်ထောင်ဆေးရုံ အပေါ်ထပ်မှ ခုန်ချကာ အသေခံဆန္ဒပြမှုတစ်ရပ် အောက်တိုဘာ ၂၉ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးအုန်းသန်းမှာ အပက-၃ ပုဒ်မဖြစ်သည့် အစိုးရပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မများဖြင့် နှစ်၁၀၀ကျော် အပြစ်ဒါဏ်ကျခံနေရခြင်းဖြစ်ကာ ခုခံအားကျဆင်းမှုရောဂါ၊ တီဗီရောဂါတို့ဖြင့် ထောင်ဆေးရုံ၊ OB2 ခန်း တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသူဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၂၉ရက်နေ့ မနက် ၈း၃၀ မိနစ်တွင် ဦးအုန်းသန်းသည် ဆေးရုံဆောင်အပေါ်ထပ် M2 နောက်ဘက် ၀ရံတာသို့ တက်ရောက်ကာ အောက်ကြမ်းပြင် ကွန်ကရစ်သားပေါ်သို့ ခုန်ချခြင်းဖြင့် မတရားထောင်ဒါဏ် ကျခံနေရသော သူ့အဖြစ်နှင့် လွတ်ငြိမ်းချမ်းသာခွင့်လိုချင်သော သူ့ဆန္ဒ သဘောထားကို ထုတ်ဖော်လိုက်သည်။
သေဆုံးသွားချိန်တွင် ဦးအုန်းသန်းက သေတမ်းစာ၃စောင် ချန်ရစ်သွားပြီး တစ်စောင်ကို သူ့မိသားစုသို့လည်းကောင်း၊ ကျန်တစ်စောင်ကို မိတ်ဆွေတစ်ဦးသို့ လည်းကောင်း၊ နောက်ဆုံးတစ်စောင်ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်သို့လည်းကောင်း ဦးတည်ရေးသားထားကြောင်း သိရသည်။
ယင်းသေတမ်းစာများအနက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်သို့ ဦးတည်ရေးသားထားသော သေတမ်းစာတွင် အကျဉ်းထောင်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်ကြားရေးသားထားပြီး သူကဲ့သို့ သေဆုံးနိုင်သည့်အထိ ဝေဒနာခံစားနေရသူများ ထောင်တွင် အများအပြားရှိပါကြောင်း။ လူသားချင်းစာနာထောက်ထားမှုအရ ထိုကဲ့သို့သော လူမျိုးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါကြောင်း။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် မီဒီယာများနှင့် အဘက်ဘက်က ဖိအားပေးလာသည့်အတွက် တရားရုံးရောက်လာသည့်အမှုမှန်သမျှ ထောင်ဒါဏ်ပြင်းထန်စွာ ချသော စနစ်သို့ ပြောင်းလဲသွားပါကြောင်း၊ ထောင်ထဲတွင် ထိုကဲ့သို့ ပြစ်မှုနှင့် ပြစ်ဒါဏ်မမျှတပဲ မတရားကျခံနေရသူ များစွာရှိပါကြောင်း၊ ဖြစ်နိုင်ပါက ယခုအစိုးရသစ်လက်ထက်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ်လောက်တော့ အနည်းဆုံးပေးသင့်ပါကြောင်း ရေးသားထားသည်။
အကစ ညွှန်ချုပ်ဆီဦးတည်ထားသည့် ထိုသေတမ်းစာကို CID က ချက်ချင်းလာရောက်သိမ်းဆည်းသွားပြီး ယင်းအမှုကိစ္စကြီးတစ်ခုလုံးအား ပြင်ပသို့ သတင်းမပျံ့စေရန် အင်းစိန်ထောင်တွင် အဘက်ဘက်မှ တင်းကြပ်လိုက်ကြောင်းသိရသည်။

ယနေ့ခေတ်တွင် ပြည်သူ့လွတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကဲ့သို့သော အဖွဲ့အစည်းမျိုး ပေါ်ပေါက်လာပြီး မီဒီယာများကလည်း မြန်မာပြည်တရားစီရင်ရေး မဏ္ဍိုင်ကို ထိုးနှက်မှုများ ပြုလာချိန်တွင် တရားသူကြီးများမှာ ၄င်းတို့ အပြစ်လွတ်အောင် တရားရုံးရောက်လာသမျှ အမှုတိုင်းကို ကြီးလေးသော ပြစ်ဒါဏ်များချမှတ်နေကြောင်း။ တကယ်တမ်းတွင် တရားစီရင်ရေး မဏ္ဍိုင်တစ်ခုတည်းသာမက အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ရဲတပ်ဖွဲ့ကိုပါ စောင့်ကြည့်ဝေဖန်မှုများပြုသင့်ကြောင်း။ ယခုအခါ ရဲ မတရားလုပ်သော အမှုများ အလွန်များပြားလာပြီး ရဲနှင့် ပေါင်းကာ မိမမလိုလားသူကို အမှုဆင်ဖမ်းဆီးမှုများလည်း များပြားလာကြောင်း။ ရဲက ခိုင်လုံအောင် အမှုဆွဲတင်လာလျှင် တရားသူကြီးများမှာ အမှန်အမှားဘာမှ မကြည့်တော့ပဲ ကြီးလေးသော ပြစ်ဒါဏ်များချမှတ်နေတော့သဖြင့် ခံရသူများ အလွန်နစ်နာရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ပြောကြားသည်။

ဟတ္ထိပါဒ ဝစန (ဆင်ခြေရာ စကား)

ဟတ္ထိပါဒ ဝစန (ဆင်ခြေရာ စကား)
(ကဗျာရှင် နေရဲနီ)

အပ္ပမာဒေန သမ္ဗာဒေထ
မြတ်ဗုဒ္ဓ၏ နောက်ဆုံးအမှာစကား
တရားအဆီအနှစ်တို့ဖြင့် ပြည့်ဝလွန်းသောကြောင့်
ဟတ္ထိပါဒ ဝစန
ဆင်ခြေရာစကား ဟူ၍
ပညာရှိ သူတော်သူမြတ်တို့
တင်စားပြောဆိုကြ၏။

သတ္တဝါအားလုံးတို့၏ ခြေရာတို့တွင်
ဆင်ခြေရာသည် အကျယ်ဝန်းဆုံး
အနက်ရှိုင်းဆုံးဖြစ်၏။
ဆင်ခြေရာပေါ်သို့နင်းလိုက်သော
မည်သည့်သတ္တဝါ၏ခြေရာမဆို
ဆင်ခြေရာထက် မကျော်လွန်နိုင်ချေ။

အပ္ပမာဒေန သမ္ဗာဒေထ
(မမေ့မလျော့သော သတိဖြင့်နေရစ်ကြ)
မြတ်ဗုဒ္ဓ၏နောက်ဆုံးအမှာစကား
လေးဆယ့်ငါးဝါပတ်လုံး ဟောကြားတော်မူခဲ့သော
တရားအဆီအနှစ်တို့ စုဝေးရာ
သုတ် ဝိနည်း အဘိဓမ္မာ
ပိဋကတ် သုံးပုံဆုံဆည်းရာ
မည်သည့်တရားတော်မဆို
အပ္ပမာဒ တရားတော်ကို
မကျော်လွန်နိုင်ချေ။

ဒေါ်အောင်ဆန်းစုကြည်သည်
ရခိုင်ပြည်နယ်အရေးအခင်းတွင်
ဆိတ်ဆိတ်နေဘိ၏ ဟူ၍
ပြည်ပရောက် ခြုံအတွင်းမှ ဂျိုသွေးကြကုန်သောသူတို့က
ဓားခုတ်ရာ လက်ဝင်လျှိုစေလိုသောသဘောနှင့်
ဆရာကြီးလေသံဖြင့်
အပြစ်ဖို့ကြ၏။


ဒေါ်အောင်ဆန်းစုကြည်သည်
ရခိုင်ပြည်နယ်အရေးကို
ဝင်ရောက်ဖြေရှင်းသင့်သည် ဟူ၍
ပြည်တွင်းမှ သူတပါးလက်နှင့် ကျားပါးစပ်နှိုက်လိုသူတို့က
မြှောက်ပင့်၍ အကြံပြုကြ၏။


ဒေါ်အောင်ဆန်းစုကြည်သည်
နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် မထိုက်တန် ဟူ၍
ခိုးဝင်လာသူတို့က နိုင်ငံသားဖြစ်ခွင့်မရ၍
မချိသွားဖြဲ မျက်စောင်းခဲကြ၏။


ရခိုင်အရေးကို ဝင်ရောက်ဖြေရှင်းပေးရန်
အမေစုမှာ အာဏာမရှိ။
ရဲနှင့်စစ်တပ်ကို အမိန့်ပေးပိုင်ခွင့်မရှိ။

သို့သော်ငြားလည်း
ရခိုင်အရေးနှင့်ပတ်သက်၍
ဆင်ခြေရာကဲ့သို့ ကျယ်ဝန်းနက်ရှိုင်းသော စကားတစ်ခွန်းကို
ရှေးဦးမဆွကပင်
အမေစု ဆိုခဲ့၏။
အမေစု ပြောခဲ့၏။
အမေစု သတိပေးခဲ့၏။
ထိုစကားကို မြန်မာပြည်တွင်းမှာ သာမက
ကမ္ဘာသိအောင် အမေရိက မှာလည်းပြောခဲ့၏။
လူလူချင်း
သာတူညီမျှ တန်းတူမှုရှိရေး
လူ့အခွင့်အရေး
ဒီမိုကရေစီရေး
လွတ်လပ်မှုရှိရေး
စည်းလုံးညီညွတ်ရေး
အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး
အစရှိသော လူ့အခြေခံသဘောတရားများ ပါဝင်သော
လူသားအားလုံးနှင့် သက်ဆိုင်သော

အမေစု ဆိုခဲ့သောစကားမှာ
တရားဥပဒေ စိုးမိုးရေး ပင် ဖြစ်သည်။

နေရဲနီ