မမှန်မကန် မတရားရရှိထားသော နိုင်ငံပိုင်ငွေများနှင့် ရွေးကောက်ပွဲ ဝင်ဖို့ပြင်ဆင်နေသည့် မြို့တော်ဝန် အောင်သိန်းလင်းနှင့် ကြံ့ဖွတ် အဖွဲ့ဝင်များ..
မမှန်မကန် မတရားရရှိထားသော နိုင်ငံပိုင်ငွေများနှင့် ရွေးကောက်ပွဲ ဝင်ဖို့ပြင်ဆင်နေသည့် မြို့တော်ဝန် အောင်သိန်းလင်းနှင့် ကြံ့ဖွတ် အဖွဲ့ဝင်များ..ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ပြောနေကြလို့ အခုလက်ရှိ အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုတဲ့ အမည်ကို သေချာ စဉ်းစားကြည့်မိတယ်။ ဘယ်လိုများ အမည်ပေးရင်ကောင်းမလဲဆိုပြီး ရွေးကောက်ပွဲ ဆိုတဲ့ အမည်အစား လက်ရှိ မတရားသိမ်းပိုက်ထားတဲ့ အာဏာကို တရားဝင် ဖြစ်အောင် ပြည်သူလူထုကု အတင်းထောက်ခံခိုင်းတဲ့ လုပ်ဆောင်ချက် ဒါကြောင့် "အရေခွံလဲပွဲ"လို့ဘဲ ခေါ်စေချင်တယ်။ မြွေဆိုတာ အချိန်တန်ရင် အရေခွံလည်းလေ့ရှိတယ် ။ ဒါပေမယ့် အဆိပ်ပြင်းတဲ့ မြွေတစ်ကောင် အရေခွံလဲလိုက်တာနဲ့ သူရဲ့ ဂုဏ်သတ္တိစွမ်းအင်ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး အခုအစိုးရ သုံနူန်းတဲ့ ရွေးကောက်ပွဲဆိုတာလည်း မြွေအရေခွံလဲသလိုပါဘဲ ။ ယူနီဖောင်းလေးချွတ် လိုက်တာနဲ့ သူတို့လုပ်ခဲ့တဲ့ မတရားမှုမှန်သမျှကို ပြည်သူက လက်ခံ နိုင်တယ်လို့ ထင်နေတာ သူတို့တွေရဲ့ အတွေးပါ ။ သူတို့တွေ အရေခွံလည်းကြပေမယ့် သူတို့ရဲ့ ပင်ကို မကောင်းဆိုးဝါး ၀ါဒတွေကို အခုချိန်ထိ လုပ်ကိုင်ဆောင်ရွက်နေကြတာလည်း အားလုံးအသိပါ ။ ၂၀၀၈ အခြေခံဥပဒေထုတ်ကတည်းက တရားမျှတမှုဆိုတာ ပါမလာတာ သိပြီးသားပါဗျာ ။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ သေချာစဉ်းစားစေချင်တယ် ။ ရှုံးမယ်မှန်းသိရဲ့သားနဲ့ ၀င်ပြိုင်တာ မကောင်းဘူးဗျ ။ မြတ်သော အရှုံးသမားဆိုတာ အမှန်တရားအတွက် တိုက်ပွဲဝင်ပြီး ပြည်သူလူထု ကောင်းစားရေးကို ရှေ့ရှုထားတဲ့ သူတွေကို ခေါ်ဆိုတာပါလို့ ကျွန်တော် နားလည်ထားပါတယ်။
ဒီမိုကရေစီ ကို အခုကျင်းပမယ့်ရွေးကောက်ပွဲ ၀င်မှ ရမယ်ထင်နေတာကိုက အတွေးအခေါ်လွဲချော် နေကြတာပါ ။ လက်ခံကြတာလူတစ်စု ၊ သူတို့ အကြောင်းပြမှာက တစ်နိုင်ငံလုံးမဲပေးပြီး သူတို့ကြံ့ဖွတ်ပါတီ အနိုင်ရတယ်လို့ကြေငြာမှာ အားလုံးသိပြီးသား ။ ဒါကိုဘဲ ဒီမိုကရေစီ လမ်းစဉ်ကို ချဉ်းကပ်တာပါလို့ လူထုကိုစည်းရုံးပြီး ထောက်ခံခိုင်း ပြောဆိုခိုင်း နေတာတော့ တကယ့်ကို မှားနေပြီဗျာ ။ ကျွန်တော့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အခုအရေခွံလဲပွဲ ကို ၀င်တဲ့ ပါတီတော်တော် များများက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါတာကို အခွင့်ကာင်း တစ်ရပ်နေနဲ့ ယူဆပြီး ၀င်ရောက်ယှဉ်ပြိုင်ကြတာ ပါဘဲ ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရထားတဲ့ NLD သာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင် အခုဝင်တဲ့ပါတီ အားလုံး အပြတ်အသတ်ရှုံးမှာကို သူတို့ သိရှိနေကြလို့ပါဘဲ ။
ရွေးကောက်ပွဲ ကို မဲမပေးရင် ဘာဖြစ်လာနိုင်သလဲ ဆိုတာကို သေချာတွေး ကြည့်ကြရအောင် ။ သူတို့ လုပ်သမျှ ထောက်ခံပေးမယ့် သူရှိသလို့ သူတို့ရဲ့ အမှားတွေကို လက်မခံသူတွေ များစွာ ရှိနေသေးတယ်ဆိုတာကို သူတို့ သဘောပေါက် လာကြလိမ့်မယ်။ သူတို့လုပ်သမျှ ပြည်သူလူထုက ခေါင်းငုံ့ခံနေမှာ မဟုတ်ပါဘူး ဆိုတာကို သူတို့ သိရှိနားလည် လာကြလိမ့်မယ် ။ ဒါဆိုရင် ပြည်သူလူထု လက်ခံနိုင်မယ့် နည်းလမ်းတွေကို သူတို့ စဉ်းစားလာကြလိမ့်မယ်။
အမှန်တရားကို လက်ခံလိုသူတွေ များလာတာ ဟာ အမှားလုပ်သူတွေ အတွက်နေရာ မရှိပါဘူးဆိုတာ လက်တွေ့ပြကြဖို့ ဘယ်သူ့ကိုမှ မဲမပေးဘဲ ဥပက္ခာ ပြုထားလိုက်တာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး ပြည်သူ့ဆန္ဒကို ဖော်ထုတ်ပြသတာပါဘဲ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကအရေခွံလဲပွဲကို လက်မခံကြပေမယ့် ရွေးကောက်ပွဲဆိုရင်တော့ လက်ခုပ်တီးပြီး အားပေးမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။
ကျွန်တော်တို့ ပြည်သူလူထု ကလည်း တရားမျှတမှုရှိပြီး ပြည်သူဆန္ဒ အစစ်အမှန် ဖော်ထုတ်နိုင်တဲ့ ရွေးကောက်ပွဲဆို ၀မ်းသာအားရ ကြိုဆိုကြမှာပါ ။
ဗမာ့သွေး
အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ်နှင့် ဆက်သွယ် မေးမြန်းချက်အား ရေးသားဖော်ပြလိုက်ရပါသည်။ ကိုလူမော်လတ်ရဲ့ ဖခင်ဟာ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဘမြင့်ဖြစ်ပြီး ...ဗန်းမော်ထောင်မှာ နှစ်ရှည်ထောင်ဒဏ် အနှစ်၂၀ကျခံ နေရပါတယ်။
ဒါကတော့ နအဖ လက်ထက် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူး ငါတို့ပဲရှိမယ် ဆိုတဲ့ ပြည်သူ့ရဲ တစ်ချို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်ပါ...။ ကျောသားရင်သား မခွဲခြားဘူးဆိုရင် ဥပဒေမဲ့ လုပ်ချင်တိုင်းလုပ် ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဗိုလ်ချုပ်သန်းရွှေမြေး.. တေဇသားတွေနဲ့ ဗိုလ်ချုပ်သားသမီးတွေကို ဥပဒေအတိုင်း လုပ်ဆောင်ပြကြပါလားဗျာ...။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်မယ်ဆိုတဲ့ နအဖ စစ်ခေါင်းဆောင်တွေဟာ မိမိတို့ ကိုယ်တိုင်ကော ဥပဒေကို လေးစားလိုက်နာမှု ရှိမရှိ.. ဥပဒေရဲ့ အောက်မှာ နေမနေ ပြန်လည် သုံးသပ်ကြည့်ကြပါ.. ထို့အတူ အဖိနှိပ်ခံ ကျွန်တော်တို့ရဲ့ ပြည်သူ၊ပြည်သားတွေကော ဥပဒေရဲ့ အကာအကွယ်ကို ရခဲ့မရခဲ့ဆိုတာ ဒီစစ်အာဏာရှင် စံနစ်အောက် အနှစ်(၅၀) နီးပါးအတွင်း ခံစားခဲ့ရတာတွေကို အားလုံး သိရှိပြီးသား ဖြစ်ပါတယ်။.. ဒီတော့ ကျွန်တော်တို့ ပြည်သူတွေအားလုံး ဒီစစ်ကျွန် ဖြစ်မယ့် တစ်ဘက်သတ် ရွေးကောက်ပွဲကြီးကို ပျက်အောင် ဖျက်ကြဖို့ ဝိုင်းဝန်းဆန့်ကျင်ကြရုံ မှတစ်ပါး အခြားမရှိတော့ပါဘူး..
ဒီမိုဝေယံ
မိုးစက်(ဒုတပ်ကြပ်/ပင်မပစ္စည်းထိ
မောင်ကျောင်းသား မေးမြန်းစာစီ ကူညီတင်ပြပေးပါသည် ။
(၁)
ဒီလိုဗျ..၊ ကျွန်တော်က နအဖတပ်မှာ ကလေးစစ်သားလဲဖြစ်ခဲ့ဘူးသလို ၊ ရေတပ်မှာ ( တပ်ကြပ်ရကာနီး ) ဒုတပ်ကြပ် ဘ၀ထိ ဖြတ်သန်းလာခဲ့တဲ့ ၊ တပ်မှာနှစ်ကျော့ ပြန်စစ်သားဖြစ်ခဲ့တဲ့ တပ်မတော်သားဟောင်းတစ်ယောက်ပါ ၊ ကျွန်တော်ကြုံတွေခဲ့ရတဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေ ၊ နာကျည်းစရာတွေကို အများပြည်သူကို တင်ပြချင်တာကြောင့် ခုလို ရေးသားဖေါ်ပြလိုက်ရတာပါ ။
ကျွန်တော့နာမည်ရင်းက ဆန်းမင်းထွေး ပါ ၊ ဇာတိက ရန်ကုန် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ၁၃၃ ရပ်ကွက်ကပါ ၊ မိသားစု ဘ၀အခြေအနေကြောင့် ငါးတန်းထိပဲ ကျောင်းနေခဲ့ရပါတယ် ၊ ကိုယ့်ဘ၀ကိုယ်ကျောင်းမှ အသက်ရှင်ရပ်တည်နိုင်မှာဖြစ်တြာေ
၁၉၉၉ ခုနှစ် (အသက်၁၄နှစ်) မှာ ၊ ရထားပေါ်ဈေးလိုက်ရောင်းရာကနေ ၊ ရွှေညောင်ဘူတာအရောက် ရထားပေါ်ကအဆင်းမှာ အမြှောက်တပ်တခုက တပ်ကြပ် တစ်ယောက်က “ ညီလေး ..မင်းဘယ်ကလဲ”လာမေးပြီး ၊ ဈေးလှည့်ရောင်းနေသူတယောက်မှန်း လဲသိရော “ခုလိုပင်ပင်ပန်းပန်းလုပ်နေမဲ့
တောင်ကြီးမြို့ ကြိုးတံတားနားက စစ်သားစုဆောင်းရေး နေရာလေးတခုမှာ ကျွန်တော့ကို ထားသွားပါတယ် ၊ ရောင်းစားခဲ့တဲ့ သဘောမျိုးပါ ၊ စစ်သားစုပေးရင် ပေးတဲ့ ( အဲဒီတုံးက ငွေဘယ်လောက်ပေးမှန်း ၊ ဆန်အိတ်ပေးမှန်း မသိသေးပါဘူး ) ပိုက်ဆံတွေယူပြီး သူထွက်သွားပါတယ် ၊ ထောင်ကျသွားသလို ဘယ်မှလဲ မထွက်ရပဲကျန်နေခဲ့ပြီး တပါတ်လောက်နေမှ ကျန်တဲ့ စုဆောင်းခံထားရသူတွေနဲ့အတူ (စုစုပေါင်း ၇ ယောက်)ကို တပ်ကြပ်ကြီးတယောက်ဦးစီးပြီး မန္တလေးက စစ်သားစုဆောင်းရေးကို ပို့လိုက်ပါတယ် ၊ အမှန်က စုထားတာ ၉ ယောက်ပါ ၊ ၂ ယောက်က ကြားရက်မှာထွက်ပြေးသွားခဲ့တာပါ ။ အဲ့ဒီထဲမှာ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ကလေးအရွယ်တွေ ကျွန်တော်အပါဝင်၆ယောက်ရှိပါတယ် ၊ အသက်ပြည့်ပြည့်ပြီးတာ တစ်ယောက်ထဲပါ ပါတယ် ။
မန္တလေးစစ်သားစုဆောင်းရေးရောက်ေ
စုဆောင်းရေးမှာနှစ်ရက်နေပြီးတော
အဲဒီလို ပုဇွန်ကန်တူး ၊ အဆောက်အဦးဆောက် ၊ ရေမြောင်းဖေါ် ၊ သစ်ပင်ခုတ် ၊ ခြုံရှင်း အလုပ်မျိုးစုံတလလောက် ပင်ပင်ပန်းပန်းလုပ်ပြီးမှ ရှမ်းပြည်မြောက်ပိုင်းက တိုင်းဗိုလ်(၈)လေ့ကျင့်ရေးတပ် ၊ နမ့်စံရေကျ ဆိုတာကို သင်တန်းတသုတ်စာလူ၂၄၀ ပို့တာမှာ ပါသွားပါတော့တယ် ၊ ရောက်တာနဲ့ စစ်တပ်လုပ်နည်းလုပ်ဟန် တွေအတိုင်း အရပ်တိုင်း ပေါင်ချိန်လုပ်ပါတယ် ၊ ထောက်၂၅ ပစ္စည်းခေါ်တဲ့ စစ်ဝတ်တန်စာထုတ်ပေးပါတယ် ၊ နောက်နေ့မှာ သင်တန်းဖွင့်ပွဲလုပ်ပြီး စစ်သင်တန်း တွေ စတက်ရပါတော့တယ် ၊ မနက်ဆိုလေးနာရီခွဲထရပြီး ငါးနာရီထိုးမှာတန်းစီရပါတယ် ၊ တန်းစီချိန်မှာ နောက်ဆုံးတန်းစီသူ ၉ ယောက်က အပြစ်တခုခုပုံမှန်ပေး ခံရပါတယ် ၊ တနေကုန်မှာ ထမင်းစားချိန်တွေမှာ တစ်နာရီလောက်ပဲ နားရပြီး အချိန်ပြည့် သင်တန်းတက်နေရတာပါ ၊ သင်နေစဉ် မိနစ်၄၀ လောက်မှာတခါ ၅မိနစ် ပေးနားတာမျိုးတော့ရှိပါတယ် ၊ ညနေ ၄နာရီမှာ သင်တန်းပြီးပြီး ၅နာရီထိလုပ်အားပေးဆိုပြီး မြောင်းပေါက် ၊ ထင်းခွဲ ၊ စိုက်ခင်းရေလောင်းအလုပ်တွေ လုပ် ရပါတယ် ၊ စနေတနင်္ဂနွေသင်တန်းပိတ်ရက်တွေမှာ
ကျောက်ခဲရေညှစ်ဆိုသလို အတင်းအကြပ်ခိုင်းစေမှုတွေကြောင်
ကျွန်တော်တို့သင်တန်းက ၄/၂၀၀၀ ပါ ၊ သင်တန်းမဆင်းခင်တလလောက်အလိုမှာ ကိုယ်ပိုင်နံပါတ်ကျပါတယ် ၊ ကျွန်တော့ကိုယ်ပိုင်နံပါတ်က တ/၁၄၇၈၃၇ ပါ ။ သင်တန်းကာလ စုစုပေါင်းလေးလခွဲအပြီးမှာတော့ သင်တန်းဆင်းရပါတယ်၊ ပြီးတော့ ခမရ (၅၀၆)သီပေါ-နမ့်မလိုင်အပိုင်ကို
ရှေ့တန်းပါသွားချိန်မှာ ကျွန်တော့အသက်က ၁၅ နှစ်ပဲရှိသေးပါတယ် ၊ ရွက်ဆစ်အဖွဲ့တွေနဲ့တိုက်ရပါတယ် ၊ MA1သေနတ်တစ်လက်၊ ကျည်၂၄၀ ၊ ခေါက်ပေါက်တူး တစ်လက် ၊ ဓါးမတစ်ချောင်း နဲ့ ရိက္ခာတစ်ပါတ်စာကိုသယ်ပိုးရပါတယ် ၊ တစ်တောဝင်တစ်တောင်တက် မနိုင်ဝန်ထမ်းပြီးသွားနေရလို့ ပင်ပန်းလာလွန်းတော့ သတ်ချင်လဲသတ်လိုက်ပါတော့ဆိုပြီး ပစ်လှဲနေတာမှာ စစ်ကြောင်းမှုး ဗိုလ်ကြီးရဲ့ထိုးကြိတ်ကန်ကျောက်
(၂)
တပ်ကနေသီပေါ ၊ သီပေါကကနေမန္တလေး ရထားစီးပြီးထွက်ပြေးခဲ့ပါတယ် ၊ မန္တလေးဘူတာမှာ တောင်းစားနေတဲ့အဖိုးအဖွားနှစ်ေ
ဘူတာထဲမှာ ရထားစောင့်နေတုန်း လူကြိးတယောက်ရောက်လာပြီး ကောင်လေးမင်းအလုပ်လုပ်မလားလာမေး
အဲဒီလိုနဲ့ ညနေသုံးနာရီလောက်မှာ ကျွန်တော်တို့ကို ဟိုင်းလတ်ကားတစီးပေါ်တင်ပြီး ကရင်ပြည်နယ် ဘောကလိဆိုတဲ့နေရာကိုခေါ်သွားပါ
ညသန်းခေါင်ကျတော့ ကျွန်တော်တို့ကို နှစ်ယောက်စီတွဲ
ငှက်ဖျားပျောက်ကာစမှာ တပ်ကထွက်ြေ
ဆယ်ရက်လောက် သွားနေရပြီးမှ တောထဲမှာထိုင်ထားတဲ့ ဗျူဟာစခန်းတခုကို ရောက်ပါတယ် ၊ အဲဒီမှာတညအိပ်ရပြီး နောက်နေ့မနက်မှာ နောက်တန်းပြန်မဲ့ စစ် ကြောင်းနဲ့ ကျွန်တော်တို့ကိုပြန်ထည့်ပေးလို
လမ်းမှာတစ်ရက်ပြီးတစ်ရက် တောင်တစ်တောင်ပြီးတစ်တောင်ဖြတ်
(၃)
အိမ်ပြန်ရောက်သွားတော့ ကျွန်တော့အိမ်မှာ ကျွန်တော့မိသားစုမဟုတ်သူတွေနေ နေကြတယ် ၊ ကျွန်တော့မိသားစုက ပြောင်းသွားပြီလေ ၊ ဘယ်ပြောင်းသွားလဲ မသိကြဘူးတဲ့ ၊ ကျွန်တော်လဲ အဖေဖွင့်ထားတဲ့ တောင်ဥက္ကလာက လမ်းဘေးကွမ်းယာဆိုင်လေးကို သွားလိုက်တယ် ၊ အဖေ့ဆိုင်ရောက်တော့ ကျွန်တော့ကိုကြည့် ပြိး အဖေမမှတ်မိဘူး ၊ အိမ်နဲ့ဝေးကွာသွားခဲ့ရတဲ့ တနှစ်ဆိုတဲ့ကာလမှာ ကျွန်တော့ရုပ်တော်တော်ပြောင်းသွ
အဖေက တောက်ခေါက်ပြီး “လူမဆန်လိုက်တာကွာ ၊ အေးလေ ..ပြီးခဲ့တာပြီးပြီပေါ့ ၊ သူတို့အုပ်ချုပ်နေတာပဲ ၊ ဥပဒေရှိတာမှမဟုတ်တာ ၊ ဘယ်မှလဲတိုင်ရတာမှ မဟုတ်ပဲ ၊ ငါ့သားနေပြန်ကောင်းလာအောင်သာကြိ
အမေကဆိုက္ကားတစ်စီးငှားပြီး ကျွန်တော့ကိုဆေးခန်းလိုက်ပို့ေ
ပထမတော့ ရပ်ကွက်ထဲကမုန့်လုပ်တဲ့အိမ်မှာ လခစားဝင်လုပ်ရင်း ညဘက်ကိုဆိုက္ကားနင်းပါတယ် ၊ နောက်ပိုင်းတော့ဆိုက္ကားပဲတနေကု
အဲဒီမွာ ဒုကၡေရာက္ရျပန္တာပါပဲ ၊ ကိုယ့္မိသားစုအလုပ္ကိုယ္မလုပ္ရေ
ရပ်ကွက်ထဲကလူတွေက မျက်စေ့နောက်လာပြီး မခေါ်ချင်မပြောချင်ဖြစ်လာတာကလွဲ
နောက်နေ့ကျတော့ လသာအချုပ်ကိုပို့ပါတယ် ၊ လသာအချုပ်မှာ တစ်ပါတ်နေပြီးတော့ လေတပ်ကတပ်ထိမ်းကားတစ်စီးနဲ့ ကျွန်တော့ကိုလာခေါ်ပါတယ် ၊ ကား ပေါ်မှာ ကျွန်တော်လိုစစ်ပြေး ၃ယောက်ပါ ပါသေးတယ် ၊ ပြီးတော့ ရဲစခန်းတွေဝင်ပြီးခေါ်တာ စစ်ပြေး ၉ယောက် ဖြစ်သွားပါတယ် ၊ ပြီးတော့ သမိုင်းက အမှတ်-၃ တပ်မတော်တပ်ထိမ်းကိုပို့လိုက်ပါ
အမှတ်(၁)စစ်ကြောရေးရောက်တော့လဲ ဒီလိုပဲ အရိုက်ခံရပြန်တာပါပဲ ၊ အလုပ်တွေလုပ်ရပြန်တာပါပဲ ၊ အဲမှာက ညဘက်ပါ အလှည့်ကျကင်းစောင့်ရပါသေးတယ်၊ ပုံစံပေးထားတာတဲ့ ၊ ကင်းအမှတ်စဉ်အော်လို့ တိုးရင်လဲအရိုက်ခံရပါတယ် ၊ စကားသံကျယ်တယ်ဆိုပြီးလဲ အရိုက်ခံရပါတယ် ၊ ရှိသမျှ အမေနှမအမတွေ ကိုင်တုတ် ပြီးလဲ အဆဲခံရပါတယ် ၊ ဆိုးတဲ့ကင်းမှုးက တမျိုးမဟုတ်တမျိုးအပြစ်ရှာပြီး
အချုပ်ထဲပြန်ရောက်တော့ အတူနေသူတွေက အခြေအနေ၀ိုင်းမေးကြပါတယ် ၊ ကျွန်တော်ပြန်ပြောပြတော့ အားလုံးက “အဲဒါပေါ့ကွ ၊ နိုင်ငံတော်ကို ချစ်ချင်ယောင် ဆောင်ပြီးခိုးနေကြတယ်ဆိုတာ ၊ ငါတို့တပ်ကထွက်ပြေးတယ် ၊ ပြဿနာတက်မှာစိုးတော့ ဘယ်သူမှပြေးပြီစာရင်းမပြပဲ ငါတို့လစာတွေ ၊ ရိက္ခာတွေ ၊ ခံစားခွင့်တွေ ကို နှစ်နဲ့ချီထုတ်စားနေတာ ၊ ခုမိလာပြီ ပြဿနာပေါ်ပြီဆိုမှ တစ်လဘက်ဒိတ်လေးပြပြီး ခွင့်မဲ့ပျက်ကွက်လုပ်တာ ၊ ဒါ အရာရှိတွေတတ်တဲ့ ငါတို့ကိုနင်းပြီးခိုးစားတဲ့ နည်းတွေအများကြီးထဲက တနည်းပဲရှိသေးတယ် ၊ ရှေ့တန်းမှာ သေစရာရှိငါတို့ပဲသေတာ ၊ ချမ်းသာတော့ သူတို့အရာရှိတွေပဲချမ်းသာနေတာ ၊ ဘယ်ရဲဘော်မှ ပြောင်ပြောင်ယောင်ယောင်မရှိဘူး ၊ အရာရှိတွေချမ်းသာဘို့ ငါတို့ကလှေကားထစ်လုပ်ပေးမနေတော့
ဒီလိုနဲ့ နောက်တပါတ်ပြန်စစ်တဲ့အခါ ကျွန်တော်က ပြန်မလုပ်တော့ဘူးဆိုတာပြောပါတယ် ၊ ဗိုလ်မှုးကလဲ ပြန်စဉ်းစားပါဦး အကြိမ်ကြိမ်ပြောပါတယ် ၊ နောက်ဆုံး ဘယ်လိုမှပြန်စည်းရုံးလို့မရတော့
အင်းစိန်ထောင်ရောက်တော့ ပထမတော့ (၄)ဆောင်ပုံစံခန်းမှာနေရပါတယ် ၊ တပါတ်လောက်နေပြီးတော့ ထောင်ဆေးရုံမှာဆေးစစ်ပြီးတော့ အသက်မပြည့်ဘူး ၊ ကလေးဆိုပြီး (၃)ဆောင်ခလေးခန်းကို ပို့လိုက်ပါတယ် ၊ ကလေးတွေထဲမှာ ကျွန်တော်က လူကောင်ကြီးအသက်ကြိးဖြစ်တာကြော
အိမ်ပြန်ရောက်တော့ အမေက ကျွန်တော့စိတ်နဲ့ အိပ်ယာထဲလဲနေပါတယ် ၊ ကျွန်တော့ကိုတွေ့တော့အမေ ထုံးစံအတိုင်းငိုပါတယ် ၊ ကျွန်တော်က အမေမငိုနဲ့ ၊ ကျွန်တော်ယောက်ကျားပဲ ၊ ဘာမှမဖြစ်ဘူးအမေ့ကိုပြောတော့ အမေက ငါ့သားလေးငယ်ငယ်လေးနဲ့ကံဆိုးရှာ
ကျွန်တော်ပြန်ရောက်တဲ့နေ့ကစပြီး အမေထူထူထောင်ထောင်ပြန်ဖြစ်လာပါ
(၄)
ကံဆိုးမသွားရာမိုးလိုက်လို့ရွာ
အဲဒီဗိုလ်ကြီးဆီက လက်မှတ်တစောင်သူ့ဘာသာလုပ်လာပြီး ရေတပ်ဆေးရုံမှာ ကျွန်တော့ကိုဆေးသွားစစ်ပါတယ် ၊ ပေါင်မပြည့်ဘူး ၊ ပြီးတော့ဆေးကျပါတယ် ၊ သူကဘာမှမပူနဲ့ပြောပြီး ပိုက်ဆံဝင်ပေးတော့ ဆေးအောင်သွားပါတယ် ၊ ပြီးတော့တပ်တွင်းသက်သာဆိုင်ကိုေ
အမှန်က ကျွန်တော်နောက်တစ်ကြိမ်ထပ်ရောင်
ဆရာကြီးနဲ့လိုက်သွားပြိး သံလျှက်စွန်းရေတပ်စစ်သားစုဆောင်
မပြည့်သေးတဲ့သူ ၃ယောက်ရှိပါတယ် ၊ ကျွန်တော်နဲ့ ၁၂ ယောက် အဲဒီမှာရှိတဲ့တပ်ရံပုံငွေဆိုတဲ့
သင်တန်းမတက်ခင်က သင်တန်းဆင်းရင် ခွင့်တစ်လဆီရမယ်ပြောပေမဲ့ တကယ်တန်းကျတော့ တနသာင်္ရီရေတပ်စခန်းဌာနချုပ်(တရခ)
တနသာင်္ရီရေတပ်စခန်းဌာနချုပ်ရောက်
ရေတပ်မှာနေတာကတော့ စားသာပါတယ် ၊ ကျွန်းတွေမှာသစ်ခိုးထုတ်တဲ့ သစ်စင်တွေလိုက်ဖမ်းပြီး ရတဲ့သစ်တွေေ၇ာင်းစားပါတယ် ၊ ခိုးလှေတွေဖမ်းတယ် ၊ ပိုက်ဆံကောက်တာလဲရှိတယ် ၊ မရရင်ပြေးရင်ပစ်မြှုတ်တယ် ၊ လှေဖမ်းမိရင် ရေတပ်စခန်းဌာနချုပ်ကိုမအပ်ပဲ စခန်းကလူတင်ဖြောင်လိုက်တာလဲရှိ
ကျွန်တော်ကသီိးသန့်လာဒ်မထိုးတော
အဲဒီမှာလဲ ၁ နှစ်နေရပြိး မိခင်တပ်ဖြစ်တဲ့ အမှတ် (၅၂)ရေတပ်ပစ္စည်းထိမ်းတပ် ပြန်ရောက်သွားပါတယ် ၊ အဲဒီမှာ ယာဉ်နောက်လိုက်နဲ့ပဲနေရပါတယ် ၊ တပ်မှုးကပဲ ဖြတ်အုပ်ထားတော့ အဲမှာတော့ ဘာခွဲတမ်းမှမရပါဘူး၊ အဲဒီကနေ ၁ နှစ်လောက်နေပြန်တော့ မလိကျွန်းကိုအပြောင်းပါသွားပြန်
အဲဒိကနေ ၆၃ ကြိမ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား
မင်းလိုက်လာတဲ့ သဘောင်္နဲ့ ပြန်လိုက်သွားဆိုပြီးြ
ပင်မရေတပ် ပစ္စည်းထိန်းတပ်(ရပပ)မှ
ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်
မိုးစက်
(ဒုတပ်ကြပ်/ပင်မပစ္စည်းထိမ်းတပ်-
စစ်အာဏာရှင်စနစ်အောက်မှာ အဖြစ်ဆိုးမျိုးစုံကြုံတွေ့နေရတဲ
ဒီလိုအဖြစ်တွေ မိုးစက်မှလား ၊ မဟုတ်ပါဘူး ၊ တယောက်နဲ့တယောက် တွေ့ကြုံရတဲ့ ပုံသဏ္ဍာန်ပဲကွာပါမယ် ၊ စစ်အာဏာရှင်စနစ်အောက်မှာ လူတိုင်း ပုံစံတစ် မျိုးစီ ကြုံတွေ့ခံစားကြရတာပါ ၊ ဒီ့ထက်ဆိုးတဲ့အဖြစ်တွေကြုံတွေ့
ဗမာပြည်သူတွေအားလုံး ဒီအဖြစ်မျိုးတွေ ကင်းဝေးအောင် စစ်အာဏာရှင်စနစ်ဆိုး ပျက်ဆီးပြု
စစ်အာဏာရှင်စနစ်ကျဆုံးသည်ထိ
မောင်ကျောင်းသား
26sann အားကျေးဇူးတင်ပါသည်..။
အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။
ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်။ ပြောခဲ့တဲ့ သတ္တိလဲရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်ရတဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်းလုပ်ရမယ်။ အမြဲတမ်းရှိနေတယ်။ နိုင်ငံရေးဆိုတာ တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူတွေကပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ဆိုင်ရာ ဆိုင်ရာ၊ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နီုင်ငံရေး၊ ဒီတော့ အဲဒီလိုဖြစ်အောင်လုပ်နိုင်ဖို့ ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလည်း အမြဲတမ်း နိုင်ငံရေးမှာ စိတ်ဝင်စားပြီးတော့ တတိုင်း တပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စား လာအောင် ဒီလိုအဖွဲ့တွေရှိရမယ်။
ဗိုလ်ချုပ်အောင်ဆန်း
(၂၃.၁.၁၉၄၆) ရွှေတိဂုံဘုရား အလယ်ပစ္စယံ (ပထမ ပြည်လုံးကျွတ် ညီလာခံ)
ဘလော့ခ်ဂါ အလင်းဆက်
(၂၂.သြဂုတ်လ.၂၀၁၀)
ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် သီတဂူဆရာတော် ဦးဥာဏိဿရသည် မြန်မာပြည်၏ အရက်စက် အဆိုးဝါးဆုံး ထောင်များထဲမှ တခုဖြစ်သော ရန်ကုန် အင်းစိန် ထောင်ထဲသို့ ကြွရောက်ခဲ့ပြီး အကျဉ်းကျခံနေရသော ထောင်သားများအား ဗုဒ္ဓ၏ တရားတော်များကို ဆုံးမဟောကြားခဲ့သည်။ ပြီးနောက် ထောင်ကျ အကျဉ်းသားများအား သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ တဘတ်၊ စောင်အစရှိသည့် လှုဖွယ်ပစ္စည်း( ၉ ) မျိုးကို သဒ္ဒါတရား ထက်သန်စွာ လှုဒါန်းခဲ့ပါသည်။ ထောင်ကျ အကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာစေရန် အလို့ငှာ ဆရာတော်မှ နအဖ စစ်အစိုးရလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများသို့ လက်ရှိအကျဉ်းကျနေသာ အကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ရက်(၁၀၀၀) အလှုခံခဲ့ရာ ၄င်းတို့မှ ရက် (၁၀၀)သာ ပေးလှုခဲ့ကြောင်းသိရပါသည်။ ရန်ကုန် အင်းစိန်ထောင်ထဲတွင် အကျဉ်းကျခံနေရသူများမှာ အရေအတွက်လွန်စွာ များလှပါကြောင်း ဆရာတော် မိန့်ကြားခဲ့ကြောင်း ကြားသိခဲ့ရပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ရက်များအတွင်း ရန်ကုန်မြို့ အတွင်း မသင်္ကာသည်ဟု ပြောဆိုကာ ချုပ်နှောင် ထားသူများ၊ များစွာပါရှိနေကြောင်း ဆရာတော်မှ ထပ်မံ မိန့်ကြားခဲ့ပါသည် ဟု သတင်း ရရှိပါသည်။BP
" ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းက ကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် " ထိုသီချင်းစာသား လေးကို အလွန်ကြိုက်၏ ။ လူတော်တော်များများလည်း လွန်စွာ ကြိုက်နှစ်သက်လှသည် ကို တွေ့ရတာ
ဒါပေမယ့် ဒီနေ့မြန်မာနိုင်ငံလက်ရှိအနေအထာ
သူတို့ တွေ တကယ်တန်းပြောပြသင့်တာက သူတို့တွေရဲ့ ငယ်ဘ၀တွေ နဲ့ အခုချိန်နဲ့ နှိုင်းယှဉ်ရင် ဘယ်လို ကွာခြားသွားပြီ ။ဟိုအရင်ခတ်က ၀န်ထမ်းတစ်ယောက်လုပ်စာကို တစ်မိသားစုလုံး ထိုင်စားလို့ရတယ်။ အခုအနေအထားက တစ်အိမ်လုံးလုပ်နိုင်ကိုင်နိုင်
ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာ ဖိအား (၀ါ) ပြည်ပရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုသယ်ဆောင်လာတဲ့မုန်တိုင်
ကိုယ့်ရဲ့ရန်သူကို တိုက်မယ်ဆိုရင် ဟာကွက် ပျော့ကွက်ကို အရင်ဆုံးရှာဖွေကြရမယ်။ အင်နည်း အနည်းဆုံး အချိန်မှာ ၀င်ရောက်တိုက်ခတ်တတ်ရမယ်ဆိုတာ
တကယ်လည်းလူဝတ်လဲခိုင်းမယ်ဆိုတော
ဒီမိုကရေစီကို လိုချင်ရင် ဒီမိုကရေစီ ရနိုင်မည့် နည်းလမ်းကို ချဉ်းကပ်ကြတာ အမှန်ဆုံးပါဘဲ ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒါနပြုတဲ့ နေရာမှာ အားနည်းချက် တစ်ခုရှိပါတယ် ။ ဘုရားပုထိုးစေတီ ကျောင်းကန် ဇရပ်တွေ ဆောက်လုပ်လှူဒန်းဖို့ဆို စိတ်အားထက်သန်ကြပေမယ့် လူမှုရေး အလှူဆို အားနည်းကြသေးတယ်။ အခုတော့ ဆရာတော် ဦးဥာဏိဿရ ၊ ဦးသုမင်္ဂလ ၊ ရွေပြည်သာ ဆရာတော်နှင့်တကွ သံဃာတော်များ ၊ ကိုကျော်သူ ၊ လမ်းပြကြယ်ဦးအေးမြင့် အစရှိသည့် ပြည်သူ့ အကျိုးဆောင် များကြောင့် လူမှုရေးအလှူတွေ ကို လှူတတ်လာကြပြီ ။ ဒါပေမယ့်လည်း အားရကျေနပ်နိုင်တဲ့ အဆင့်တော့ မဟုတ်သေးပါဘူး ။ နိုင်ငံအကျိုးသယ်ပိုးနေတဲ့လူတွေ
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ မိမိတို့ နိုင်ရာတာဝန်ကို ထမ်းဆောင်ပေးကြပါ။ လူကြီးမိဘများအနနဲ့ သားသမီးများတွေ ရင်ဘတ်ထဲက အကြောက်တရားကို မောင်းထုတ်ပြီး သူရဲကောင်းများ စိတ်ဓါတ်များ ဖြစ်ပွားလာအောင် သွန်သင်ဆုံးမပေးကြပါ ။ တစ်ဦးရဲ့ အမှားကို တစ်ဦးက ပြစ်တင်ပြောဆိုနေကြမည့် အစား လမ်းမှန်ပြပေးကြပါ ။ တစ်ယောက်နဲ့ တစ်ယောက် လုပ်နိုင်တာချင်း မတူတာကို အားလုံးနားလည်ပေးကြပါ ။ ကိုယ်တိုင်ဦးဆောင် ဆန္ဒမပြရဲကြေ
မြန်မာလူမျိုးတွေဟာ အင်မတန်သတ္တိရှိကြပါတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။အမှန်တရားမှာ အင်အားရှိတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အာဏာရှင်လူတစ်စု အရမ်းကြောက်နေ ကြတာကိုသာ ကြည့်ကြပါ ။ တကယ် ဒီမိုကရေစီဆိုတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ တိုင်းပြည်ကို ရောက်ချင်တယ်ဆိုရင် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေးကြပါ ။ ပြည်ပရောက် မြန်မာလူမျိုးတွေဟာ ပြည်တွင်းအင်အားစုတွေနဲ့စာရင် အစစအရာရာ အားသာချက်တွေရှိပါတယ် ။ အဲဒီတော့ ပြည်ပရောက် မြန်မာလူမျိုး ညီအစ်ကို မောင်နှမ များအားလုံးကို မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ တစ်တွေ သူများတိုင်းပြည်မှာ ကျွန်သက်ရှည်ရှည် မနေကြရအောင် ကျွန်တော်တို့ တတ်နိုင်တဲ့ ငွေအားနဲ့ နည်းပညာကို အသုံးချပြီး ပြည်တွင်းအင်အားစုတွေ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလုပ်ရှားနိုင်ဖို့ ၀ိုင်းဝန်းကူညီကြပေးကြပါလို့ အလေးအနက် တိုက်တွန်းပြောကြားချင်ပါတယ်။ ကျွန်တော်တို့ အတွေ စည်းလုံးညီညွတ်စွာ နဲ့ သူရဲကောင်းစိတ်ဓါတ်တွေ မွေးမြူပြီး အာဏာရှင်စနစ်ဆိုးအောက် က လွတ်မြောက်ပြီး ခေတ်မှီလှပသော ငြိမ်းချမ်းသာယာသော ဒီမိုကရေစီနိုင်ငံကြီးသို့ အမြန်ဆုံးချီတက်ကြပါစို့ ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး






