ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သီတဂူဆရာတော် ဦးဥာဏိဿရ အင်းစိန်ထောင်တွင်း အလှူ....

ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် သီတဂူဆရာတော် ဦးဥာဏိဿရသည် မြန်မာပြည်၏ အရက်စက် အဆိုးဝါးဆုံး ထောင်များထဲမှ တခုဖြစ်သော ရန်ကုန် အင်းစိန် ထောင်ထဲသို့ ကြွရောက်ခဲ့ပြီး အကျဉ်းကျခံနေရသော ထောင်သားများအား ဗုဒ္ဓ၏ တရားတော်များကို ဆုံးမဟောကြားခဲ့သည်။ ပြီးနောက် ထောင်ကျ အကျဉ်းသားများအား သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ တဘတ်၊ စောင်အစရှိသည့် လှုဖွယ်ပစ္စည်း( ၉ ) မျိုးကို သဒ္ဒါတရား ထက်သန်စွာ လှုဒါန်းခဲ့ပါသည်။ ထောင်ကျ အကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာစေရန် အလို့ငှာ ဆရာတော်မှ နအဖ စစ်အစိုးရလက်အောက်ခံ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများသို့ လက်ရှိအကျဉ်းကျနေသာ အကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ရက်(၁၀၀၀) အလှုခံခဲ့ရာ ၄င်းတို့မှ ရက် (၁၀၀)သာ ပေးလှုခဲ့ကြောင်းသိရပါသည်။ ရန်ကုန် အင်းစိန်ထောင်ထဲတွင် အကျဉ်းကျခံနေရသူများမှာ အရေအတွက်လွန်စွာ များလှပါကြောင်း ဆရာတော် မိန့်ကြားခဲ့ကြောင်း ကြားသိခဲ့ရပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ရက်များအတွင်း ရန်ကုန်မြို့ အတွင်း မသင်္ကာသည်ဟု ပြောဆိုကာ ချုပ်နှောင် ထားသူများ၊ များစွာပါရှိနေကြောင်း ဆရာတော်မှ ထပ်မံ မိန့်ကြားခဲ့ပါသည် ဟု သတင်း ရရှိပါသည်။

လေးစားဦးညွှတ်လျှက်
BP