ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်တွင်း/ ပ နေရာတော်တော်များများတွင် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာ များရွတ်ဖတ်ကာ သပိတ်မှောက် ကံဆောင်ကြသည် ။..။

အိန္ဒိယနိုင်ငံ ယမုံနာမြစ်အတွင်း ပြုလုပ်သော တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ဓာတ်ပုံ

၁၉၉၀ တွင် တကြိမ်၊ ၂၀၀၇ တွင်တကြိမ် သပိတ်ကံဆောင်ပွဲများ ပြုလုပ်ခဲ့ကြသည်။ သို့သော် သံဃာတော်များဘက်မှ သပိတ်လှန်ခြင်းမရှိသေးပါ။ ယခု တတိယအကြိမ် သံဃာ့သပိတ်အတွက် သံဃာတော်များ နေရာအနှံ့အပြားတွင် ပြုလုပ်နေကြသည်။

ပြည်တွင်း၌ နေရာတော်တော်များများလည်း ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာများရွတ်ဖတ်ကာ သပိတ်မှောက် ကံဆောင်ကြသည်ဟု သိရှိရသည်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားရင်ပြင်တော်တွင် သံဃာအပါး (၅၀) ကျော် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း သိရှိရသည်။ ပြည်တွင်း ဦးဇင်းတစ်ပါးက -နေရာတော်တော်များများမှာ သပိတ်မှောက်ကံဆောင်ကြတယ်လို့ ဦးဇင်းကြားသိရတယ်လေ။ ပြည်တွင်းနေရာတော်တော်များများနှင့် ပြည်ပ နိုင်ငံများမှ သံဃာတော်များ အခုလို ပတ္တနိက္ကုဇ္ဇန ကံဆောင်ကြခြင်းဟာ တကယ့်ကို အောင်မြင်ပါတယ် ဟု ပြောကြားသည်။

ပြည်ပ၌ ထိုင်းနိုင်ငံ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာမှ သံဃာတော်များ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ကျင်းပသည်ဟု သတင်းရရှိသည်။

ဓာတ်ပုံ အရှင်ထာဝရ။ http://ashin-htavara.blogspot.com/
သတင်း ..ညီငယ် ခမိခဆဲ
http://kamikaze-2010.blogspot.com/