ကြံ့ဖွတ်တွေ နေရာတကာမှာ လူလည်ကျနေခြင်း။..။
မေးလ်ထဲမှပေးစာ။...။
အစ်ကိုတို့ရေ။ အစ်ကိုတို့ အဝေးရောက်မြန်မာများ ရဲ့ လှုပ်ရှားမှုများကို အားပေးကြိုဆိုပါတယ်။ နော်တို့ သတင်းတစ်ခုပေးချင်လို့ပါ။
အစ်ကိုတို့ဂျပန်က APIC အဖွဲ့ ရဲ့ ထောက်ပံ့မှုနဲ့ ကြံဖွံ့ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်၊ အမျိုးသားညီလာခံကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ အမျိုးသားတစ်ဦး ဂျပန်ကို ၂၃.၉.၂၀၀၉ရက်နေ့က ပညာတော်သင်သွားရတယ်။ ကာလကတော့ ၆လလို့ပြောတယ်။ နော်တို့ သိသလောက်ကတော့ အခြေအနေပေးရင် ကာလထပ်တိုးနိုင်တယ်လို့ပြောတယ်။ အခုIDEAS ကျောင်းနားက ဟိုတယ်မှာ နေဖို့ထားတယ်။
APICက ဂျပန်ရောက် မြန်မာများရဲ့ ပြီးခဲ့တဲ့လှုပ်ရှားမှုတစ်ရပ်ကြောင့် အဲ့ဒီလူကို ကြံ့ဖွံ့ကိုယ်စားလှယ်အနေနဲ့မလာဖို့ တိတ်တဆိတ် ညွှန်ကြားခဲ့တယ်လို့သိရတယ်။ နော်တို့သူငယ်ချင်းတစ်ယောက်က သူတက်ရမယ့်ကျောင်းကို စုံစမ်းကြည့် တော့ တိုကျိုက IDEAS တဲ့။ အဲ့ဒီကျောင်းက နိုင်ငံခြားကျောင်းသား တွေကို လက်ခံတဲ့အခါ အနည်းဆုံးTOEFL ၅၀၀ရမှ လက်ခံတယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ အခုအရွေးခံ ရတဲ့လူက ဘာစာမေးပွဲမှဖြေစရာမလိုပဲ အရွေးခံခဲ့ရတော့ တစ်မျိုးကြီးဖြစ်နေတယ်။ တစ်ဦးထဲဘာ အရည်အချင်းမှမလိုပဲ ကြံ့ဖွံ့ကလူလည်းဖြစ် ညီလာခံ ကိုယ်စားလှယ်လဲ ဖြစ်တာမို့ အရွေးခံရတာဖြစ်နိုင်တယ်လို့ယူဆမိပါတယ်။
နော်တို့သိတာကတော့ နိုင်ငံခြား ပညာသင်သွားရင် သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ ညီအောင် စာမေးပွဲတွေဖြေရတာချည်းပါပဲ။ နော်တို့ကိုယ်တိုင်လည်း စာမေးပွဲတွေဖြေနေပါတယ်။ အရည်အချင်းမပြည့်လို့ အရွေးမခံရသေးပါဘူး။ ဒီလိုမျိုးလေး ဘာမှဖြေစရာမလို ဘာအရည်အချင်းမှမလိုဘဲ ထောက်ပံ့ကြေးအများကြီးရတဲ့ ရွေးချယ်မှုတွေ နော်တို့လို ပြင်ပပြည်သူတွေလည်းရချင်တာပေါ့။ အားကျမိတာပေါ့။ နော်တို့ခက်သမျှ သူကျတော့ လွယ်လွန်းတယ်လို့ နော်တို့ထင်ပါတယ်။
နော်မွန်မြတ်
မေးလ်ထဲကို ပို့ပေးလာတာပါ။ ကြံဖွတ်တွေ ဂျပန်အထိ လာပြီးလူလည်ကျနေတာကို သတင်းပို့ပေးလာတာပါ။ ဆက်လက်စုံစမ်းပေးကြပါ။