ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်တွင်း ကံဆောင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး။..။




သို့

ဆရာတော် ( ၂ ) ပါးနှင့် ကိုကျော်ကျော် (TBM)ခင်ဗျား-

၂-၁၀-၀၉ ရက်နေ့ ည ၈ နာရီတွင် ပဝါယဏာပွဲအတွက် အာဏာပိုင်များမှ..

ကျောင်းတိုက်အသီးသီးရှိကျောင်းထိုင် ဘုန်းတော်ကြီးများအား ပဝါယဏာပြုရာ တွင်

အာဏာပိုင်များမှ သိမ်များ ကို မိမိတို့ရွေးချယ် ထားပြီးဖြစ်ကြောင်း လှူဖွယ်ပစ္စည်းများကို

လည်း မိမိတို့မှ သေချာစီစဉ်ထားပြီးဖြစ်ကြောင်း ထို့ကြောင့် မိမိတို့ အစီအစဉ်များကို မလိုက်နာ တဲ့ သံဃာတော်များအား တည်ဆဲ ဥပဒေ အရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းများ လိုက်လံ ပြောဆိုနေပါသည်။

ထို့အတွက်ကြောင့် မိမိတို့ သံဃာ့တပ်ပေါင်းစု(အဖွဲ့ခွဲ) မှ အဖွဲ့ဝင် သံဃာတော်များသည် လှိုင်သာယာမြို့နယ်တွင် ကျောင်းတိုက်တတိုက် သံဃာအင်အား ၁၂ ပါးနှင့်ကျောင်းသုံးကျောင်း၊ထန်းတပင်မြို့နယ် ရွာတရွာတွင် သံဃာအင်အား (၉) ပါးနှင့်ကျောင်းတကျောင်း၊လှိုင်မြို့နယ် ရပ်ကွက် ၃ ခု ကျောင်းတိုက် (၂) တိုက်တွင်သံဃာတော်အင်အား(၁၁) ပါး၊မရမ်းကုန်းမြို့နယ် ကျောင်းတိုက်(၃)ခု သံဃာတော်အင်အား ၁၁ ပါးနှင့်အင်းစိန်မြို့နယ် ကျောင်းတိုက်(၅)တိုက် တွင် သံဃာတော်အင်အား ၁၃ ပါးစီ တို့သည် တတိယအကြိမ်ပတ္တနိက္ကုဇနကံဆောင်ပွဲအား အောင်မြင်စွာ ကျင်းပ ပြုလုပ်လှုပ်ရှားခဲ့ကြပါသည်။

ဝေါမြို့နယ်မှ ဘာသတင်းမှ မပို့သေးပါ။

အထက်ပါ သံဃာတော်များမှ ဦးဆောင်ပြီး လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ရာ

ကျောင်းတိုက် အတွင်းနှင့်အပြင်များ၊နေရာ တော်တော်များများတို့တွင် အာဏာပိုင်၊ကြံ့ခိုင်ရေး၊စွမ်းအားရှင်များ မှ မိမိ အင်အား ထက်များစွာ တည်ရှိနေခြင်းကြောင့် မထွက်ဖြစ်ခဲ့ပါ၊

မည်သို့ ဆက်လက်လှုပ်ရှားရမည်ကို အကြောင်းပြန်ပေးပါရန် ဦးတိုက်လျှောက်ထားအပ်ပါသည်ဘုရား။

အားကိုးလေးစားစွာဖြင့်

သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲ ကိုယ်စားလှယ်များ

ဦးဝေပုလ္လ

ဦးနန္ဒစရိယ

ဦးကုသလ

ဦးခေမာသီရိ

ပေးပို့လာသူ အရှင်သောပါက ၊ မြေသြဇာ။..။