ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကိုအောင်မိုးဝင်းမှ(ပြည်ပရောက် ကချင်အမျိုးသားအစည်းအရုံး OKA သို့)ပြန်လည်ဖြေရှင်းချက်။


ရှင်းရှင်းလင်းလင်းသိထားစေချင်တာက---

ကျနော့ရဲ့အမျိုးတွေကလည်း ကချင်တွေဆိုတာပါပဲ။ အခုတိုင် ကျနော့်အမျိုးတွေ ငြိမ်းချမ်းရေးတပ် ခေါင်းဆောင်တွေထဲမှာ ရှိပါတယ်။

မိုးညှင်းက အာအိုင်တီကျောင်းသားတွေ (မျိုးဝင်းအပါအဝင်)၊ မြင့်ကျော်၊ တင်စိုးဦး တို့ကိုမေးကြည့်ရင် ကျနော်တို့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။ မြောက်ပိုင်းကိစ္စကို ပြောတဲ့အခါ၊ ဘယ်အုပ်စုကို ရည်ညွှန်းတယ်ဆိုတာ ကျောင်းသားတွေသိတယ်။

သတ်ခဲ့တဲ့သူတွေရော ၊အသတ်ခံရတဲ့သူတွေရော၊ မိတ်ဆွေတွေချည်းပဲ။ သမိုင်းကို နားမလည်ရင်လည်း ငြိမ်ငြိမ်လေးနေစေချင်တယ်။ အုပ်စုအမျိုးမျိုးက ပြောကြတဲ့အခါ၊ မန္တလေးသူ၊ သားတွေရဲ့ အမြင်နဲ့ဘယ်တူပါမလဲ။ အမြင်အမျိုးမျိုး ရှိနိုင်တာပေါ့။

_ာတွေနဲ့တရုန်းရုန်း အမြင်မတော်အောင် နေနေခဲ့တာ၊တည်းခိုခန်းတွေမှာ သေနတ်ပစ်ပြီး ခြိမ်းခြောက်တာကို ရိုင်းတယ်လို့ပြောတာ မကျေနပ်ရင်လည်း မောင်ရင်တို့သဘောပေါ့။ ဘိန်းဘုရင်တွေကို ကိုယ်တို့က တော်လှန်ရေးသမားလို မဆက်ဆံနိုင်ဘူး။

ကိုယ်တို့က စက်မှုတက္ကသိုလ် ကျောင်းသားတွေ။ အချက်အလက်နဲ့ပဲ ပြောတယ်။ မူပေါ်မှာပဲပြောတယ်။ နောင်လည်းပြောအုံးမယ်။ သူများစာကိုဖတ်တဲ့အခါ၊ စာရဲ့အနှစ်သာရကို ရှင်းအောင်ဖတ်စေချင်တယ်။ ကိုယ်လိုချင်တာကို ဆွဲတွေးတဲ့အခါမျိုးကျ၊ ကိုယ့်အရည်အချင်းကို ကိုယ့်ဘာသာ ဖေါ်ပြသလိုမျိုး ဖြစ်သွားတတ်တယ်။ ရှင်းပြမနေချင်တော့ပါဘူး။

အောင်မိုးဝင်း
ဗမာ(၅၀%)၊ ကချင် (၅၀%)


ကိုအောင်မိုးဝင်းရဲ့ မီးကွင်းပစ်သူများ ဆောင်းပါး ဖတ်ချင်ရင်...
http://www.yeyintnge.com/2009/10/blog-post_4649.html

(ပြည်ပရောက် ကချင်အမျိုးသားအစည်းအရုံး OKA )၏ ဆောင်းပါး။
http://www.demowaiyan.co.cc/2009/10/all-articles.html