ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၇ရက်နေ့ည ဆက်သွယ်မေးမြန်းရ သတင်းများ။..။


ယနေ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာရိပ်သာတွင် ထပ်မံတွေ့ဆုံခဲ့ကြောင်းနှင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင်နှင့် တွေ့ခွင့်ရရန် စာတင် တောင်းဆိုမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
.
....ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီနေ့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။. မိနစ်၃၀လောက်တွေ့ခွင့်ရတယ်လို့သိရပါတယ်။ .....အဓိကကတော့ Sanction ကိစ္စလို့ထင်ပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး.. ။

......ဒီကနေ့ ဗဟိုတရားရုံးချုပ်ကို ထပ်ပြီး အယူခံတင်ဖို့ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ကြည်တို့ တွေ့ဖို့ကိစ္စပေါ်လာတဲ့ အတွက်ကြောင့် အန်ကယ်တို့ တွေ့ခွင့်မရတာလို့ ဒီလိုပဲ ထင်မြင်ပါတယ်။ ဒီအပါတ် ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှာပါ......
ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံသို့ Sanction နဲ့ပါတ်သတ်ပြီး စာရေးသား ပေးပို့ခဲ့ပြီးချိန်မှ စပြီးဆက်တိုက် ဆိုသလို စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေကို ပြုလုပ်လာတာကို တွေ့နေရကြောင်း လေ့လာ သုံးသပ်သူများက ဆိုပါတယ်။


ဆက်လက်ပြီး ...မနက်ဖြန် အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုညီညီအောင်နဲ့တွေ့ခွင့်ရဖို့ စာတင်တောင်းဆိုပါမယ်။ ခွင့်ပြုမပြုတော့ မသိနိုင်သေးပါဘူး။.....

မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခြင်းခံရပြီး စက်တင်ဘာ၁၇ရက် နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ စစ်အစိုးရမှ ကိုညီညီအောင်အား စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွဲချက် တင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ဖြစ်နေပြီဖြစ်တဲ့ ကိုညီညီအောင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးရန် အမေရိကန်သံရုံးမှ ရှေ့နေကြီးဦးကြည်ဝင်းနဲ့ ဦးဥာဏ်ဝင်းတို့အား တိုက်ရိုက်တောင်းဆိုခဲ့တဲ့ အတွက် ရှေ့နေကိုယ်စားလှယ် လွှဲစာကို မနေ့က သွားရောက်ရယူခဲ့ပါတယ်။ ရှေ့နေကြီးဦးကြည်ဝင်းနဲ့ ဦးဥာဏ်ဝင်းတို့ ၂ဦးဟာလက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေဖြစ်ပါတယ်။..။

သတင်း....ဒီမိုဝေယံ.။...။