ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တောင်ကိုရီးယား သတင်းဋ္ဌာနက ထုတ်လွှင့်ခဲ့တဲ့ ၁၉၈၃ခုနှစ် အာဇာနည်ဗိမ္မာန် ဗုံးပေါက်ကွဲမှု ရှားပါးမှတ်တမ်းရုပ်သံ..

၁၉၈၃ခုနှစ် တရားရုံး ရုံးထုတ်စဉ်က ဗိုလ်မှူးဇင်မို ဘယ်နှင့် ဗိုလ်ကြီးကင်မင်ချူး(ညာ)တို့အား တွေ့ရစဉ်...
ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?l1a1yucb45wnb2e
တောင်ကိုရီးယား သတင်းလွှင့်ဋ္ဌာနက ထုတ်လွှင့်သွားတဲ့ ၁၉၈၃ခုနှစ် အောက်တိုဘာလ ၉ရက်နေ့က အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု မှတ်တမ်းသတင်းနဲ့ ထိုစဉ်က မြောက်ကိုရီးယား ဗိုလ်မှူးအဆင့်ရှိ ဇင်မိုနဲ့ ဗိုလ်ကြီးကင်မင်ချူးတို့ကို တရားရုံးထုတ်စဉ် မြင်တွေ့ရတဲ့ မြင်ကွင်းတွေနဲ့ ဖမ်းဆီးရမိစဉ်က တွေ့ရှိရတဲ့ မြင်ကွင်း ရုပ်သံဖိုင်ပါ...။
အထက်ပါ သတင်းတွေနဲ့အတူ ပြည်တွင်းက ပေးပို့လာတဲ့ မြန်မာပြည်တွင်း ပင်းပက်တောင် စီမံကိန်းမှာ လုပ်ကိုင်နေကြတဲ့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားလူမျိုးတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရေးသားပေးပို့ လာတဲ့ သတင်းတိုလေးကတော့....

လွန်ခဲ့တဲ့ ၄ ရက် လောက်က ရှမ်းပြည်တောင်ပိုင်း ၊ တောင်ကြီးနားက ပင်းပက် (သံသတ္တုတွင်း)၊ (အစိုးရက ယူရေနီယံ ရတယ်လို့ ယူဆပြီး ထုတ်လုပ်နေတဲ့ နေရာ) အတွက်လာတဲ့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဝန်ထမ်း တွေ ပြဿနာ အကြီးအကျယ် ဖြစ်ကြပါတယ်။ တောင်ကြီးအောက် ၄ မိုင်စခန်း မှာ ဖြစ်တာပါ။ (ဒါက အတော်သေချာတဲ့ သတင်းပါ။)

ဒီကိစ္စ အတွက် ဒီနေ့ ဒုသမ္မတ တင်အောင်မြင့်ဦးနဲ့ ဗိုလ်ချုပ်ကိုကိုတို့ သွားစစ်ဆေးဖို့ လုပ်ပါတယ်။ အဲဒီအတွက် လုံခြုံရေး ယူတဲ့အခါ တောင်ကြီးအောက် ၂ မိုင် ခန့်အကွာမှာ မိုင်းဗုံးတွေ ထောင်ထားတာ ၁၀ လုံးကျော် တွေ့တယ်လို့ သတင်းရပါတယ်။ ဆိုပြီးပေးပို့လာပါတယ်....။

အနှစ်(၃၀)နီးပါးအတွင်း မြန်မာပြည်တွင်းမှာ ထပ်မံကြုံတွေ့ ရမယ့်  မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ရဲ့ ပဋိပက္ခပါ..။ ဒါ့အပြင် ရန်ကုန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြောက်ကိုရီးယား စားသောက်ဆိုင် ဖွင့်တယ်ဆိုလို့ ဒီရုပ်သံဖိုင်ကြည့်ပြီးမှ ပြုံယမ်းစားသောက်ဆိုင် သွားစားပါလို့ တိုက်တွန်းပါရစေ..။

ယခင်ဖော်ပြခဲ့ဘူးတဲ့ ပင်းပက်တောင် တိုင်းရင်းသား ပအိုဝ်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း၊ သတင်း၊ ဓာတ်ပုံတွေကို အောက်မှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်...။

ပင်းပက်တောင်သေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုခံနေရတဲ့ တိုင်းရင်းသား ပအိုဝ်းလူမျိုးတွေရဲ့ မှတ်တမ်း
Pinpet - Burmese (for Web)

ယခင်တင်ထားတဲ့ ပင်းပက်တောင် စပ်ဆက်သတင်း ပိုစ့်များ ပြန်ဖတ်ချင်ရင်...
http://www.demowaiyan.co.cc/2010/06/blog-post_561.html

http://www.demowaiyan.co.cc/2010/06/blog-post_07.html

http://www.demowaiyan.co.cc/2009/11/blog-post_1792.html

ပင်းပက်တောင် ဝန်းကျင် ပအိုဝ်းကျေးရွာတွေမှာ ရွာတွေကို အတင်းအကြပ် ပြောင်းခိုင်းလိုတဲ့အတွက် ရွာသူကြီးအား ဖမ်းဆီးနှိပ်စက်ပုံ.. မိုင်းနင်းမိတဲ့ အပြစ်မဲ့ ရွာသားတွေပုံ.. ရောဂါဝေဒနာ ခံစားနေရပုံစတဲ့ သွေးပျက်ဖွယ် ဓာတ်ပုံများ အောက်က လင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။