ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ငလျင်ဒဏ်ခံရပြီး ၁၀ရက်မြောက်နေ့မှာ အသက်(၈၀) အဖွားဖြစ်သူနဲ့ အသက်(၁၆)နှစ်အရွယ် မြေးဖြစ်သူတို့အား ကယ်တင်နိုင်ခဲ့တဲ့ သတင်းနဲ့ နျူကလီးယား ဓာတ်ပေါင်းဖို နောက်ဆက်တွဲ သတင်း.. (ရုပ်သံ)

ပြိုကျနေတဲ့ နေအိမ်နဲ့ အမှိုက်တွေ အောက်မှာ ၁၀ရက်ကြာ ပိတ်မိနေပြီး ၂၀ရက်နေ့က ရဟတ်ယာဉ်ဖြင့် တင်ဆောင် ကယ်တင်လာတဲ့ အသက်(၈၀)အရွယ် အဘွားဖြစ်သူနဲ့
အသက်(၁၆)နှစ်အရွယ် မြေးဖြစ်သူတို့အား ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ သယ်ဆောင်လာစဉ် မြင်ကွင်း... 

နှစ်ထပ်နေအိမ်ရဲ့ ဒုတိယထပ် မီးဖိုချောင်မှာ ထမင်းစားနေစဉ် ဆူနာမိ ရေလှိုင်းများ ရုတ်တရက် တက်ရောက်လာပါတယ်..။ နေအိမ် နှစ်ထပ်အထိ ရေလှိုင်းများ ဝင်ရောက်လာကာ မီးဖိုခန်းနှင့် ပစ္စည်းများ ပြိုကျ ပျက်စီးခဲ့ပြီး.. မြေးအဘွား နှစ်ဦးရှိနေတဲ့ အခန်းဟာလည်း ရေလှိုင်းတွေနဲ့ အတူ မီတာ၁၀မီတာ ကျော်လောက်အထိ မျောပါသွားခဲ့ပါတယ်..။ ရေနဲ့အတူမျောပါသွားပြီး ပြိုကျပျက်စီးသွားတဲ့ ကျဉ်းမြောင်းတဲ့ မီးဖိုခန်းရဲ့ နေရာလေးအတွင်းရှိရေခဲသေတ္တာထဲမှ နွားနို့၊ ကိုကာကိုလာ၊ ဒိန်ချဉ်နဲ့ ရေကိုသောက်သုံးပြီး ရေမစိုတဲ့ ဆောင်ကိုပတ်ကာ ကယ်ဆယ်မယ့် သူကို စောင့်မျှော်နေခဲ့ရပါတယ်..။ ဘေးပတ်ဝန်းကျင်မှ အိမ်တော်တော်များများကတော့ ရေနဲ့ မျောပါသွားပါတယ်..။ ၂၀ရက်နေ့မှာတော့ ကယ်ပါဆိုတဲ့ အသံကို ကြားရတဲ့ ရှာဖွေကယ်ဆယ်ရေး ရဲဝန်ထမ်းများမှ အမှိုက်သရိုက်တွေ ဖုံးလွှမ်းနေတဲ့ အိမ်ရဲ့အောက်ခြေနားမှာ မြေးဖြစ်သူအား စတင်တွေ့ရှိခဲ့ပြီး အမှိုက်သရိုက်များကို ဖယ်ရှားကာ အောက်မှာရှိနေတဲ့ အဘွားဖြစ်သူကိုပါ ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်..။ (အကျဉ်းချုပ် ပြန်ဆိုပါသည်)
(ဓာတ်ပုံ Asahi ၂၀ရက်နေ့ ညနေ ၅နာရီ ၇မိနစ် မြင်ကွင်း)
ANN သတင်းဋ္ဌာန ရုပ်သံ
ငလျင်ဒဏ်နဲ့ ဆုနာမိရေလှိုင်းဒဏ်ခံရတဲ့ မီယာဂီခရိုင် အိရှိမါကီမြို့ရဲ့ ပြိုကျနေတဲ့ အဆောက်အဦးနဲ့ အမှိုက်သရိုက်တွေအောက်မှ အာဘဲစုမိစန် အသက်(၈၀) အဘွားဖြစ်သူနဲ့ အာဘဲဂျင်းစန် အသက် (၁၆)နှစ်အရွယ် မြေးဖြစ်သူ တို့အား ၂၀ရက်နေ့ ညနေ(၄)နာရီမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်..။

မြေးအဘွား(၂)ဦးဟာ ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျနေတဲ့ အဆောက်အဦးနဲ့ အမှိုက်သရိုက်တွေ အောက်က ကျဉ်းမြောင်းလှတဲ့ Space ကြားမှာ ရေခဲသတ္တာအတွင်းမှ ရေနဲ့ ဒိန်ချဉ်များကို စားသောက်ရင်း ကယ်တင်မယ့်သူကို စောင့်မျှော်နေခဲ့ကြပါတယ်..။ အဆိုပါ မြေးအဘွား (၂)ဦးဟာ အခြေအနေ ကောင်းမွန်ပြီး စကားပြောဆိုနိုင်ကြောင်းနဲ့ စတင်တွေ့ရှိရချိန်မှ စ၍(၁)နာရီအတွင်း ကယ်ထုတ်နိုင်ခဲ့ပြီး အိရှိမါကီမြို့ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူ ပို့ဆောင်ခဲ့ကြောင်း ကြေငြာသွားပါတယ်..။ ယခုလက်ရှိ ငလျင်ဒဏ်နဲ့ ဆူနာမိဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးသူပေါင်း ၁သောင်း ၉ထောင်ကျော် ရှိပြီဖြစ်ကြောင်း သိရှိရပါတယ်..။

မြန်မာအသိုင်းအဝန်းမှ လူမှုရေး စေတနာရှင်များမှလည်း ခေါက်ဆွဲခြောက် အထုပ်ရေ (၅၀၀၀) ထောင်ခန့်အား လာမယ့် အင်္ဂါနေ့မှာ အဆိုပါ ငလျင်ဒဏ်နဲ့ ဆူနာမိဒဏ်ခံဒေသများမှ ပြည်သူများအား သွားရောက် လှုဒါန်းမည်ဟု သိရှိရပါသည်...။

ဒီမိုဝေယံ.. 

နျူကလီးယား ဓာတ်ပေါင်းဖိုများအတွင်း ရေပက်ဖြန်း လောင်းဖြည့်မှုအား အမေရိကန်စစ်တပ်မှ မောင်းသူမဲ့ မီးသတ်စက်များ ငှားရမ်းအသုံးပြုမည်ဟု ကြေငြာသွားပါတယ်..။ အဆိုပါရေပက်ဖြန်း လောင်းထည့်သည့်လုပ်ငန်းမှာ လနဲ့ချီ၍ ကြာမြင့်နိုင်ကြောင်း ကြေငြာသွားပါတယ်.. (TBS ရုပ်သံသတင်း)

နျူကလီးယား ဓာတ်ပါင်းဖို နောက်ဆုံးရ သတင်းများ (ကိုကျော်ကျော်စိုး)

၂၀ ရက်နေ့ ၁၅း၄၆ နာရီမှာ ဓာတ်ပေါင်းဖိုနံပတ် ၂ ရှိတဲ့ အဆောက်အဦအထိ လျှပ်စစ်ဓာတ်အားကြိုး သွယ်တန်းလို့ ပြီးသွားပြီလို့ TEPCO က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အခက်အခဲပြသနာ မရှိဘူးဆိုရင် နံပတ် ၂ ဓာတ်ပေါင်းဖိုမှာ လျှပ်စစ်ဓာတ်အား ပြန်ပေးနိုင်မယ်လို့ ဆိုပါတယ်။

ထိုအတောအတွင်း နံပတ် ၅ နဲ့ နံပတ် ၆ ဓာတ်ပေါင်းဖိုတွေဟာ တည်ငြိမ်တဲ့အနေအထား ဖြစ်လာပြီလို့ အာဏာပိုင်တွေကဆိုပါတယ်။ အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နို က အခြေအနေတွေ ဆိုးမလာအောင် ထိန်းသိမ်းဖို့ ကြိုးပမ်းနေတာတောင် အပြောင်းအလဲတွေက ဖြစ်နိုင်ခြေရှိတယ်လို့ မတ်လ ၂၀ ရက် နေ့လယ်ပိုင်း ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

နံပတ် ၃ ဓာတ်ပေါင်းဖိုထဲကို စုစုပေါင်း ရေတန်ချိန် ၂၀၀၀ လောက်ပက်ဖျန်းခဲ့ပြီးပြီလို့ သိရပါတယ်။ အဲဒါပမာဏဟာ ဓာတ်ပေါင်းဖိုက လက်ခံနိုင်တဲ့တန်ချိန် ၁၄၀၀ ထက် များစွာကျော်လွန်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အသုံးပြုပြီး လောင်စာတောင့်တွေ သိုလှောင်ရာ ရေကန်ထဲကို ဘယ်လောက်ဝင်သလဲဆိုတာ တော့ မသိနိုင်ပါဘူး။

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်အကြီးအကဲ IAEA ယုကိယာ အာ့မာ့နိုဟာ ဂျပန်ကို ၂ ရက်ကြာ လာရောက် လေ့လာမှုတွေပြုခဲ့ပြီးတဲ့နောက် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ပြန်သွားခဲ့ပါတယ်။ IAEA အကြီးအကဲက အခုနေခါ အခြေအနေတွေဟာ အကောင်းဘက်ကို ဦးတည်နေပြီလို့ ပြောလို့မရသေးဘူး လို့ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီး တိုရှိမိ ခိတာ့ဇာဝါ က ဓာတ်ပေါင်းဖို ၆ လုံးစလုံး အပူချိန် ၁၀၀ံ စင်တီဂရိတ်အောက်ကို ရောက်နေပြီလို့ဆိုပါတယ်။ ဒါပေမဲ့ နံပတ် ၃ ဓာတ်ပေါင်းဖိုမှာ ခဏလောက် အပူချိန်မြင့်တက်ခဲ့သေးတယ် လို့ပြောပါတယ်။ အဲဒီဓာတ်ပေါင်းဖိုမှာ အသုံးပြုတဲ့ လောင်စာတောင့်ဟာ ပလူတိုနီယံနဲ့ယူရေနီယံကို ပေါင်းစပ်ထားတဲ့ Mixed oxide MOX လို့ခေါ်ပါတယ်။ အဲဒီဒြပ်ပေါင်းဟာ အပူချိန်လွန်ပြီး ပျော်ကျသွားလို့ ရှိရင် အင်မတန်မှ အဆိပ်သင့်မှုပြင်းတဲ့ ပလူတိုနီယံ ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် ဓာတ်ပေါင်းဖိုတွေရဲ့အပူချိန် လျော့ကျပြီး တဖြည်းဖြည်းအေးသွားအောင် လုပ်ဖို့ ကြိုးစား နေကြတာဖြစ်ပါတယ်။

ကျော်ကျော်စိုး
မနက် ၁း၄၄ နာရီ
မတ်လ ၂၁ ရက် ၂၀၁၁ ခုနှစ်