ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အပြည်ပြည်ဆိုင်ရာသံယာ့ရုံးခန်း(ဂျပန်ဋ္ဌာနခွဲ)မှ ကြီးမှုးကျင်းပခဲ့တဲ့ အွန်လိုင်းမေတ္တာပို့ ဆုတောင်းပွဲအခမ်းအနား....

ပြီးခဲ့တဲ့ ၁၄ရက်နေ့ က အပြည်ပြည်ဆိုင်ရာသံယာ့ရုံးခန်း(ဂျပန်ဋ္ဌာနခွဲ)မှ ကြီးမှုးကျင်းပခဲ့တဲ့ အွန်လိုင်းမေတ္တာပို့ ဆုတောင်းပွဲအခမ်းအနားကို တိုကျိုမြို့ ဆုဂါမိုအရပ်ရှိ အပြည်ပြည်ဆိုင်ရာသံယာ့ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာသံယာ့ရုံးခန်း(ဂျပန်ဋ္ဌာနခွဲ)မှ တာဝန်ခံဆရာတော် ဦးဓမ္မဇောတိမှ အပြည်ပြည်ဆိုင်ရာ မှသံဃာတော်များနှင့် အွန်လိုင်းမှ တိုက်ရိုက် မေးမြန်းဆက်သွယ်ပြီး ပြည်တွင်းပြည်ပမှ သံဃာတော်များမှ ၂၀၁၀ခုနှစ်ရွေးကောက်ပွဲနှင့် ပါတ်သတ်တဲ့ အမြင်များကို ဖြေကြားဆွေးနွေးသွားပါတယ်။

ဆွေးနွေးဖြေကြားသွားတဲ့ သံဃာတော်များကတော့...

ဥိးခေမာစာရ အမေရိကား

ဦးဣသရိယ ထိုင်း

ဥိးနေမိန္ဒ ထိုင်း

ဦးထာဝရ အိန္ဒိယ

ဦးသြဘာသ နယူးဇီလန်

ဦးဓမ္မဇောတိ ဂျပန်

ဦးဓမ္မရာဇာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ ပြည်တွင်းတာဝန်ခံ(မြန်မာ)

ဦးဓမ္မဝံသ သိရိလင်္ကာ

ဦးဆေကိန္ဒ အင်္ဂလန်

ဦးသောပါက ဂျာမဏီ

တို့မှ ဆွေးနွေးသွားခဲ့ပြီး မြန်မာပြည်သူပြည်သားများအတွက် သစ္စာဆို မေတ္တာပို့ကာ အွန်လိုင်းမေတ္တာပို့ ဆုတောင်းပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။

ဆွေးနွေးချက် အသံဖိုင်များကို ဆက်လက်ဖော်ပြပါမည်။