ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မဲဆောက်မြို့မှ ထိုင်းရဲများ....

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားများ..
မဲဆောက်မြို့က ထိုင်းရဲတွေကတော့ မြန်မာတွေကို အကြောင်းပြုပြီး အလုပ်ဖြစ်နေကြပါတယ်။ နေထိုင်ခွင့်မရှိတဲ့ မြန်မာတွေကို ဖမ်းလိုက် ငွေတောင်းလိုက် ပြန်လွှတ်လိုက် ငွေလိုရင် ပြန်ဖမ်းလိုက် ပြန်လွှတ်လိုက်နဲ့ပေါ့။ ဖမ်းတာကတော့ နည်မျိုးစုံ ခရီးသည်တင် ကားတွေကိုစစ် ငွေတောင်း ဆိုင်ကယ်ကယ်ရီနဲ့ မြန်မာတွေကိုဖမ်း ငွေတောင်း နည်းမျိုးစုံပါပဲ... ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ဘဝကတော့ ပြေးစရာ မြေမရှိ အနှိမ်ခံဘဝတွေပါ...။ မဲဆောက်က ရဲတွေက သူတို့မဲဆောက်မှာ နေပြီး ဆပ်ကြေးကောက်နေရတဲ့ ဘဝကို ဘယ်လောက် သာယာနေသလဲဆိုရင်.. ငွေရချောင်တဲ့ မဲဆောက်ကနေ တခြားနေရာကို ပြောင်းရမှာ စိုးတဲ့ အတွက် ယတြာတောင် ချေတယ်လို့ ကြားသိခဲ့ရပါတယ်...။

ဝန်ကြီးချုပ်ဆိုပြီး နာမည်ခံထားတဲ့ ဗိုလ်သိန်းစိန်ပြောတဲ့ မြန်မာအယောင်ဆောင်ထားတဲ့ တိုင်းတပါးအလိုတော်ရိဆိုတဲ့ စကားကို... ပြန်ပြောရရင်တော့.. တိုင်းတပါးမှာ မြန်မာအယောင်ဆောင်လို့ကတော့ ဖမ်းခံရမှာ၊ အနှိမ်ခံရမှာပါပဲ... ထိုင်းယောင်ဆောင်တာမှ အဖမ်းခံရတာ လွတ်ချင်လွတ်ဦးမယ်။ မလေးရှားလဲ မလေးရှားအလျှောက်.. ဘာလို့ဆိုတော့ ကိုယ့်တိုင်းသူပြည်သားတွေကို ထမင်းတောင် နပ်မှန်အောင်မကျွေးနိုင် ရေ၊ မီးလေးတောင် မှန်မှန်လာအောင် မလုပ်ပေးနိုင်တော့ ဒီလိုပဲ တိုင်းတပါးမှာ.. စွန့်စားပြီးသွားရောက် အလုပ်လုပ်ကိုင် နေကြရတာပါ...။ မြန်မာတွေ သူများနိုင်ငံမှာ ကျွန်လို အပယ်ခံ အနှိမ်ခံနေရတဲ့ ဘဝရောက်အောင် တွန်းပို့ခဲ့တဲ့ အဓိက တရားခံတွေကတတော့ ဘယ်သူတွေဆိုတာ အားလုံးသိကြပြီးတဲ့ အတိုင်းပါပဲ.. အထူးပြောစရာ မလိုတော့ပါဘူး.....။

့ပြည်တွင်းထဲမှာ မျက်စိမှိတ်ပြီး ပထွေးအကြိုက် ပြည်သူတွေကို စော်ကားပြီး အော်ချင်တိုင်းအော် ပြောချင်တိုင်း ပြောနေတဲ့ (၂၀၀၉)အပြေးချန်ပီယံ ဖိနပ်သိန်းစိန်နဲ့ မီဒီယာကို ပလာယာနဲ့ကိုက်မယ်ဆိုတဲ့ ပါလေရာကျော်ဆန်းတို့ ပြည်သူ့မေတ္တာကို တနေ့ကောင်းကောင်းကြီး ခံကျရတော့မှာပါ.. အလှည့်ကျရင် တော့ မနွဲ့ကြစတမ်းပေါ့....

ဗီဒီယိုမှတ်တမ်း အရှင်သောပါက...