ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်ထောင်စု ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ငါးလခန့်သာ အချိန်ရမည်ဟု ရဲချုပ်ခင်ရီ ပြောကြား ...


ပြည်ထောင်စု ရွေးကောက်ပွဲများကို လာမည့် ၁၀ လပိုင်းတွင် ကျင်းပမည်ဟု မျှော်မှန်းထားရာ နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးခွင့် ၅ လခန့်သာ အချိန်ရမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက နေပြည်တော် လယ်ဝေးမြို့တွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသွားသည်။

မကြာမီကာလအတွင်း ပါတီများ မှတ်ပုံတင်ခွင့်ရကြမည်ဖြစ်ပြီး စည်းရုံးရေး မဲဆွယ်လုပ်ငန်းများအတွက် အချိန်ပေးတော့မည်ဟု ရဲချုပ်က ပြောကြားခဲ့ပြီး၊ ယင်းကာလအတွင်း မြို့မိမြို့ဖများအနေဖြင့် နိုင်ငံနှင့် လူမျိုးအတွက် အရွေးချယ်မမှားကြရန် လိုအပ်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ရဲချုပ်ခင်ရီက ပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲများ ကျင်းပချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ အန္တရာယ်ကို ကာကွယ်နိုင်ရန် မြို့မိမြို့ဖများပါဝင်သည့် ရွေးကောက်ပွဲ လုံခြုံမှုအဖွဲ့များ ဖွဲ့စည်းသွားမည်ဟု ဆိုခဲ့ပြီး ယင်းအဖွဲ့ဝင်များကို မိုင်းရှင်းသင်တန်း၊ အဓိကရုန်း နှိမ်နင်းရေးသင်တန်းများ တက်ရောက်ရမည်ဟု ပြောကြားသွားခဲ့သည်။
ကိုဝဏ္ဏဘလော့မှ