လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ် (ရိုက်တာရုပ်သံဖိုင်...)
အမှတ်၁ လယ်ယာသုံး စက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ငှားရမ်းမှုအကြောင်း အသိပေး တိုင်ကြားစာ..
အမှတ်၁
လယ်ယာသုံး စက်ကိရိယာ
ပစ္စည်း
ထုတ်လုပ်ရေးစက်ရုံ
(၉မိုင်
စက်မှုလယ်ယာ)ကို ၂၀၁၂
စက်တင်ဘာ
လောက်မှာ
စက်ရုံကို
ပုဂ္ဂလိက
ငှားမယ်ဆိုပြီး
သတင်းစာထဲထည်.ပါတယ်၊စတာက
အဲဒီမှာတည်းက
စတာပါ၊ဘုတ်အဖွဲ.က ဒီစက်ရုံဟာ
နိုင်ငံတော်အတွက်
အကျိုးအမြတ်
ရှိနေသလို
တောင်သူလယ်သမားတွေအတွက်လည်း
အထောက်အပံ့ ကောင်းကောင်းဖြစ်နေတဲ့အတွက်
ကန်.ကွက်ခဲ့ပေမယ်.
ဝန်ကြီး
တစ်ဦးတည်းရဲ.
သဘောထားနဲ.
ငှားမယ်ဆိုပြီးဖြစ်တာလို.သိရပါတယ်။
ပိုစိတ်ဝင်စားစရာကောင်းတဲ့အကွက်တစ်ခုလည်းရှိပါသေးတယ်
။
သတင်းစာထဲမထည်.ခင် ခုလက်ရှိရသွားတဲ့
Young Investment Group (အင်းလျားကန် မျက်စောင်းထိုး
ပြည်လမ်းမကြီးပေါ်မှာ
သူတို.ကားအလုပ်ရုံ ရှိပါတယ်)က တာဝန်ရှိသူတွေက
အဲဒီစက်ရုံကို
အရင်ရောက်လာပြီး
ဒီစက်ရုံငှားမလို.
အဘကိုပြောထားပြီးသား
ဝင်ကြည့် ချင်တယ်ဆိုပြီး ရောက်လာတာပါပဲ။ ဆုံးဖြတ်ချက်တောင်မကျသေးတဲ့
စက်ရုံကိုငှားဖို.ပြောထားပြီးပြီ
ဆိုတာကတော.
? ထပ်သေချာသွားတာကတော.
တစ်ပတ်အတွင်းမှာပဲ
အဲဒီCompany
ကို
ငှားရမ်းခွင်.ပြုလိုက်ပါတယ်တဲ့၊ဒီ .ထက်ပို
စိတ်ဝင်စားစရာက
ဒီဝန်ကြီးဌာန
အောက်မှာရှိတဲ့
သင်္ဃန်းကျွန်းဆီသန်.စက်ရုံကိုလည်း
ဒီ
Company ပဲရသွားပါတယ်၊
Young Investment Group
ဝါကြိတ်စက်ရုံတွေလည်း
ဒီ
Company ပဲရထားသလို
ပျဉ်းမပင်ပန်ကာကြိုး စက်ရုံကလည်း
ဒီ
Company ပဲထင်ပါတယ်။ တိုက်ဆိုင်တာလား
ပိုင်တာလားတော.
စစ်ကြည်.မှသိမယ်ထင်ပါရဲ.
။ ခု
၉မိုင်
စက်ရုံကိစ္စကလည်း
အဲ့ဒီတည်းက
ကြိုးစားနေပေမယ်.
ရှေ့နေချုပ်ရုံးက
ကန့်ကွက်
မြေယာပိုင်ဆိုင်မှု ဆက်နွယ်နေတဲ့
ကာကွယ်ရေးဝန်ကြီးဌာန
က
ကန့်ကွက်နဲ့ပဲ အတော်အံ.အားသင်.ဖွယ်ရာ
ကြိုးစားမှုတွေနဲ.
အခုတော.
အားလုံးက သဘောတူလိုက်ပါတယ်တဲ့။ ဒြါေ
နောက်တစ်ခုက လေ.လာမိသလောက် လွှတ်တော်မှာ ပုဂ္ဂလိက လွှဲပြီးသွားရင် စာချုပ်ပါစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ခြင်းရှိ/မရှိ ဆန်းစစ်တဲ့ ကော်မတီ တစ်ရပ်ရှိတယ်လို.ပြောပါတယ်၊ဒီေ
ခုဒီစက်ရုံကို တစ်လ သိန်း ၅၀၀ နဲ.ငှားတယ်လို.သိရပါတယ်..အကျယ်
ပြီးတော. ဒီ Company က အာမခံလုပ်ငန်းလည်း လေလံအောင်ထားတယ်လို့ သိရပါတယ် ၊ သိန်းပေါင်းသောင်းချီသွင်းရတဲ့ လုပ်ငန်းပါ ၊ ဒါ့အပြင် စက်ရုံတွေလေလံ ဆွဲထားပြီး မလည်ပတ်ပဲ လစာတွေရော ဘာအကြောင်းနဲ့ ပေးနေ၊ေ ပးနေနိုင်တာပါလဲ၊ နိုင်ငံ
ဒီကိစ္စ
ဒီအချက်
ဇန်န၀ါရိ ၈ ရက်နေ့ကတော. စက်ရုံမြေ တစ်ခုလုံး တိုင်းတာပြီး အဲဒီ့နေ. ဒါမှမဟုတ်နောက်နေ.မှာ ဂရံသွားလျှောက်မယ်လို.သိရပါတယ်။
တိုင်းပြည်အတွက် တကယ် အမှန် အကျိုးရှိမယ်ဆိုရင်တော့ ကျွန်မတို့ ဝန်ထမ်းတွေ ထွက်ရကျိုးရှိပေမယ့် ပွင့်လင်းမြင်သာမှုမရှိပဲ အမှန်အကန် မဟုတ် အကြံအဖန် လုပ်ရပ်ဖြစ်နေမယ် ဆိုရင်တော့ နိုင်ငံတော်အနေနဲ့ မြွေပါလည်းဆုံး သားလည်းဆုံး မဖြစ်ရလေအောင် ဒီမိုဝေယံမှတဆင့် မီဒီယာနဲ့ အများ ပြည်သူသိစေရန် တင်ပြလိုက်ပါတယ်..။
အမှတ်၁ လယ်ယာသုံး စက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ဝန်ထမ်းများ..
"သားများသို့ ပန်ကြားလွှာ။" (ကဗျာရှင် အမေ မြန်မာပြည်)
"သားများသို့ ပန်ကြားလွှာ။"
အမေ ချစ်တဲ့ သားတို့ ရယ်
ငြိမ်းချမ်းကြပါကွယ်။
သားကြီး သမ္မတ သြရသ
အပစ်ရပ်ဖို့ အမိန့် ချ။
သားငယ် KIA လူလေးရေ
အပစ်ရပ်ဖို့ ပြောပေးလေ။
သားတို့ မငြိမ်းချမ်း ပြည်တစ်ဝှမ်း
ပြည်သူတွေမှာ စိတ်ပင်ပန်း။
မြန်မာပြည်ကြီး အေးချမ်းရင်
လူတွေ ပျော်ကြ ရွှင်။
မြန်မာပြည်ကြီး မအေးချမ်း
အမေ့ ခေါင်းမှာ သွေးတွေလွှမ်း။
ကချင်၊ ရခိုင် ၊ မွန် ၊ ဗမာ
အမေ့သားသမီးပါ။
ရှမ်း ၊ ကယား နဲ့ ချင်း ၊ ကရင် လည်း
အမေ့ သားသမီးပဲ။
ဘယ်သူတွေပဲ နာကျင်ကျင်
အမေနဲ့ ထပ်တူနာသလိုပင်။
မင်းတို့ ညီအစ်ကို
စည်းလုံးမှ
အမေစိတ်အေးရ။
ကမ္ဘာ့ အလယ် ၊ ဂုဏ်ဝင့် ထယ်
သာတူ ညီမျှခံစားမယ်။
ပြည်သူတွေပျော် ရွှင်ဖို့ 
အပစ်အခတ်တွေ ရပ်စဲလို့ 
အမေတို့ အားလုံး ငြိမ်းချမ်းစို့ ။
အမေ ချစ်တဲ့ သားတို့ ရယ်
ငြိမ်းချမ်းကြပါကွယ်။
သားကြီး သမ္မတ သြရသ
အပစ်ရပ်ဖို့ အမိန့် ချ။
သားငယ် KIA လူလေးရေ
အပစ်ရပ်ဖို့ ပြောပေးလေ။
သားတို့ မငြိမ်းချမ်း ပြည်တစ်ဝှမ်း
ပြည်သူတွေမှာ စိတ်ပင်ပန်း။
မြန်မာပြည်ကြီး အေးချမ်းရင်
လူတွေ ပျော်ကြ ရွှင်။
မြန်မာပြည်ကြီး မအေးချမ်း
အမေ့ ခေါင်းမှာ သွေးတွေလွှမ်း။
ကချင်၊ ရခိုင် ၊ မွန် ၊ ဗမာ
အမေ့သားသမီးပါ။
ရှမ်း ၊ ကယား နဲ့ ချင်း ၊ ကရင် လည်း
အမေ့ သားသမီးပဲ။
ဘယ်သူတွေပဲ နာကျင်ကျင်
အမေနဲ့ ထပ်တူနာသလိုပင်။
မင်းတို့ ညီအစ်ကို
စည်းလုံးမှ
အမေစိတ်အေးရ။
ကမ္ဘာ့ အလယ် ၊ ဂုဏ်ဝင့် ထယ်
သာတူ ညီမျှခံစားမယ်။
ပြည်သူတွေပျော် ရွှင်ဖို့ 
အပစ်အခတ်တွေ ရပ်စဲလို့ 
အမေတို့ အားလုံး ငြိမ်းချမ်းစို့ ။
အမေ မြန်မာပြည် ။
ယနေ့ တရုတ်သတင်းဋ္ဌာနမှ မြန်မာသတင်းများ ထုတ်လွှင့်ချက်... (ရုပ်သံ)
တရုတ်အစိုးရရဲ့ ပြောဆိုမှုကြောင့် မြန်မာအစိုးရ စစ်ပွဲတွေရပ်ဆိုပဲ
တရုတ်အစိုးရရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ပြောဆိုမှုကြောင့် မြန်မာစစ်အစိုးရ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ပြီလို့ မနေ့က တရုတ်ရုပ်သံက ကြေငြာသွားလေရဲ့...
အောင်သစ္စာ ခရီးသည်တင်ယာဉ် ချောက်ထဲသို့ ထိုးကျမှု
၁၆ဦးသေဆုံး ၂၀ကျော် ဒါဏ်ရာရ (ရုပ်သံ တရုတ်V.IFENG၊ သတင်း EMG)
ရန်ကုန်မှ သံတွဲမြို့သို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည်တင် ယာဉ်သည် ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ် အချိန်က ရခိုင်ရိုးမပေါ် ဖြတ်သန်း မောင်းနှင်စဉ် နေပူတောင်အဆင်း၌ ချောက်ထဲသို့ ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သံတွဲ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးထွန်းသန့်ကျော်က ပြောကြားခဲ့သည်။
လူ့အခွင့်ရေးကိုချိုးဖောက်ရုံတင်မက တိရစ္ဆာန်အခွင့်အရေးကိုပါ ကျူးလွန်ချိုးဖောက်နေသော မြန်မာပြည်က ခရိုနီကြီးများ......
အရှေ့တောင်အာရှတွင် ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်သော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ကို ၁၉၀၆ ခုနှစ်တွင် အင်္ဂလိပ်မင်းဂျော့ဘုရင်နှင့် မေရီမိဖုရားတို့ အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခု ဖြစ်ပါသည်။ ၎င်းသမိုင်းဝင် တိရစ္ဆာန်ဥယျာဉ်ကြီးအား ထိန်းသိမ်း စောင့်ရှောက်သူများ ပြုလုပ်ရန်အတွက် ၀န်ထမ်းများ ထားရှိ၍ နေထိုင်စရာ ၀န်ထမ်းလိုင်းခန်းများလည်း ဆောက်လုပ်ပေး၍ တိရစ္ဆာန်ဥယျာဉ်ကြီးအား ထိန်းသိမ်းစေခဲ့ ပါသည်။
(၂၅-၁-၂၀၀၆) ရက်နေ့တွင် (အတွင်းရေးမှူး-၁) ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ယခု လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် နှစ် (၁၀၀)ပြည့် မော်ကွန်းကျောက်စာတိုင်ကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၏ လိပ်ပုံကျွန်းအနီးတွင် စကျင်ကျောက်ဖြင့် ကျောက်စာတိုင်ပြုလုပ်ခဲ့ပြီး ထို ကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး၊ အသိမှတ်ပြုခဲ့သော တိရစ္ဆာန်ဥယျာဉ်ကြီး ဖြစ်ပါသည်။
ယခုအခါ အများပြည်သူများ သွားလာလွယ်ကူ၍ ကောင်းမွန်စွာ အပန်းဖြေနိုင်သော တိရစ္ဆာန်ဥယျာဉ်၊ ကျောင်းသား/သူများ သတ္တဗေဒ၊ရုက္ခဗေဒနှင့် ဘူမိဗေဒပညာရှားမှီးစေရန် အထောက်အကူ ပြုပေးနေသော တိရစ္ဆာန်ဥယျာဉ်၊ နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တော်များ လာရောက်၍ ရှေးဟောင်းအဆောက် အဦးကြီးများကို အစဉ်သဖြင့် လာရောက် လေ့လာလျှက်ရှိသော တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို နိုင်ငံတကာ အဆင့် မှီစေရန် (၁-၁၀-၂၀၁၁)ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ ဦးတေဇပိုင်သော ထူးကုမ္ပဏီများအဖွဲ့သို့ နှစ်ရှည်စာချု ပ်ဖြင့် ငှားရမ်းလုပ်ကိုင်စေခဲ့ပါသည်။
ယခုအခါ ၄င်းထက်ပိုမိုအကျိုးအမြတ်ရရှိစေရန် သစ်တောဦးစီက တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ထဲမှ တိရ စ္ဆာန်များကို လှော်ကားဥယျာဉ် သို့ပြောင်းရွှေ့ပြီး ကွန်ဒိုတိုက်ခန်းနှင့် အရောင်းပြခန်းများ ဆောက်လုပ်ရန် စီစဉ်လျက်ရှိပါသည်။ ၂၂-၁-၂၀၁၃ ရက်စွဲပါ News Watch Weeky ဂျာနယ် အချပ်ပို(က)ဖော်ပြချက်အရ သမိုင်းဝင် အဆောက်အအုံများ၏ ဘေးပတ်လည် ကိုက် (၃၀၀)အတွင်း မည်သည့်အဆောက်အအုံမှ ပြန်လည်ဆောက်လုပ်ခွင့် ပြု လုပ်မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။ ဟု ဖေါ်ပြထားရှိပါသည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သည်လည်း သမိုင်းဝင်ရှေးဟောင်းအဆောက်အဦးများ တည်ရှိသောနေရာတစ်ခုဖြစ်ပါသည်။ တိရစ္ဆာန်များကို လှော်ကားဥယျာဉ်သို့ပြောင်းရွှေ့ရန် စီစဉ်လျှက်ရှိပါသည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သည် အရှေ့တောင်အာရှတွင် ဒုတိယသက်တမ်း အရင့်ဆုံး တိရစ္ဆာန်ရုံကြီးဖြစ်ပြီး၊ (၁၉၈၉)ခုနှစ်ထိ မြန်မာနိုင်ငံ တွင် တစ်ခုတည်းသော တိရစ္ဆာန်ဥယျာဉ်ကြီးဖြစ်ပါသည်။
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သည် ဒုတိယကမ္ဘာစစ် ကာလကပင် တိရစ္ဆာန်များကို မပျောက်မပျက် ရှေးမူ မပျက်ပြသမှု ရှိခဲ့ပါသည်။ စစ်ကြီးပြီးလျှင် အများပြည်သူများ ကိုပြသခဲ့ပါသည်။ ယခု ဒီမိုကရေစီခေတ် ကာလ၌ ယခင်ရှေးဟောင်း သမိုင်းဝင်များကို ဖျောက်ဖျက်ပြီး စီးပွားရေး ဆန်ဆန် ဆောင်ရွက်မှုသည် သမိုင်းကြောင်းကို ညစ်ညမ်းစေနိုင်ပါသည်။ ယခုအခါ သစ်တောဦးစီးဌာန အနေဖြင့် တိရစ္ဆာန်များ ရွှေ့ပြောင်းခြင်းများကို စီမံဆောင်ရွက်ရန် စီစဉ်နေပြီး ၄င်းတိရစ္ဆာန်များကို မှီခိုဆောင်ရွက်နေသာ ၀န်ထမ်းများသည်လည်း အလုပ်လက်မဲ့၊ အိုးအိမ်မဲ့ဘ၀သို့ ရောက်ရှိစေနိုင်ပါသည်။
လူကိုမဆိုထားဘိ၊ လှော်ကားတွင် ယခုလက်ရှိ၊ ရှိနေသော တိရစ္ဆာန်များသည်ပင် အစာရေစာ ၀လင်စွာမစားရ၊ မသောက် ရဟု သိရပါသည်။ ဒီမိုကရေစီစနစ်ကို အလွဲသုံးစားလုပ်နေသော ခေတ်သစ်နာမည်ကြီး ခရိုနီများ သည် မြန်မာပြည်က ဥပဒေများကို လက်တစ်လုံးခြား လုပ်စားလိုက်၊ ငါးသားလောက်လို ပေါင်းစားလိုက်နှင့် နားလှည့် ပါးရိုက်လုပ်လိုက်နှင့် ရိုးအသောလူထုများ၊ဆင်းရဲသော ပြည်သူအများစုပေါ်ကို မြန်မာပြည်သားလို့တောင် အသိအမှတ်မပြုတော့ဘဲ လုပ်ချင်သလိုလုပ်နေကြသည်က ယခုထက်တိုင်။
ရန်ကုန်မြို့ကြီးကို သူ့အိမ်လို့များ သဘောထားပြီး ဖဲ့ချင်သလိုဖဲ့၊ သဲ့ချင်သလိုသဲ့နေသည်ကိုတော့ လွှတ်တော်ကြီးက သိပါသလားဟု ပြည်သူများ ကမေးခွန်းထုတ်ရုံမျှသာ……………. တတ်နိုင်ပါတော့ကြောင်း………….
မေမေ့သား လင်းဆက် ပေးပို့သည်..

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ ကျောင်းဆင်း သူနာပြုနှင့် ဆေးဘက် ပညာသယ်များမှ (တိုင်ကြားစာ)
ဒီမိုဝေယံမှတဆင့် နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ ထံသို့ အိတ်ဖွင့်ပေးစာ
သို့
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
ကျွန်တော်တို့သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ ကျောင်းဆင်း သူနာပြုနှင့် ဆေးဘက်ပညာသယ် များဖြစ်ကြပါသည်။ ကျွန်တော်တို့ သည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်
စစ်ပညာနှင့် သက်ဆိုင်ရာပညာရပ်တို့အား အခြားသောတပ်မတော်မှဖွင့်လှစ်ထား သည့် တက္ကသိုလ်များနည်းတူသင်ယူတက်မြော
ထို့နောက်တာဝန်ပေးအပ်ခြင်းခံရေ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
ကျွန်တော်တို့သည် ထိုသို့နိုင်ငံတော်မှချီးမြှော
သို့သော် ကျွန်တော်တို့ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် မှ ကျောင်း ဆင်းသူနာပြုနှင့် ဆေးဘက်ပညာသည်တို့သည် တပ်မတော်၏ တပ်မတော်သားတစ်ဦး အလိုက်ရရှိကြသော အဆင့်သက်မှတ်ချက် တစ်ခုကို မရှိသေးပဲ နိုင်ငံတော်၏တာဝန်များ ကို ထမ်းဆောင်လာခဲ့ကြ သည်မှာ ကျောင်းဆင်းအမှတ်စဉ် ( ၁၀ ) ထိ တိုင်ရှိခဲ့ပြီဖြစ်ပါ သည်။ လူသားတိုင်း၊ တပ်မတော်သားတိုင်း ရည်မှန်းချက်ကိုယ်စီ၊ မျော်လင့်ချက်ကိုယ် စီဖြင့် တာဝန်ထမ်းဆောင်ကြိုးပမ်းနေချိန်
တပ်မတော်၏တူညီဝတ်စုံဝတ် တပ်မတော်သားများဖြစ်သည့်အားလျှေ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
ယခုအခါတွင် ကျွန်တော်တို့ကျောင်းဆင်းများမှ
(ဒုတိယတန်း )၊ ဓါတ်ခွဲကျွမ်းကျင် (တတိယတန်း )၊ ဓါတ်မှန်ကျွမ်းကျင်( ပထမတန်း )၊ ဓါတ်မှန်ကျွမ်းကျင်( ဒုတိယတန်း ) ဓါတ်မှန်ကျွမ်းကျင် ( တတိယတန်း )၊ ကာယကုကျွမ်းကျင် (ပထမတန်း)၊ ကာယကု ကျွမ်းကျင် ( ဒုတိယတန်း )၊ ကာယကုကျွမ်းကျင် ( တတိယတန်း ) ဟူသော သက်ဆိုင်ရာပညာရပ်အလိုက် အရပ်ဘက်အခေါ်အဝေါ် အဆင့်သတ် မှတ်ချက်သာ ပေးအပ်ထား ခံရပါသည်။
ထိုသို့ တပ်မတော်၏ အဆင့်သက်မှတ်ချက် မရှိ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျာ
ထိုထက်မက များလှစွာသော အဆင်မပြေမှုများဖြင့် ကျွန်တော်တို့ကျောင်းဆင်း များမှာ နေ့စဉ်ကြုံတွေ့ရလျှက်ရှိနေရပါ
တပ်မတော်တွင်တာဝန်ထမ်းဆောင်နေေ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
တပ်မတော်တွင် တပ်သားအဆင့်မှသည် ကာကွယ်ရေးဦးစီးချုပ်ထိ အဆင့်ဆင့်ရှိနေသော် လည်း ကျွန်တော်တို့ ကျောင်းဆင်းများမှာ မည်သည့်အဆင့် ဆိုသည်ကို ယနေ့ထိတိုင် တရားဝင် သတ်မှတ် ပြဋ္ဌာန်းပေးခြင်းမရှိသေး
ထို့ပြင်လည်း သက်ဆိုင်ရာဘွဲ့ အလိုက် မဟာသိပ္ပံဘွဲ့အထိ အောင်မြင်ပြီးဆုံးပါက အရေးပေါ်ပြန်တမ်းဝင်ခန့်အပ်နိုင်
သို့သော် ကျွန်တော်တို့ကျောင်းဆင်းများမှ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
ကျွန်တော်တို့၏ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၀င်ခွင့်ကြော်ငြာများ ဖော်ပြရာတွင် ယခင်က အမှတ်စဉ် (၁) မှ အမှတ်စဉ် (၄) ထိ သတင်းစာကြော်ငြာများတွင် ဒုဗိုလ်လစာနှင့်အညီ လစာနှုန်းထားများ ပေးအပ်မည်ဟု ခေါ်ဆိုခံခဲ့ရသော်လည်
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
သို့ဖြစ်ပါ၍ ကျွန်တော်တို့သည် တပ်မတော်တစ်ရပ်လုံးနှင့်အတူ တစ်စိတ်တစ်ဝမ်း တည်း ခံစားခွင့်ရရှိကာ တပ်မတော်သားတိုင်းရရှိနေကြသော စစ်ဘက်ဆိုင်ရာ မည်သည့် အဆင့်သက်မှတ်ချက်တစ်ခုကိုမဆို ခံစားခွင့် ရရှိလိုပါသည်ခင်ဗျား။ ထိုသက်မှတ်ပေးမည့် အဆင့်နှင့်အညီလည်း ခံစားခွင့်ရရှိလိုပါသည်ခင်ဗျား။ လူသားတိုင်းတွင် အခွင့်အရေး၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ တန်းတူထားနိုင်၊ တန်းတူရှိနိုင်သကဲ့သို့ တပ်မတော်သားတစ်ဦးတွင်လည်း ရည်မှန်းချက်၊ မျှော်မှန်းချက် နှင့် အခွင့်အရေးများ တန်းတူထားနိုင်၊ ရှိနိုင်လိမ့်မည်ဟု ယုံကြည်မိ ပါသည်။ သို့ဖြစ်ပါ၍ တပ်မတော်တစ်ရပ်လုံး နှင့်အတူ တူညီစစ်ဝတ်စုံကို ၀တ်ဆင် ရသကဲ့သို့၊ အခြားသောတပ်မတော်သားများနည်း တူ တာဝန်ထမ်းဆောင် ရသကဲ့သို့၊ အခြားသော ကျောင်းဆင်းများ၊ တပ်မတော်သားများ နည်းတူ သင်တန်းများ သင်ယူတက်မြောက်ခဲ့ရသကဲ့သို့ပင် အားလုံးသောတပ်မတော်သားများကဲ့ သို့ပင် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်မှ အသိအမှတ်ပြုသော " သား " တစ်ဦးအဖြစ် တပ်မတော်၏ သင့်လျှော်သော စစ်ဘက်ဆိုင်ရာအဆင့်တစ်ခုအား သက်မှတ် ပေးနိုင်ပါရန် ရိုသေလေးမြတ်စွာဖြင့် ဦးတိုက် တင်ပြအပ်ပါသည်ခင်ဗျား..
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ
တက္ကသိုလ်မှ ကျောင်းဆင်း သူနာပြုနှင့် ဆေးဘက် ပညာသယ်များ
ဝီတိုရီယဆေးရုံမှာ ဧည့်ကြို ဖြစ်ရတဲ့ ဒုက္ခ(တိုင်ကြားစာ)
ဒီမိုဝေယံခင်ဗျား၊
ရန်ကုန်မြို့ ဝိတိုရီယဆေးရုံ ဧည့်ကြိုဌာန ၌တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏နေ့စဉ် ကြုံတွေ့နေရသော ဒုက္ခကို စာနာသောအားဖြင့် ဖေါ်ပြပေးပါရန်လေးစားစွာ တင်ပြအပ်ပါသည်၊
ဝိတိုရိယဆေးရုံကြီးသည် ခန့်ညှားထယ်ဝါလှသော်လည်း၊ ဧည့်ကြိုဌာနရှိ ဝန်ထမ်းများမှာ “စာမေးတာမဖြေနိုင်လို့” “ အလုပ်လုပ်ရာတွင်အမှားအယွင်းရှိလို့ “ စသည်ဖြင့် အကြောင်းအမျိုးမျိုး ပြပြီး ဒါဏ်ကြေးဟုဆိုခါ အလုပ်ကြီးကြပ်သူများက ကောက်ခံနေပါသည်။
ဝန်ထမ်းများမှာ မိသားစုစားဝတ်နေရေး မပြေလည်ယုံမက၊ ရရှိသော လစာလေးကိုမလောက်မင ခြစ်ချုပ်သုံးစွဲနေရမှန်း သိလျှက်နှင့် “တစ်လစာ ကုန်ချင်ကုန်သွားပါစေ..ကောက်မှာဘဲ” ဟုပြောဆို ကောက်ခံနေပါသည်။
ဝန်ထမ်းများအနေဖြင့် မကျေနပ်သော်လည်း အထက်ကို မတင်ပြရဲသဖြင့် ခေါင်းငုံ့ခံနေရပါသည်၊ ကောက်ခံထားသော ပိုက်ဆံများကိုလည်း မည်သည့်နေရာတွင် သုံးစွဲသည်ကိုမသိရဘဲ မည်သူ့အတွက်မှန်းမသိဘဲ ပေးနေရပါတယ်၊ အပြစ်ရှိက ဆေးရုံစည်းကမ်းအတိုင်း တရားနည်းလမ်းကျ စုံစမ်းစစ်ဆေးပြီး “ဒါဏ်ငွေမကောက်ဘဲ” လိုအပ်သလိုအပြစ်ပေးသင့်ပါသည်၊ အထက်မှဆေးရုံအုပ်ချုပ်သော လူကြီးများ သိရှိစေရန် ဒီမိုဝေယံမှ တဆင့် တင်ပြလိုက်ရပါသည်..။
ကျေးဇူးတင်စွာဖြင့် မိဘတစ်ဦး

ပင်လောင်းမြို့တွင် မူးယစ်ဆေးဝါး သိန်း ၇၃၀၀ ကျော်ဖိုး ဖမ်းဆီးရမိ...
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပင်လောင်းမြို့၊
စင်းတောင်းကျေးရွာ အုပ်စု ၊ ထီတလိ ကျေးရွာ အနီး လျှိုအတွင်းရှိ
ကျောက်လှိုဏ်ဂူ အတွင်း ၀ှက်ထားသော မူးယစ်ဆေးဝါးများနှင့် ဘိန်းချက်ရာတွင်
အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ အား ဇန်န၀ါရီ ၁၂ ရက်နေ့ နံနက် ၅ နာရီ
အချိန်တွင် မူးယစ်တပ်ဖွဲ့မှတာဝန်ရှိသူများက ဖမ်းဆီးရရှိခဲ့ကြောင်း
သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး မူးယစ်အထူးတပ်ဖွဲ့ ၊ပင်လောင်းလှုပ်ရှားမှုအဖွဲ့မှ ရဲအုပ် သောင်းမြင့် ဦးစီးတပ်ဖွဲ့ဝင်များ၊ ပင်လောင်းရဲစခန်း စခန်းမှုး ရဲအုပ် တင်မောင်လေး ၊ ဥိးစီးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာ အုပ်စု၊ ထီတလိ ကျေးရွာနေ မျိုးဇော်ထိုက်၊ (၂၄) နှစ်၏ နေအိမ် အနောက်ဘက်လျှိုအတွင်းရှိ ကျောက်လှိုဏ်ဂူအတွင်း တွင် ဘိန်းချက်လုပ်နေကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ အဖွဲ့ နှစ်ဖွဲ့ခွဲပြီး မျိုးဇော်ထိုက်နေထိုင်သော နေအိမ် ၏အနောက်ဘက် ခန့်မှန်း ပေ ၁၀၀၀ အကွာအဝေးရှိ လျှိုအတွင်းရှိ ကျောက်လှိုဏ်ဂူ အတွင်းသို့ တစ်ပြိုင်နက် ၀င်ရောက်စီးနင်းရှာဖွေရာ မျိုးဇော်ထိုက် (၂၄) နှစ်(ဘ)ဦးသိန်းမောင် ၊ အောင်ထိုက် (၂၂) နှစ် (ဘ) ဦးမောင်တီး နှင့် ထွန်းလှ(၂၀) နှစ်၊ (ဘ)ဦးဟွန်း တို့ သုံးဦးအား လျှိုအတွင်းရှိ ကျောက်လှိုဏ်ဂူအတွင်းတွင် ဆာလာအိတ် (၆၃) အိတ် ဖြင့်ထည့်ထားသည့် ဘိန်းစိမ်း ကီလို အလေးချိန် ၉၁၂ ကီလို၊ ဘိန်းညို အလေးချိန် ၁၄ဒသမ ၂ကီလို၊ အမိုနီယမ်ကလိုရိုက် အလေးချိန် ၅ဒသမ ၅ ကီလို၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်ငွေ ၇၃၄၉၁၀၀၀၀ိ/ ကျပ်သိန်း ခုနှစ်ထောင့်သုံးရာလေးဆယ့်ကိုးသိန်းတစ်သောင်းကျပ် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဘိန်းချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ၊ဆက်စပ် ပစ္စည်းများနှင့် ဖမ်းဆီးရရှိမိသော မျိုးဇော်ထိုက်၊ ၂၄နှစ်၊ စင်းတောင်းကျေးရွာအုပ်စု၊ပင်လောင်းမြို့နယ်၊ အောင်ထိုက် ၂၂ နှစ် ၊ ထီတလိကျေးရွာ ၊ စင်းတောင်းကျေးရြွာအုပ်စု၊ ပင်လောင်းမြို့နယ် ထွန်းလှ ၂၀ နှစ် ၊ ထီရီးကျေးရွာ၊ ကျောက်တလုံး မြို့နယ်ခွဲ ၊တောင်ကြီးမြို့နယ် နေသူတို့သုံးဦးအား ပကင်လောင်းရဲစခန်းမှ ပြစ်မှု ပုဒ်မ(ပ) ၄/၂၀၁၃ မူးယစ်စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က) ၊၂၀(က) /၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
မြန်မာစစ်တပ် ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းရုပ်သံနှင့် ယနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ကချင်အရေး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ထုတ်ပြန်ချက်..
ယနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ကချင်အရေး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တိုက်တွန်း ထုတ်ပြန်ချက်၊ လိုင်ဇာက အပြစ်မဲ့ ဒုက္ခသည်ပြည်သူတွေရဲ့ မြင်ကွင်းရုပ်သံဖိုင်နှင့်ယူနန်သတင်းဋ္ဌာနက ထုတ်လွှင့်တဲ့ မြန်မာစစ်တပ် ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းရုပ်သံဖိုင်။
ဗိုလ်၊ ကျား သေနတ် ကြိုက်တာလုပ်တာတွေ ရပ်ကြဖို့ အပြစ်မဲ့ ပြည်သူတွေ ကိုယ်စား တောင်းဆိုအပ်ပါသည်။
ယနေ့မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက (ယနေ့ ၁၅ရက်နေ့ သတင်းမှာ) ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ပြောဆိုလိုက်တဲ့ သတင်းရုပ်သံပါ..။
ကြားထဲက မြေဇာပင်ဖြစ်ရတဲ့ ယနေ့လိုင်ဇာမြို့အတွင်းမှ စစ်ပြေးဒုက္ခသည်တွေရဲ့ မြင်ကွင်းပါ။ နှစ်ဘက်ခေါင်းဆောင် လူကြီးတွေရဲ့ အမိန့်တွေကြားမှာ ကြားထဲက ပြည်သူတွေ မြေဇာပင်ဖြစ်ရ၊ အိုးပစ်အိမ်ပစ် ကျီးလန့်စာစားနေရပြီး။ တိုင်းတပါးနယ်မြေထဲမှာ မျက်နှာငယ်ရ၊ နှစ်ဘက်စလုံးက အရွယ်ကောင်းလူငယ်တွေ အသက်တွေ စတေးရ၊ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံနေကြရတာပါ.။ ဗိုလ်၊ ကျား သေနတ် ကြိုက်တာလုပ်ဆိုပြီး ကလေးကစားသလို လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားတာ မဟုတ်ပါ..။
အပြစ်မဲ့ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားညှာတာကြပါ..။ စစ်ပွဲတွေ ရပ်ကြပါ တိုက်ပွဲတွေရပ်ကြပါ..။ ငြိမ်းချမ်းရေးတွေ အမြန် ဖော်ဆောင်ကြဖို့ အပြစ်မဲ့ ပြည်သူတွေကိုယ်စား တိုက်တွန်းအပ်ပါတယ်...။
ဒီမိုဝေယံ

တပ်မတော်နှင့် KIA တို့အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ခိုက်မှုများတွင် အရပ်သားများ ထိခိုက် သေဆုံးမှုများရှိလာ ..
လိုင်ဇာမြို့ မြစ်ကြီးနာဟိုတယ် အနောက်ဘက်ရှိ လူနေရပ်ကွက်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်
တပ်မတော်နှင့် KIA တို့အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ခိုက်မှုများတွင် အရပ်သားများ ထိခိုက် သေဆုံးမှု ရှိလာကြောင်း သိရပါသည်။
ဇန်န၀ါရီလ ၁၄ ရက် နံနက် ၈ နာရီ ၁၅ မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ လေးချက်ပစ်ခဲ့ပြီး သုံးလုံး ပေါက်ကွဲခဲ့ကာ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
''ဒီနေ့မနက် ၈ နာရီ ၁၅ မိနစ်မှာ ဒေါ့ဖုန်းယန်ကနေ ပြီးတော့ ၁၀၅ မမ အမြောက်တွေနဲ့ လိုင်ဇာဘက်ကို လေးကြိမ် ပစ်တယ်။ သုံးလုံးပေါက်ကွဲတယ်။ တစ်လုံးကို နှစ်မိနစ်လောက်ပဲ ခြားပါတယ်။ ပထမအလုံးက လိုင်ဇာမြို့ မြစ်ကြီးနား ဟိုတယ်အနီး အနောက်ဘက် လူနေအိမ် တစ်လုံးကို မှန်တယ်။ ယောက်ျား နှစ်ဦးဆုံးတယ်။ တစ်ဦးက ဓမ္မဆရာ၊ တစ်ဦးက အရပ်သားပါ။ ခြောက်ဦး ဒဏ်ရာရတယ်။ တစ်ဦးကတော့ ဆေးရုံမှာ အသည်းအသန် ဖြစ်နေပါတယ်။ ဒုတိယ အလုံးက ဆင်ဆ ဟိုတယ်အနီးမှာ ကျကွဲတယ်။ တတိယ အလုံးကတော့ တောထဲမှာ သွားကျတယ်'' ဟု ကေအိုင်အေ၏ ပြန်ကြားရေး အရာရှိ ဦးလနန်က ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီလ ၁၄ ရက်နေ့ ဖြစ်စဉ်သည် လိုင်ဇာမြို့ရှိ အရပ်သားများ နေထိုင်ရာ နေရာသို့ တပ်မတော်ဘက် မှ ပစ်ခတ်သော လက်နက်ကြီး ပထမဆုံးအကြိမ် ကျရောက်ခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ် အရပ်သား သေဆုံးမှု ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
ဇန်န၀ါရီလ ၁၃ ရက်၊ ည ၇ နာရီခန့် အချိန်တွင် ဖားကန့်ဒေသ မှော်ဆီဇာ မြေစာပုံ ကျောက်စိမ်းတောင် ကုမ္ပဏီသွားရာ လမ်းဘေးတွင် လူတစ်ဦး မိုင်းနင်းမှု ဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသူ ကိုဇော်ဇော်ဌေးမှာ ညာဘက်ခြေထောက်နှင့် လက်နှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ဖားကန့်ဆေးရုံ ကြီးတွင် အရေးပေါ် သွေးသွင်းနေရကြောင်း သိရှိရသည်။
''အခုမိုင်းနင်းမိတဲ့လူက ချမ်းသာတဲ့ ကျောက်လုပ်ငန်းရှင် လူငယ်တစ်ဦးပါ။ အလုပ်ပြန်လာတုန်း လမ်းဘေးမှာ အပေါ့စွန့်ရင်း မိုင်းထိမိတာပါ။ ဘယ်ဘက်က ထောင်ထားတဲ့ မိုင်းမှန်း မသိပါဘူး။ တပည့်တွေနဲ့ ဆွေမျိုးတွေ အားလုံးက ဆေးရုံမှာ စိတ်မကောင်း ဖြစ်နေကြတယ်။ မြစ်ကြီးနားဆေးရုံကို အမြန်ဆုံး ပို့သင့်တဲ့ လူနာဖြစ်ပေမယ့် မြစ်ကြီးနား-ဖားကန့် ကားလမ်းတွေ ပိတ်ထားလို့ အဖက်ဖက်ကို အကြောင်းကြားနေတုန်း ရှိသေးတယ်'' ဟု ဒေသခံတစ်ဦးက ဖားကန့်ဆေးရုံမှ ဇန်န၀ါရီလ (၁၄) ရက် နံနက် ၁၁နာရီ နာရီတွင် ဖြေကြားခဲ့သည်။
လိုင်ဇာမြို့ မြစ်ကြီးနားဟိုတယ် အရှေ့ဘက်တွင် ဗုံးခိုကျင်းတူးထားသော နေအိမ်တစ်ခုအား ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်
ထို့အပြင် ဇန်န၀ါရီလ ၁၃ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကထယန်ရွာအနီးတွင် တပ်မတော် နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကထယန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကထယန် ကျေးရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် KIA ဘက်မှ ပစ်ခတ်ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။
ကထယန် ရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကချင်ပြည်နယ် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ဖားကန့်မြို့နယ် လုံးခင်းမြို့ပေါ် သို့ စစ်ဘေးရှောင် ဒုက္ခသည် ၈၈၃ ဦး ထပ်မံ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ဇန်န၀ါရီလ ၁၃ ရက်နေ့မှာပင် မြစ်ကြီးနား-မန္တလေး အမှတ် (၃၄) အစုန်ရထားသည် နန့်စီးအောင်နှင့် မော်လူးဘူတာ အကြားတွင် မိုင်းခွဲတိုက်ခိုက် ခံခဲ့ရပြီး အဆိုပါ မိုင်းခွဲမှုသည် ခရီးသည်တင် ရထားအား ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။
ဇန်န၀ါရီလ ၁၀ ရက်နေ့ကလည်း နဘား-မြစ်ကြီးနား အဆန်(၄၉) လော်ကယ် ရထားသည် ဟိုပင်နှင့် နန်းခွင်ဘူတာ အကြားတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကာ အရပ်သား လေးဦး ဒဏ်ရာ ရရှိခဲ့ပါသည်။
ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ တာလောကြီးကျေးရွာ အရှေ့ဘက် ၇ မိုင်ခန့်အကွာတွင် တပ်မတော် ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ကာ အရာရှိ နှစ်ဦးနှင့် တပ်ကြပ်တစ်ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ ရဟတ်ယာဉ် ၄င်းတို့၏ တပ်သားမှ ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု KIA ဘက်မှ ထုတ်ဖော် ပြောဆိုထားသော်လည်း အစိုးရဘက်မှ ငြင်းဆန် ထားခဲ့ပါသည်။
အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားမှုမှာ ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ ပိုမို ပြင်းထန်ခဲ့ပါသည်။ မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့ပြီး အဆိုပါ အကြောင်းကြားစာကို KIA မှ ကန့်ကွက်ခဲ့ ပြီးနောက် တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်း ဖြစ်သည်။
လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် အဆိုပါလမ်းကြောင်းအတိုင်း တပ်များ ၀င်ရောက်ရန် ရှိကြောင်း၊ ထို့ကြောင့်လမ်းတစ်လျှောက်ရှိ KIA တပ်များ အားလုံးကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေးကို သတိပေးကြောင်း တပ်မတော်မှ KIA သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပါသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လိုင်ဇာမြို့လုံခြုံရေးကို တာဝန် ယူထားသော KIA တပ်ရင်း ၂၃ ၏ ရှေ့တန်းစခန်း တစ်ခုဖြစ်သည့် ပွိုင့် ၇၇၁ တောင်ကုန်းကို လေကြောင်းပစ် အကူအညီဖြင့် တပ်မတော်မှ သိမ်းယူခဲ့ပါသည်။ လဂျားယန်ဒေသဘက်သို့ အစိုးရတပ်များ၏ လေကြောင်းကူ ပစ်ခတ်မှုများ ရှိခဲ့ပြီး တိုက်လေယာဉ် သုံးစင်း အသုံးပြု၍ လေကြောင်း စစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အတူလက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် အကြိမ် ၆၀ ကျော် ခန့်ရှိခဲ့ပါသည်။ ဒီဇင်ဘာလ အတွင်း KIA နှင့် အစိုးရတပ်များ အကြား တိုက်ပွဲအကြီးအငယ် ၁၅၀ ကျော် ဖြစ်ပွားခဲ့ပါ သည်။
လိုင်ဇာမြို့မှ ၇ မိုင်ခန့်အကွာတွင် ရှိနေသော လဂျားယန်ဒေသ တိုက်ပွဲကာလအတွင်း ၁၀၅ မမ၊ ၁၂၀ လက်နက်ကြီး ပစ်ခတ်မှုများမှာ ဒီဇင်ဘာလအတွင်း အကြိမ်ရေ ၁၀၀၀ ကျော်ခန့် ရှိကြောင်း သိရပြီး ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ကာလအတွင်း အကြိမ်ရေ ၄၀၀ ကျော်ခန့် ရှိခဲ့ပါသည်။ ဇန်န၀ါရီလ ပထမပတ် ကျော်လာချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ လျော့ကျသွားခဲ့သော်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများမှာ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း KIO မှ သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ နောက်ပိုင်းမှ စတင်၍ လိုင်ဇာမြို့နှင့် အနီးတ၀ိုက်ကို အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် KIO မှ တပ်လှန့်ထားပြီး လေ ကြောင်းတိုက်ခိုက်မှုများ ရှိလာပါက ပြည်သူများရှောင်တိမ်းနိုင်ရန် လိုက်နာရမည့် အချက်များကိုလည်း လိုင်ဇာရုပ်သံမှတစ်ဆင့် ထုတ် ပြန်ကြေညာမှုများ ရှိခဲ့ပါသည်။
တပ်မတော်နှင့် KIA တို့အကြား ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး အရှိန်မြင့်လာသော တိုက်ပွဲများသည် ဇန်န၀ါရီလ ဒုတိပတ်အတွင်းသို့ ရောက်ရှိလာချိန်အထိ လျော့ကျသွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားလျက်ရှိနေပါသည်။
http://www.news-eleven.com
ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ
ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် အလုပ်အမှု့ဆောင်အဖွဲ့ဝင် (၂၁) ဦးကိုမကြာမီ
ရက်ပိုင်းအတွင်း ရွေးချယ်တင်မြှေက်ရန်ရှိပါသည်။ထိုသို့ရွေးချယ်ရာတွင် ရပ်ကျေးညီလာခံ
ကိုယ်စားလှယ်(၄၀၀)ခန့်မှ ရွေးချယ်တင်မြှေက်ကြရန်ဖြစ်ပါတယ်။မဲစနစ်
နဲ့ လည်း မိမိတို့ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ်များကို ရွေးချယ်ရန်ဖြစ်ပါတယ်ရှင့်….
ဒီမိုကရေစီနည်းကျကျ
အောက်ခြေမှစပြီး ရွေးချယ်တင်မြှောက်ရာတွင်
လူကောင်းလူတော်များ ကိုရွေးချယ်ရန် မှာမြို့နယ်ညီလာခံသည် အထူးအချက်အချာကျ ပြီးအရေးကြီးဆုံး
ပါတီအတွင်း ခိုင်မာတောင့် တင်းမှု့ သတ်မှတ် နိုင်ပါမည်။
လူကောင်းဟုဆိုရာတွင်
(၁)အကျင့်စာရိတ္တကောင်းမွန်ခြင်း
(၂)မိမိကိုယ်ကျိုးကို
မငဲ့ ကွက်သူ
(၃)အမှားအမှန်
ခွဲခြားစိတ်ဖြာနိုင်သူ
(၄)အမှန်ကို
ဆောင်ပြီး အမှားကိုရှောင်နိုင်သူ
(၅)အများအကျိုးကို
ဦးစားပေးဆောင်ရွက်သူဖြစ်သင့် ပါတယ်။
လူတော်ဟုဆိုရာတွင်
(၁)သူတပါးကိုဝေဖန်ခြင်းထက်
မိမိကိုယ်ကိုမိမိဝေဖန်သုံးသပ်သူ
(၂)ဒီမိုကရေစီစနစ်ကိုအကြွင်း
မဲ့ ယုံကြည်သူ
(၃)နိုင်ငံရေး
အစဉ်အလာကောင်းသူ
(၄)အသင်းအဖွဲ့အစည်းအရုံးများကို
ဦးဆောင်နိုင်သူ
(၅)မတရားသည့်
ဥပဒေအမိန့်အာဏာများကို တာဝန်အရဆန့်ကျင်သူ
(၆)ဥပဒေစိုးမိုးရေးနှင့်တရားမျှတမှု့ကိုရိုသေလေးစားလိုက်နာသူ
(၇)ရဲဘော်ရဲဘက်
စိတ်ဓါတ် အပြည့်ရှိသူ
(၈)ပြည်ထောင်စုစိတ်ဓါတ်
အပြည့်ရှိသူများဖြစ်သင့်ပါတယ်
ဟင်္သာတမြို့နယ်။အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်
အလုပ်အမှု့ဆောင်များရွေးချယ်ရာတွင် အောင်မြင်စွာ ရွေးချယ်တင်မြှေက် နိုင်ရန်နှင့်လူကောင်းလူတော်များ
ရွေးချယ်တင်မြှောက် နိုင်ရန်အတွက် ကျွန်မတို့လက် လှမ်းမှီ သမျှ အောက်ပါပုဂ္ဂိုလ် (၁၁)
ဦးကို၎င်းတို့၏ ကိုယ်ရေးရာဇ၀င်များ ကိုသေချာသုံးသပ်ပြီး (၁)မြို့မိမြို့ဖ (၂)၀ါရင်
့နိုင်ငံရေးသမားများ(၃)ကျောင်းသားသမဂ္ဂ လူငယ်ခေါင်းဆောင်များ(၄)အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် အဖွဲ့ဝင် လူကြီးလူငယ်များ(၅)လှု့မှု့ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနျင့်တိုင်ပင်ပြီး၎င်းတို့၏
သဘော ထားနဲ့ ဆန္ဒများကို တောင်းခံကာ ပမာဏရွေးချယ်ခဲ့ပါတယ်။ထိုသို့ ရွေးချယ်ရာတွင် ရာနှုန်းပြည့်
သဘောဆန္ဒ တူညီခြင်း မရှိကြပါ။ သဘောထားအမျိုးမျိုး ရှိသည့်အနက် အများစု ဆန္ဒ သဘောထားကို
မူတည်ပြီး စာရင်ပြုစု ထားသော်လည်း မဖြစ်မနေရွေးချယ်သင့်သည့် သဘောထားဆန္ဒ မရှိပါ။ရွေးချယ်ရန်တာဝန်မှာ
မြို့နယ်ညီလာ ခံကိုယ်စားလှယ်များသာ ဖြစ်ပါတယ်ရှင့်.. ၄င်းတို့ရွေးချယ် ပြီးပါကလည်းကျန် တဲံသူအနေဖြင့်မည်သို့မျှ
ကန့်ကွက်မည်မဟုတ်ပါ။အများဆန္ဒ ကိုလေးစားလိုက်နာရမည်သာဖြစ်ပါတယ်။၎င်းတို့အမည် စာရင်းများကို
အက္ခရာစဉ်လိုက် ဖော်ပြလိုက်ပါတယ် ရှင့်…….
(၁)ဦးကျော်ဝင်း
(နိဗ္ဗာန်)
(၂)ဦးခင်မောင်ရီ
(အေးမြသာယာ)
(၃)ဦးစောဝင်း
(တာငါးဆယ်တောင်)
(၄)ဒေါ်ဆွေဆွေနွယ်(မြ၀တီ)
(၅)နော်ဆေးဖေါ
(ဓမ္ဘီ)
(၆)မနီလာ
(ရွှေသိန်းမင်းပွဲရုံ)
(၇)ဦးမျိုးမြင့်
(ဆကာရပ်)
(၈)ဦးလှမြင့်(တာငါးဆယ်တောင်)
(၉)ဦးလှိုင်မြင့်ထွန်း(ဥယျာဉ်မြောက်)
(၁၀)ဦးသာအေး
(ပန်းဘဲတန်း)
(၁၁)ဦးအောင်ဟိန်း
(တာကလေး) ရပ်ကွက်တို့ဖြစ်ပါတယ်၊
၎င်းတို့၏
ကိုယ်ရေးရာဇ၀င် အချက်အလက်များကိုလည်း အခါအားလျော်စွာ ဆက်လက်တင်ပြသွားပါမည်။ ကျန်(၁၁)ဦးကိုလည်း
ဆက်လက်ဖေါ်ပြပေးပါမည်။ကျွန်မတို့ လက်လှမ်းမမှီ သည့်ဒေသများ ကျန်ရှိနေပါသေးတယ်။ပြည်စုံ
မှု့မရှိသည်ကို သည်းခံနားလည် ခွင့်လွှတ် ပေးပါရန် ကျွန်မက မေတ္တာရပ်ခံ အပ်ပါတယ်။ရွေးချယ်တင်မြှောက်
အဖွဲ့တွင် မိမိဆန္ဒရှိသူ ကိုအဆိုပြုရာတွင် အဆိုပြုရသည့်အကြောင်းရင်းနှင့် မိမိ အဆိုပြုသူ၏
ကိုယ်ရေးရာဇ၀င် ကိုတက်ရောက်သူများ သိရှိစေရန် တင်ပြပါက အကောင်းဆုံးဖြစ်နိုင် ကြောင်းကိုတင်ပြအပ်ပါတယ်
ရှင့်….
ကျွန်မတို့နည်းသူ
အကြံပြုချင်သူများကို လည်းဖိတ်ခေါ်ပါတယ် ရှင့်…. ကျွန်မ တို့ ဟင်္သာတသူအဖွဲ့ တင်ပြချက်ကို
ရိုးသားစွာ ထင်မြင်ချက် အထူးဝမ်းမြှောက် ပါကြောင်း အမျိုးသားဒီမိုကရေစီပါတီဝင် အားလုံး
နှင့်ပြည်သူအားလုံးအား တင်ပြလိုက်ပါတယ်
ရေစကြိုအဖွဲ့ချုပ်၏ အမေ့အိမ်ပညာဒါန စာသင်ကျောင်းတွင် အာစရိယပူဇော်ပွဲ ကျင်းပခဲ့
<
div style="text-align: justify;"> မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့်စေတနာရှင် ကျူရှင်ဆရာတစ်စုတို့ပေါင်းစပ်ကာ ပြီးခဲ့သောဇူလိုင်လဆန်းကစပြီးဖွင့်လှစ်ခဲ့သည့် အမေ့အိမ် အခမဲ့ ပညာဒါနစာသင်ကျောင်းတွင် ယနေ့ (၈.၁.၁၃)ဆရာကန်တော့ ပွဲကျင်းပခဲ့ကြပါ သည်။ မြို့ပေါ်နှင့်နယ်ဘက်တို့မှလာရောက်ပညာသင် ယူနေကြသော ဆယ်တန်းကျောင်းသား/သူ ၄၁ ဦးရှိပြီး ယင်းတို့ကဆရာများကို ဆောင်းဝတ်စုံတစ်စုံစီနှင့်ပုဆိုးတစ်ထည်စီကို စုပေါင်း ကန်တော့ပေးခဲ့ကြပါသည်။ယင်းအတွက်ကုန်ကျငွေကိုမူ ကျောင်းကော်မတီကပင် စေတနာရှင်မိဘပြည်သူ
ရေစကြို အမေ့အိမ် ပညာဒါနကျောင်း
တည်နေရာ။ ။ မဇ္ဈိမာရုံကျောင်းလမ်း၊ စည်ပင်သာယာရပ်၊အမှတ်၂ နယ်မြေ။
စတင်သည့်နေ့။ ။ ၇.၇.၂၀၁၂.
ကျောင်းသားဦးရေ။ ။ ၄၁ ယောက်။(ကျား=၁၇။မ=၂၄)
ဆက်သွယ်ရန်။ ။၀၉၆၅၇၀၉၅၇။၀၉၆၈၀၃၃၅၂။ ၀၆၂၃၀၅၃၁။
ငွေရည်ဆန်း (ရေစကြို)။၀၉ ၆၅၇၀၉၅၇။

များဆီမှ အလှူခံပေးပြီးပြုလုပ်ပေးခဲ့ပါသည်။
ရေစကြို အမေ့အိမ် ပညာဒါနကျောင်း
တည်နေရာ။ ။ မဇ္ဈိမာရုံကျောင်းလမ်း၊ စည်ပင်သာယာရပ်၊အမှတ်၂ နယ်မြေ။
စတင်သည့်နေ့။ ။ ၇.၇.၂၀၁၂.
ကျောင်းသားဦးရေ။ ။ ၄၁ ယောက်။(ကျား=၁၇။မ=၂၄)
ဆက်သွယ်ရန်။ ။၀၉၆၅၇၀၉၅၇။၀၉၆၈၀၃၃၅၂။ ၀၆၂၃၀၅၃၁။
ငွေရည်ဆန်း (ရေစကြို)။၀၉ ၆၅၇၀၉၅၇။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကျေးရွာများသို့ မြန်မာစစ်တပ်မှ ပစ်လိုက်သည့် လက်နက်ကြီးများ ကျရောက်... (ရုပ်သံ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကျေးရွာများသို့ မြန်မာစစ်တပ်မှ ပစ်လိုက်သည့်
လက်နက်ကြီးများ ကျရောက်... (ရုပ်သံ)
ဇန္နဝါရီလ ၆ရက်နေ့ နေ့လည်ပိုင်းက တရုတ်ရုပ်သံ သတင်းတခုကြည့်လိုက်ရသည်..။
မြန်မာလေယာဉ်တွေ ဝေဟင် ပိုင်နက်ကျူးကျော်ပြီး တရုတ်ဝေဟင် ပိုင်နက်ထဲ
ဝင်ရောက်ခြင်း မရှိပါဟု တရုတ်လေတပ်မှ ဆိုတယ်တဲ့...။ တရုတ်ရုပ်သံ သတင်းတွေ
ဆက်စောင့်ကြည့်နေရင်း နာရီဝက်လောက် အကြာ နောက်သတင်းတပုဒ်မှာတော့
မြန်မာစစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေ တရုတ်ပြည်ယူနန်နယ်ထဲက
ကျေးရွာတွေပေါ် ကျတဲ့ သတင်းနဲ့ အဆောက်အဦးတွေ သစ်ပင်တွေ လက်နက်ကျည်ဆံတွေ
ထိမှန်ကျရောက်တဲ့သတင်းကို ဆက်လက် ထုတ်လွှင့်ပြသွားပါတယ်..။ ဈေးတွေ ဆိုင်တွေ
ပိတ်ထားရပြီး ထောင်ချီတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ တရုတ်ဘက်ကို
ပြန်ဝင်လာကြတဲ့ သတင်းကို ဆက်လက်ဖော်ပြသွားပါတယ်..။
ယနေ့ ယူနန်ပြည်နယ် အနီးတဝိုက်တွင် နေရာကွက်ကြားဗုံးမှန်မည်..။ မှန်ရန်ရာခိုင်နှုန်း ၂၅ရာခိုင်နှုန်းရှိသည်..။
ဒီမိုဝေယံ
ဥပဒေအထက်မှ လိုင်စင်မဲ့ကား စီးနင်းနေသည့် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး၏ ပြောကြားချက်များ (ပေးစာ)
တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦးက အောင်သပြေ တိုးဂိတ်
ကိစ္စနှင့် ပတ်သတ်ပြီး ဒေသခံများ၊ ကုမဏ္ဍီမှ တာဝန်ရှိသူများ၊ နေပြည်တော်မှ
ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာအခွန်ထိန်း ဦးစောအောင်၊
နှင့် အခြားတာဝန်ရှိသူများ တက်ရောက်သူ (၂၃) ဦးပါဝင်သည့်
တောင်ကြီးမြို့၊ ပြည်သူ့ဆောက်လုပ်ရေး ၊ စုစည်းခန်းမတွင် ဇန်န၀ါရီ ( ၃
)ရက်နေ့ ကျင်းပခဲ့သည့် တိုးဂိတ်ညိနှီုင်း အစည်းအဝေးတွင် ပြောဆိုခဲ့သည့်
စကားများနှင့် ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားနေသူများ၊ အရပ်ဘက်
လူ့အဖွဲ့အစည်းများ ကြားတွင် ဂယက်ရိုက်ခတ် လျက်ရှိကြောင်း သိရှိရသည်။
တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦးက ယင်းအစည်းအဝေးတွင် တိုးဂိတ်နှင့်ပတ်သက်ပြီး ပြောကြားရာတွင်......... " သည်လမ်းဟာ နိုင်ငံတော်ကနေ တည်ဆောက်ထားကြောင်း ၊ သည်လမ်းပေါ်မှာ စည်ပင်က ဘီးခွန်ကောက်တယ်၊ စည်ပင်သာယာ နယ်နိမိတ်မှာ သွားလာနေသည့် ယာဉ်များအားလုံး ဘီးခွန်ဆောင်ရကြောင်း၊ ကျွန်တော် ဆိုရင် သည်နေ့ပဲ ကျွန်တော့် အမည် ရာဇာ ဆိုပြီး အဲသည်တိုးဂိတ်ရှိသည့် လမ်းကိုဖြတ်ကြောင်း၊ အသွား ၂၅၀၊ အပြန် ၂၅၀ ပေးရကြောင်း၊ သို့သော်လည်း ကျွန်တော်သည် ..ဌာနဆိုင်ရာ အကြီးအကဲ မှန်သော်လည်း နိုင်ငံတော် လမ်းကို ဖြတ်သန်းသည့်အတွက် ပေးရကြောင်း ၊ ကျွန်တော် လစာ ၁လကို တစ်သိန်း လေးသောင်း၊ နိုင်ငံတော် ထောက်ပံ့ကြေး သုံးသောင်း၊ စုစုပေါင်း ၁၇၀၀၀၀ ရရှိပြီး ရရှိသည့်ငွေပေါ်မှာ အခွန်ဆောင်ရကြောင်း ၊ သည်လမ်းပေါ် ဖြတ်သန်းသွားသည့် ကားများ အားလုံးအ ခွန်လွတ်ဆို နည်းနည်း များသွားမည် ထင်ကြောင်း" ပြောဆိုသည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှုးက သည်ပြည်နယ်မှာမို့လို့ လိုင်စင်မဲ့ကားတွေ စီးချင်သလို စီးနေလို့ရကြောင်း၊ ကျွန်တော် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး စီးနေသည့် ကားကိုယ်တိုင်က လိုင်စင်မဲ့ကားဖြစ်နေကြောင်း၊ ကျွန်တော့် တပည့်က တိုးဂိတ်ရောက်ရင် ကျွန်တော် မောင်းမယ် ပြောတော့ ...ကျွန်တော်က ....ဟေ့ကောင် မလုပ်နှင့်.....ငါ့ကားက ..လိုင်စင်မဲ့ကား ဖြစ်နေတော့ မင်းကို .... အမြင်ကတ်ပြီး ...တိုးဂိတ်ကနေ တဆင့် ပြည်သူ့ဆောက်လုပ်ရေးရုံးကို ခရိုင်အုပ်ချုပ်ရေးမှုးကားက လိုင်စင်မဲ့ကားစီးပြီး..ပိုက်ဆံလည်း တစ်ပြားမှ မပေးသွားဘူးတင်ပြလိုက်ရင် ...ငါအချောင် ပြုတ်နေမှာဖြစ်ကြောင်း၊ .......မင်းပိုက်ဆံပေးလိုက်လို့ ကျွန်တော် ပြောဆိုခဲ့ရကြောင်း ခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ကပြောကြားခဲ့သည်။
တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ၏ ရှမ်းပြည်နယ်မှာမို့ လိုင်စင်မဲ့ကား တွေစီးနေရတာ ခင်ဗျားတို့ ကံကောင်းတယ် ပြောကြားချက်အား အစည်းအဝေးတွင် တက်ရောက်နေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့မှ ကိုမိုးက ပြန်လည်မေးခွန်းထုတ်ရာ...... ခရိုင်အုပ်ချုပ်ရေးမှုး ကိုယ်တိုင် လိုင်စင်မဲ့ ကားစီးနေသည်ဟုသိရကြောင်း ၊ နိုင်ငံတော် ကနေ လိုင်စင်မဲ့ကားများအား စီးခွင့်ပေးထားသလား.......၊ ကျွန်တော်တို့ ပြည်သူတွေကော စီးပိုင်ခွင့်ရှိလား ဟုမေးခွန်းထုတ်ခဲ့ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှုး အနေဖြင့် ပြည်သူထဲက ပြည်သူ တစ်ယောက်အနေဖြင့် လိုင်စင်မဲ့ကားအား ဘာကြောင့် စီးနင်းနေတာလည်း မေးမြန်းခဲ့ကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့ က ကိုမိုး၏ ပြောပြချက်အရ သိရသည်။
တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ကပြန်လည်ပြောကြားရာတွင် လိုင်စင်မဲ့ကားစီးခွင့် မရရှိနိုင်ကြောင်း .နိုင်ငံတော်ကနေ ပေးထားသည့် မာဇဒါ ဂျစ် ပြုပြင်ထားသည့်အတွက် လိုင်စင်မဲ့ကား ၀ယ်စီးရကြောင်း၊ ပြန်လည်ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူများနှင့် ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့ ၏ပြောပြချက်အရ သိရှိရသည်။ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ၏မှတ်ချက်ပြော စကား နှင့် ပတ်သတ်ပြီး.....တရားဥပဒေစိုးမိုးရေးအား မေးခွန်းထုတ်စရာ ရှိနေကြောင်း ၊ တရားမ၀င် လိုင်စင်မဲ့ ကားကိစ္စကို နိုင်ငံတော်ကနေပြီး ထိထိရောက်ရောက် အရေးယူနေသည့်ကာလတွင် လိုင်စင်မဲ့ကားကို ခရိုင်အုပ်ချုပ်ရေးမှုး ကိုယ်တိုင် စီးနှင်းနေသည့်အတွက် အံ့သြမိကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့ မှ ကိုညီညီမိုးက ပြောကြားခဲ့သည်။ တောင်ကြီးမြို့ပေါ်တွင် လိုင်စင်မဲ့ကားများ အသွင် အမျိုးမျိုး ၊ နံပတ်ပြား အမျိုးမျိုး ၊ တံဆိပ် အမျိုးမျိုး တပ်ဆင်ပြီး မောင်းနှင်နေမှုအား ထိထိရောက်ရောက် တရားဥပဒေစိုးမိုးစွာ ဖြင့် ကျောသားရင်သား မခွဲခြားပဲ အရေးယူသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများ ကဆိုသည်။
ဂျွန်ချစ်ငြိမ်း( တောင်ကြီး )

Subscribe to:
Posts (Atom)